← Chapters

အခန်း ၂၈၉

Vol. 29 Ch. 289

အခန်း ၂၈၉

Vol. 29 Ch. 289

အခန်း (၂၈၉)

ငွေကြေးအပေါ် ကျွန်ုပ်၌ စိတ်ဝင်စားမှု မရှိပါ

မန်ကော်သည် သူတို့နှင့် ပူးပေါင်းမှုကို ရပ်ဆိုင်းလိုက်ကြောင်း လျန်ထျန်း၏ ကြေညာချက်ကို ကြားလိုက်ရသည့် အခါ ကြောက်လန့်လွန်း၍ ခြေထောက်များပင် အားမရှိတော့ဘဲ ဒူးထောက်လုနီးပါး ဖြစ်သွားရသည်။

ကံကောင်းထောက်မစွာဖြင့် သူ၏ ဘေးနှစ်ဖက်မှ ဝတ်စုံပြည့် လူနှစ်ယောက်က သူ့ကို အချိန်မီ ဖမ်းဆီး ထိန်း ထားလိုက်လေသည်။ သို့သော် မန်ကော်မှာ ဒေါသထွက်လျက် သူတို့ကို တွန်းထုတ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"မင်းတို့ ဘာလို့ ငါ့ကို ဆွဲထားတာလဲ။ ဘာလို့ ဆွဲထားတာလဲ...။”

"ငါသာ ခုနက ဒူးထောက်လိုက်ရင် အဓိက အစုရှယ်ယာရှင် လျန်ကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးဖို့ တောင်းပန်နိုင် မှာ ဖြစ်တယ်…။"

"မင်းတို့က ငါ့ကို တွဲမတ်ပေးလိုက်တော့ ငါက နောက်တစ်ခါ ထပ်ဒူးထောက်ရမလား၊ မထောက်ရတော့မလား...။ နောက်တစ်ခါ ထပ်ဒူးထောက်ရင်လည်း ငါ့မျက်နှာ ပျက်ရမယ်။ မထောက်ပြန်ရင်လည်း ငါ့မှာ စိတ်ရင်းအမှန် မရှိ သလို ဖြစ်နေဦးမယ်…။"

"မင်းတို့ အရူးတွေ….။ အခုချက်ချင်း ထွက်သွားကြတော့၊ နောက်ထပ် အထဲကို ပြန်မဝင်လာနဲ့…။"

ထို့ကြောင့် မန်ကော်ကို ကာကွယ်ပေးနေသည့် ဝတ်စုံပြည့် လူအားလုံးကို မန်ကော်ကိုယ်တိုင်ကပင် မောင်းထုတ် လိုက်လေသည်။

တံခါးပိတ်သွားပြီးနောက် မန်ကော်၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး လျန်ထျန်းရှေ့တွင် ပြုံးရွှင်စွာဖြင့် ဒူးထောက်လိုက်လေသည်။ မျက်နှာနှင့် ငွေကြေးကို ယှဉ်ကြည့်ပါက စီးပွားရေးသမား တစ်ယောက်အနေဖြင့် နောက်ဆုံးကိုသာ ရွေးချယ်ရမည်မှာ အသေအချာပင်။ တွန့်ဆုတ်နေစရာ ဘာများရှိပါဦးမည်နည်း။

"မစ္စတာလျန်...၊ ကျွန်တော်နဲ့ ပူးပေါင်းတာကို မရပ်ဆိုင်းပါနဲ့ခင်ဗျာ။ မဟုတ်ရင် ကျွန်တော့်ကုမ္ပဏီ ပျက်စီး သွားပါလိမ့်မယ်…။"

"အဲ့ဒီလိုသာ ဆိုရင် မနက်ဖြန်ကျရင် ကျွန်တော် အိမ်ပြန်ပြီး ဇနီးသည်နဲ့ ပြန်လက်ထပ်ပါ့မယ်။ နောက်ဆိုရင် သူ့ကို အကောင်းဆုံး ဆက်ဆံပြီး သစ္စာရှိရှိ နေထိုင်သွားပါ့မယ်။ နောက်တစ်ခါ ဇနီးသည်ကို ပြောင်းလဲဖို့ ဆိုတာမျိုး လုံးဝ မတွေးတော့ပါဘူး...။”

