အခန်း ၃၀၀
Vol. 30 Ch. 300
အခန်း (၃၀၀)
စီမံခန့်ခွဲသူများဆိုသည်မှာ အထက်စီးမှ အုပ်ချုပ်သူများ မဟုတ်ပေ
အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီ ရုံးချုပ်၏ ကျယ်ဝန်းလှသော အစည်းအဝေးခန်းမကြီးထဲတွင် ပုံမှန်အား ဖြင့် အထွေထွေမန်နေဂျာဝမ်က ထိပ်ဆုံးနေရာ၌ ထိုင်လေ့ရှိသော်လည်း ယနေ့တွင်မူ အခြားတစ်ယောက် ဖြစ်နေ လေသည်။
အစားအသောက် ပို့ဆောင်ရေး ဝတ်စုံကို ဝတ်ဆင်ထားသော လျန်ထျန်းသည် ထိုနေရာ၌ ထိုင်နေပြီး သူ၏ စူးရှ သော အကြည့်များက အောက်ဘက်ရှိ စီမံခန့်ခွဲသူများထံသို့ ဝေ့ဝဲသွားကာ အသံဩဩဖြင့် ဖြည်းညင်းစွာ စကား ဆိုလိုက်လေသည်။
"မကြာသေးမီက လူတိုင်းရဲ့ အလုပ်အခြေအနေနဲ့ ပတ်သက်ပြီး အထွေထွေမန်နေဂျာဝမ်ဆီကနေ ကြားသိရပါ တယ် အများစုက အရမ်း ကောင်းမွန်စွာ လုပ်ဆောင်နေကြတယ်...။”
"ဒီအတွက် ငါ အရမ်းကို ကျေနပ်မိပါတယ်…။ ပြီးတော့ မင်းတို့ အလုပ်မှာ သတိထားပြီး တာဝန်ကျေပွန်သရွေ့ မတရား အဆက်ဆံခံရမှာ မဟုတ်ဘူးလို့ အာမခံပါတယ်...။”
"ပြီးတော့ တစ်ယောက်ယောက်မှာ မကျေနပ်ချက် တစ်ခုခုရှိရင် စားပွဲပေါ်တင်ပြီး လွတ်လွတ်လပ်လပ် ပြောနိုင် တယ် စိတ်ထဲမှာပဲ မြိုသိပ်မထားကြနဲ့…။ မကြာသေးခင်က လူတိုင်းကို မကျေနပ်အောင် လုပ်တဲ့ ကိစ္စတစ်ခုခု ရှိခဲ့လား..၊ ရှိရင် လွတ်လွတ်လပ်လပ် တင်ပြနိုင်တယ်...။”
သူ စကားပြောအပြီးတွင် စီမံခန့်ခွဲရေး အဖွဲ့မှ အကြီးတန်းအဖွဲ့ဝင် တစ်ဦးက သူ၏ အမြင်ကို ထုတ်ဖော်ပြောဆို လာခဲ့လေသည်။
"အဓိက အစုရှယ်ယာရှင်ကြီးခင်ဗျာ…၊ အစုရှယ်ယာရှင်ကြီးရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့ အရမ်းကို လုံခြုံတယ်လို့ ခံစားရပြီး မကျေနပ်ချက် လုံးဝ မရှိပါဘူး...။”
"ဟုတ်ပါတယ် ယခင် လုပ်ငန်းခွင်တုန်းကဆိုရင် လူတိုင်းက တစ်ယောက်ကိုတစ်ယောက် အကွက်ဆင်ပြီး အကျိုးအမြတ်တွေအတွက် တိုက်ခိုက်နေကြတာ ကိုယ့်လိပ်ပြာကိုယ် မလုံဘဲ ညစ်ပတ်တဲ့ နည်းလမ်းတွေနဲ့ ငွေရှာနေခဲ့ကြတာပါ...။”
