← Chapters

အခန်း ၂၉၇

Vol. 30 Ch. 297

အခန်း ၂၉၇

Vol. 30 Ch. 297

အခန်း (၂၉၇)

မင်းကို အကြောင်းစုံသိပြီးမှ သေခိုင်းမယ်

မာနထောင်လွှားနေဆဲဖြစ်သော စီမာတယ်ကို ကြည့်ကာ လျန်ထျန်းက ပြုံးလိုက်လေသည် ။

"ထွက်ပြေးရမယ်...၊ ငါက ဘာလို့ ထွက်ပြေးရမှာလဲ...။”

"သုံးရက် ကတိပြည့်သွားပြီ...။ ငါ့ညီကို အနိုင်ကျင့်ခဲ့တဲ့အတွက် ဒီနေ့ မင်းဆီကနေ အတိုးရော အရင်းပါ ပြန် တောင်းဖို့ လာခဲ့တာပဲ...။”

လျန်ထျန်း၏ ယုံကြည်မှုအပြည့်ရှိနေပုံကို မြင်သောအခါ စီမာတယ်မှာ သူ၏ အရှိန်အဝါကြောင့် တကယ်ပင် လန့်ဖြန့်သွားခဲ့လေသည် ။

သို့သော်လည်း သူက အခြေအနေကို ချက်ချင်း သဘောပေါက်သွားပြီး သွားကိုက်ကာ တိုးတိုးလေး ကျိန်ဆဲလိုက် လေသည် ။

"သေစမ်း...၊ ငါက ဘာလို့ တစ်ကျင်းတည်း နှစ်ခါ ပြုတ်ကျရတာလဲ...။ ဒီအရူးကောင်ကြောင့် ငါ ထပ်ပြီး လန့် သွားမလို့ပဲ...။”

ထို့နောက် သူက သူ၏ ရှက်ရွံ့မှုကို ဖုံးကွယ်ရန် ဒေါသတကြီး အော်ဟစ်လိုက်လေသည် ။

"မင်းက ဘယ်သူ့ကို လာလှည့်စားနေတာလဲ...၊ ဒီနေရာက ဘယ်သူ့ပိုင်နက်လဲဆိုတာ မင်း မသိဘူးလား...။”

"အဝတ်အစားလဲပြီး ကားပါကင်စောင့်တဲ့သူကို တစ်ဖန်လောက် ဘောက်ဆူးပေးလိုက်ရုံနဲ့ အယုံသွင်းလို့ရမယ် မထင်နဲ့...။”

"မင်း ဘယ်လိုပဲ ရုပ်ဖျက်ထားပါစေ မင်းက အဆင့်နိမ့်တဲ့ အစားအသောက်ပို့သမားပဲ...။ ငါ့ဦးလေးကတော့ ဒီနေရာက စားဖိုမှူးချုပ်ဖြစ်ပြီး ဒုတိယဌာနမှူးအဆင့်ရှိတဲ့ အရာရှိတစ်ယောက်ကွ...။”

ထိုစကားကို ကြားသောအခါ စီမာတယ်၏ နောက်ပါ လူမိုက်များက သူ့ကို မြှောက်ပင့်လာကြလေသည် ။

"ဟုတ်တယ်...၊ အစ်ကိုစီမာရဲ့ ဦးလေးက ငါတို့ မီးဖိုချောင်ဌာနရဲ့ အကြီးအကဲဖြစ်သလို သူဌေးရဲ့ လူယုံလည်း ဖြစ်တယ်...။”

"မှန်တယ်...၊ အကြီးအကဲ ရာထူးတက်သွားတာနဲ့ စီမာ့ဦးလေးက အကြီးအကဲသစ် ဖြစ်လာမှာ သေချာတယ်...။ စီမာကလည်း သေချာပေါက် ရာထူးကြီးလာမှာပဲ...။”

"ဟုတ်တယ်...၊ ဟုတ်တယ်...၊ အစ်ကိုစီမာ နောက်ကို လိုက်ရင် ငါတို့လည်း ရာထူးတွေ တက်လာပြီး အမြဲတမ်း ဝန်ထမ်းတွေ ဖြစ်လာနိုင်တယ်...။ ငါတို့ ဘိုးဘွားတွေကိုလည်း ဂုဏ်တက်စေမှာပဲ...။”