မန်ကော်၏ စကားများကို ကြားသောအခါ လျန်ထျန်း၏ အမူအရာမှာ အနည်းငယ် ပျော့ပြောင်းသွားပြီး အလေးအနက်ထားသည့် လေသံဖြင့် ပြောလိုက်လေသည်။

"မန်အိုကြီး...၊ မင်း ငါ့ကို သိပါတယ်။ မိတ်ဖက်တွေကို ရွေးချယ်တဲ့အခါ ငါက အရည်အချင်းထက် ကိုယ်ကျင့် တရားကို ပိုတန်ဖိုးထားတယ်…။"

"မဟုတ်ရင် အဲ့ဒီတုန်းက မင်းထက် အရင်းအမြစ် ပိုများတဲ့ ကုမ္ပဏီတွေ အများကြီး ရှိပါတယ်။ ငါတို့က မင်းကို ရွေးချယ်ခဲ့တာက မင်းရဲ့ ဆက်သွယ်ရေး ကွန်ရက်တွေ ကောင်းပြီး လူတိုင်းက မင်းကို ချီးကျူးနေကြလို့ပဲ…။"

"ဒါပေမဲ့ မင်းက မောက်မာလာပြီဆိုရင်တော့ ငါ ဘယ်အချိန်မဆို မင်းကို အလုပ်ဖြုတ်ပစ်လို့ ရတယ်…။ ဘာလို့ လဲဆိုတော့ ငါ့အတွက် ငွေကြေးဆိုတာ စီးပွားရေးမှာ ဘယ်တော့မှ အရေးအကြီးဆုံး မဟုတ်ဘူး။ ငါက ငွေကြေး အပေါ် စိတ်ဝင်စားမှု လုံးဝ မရှိဘူး…။"

"ငါက ငွေမလိုတဲ့သူမို့လို့ပဲ။ စိန်တွင်းတွေ မရှိရင်တောင် ကုမ္ပဏီကြီးတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အများကြီးမှာ ငါ့ရှယ်ယာတွေ ရှိတယ်။ အဲ့ဒီ ရှယ်ယာတွေ မရှိရင်တောင် အစားအသောက် ပို့ဖို့ ဘယ်သူ့ကိုမှ တောင်းပန်နေစရာ မလိုပါဘူး…။"

လျန်ထျန်းက အလေးအနက်ဖြင့် ပြောဆိုလိုက်သော်လည်း ၎င်း၏ အဓိပ္ပာယ် အစစ်အမှန်ကို နားမလည်သည့် မန်ကော်မှာ ဝဝဖိုင့်ဖိုင့် မျက်နှာကို တုန်ယင်လျက် နားထောင်နေရလေသည်။

သို့သော်လည်း မန်ကော်မှာ မည်သို့ပင် နားမလည်စေကာမူ အလိုလိုက်သည့် အပြုံးဖြင့် ခေါင်းကိုသာ ခါယမ်းပြ နေရလေသည်။

"ဟုတ်ကဲ့...၊ ဟုတ်ကဲ့ပါ...၊ ကျွန်တော်က အဓိက အစုရှယ်ယာရှင်လျန်ရဲ့ အဆင့်အတန်းနဲ့ မယှဉ်နိုင်ပါဘူး။ ဒီနေ့ တော့ အများကြီး သင်ခန်းစာ ရလိုက်ပါတယ်...။”

ထို့နောက် လျန်ထျန်းက ဆက်ပြောသည်။

"ဒီလိုလုပ်ရအောင်၊ ဒီတစ်ခါတော့ မင်းကို ခွင့်လွှတ်ပေးလိုက်မယ်။ ဒါပေမဲ့ ရှယ်ယာပိုင်ဆိုင်မှု ကိစ္စကိုတော့ ပြန် လည် စီစဉ်ဖို့ လိုတယ်…။"

"အထင်မလွဲပါနဲ့၊ မင်းကို အမြတ်ထုတ်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။ မင်း ဇနီးကို ပြန်မလက်ထပ်ခင်မှာ မင်းရဲ့ ရှယ်ယာတချို့ကို သူ့ဆီ လွှဲပြောင်းပေးဖို့ပဲ လိုတာပါ…။"

