အခန်း ၂၉၈
Vol. 30 Ch. 298
အခန်း (၂၉၈)
အာမခံက လျော်ကြေးပေးမည် မဟုတ်ပေ
စီမာတယ်က...
"ဒီနေ့ကစပြီး အိမ်သာ ဆေးရမယ်ဆိုရင်တောင် ဆေးပါ့မယ်…၊ ကျွန်တော့်ခေါင်းကို အိမ်သာခွက်ထဲ နှစ်ထား ရင်တောင် ရပါတယ်…။ ကျေးဇူးပြုပြီး တောင်းပန်ပါတယ်ဗျာ…၊ ကျွန်တော် အထဲကို မဝင်ချင်ဘူး...။”
စီမာတယ်သည် လျိုတာဖုန်းအား အဆက်မပြတ် ဦးညွှတ်ကာ တောင်းပန်နေလေသည်။ သူ၏ နဖူးမှာလည်း ဦးညွှတ်လွန်းသဖြင့် နီရဲနေပြီး အလွန် သနားစရာကောင်းသော အသွင်ရှိနေလေသည်။
လျိုတာဖုန်းသည် ယခင်က စိတ်ထားနူးညံ့သူ ဖြစ်သည်။ သူသည် မည်သူမဆို စကားချိုချိုလေး အနည်းငယ် ပြောလိုက်ရုံဖြင့် အငြိုးမထားဘဲ ခွင့်လွှတ်ပေးတတ်သူ ဖြစ်လေသည်။
သို့သော် ယခုမူ စီမာတယ်၏ တောင်းပန်စကားများကို ကြားသော်လည်း လျိုတာဖုန်းသည် အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ လျန်ထျန်းဘက်သို့ လှည့်ကာ ဆိုလိုက်လေသည်။
"အစ်ကို ကျွန်တော် သူ့ကို ခွင့်မလွှတ်ချင်ဘူး….၊ ဘာလို့လဲဆိုတော့ သူ့ကို ခွင့်လွှတ်လိုက်တာက တခြားလူတွေ အတွက် မတရားရာ ကျသွားလိမ့်မယ်...။”
"ကျွန်တော် အမြဲတွေးမိတာက သူ့ကို သင်ခန်းစာ မပေးလိုက်ရင် သူက ကျွန်တော့်ကို ထပ်မနှိပ်စက်ရဲတော့ဘူး ဆိုရင်တောင် သူ့ထက် အားနည်းတဲ့သူတွေကို ရှာပြီး အနိုင်ကျင့်နေဦးမှာပဲ...။”
"လောကကြီးမှာ လူတိုင်းက ကျွန်တော့်လို ကာကွယ်ပေးမယ့် အရည်အချင်းရှိတဲ့ အစ်ကိုတစ်ယောက် ပိုင်ဆိုင် ထားတဲ့ ကံကောင်းမှုမျိုး ရနိုင်တာမှ မဟုတ်တာ ဒါကြောင့် သူ့ကို ဖမ်းချုပ်ပြီး ပညာပေးလိုက်တာက ပိုကောင်း မယ်လို့ ထင်ပါတယ်...။”
လျိုတာဖုန်း၏ စကားများကို ကြားသောအခါ လျန်ထျန်းသည် ကျေနပ်အားရစွာဖြင့် ပြုံးလိုက်လေသည်။
"တာဖုန်း မင်း တကယ်ကို လူကြီးဆန်လာပြီပဲ...။”
ဤအချိန်တွင် အယ်လ်မြို့ရှိ နာမည်ကြီး နိုင်ငံပိုင်လုပ်ငန်း တစ်ခုဖြစ်သော ထောင်ကျွီယွမ်ဟိုတယ်၏ အလယ် အလတ်နှင့် အထက်တန်း စီမံခန့်ခွဲရေး အဖွဲ့တစ်ခုလုံးကို အပြောင်းအလဲလုပ်ခြင်း ပြီးစီးသွားခဲ့လေပြီ။
ထို့နောက် နိုင်ငံတော်ပိုင်ဆိုင်မှု ကြီးကြပ်ကွပ်ကဲရေး ကော်မရှင်မှ လျန်ထျန်းထံသို့ လူလွှတ်ကာ ကျေးဇူးတင် စကား ဆိုစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ခွဲဝေချထားပေးသော ငွေကြေးများအားလုံးမှာ လျန်ထျန်းမှ ထောက်ပံ့ပေးထားခြင်း ဖြစ်သောကြောင့်တည်း။