စီမာတယ်မှာ ထိုလူများ၏ မြှောက်ပင့်မှုများကို အလွန်ပင် သဘောကျနေလေသည် ။

သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လျန်ထျန်းမှာ သနားစိတ်ရော ဝမ်းနည်းစိတ်ပါ ဖြစ်ပေါ်လာပြီး သက်ပြင်းချကာ ခေါင်းခါယမ်းလိုက်လေသည် ။

"မင်းတို့က မြေပြင်ပေါ်က ဖုန်မှုန့်တွေနဲ့ တူတယ်...။”

"ထောင့်တစ်နေရာမှာ အမြဲနေပြီး တစ်နေ့ကျရင် တစ်ယောက်ယောက်က လေမှုတ်လိုက်လို့ လွင့်ပါသွားမယ်ဆို ပြီး စိတ်ကူးယဉ်နေကြတာပဲ...။”

"အရေးကြီးပုဂ္ဂိုလ် တစ်ယောက်ယောက်ရဲ့ ဖိနပ်ပေါ် ကံကောင်းထောက်မစွာ ကျသွားပြီး ခဏလောက် အတူ လိုက်သွားရရင်ကို ဘိုးဘွားတွေက ကောင်းချီးပေးလိုက်သလိုမျိုး မင်းတို့က ထင်နေကြတာ...။”

"ဒီလို ဘဝမျိုးက သနားစရာကောင်းတယ်လို့ မင်းတို့ မထင်ဘူးလား...။”

ထိုနောက်လိုက်များက လျန်ထျန်း၏ စကားကို ပြင်းပြင်းထန်ထန် ငြင်းဆန်ကြလေသည် ။

"ဘာက ဝမ်းနည်းစရာကောင်းနေလို့လဲ...၊ လူအများစုက တစ်သက်လုံး ကြိုးစားအလုပ်လုပ်ကြပေမဲ့ လူကြီး တစ်ယောက်က ဒီပရောဂျက်ကို ရှောင်ကျန်းကို ပေးလိုက်ဖို့ ငါ ထင်တယ် လို့ ပြောလိုက်တာကို ဘယ်ယှဉ်နိုင်ပါ့ မလဲ...။”

"မှန်တယ်...၊ ဖုန်မှုန့်ဖြစ်တော့ရော ဘာဖြစ်လဲ...၊ ခွေးဖြစ်တော့ရော ဘာဖြစ်လဲ...၊ အနည်းဆုံးတော့ အသားတစ် ဖတ် စားရတာပေါ့...၊ အခု ငါ ပြောချင်တာက ဝုတ်... ဝုတ်... ဝုတ်... ဝုတ် လို့ပဲ...။”

ထိုအရာကို မြင်သောအခါ လျန်ထျန်းက နောင်တရစွာဖြင့် ခေါင်းကို ထပ်မံ ခါယမ်းလိုက်ပြီး ထပ်မံ အကြံပေး ခြင်း မပြုတော့ဘဲ သူ့ဘာသာ သက်ပြင်းချကာ ရေရွတ်လိုက်လေသည် ။

"လူတွေက လွတ်လပ်ခွင့်ကို အချိန်ကြာကြာ ဆုံးရှုံးသွားတဲ့အခါ ခွေးတွေနဲ့ ဘာမှမကွာတော့ဘူး ထင်ပါရဲ့...။”

*ဒါပေမဲ့ စဉ်းစားကြည့်ရင်လည်း သူတို့ကို အပြစ်တင်လို့ မရဘူးလေ...၊ သူတို့လည်ပင်းကို ကြိုးကွင်းစွပ်ပေးတဲ့ သူတွေကိုပဲ အပြစ်တင်ရမှာ...။*

ထိုအရာကို တွေးမိသောအခါ လျန်ထျန်းက စီမာတယ်ကို ဒေါသတကြီး ပြန်ကြည့်ကာ တစ်လုံးချင်း ပြောလိုက် လေသည် ။

"မင်းတို့လို လူတွေက လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် တန်ဖိုးပေးဆပ်ရမှာပဲ...။”

ခြိမ်းခြောက်မှုနှင့် တူသော စကားကို ရင်ဆိုင်လိုက်ရသောအခါ စီမာတယ်က နောက်တစ်ကြိမ် လှောင်ပြောင်ကာ တုံ့ပြန်လိုက်လေသည် ။