"ဘယ်လိုပဲဖြစ်ဖြစ် မင်း စီးပွားရေး စလုပ်တုန်းက မင်းဇနီးရဲ့ မိသားစု အကူအညီနဲ့ စခဲ့တာပဲ။ သူတို့က မင်းရဲ့ ကနဦး ရင်းနှီးမြှုပ်နှံသူတွေပါ။ ဒီနှစ်ပေါင်းများစွာမှာ မင်း သူတို့ကို ပြန်ပေးဆပ်ဖို့ သင့်တော်ပါတယ်…။"

လျန်ထျန်း၏ လုပ်ဆောင်ချက်မှာ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သည်။

ပထမဦးစွာ မန်ကော်၏ ရှယ်ယာတချို့ကို လျော့နည်းစေကာ ဇနီးသည်ထံ ပေးအပ်လိုက်ခြင်းဖြင့် နောက်တစ်ခါ ကွာရှင်းဖို့ မပြောရဲအောင် စီစဉ်လိုက်ခြင်းဖြစ်သည်။ ဤသည်မှာ သူ အခြား သီလရှိသော အမျိုးသမီးများကို ထိခိုက်နစ်နာစေခြင်းမှ ထိရောက်စွာ တားဆီးနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်၍ ကောင်းမှုပြုခြင်းဟု ဆိုနိုင်သည်။

ဒုတိယအချက်အနေဖြင့် လျန်ထျန်းသည် မန်ကော်၏ ဇနီးသည်ကို တွေ့ဖူးသည်။ သူမသည် အလွန် ဆင်ခြင်တုံ တရား ရှိပြီး နားလည်မှုပေးတတ်သော အမျိုးသမီးတစ်ယောက် ဖြစ်သည်။ မန်ကော်၏ သားဖြစ်သူမှာလည်း မိခင်နည်းတူ ရိုးသားဖြောင့်မတ်ပြီး ဖခင်ဖြစ်သူ၏ ငွေနောက်လိုက်သော စရိုက်ဆိုးများ လုံးဝ ကူးစက်ခြင်း မရှိ ပေ။

လျန်ထျန်းက မန်ကော်နှင့် ပူးပေါင်းရသည့် အဓိက အကြောင်းရင်းမှာလည်း မိခင်နှင့် သားဖြစ်သူကြောင့်သာ ဖြစ်သည်။ အနာဂတ်တွင် ကုမ္ပဏီကို မန်ကော်၏ သားဖြစ်သူက ဆက်ခံပါက အလွန်ကောင်းမွန်သော စီးပွားရေး မိတ်ဖက် ဖြစ်လာလိမ့်မည်ဟု သူ ယုံကြည်ထားသည်။

အချိန်တန်သောအခါ လျန်ထျန်း၏ လုပ်ဆောင်ချက်မှာ မှန်ကန်ကြောင်း သက်သေပြခဲ့သော်လည်း ၎င်းမှာ နောက်ထပ် ပြောပြရမည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာခဲ့လေသည်။

ယခုမူ လျန်ထျန်းနှင့် ပူးပေါင်းမှုကို ထိန်းသိမ်းရန်အတွက် မန်ကော်မှာ မည်မျှပင် မကျေနပ်သော်လည်း သဘော တူလိုက်ရတော့သည်။ မထွက်ခွာမီ မန်ကော်သည် ကျီလီယန်ကို လှမ်းကြည့်ကာ မုန်းတီးရွံရှာသော လေသံဖြင့် တိုးတိုးလေး ပြောလိုက်လေသည်။

"မင်းသမီးရဲ့ ခင်ပွန်းက ဘယ်လောက် အရေးပါမှန်း မင်းတောင် မသိဘူးလား။ ဒီလို ခင်ပွန်းမျိုးနဲ့ဆိုရင် မင်း ဘာများ ထပ်လိုချင်သေးလို့လဲ…။"