ထို အကျင့်ပျက်ခြစားနေသော အရာရှိများကို ဖမ်းဆီးပြီးနောက် ဤငွေများကို ပြန်လည်ရရှိရုံသာမက အတိတ် က အလွဲသုံးစားလုပ်ထားသော ငွေကြေးများစွာကိုပါ ပြန်လည်သိမ်းဆည်းနိုင်ခဲ့သဖြင့် ဧရာမ ငွေပမာဏကြီး တစ်ခု ဖြစ်လာခဲ့လေသည်။
သဘာဝကျကျပင် လျန်ထျန်း၏ ရင်းနှီးမြှုပ်နှံငွေများကို ပြန်လည် ပေးအပ်ရမည် ဖြစ်သည်။ သို့မဟုတ်ပါက တစ်စုံတစ်ဦးက ပြန်မပေးလိုလျှင် အမှားလုပ်ရန် ကြိုးစားနေခြင်းသာ ဖြစ်ပေလိမ့်မည်။
အယ်လ်မြို့ရှိ တရားဝင်လောကမှ ဩဇာတိက္ကမရှိသူများ အားလုံးသည် လျန်ထျန်းနှင့် ညွှန်ကြားရေးမှူးလီတို့မှာ သွေးသောက်ညီအစ်ကိုများ ဖြစ်ကြောင်းကို သိရှိကြလေသည်။
ဘီမြို့တော်ရှိ အကျင့်ပျက်ခြစားမှု နှိမ်နင်းရေးဌာနတွင် ထိုထက်ပင် အင်အားကြီးမားသော အဆက်အသွယ် ရှိသေးကြောင်းကိုလည်း ကြားသိထားကြလေသည်။
ထို့ကြောင့် မည်သူကမျှ ဤမျှကြီးမားသော စွန့်စားမှုကိုပြု၍ အမှားမလုပ်ရဲကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် လူများစွာကပင် လျန်ထျန်းနှင့် နီးကပ်စွာနေ၍ ဆက်ဆံရေး တည်ဆောက်လိုကြလေသည်။
သို့သော် လျန်ထျန်းသည် ထိုအာဏာစက်ဝန်းအတွင်းမှ လူများနှင့် အမြဲတစေ ခပ်ကင်းကင်း နေလေ့ရှိသဖြင့် ဖိတ်ကြားမှု များစွာကို ငြင်းဆန်ပေးရန် ညွှန်ကြားရေးမှူးလီအား အကူအညီ တောင်းခဲ့လေသည်။
မည်သို့ပင်ဆိုစေ လျန်ထျန်းသည် ဤလမ်းကြောင်းပေါ်ရှိ အန္တရာယ်များမှာ စီးပွားရေးလမ်းကြောင်းထက် များစွာ ပိုမိုကြီးမားကြောင်းကို ကောင်းစွာ သိရှိထားပြီး အနည်းဆုံးသာ ပတ်သက်ခြင်းက အကောင်းဆုံး ဖြစ်ကြောင်း နားလည်ထားလေသည်။
တန်ကော်ဟွာနှင့် ညွှန်ကြားရေးမှူးလီ ကဲ့သို့သော သဘောထားတိုက်ဆိုင်သူများ ရှိနေခြင်းကပင် လုံလောက်နေပြီ ဖြစ်သည်။ အထူးရည်ရွယ်ချက် ရှိသူများနှင့်မူ ဘေးကင်းသော အကွာအဝေးတစ်ခုတွင် နေထိုင်သင့်ပြီး မည်သည့် အခါမျှ စည်းမကျော်သင့်ပေ။
အကြိမ်ကြိမ် ငြင်းဆန်ကာ သတိထားနေသည့်တိုင် အချို့သော လူများ၏ စိတ်အားထက်သန်မှုကိုမူ လွန်ဆန်နိုင် ခြင်း မရှိခဲ့ပေ။
လျန်ထျန်းနှင့် အဆက်အသွယ် မရနိုင်သည်ကို မြင်သောအခါ သူတို့အားလုံးက လျိုတာဖုန်းမှာ လျန်ထျန်း၏ ဝမ်းကွဲညီအစ်ကို ဖြစ်ကြောင်းနှင့် ဤကိစ္စမှာ ထိုဝမ်းကွဲညီအစ်ကိုကြောင့် ဖြစ်ပွားရကြောင်းကို သိရှိသွားကြ လေသည်။
