အခန်း ၂၈၈
Vol. 29 Ch. 288
အခန်း (၂၈၈)
အမှန်တော့ ဒီလိုအရာမျိုးကို ငါနှစ်သက်၏
ကျီလီယန်သည် စကားပြောဆိုရင်း မောက်မာသောလေသံမှာ ပိုမိုပြင်းထန်လာ၏။ သူမသည် အခြားသူ အကြောင်း ပြောနေသည်နှင့်မတူဘဲ မိမိကိုယ်မိမိ ကြွားဝါနေသည့်အလား ထင်မှတ်ရသည်။
"အခု မင်း မန်သခင်ကြီးရဲ့ နာမည်ကို သိသွားပြီဆိုတော့ ကြောက်သင့်ပြီမဟုတ်လား...။”
"သူတို့က စိန်လုပ်ငန်းကို လုပ်ကိုင်သူတွေ၊ သူတို့မှာ စိန်တွင်းပိုင်ဆိုင်တယ်လို့ ငါကြားထားတယ်။ သူတို့က တကယ့်ကို ချမ်းသာတဲ့သူတွေပဲ...။”
"မင်းလို ဆင်းရဲတဲ့ အစားအသောက် ပို့ဆောင်သူက သူ့နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ သူက တကယ့်ကို အရည်အချင်းရှိတဲ့ လူပျိုလူလွတ်တစ်ယောက်ပဲ။ မင်းရဲ့ အနာဂတ်အတွက် ကောင်းတာကို သိထားချင်ရင် ငါ့သမီးရဲ့ ပျော်ရွှင်မှုကို ဖျက်ဆီးတာ ရပ်လိုက်တော့...။”
ကျီလီယန်၏ စကားများကို ကြားသောအခါ လျန်ထျန်းမှာ ပြုံးလိုက်သည်။
"ဒီ မန်အိုကြီးက သူ့ကုမ္ပဏီရဲ့ ရှယ်ယာ ရှစ်ဆယ်ရာခိုင်နှုန်းကို ပေးပြီး ငါ့ဆီကနေ စိန်တွင်း တူးဖော်ရေးနဲ့ ပြုပြင် ရေး လုပ်ပိုင်ခွင့်ကို ယူထားတာပဲ...။”
"သူ ဒီလောက်တိုတောင်းတဲ့ ကာလအတွင်းမှာ အက်စ်မြို့တော်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာမယ်လို့ ငါမထင် ထားခဲ့မိဘူး။ အဓိကကတော့ သူ ချမ်းသာလာတာနဲ့တင် မောက်မာလာတာပဲလား။ သူက ငယ်ရွယ်လှပတဲ့ မိန်းမ တစ်ယောက်ကို ထပ်ရှာချင်နေတာလား...။”
ထိုစကားကို ကြားသောအခါ ကျီလီယန်မှာ အံ့အားသင့်သွားသည်။
"မင်း ဘာ အရူးစကားတွေပြောနေတာလဲ...။”
"မန်သခင်ကြီးရဲ့ စိန်လုပ်ငန်းကို မင်းလို အစားအသောက် ပို့ဆောင်သူက ပံ့ပိုးပေးတယ် ဟုတ်လား။ မင်း ငါ့ကို နောက်နေတာလား...။”
လျန်ထျန်းက ပခုံးတွန့်လိုက်ပြီး ဖြတ်ပြောလိုက်သည်။
"ကျွန်တော် အကုန်လုံး ပြောပြလိုက်မယ်။ ကျွန်တော်က ပို့ဆောင်သူ တစ်ယောက်တင် မဟုတ်ဘူး၊ ခင်ဗျား ပြောတဲ့ မန်သခင်ကြီးရဲ့ ကုမ္ပဏီမှာ အဓိက အစုရှယ်ယာရှင် တစ်ယောက်လည်း ဖြစ်တယ်။"