"ဘာပဲဖြစ်ဖြစ် မင်းက ငါ့ကိုတော့ တကယ်ပဲ ဖျက်ဆီးလိုက်တာပါပဲ။ မင်းသမီးရဲ့ ခင်ပွန်းက အဓိက အစုရှယ် ယာရှင် လျန်ဆိုတာသာ ငါသိရင် မင်း ငါ့ကို သတ်မယ်ဆိုရင်တောင် လာရဲမှာ မဟုတ်ဘူး...။”

"ဘာပဲပြောပြော မင်းက လျန်ရဲ့ ယောက္ခမဟောင်း တစ်ယောက်ပါ…။ ဟူး...၊ ငါကတော့ ကံဆိုးတယ်ပဲ မှတ် ရတော့မယ်။ နောက်ဆုံးအနေနဲ့ ငါ့ရဲ့ အကြံဉာဏ် တစ်ခုပေးမယ်…။"

"မင်းသမီးရဲ့ ခင်ပွန်းကို အခွင့်အရေး ရအောင် ယူထားတာက တခြား ဘယ်အရာနဲ့မှ မယှဉ်နိုင်ဘူး။ ဒါပေမဲ့ မင်း က သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပြီးသားဆိုတော့ နောက်ပိုင်းမှာ မင်းအတွက် ခက်ခဲလိမ့်မယ်လို့ ငါ ထင်တယ်…။"

ထိုသို့ ပြောဆိုပြီးနောက် မန်ကော်မှာ လျန်ထျန်း ခိုင်းစေထားသော ကိစ္စများကို လုပ်ဆောင်ရန် အလျင်အမြန် ထွက်ခွာသွားလေတော့သည်။

ငွေကြေးသည် မည်သည့်အရာကိုမဆို ဝယ်ယူနိုင်ကြောင်း ဤသည်မှာ သက်သေပင်ဖြစ်သည်။ အက်စ်မြို့တော် ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်နေပါစေ၊ လျန်ထျန်း ပြောသမျှကို လုပ်ဆောင်နေရသည် မဟုတ်ပါလား။

မဟုတ်ပါက သူပေးထားသည့်အရာကို သူ ပြန်သိမ်းယူသွားနိုင်သည်။ စီးပွားရေးသမား အများစုမှာ သာမန်လူ များထက် ငွေကြေးကို ပို၍ တန်ဖိုးထားကြသည်။

မန်ကော် ထွက်ခွာသွားပြီးနောက် ကျီလီယန်မှာ အံ့အားသင့်မှုမှ မလွတ်မြောက်သေးပေ။ သို့သော် သူမသည် ဖြစ်ပျက်နေသော စကားဝိုင်းများကို ကြားသိနေရသဖြင့် တစ်စုံတစ်ခုကို တဖြည်းဖြည်း နားလည်လာသည်။

ကျီလီယန်က ခက်ခက်ခဲခဲနှင့် လျန်ထျန်းရှိရာသို့ ခေါင်းလှည့်ကြည့်ကာ တံတွေးကို အားယူ မြိုချပြီးနောက် တုန်ရီ သော အသံဖြင့် မေးလိုက်လေသည်။

"မင်း...၊ မင်းက တကယ်ပဲ မန်သခင်ကြီးရဲ့ ကုမ္ပဏီမှာ အဓိက အစုရှယ်ယာရှင် ဟုတ်လား။ ပြီးတော့ မင်းတို့ မိသားစုက စိန်တွင်းပိုင်ရှင်တွေလား…။"

"ပြီးတော့ မင်းက ကုမ္ပဏီကြီးတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အများကြီးမှာ ရင်းနှီးမြှုပ်နှံထားတာလား။ မင်းက တကယ်ပဲ ဘယ်လောက်တောင် ချမ်းသာတာလဲ…။"

လျန်ထျန်းက ခေါင်းကို စောင်းကာ ခဏမျှ စဉ်းစားပြီးနောက် မောက်မာမှု မပါဘဲ ပြောလိုက်သည်။

"သိပ်မများပါဘူး…၊ သိန်းနှစ်ဆယ် ဒါမှမဟုတ် သိန်းသုံးဆယ်လောက်ပါပဲ…။"

ထိုစကားကို ကြားသောအခါ ကျီလီယန်မှာ အံ့အားသင့်လွန်း၍ မေးရိုးပင် ပြုတ်ကျမတတ် ဖြစ်သွားသည်။