ထို့ကြောင့် လျိုတာဖုန်းသည် ရှင်းပြ၍မရသော အကြောင်းပြချက်များဖြင့် ထောင်ကျွီယွမ်၏ စားဖိုမှူးချုပ်သစ် ဖြစ်လာခဲ့လေတော့သည်။
စာချုပ်ဖြင့် အလုပ်လုပ်ရသော မီးဖိုချောင်အကူ ဘဝမှ စားဖိုမှူးချုပ် ထို့နောက် ဒုတိယ ညွှန်ကြားရေးမှူးအဆင့် ရာထူးအထိ တက်လှမ်းသွားသော သူ၏ ရာထူးတိုးနှုန်းမှာ ဥက္ကာပျံတစ်စင်း တက်လှမ်းသွားသည်ဟု ဖော်ပြ၍ပင် မရနိုင်ဘဲ အမှန်တကယ်ကို အံ့မခန်း မြန်ဆန်လွန်းလှလေသည်။
လျန်ထျန်း ဤအကြောင်းကို သိရှိသွားသောအခါ သူသည် စိုးရိမ်ပူပန်ကာ ဝေခွဲမရ ဖြစ်ခဲ့ရသော်လည်း နောက် ဆုံးတွင် ညွှန်ကြားရေးမှူးလီ၏ အားပေးမှုဖြင့် လက်ခံလိုက်လေသည်။
အဘယ်ကြောင့်ဆိုသော် ညွှန်ကြားရေးမှူးလီက သူ့အား ပြောခဲ့သောကြောင့်တည်း။
"မင်းရဲ့ ဝမ်းကွဲညီအစ်ကိုက ရိုးသားပြီး ကြင်နာတတ်တဲ့သူပုံ ပေါ်တယ် ဒီရာထူးကို ကပ်ပါးကောင်တွေရဲ့ ပါးစပ်ထဲ ကျရောက်သွားတာထက် သူ့ကို ယူခိုင်းလိုက်တာက ပိုကောင်းပါတယ်...။”
"ပြီးတော့ မင်းက အဲဒီလူတွေရဲ့ စေတနာကို အမြဲတမ်း ငြင်းဆန်နေလို့ မရဘူးလေ…၊ အဲဒီလိုမှ မဟုတ်ရင် သူတို့ ကို စိတ်မသက်မသာ ဖြစ်စေပြီး မင်းက သူတို့ရဲ့ ဆန့်ကျင်ဘက်မှာ ရှိနေတယ်လို့ ခံစားသွားရစေလိမ့်မယ်...။”
"ဘယ်လမ်းမှာမဆို အဆင့်တစ်ခု ရောက်လာရင် လမ်းတွေမှာ အနိမ့်အမြင့် အတက်အကျတွေ ရှိသလိုမျိုး ငါတို့ ကလည်း ပိုပြီးလိုက်လျောညီထွေဖြစ်တဲ့ ချဉ်းကပ်မှုကို သုံးဖို့ လိုအပ်တယ် အမြဲတမ်း မြေပြန့်မှာပဲ လမ်းလျှောက် နေလို့မှ မရတာ...။”
"ငါတို့ အကောင်းဆုံး ကြိုးစားပြီး ကိုယ်ယုံကြည်တဲ့ အမှန်တရားကို စွဲကိုင်ထားဖို့ပဲ လိုတယ် ထိန်းချုပ်မှု ကင်းမဲ့ ပြီး အောက်ကို လျှောမကျသွားစေနဲ့ ပြီးတော့ အပေါ်တက်နေတုန်း ခြေလှမ်းမှားပြီး ချောက်ထဲ ပြုတ်မကျသွားဖို့ သတိထားရမယ်...။”
ဤစကားကို ကြားသောအခါ လျန်ထျန်းမှာ အမှန်တကယ်ပင် ခွန်အားများစွာ ရရှိသွားခဲ့လေသည်။ ထို့နောက် သူက သူ၏ဝမ်းကွဲညီအစ်ကို တာဖုန်းထံသို့ ပြန်လည်ပြောပြခဲ့ပြီး အဆုံးတွင် သူ၏ ကိုယ်ပိုင် ညွှန်ကြားချက် အချို့ကိုပါ ထပ်မံ ထည့်သွင်းပြောဆိုခဲ့လေသည်။
"တာဖုန်း တခြားသူတွေ ဘာပဲလုပ်လုပ် ငါတို့ကိုယ်တိုင် ဖြောင့်မတ်မှန်ကန်ဖို့က အရေးအကြီးဆုံးပဲ...။”