"အကြောင်းရင်းက ရိုးရှင်းပါတယ်။ ကျွန်တော်က စိန်တွင်းပိုင်ရှင်ပဲ။ အဲ့ဒီတုန်းက လောင်မန်က သူ့ကုမ္ပဏီရဲ့ ရှယ်ယာ ရှစ်ဆယ်ရာခိုင်နှုန်းကို ပေးပြီး စိန်တွင်း တူးဖော်ခွင့်နဲ့ ပြုပြင်ခွင့်ကို လဲလှယ်ချင်ခဲ့တာ…။"
"စိန်တွေကို ပြုပြင်ပြီး ကုန်ပစ္စည်းအဖြစ် ပြောင်းလဲလိုက်ရင်တောင် နောက်ဆုံး ရောင်းချခွင့်နဲ့ ဈေးနှုန်း သတ်မှတ် ခွင့်ကတော့ ငါ့လက်ထဲမှာပဲ ရှိနေတုန်းပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်က ရှစ်ဆယ်ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ အဓိက အစုရှယ်ယာရှင် ဖြစ်နေလို့ပဲ...။”
ခေတ္တမျှ ရပ်နားပြီးနောက် လျန်ထျန်းက ဆက်ပြောသည်။
"ဒါပေမဲ့ ကျန်တဲ့ အစိတ်ရာခိုင်နှုန်းကလည်း သူ့ကို သူဌေးဖြစ်လာဖို့ လုံလောက်ပါတယ်လေ…။"
"သူ့ရဲ့ နည်းပညာနဲ့ ဆက်သွယ်ရေး ကွန်ရက်တွေကို ကြိုက်လို့သာ ငါက အပြန်အလှန် အကျိုးရှိဖို့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာပေ့ါ။"
"ဒါပေမဲ့ အခုတော့ သူ့ရဲ့ စရိုက်က သိပ်မကောင်းလှဘူးလို့ ထင်မိတယ်။ သူမှာ ဇနီးရှိပြီးသားဆိုတာ ငါမှတ်မိ နေတယ်။ သူ့ကလေးတွေကတောင် ငါ့ထက်တောင် ကြီးနေသေးတယ်။"
"သူ အလုပ် စလုပ်တုန်းက သူ့ဇနီးရဲ့ မိသားစုက ငွေကြေးအရ အများကြီး ပံ့ပိုးပေးခဲ့တယ်လို့လည်း ငါကြားဖူး တယ်။ အဲ့ဒါကို သူ အောင်မြင်လာတဲ့အခါ ဇနီးနဲ့ ကလေးတွေကို စွန့်ပစ်ဖို့ ကြံစည်နေတာလား...။”
"ဒီလို ကျေးဇူးကန်းတဲ့ သူနဲ့ ငါ ပူးပေါင်းမနေချင်တော့ဘူး…။ သူ့မှာ ဘယ်လောက်ပဲ နည်းပညာတွေ ရှိရှိ၊ ဆက်သွယ်ရေးတွေ ရှိရှိ ငါဂရုမစိုက်ဘူး။ ငါပေးထားတဲ့ အရာအားလုံးကိုလည်း အတူတူပဲ ပြန်သိမ်းယူလို့ ရတယ်...။”
ထိုစကားများကို ကြားသောအခါ ကျီလီယန်မှာ လုံးဝ တုန်လှုပ်သွားရသည်။
သို့သော် မကြာမီပင် သူမသည် မျက်စိကို မှေးစင်းကာ သံသယဖြင့် မေးလိုက်သည်။
"မင်းမှာ စိန်တွင်း ရှိတယ် ဟုတ်လား။ ဒါဆို ဘာလို့ အစားအသောက် ပို့ဆောင်နေရတာလဲ။ မင်း ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာလား...။”
