အခန်း ၂၈၄
Vol. 29 Ch. 284
အခန်း (၂၈၄)
ကျေးဇူးတရားကို မေ့လျော့ခြင်းနှင့် မိုက်မဲသော အတိတ်များ
ခွေးတစ်ကောင်ကို သုံးရက်ကျွေးမွေးလျှင် သုံးနှစ်တိုင်တိုင် ကျေးဇူးသိတတ်သော်လည်း လူတစ်ဦးကို သုံးနှစ် တိုင်တိုင် ကူညီစောင့်ရှောက်ခဲ့ပြန်သော်လည်း သုံးရက်နှင့်ပင် ကျေးဇူးတရားကို မေ့လျော့တတ်ပေ၏။
လျန်ထျန်းသည် အလွန်ပင် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေသည်။
"မင်း သုံးနှစ်လုံးလုံး စိတ်အေးလက်အေး ပညာသင်နိုင်အောင် ငါ လတိုင်း ပိုက်ဆံပို့ပေးခဲ့တာပဲလေ။ မင်း အဆင် ပြေအောင်ဆိုပြီး စားစရာတွေ၊ ဆီတွေ၊ ဆန်တွေလည်း ပုံမှန် ပို့ပေးခဲ့တယ်မဟုတ်ဘူးလား။ အခုတော့ မင်းလည်း ကျောင်းပြီးလို့ အလုပ်အကိုင်ကောင်းကောင်း ရနေပြီဆိုတော့ ငါ့ဘက်ကတော့ မင်းအပေါ် တာဝန်ကျေခဲ့ပြီလို့ ထင်တာပဲ။ မင်း ဘာတွေ ထပ်လိုချင်သေးလို့လဲ...။"
ကျီစစ်မှာ လျန်ထျန်း၏ စကားများကို မည်သို့မျှ ဂရုမစိုက်ဘဲ ပြန်လည် ချေပလိုက်သည်။
"ဘာတွေ မကျေနပ်ရမှာလဲဆိုတာ မင်း မသိဘူးလား။ ငါ မကျေနပ်စရာတွေ အများကြီး ရှိတယ်...။ ငါတို့ ငယ်စဉ် က အတူတူ ဆင်းရဲခဲ့ကြပေမဲ့ အခုတော့ မင်းက ငါ့ထက် ပိုပြီး အဆင်ပြေနေတာကို ငါ မကျေနပ်ဘူး...။ မင်းက ကုမ္ပဏီကြီးတစ်ခု ပိုင်ဆိုင်ပြီး သူဌေးတစ်ယောက်အဖြစ် ဇိမ်ခံကားတွေ စီးနေတာကို ကြည့်ပြီး ငါက ဘာလို့ သူများကုမ္ပဏီမှာ ဝန်ထမ်းအဖြစ် အောက်ကျနောက်ကျ လုပ်နေရမှာလဲ...။"
"အဲဒါထက် ပိုဆိုးတာက မင်းက ငါ့ကို လျှို့ဝှက်ချက်တွေ ထားနေတာပဲ။ မင်း ဘာကုမ္ပဏီ လုပ်နေတာလဲ၊ ဘယ် လိုနည်းလမ်းနဲ့ ငွေတွေ အဲဒီလောက် ရှာနေတာလဲ။ ငါလည်း အဲဒီလို ငွေတွေ ရှာချင်တယ်...။ သူငယ်ချင်းဆိုရင် ကောင်းတာ၊ ဆိုးတာ အတူတူ ခံစားရမှာပေါ့။ မင်း ငါ့ကို မပြောပြတာက မင်းဟာ တစ်ကိုယ်ကောင်းဆန်တဲ့ လူပဲ။ အရင်က မင်း ကူညီခဲ့သမျှကလည်း အပေါ်ယံသက်သက်တွေပါ။ မင်းအတွက်တော့ အဲဒီငွေတွေက အသေး အဖွဲလောက်ပဲ ရှိမှာပါ...။”