"တကယ်တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းအတွက် ငါ သိပ်မစိုးရိမ်ပါဘူး…၊ ငါ ပိုစိုးရိမ်တာက တစ်ယောက် ယောက်က မင်းကို အခွင့်ကောင်း ယူသွားမှာကိုပဲ...။”
"ဒါကြောင့် ယခုကစပြီး ဘယ်သူက မင်းကို ချဉ်းကပ်လာသည်ဖြစ်စေ ရင်းနှီးအောင် လုပ်လာသည်ဖြစ်စေ မင်း ပိုပြီး သတိထားရမယ်….။ ဘယ်တော့မှ သူတစ်ပါးကို အလွယ်တကူ မယုံကြည်နဲ့ စကားကိုလည်း အလွယ်တကူ နားမယောင်နဲ့...။”
"ကိုယ့်ရဲ့ တွေးခေါ်နိုင်စွမ်းနဲ့ ဆုံးဖြတ်နိုင်စွမ်းကို တိုးတက်အောင် ကြိုးစားမှသာ ဒီလူ့အဖွဲ့အစည်းဆိုတဲ့ ပုံသွင်း စက်ကြီးထဲမှာ အမှားနဲ့ အမှန် အဆိုးနဲ့ အကောင်းကို ခွဲခြားနိုင်လိမ့်မယ်...။”
လျိုတာဖုန်းသည် လျန်ထျန်း၏ စေတနာပါသော စကားများကို သေချာစွာ နားထောင်ခဲ့ပြီး မှတ်စုစာအုပ်ငယ် လေးထဲတွင် မှတ်သားကာ စကားလုံးတိုင်းကို မှတ်မိနေအောင် ကျက်မှတ်ထားလေသည်။ ရလဒ်အနေဖြင့် နောင် အနာဂတ်တွင် သူသည် အမှန်တကယ်ပင် အလွန်ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့လေသည်။
နောက်ဆုံးတွင် ဤကိစ္စရပ်တစ်ခုလုံးမှာ ပြီးဆုံးသွားခဲ့လေပြီ။
မကြာမီပင် လျန်ထျန်းသည် နေ့စဉ် အစားအသောက်ပို့သည့် သူ၏ ငြိမ်းချမ်းသော ဘဝဆီသို့ ပြန်လည် ရောက်ရှိ သွားခဲ့လေသည်။
သို့သော် ဤငြိမ်းချမ်းမှုမှာ အချိန်ကြာမြင့်စွာ မတည်မြဲခဲ့ပေ။ တစ်နေ့တွင် အစားအသောက် ပို့ဆောင်နေစဉ် သူ သည် ယာဉ်တိုက်မှု ဖြစ်ပွားထားသော အခြား ပို့ဆောင်ရေးသမား တစ်ဦးနှင့် ကြုံတွေ့ခဲ့ရလေသည်။
အဖြစ်အပျက်မှာ ဤသို့ဖြစ်သည်။ ထိုပို့ဆောင်ရေးသမားသည် လမ်းဆုံတွင် ကွေ့လိုက်စဉ် မြေပြင်တွင် ချိုင့်ခွက် တစ်ခု ရှိနေခဲ့လေသည်။
ထို့အပြင် ယမန်နေ့က ရွာသွန်းခဲ့သော မိုးကြောင့် ထိုချိုင့်ခွက်ထဲတွင် ရေများ ပြည့်နေပြီး လမ်းမျက်နှာပြင်နှင့် တစ်ပြေးညီ ဖြစ်နေသဖြင့် သတိထားမိရန် ခက်ခဲနေခဲ့လေသည်။
ပို့ဆောင်ရေးသမားမှာ သတိမထားမိဘဲ ကျင်းထဲသို့ ဆိုင်ကယ်မောင်းချမိသွားလေသည်။ သူသည် ချော်လဲကျ သွားပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့လေသည်။ သူသည် မြေပြင်ပေါ်တွင် အချိန်အတော်ကြာ လဲကျနေပြီး ထလာ နိုင်ခြင်း မရှိတော့ပေ။
ဤသည်ကို မြင်သောအခါ ကောင်းမှုကုသိုလ်ပြုပြီးနောက် ငွေညှစ်ခံရသည့် ဖြစ်ရပ်များစွာ ရှိခဲ့ဖူးသဖြင့် မည်သူ ကမျှ ရှေ့ထွက်၍ မကူညီရဲကြပေ။