"ဒီလောက် ယုတ္တိမရှိတဲ့ လိမ်ညာမှုနဲ့ ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာလား။ ဟမ့်... ကောင်လေး၊ မင်း စားခဲ့တဲ့ ထမင်းထက် ငါစားခဲ့တဲ့ ဆားက ပိုများသေးတယ်...။”
လျန်ထျန်းက ချက်ချင်း ပြန်တုံ့ပြန်လိုက်သည်။
"အဲ့ဒီလောက်တောင် ဆားတွေ အများကြီး စားထားရင် ငန်မနေဘူးလား...။”
"ကျွန်တော် ခင်ဗျားကို လိမ်နေတာလား မလိမ်ဘူးလားဆိုတာ ဖုန်းတစ်ချက်လောက် ဆက်ပြီး မေးကြည့်လိုက် ပေါ့။ ခင်ဗျားမှာ အဲ့ဒီ အရည်အချင်းရှိတဲ့ လူပျိုလူလွတ်ရဲ့ ဖုန်းနံပါတ်တောင် မရှိဘူး မဟုတ်လား...။”
ကျီလီယန်က ဒေါသတကြီးဖြင့် ဖုန်းကို ထုတ်လိုက်သည်။
"ရှိတာပေါ့…။ ငါပြောပြမယ်၊ မန်သခင်ကြီးရဲ့ ဆက်သွယ်ရေး အချက်အလက်တင် မဟုတ်ဘူး၊ သူက ဒီနားမှာ တောင် ရှိနေတာ…။"
"ငါကတော့ အဲ့ဒီ မိန်းကလေးကို အရင်ဆုံး စည်းရုံးပြီးမှ မန်သခင်ကြီးကို ခေါ်လာဖို့ စီစဉ်ထားတာ၊ ဒါပေမဲ့ အခု တော့ မန်သခင်ကြီးကို တိုက်ရိုက် ခေါ်လိုက်တော့မယ်။ မင်း ဘယ်လောက် ကြောက်သွားမလဲ ဆိုတာ ကြည့် လိုက်မယ်...။”
သူမ စကားပြောနေစဉ် ကျီလီယန်က နံပါတ်တစ်ခုကို နှိပ်လိုက်ပြီး ဖုန်းအဝင် မြန်ဆန်စွာဖြင့် အလတ်စား လူတစ် ယောက်၏ နက်ရှိုင်းသော အသံ ထွက်ပေါ်လာသည်။
"မင်းသမီးနဲ့ ဆွေးနွေးပြီးပြီလား...။”
ကျီလီယန်၏ အပြုအမူမှာ မန်သခင်ကြီးနှင့် စကားပြောသည့်အခါ လျန်ထျန်းနှင့် ဆက်ဆံစဉ်ကနှင့် မတူဘဲ လေးစားသမှု ပြည့်နှက်နေ၏။
"မန်သခင်ကြီး၊ အရာအားလုံးက သဘောတူထားတဲ့ အတိုင်းပါပဲ၊ ဒါပေမဲ့ ကြားထဲမှာ မတော်တဆ အသေးအဖွဲ လေး ဖြစ်သွားလို့ပါ...။”
"ကျွန်မသမီးက အိမ်ထောင်ကျနေပြီးသားဆိုတာ မသိခဲ့ဘူး၊ အစားအသောက် ပို့ဆောင်သူနဲ့ လက်ထပ်ထားတာ တဲ့လေ...။”
ကျီလီယန်က အသက်ရှူရ ကြပ်သည်အထိ အလျင်အမြန် ပြောဆိုပြီးနောက် ဆက်ပြောသည်။
"ဒါပေမဲ့ ကျွန်မ စည်းရုံးပြီးနောက်မှာ သူ့သမီးက နောင်တရသွားတယ်။ ဒါပေမဲ့ ပို့ဆောင်သူက ရုတ်တရက် ပြန် ရောက်လာပြီး ကျွန်မသမီးကို အနှောင့်အယှက် ပေးနေလို့ပါ...။”
"မန်သခင်ကြီး၊ ကျွန်မသမီးက အိမ်ထောင်ကျဖူးပေမဲ့ ရှင် ဂရုမစိုက်ဘူး မဟုတ်လား။ သူက အခုထိ လှပတုန်းပါ၊ ခန္ဓာကိုယ်လည်း တောင့်တင်းတယ်၊ ရှင် သူ့ကို ကြိုက်မှာပါ...။”
