← Chapters

အခန်း ၂၈၃

Vol. 29 Ch. 283

အခန်း ၂၈၃

Vol. 29 Ch. 283

အခန်း (၂၈၃)

မင်းက တကယ်ကို လူကောင်းလေးပါပဲ

လျန်ထျန်းသည် အစားအစာကို ယူဆောင်၍ အမှာစာပါ လိပ်စာအတိုင်း သွားရောက်ခဲ့လေသည်။ ၎င်းမှာ ခြံဝင်း ပါသော လုံးချင်းအိမ်လေး ဖြစ်ပြီး ခြံတံခါးမှာ ပွင့်ဟလျက်သား ဖြစ်နေသည်။ လျန်ထျန်း တံခါးဖွင့်၍ ဝင်သွား လိုက်ရာ မျှော်လင့်ထားသည့်အတိုင်းပင် 'ခွေးလေး' ကို တွေ့လိုက်ရသည်။

"ဝုတ် ဝုတ် ဝုတ်"

ပြင်းထန်သော အသံကျယ်ကြီး ထွက်ပေါ်လာသဖြင့် လျန်ထျန်းမှာ လန့်သွားကာ နေရာတွင်ပင် ထခုန်မိတော့ မတတ် ဖြစ်သွားခဲ့လေသည်။ ဤသည်မှာ လျန်ထျန်း၏ အမှားမဟုတ်ပေ။ ငယ်စဉ်က ခွေးကိုက်ခံရဖူးသဖြင့် ခွေးရူးရောဂါ ကာကွယ်ဆေး ငါးလုံး ထိုးခဲ့ရသော အတွေ့အကြုံရှိထားသည့်အတွက် သူ့စိတ်ထဲတွင် စွဲကျန်ရစ် သော ထိတ်လန့်မှုတစ်ခု ရှိနေခဲ့ခြင်းကြောင့်ပင်ဖြစ်ချေသည်။

ယခု သူ့ရှေ့တွင် အရပ် နှစ်ပေကျော်၊ အလျား သုံးပေကျော်ရှိသော ခွေးကြီးကို မြင်လိုက်ရသည့်အခါ ကြောက်ရွံ့ မိခြင်းမှာ ဖြစ်သင့်သော အကြောင်းပင်။ ကံကောင်းစွာဖြင့် ထိုခွေးကြီးမှာ သံကြိုးနှင့် ချည်နှောင်ထားသဖြင့် လျန်ထျန်း ရပ်နေသည့်နေရာသို့ မရောက်နိုင်ပေ။

သို့သော်လည်း လျန်ထျန်းမှာ ကြောက်စိတ်ဖြင့် ညည်းညူလိုက်မိလေသည်။

"ဒါ...၊ ဒါက ဘယ်နေရာက ခွေးလေးနဲ့တူလို့လဲ၊ ဘယ်နေရာမှာ ချစ်ဖို့ကောင်းတာလဲ။ ကုန်ပစ္စည်းအစစ်က ကြော်ငြာနဲ့ လုံးဝ မတူဘူး...။”

"ထားလိုက်ပါတော့၊ အစာကျွေးပြီးရင်ပဲ ပြန်တော့မယ်။ ခွေးလမ်းလျှောက်ခေါ်တဲ့ အလုပ်မျိုးတော့ ငါ မလုပ်နိုင် ဘူး။ ငယ်ငယ်တုန်းကလို အကိုက်ခံရပြီး တစ်လလုံး ကာကွယ်ဆေး ထိုးနေရမှာကိုတော့ အကြောက်ဆုံးပဲ...။”

ပြောရင်းဆိုရင်း လျန်ထျန်းမှာ တုန်တုန်ယင်ယင်နှင့် အစားအစာကို ထုတ်လိုက်သည်။ အစာထုတ်လိုက်သည့် အချိန်တွင်ပင် ခွေးကြီးမှာ အသံရပ်သွားပြီး အစားအစာကို စူးစိုက်ကြည့်နေခဲ့လေသည်။ ထိုအချိန်တွင် ခွေးကြီး ၏ မျက်လုံးများမှာလည်း ပိုမို ကြည်လင်လာခဲ့လေသည်။

စိတ်ထဲတွင် ထိတ်လန့်နေဆဲဖြစ်သဖြင့် လျန်ထျန်းမှာ အနားသို့ မကပ်ရဲပေ။ သူသည် အစားအစာကို အဝေးက ပင် ပစ်ပေးလိုက်ရာ ခွေးကြီးမှာ ခုန်ပေါက်၍ အမိအရ ဖမ်းယူစားသောက်လေသည်။