"သိန်း... သိန်းနှစ်ဆယ်၊ သိန်းသုံးဆယ် ဟုတ်လား…။"

"သေရချည်ရဲ့…၊ ငါ့သမက်က နိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ထက်တောင် ပိုချမ်းသာနေတာလား…။"

ကျီလီယန်၏ အံ့အားသင့်မှုမှာ မထူးဆန်းပေ။ သူမ ပြောသည့် "နိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ထက် ပိုချမ်းသာ သည်" ဟူသော စကားမှာလည်း လုံးဝ မှားယွင်းနေခြင်း မဟုတ်ပေ။

ပြီးခဲ့သည့်နှစ်က ရန်ဟူ ကြွယ်ဝချမ်းသာသူများ စာရင်းတွင် မစ္စတာကျုန်း ဆိုသူက တစ်ဦးချင်း ပိုင်ဆိုင်မှု ယွမ် (၄၆၅,၀၀၀) ဖြင့် ထိပ်ဆုံးသို့ ရောက်ရှိခဲ့သည်။ ယခုခေတ် ယွမ် (၄၆၅,၀၀၀) ဆိုသည်မှာ ကမ္ဘာ့ဈေးနှုန်းများ အဆတစ်သန်း မကျဆင်းမီက ယွမ် (၄၆၅) ဘီလီယံနှင့် ညီမျှသည်။

ငွေကြေးတန်ဖိုးကို ပြောဆိုရခြင်းမှာ ကုမ္ပဏီ၏ စျေးကွက်တန်ဖိုးကို ဆိုလိုခြင်းမဟုတ်ဘဲ တစ်ဦးချင်း ပိုင်ဆိုင် သည့် အသားတင် ကြွယ်ဝမှုကို ဆိုလိုခြင်းဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံ၏ ချမ်းသာသူများသည် အခြားသူများ ၏ မနာလိုမှုကို စိုးရိမ်သဖြင့် မိမိတို့၏ ပိုင်ဆိုင်မှု အများအပြားကို လျှို့ဝှက်ထားတတ်ကြသည်။

လျန်ထျန်းကဲ့သို့သော နောက်ကွယ်မှ အကြီးအကဲများမှာလည်း အများအပြား ရှိသည်။ ဥပမာအားဖြင့် လွန်ခဲ့ သော ဆယ်နှစ်ကျော်အတွင်း အချမ်းသာဆုံးပုဂ္ဂိုလ်ဘွဲ့ကို ရရှိခဲ့သော လီမျိုးနွယ်ဝင် သူဌေးတစ်ဦးမှာ နောက်ပိုင်း တွင် အလွန်တိတ်ဆိတ်စွာ နေထိုင်လာခဲ့သည်။ သူတို့မှာ ဆုတ်ယုတ်သွားခြင်း မဟုတ်ဘဲ ပိုင်ဆိုင်မှုများကို ကွဲပြား စွာ ခွဲဝေရင်းနှီးမြှုပ်နှံကာ မြို့တော်ထဲတွင် တိတ်ဆိတ်စွာ အေးချမ်းစွာ နေထိုင်ကြခြင်းဖြစ်သည်။

ထို့ကြောင့် လျန်ထျန်းကို အချမ်းသာဆုံးပုဂ္ဂိုလ်ထက် ပိုချမ်းသာသည်ဟု ပြောခြင်းမှာ မမှားပေ။ အရာအားလုံးကို ပွင့်လင်းစွာ ထုတ်ပြန်လိုက်မည်ဆိုလျှင်တောင် လျန်ထျန်း၏ သိန်းနှစ်ဆယ် သို့မဟုတ် သုံးဆယ်တန် ပိုင်ဆိုင်မှုမှာ နိုင်ငံ၏ ထိပ်ဆုံးသုံးဦးစာရင်းတွင် ပါဝင်နေမည်မှာ သေချာသည်။ ၎င်းမှာ ငွေကြေးတန်ဖိုး မကျဆင်းမီက ထရီလီယံနှင့် ညီမျှသော ပိုင်ဆိုင်မှုများပင်ဖြစ်သည်။

