← Chapters

အခန်း ၂၉၀

Vol. 29 Ch. 290

အခန်း ၂၉၀

Vol. 29 Ch. 290

အခန်း (၂၉၀)

အလွန်ခက်ခဲသော ဆွေမျိုးများ လာရောက်လည်ပတ်ခြင်း

ကျီလီယန်သည် လျန်ထျန်းကို အချိန်အတန်ကြာ ဆက်လက်ငြင်းခုန်ကာ အနိုင်ကျင့်ရန် ကြိုးပမ်းခဲ့သော်လည်း သူ၏ သဘောထားကို ပြောင်းလဲနိုင်ခြင်း မရှိတော့မှန်း သိလိုက်ရသည်။ နောက်ဆုံးတွင် သူတို့မှာ စတုရန်းပေ (၁၀၀) ခန့်ရှိသော အိမ်နှင့် တစ်လလျှင် တစ်ကျောင်မျှသာရှိသော နေထိုင်စရိတ်ကိုသာ လက်ခံလိုက်ရတော့ သည်။

ကျီလီယန် ထွက်သွားပြီးနောက် ဝမ်ရှောင်ရို့၏ မျက်ဝန်းများမှာ ချက်ချင်းပင် နီရဲလာပြီး အိပ်ခန်းအတွင်းသို့ ပြေးဝင်ကာ ငိုရှာတော့သည်။ လျန်ထျန်းမှာ သူမကို နှစ်သိမ့်ရန် အလျင်အမြန် လိုက်သွားပြီး ကျောကို ပုတ်ကာ နူးညံ့စွာ ပြောလိုက်သည်။

"ချစ်...၊ ကိုယ် ချစ်အမေကို စကားတွေ လွန်သွားသလား။ ချစ် စိတ်မကောင်း ဖြစ်သွားတာလား...။”

"စိတ်မပူပါနဲ့။ ကိုယ် အခုလို ပြောလိုက်ပေမဲ့ သူ တကယ်ပဲ အခက်အခဲ ရှိလာရင် ကိုယ် လျှို့ဝှက်ပြီး ကူညီ ပေးမှာပါ…။"

ဝမ်ရှောင်ရို့က ခေါင်းမော့လိုက်ပြီး လျန်ထျန်း၏ ရင်ခွင်ထဲသို့ ခေါင်းအပ်ကာ ခေါင်းခါပြလိုက်သည်။

"မဟုတ်ပါဘူး...၊ ဒီလို မိခင်မျိုးကို ရထားရလို့ စိတ်မကောင်း ဖြစ်ရတာပါ…။"

"တကယ်တော့ သူ အခုနက နည်းနည်းလေးလောက်ပဲ အမေအရင်းလို ချစ်ခင်မှု ပြလိုက်ရင် ကိုယ်က သူ့အပေါ် သဘောထား ပျော့ပြောင်းမိမှာပါ။ ဒါပေမဲ့ နောက်ဆုံးအချိန်အထိ သူ့ဆီက ဘာချစ်ခင်မှုမှ မရခဲ့ဘူး၊ အတ္တဆန်မှု တွေပဲ ရှိခဲ့တာ...။”

"နောင်တစ်ချိန် ချစ်တို့မှာ ကလေးရလာရင် ချစ်လိုမျိုး မဖြစ်အောင် ချစ် အကောင်းဆုံး မိခင်မေတ္တာတွေ ပေးသွားမှာပါ...။”

ဝမ်ရှောင်ရို့၏ တုန်ရီနေသော ကိုယ်လုံးနှင့် ငိုရှိုက်သံများကို ကြားရသောအခါ လျန်ထျန်းမှာ သူမကို ပို၍ တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး ကျောကို ပုတ်၍ နှစ်သိမ့်နေလိုက်သည်။

"ကိုယ် နားလည်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလို ကလေးရဖို့ဆိုရင် ကိုယ်တို့ ပိုပြီး ကြိုးစားရဦးမှာ မဟုတ်လား...။”

ထိုစကားကို ကြားသောအခါ ဝမ်ရှောင်ရို့၏ ငိုရှိုက်သံမှာ ရုတ်တရက် ရပ်တန့်သွားပြီး မျက်နှာမှာ ရှက်ရွံ့သဖြင့် နီရဲသွားကာ လျန်ထျန်း၏ ရင်ဘတ်ကို လက်သီးဆုပ်လေးနှင့် ထုလိုက်သည်။