အစာစားပြီးနောက်တွင်တော့ ခွေးကြီးမှာ အသံမပြုတော့ဘဲ မျက်လုံးများမှာ တောက်ပလာကာ လျှာကို ထုတ်၍ အမြီးကို ဝှေ့ယမ်းနေတော့သည်။ ထိုပုံစံမှာ စကားပြောတော့မည့်အတိုင်းပင်။

‘ခုနက အသံကျယ်ကျယ်နဲ့ အော်မိတာကို ခွင့်လွှတ်ပေးပါ။ တကယ်တော့ မင်းက တကယ်ကို လူကောင်းလေးပါ ပဲ…။’

ခွေးကြီးမှာ သူ့ကို မအော်တော့သည့်အတွက် လျန်ထျန်းမှာလည်း စိတ်အေးသွားကာ အနီးကပ် လေ့လာကြည့်မိ လေသည်။ ဤခွေးမှာ ဂိုးဒန်းရီထရီဗာ အမျိုးအစား ဖြစ်ပြီး နေရောင်အောက်တွင် တစ်ကိုယ်လုံး ရွှေရောင်တောက် ပနေကာ အလွန်လှပပေသည်။ ခုနက သူ့အား အစွယ်များဖြင့် ခြိမ်းခြောက်နေခဲ့သည်ကို ယုံကြည်ရန်ပင် ခက်ခဲ လှသည်။ ယခုမူ ခွေးကြီး၏ မျက်လုံးများမှာ ကြင်နာယုယသည့်အရိပ်အယောင်များ ပေါ်လွင်နေပြီး ချစ်စရာ ကောင်းသည့် ခံစားချက်ကို ပေးစွမ်းနေခဲ့လေသည်။

ထိုအခါ လျန်ထျန်းမှာ ခွေးကို ပွတ်သီးပွတ်သပ် လုပ်ချင်စိတ် ပေါ်လာသည်။ သို့သော်လည်း စိတ်ထဲရှိ ထိတ်လန့်မှု ကြောင့် အနားသို့ မကပ်ရဲသေးဘဲ အဝေးကပင် အစာဆက်ကျွေးနေမိသည်။ လျန်ထျန်းမှာ အစာကို ပစ်ပေးလိုက် ပြီးနောက် လက်ထဲတွင် ဘာမှ မကျန်တော့သည်ကို မသိလိုက်ဘဲ လက်ကို ဆန့်ထုတ်၍ ပစ်ပေးသည့်အတိုင်း ရပ် နေမိသည်။ ခွေးကြီးကမူ မြေပြင်ပေါ်တွင် မတ်မတ်ထိုင်ချလိုက်ပြီး ရှေ့လက်နှစ်ဖက်ကို ဆန့်တန်း၍ ပေးလိုက် သည်။

လျန်ထျန်းမှာ အံ့ဩသွားပြီး၊

"သူ... သူက ငါ့ကို လက်ဆွဲနှုတ်ဆက်ချင်တာလား...။”

လျန်ထျန်းမှာ တွန့်ဆုတ်နေရင်းပင် လက်ကို ဆန့်ထုတ်၍ တဖြည်းဖြည်း အနားသို့ တိုးသွားသည်။ ခွေးကြီးသာ ဟောင်လိုက်ပါက ချက်ချင်း ပြေးထွက်ရန် အသင့်ပြင်ထားသည်။ သို့သော် ခွေးကြီးမှာ ရန်လိုသည့်ပုံ မရှိဘဲ လျှာကို ထုတ်၍ အမြီးဝှေ့ယမ်းနေခဲ့လေသည်။

လျန်ထျန်း၏ လက်သည် ခွေး၏ နူးညံ့လှသော အမွေးများနှင့် ထိတွေ့သွားသည်။ ချက်ချင်းဆိုသလိုပင် လျန်ထျန်း ၏ ခွေးကို ပွတ်သပ်ချင်သည့် ဝါသနာမှာ အလုပ်လုပ်သွားပြီး နှစ်ဖက်စလုံးဖြင့် လည်ပင်းနှင့် ကျောကုန်းကို ပွတ်သပ်ပေးလိုက်သည်။ ခွေးကြီးမှာ အလွန်ပင် နှစ်သက်ဟန်ရှိလေသည်။

ခွေးကြီးကို ချည်ထားသည့် သံကြိုးမှာ သော့ခတ်ထားသဖြင့် လျန်ထျန်းက ဖောက်သည်ကို မေးမြန်းလိုက်သည်။ ဖောက်သည်၏ လမ်းညွှန်ချက်အတိုင်း ကော်ဇောအောက်မှ သော့ကို ရှာတွေ့ကာ သော့ဖွင့်၍ ခွေးကို လမ်းလျှောက်ခေါ်သွားလိုက်လေသည်။