ထိုစကားများကို ကြားရသောအခါ လျန်ထျန်း၏ နှလုံးသားမှာ ပေါက်ကွဲထွက်မတတ် ခံစားလိုက်ရသည်။ သူ၏ ငယ်သူငယ်ချင်းတစ်ဦးက ဤမျှထိ ကျေးဇူးကန်းလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပေ။ သူ၏ စေတနာကို အလွဲသုံးစား လုပ်လိုက်ခြင်းပင် ဖြစ်သည်။ သုံးနှစ်တာ ရုန်းကန်ခဲ့ရသမျှမှာ ခွေးကို ကျွေးလိုက်ရသကဲ့သို့ပင်...၊ မဟုတ်သေး၊ ခွေးကို နှိုင်းယှဉ်လိုက်ခြင်းမှာပင် ခွေးကို စော်ကားရာရောက်ပေလိမ့်မည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လျန်ထျန်းသည် အသက်ကို ဝအောင် ရှူလိုက်ပြီး ပြောလိုက်သည်။
"ကျီစစ်...၊ မင်း ငါ့ကို ဒီလောက်ထိပဲ မြင်တာဆိုရင်တော့ ဒီနေ့ကစပြီး ငါတို့ သူငယ်ချင်းအဖြစ်ကနေ လမ်းခွဲကြ တာပေါ့...။"
ကျီစစ်မှာ မထီသလို ရယ်မောလိုက်သည်။
"မင်းက သူငယ်ချင်းအဖြစ်ကနေ လမ်းခွဲချင်တယ်ပေါ့လေ။ မင်းက တကယ်ကို ရက်စက်တဲ့ လူပါပဲ...။ ဒါပေမဲ့ ငါပြောပြမယ်၊ အဲလောက်နဲ့တော့ မပြီးဆုံးဘူး။ မင်းက ငါ့ကို ငွေမပေးချင်ရင်တောင် အရင်က ပေးနေကျ ထောက်ပံ့ကြေးကို ဆက်ပေးရမယ်...။ ငါက အလုပ်စဝင်ခါစဆိုတော့ အိမ်လည်း မရှိ၊ ကားလည်း မရှိသေးဘူး။ အခုချိန်မှာ မင်းအကူအညီ လိုသေးတယ်။ အရင်လတွေက ပေးခဲ့တဲ့ ငွေတွေက နည်းလွန်းတယ်၊ အခုတော့ အနည်းဆုံး နှစ်ဆ ဖြစ်ရမယ်...။”
ထိုစကားဆုံးသည်နှင့် လျန်ထျန်းမှာ ဒေါသတကြီး အော်ဟစ်လိုက်လေတော့သည်။
"ငါက မင်းရဲ့ အဖေလား၊ ဒါမှမဟုတ် မင်းကို ပေးဆပ်စရာများ ရှိနေလို့လား...။ ကျီစစ်... ဒီနေ့ကစပြီး ငါ့ဆီကနေ တစ်ပြားမှ ထပ်ရဖို့ မမျှော်လင့်နဲ့တော့...။”
လျန်ထျန်းသည် ဖုန်းကို ချလိုက်ပြီး ကျီစစ်၏ ဆက်သွယ်မှုအားလုံးကို ပိတ်ပင်လိုက်လေသည်။ နောက်ပိုင်းတွင် ရွာသားများထံမှ သိရသည်မှာ ကျီစစ်သည် သူတစ်ပါးကို အသုံးပြု၍ လျန်ထျန်းကို ဆက်သွယ်ရန် ကြိုးစားနေဆဲ ဖြစ်ကြောင်းပင်။ လျန်ထျန်းကမူ ရှောင်တိမ်းနေခဲ့ပြီး ကျီစစ်ကို အလုပ်ခန့်ထားသော ကုမ္ပဏီကိုလည်း အလုပ်မှ ထုတ်ပယ်ရန် အကြောင်းကြားလိုက်ရလေသည်။ ထိုသို့သော သူမျိုးသည် အလုပ်ကောင်းရရန် မထိုက်တန်ပေ။