"စကားတွေ အများကြီး ပြောပြီးတဲ့နောက်မှာ မင်းက ဘာအတွက် လာတာလဲ... ၊ အလကား လေလုံးမထွားနေ စမ်းပါနဲ့...။”

"မင်း အခုချက်ချင်း ပြဿနာမရှာရင် ငါ အရင်စရလိမ့်မယ်...၊ ငါ့သည်းခံနိုင်စွမ်းက ကန့်သတ်ချက် ရှိတယ်...။”

ဤအချိန်တွင် လျန်ထျန်းမှာ ဒေါသထွက်နေသည့် အခြေအနေမှ ပြန်လည် တည်ငြိမ်သွားလေသည် ။

သို့သော် နားလည်သောသူများကမူ ဤတည်ငြိမ်မှုမှာ မုန်တိုင်းမလာမီ တည်ငြိမ်မှုဖြစ်ကြောင်း သိကြလေသည် ။

လျန်ထျန်း၏ နှုတ်ခမ်းမှ တည်ငြိမ်သော စကားလုံးများက ဖွဖွလေး ထွက်ပေါ်လာလေသည် ။

"မင်းရဲ့ ဦးလေးက လွန်ခဲ့တဲ့ နှစ်ရက်လောက်က နိုင်ငံတော်ပိုင်ဆိုင်မှု ကြီးကြပ်ကွပ်ကဲရေး ကော်မရှင်ကနေ အ ကြောင်းကြားစာ တစ်စောင် ရခဲ့သင့်တယ်...။”

"ထိုအခါ ထိုအကြောင်းကြားစာကို မြင်ရင် သူက ပိုက်ဆံထပ်ရှာဖို့ အခွင့်အရေး ရပြီဆိုပြီး အရမ်း ဝမ်းသာ သွားမှာပဲလို့ ငါ တွေးမိတယ်...။”

"သူ့ဆွေမျိုး တစ်ယောက်အနေနဲ့ မင်းလည်း ပါဝင်မှာ သေချာတယ်လေ...။ လူများလေလေ ပိုက်ဆံ ပိုရှာနိုင် လေလေပဲ မဟုတ်လား...။”

"နောက်ပြီးတော့ မင်းတို့က စာချုပ်တချို့ကို ပြင်ဆင်ပြီး အထက်က ချပေးတဲ့ ငွေတွေကို လုယူဖို့ အလောတကြီး လုပ်ကြမှာပဲ...။”

"မင်းတို့က ဘယ်သူမှ မသိအောင် အပြစ်ကင်းစင်စွာ လုပ်နိုင်ခဲ့တယ်လို့ ထင်နေကြတာ မဟုတ်လား...။ ဒီလောက်များတဲ့ ငွေတွေ ကိုယ့်လက်ထဲ ဘယ်လိုရောက်လာလဲဆိုပြီး ကံကောင်းနေသေးတယ်လို့ မထင်ဘူး လား...။”

ဤစကားများကို ကြားသောအခါ စီမာတယ်၏ ပြုံးရွှင်နေသော မျက်နှာမှာ ချက်ချင်းပင် အေးခဲသွားလေသည် ။

အဘယ်ကြောင့်ဆိုသော် လျန်ထျန်း ပြောခဲ့သည်များမှာ သူတို့ ဟိုတယ်အတွင်းရှိ အလွန် လျှို့ဝှက်ထားသော ကိစ္စ ဖြစ်သောကြောင့်ပေ ။

ထို့ပြင် လျန်ထျန်း ခန့်မှန်းထားသော အဆင့်တိုင်းမှာလည်း လုံးဝ တိကျနေလေသည် ။

ဤအရာက ဘာကို ကိုယ်စားပြုသနည်း ။

စီမာတယ်မှာ မှင်တက်သွားပြီး ဤတစ်ကြိမ်တွင်မူ လုံးဝကို မှင်တက်သွားကာ နောက်တစ်စက္ကန့်တွင် အလွန် ကြောက်ရွံ့စွာဖြင့် ရုတ်တရက် အော်ပြောလိုက်လေသည် ။