ကုန်ပစ္စည်းတစ်ခုလိုမျိုး မိမိသမီးကို ရောင်းစားနေသည့် မိခင်တစ်ယောက်အဖြစ် စိတ်ကူးယဉ်ရန်ပင် ခက်ခဲလှ ပေသည်။
ပို၍ဆိုးသည်မှာ သူမသမီးက အိမ်ထောင်ကျဖူးသူ ဖြစ်သည့်အတွက် အပြစ်အနာအဆာပါသည့် ကုန်ပစ္စည်း တစ်ခုလို ထင်မှတ်ကာ အခြားတစ်ဖက်မှ ငြင်းပယ်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။ ထို့ကြောင့် သူမ၏ အခြား တန်ဖိုးများကို တတ်နိုင်သမျှ ဖော်ပြနေခြင်းဖြစ်သည်။
ဘေးမှ နားထောင်နေသော ဝမ်ရှောင်ရို့မှာ ဒေါသထွက်ကာ ကျယ်လောင်စွာ ပြန်လည် တုံ့ပြန်လိုက်သည်။
"ကျွန်မ ဘယ်တုန်းက နောင်တရတယ်လို့ ပြောလိုက်လို့လဲ။ အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့။ ကျွန်မက အိမ်ထောင်ကျပြီးသားပါ၊ ဘဝမှာ တစ်ခါပဲ လက်ထပ်မှာပါ...။”
ကျီလီယန်က ဝမ်ရှောင်ရို့၏ အသံ မထွက်လာစေရန် ဖုန်းကို အမြန်ဖုံးအုပ်ဖို့ ကြိုးစားသော်လည်း ဝမ်ရှောင်ရို့၏ အသံမှာ ကျယ်လွန်းသဖြင့် ဖုန်းတစ်ဖက်မှ မန်သခင်ကြီး ကြားသွားခဲ့လေသည်။
သို့သော် မန်သခင်ကြီး၏ တုံ့ပြန်မှုမှာ မမျှော်လင့်ထားသည့်အတိုင်း ဖြစ်နေ၏၊ သူက အနည်းငယ် ရယ်မောလိုက် လေသည်။
"သူ့မှာ စိတ်တိုတတ်တဲ့ စရိုက်ရှိတာပဲ၊ ဓာတ်ပုံထဲကပုံနဲ့ လုံးဝ မတူဘူး၊ ဒါပေမဲ့...၊ ငါတော့ ကြိုက်တယ်...။”
"သူ အိမ်ထောင်ကျဖူးတာပဲ ဖြစ်ဖြစ်၊ တခြားသူရဲ့ ဇနီးပဲ ဖြစ်ဖြစ်၊ ဘယ်သူ့ရဲ့ အချစ်သစ်က အတိတ်က အချစ် ဟောင်း မဟုတ်လို့လဲ။ ငါကတော့ စိတ်ဖွင့်ထားတဲ့သူပါ…။"
"ဒီခေတ်ဒီအခါမှာ အထိမခံရသေးတဲ့သူကို ရှာမယ်ဆိုရင်တော့ သူငယ်တန်းထဲပဲ သွားရတော့မှာပေါ့။ ငါ အကုန် သိပါတယ်၊ ဒါကြောင့် ငါ ဂရုမစိုက်ပါဘူး…။"
ထိုစကားကို ကြားသောအခါ ကျီလီယန်မှာ စိတ်အေးသွားလေတော့သည်။
"အရမ်း ကောင်းတာပဲ မန်သခင်ကြီး…။ ရှင် ဂရုမစိုက်တာကို ဝမ်းသာပါတယ်…။ အခု အဆင်ပြေရင် လာခဲ့ပေး ပါလား။ ကျွန်မသမီးနဲ့ တွေ့စေချင်လို့ပါ…။"
"ပြီးတော့ ဒီမှာရှိနေတဲ့ လိုက်ကပ်နေတဲ့ ပို့ဆောင်သူကိုလည်း သင်ခန်းစာ တစ်ခုလောက် ပေးလိုက်ပါဦး…။ မန်သခင်ကြီးနဲ့ မိန်းမတစ်ယောက်အတွက် ယှဉ်ပြိုင်ရဲတယ်ပေါ့။ သူ သေချင်နေတာလေ...။”