ခွေးကြီးမှာ အပြင်ထွက်ရသည်ကို အလွန်နှစ်သက်ပြီး ခုန်ပေါက်နေသဖြင့် လျန်ထျန်းမှာ ထိန်းကျောင်းရန်ပင် ခက်ခဲနေသည်။ လျန်ထျန်းက ခွေးကို လမ်းလျှောက်ခေါ်သွားခြင်း မဟုတ်ဘဲ ခွေးက သူ့ကို ဆွဲခေါ်သွားသလိုပင်။

မိနစ်သုံးဆယ်ခန့် လမ်းလျှောက်ပြီးနောက် လျန်ထျန်းက ခွေးကြီးကို ပြန်၍ ခြံထဲတွင် ချည်နှောင်ပေးခဲ့လေသည်။ ပြန်ခါနီးတွင် ခွေးကြီး၏ မျက်လုံးများတွင် မခွဲနိုင်မခွာနိုင်သည့် အရိပ်အယောင်များကို မြင်တွေ့နေရလေသည်။ တစ်ခါစားရုံဖြင့်ပင် သူ့ကို အကောင်းဆုံး သူငယ်ချင်းအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။ လျန်ထျန်းမှာလည်း ခွဲခွာရသည်ကို စိတ်မကောင်းဖြစ်ရသော်လည်း အလုပ်မှာ အလုပ်ဖြစ်နေသဖြင့် ပြန်ခဲ့ရလေတော့သည်။

နောက်ရက်တွင်လည်း ထိုအိမ်မှပင် အော်ဒါ ထပ်မံရရှိခဲ့ပြန်လေသည်။ ယခုတစ်ခါတွင်မူ လျန်ထျန်းမှာ ကြောက် စိတ် မရှိတော့ဘဲ ခွေးအနားသို့ တိုက်ရိုက် သွားရောက်ခဲ့သည်။ ခွေးကြီးမှာ သူ့ကို မြင်သည်နှင့် လျှာထုတ် အမြီး ဝှေ့ကာ ဝမ်းသာအားရ ကြိုဆိုသည်။ အစာကျွေးသည့်အခါတွင်လည်း လျန်ထျန်း၏ လက်ကို မခိုက်မိစေရန် အထူးသတိထား၍ အသာအယာ စားခဲ့လေသည်။

အရာရာသည် ထူးဆန်းစွာပင် ဖြစ်ပျက်နေသည်။ တတိယမြောက်နေ့တွင်လည်း လျန်ထျန်းမှာ ထိုခွေးကြီးကိုပင် အစာကျွေးရန် အော်ဒါ ထပ်ရပြန်လေသည်။ သုံးကြိမ်မြောက်တွင်တော့ အရာအားလုံးမှာ ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။ လျန်ထျန်း မရောက်ခင်ကပင် ခွေးကြီးမှာ သူ့အနံ့ကို ရ၍ ကြိုဆိုသည့်အသံဖြင့် ဟောင်နေခဲ့လေ သည်။

သို့သော် လမ်းလျှောက်ခေါ်သွားစဉ် လျန်ထျန်းမှာ ရင်းနှီးသူတစ်ဦးနှင့် ဆုံတွေ့လိုက်ရလေသည်။ ထိုသူမှာ ငယ် သူငယ်ချင်း တစ်ဦးဖြစ်ပြီး လျန်ထျန်း အောင်မြင်လာသည့်အခါ သူက ကူညီစောင့်ရှောက်ပေးခဲ့ဖူးသူ ဖြစ်သည်။ ငယ်စဉ်က နှစ်ဦးစလုံးမှာ ဆင်းရဲသည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ရသဖြင့် အချင်းချင်း စာနာမှု ရှိခဲ့ကြ လေသည်။

လျန်ထျန်း အောင်မြင်လာသောအခါ သူငယ်ချင်းဖြစ်သူကို ဘွဲ့လွန်တက်နိုင်ရန်နှင့် အလုပ်ကောင်း ရစေရန် အတတ်နိုင်ဆုံး ကူညီပေးခဲ့သည်။ သို့သော် လွန်ခဲ့သည့် ခြောက်လခန့်က ဖြစ်ရပ်တစ်ခုကြောင့် အဆက်အသွယ် ဖြတ်တောက်ရန် ဆုံးဖြတ်လိုက်ရသည်။