"မင်း...၊ မင်းက အစားအသောက်ပို့သမားပဲ... ။ ဒီကိစ္စတွေကို ဘယ်လို...၊ ဘယ်လိုလုပ် သိတာလဲ...။”

သူသည် ယုံကြည်နိုင်စွမ်း မရှိသကဲ့သို့ ယုံလည်း မယုံကြည်ချင်သော အခြေအနေသို့ ရောက်နေပြီး သူ၏ မျက်နှာ အမူအရာမှာ တကယ်ကို အဖိုးတန်လှပေသည် ။

လျန်ထျန်းမှာ နောက်ဆုံးတွင် အားရပါးရ ပြုံးလိုက်လေသည် ။

"ဒီကိစ္စတွေကို ငါ ဘယ်လိုသိလဲ ဟုတ်လား...။ ဘာလို့လဲဆိုတော့ ဒီအရာအားလုံးကို ငါ စီစဉ်ခဲ့တာမို့လို့ပဲ...။”

"မင်းတို့ နိုင်ငံပိုင်လုပ်ငန်းတွေကို စီမံခန့်ခွဲနိုင်တဲ့ တစ်ခုတည်းသော ဌာနက နိုင်ငံတော်ပိုင်ဆိုင်မှု ကြီးကြပ် ကွပ်ကဲ ရေး ကော်မရှင်ပဲ မဟုတ်လား...၊ ပြီးခဲ့တဲ့ နှစ်တွေကလည်း ရန်ပုံငွေတွေကို အဲ့ဒီကနေ ချပေးခဲ့တာလေ...။”

"နိုင်ငံတော်က ငွေတွေ အများကြီး ချပေးပေမဲ့ မင်းတို့လို ကပ်ပါးကောင်တွေကို ကျွေးမွေးဖို့ပဲ ဖြစ်နေတာ...၊ ပြီး တော့ တစ်ယောက်က တစ်မိသားစုလုံးကို ကျွေးမွေးထားပြီး အပေါင်းအပါတွေက နေရာတိုင်းမှာ ပေါ်လာကြ တာပဲ...။”

"အမျိုးမျိုးသော အဆက်အသွယ်တွေကို အားကိုးပြီး မင်းတို့က တကယ်ပဲ နိုင်ငံတော်ရဲ့ ပိုင်ဆိုင်မှုတွေကို ကိုယ်ပိုင် ATM စက်လို သဘောထားနေကြတာလား...။”

"ရှေးခေတ်ကဆိုရင် ဒါကို အထက်လူကြီးနဲ့ လက်အောက်ငယ်သားတွေကို လှည့်စားခြင်း၊ ကိုယ်ကျိုးအတွက် ဂိုဏ်းဂဏဖွဲ့ခြင်းလို့ ခေါ်ပြီး မျိုးဆက်ကိုးဆက်တိုင် သေဒဏ်ပေးခံရနိုင်တဲ့ အပြစ်မျိုးပဲ...။”

"အခုအချိန်မှာလည်း မင်းတို့ အခြေအနေ သိပ်ကောင်းမှာ မဟုတ်ပါဘူး...။ အဖမ်းခံရဖို့သာ စောင့်နေလိုက် တော့...။”

ထိုစကားကို ကြားပြီးနောက် စီမာတယ်မှာ တစ်ကိုယ်လုံး တုန်ရီလာသည်အထိ စိုးရိမ်ထိတ်လန့်သွားလေသည် ။ ဤတစ်ကြိမ်တွင်မူ သူ တကယ်ပင် ကြောက်ရွံ့သွားခဲ့ပြီ ဖြစ်သည် ။

သို့သော်လည်း သူက အမှန်တရားကို လက်ခံရန် ငြင်းဆန်နေဆဲဖြစ်ပြီး စိတ်ကူးယဉ်နေဆဲ ဖြစ်ကာ အားနည်း၍ ယုံကြည်နိုင်စရာမရှိသော စကားများဖြင့် ငြင်းဆိုလိုက်လေသည် ။

"မဖြစ်နိုင်ဘူး...၊ လုံးဝ မဖြစ်နိုင်ဘူး...။”