"သွား…လူဆိုး...၊ အခုမှ စိတ်မကောင်း ဖြစ်နေတာကို အဓိပ္ပာယ်မရှိတာတွေ ပြောနေတယ်...။”

လျန်ထျန်းက လှည့်လိုက်ပြီး ဝမ်ရှောင်ရို့ကို ဖိအုပ်ကာ ရယ်မောလိုက်သည်။

"ချစ် စိတ်မကောင်း ဖြစ်နေတာကို မြင်ပြီး ကိုယ်က သက်သာစေချင်လို့ပါ…။ ပြီးတော့ အခြေအနေကလည်း ဒီလိုဖြစ်နေပြီဆိုတော့...။”

(နောက်ထပ် စာသား များမှာမူ ဖော်ပြရန် မသင့်လျော်သည့် အကြောင်းအရာများသာ ဖြစ်၍ ချန်လှပ်ထားခဲ့ လိုက်ပါသည်။)

နောက်တစ်နေ့တွင် လျန်ထျန်းသည် ယခင်ညက အလွန်ပင်ပန်းနွမ်းနယ်နေခဲ့၍ အိပ်ရာမှပင် မထနိုင်သဖြင့် တစ်ရက် ခွင့်ယူလိုက်ရသည်။ ထိုအချိန်တွင် မိခင်ဖြစ်သူထံမှ ဖုန်းဝင်လာခဲ့လေသည်။

"သား...၊ အမေ့ဆီမှာ ဆွေမျိုးဝေးတစ်ယောက် ရှိတယ်။ သူတို့က သားတို့ ဗီလာမှာ နေနေတယ်ဆိုတာ ကြားလို့ လာလည်ချင်တယ်တဲ့…။"

"သူတို့က သားကို အထူးတလည် တွေ့ချင်တယ်လို့ ပြောနေတယ်။ သား အလုပ်ရှုပ်နေမှာမို့ ငြင်းဖို့ လုပ်ပေမဲ့ သူတို့ ပြောတဲ့ စကားတချို့ကြောင့် အမေ ငြင်းလို့ မရတော့ဘူး...။”

"သားရယ်...၊ အမေ သားကို အနှောင့်အယှက် မပေးချင်ပါဘူး။ ဒါပေမဲ့ အားရင် ဒီနေ့ လာခဲ့ပေးပါလား။ သူတို့ကို နှုတ်ဆက်ပြီးမှ သွားပေါ့...။”

မိခင်၏ စကားကို ကြားသောအခါ လျန်ထျန်းမှာ အကြောင်းစုံကို နားလည်သွားသည်။ သားအမိနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကောင်းစွာ သိကြသည်။ လျန်ထျန်းမှာ မိခင်၏ စရိုက်ကို သိသည်ဖြစ်၍ ဤဆွေမျိုး များမှာ လွန်စွာ ခက်ခဲသောသူများ ဖြစ်ပြီး ရိုးသားသော မိခင်မှာ ငြင်းမရဖြစ်နေကြောင်း သိလိုက်ရသည်။

ဤအချိန်မျိုးတွင် သားဖြစ်သူအနေဖြင့် ဘေးထိုင်ကြည့်နေ၍ မဖြစ်ပေ။

ထို့ကြောင့် လျန်ထျန်းက ချက်ချင်း ပြန်ပြောလိုက်သည်။

"ဟုတ်ကဲ့ မေမေ...၊ ဒီနေ့ သား အလုပ်မရှိပါဘူး။ မိနစ်သုံးဆယ်အတွင်း သား ရောက်အောင် လာခဲ့မယ်…။"

လျန်ထျန်းသည် ကားကို အသင့်ပြင်ကာ ဂျီကလပ်စ် ကားကို မောင်းနှင်လာရင်း တွေးနေမိလေသည်။

*ငါတို့ ဆင်းရဲတုန်းက၊ မေမေ ဖျားနေတုန်းက ဘယ်ဆွေမျိုးမှ လာမကြည့်ခဲ့ကြဘူး။ အခု ငါတို့ ချမ်းသာလာ တော့မှ အနံ့ခံပြီး ရောက်လာကြတာပဲ။ ဆိုရိုးစကားအတိုင်းပါပဲ၊ ဆင်းရဲရင် မြို့ကြီးရောက်လည်း ဘယ်သူမှ မသိဘူး၊ ချမ်းသာရင်တော့ ဆွေမျိုးဝေးပါမကျန် ရောက်လာကြတာပဲ...။*