မန်သခင်ကြီးက ရယ်မောလိုက်လေသည်။
"အဆင်ပြေပါတယ်။ ဒီတစ်ခါတော့ ကိုယ်ရံတော်တွေကို ခေါ်လာခဲ့မယ်၊ သူတို့အားလုံးက တိုက်ခိုက်ရေးမှာ ကျွမ်းကျင်တဲ့သူတွေပါ…။"
"အဲ့ဒီကောင်လေးက ရဲကို တိုင်မယ်ဆိုရင်တောင် ငါမကြောက်ပါဘူး…။ ဒီ အယ်လ်မြို့တော်က ငါ့ရဲ့ အဓိက အစုရှယ်ယာရှင်...၊ မဟုတ်ပါဘူး၊ မိတ်ဖက်ရဲ့ နယ်မြေပါ။ အခြေအနေတွေ ရှုပ်ထွေးလာရင်တောင် သူနဲ့ ရှင်းခိုင်းလို့ ရပါတယ်…။"
"အဓိက အစုရှယ်ယာရှင်" ဆိုသော စကားလုံးကို "မိတ်ဖက်" အဖြစ် ပြောင်းလဲလိုက်ခြင်းမှာ မန်သခင်ကြီး အနေဖြင့် မျက်နှာမပျက်စေရန် အချိန်မီ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
အမှန်စင်စစ် သူသည် ကုမ္ပဏီ၏ အကြီးဆုံး အစုရှယ်ယာရှင် မဟုတ်ကြောင်း အခြားသူများ သိသွားပါက သူ၏ ဂုဏ်သိက္ခာ ထိခိုက်နိုင်သဖြင့် လျှို့ဝှက်ထားခြင်းဖြစ်ပေသည်။
ဤနေရာသို့ မန်သခင်ကြီးက လူများကို ခေါ်ဆောင်လာခဲ့လေသည်။ ကျီလီယန်က ဖုန်းချလိုက်ပြီး လျန်ထျန်းကို မထီမဲ့မြင်ပြုသည့် အကြည့်ဖြင့် ပြန်ကြည့်လိုက်လေသည်။
"စကားပြောလေ။ မင်း အမြဲတမ်း စကားပြောတတ်တာ မဟုတ်ဘူးလား။ အခု မန်သခင်ကြီးကို ဖုန်းဆက်တဲ့အခါ ဘာလို့ တစ်ခွန်းမှ မပြောရဲတာလဲ...။”
အမှန်စင်စစ် ကျီလီယန်နှင့် မန်သခင်ကြီး ဖုန်းပြောနေစဉ် လျန်ထျန်း တစ်ခွန်းမှ မပြောခဲ့ပေ။
ထို့ကြောင့် ကျီလီယန်က လျန်ထျန်းမှာ အပြစ်ရှိသလို ကြောက်လန့်နေသည်ဟု ထင်မြင်ပြီး သူပြောခဲ့သည့် စိန် တွင်းများမှာ အတုများသာ ဖြစ်မည်ဟု ယူဆလိုက်သည်။
ဤအချက်က သူမ၏ ယုံကြည်မှုကို မြှင့်တင်ပေးလိုက်ပြီး သမီးဖြစ်သူနှင့် မန်သခင်ကြီးကို သဘောတူ သည် ဖြစ်စေ၊ မတူသည်ဖြစ်စေ ယနေ့မှာပင် ပေါင်းစပ်ပေးရန် လျှို့ဝှက်စွာ ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ဤနည်းဖြင့်သာ သူမသည် မန်သခင်ကြီး၏ ယောက္ခမ ဖြစ်လာနိုင်မည်ဖြစ်သည်။ မန်သခင်ကြီးထက် သုံးနှစ်ငယ်သည်ဖြစ်စေ၊ ဘာဂရုစိုက်ရမှာလဲ။ ငွေရနိုင်သမျှ ကိစ္စမရှိပေ။