"ဟိုနေ့က ငါ ကိုယ်တိုင် မျက်စိနဲ့ မြင်ခဲ့တာ...။ မင်းက အဆင့်နိမ့်တဲ့ အစားအသောက်ပို့သမားလေးပဲ...၊ မင်း ထွက်ပြေးနေရတဲ့ အချိန်တောင်မှ အရှေ့ကောင်တာကို သွားပြီး အစားအသောက်ယူဖို့နဲ့ ပို့ဖို့ကို မမေ့ခဲ့ဘူး လေ...။”

"အဆင့်နိမ့် အစားအသောက်ပို့သမား တစ်ယောက်က နိုင်ငံတော်ပိုင်ဆိုင်မှု ဌာနတွေကို လှုပ်ရှားခိုင်းနိုင်တဲ့ အာဏာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ...။ အခု မင်း ပြောခဲ့တာတွေ အားလုံးက ငါ့ကို ခြောက်ဖို့ ဖန်တီးထားတာ ဖြစ်ရမယ်...။”

စီမာတယ်မှာ သေခါနီးအချိန်အထိ ရုန်းကန်နေဆဲဖြစ်သည်ကို မြင်သောအခါ လျန်ထျန်းက လှောင်ပြောင် လိုက်လေသည် ။

"မင်းက ခေါင်းတလားကို မမြင်မချင်း သင်ခန်းစာ ရမှာမဟုတ်ဘူး ထင်တယ်...။ ကောင်းပြီလေ ဒါဆိုရင် မင်း လုံးဝကို အရှုံးပေးသွားအောင် ငါ လုပ်ပြမယ်...။”

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ရဲကားဥဩသံများမှာ အဝေးမှနေ၍ တဖြည်းဖြည်း နီးကပ်လာ ခဲ့လေသည် ။

ရဲအရာရှိ အများအပြားမှာ ထောင်ကျွီယွမ်ဟိုတယ်၏ ဂိတ်တံခါးထဲသို့ ပြေးဝင်လာသောအခါ အပြစ်ရှိသလို ခံစားနေရသော စီမာတယ်မှာ ကြောက်ရွံ့စွာဖြင့် မြေပြင်ပေါ်သို့ ချက်ချင်းပင် လဲကျသွားလေသည် ။

သို့သော် ရဲများက ဤလူဆိုးလေးကို လျစ်လျူရှုကာ အပေါ်ထပ်ရှိ ရုံးခန်းများနှင့် အရေးကြီးသော ဌာနတချို့ဆီသို့ တိုက်ရိုက် သွားကြလေသည် ။

မကြာမီမှာပင် ငြင်းခုံသံများနှင့် ဆူညံသံအချို့ ထွက်ပေါ်လာသော်လည်း ချက်ချင်းပင် ပြန်လည် ငြိမ်သက်သွား လေသည် ။

အချို့လူများက ဖမ်းဆီးခြင်းကို မကျေနပ်ကြဘဲ ၎င်းတို့၏ ရာထူးအာဏာကို အသုံးပြုကာ ရဲများကို ဖိအားပေး ရန် ကြိုးစားခဲ့ကြသည်ကို တွေးကြည့်၍ ရနိုင်လေသည် ။

ရဲများက ငြင်းဆို၍မရသော သက်သေအထောက်အထားများကို ပြသလိုက်သည်နှင့် အဆက်အသွယ်များနှင့် လွှမ်းမိုးနိုင်စွမ်း ရှိသူများပင်လျှင် ပါးစပ်ပိတ်သွားရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ ။

တစ်ယောက်ပြီးတစ်ယောက် ခေါ်ထုတ်ခံရသည်ကို မြင်သောအခါ မြေပြင်ပေါ်တွင် လဲကျနေသော စီမာတယ်မှာ ပို၍ စိတ်ပျက်အားငယ်လာလေသည် ။

ထိုသူများထဲမှ တစ်ဦးကို ခေါ်ထုတ်လာသောအခါ အမြဲတမ်း မာနထောင်လွှားနေတတ်သော သူမှာ ငိုကြွေး သွားရလေတော့သည် ။ အဘယ်ကြောင့်ဆိုသော် ထိုသူမှာ စားဖိုမှူးချုပ်ဖြစ်သော သူ၏ ဦးလေးဖြစ်နေသော ကြောင့်ပေ ။