သို့သော် လက်ရှိ အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီ၏ အဓိက အစုရှယ်ယာရှင်ကြီး အနေဖြင့် လျန်ထျန်း သည် ဤအခြေအနေကို မည်သို့လျှင် လျစ်လျူရှုထားနိုင်မည်နည်း။
ထို့ကြောင့် သူသည် တုံ့ဆိုင်းနေခြင်း မရှိဘဲ သူ၏လက်ထဲရှိ အမှာစာကို လွှဲပြောင်းပေးလိုက်ကာ မြေပြင်ပေါ်တွင် လဲကျနေသော ပို့ဆောင်ရေးသမားကို သွားရောက် ကူညီပေးလိုက်လေသည်။
လဲကျသွားသော ပို့ဆောင်ရေးသမားမှာ တကယ်ကို သဘောကောင်းသူ ဖြစ်သည်။ တစ်စုံတစ်ဦးက သူ့အား လာ ရောက်ကူညီသည်ကို မြင်သောအခါ သူသည် နာကျင်မှုများစွာ ခံစားနေရသည့်တိုင်အောင် စကားပြောလာခဲ့ လေသည်။
"အစ်ကို ကျေးဇူးတင်ပါတယ်ဗျာ…၊ စိတ်မပူပါနဲ့ ကျွန်တော် အစ်ကို့ဆီကနေ ငွေညှစ်ဖို့ လုံးဝ မကြိုးစားပါဘူး…။ အခု ပို့ဆောင်ရေးသမားတွေမှာ အာမခံ ရှိနေပြီလေ…။ ကျွန်တော့် အာမခံကုမ္ပဏီဆီကနေ လျော်ကြေး တောင်း လိုက်ရုံပါပဲ...။”
ဤစကားကို ကြားသောအခါ လျန်ထျန်းမှာ ဝမ်းသာသွားရသကဲ့သို့ စိတ်သက်သာရာလည်း ရသွားလေသည်။
"ဟုတ်တယ် အာမခံ ရှိတယ်ဆိုတော့ စိတ်မပူပါနဲ့…။ ပြီးတော့ ပူမနေနဲ့နော် အစားအသောက်ပို့တဲ့ လမ်းမှာ ဖြစ် တဲ့ မတော်တဆမှုတွေအတွက် ကုမ္ပဏီကနေ အပို လျော်ကြေးငွေ ပေးဦးမှာ...။”
"ဒါက သာမန် လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှုမျိုးပါပဲ လူနာတင်ယာဉ် ရောက်လာတာနဲ့ မင်းကို ဆေးရုံခေါ်သွားပြီး ကုသပေးလိမ့်မယ်…။ ရလာမယ့် လျော်ကြေးငွေက မင်း မိသားစုရဲ့ စားဝတ်နေရေးအတွက် လုံလောက်တာ ထက်တောင် ပိုပါသေးတယ်...။”
လဲကျ၍ ဒဏ်ရာရသွားသော ပို့ဆောင်ရေးသမားက ပြုံးလိုက်လေသည်။
"ဟုတ်တယ်ဗျာ အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီက အဓိက အစုရှယ်ယာရှင်ကြီး ပြောင်းသွားကတည်းက ကျွန်တော်တို့ ပို့ဆောင်ရေးသမားတွေလည်း နောက်ဆုံးတော့ စိတ်အေးလက်အေး ဖြစ်သွားရပြီ...။”
"ပြီးတော့ ကျွန်တော် ပြောပြမယ်…၊ ကျွန်တော့်မှာ အခြေခံ လူမှုဖူလုံရေး အာမခံတင်မကဘဲ မတော်တဆမှု အာမခံပါ ရှိသေးတယ် ဒါကြောင့် ဒဏ်ရာရလို့ ဝင်ငွေ ဆုံးရှုံးသွားမှာကို နည်းနည်းလေးမှ မစိုးရိမ်တော့ဘူး...။”
"အစ်ကိုရော နေ့တိုင်း ပထမဆုံး အမှာစာကို လက်ခံတဲ့အခါ အစ်ကို့ရဲ့ ပို့ဆောင်ရေး အက်ပ်ကနေ အပို မတော် တဆမှု အာမခံ ကမ်းလှမ်းချက် ပေါ်လာတယ် မဟုတ်လား…။ ကျွန်တော်ကတော့ နေ့တိုင်း ဝယ်ဖြစ်တယ်...။”