ခြောက်လခန့် ကြာပြီးနောက် လျန်ထျန်းသည် လမ်းပေါ်တွင် ကျီစစ်နှင့် မထင်မှတ်ဘဲ ပြန်လည် ဆုံတွေ့မိပြန် သည်။ ကျီစစ်သည် အစားအသောက် ပို့ဆောင်သူ ယူနီဖောင်းကို ဝတ်ဆင်ထားသည့် လျန်ထျန်းကို မြင်သော အခါ အနည်းငယ် ငေးမောသွားပြီးနောက် သရော်လိုက်လေသည်။
"ဟေ့... ဒါ သူဌေးကြီး လျန်ထျန်း မဟုတ်လား။ ဘာလို့ အစားအသောက် ပြန်ပို့နေရတာလဲ။ ကုမ္ပဏီ ပြုတ်သွား ပြီလား...။ စီးပွားရေးတွေ ကျပ်တည်းနေတယ်လို့ ကြားမိတယ်။ မင်းက အစားအသောက် ပို့ရင်းကနေ ကံ ကောင်းလို့ ငွေနည်းနည်း ရလာတာနဲ့ ဘဝင်မြင့်ပြီး အထင်ကြီးနေတာ...။ အခုတော့ အကုန်ဆုံးရှုံးသွားပြီပေါ့။ အဲဒါကို ဘာခေါ်လဲ သိလား၊ ကိုယ့်အရည်အချင်းနဲ့ မမျှတဲ့ စည်းစိမ်ကို ခံစားမိလို့ ခံရတာပဲ...။”
ကျီစစ်ကို မြင်လိုက်ရသောအခါ လျန်ထျန်းသည် အတိတ်က အကြောင်းအရာများကို ပြန်လည် သတိရလာပြီး ဒေါသများ တောက်လောင်လာတော့သည်။ သို့သော် သူသည် နှစ်များစွာအတွင်း အတက်အကျများကို ဖြတ် သန်းခဲ့သူဖြစ်၍ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ လျန်ထျန်းသည် စိတ်အေးလက်အေးဖြင့်ပင် တုံ့ပြန် လိုက်လေသည်။
"ကျီစစ်... မင်းမှာ အသိစိတ်ဆိုတာ ရှိသင့်တယ်။ ငါ မင်းကို အရင်က ကူညီခဲ့တာက အကျိုးအမြတ် လိုချင်လို့ မဟုတ်ဘူး၊ ဒါပေမဲ့ ငါ့ကို ဒီလိုမျိုး စော်ကားမပြောပါနဲ့...။ ငါတို့ သူစိမ်းတွေ ဖြစ်သွားရင်တောင် ကိုယ့်လမ်းကိုယ် သွားကြတာပေါ့...။”
လျန်ထျန်း စကားမဆုံးခင်မှာပင် ကျီစစ်က ကောက်ကျစ်စွာ ရယ်မောလိုက်သည်။
"မင်း ငါ့ကို ကူညီခဲ့တယ်ဆိုပြီး ဘာလို့ မျက်နှာပြောင်တိုက် ပြောရတာလဲ။ မင်းက ဗီလာမှာ နေပြီး ကားကောင်း တွေ စီးနေတာ၊ ငါ့ကိုတော့ တစ်လကို ဖန်နည်းနည်းပဲ ပေးတယ်။ အဲဒီငွေက ကျောင်းမှာ မိန်းကလေးတွေနဲ့ တွဲ ဖို့တောင် မလောက်ဘူး။ ငါ ကျောင်းပြီးတော့ မင်းက ဘာလို့ ထောက်ပံ့ကြေးကို ဖြတ်လိုက်တာလဲ...။ မင်း ကုမ္ပဏီ ပြုတ်သွားတာဟာ မင်းရဲ့ လုပ်ရပ်ကြောင့်ပဲ။ အခု မင်း အစားအသောက် ပို့သူ ဖြစ်သွားတာကို မြင်ရတော့ ငါ တကယ်ကို ဝမ်းသာတယ်...။”