ရဲအရာရှိနှစ်ဦးမှာ အားလပ်သွားသောအခါ လျှောက်လာပြီး စီမာတယ်၏ လက်ကောက်ဝတ်တွင် တောက်ပနေ သော သံမဏိလက်ကောက်ကို စွပ်ပေးလိုက်လေသည် ။ သူတို့က သူ့ကို ဆွဲထူလိုက်သောအခါ ခွေးသေတစ် ကောင်ကို ဆွဲနေသည်နှင့်ပင် တူနေလေတော့သည် ။

သူ၏ အကြီးမားဆုံး ကျောထောက်နောက်ခံ ပျောက်ကွယ်သွားသောအခါ စီမာတယ်၏ စိတ်ဓာတ်များမှာ ချက် ချင်းပင် ခန်းခြောက်သွားသကဲ့သို့ ဖြစ်သွားပြီး လုံးဝကို စိတ်ဓာတ်ကျသွားလေသည် ။

သို့သော်လည်း အခေါ်ခံရခြင်း မပြုမီ သူက နောက်ဆုံးကျန်ရှိနေသော ခွန်အားကို အသုံးပြုကာ လျန်ထျန်းကို ကြည့်၍ မေးလိုက်လေသည် ။

"ဘယ်လို...၊ ဘယ်လိုလုပ်လိုက်တာလဲ...။”

စီမာတယ်ကို ဤကဲ့သို့ မြင်သောအခါ လျန်ထျန်းက သူ၏ ရည်ရွယ်ချက်များကို ဆက်လက် ဖုံးကွယ်မထားတော့ ဘဲ သူ၏ အကြောင်းကို စတင် ပြောပြလေသည် ။

"ကောင်းပြီ...၊ မင်းကို အကြောင်းစုံသိပြီးမှ သေခိုင်းမယ်...။”

"တကယ်တော့ ငါနဲ့ ငါ့ညီ တာဖုန်းက မင်းကို ပြောပြပြီးသားပါ...။ ငါ့ရဲ့ အမည်ခံက မင်းထင်သလို ရိုးရှင်းမနေဘူး ဆိုတာကိုလေ...။”

"အစားအသောက်ပို့တာက ငါ့အလုပ်ဆိုပေမဲ့ တာဖုန်းအတွက် ၉၁၁ ကားတစ်စီးနဲ့ သူ့မိသားစုအတွက် ဗီလာ အိမ်ကြီးတစ်လုံး ငါ ဝယ်ပေးခဲ့တယ်...။”

"ငါ ဒီလောက် ချမ်းသာနေရတဲ့ အကြောင်းရင်းက လုပ်ငန်းကြီးတွေနဲ့ ကုမ္ပဏီတွေ အများကြီးမှာ ရင်းနှီးမြှုပ်နှံ ထားလို့ပဲ...။ ပြီးတော့ အဓိက အမျိုးသားစီမံကိန်း တစ်ခုမှာတောင် ရင်းနှီးမြှုပ်နှံခဲ့ဖူးတယ်...။”

"ဒါကြောင့် ငါက စီးပွားရေးလောကရဲ့ အပြင်ဘက်က သူငယ်ချင်းတချို့နဲ့ သိကျွမ်းခဲ့တယ်...။ သူတို့က အာဏာ တချို့ ရှိနေကြတာလေ...၊ အိုး မဟုတ်ဘူး...။ သူတို့မှာ တာဝန်နဲ့ ဝတ္တရားတွေ ရှိတယ်လို့ ပြောတာကို ငါ ပို သဘောကျတယ်...။”

"ဒါကြောင့် မတရားမှုတွေကို ငါ တွေ့တဲ့အခါတိုင်း ဒိမတရားမှုတွေကို ဖန်တီးနေတဲ့ သူတွေနဲ့ ကွန်ရက်တွေကို ဖြိုခွင်းဖို့ သူတို့နဲ့ ပူးပေါင်းခဲ့တယ်... ။ တနည်းအားဖြင့် ပိုမို နက်ရှိုင်းစွာ ပုန်းအောင်းနေတဲ့ တခြားသူတွေကိုလည်း ဟန့်တားနိုင်ခဲ့တာပဲ...။”

ဤအချိန်တွင် ညွှန်ကြားရေးမှူးလီက လျန်ထျန်း၏ အနီးသို့ ရောက်လာပြီး ပြုံးကာ ဝင်ပြောလိုက်လေသည် ။