*မေမေတို့ စရိုက်က ရိုးသားတော့ သူတို့ အနိုင်ကျင့်တာ ခံနေရမလား မသိဘူး၊ ဒါကြောင့် ငါ ချက်ချင်း သွားမှ ဖြစ်မယ်…။*

မကြာမီပင် လျန်ထျန်း မိဘများအတွက် ဝယ်ပေးထားသည့် ဗီလာသို့ ရောက်ရှိလာသည်။ ကားပေါ်မှ ဆင်း သည်နှင့် မိခင်ဖြစ်သူ ထျန်းဝန်ဝန်မှာ တံခါးဝတွင် စောင့်နေသည်ကို တွေ့လိုက်ရသည်။

"မေမေ...၊ ဘာလို့ ဒီမှာ စောင့်နေတာလဲ။ လေတွေတိုက်နေတာကို၊ အထဲကို အမြန်ဝင်ရအောင်...။”

လျန်ထျန်း စကားမဆုံးမီပင် ထျန်းဝန်ဝန်က သားဖြစ်သူ၏ လက်ကို ဆုပ်ကိုင်ကာ အမူအရာရှုပ်ထွေးစွာဖြင့် ပြောသည်။

"သား...၊ အမေ သားကို ဒုက္ခပေးမိပြီ...။”

လျန်ထျန်းက မိခင်ကို စကားဖြတ်ပြောလိုက်သည်။

"ဘာလို့ အဲ့ဒီလို ပြောရတာလဲ မေမေ။ သားက မေမေ့သားပါ၊ ဘာမှ ဒုက္ခ မရောက်ပါဘူး…။"

"စိတ်မပူပါနဲ့၊ အားလုံးကို သား ရှင်းပေးမယ်။ ဘယ်လို ဆွေမျိုးမျိုးလဲဆိုတာ သွားကြည့်ရအောင်။ ဖေဖေ ကော...။”

ထျန်းဝန်ဝန်က သက်ပြင်းချလိုက်သည်။

"အဲ့ဒီဆွေမျိုးက သူတို့ မြို့တော်ကို ပထမဆုံး လာတာ လမ်းမသိဘူးဆိုပြီး ဖေဖေကို တက္ကစီခေါ်ပြီး သွားခေါ် ခိုင်းလိုက်တယ်။ အခုလောက်ဆို ရောက်နေလောက်ပြီ…။"

လျန်ထျန်းမှာ မျက်မှောင်ကြုတ်သွားသည်။

"မေမေလည်း ကျန်းမာရေး မကောင်း၊ ဖေဖေလည်း လမ်းလျှောက်ရ ခက်နေတာကို တက္ကစီ သွားခေါ်ခိုင်းတယ် ဟုတ်လား။"

"အယ်လ်မြို့တော်က ငါတို့ ဗီလာကို တက္ကစီသမားက မသိစရာလား။ သူတို့က တက္ကစီခ ကုန်မှာစိုးလို့ ငါတို့မိသား စုကို ဒုက္ခပေးချင်နေတာပဲ။ တကယ့်ကို ခက်ခဲတဲ့ ဆွေမျိုးတွေပဲ…။"

ထျန်းဝန်ဝန်က အမြန် တားသည်။

"သား... သူတို့နဲ့ တွေ့ရင် အဲ့ဒီလို မပြောနဲ့နော်။"

"အမေ ငယ်ငယ်က သူတို့အိမ် သွားလည်တုန်းက အပင်ပေါ်က တရုတ်ဆီးသီးတစ်လုံး ခူးစားမိလို့ ဆူခံခဲ့ရတာ။ သူတို့ ဒီလာလည်တုန်းကလည်း ဘာလက်ဆောင်မှ မပါဘူး၊ ပြန်ခါနီးရင်တော့ အိမ်မှာရှိတဲ့ ပစ္စည်းတွေ အကုန် သယ်သွားတတ်တယ်။ အနည်းငယ်လေးများ မကျေနပ်ရင် ဆဲဆိုတတ်ကြတဲ့သူတွေ...။”

လျန်ထျန်းမှာ ငယ်ဘဝ အမှတ်တရများကို ပြန်သတိရသွားသည်။

"အော်... ဟုတ်ပြီ၊ မှတ်မိပြီ။ မေမေ... သူတို့က အမေရဲ့ မိထွေးဘက်က ဆွေမျိုးတွေလား…။"