လျန်ထျန်းက သူ့သူငယ်ချင်းကို ဖုန်းဆက်လိုက်သည်။

"ကျီစစ်... ဘွဲ့ရတာ ဂုဏ်ယူပါတယ်ကွာ။ ကုမ္ပဏီကြီးတစ်ခုက အလုပ်ပေးမယ် ကြားတယ်၊ ဝမ်းသာစရာပဲ...။”

တကယ်တော့ ထိုကုမ္ပဏီမှာ လျန်ထျန်း၏ အစီအစဉ်ဖြင့် အလုပ်ခန့်ရန် စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် သူငယ်ချင်းဖြစ်သူ ကျီစစ်၏ လေသံမှာ မပျော်ရွှင်သည့်ပုံ ပေါက်နေသည်။

"လျန်ထျန်း... ရွာက လူတွေ ပြောနေကြတာပဲ၊ မင်းက ကုမ္ပဏီပိုင်ရှင်ကြီး ဖြစ်ပြီး ပိုက်ဆံတွေ အများကြီး ရနေတယ်ဆို...။”

"ငါ့ကို ဘာလို့ မင်းကုမ္ပဏီမှာ အလုပ်မပေးတာလဲ။ ဒါရိုက်တာ ဒါမှမဟုတ် ဒုဥက္ကဋ္ဌ ရာထူး တစ်ခုလောက် ပေး လိုက်ရင် ဘာဖြစ်သွားမှာမို့လို့လဲ...။”

လျန်ထျန်းမှာ အံ့ဩသွားကာ ပြန်ပြောလိုက်သည်။

"ကျီစစ်...၊ ငါ့ ကုမ္ပဏီလုပ်ငန်းတွေက မင်း ကျွမ်းကျင်တဲ့ ဘာသာရပ်နဲ့ မဆိုင်ဘူးလေ...။”

"မင်းကို အလုပ်ပေးမယ့် ကုမ္ပဏီက အယ်လ်မြို့ရဲ့ ထိပ်တန်း ကုမ္ပဏီ ဆယ်ခုထဲမှာ ပါတာလေ။ မင်းနဲ့လည်း အရမ်း ကိုက်ညီပါတယ်။ မင်း ကြိုးစားရင် မကြာခင် ရာထူးတက်လာမှာပါ...။”

သို့သော် ကျီစစ်က ချက်ချင်း ဖြတ်ပြောလိုက်သည်။

"တော်စမ်းပါ...၊ ငါ့ကို မလိုချင်လို့ မပေးတာပဲဟာကို ဘာလို့ အသံကောင်းဟစ်နေရတာလဲ...။”

"မင်း ပိုက်ဆံရနေပြီဆိုတာ သိတုန်းက ငါ မင်းဆီမှာ အလုပ်လုပ်ချင်တယ်လို့ ပြောခဲ့တာပဲ...။”

"မင်းကတော့ ကျောင်းစာကို အာရုံစိုက်ပါ၊ ဘွဲ့လွန်အတွက် ကြိုးစားပါဆိုပြီး ငါ့ကို လှည့်စားနေတာ...။”

"အခု ငါ ဘွဲ့ရတော့လည်း တခြားအကြောင်းပြချက်တွေနဲ့ ငြင်းပြန်ပြီ။ မင်း ငါ့ကို အကျိုးမခံစားစေချင် တာမလား...။”

"မင်း ကုမ္ပဏီက ဘာလဲ၊ ဘယ်မှာလဲဆိုတာတောင် ငါ မသိဘူး။ ရွာသားတွေ ပြောလို့ မင်း မြို့မှာ အိမ်ကြီးဝယ်ပြီး ကားကောင်းတွေ စီးနေမှန်း သိတာ...။”

"မင်းက ဒုက္ခကိုပဲ အတူခံနိုင်ပြီး ချမ်းသာတာကိုတော့ အတူမခံစားချင်တဲ့သူပဲ...။ မင်းကို သူငယ်ချင်းလို့ သတ်မှတ်ခဲ့မိတာ ငါ့မျက်စိကန်းမိတာပါပဲ...။”

ထိုစကားများကို ကြားသောအခါ လျန်ထျန်းမှာ စိတ်မကောင်းလွန်း၍ စကားပင် မပြောနိုင်တော့ပေ။

"ကျီစစ်... မင်း ပြောနေတာတွေက လူစကားရော ဟုတ်ရဲ့လား...။”

"မင်း ဘွဲ့လွန်အတွက် ပြင်ဆင်နေတုန်းက ငါ သုံးနှစ်လုံးလုံး ကူညီထောက်ပံ့ပေးခဲ့တာကို မင်း မေ့သွားပြီလား...။

All Chapters