"နိုင်ငံတော်ပိုင်ဆိုင်မှု ဌာနကတော့ ဒီလို ဖြစ်ရိုးဖြစ်စဉ် အမှုမျိုးကို ဖမ်းမိလို့ အရမ်း ဝမ်းသာနေကြတယ်...။ လူသိရှင်ကြား ဖြစ်သွားတာနဲ့ တခြားသူတွေအတွက် သေချာပေါက် သတိပေးချက် ဖြစ်သွားမှာပဲ...။”

"ဒီလူတွေက တကယ်ကို ရဲတင်းကြတာပဲ...၊ သူတို့က အထက်ကနေ ဒီလောက်များတဲ့ ငွေကြေးပမာဏကို ရခဲ့ပေမဲ့ အဲ့ဒီငွေတွေက ဘယ်ကလာသလဲဆိုတာကိုတောင် မတွေးခဲ့ကြဘူးလေ...။ တကယ်ပဲ အလွယ်တကူ မျိုချလိုက်လို့ရမယ် ထင်နေကြတာလားမသိဘူး...။”

"စာချုပ်တွေကို ပြင်ဆင်ပြီး ငွေကြေးရယူဖို့ သူတစ်ပါးအယောင်ဆောင်တဲ့ ကိစ္စပဲ...၊ ဒါက ဒေါသထွက်စရာ ကောင်းတယ်...၊ လုံးဝကို ဒေါသထွက်စရာကောင်းတာ...။ အိုး ဟုတ်သားပဲ...၊ ဒီကောင်လေးနဲ့ သူ့ဦးလေး အတွက် ဒိစာရင်းထဲမှာ နောက်ထပ် တစ်မှု ထပ်ထည့်ရမယ်...။”

"လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခြင်း၊ ဝန်ထမ်းတွေရဲ့ အလုပ်စာချုပ်တွေကို ထင်သလို ပြင်ဆင်ခြင်းနဲ့ လုံးဝကို တရားမဝင်တဲ့ စာချုပ်ချိုးဖောက်မှု လျော်ကြေးငွေ အပိုဒ်ကိုတောင် ထည့်ထားသေးတယ်...။ တကယ်ကို ရယ်စရာ ကောင်းတယ်...။ ဒီလို အများပြည်သူဆိုင်ရာ အဖွဲ့အစည်းမှာ အလုပ်လုပ်နေပြီးတော့ ဥပဒေကို ဘယ်လိုများ ဂရုမစိုက်ဘဲ နေနိုင်ကြတာလဲ...။”

စီမာတယ်မှာ သူတို့က ကမ္ဘာကြီးကို ဖုံးကွယ်ထားနိုင်မည်ဟု ထင်ခဲ့သောအရာများမှာ ဤမျှလောက် ရှင်းလင်းစွာ ဖော်ထုတ်ခံလိုက်ရသည်ကို ကြားသောအခါ တုန်လှုပ်သွားလေသည် ။

၎င်းမှာ မျက်နှာစာ လေးဘက်စလုံးတွင် မှန်များ တပ်ဆင်ထားသော အခန်းတစ်ခန်းထဲတွင် ရောက်နေသကဲ့သို့ ခံစားရပြီး မှန်ထဲမှတစ်ဆင့် ကိုယ့်ကိုယ်ကိုယ်သာ မြင်နိုင်ကာ အထဲတွင် မိမိ ဘာလုပ်နေသည်ကို အခြားမည်သူမှ မမြင်နိုင်ဟု ထင်နေခြင်းနှင့် တူလေသည် ။

သို့သော် သူတို့ အလွန်အံ့သြသွားရသည်မှာ ထိုမျက်နှာစာ လေးဘက်စလုံးက မှန်များ လုံးဝ မဟုတ်ဘဲ တစ်ဖက် သတ်မြင်ရသော မှန်များ ဖြစ်နေကာ အပြင်ဘက်တွင် လူအများအပြား ရပ်နေပြီး သူတို့၏ လှုပ်ရှားမှုတိုင်းကို ရှင်းလင်းစွာ စောင့်ကြည့်နေခြင်း ဖြစ်သည် ။