"ဒီကနေ ပိုက်ဆံရဖို့ တစ်ခါမှ မတွေးဖူးပေမဲ့ တစ်နေ့နေ့ တစ်ခုခု ဖြစ်သွားမှာကိုပဲ ကြောက်တာလေ…၊ ဘာပဲဖြစ် ဖြစ် ကျွန်တော်တို့က နေ့တိုင်း လေထဲ မိုးထဲ ထွက်နေရတာကိုး...။”
"တစ်ရက်ကို (၃) ပြားလောက် ကျတဲ့ အာမခံက သိပ်မဈေးကြီးပါဘူး…၊ ဒီနေ့ ဒါကို အသုံးပြုရလိမ့်မယ်လို့ တကယ်ကို မထင်ထားခဲ့ဘူး...။”
စကားပြောခြင်းက အာရုံလွှဲရန် ကူညီပေးပြီး ဒဏ်ရာကို နာကျင်မှု သက်သာစေသောကြောင့် ဖြစ်နိုင်သည်…၊ လဲကျသွားသော ပို့ဆောင်ရေးသမားမှာ စကားအလွန် များနေလေသည်။
လျန်ထျန်းသည် လူနာတင်ယာဉ်ကို ဖုန်းခေါ်ပြီးနောက် သူ၏ ဘေးတွင်နေကာ စကားစမြည် ပြောဆိုနေလေ သည်။
လူနာတင်ယာဉ် ရောက်လာရန် အချိန်အနည်းငယ် ကြာဦးမည်ဖြစ်သဖြင့် ဤအချိန်ကို အသုံးပြု၍ မတော်တဆမှု ဖြစ်ပွားရာ နေရာကို ဓာတ်ပုံရိုက်ကာ မတော်တဆမှု အာမခံကုမ္ပဏီသို့ ဖုန်းဆက်လိုက်လေသည်။
ဟုတ်ပေသည်။ ပို့ဆောင်သူ အက်ပ်ပေါ်ရှိ အာမခံသည်လည်း သီးခြား အာမခံကုမ္ပဏီတစ်ခုမှ တာဝန်ယူထား ခြင်း ဖြစ်ပြီး အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီနှင့် ဆက်ဆံရေးမှာ မိတ်ဖက်အဖြစ်သာ ရှိလေသည်။
ဤသည်မှာ လျန်ထျန်းအတွက် ဤကဲ့သို့သော ကိစ္စမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်ပြီး သူသည် လည်း ကူညီရသည်ကို ဝမ်းသာနေသဖြင့် အလားတူ အခြေအနေမျိုးကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို လေ့လာရန် အခွင့်အရေး တစ်ရပ်အနေဖြင့် ယူလိုက်လေသည်။
မတော်တဆမှု ဖြစ်ပွားရာ နေရာကို ဓာတ်ပုံရိုက်ပြီးနောက် အာမခံကုမ္ပဏီသို့ ဆက်သွယ်ကာ မတော်တဆမှု၏ အသေးစိတ် အချက်အလက်များကို ရှင်းပြပြီးသောအခါ မမျှော်လင့်ဘဲ အာမခံကုမ္ပဏီမှ ဝန်ထမ်းက ချက်ချင်း ပင် စကားတစ်ခွန်း ဆိုလာခဲ့လေသည်။
"ဪ နားလည်ပါပြီကွယ်…၊ ဒါပေမဲ့ တောင်းပန်ပါတယ် ကျွန်တော်တို့ အာမခံက ဒီအခြေအနေအတွက် လျော်ကြေးပေးမှာ မဟုတ်ပါဘူး...။”
ဖုန်းထဲမှ ထိုစကားများကို ကြားလိုက်ရသောအခါ လျန်ထျန်းနှင့် ဒဏ်ရာရနေသော ပို့ဆောင်ရေးသမား နှစ်ဦးစ လုံးမှာ မှင်တက်သွားကြလေသည်။
နောက်တစ်စက္ကန့်တွင် လျန်ထျန်းသည် လဲကျ၍ ဒဏ်ရာရသွားသော ပို့ဆောင်ရေးသမားထက်ပင် ပို၍ ဒေါသ ထွက်သွားကာ အသံကျယ်လောင်စွာဖြင့် မေးခွန်းထုတ်လိုက်လေသည်။