လျန်ထျန်း၏ ခွေးမှာ ကျီစစ်၏ စကားများကို နားလည်သကဲ့သို့ ဟောင်လိုက်လေသည်။ လျန်ထျန်းသည် ခွေးကို အသာအယာ ပွတ်သပ်ပေးရင်း ပြုံးလိုက်သည်။
"ငါ ဒီခွေးကို သုံးရက်ပဲ ကျွေးတာ၊ သူက ငါ့ကို ကာကွယ်ဖို့ သိတယ်။ ဒါပေမဲ့ သုံးနှစ်တိုင်တိုင် ကျွေးမွေးခဲ့တဲ့ သူကတော့ ကျေးဇူးကန်းနေတယ်။ ခွေးကို မွေးရတာ လူကို မွေးရတာထက် ပိုကောင်းတယ်ဆိုတာ အမှန်ပဲ...။”
ထိုစကားကို ကြားသောအခါ ကျီစစ်၏ မျက်နှာမှာ ပြောင်းလဲသွားသည်။
"မင်း ငါ့ကို ခွေးထက် အောက်ကျတယ်လို့ ပြောတာလား...။”
လျန်ထျန်းသည် တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
"ငါ ဘယ်သူ့ကိုမှ မစော်ကားပါဘူး၊ ဒါပေမဲ့ တစ်ချို့လူတွေကတော့ ကိုယ့်ကိုကိုယ် အပြစ်ရှိတယ်လို့ ခံစားမိ နေပုံပဲ...။”
ကျီစစ်မှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီရဲသွားသော်လည်း တစ်စုံတစ်ခုကို ပြန်မပြောနိုင်ဘဲ ခပ်ပြင်းပြင်း ဟင်ခနဲ မှုတ်လိုက်သည်။
"မင်းလို အောက်ခြေလူတန်းစားနဲ့ စကားပြောနေရတာ ငါ့ ဂုဏ်သိက္ခာ ထိခိုက်တယ်...။ ငါ့ကို အလုပ်ခန့်ထားတဲ့ ကုမ္ပဏီက အကြောင်းမရှိဘဲ အလုပ်ဖြုတ်လိုက်ပေမဲ့ ငါ့မှာ မဟာဘွဲ့ ရှိတယ်။ အက်စ်မြို့တော်က ကုမ္ပဏီကြီး တစ်ခုမှာ ငါ အလုပ်ရသွားပြီ။ အခုတော့ ငါ အယ်လ်မြို့မှာ ဒေသဆိုင်ရာ မန်နေဂျာ ဖြစ်နေပြီ။ မင်းလို အောက် ခြေလူတန်းစားနဲ့ ကမ္ဘာခြားသွားပြီ...။ မင်းရဲ့ ကုမ္ပဏီ ဘယ်လို ပြုတ်သွားလဲဆိုတာ ငါ ရှာပြီး ရွာပြန်ရင် အားလုံး ကို ပြောပြမယ်...။”
ကျီစစ်မှာ ရယ်မောပြီးနောက် ထပ်ပြောလိုက်သည်။
"နောက်ဆုံးအချက်က ငါ အခု အက်စ်မြို့က စီးပွားရေး အသိုင်းအဝိုင်းမှာ နေရာရနေပြီ။ မင်း ဘယ်တော့မှ ပြန်မတက်နိုင်တော့ဘူး။ ငါ့ကုမ္ပဏီက တကယ့်ကို အင်အားကြီးတယ်။ မင်းကတော့ ငါ့ခြေဖဝါးအောက်မှာပဲ ရှိနေလိမ့်မယ်...။”
လျန်ထျန်း ခေါင်းခါလိုက်သည်။
"မင်း ဒီလောက်ထိ ဖြစ်သွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဒါဆိုလည်း မင်းကို အကုန်ပြောပြလိုက်တော့မယ်။ မင်းကို အလုပ်ခန့်ဖို့ ကမ်းလှမ်းခဲ့တာ ငါ့ ကုမ္ပဏီကပဲ။ မင်းရဲ့ စရိုက်ကို ငါ သိသွားလို့ နောက်ပိုင်းမှာ အလုပ်ကနေ ပယ်ဖျက်ခိုင်းလိုက်တာ...။ မင်း အဲဒီအကူအညီတွေကို တန်ဖိုးမထားဘူး...။”