ထိုသို့သော ကြီးမားသည့် ကြွယ်ဝမှုကို တွေးမိသောအခါ ကျီလီယန်မှာ တံတွေးပင် မြိုချလိုက်မိသည်။ ပါးစပ်ကို ပိတ်ပြီးနောက် သူမ၏ လျန်ထျန်းအပေါ် ဆက်ဆံပုံမှာ လုံးဝ ပြောင်းလဲသွားသည်။ သူမ၏ မိတ်ကပ်များ လိမ်း ခြယ်ထားသော မျက်နှာပေါ်တွင် တွန့်လိမ်နေသည့် အပြုံးများ ပေါ်လာသည်။

"ကောင်းလှပါတဲ့ သမက်တော်၊ မင်းက ဒီလောက် ချမ်းသာတာကို စောစောကတည်းက ပြောပါတော့လား…။ ပြောခဲ့ရင် အခုလို နားလည်မှုလွဲစရာတွေ ဖြစ်လာမှာ မဟုတ်ဘူး…။"

ကျီလီယန်၏ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာကို ကြည့်ကာ လျန်ထျန်းက လှောင်ပြုံး ပြုံးလိုက်သည်။

"နားလည်မှုလွဲတာ ဟုတ်လား။ အကုန်လုံးက နားလည်မှုလွဲတာလို့ ငါမထင်ပါဘူး…။"

"ငါ ပို့ဆောင်ရေး ဝတ်စုံနဲ့ လမ်းလျှောက်ဝင်လာတာကို မြင်တဲ့အခါ ခင်ဗျားရဲ့ မထီမဲ့မြင်ပြုမှုနဲ့ ရွံရှာမှုတွေက လုံးဝ သိသာနေတာပဲ မဟုတ်လား…။"

"ကျုပ် ခင်ဗျားကို ပြန်ပြောတော့လည်း ခင်ဗျားက မယုံဘူး။ ခင်ဗျားက ကျုပ်ရဲ့ အသွင်အပြင်ကို ကြည့်ပြီး ကျုပ် ကို လိမ်ညာနေတယ်၊ ကြွားဝါနေတယ်လို့ ထင်ခဲ့တာပဲလေ။ ကျုပ်က ခင်ဗျားသမီးနဲ့ မတန်ဘူးလို့ ပြောခဲ့တာပဲ မဟုတ်လား..။"

"ပြီးတော့ ဘာလုပ်သေးလဲ။ ခင်ဗျားက ခင်ဗျားသမီးကို ခင်ဗျားထက်တောင် သုံးနှစ်ကြီးတဲ့ အဘိုးအိုတစ်ယောက် နဲ့ လက်ထပ်ပေးပြီး ငွေတွေ ရဖို့ ကြိုးစားခဲ့တာပဲ…။"

"အခု ကျုပ်မှာ ငွေရှိတယ်ဆိုတာ သိတော့မှ အရင်ကအရာတွေက နားလည်မှုလွဲတာပါလို့ ပြောနေတာလား…။ ကောင်းပြီ၊ အဲ့ဒီ နားလည်မှုလွဲတာက ဘယ်နေရာမှာ ဖြစ်နေတာလဲဆိုတာ အသေးစိတ် ရှင်းပြပေးပါဦး။ ကျုပ်က တော့ ရှာမတွေ့မိဘူး…။"

ကျီလီယန်မှာ ခေတ္တမျှ ရှက်ရွံ့သွားပြီးနောက် စကားလမ်းကြောင်း လွှဲလိုက်သည်။

"ကောင်းလှပါတဲ့ သမက်တော်၊ တို့က မိသားစုတွေပဲ၊ အားနာစရာ မလိုပါဘူး…။ ပြီးခဲ့တာတွေက ပြီးပါစေ တော့…။"

"တကယ်တော့ အမေ ပထမဆုံး မြင်လိုက်ကတည်းက မင်းက တခြားသူတွေနဲ့ မတူဘူးဆိုတာ သိလိုက်တယ်။ ငါ့သမီးကလည်း အရသာ ခံတတ်လိုက်တာ…။"