"ဟုတ်တယ်…၊ ဟုတ်တယ်…၊ အရင်က သူဌေးတွေနဲ့ အစုရှယ်ယာရှင်တွေက ကုန်ကျစရိတ်တွေ လျှော့ချဖို့နဲ့ သူတို့အတွက် အမြတ်အစွန်း ပိုရအောင် နည်းလမ်းရှာဖို့ အမြဲတမ်း ခိုင်းစေခဲ့ကြတာ...။”
"ဒါပေမဲ့ အမြတ်အစွန်းဆိုတာ ရှိလာပြီဆိုရင် နောက်ကွယ်မှာ ပေးဆပ်ရမယ့်သူ တစ်ယောက်တော့ ရှိရစမြဲပါပဲ မြေရှင်တစ်ယောက်ကို အိမ်ငှား ရာထောင်ချီပြီး လုပ်ကျွေးနေရသလိုမျိုးပေါ့…။ ဒီနေ့ခေတ်မှာလည်း ဒီသဘော တရား အတိုင်းပါပဲ...။”
"ဒါကြောင့်ပဲ ခေါင်းပုံဖြတ်မှု ဖိနှိပ်မှု လေဖမ်းဒိုင်ခံ ကတိပေးမှုတွေနဲ့ ဉာဏ်ဆင်မှုတွေက မကြာခဏ ဖြစ်ပွားနေ ရတာပေါ့…၊ ဒီအရာတွေကို လုပ်တဲ့အခါ ကျွန်တော်တို့ကိုယ်တိုင်လည်း အပြစ်ရှိစိတ်နဲ့ ဖိအားတွေ ပိမနေဘူး လား…၊ ဘယ်သူကများ ငွေကို သန့်သန့်ရှင်းရှင်း မရှာချင်ဘဲ နေမှာလဲ...။”
"အဓိက အစုရှယ်ယာရှင်ကြီးဖြစ်တဲ့ ခင်ဗျားနဲ့ တွေ့တဲ့အချိန်အထိပေါ့ …၊ ခင်ဗျားက ကျွန်တော်တို့ကို အမြတ် အစွန်းတွေ နောက်လိုက်ဖို့ မခိုင်းစေရုံသာမကဘဲ အကြီးတန်း စီမံခန့်ခွဲသူတွေဆိုတာ အထက်စီးကနေ အုပ်ချုပ်ဖို့ မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ကောင်းမွန်ထိရောက်စွာ စီမံခန့်ခွဲပြီး စံပြအဖြစ် နေထိုင်ပြရမယ်လို့ပါ ပြောခဲ့သေး တယ်လေ...။”
"ခင်ဗျားကိုယ်တိုင်ကလည်း ဝန်ထမ်းတွေ အားလုံးကို ထောက်ပံ့ဖို့ ကိုယ့်အိတ်ကပ်ထဲကနေ စိုက်ထုတ်ပေးခဲ့သလို ကုမ္ပဏီရဲ့ အမြတ်အစွန်းတွေကိုလည်း ကျွန်တော်တို့လို အကြီးတန်း စီမံခန့်ခွဲသူတွေဆီ ခွဲဝေပေးခဲ့သေးတယ်…။ ကျွန်တော်တို့ကို ဘယ်တုန်းကမှ မတရား မဆက်ဆံခဲ့တာမို့ ကျွန်တော်တို့က ဘယ်လိုလုပ် မကျေမနပ် ဖြစ်နိုင်မှာ လဲ...။”
ဤသည်ကို နားထောင်ပြီးနောက် လျန်ထျန်းက ခေါင်းညိတ်လိုက်ပြီး ထပ်မံ စကားဆိုလေသည်။