" သူတို့နဲ့ အဆက်အသွယ် ဖြတ်လိုက်တာ နှစ်နှစ်လောက်ပဲ ရှိသေးတယ်လေ။ သူတို့က သားတို့ အဆင်ပြေ လာတာကို မကြည့်ရက်တော့ဘဲ ပြဿနာလာရှာတာပဲ။ ဒါ အဖွားလုပ်တာ သေချာတယ်...။”

ထျန်းဝန်ဝန်က ဆက်ပြောသည်။

"သား... အဲ့ဒီအကြောင်းတွေ မပြောပါနဲ့တော့။ ဒီနေ့ ဘယ်လို ဖြေရှင်းမလဲဆိုတာပဲ စဉ်းစားရအောင်။ အမေက သူတို့ကို ကြောက်နေတာ ကြာပြီ၊ အခုလို ရောက်လာတော့လည်း ငြင်းဖို့ ခက်နေတယ်…။"

လျန်ထျန်းက မိခင်ကို ပြတ်ပြတ်သားသား ပြောလိုက်သည်။

"စိတ်ချပါ မေမေ၊ ဒီနေ့ သား အားပါတယ်။ အလုပ်တွေလည်း အဆင်ပြေနေပြီဆိုတော့ စိတ်မပူပါနဲ့၊ ဘယ် လောက်ပဲ ထူးချွန်တဲ့ ဆွေမျိုး ဖြစ်နေပါစေ သား ရှိနေရင် ဘာမှ ပြဿနာ မတက်စေရဘူး…။"

မိခင်ဖြစ်သူမှာ စိတ်သက်သာရာ ရသွားပြီး သားအမိနှစ်ယောက် အထဲဝင်ကာ စောင့်နေကြသည်။ နာရီဝက်ခန့် အကြာတွင် ဖခင်ဖြစ်သူ လျန်သရှန်းမှာ လူငါး၊ ခြောက်ယောက်ခန့်ကို ခေါ်ဆောင်လာသည်။

မမြင်ရခင်ကပင် အလယ်အလတ်အရွယ် အမျိုးသမီးတစ်ယောက်၏ စူးရှသော အသံကို ကြားလိုက်ရသည်။

"အော်... ငါတို့ တစ်မိသားစုလုံး ဒီလောက် ဝေးတဲ့နေရာက လာတာကို တံခါးဝမှာတောင် ဘယ်သူမှ မကြိုဘူး။ ပိုက်ဆံရှိလာတော့ ဆင်းရဲတဲ့ ဆွေမျိုးတွေကို မေ့သွားတာပေါ့လေ...။”

အမျိုးသားတစ်ယောက်ကလည်း ဝင်ထောက်သည်။

"ဟုတ်တယ်၊ မြို့ပေါ်မှာ ဒီလောက် အိမ်ကြီးနဲ့ နေပြီး ငါတို့ ဆင်းရဲတဲ့သူတွေကိုတော့ လှည့်တောင် မကြည့်ဘူး။ ပိုက်ဆံရှိရင်တော့ ကိုယ့်ဆွေမျိုးတွေကို ပြန်ကူညီသင့်တာပေါ့၊ ဒီမိသားစုကတော့ ရက်စက်လွန်းတယ်…။"

ထိုစကားများကို ကြားရသောအခါ လျန်ထျန်းမှာ ဒေါသထွက်သွားသည်။

"ဖေဖေက တက္ကစီစီးပြီး အိမ်ရှေ့အထိ သွားခေါ်တာကို မကြိုဘူးလို့ ပြောရဲတာလား။ အဓိပ္ပာယ် မရှိတာတွေ ပြောနေသေးတယ် ...။"

*ငါ့ပိုက်ဆံတွေက ငါ့စိတ်ကြိုက်ပဲ၊ ငါ ကူညီချင်တဲ့သူကိုပဲ ကူညီမယ်။ ဘယ်သူမှန်း မသိတဲ့သူတွေကို ကူညီစရာ အကြောင်း မရှိဘူး…။*

လျန်ထျန်းမှာ စိတ်ထဲမှ တွေးလိုက်သည်။

*ငါ့ဘဝမှာ အသက်ရှင်နေစဉ် လူလေးမျိုးကိုပဲ ကျေးဇူးဆပ်ဖို့ လိုတယ်။ ငါဆင်းရဲတုန်းက ပိုက်ဆံချေးပေးသူ၊ ဒုက္ခရောက်တုန်းက ကူညီတဲ့သူ၊ အတူတူ ဒုက္ခခံခဲ့သူ၊ နေမကောင်းတုန်းက ပြုစုသူ။ ကျန်တဲ့သူတွေကတော့ အသိတွေပဲ… ဖြစ်ရမယ်…။*