ကျီစစ်မှာ ရယ်မောလိုက်သည်။
"မင်း လိမ်နေတာပါ...။ အဲဒီကုမ္ပဏီက အခုထိ အင်အားကြီးနေတုန်းပဲ။ မင်းက အစားအသောက် ပို့သူ ဖြစ်နေပြီး ဘယ်သူ့ကိုမှ အမိန့်ပေးနိုင်မှာ မဟုတ်ဘူး...။”
လျန်ထျန်းသည် သူ့ကို ဖြတ်ပြောလိုက်သည်။
"ငါ့စကား အဆုံးထိ နားထောင်ဦး...။"
ထို့နောက် လျန်ထျန်းသည် အကြောင်းစုံကို ရှင်းပြလိုက်လေသည်။
"နောက်ဆုံးမှာ ငါ့စိတ်က မာကျောလို့ မရခဲ့ဘူး…။ မင်း အလုပ်ရှာရခက်နေတာကို သိတော့ အက်စ်မြို့တော်က ကုမ္ပဏီတစ်ခုကနေ တစ်ဆင့် ထပ်ပြီး အလုပ်ကမ်းလှမ်းခဲ့တယ်။ အဲဒီ ကုမ္ပဏီတွေအားလုံးက ငါ ရင်းနှီးမြှုပ်နှံ ထားတာတွေပဲ...။ မင်း ခြောက်လအတွင်း ကြိုးစားတာကို မြင်တော့ ငါ့စိတ်ပျော့သွားတယ်။ မင်းကို ဒီမြို့ကို မန်နေဂျာအဖြစ် ပြန်ခေါ်ဖို့ စီစဉ်ပေးခဲ့တာ...။ ဒါပေမဲ့ မင်းက ငါ့ကို ထပ်ပြီး စိတ်ပျက်အောင် လုပ်ပြန်ပြီ။ မင်း လိုလူမျိုးက လူ့လောကရဲ့ ဒဏ်ကို ခံသင့်တယ်...။”
ကျီစစ်မှာ ရယ်မောလိုက်သည်။
"မင်း ဘာတွေ ပြောနေတာလဲ။ ငါ ဟယ်ရှန့်ကုမ္ပဏီမှာ လုပ်နေတာ။ အဲဒီကုမ္ပဏီက မကြာခင် ယူနီကွန်း ဖြစ်တော့ မှာ။ မန်နေဂျာချုပ် ဟယ်ရှန့်က ငါ့ကို အလွန် အလေးထားတယ်...။ သူက လှပတဲ့ အမျိုးသမီးတစ်ယောက် ဖြစ် ပြီးတော့ အခုထိ အပျိုပဲ။ သူ ငါ့ကို အရမ်း ဂရုစိုက်တယ်။ နောက်ဆိုရင် ငါပဲ ဒီကုမ္ပဏီရဲ့ ပိုင်ရှင် ဖြစ်လာမှာ...။”
လျန်ထျန်း သက်ပြင်းချလိုက်လေသည်။
"ဟယ်ရှန့် ဒီတစ်ခါ ပြန်လာတာ မှန်တယ်။ သူ ငါ့ကို နှစ်ရက်လောက်က ဆက်သွယ်ပြီး တွေ့ချင်တယ်လို့ ပြောခဲ့ တယ်။ ငါ အလုပ်ရှုပ်နေလို့ ငြင်းခဲ့ပေမဲ့ မင်းကြောင့်ပဲ သူ့ကို တွေ့ရတော့မယ့်ပုံပဲ...။”
ကျီစစ်၏ မျက်နှာမှာ ဒေါသကြောင့် မှောင်မဲသွာလေတော့သည်။
"မင်း ဘာတွေ ဟန်ဆောင်နေတာလဲ။ မန်နေဂျာချုပ် ဟယ်ရှန့်က မင်းလို အောက်ခြေလူတန်းစားနဲ့ ဘာလို့ တွေ့ မှာလဲ။ ငါ အပတ်တကုတ် ကြိုးစားပြီးမှ သူ လာတွေ့ဖို့ လက်ခံခဲ့တာ...။"