ဤလောကတွင် သမီးကို ရောင်းစားသလို လက်ထပ်ပေးသည့် ဖြစ်ရပ်မျိုးကို မည်မျှ မကြာခဏ မြင်တွေ့နေရ ပါသနည်း။
ဤအခိုက်အတန့်တွင် လျန်ထျန်း၏ နှုတ်ခမ်း၌ အပြုံးတစ်ခု ပေါ်လာပြီး နောက်ဆုံးတွင် သူ စကားပြောလိုက် လေသည်။
"ငါ အခုထိ စကားမပြောတာက ငါစကားပြောလိုက်ရင် အဲ့ဒီ မန်အိုကြီး မလာရဲမှာ စိုးလို့ပဲ…။"
"သူရောက်လာတာက ငါ အလိုရှိတဲ့အတိုင်းပဲ။ ငါ သူ့ကို တချို့အရာတွေအကြောင်း လူချင်းတွေ့မှ ပြောပြပြီး ခင်ဗျားရဲ့ အငြိမ်းစားယူမယ့် ကိစ္စကိုလည်း စီစဉ်ပေးရဦးမယ်…။"
လျန်ထျန်း၏ ပြင်းထန်သော စကားများကို ကြားသောအခါ ကျီလီယန်မှာ ယုံကြည်ခြင်းမရှိဘဲ ခနဲ့သည့် လေသံ ဖြင့် ပြန်ဖြေလိုက်လေသည်။
"မင်း ကြိုက်သလောက် ဟန်ဆောင်နေပါ။ ဘယ်လိုပဲဖြစ်ဖြစ် မန်သခင်ကြီးက မကြာခင် ရောက်လာတော့မှာ။ ခုနက ဖြစ်ပျက်ခဲ့တာတွေ မင်း ကြားခဲ့တာပဲ။ ရဲကို တိုင်ဖို့ မကြောက်ဘူးလား...။”
"မင်းက ဆင်းရဲတဲ့ ပို့ဆောင်သူ တစ်ယောက်ပဲ၊ သူဌေးတွေရဲ့ လောကကို နားလည်နိုင်မှာ မဟုတ်ဘူး။ ငွေက တကယ်ပဲ မင်းကို လိုသလို လုပ်ဆောင်စေနိုင်ပြီး ပြဿနာတိုင်းကို ဖြေရှင်းပေးနိုင်တယ်…။"
လျန်ထျန်းက စကားကို နင်းပြောလိုက်သည်။
"ခင်ဗျား ပြောတာ မှန်တယ်။ ခင်ဗျား ရဲ့ နည်းလမ်းတွေကိုပဲ အသုံးပြုပြီး ခင်ဗျား ကို ကျွန်တော် ဘယ်လို ကိုင် တွယ်မလဲဆိုတာ စောင့်ကြည့်လိုက်ပါ…။"
"ငွေဆိုတာ ကောင်းတာလည်း မဟုတ်၊ ဆိုးတာလည်း မဟုတ်ဘူး၊ အဓိကက ဘယ်သူက ဘယ်လို အသုံးပြု သလဲဆိုတာပေါ်မှာပဲ မူတည်တယ်…။"
"တစ်ခါတစ်ရံမှာ ခင်ဗျား တို့လို လူမျိုးတွေကို ကိုင်တွယ်ဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အသုံးပြုရမယ်။ ဆိုရိုး စကား အတိုင်းပဲ၊ ပိုအားကောင်းတဲ့သူ အမြဲရှိတယ်၊ လူဆိုးတွေကို သင်ခန်းစာပေးဖို့ မကောင်းတဲ့ နည်းလမ်းတွေကို လည်း သုံးရတာပေါ့…။"
သူ ပြောပြီးသည်နှင့် တစ်ပြိုင်နက် တံခါးအပြင်ဘက်တွင် ရုန်းရင်းဆန်ခတ် အသံများ ပေါ်လာပြီးနောက် တံခါး ခေါက်သံ ထွက်ပေါ်လာခဲ့လေသည်။
ကျီလီယန်မှာ လျန်ထျန်း၏ စကားအဓိပ္ပာယ်ကို တွေးတောရန် အချိန်မရလိုက်ဘဲ တံခါးကို အမြန်သွားဖွင့် လိုက်လေသည်။