အမှန်တရားကို သိရှိပြီးနောက်တွင်မူ အလွန်ပင် ရှက်ရွံ့စရာကောင်းလှပေသည် ။

ဤအချိန်တွင် လျန်ထျန်းမှာ အခြားတစ်စုံတစ်ရာကို ရုတ်တရက် သတိရသွားပြီး ညွှန်ကြားရေးမှူးလီကို မေးလိုက်လေသည် ။

"အစ်ကိုလီ...၊ ကျွန်တော်တို့က သူငယ်ချင်းတွေလေ မဟုတ်လား...၊ အခု အစ်ကိုက ဘယ်အဆင့် အရာရှိလဲ...။”

ညွှန်ကြားရေးမှူးလီက မဆိုင်းမတွပင် ပြန်ဖြေလိုက်လေသည် ။

"အစ်ကိုက လောလောဆယ် ရဲစခန်းရဲ့ အကြီးအကဲဖြစ်သလို ဒုတိယအကြီးအကဲလည်း ဖြစ်တယ်...။ အဲ့ဒါက ဒုတိယညွှန်ကြားရေးမှူး အဆင့်နဲ့ ညီမျှတယ်...။”

ဤစကားကို ကြားသောအခါ လျန်ထျန်းက ခေါင်းညိတ်လိုက်ပြီး ပြုံးကာ စီမာတယ်ကို ပြန်လည် ကြည့်လိုက် လေသည် ။

"ဒါဆိုရင် ဒုတိယညွှန်ကြားရေးမှူးအဆင့်ရှိတဲ့ ဒီသူငယ်ချင်းနဲ့ ငါ့ရဲ့ ဆက်ဆံရေးက မင်းဦးလေးရဲ့ ဒုတိယဌာနမှူး အဆင့် ဆက်ဆံရေးထက် ပိုအရေးမကြီးဘူးလား...။”

"မင်းရဲ့ မှတ်ဉာဏ်က ဘယ်လောက်ကောင်းလဲတော့ ငါ မသိဘူး...။ လွန်ခဲ့တဲ့ သုံးရက်က မင်း ဘာပြောခဲ့လဲဆို တာကို မှတ်မိသေးလား...။”

ဤစကားကို ကြားသောအခါ စီမာတယ်မှာ ပထမတွင် မှင်တက်သွားပြီးနောက် တစ်စုံတစ်ရာကို သဘောပေါက် သွားကာ ဒူးထောက်ချလိုက်ပြီး မြေပြင်ပေါ်သို့ ခေါင်းနှင့်ဆောင့်ကာ ငိုကြွေးလျက် တောင်းပန်ပြီး ခွင့်လွှတ်ပေး ရန် တောင်းဆိုလေသည် ။

"တောင်းပန်ပါတယ်...၊ ကျွန်တော် မှားသွားပါတယ်...။ တကယ်ကို မှားမှန်း သိပါပြီ...။ ကျွန်တော် အရမ်း မျက်ကန်းဖြစ်ပြီး ခင်ဗျားရဲ့ တန်ဖိုးကို မသိခဲ့ပါဘူး...။ ခင်ဗျားကို အနံ့နံတဲ့ အစားအသောက်ပို့သမားလို့ ခေါ်ခဲ့မိ ပါတယ်...၊ ကျွန်တော် သေသင့်ပါတယ်...။”

လျန်ထျန်းက သူ၏ဘေးရှိ လျိုတာဖုန်းကို လက်ညိုးထိုးကာ ပြောလိုက်လေသည် ။

"မင်း တောင်းပန်ရမယ့်သူက သူပဲ ငါ မဟုတ်ဘူး...။”

ယခုမူ စီမာတယ်မှာ လျန်ထျန်း၏ စကားတိုင်းကို နာခံလျက် လျိုတာဖုန်းဘက်သို့ ချက်ချင်းလှည့်ကာ ဦးညွှတ်ပြီး သူ၏အမှားများကို ဝန်ခံလေသည် ။

"တကယ်လေးလေးနက်နက် တောင်းပန်ပါတယ်...။ တောင်းပန်ပါတယ်...၊ တာဖုန်းရယ်...၊ ငါတို့ အရင်က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ခဲ့ဖူးတာကို ထောက်ထားပြီး ငါ့အတွက် မင်းအစ်ကိုကို ကျေးဇူးပြုပြီး တောင်းပန်ပေး ပါနော်...။”

All Chapters