"ဒီလိုလုပ်ရအောင်၊ အမေ့ရဲ့ လိုအပ်ချက်က သိပ်မများပါဘူး။ မင်းနေတဲ့ အိမ်လိုမျိုး ဗီလာတစ်လုံး ဝယ်ပေးပါ၊ ပြီးတော့ တစ်လကို တစ်ယွန်စီ နေထိုင်စရိတ် ပေးပါလား…။"

"ဒါက များလွန်းလို့လား။ ယောက္ခမတစ်ယောက်အနေနဲ့ သတို့သမီးလက်ဖွဲ့ကိုတောင် မတောင်းဆိုခဲ့တာပါ…။ မဟုတ်ရင် ငါ့သမီးရဲ့ အရည်အချင်းနဲ့ မင်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် လက်ဖွဲ့ကို တစ်ရာ သို့မဟုတ် ရှစ်ဆယ် လောက် ပေးရမှာ မဟုတ်ဘူးလား…။"

ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ အေးစက်စက် ရယ်မောလိုက်သည်။

"တစ်ရာ သို့မဟုတ် ရှစ်ဆယ်တန် သတို့သမီးလက်ဖွဲ့ဆိုတာ ယွမ်သိန်းတစ်ရာလောက် ရှိမှာပါ။ နောက်ဆုံးတော့ ခင်ဗျားက မင်းသမီးကို ရောင်းစားချင်နေတုန်းပဲ…။"

"ကံမကောင်းစွာနဲ့ပဲ၊ ကျုပ်က ငွေမလိုတဲ့သူ ဖြစ်ပေမဲ့ ခင်ဗျားကိုတော့ တစ်ပြားမှ ပေးမှာ မဟုတ်ဘူး…။"

"အဲ့ဒီတုန်းက ငါရှောင်ရို့အတွက် သတို့သမီးလက်ဖွဲ့ကို လျှော့မပေးခဲ့ပါဘူး။ ယွမ်တစ်သောင်း ပေးခဲ့တာပါ …။"

"ဒါပေမဲ့ အဲ့ဒါက ကျုပ်ဆန္ဒအလျောက် လုပ်ခဲ့တာပါ။ ငွေဘယ်လောက် ကုန်ကုန် ပေးဖို့ ဝန်မလေးခဲ့ဘူး။ ဒါပေမဲ့ ခင်ဗျားကတော့ မတူဘူး…။"

"ဗီလာအကြောင်းကိုတော့ မတွေးနဲ့၊ တစ်လကို တစ်ယွမ်စီ ပေးဖို့ကိစ္စကိုလည်း လုံးဝ မပေးနိုင်ဘူး…။"

ထိုစကားကို ကြားပြီးနောက် ကျီလီယန်၏ အမူအရာမှာ တစ်ဖန် ပြောင်းလဲသွားသည်။ သူမတွင် ယခင်က မောက်မာမှုများ မရှိတော့ဘဲ ဒေါသထွက်ကာ ရှက်တတ်ခြင်း မရှိတော့ပေ။

"မင်း ပေးကို ပေးရမယ်…။ ငါက ဝမ်ရှောင်ရို့ရဲ့ အမေအရင်းပဲ၊ သူက ငါ့ကို ပြုစုစောင့်ရှောက်ဖို့ အပြည့်အဝ တာဝန်ရှိတယ်…။"

"ငါ အရင်က ပြောခဲ့သလိုပဲ၊ မင်းသာ ငါ့ရဲ့ အခြေအနေကို လက်မခံရင် ငါ တရားစွဲမယ်။ ဥပဒေမှာ တရားစွဲရင် နိုင်ကို နိုင်ရမယ်လို့ ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းထားတယ်….။"

ကျီလီယန်၏ ရှက်တတ်ခြင်း မရှိသော အပြုအမူကို ကြည့်ကာ လျန်ထျန်းက အေးဆေးစွာ ပြန်ပြောလိုက်သည်။

"မိဘတစ်ယောက်အနေနဲ့ သားသမီးတွေက ပြုစုစောင့်ရှောက်ဖို့ ဥပဒေအရ တာဝန်ရှိတာ မှန်ပါတယ်။ ဒါပေမဲ့ သူတို့က မင်းရဲ့ မဖြစ်နိုင်တဲ့ တောင်းဆိုမှုတိုင်းကို လိုက်လျောပေးရမယ်လို့ မဆိုလိုဘူး….။"