ဝင်ရောက်လာသည့် ပထမဆုံးလူမှာ အသက်ငါးဆယ် သို့မဟုတ် ခြောက်ဆယ်နီးပါး ရှိနိုင်သည့် အရပ်မြင့်ပြီး ဝဝဖိုင့်ဖိုင့် အလတ်စား လူတစ်ယောက်ဖြစ်သည်။
သူ့နောက်တွင် နေကာမျက်မှန်များနှင့် အနက်ရောင် ဝတ်စုံပြည့်ကို ဝတ်ဆင်ထားသည့် ကြံ့ခိုင်သော လူအချို့က လိုက်ပါလာပြီး တစ်ယောက်စီတိုင်း၏ အမူအရာမှာ ကြမ်းတမ်းနေ၏။
အရပ်မြင့်ပြီး ဝဝဖိုင့်ဖိုင့် လူမှာ မန်ကော် ဖြစ်သည်။ သူဝင်လာသည်နှင့် တစ်ပြိုင်နက် ဗိုက်ကို ပုတ်လိုက်ပြီး မောက်မာစွာ ပြောလိုက်လေသည်။
"မင်းရဲ့ လှပတဲ့ သမီး ဘယ်မှာလဲ။ အရင်ဆုံး ငါ့ကို မြင်ပါစေဦး…။"
"ပြီးတော့ အစားအသောက် ပို့ဆောင်တဲ့ သူ့ခင်ပွန်းကိုတော့ အနည်းငယ်ပေးပြီး ထွက်သွားခိုင်းလိုက်…။ မထွက် သွားရင် ထွက်သွားတဲ့အထိ ရိုက်လိုက်…။"
ကျီလီယန်က ခေါင်းညိတ်ပြီး အချွဲအလျော့ လုပ်ရန် ကြိုးစားနေစဉ်မှာပင် လျန်ထျန်းက အခန်းအတွင်းမှ လမ်း လျှောက်ထွက်လာပြီး အေးစက်စွာ ပြောလိုက်လေသည်။
"မန်အိုကြီး၊ မင်း ဒီနေ့မှာ အရမ်း မောက်မာနေတာပဲ၊ တခြားသူရဲ့ ဇနီးကို နေ့ခင်းကြောင်တောင် ခိုးယူဖို့ ကြိုးစား နေတာလား။ မင်းမှာ ဒီလို ရူးသွပ်တဲ့ အကျင့်ရှိမှန်း ငါ အရင်တုန်းက မသိခဲ့ပါလား...။”
ထိုစကားကို ကြားသောအခါ မန်ကော်မှာ ခဏမျှ ရပ်တန့်သွားပြီး အသံကို ရင်းနှီးသလို ခံစားလိုက်ရသည်။
သူ့အကြည့်က လျန်ထျန်းဆီသို့ ကျရောက်သွားသည့်အခါ သူ၏ အဆီတမျှင်မျှင် ခန္ဓာကိုယ်ကြီး ရုတ်တရက် တုန်ယင်သွားပြီး အသံမှာ ချက်ချင်းပင် ထစ်အသွားတော့သည်။
"လျန်...၊ အဓိက အစုရှယ်ယာရှင်...၊ မင်း...၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ...။”
လျန်ထျန်းက ပခုံးတွန့်လိုက်သည်။
"ဒါ ငါ့အိမ်လေ။ ငါ့အိမ် မှာမနေလို့ ဘယ်သွားရမှာလဲ…။"
"ဒါနဲ့ မင်းက မင်းဇနီးနဲ့ ကွာရှင်းလိုက်ပြီလား။ အခု တခြားသူရဲ့ ဇနီးကို ခိုးယူချင်နေတာလား...။”
လျန်ထျန်း၏ အသံမှာ ကျယ်လောင်ခြင်း သို့မဟုတ် ပြင်းထန်ခြင်း မရှိသော်လည်း မန်ကော်၏ ဝဝဖိုင့်ဖိုင့် မျက်နှာ ကို အကြိမ်ကြိမ် တုန်ယင်သွားစေရန် လုံလောက်ပေသည်။