*မင်းတို့က ဘယ်အထဲမှာ ပါလို့လဲ၊ ဒီမှာ အပိုစကားတွေ လာမပြောနဲ့…။*

တံခါးဝတွင် ဆူညံသံများ ငြိမ်ကျသွားသည်။ သုံးစက္ကန့်ခန့်အကြာတွင် လူတစ်စု အထဲသို့ ရောက်လာသည်။ ရှေ့ဆုံးတွင် အလယ်အလတ်အရွယ် လင်မယား၊ နောက်တွင် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးနှစ်ယောက်၊ နောက်ဆုံးတွင် အဖိုးကြီး အဖွားကြီးစုံတွဲတို့ ဖြစ်သည်။

"ဒါ လျန်ထျန်းလား။ ငယ်ငယ်က မြင်ဖူးတယ်၊ အခုတော့ ပုံစံက ကြည့်မကောင်းလိုက်တာ…။"

"ဟုတ်တယ်၊ ဆွေမျိုးတွေကို မြင်ရင် နှုတ်မဆက်တဲ့အပြင် ဆဲဆိုနေသေးတယ်၊ အိမ်တွင်းပညာ မတတ်တာပဲ…။ "

အဖိုးကြီးက ဟန်ဆောင် ပြုံးလိုက်လေသည်။

"လျန်ထျန်း...၊ ငါက မင်းအဖွားရဲ့ ဆွေမျိုးလေ..၊ မင်း ငါ့ကို 'ဦးကြီး' လို့ ခေါ်ရမယ်…။"

အဖွားကြီးကလည်း ၊

"သူတို့ ချမ်းသာသွားတော့ ငါတို့ကို သိတော့မလား…၊ ပြောတဲ့စကားတွေက နားထောင်လို့တောင် မကောင်း ဘူး…။"

လျန်ထျန်းက အမူအရာမဲ့စွာ ပြောသည်။

"ကျွန်တော် သိပါတယ်၊ ဦးကြီး၊ ဒေါ်ကြီး၊ ဝမ်းကွဲမောင်နှမတွေ၊ ကလေးတွေ မဟုတ်လား…။"

"ကျွန်တော် ပြောတာ ကြမ်းတယ်လို့ ပြောနေတာမလား ၊ အခုနက ဦးကြီးတို့ ပြောတဲ့ စကားတွေကော ဘယ် လောက် လှပလို့လဲ။ ကိုယ့်ပါးစပ်ကိုယ် ပြန်ကြည့်ပြီးမှ တခြားသူကို ပြောပါ…။"

အခြေအနေမှာ တင်းမာလာသည်။ သာမန်အားဖြင့်ဆိုလျှင် အပြင်လူများမှာ မျက်နှာပျက်စိုး၍ ပြန်သွားကြပေ လိမ့်မည်။ သို့သော် ဤမိသားစုမှာ လက်ဗလာဖြင့် ရောက်လာရုံမက အရှက်မရှိဘဲ ဆက်နေရန် ကြိုးပမ်းနေ ကြလေသည်။

အဖိုးအို လျန်သရှန်းမှာ တုတ်ကောက်ကို ကိုင်ကာ အိပ်ခန်းထဲမှ ထွက်လာမှသာ အခြေအနေမှာ ငြိမ်သက်သွား သည်။ အဖိုးအိုနှင့်အတူ လူကြီးများမှာ ထိုင်လိုက်ကြသည်။ ကလေးနှစ်ယောက်မှာမူ နေရာအနှံ့ ပြေးလွှား ဆော့ကစားနေကြလေသည်။

မိဘဖြစ်သူများမှာမူ ခြေထောက်ကို ချိတ်ထိုင်ကာ အစေ့များ စားနေကြပြီး အခွံများကိုလည်း အမှိုက်ပုံးရှိ ပါလျက်နှင့် ကြမ်းပြင်ပေါ်သို့ တမင် ပစ်ချနေကြသည်။ ဤအိမ်ကို သူတို့အိမ်လိုပင် သဘောထားနေကြလေ တော့သည်။

All Chapters