"နေပါဦး သူက နေ့တိုင်း ပထမဆုံး အမှာစာကို လက်ခံတဲ့အခါ ပို့ဆောင်သူ မတော်တဆမှု အာမခံကို ဝယ်ဖို့ ပြား (၃၀) အသုံးပြုထားတာလေ...။”
"အခု မတော်တဆမှု ဖြစ်လာတော့ ခင်ဗျားတို့ အာမခံကုမ္ပဏီက လျော်ကြေးပေးဖို့ ငြင်းဆန်နေတာလား ဒါက ယုတ္တိရှိရဲ့လား…။ ခင်ဗျား ကျွန်တော့်ကို ရှင်းပြချက် တစ်ခု ပေးရမယ်...။”
လျန်ထျန်း ဤမျှ ဒေါသထွက်နေရခြင်းမှာ အကြောင်းရင်း ရှိပေသည်။ မည်သို့ပင်ဆိုစေ သူသည် ယခုအခါ အစား အသောက် ပို့ဆောင်ရေး ကုမ္ပဏီ၏ အဓိက အစုရှယ်ယာရှင်ကြီး ဖြစ်နေလေပြီ။
ပို့ဆောင်ရေးသမားများ အားလုံးမှာ သူ၏ ဝန်ထမ်းများ ဖြစ်ကြပြီး သူနှင့် တိုက်ရိုက် သွေးသားရင်းချာကဲ့သို့ သက်ဆိုင်နေကာ အာမခံကုမ္ပဏီမှာမူ မိတ်ဖက်သာ ဖြစ်လေသည်။
အကယ်၍ မိတ်ဖက်ကုမ္ပဏီတစ်ခုက မိမိ၏ ဝန်ထမ်းများကို မကောင်းဆက်ဆံပါက ဤကိစ္စကို အခြားသော ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းများတွင် မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။
အထူးသဖြင့် မိတ်ဖက်ကုမ္ပဏီသည် အမြတ်အစွန်းများ ဆောင်ကြဉ်းပေးနိုင်သောကြောင့် အဓိကတာဝန်ရှိသူနှင့် တူညီပြီး ရောင်းချလိုက်သော အာမခံပေါ်လစီတိုင်းအတွက် အမြတ်ငွေ၏ ရာခိုင်နှုန်း တစ်ခုကိုလည်း ရရှိနေသေး လေသည်။
များစွာသော ကုမ္ပဏီများနှင့် လုပ်ငန်းများသည် အမြတ်အစွန်းအတွက် မိတ်ဖက်ကုမ္ပဏီများဘက်သို့ ယိမ်းကာ မိမိတို့၏ ဝန်ထမ်းများကို ခါးသီးမှုများ မြိုသိပ်ထားစေရန် သို့မဟုတ် ခေါင်းငုံ့၍ တောင်းပန်စေရန်ပင် ဖိအားပေး လေ့ရှိကြသည်။
သို့သော် လျန်ထျန်းကမူ ထိုသို့ လုံးဝ ပြုလုပ်မည် မဟုတ်ပေ။
သူ၏ အတွေးမှာကား...၊ *ငါ့ဝန်ထမ်းတွေကို ဘယ်သူပဲ အနိုင်ကျင့်ရဲ ကျင့်ရဲ သူတို့ ဘယ်သူတွေပဲ ဖြစ်နေပါစေ ငါ့ဝန်ထမ်းတွေအတွက် တရားမျှတမှု ရအောင် လုပ်ပေးရမယ်...။*
လျန်ထျန်း၏ ဒေါသတကြီး မေးခွန်းထုတ်မှုများကို ရင်ဆိုင်ရသော်လည်း အာမခံကုမ္ပဏီ ဝန်ထမ်းက တည်ငြိမ်စွာ ဖြင့် ပြန်ဖြေခဲ့လေသည်။
"ခင်ဗျားတို့ အစားအသောက်ပို့ဖို့ သုံးတဲ့ လျှပ်စစ်စက်ဘီးတွေက အားလုံး သတ်မှတ်ချက်ထက် ကျော်လွန်နေ တယ် မဟုတ်လား…၊ ဒါတွေက မော်တော်ယာဉ် အမျိုးအစားထဲမှာ ပါဝင်နေတယ်လေ...။”