နောက်တစ်စက္ကန့်တွင် မန်ကော်က နဖူးမှ ချွေးစေးများကို သုတ်လိုက်ပြီး လျန်ထျန်းကို ပြာသလဲလဲ တောင်းပန် လိုက်လေသည်။
"ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် တောင်းပန်ပါတယ်...။ ဒါက ခင်ဗျားအိမ်မှန်း ကျွန်တော် တကယ်ပဲ မသိခဲ့တာပါ၊ မစ္စတာလျန်…။"
ထို့နောက် မန်ကော်သည် ကြောင်အမ်းအမ်း ဖြစ်နေသော ကျီလီယန်ဆီသို့ လှည့်ပြီး ဒေါသတကြီး ပြောလိုက် လေသည်။
"မင်း ငါ့ကို သတ်ဖို့ ကြိုးစားနေတာလား။ မင်းသမီးရဲ့ ခင်ပွန်းက ဘယ်သူလဲဆိုတာ မင်းတောင် မသိဘူးလား….။ ပြီးတော့ မင်းက သူက အစားအသောက် ပို့ဆောင်သူပဲလို့ ပြောတယ်... ခဏ၊ ခဏစောင့်ဦး...။”
ခေတ္တမျှ ရပ်နားပြီးနောက် မန်ကော် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး ချက်ချင်းပင် တင်းမာသွားပြန် လေသည်။
"မင်းသမီးရဲ့ ခင်ပွန်းက လျန်...၊ အဓိက အစုရှယ်ယာရှင်ဆိုတော့ မင်းက...၊ လျန်ရဲ့ ယောက္ခမ ဖြစ်နေတာပေါ့…။"
ထိုအချက်ကို တွေးမိသောအခါ မန်ကော်မှာ ကြောက်လန့်သွားပြီး ချွေးအေးများ ပြန်ထွက်လာသည်။
သူမသည် မိမိယခင်က အလွန်အမင်း ကြမ်းတမ်းစွာ ဆက်ဆံခဲ့သော မိန်းမအိုကြီးမှာ ရုတ်တရက် သူ့အနေဖြင့် မထိခိုက်ရဲသော သူတစ်ယောက် ဖြစ်လာသည်ဟု ခံစားလိုက်ရလေသည်။
သို့သော် လျန်ထျန်းက ဤအခိုက်အတန့်တွင် စကားပြောလိုက်သည်။
"သူက ငါ့ရဲ့ ယောက္ခမဟောင်းပါ…။ သူက ငါ့ရဲ့ ယောက္ခထီးနဲ့ အကြာကြီးကတည်းက ကွာရှင်းခဲ့တာ၊ ဒါပေမဲ့ အခု အပြင်မှာ အဆင်မပြေတော့ အိမ်ကို ပြန်လာပြီး သူ့သမီးကို ရောင်းစားဖို့ ကြိုးစားနေတာလေ…။"
ထိုစကားကို ကြားသောအခါ မန်ကော်မှာ အံ့သြလွန်းသဖြင့် အော်ပြောလိုက်သည်။
"ဟင်...၊ ဒီလောက်ထိ စိတ်နှလုံး ရက်စက်တဲ့ အမျိုးသမီးမျိုး လောကမှာ ရှိနိုင်ပါ့မလား…။"
လျန်ထျန်းက နောက်ထပ် နှစ်ခါ လှောင်ရယ်လိုက်သည်။
"မင်းလည်း သူနဲ့ အတူတူပဲ မဟုတ်ဘူးလား...။”
"မင်းက ငါ့ရဲ့ စိန်တွင်းကနေ ငွေရှာပြီး ဇနီးအသစ်ရဖို့ မစောင့်နိုင် ဖြစ်နေတာပဲ။ ယုံပါ၊ ငါ မင်းတို့နဲ့ ပူးပေါင်းမှုကို အဆုံးသတ်လိုက်တော့မယ်…။"