"ရှောင်ရို့ရဲ့ အမေအရင်း ဖြစ်တဲ့အတွက် ခင်ဗျားကို စတုရန်းပေ (၁၀၀) လောက်ရှိတဲ့ အိမ်တစ်လုံး ငှားပေးမယ်။"

"ပြီးတော့ တစ်လကို တစ်ကျောင်စီ နေထိုင်စရိတ် ပေးမယ်။ အဲ့ဒါဆိုရင် ခင်ဗျား အသက်ရှင်ဖို့ လုံလောက်ပါ တယ်။ မဆိုးဘူး မဟုတ်လား…။"

ထိုစကားကို ကြားသောအခါ ကျီလီယန်မှာ စိတ်မထိန်းနိုင်ဘဲ မြေပြင်ပေါ်တွင် လူးလိမ့်နေလုနီးပါး ဒေါသထွက် သွားတော့သည်။

"စတုရန်းပေ (၁၀၀ ) လောက်ပဲလား၊ အဲ့ဒါ လူနေဖို့ သင့်တော်လို့လား၊ အရမ်းကျဉ်းကျပ်လွန်းတယ်…။"

"ပိုဆိုးတာက တစ်လကို တစ်ကျောင်ပဲ နေထိုင်စရိတ်ပေးတာလား…။ ငါ့ရဲ့ ကြောင်စာတောင် တစ်လကို အဲ့ဒီထက် ပိုကုန်သေးတယ်…။"

"မဖြစ်ဘူး….။ မင်း ပိုပေးရမယ်၊ ငါ နည်းနည်း လျှော့ပေးလိုက်မယ်...၊ တစ်လကို အနည်းဆုံး ရှစ်ဖန်ပေး…။"

လျန်ထျန်းမှာ ရယ်မောလိုက်သည်။

"ရှစ်ဖန် ဟုတ်လား…။ တစ်နှစ်တာ နေထိုင်စရိတ်ကိုတောင် ရှစ်ဖန် မရတဲ့ မိသားစု ဘယ်လောက်တောင် ရှိလဲဆို တာ ခင်ဗျား သိလား…။"

"ကျုပ် ပြောပြီးပြီ၊ တစ်လကို တစ်ကျောင်ဆိုတာ ခင်ဗျား နေထိုင်စရိတ်အတွက် လုံလောက်တယ်။ တခြား လိုချင်တာတွေ ရှိရင် ခင်ဗျားကိုယ်တိုင် ရှာဖွေရလိမ့်မယ်…။"

"ခင်ဗျား မကျေနပ်ရင် အယူခံဝင်လို့ ရတယ်။ အဲ့ဒီအခါကျရင် အနည်းဆုံး စံနှုန်းအတိုင်းပဲ ထောက်ပံ့ပေးလိမ့် မယ်။ အဲ့ဒီအချိန်ကျရင် ခင်ဗျား တစ်လကို ငါလီတောင် ရပါ့မလားမသိဘူး…။"

ထိုအခါ ကျီလီယန်မှာ ဒေါသထွက်ကာ ရှက်ရွံ့သွားလေတော့သည်။

"မင်းက ဒီလောက် ချမ်းသာနေတာကို ကိုယ့်မိသားစုအပေါ် ဒီလောက်တောင် စေးနည်းရတာလား။ မင်းမှာ ကိုယ်ကျင့်တရား မရှိဘူး….။"

လျန်ထျန်းက လက်ကို ဖြန့်လိုက်သည်။

"ကျုပ်မိသားစုအပေါ်မှာ ကျုပ် ဘယ်တော့မှ ကပ်စေးနည်းလေ့ မရှိပါဘူး။ မယုံရင် ရှောင်ရို့ကို မေးကြည့်လိုက် ပါ…။"

"ဒါပေမဲ့ ခင်ဗျားကိုတော့ ကျုပ် မိသားစုဝင်အဖြစ် ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ဘူး၊ ရှောင်ရို့ကလည်း ခင်ဗျားကို မိသားစုဝင်အဖြစ် မသတ်မှတ်ဘူး...။”

All Chapters