"ပြီးတော့ ကျွန်တော် အခုလေးတင် မေးကြည့်တော့ လဲကျပြီး ဒဏ်ရာရသွားတဲ့ ပို့ဆောင်ရေးသမားမှာ ယာဉ် မောင်းလိုင်စင် မရှိဘူးတဲ့လေ….၊ အဲဒါက ကျွန်တော်တို့ရဲ့ အာမခံပေါ်လစီမှာ ရှင်းရှင်းလင်းလင်း ဖော်ပြ ထား ပြီးသားပါ...။”
လိုင်စင်မဲ့ မောင်းနှင်ခြင်းကြောင့် ဖြစ်ပေါ်လာသော မတော်တဆမှုများကို ၎င်းတို့၏ အာမခံပေါ်လစီမှ အကျုံးဝင် မည် မဟုတ်သဖြင့် ထိုကဲ့သို့သော ကိစ္စမျိုးတွင် အာမခံမှ လျော်ကြေးပေးမည် မဟုတ်ပေ။
ဤသည်ကို ကြားသောအခါ လျန်ထျန်းမှာ ပို၍ပင် ဒေါသထွက်သွားကာ ပြန်လည် ချေပလိုက်လေသည်။
"ခင်ဗျားတို့ ရောင်းနေတဲ့ အာမခံက ပို့ဆောင်သူ မတော်တဆမှု အာမခံလို့ ခေါ်တာ မဟုတ်ဘူးလား…၊ ခင်ဗျားတို့ ရဲ့ အဓိက ဖောက်သည်တွေက ဘယ်သူတွေလဲ တစ်နိုင်ငံလုံးက ပို့ဆောင်ရေးသမားတွေ မဟုတ်ဘူးလား...။”
"ဒီအာမခံကို ပို့ဆောင်ရေးသမားတွေဆီ ရောင်းချနေမှတော့ လျှပ်စစ်စက်ဘီးတွေက သတ်မှတ်ချက်ထက် ကျော် လွန်ခြင်း ရှိမရှိ ဆိုတဲ့ စည်းကမ်းချက်ကို ဘာလို့ ထည့်ထားရတာလဲ ဒါက ဗြောင်ကျကျ လိမ်လည်နေတာ မဟုတ် ဘူးလား...။”
"အကယ်၍ ပို့ဆောင်ရေးသမား အားလုံးက ခင်ဗျားတို့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ တစ်နာရီကို ကီလိုမီတာ (၂၅) အမြန်နှုန်း ကန့်သတ်ထားတဲ့ လျှပ်စစ်စက်ဘီးတွေကို သုံးမယ်ဆိုရင် အမှာစာ ဆယ်ခုမှာ ကိုးခုက နောက် ကျနေတော့မှာပေါ့...။”
"အရေးအကြီးဆုံး အချက်က ခင်ဗျားတို့ရဲ့ ဒီစည်းကမ်းချက်က ထင်ရှားတဲ့ နေရာမှာ လုံးဝ မရှိနေတာပဲ…။ အဲဒီ လိုသာ မဟုတ်ရင် တစ်နိုင်ငံလုံးမှာရှိတဲ့ ဆယ်သန်းချီတဲ့ ပို့ဆောင်ရေးသမားတွေထဲက တစ်ယောက်မှ ခင်ဗျားတို့ ကုမ္ပဏီကနေ အာမခံ ဝယ်မှာ မဟုတ်ဘူး...။”
ဤမျှ ပြင်းထန်သော စကားများကို ကြားရသော်လည်း အာမခံကုမ္ပဏီ ဝန်ထမ်းမှာ တည်ငြိမ်အေးဆေးစွာပင် ရှိနေလေသည်။
"အဲဒါက ကျွန်တော်တို့နဲ့ မဆိုင်ဘူးလေ ဘယ်စည်းကမ်းချက်ကိုမဆို ထင်ရှားတဲ့ နေရာမှာ ထားရမယ်လို့ တောင်း ဆိုထားတဲ့ စည်းမျဉ်းမှ မရှိတာ...။”
"ဘာပဲဖြစ်ဖြစ် ဒီမတော်တဆမှုက အာမခံ အကျုံးမဝင်ဘူးဆိုတာရယ် ကျွန်တော်တို့ လျော်ကြေးပေးလို့ မရဘူး ဆိုတာရယ်ကို ခင်ဗျားကို ရှင်းရှင်းလင်းလင်း ပြောပြီးသွားပြီ…။ ဒါက စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီပါ တယ်...။”
လျန်ထျန်းမှာ လုံးဝကို ဒေါသပေါက်ကွဲသွားလေတော့သည်။
"ငါ...၊ ငါ မင်းတို့ကို တရားစွဲမယ်...။”