"ကောင်းပြီလေ ဘယ်သူမှ မကျေမနပ်ဖြစ်တာ မရှိသလို ငါ မင်းတို့ကို မကောင်း ဆက်ဆံတယ်လို့ ဘယ်သူမှ မခံစားရတဲ့အတွက် ငါ အခု အဓိကကိစ္စကို ပြောတော့မယ်...။”
"ဒီနေ့ ငါ့ကို အရမ်း ဒေါသထွက်စေတဲ့ ကိစ္စတစ်ခု ဖြစ်သွားခဲ့တယ်…။ ဖောက်သည် ဝန်ဆောင်မှုနဲ့ တိုင်ကြားစာ ဌာနက အကြီးတန်း စီမံခန့်ခွဲသူ အရင် မတ်တပ်ရပ်စမ်း...။”
ဤစကားကို ကြားသောအခါ လူငယ် စီမံခန့်ခွဲသူ တစ်ဦးမှာ ချက်ချင်းပင် မတ်တပ်ထရပ်လိုက်လေသည်။
သူ၏ နဖူးပေါ်တွင် ချွေးပေါက်ကြီးများ အပြည့်ထွက်နေပြီး တံတွေးကို ခက်ခဲစွာ မြိုချနေသဖြင့် သူ၏ လည်စေ့ မှာလည်း မကြာခဏ လှုပ်ရှားနေသည်မှာ သိသာလှလေသည်။
ဤသည်မှာ တစ်စုံတစ်ဦး အလွန်အမင်း စိုးရိမ်ပူပန်နေချိန်၌သာ ဖြစ်ပေါ်တတ်သော တုံ့ပြန်မှုမျိုး ဖြစ်လေသည်။
လျန်ထျန်းသည် သူ့အား စိုက်ကြည့်ကာ ဆက်ပြောလေသည်။
"မင်းတို့ ဖောက်သည် ဝန်ဆောင်မှုနဲ့ တိုင်ကြားစာ ဌာနကို မကြာသေးခင်က ဘာတိုင်ကြားစာ ဖုန်းမှ မလာဘူး လား...။”
မေးခွန်းကို ကြားသောအခါ လူငယ် စီမံခန့်ခွဲသူသည် တံတွေးကို ခက်ခဲစွာ မြိုချလိုက်ပြီးနောက် အတင်း ပြုံးပြ ကာ ပြန်ဖြေလေသည်။
"အဓိက အစုရှယ်ယာရှင်ကြီး လက်ရှိမှာ ကုန်သည်တွေပဲဖြစ်ဖြစ် ဖောက်သည်တွေပဲဖြစ်ဖြစ် ပို့ဆောင်ရေးသမား တွေပဲဖြစ်ဖြစ် အားလုံးက ကျွန်တော်တို့အပေါ် အရမ်း ကျေနပ်နေကြပါတယ်...။”
"တစ်ခါတလေမှ တိုင်ကြားစာ နည်းနည်းပါးပါး ရှိတတ်ပေမဲ့ အားလုံးက နားလည်မှု လွဲမှားတာတွေနဲ့ ဖြေရှင်းရ လွယ်ကူတဲ့ ပြဿနာသေးသေးလေးတွေပါ…။ ခင်ဗျားကို အနှောင့်အယှက် ပေးစရာ မလိုပါဘူး…၊ ကျွန်တော် ဖြေရှင်းနိုင်ပါတယ်...။”
လူငယ် စီမံခန့်ခွဲသူ စကားပြော၍ မပြီးဆုံးမီမှာပင် လျန်ထျန်းက သူ၏ အသံကို မြှင့်ကာ ကြားဖြတ်ပြောဆိုလိုက် လေသည်။
"နားလည်မှုလွဲတာ ဟုတ်လား…၊ အသေးအဖွဲ ကိစ္စလေး ဟုတ်လား…။ ဒါဆိုရင် မင်းက ဘာကို ကိစ္စကြီးလို့ သတ်မှတ်တာလဲ...။”
"မနက်ဖြန် ကုမ္ပဏီ ဒေဝါလီခံရတဲ့ အချိန်ရောက်မှ မင်းက ပြဿနာကို တင်ပြတော့မှာလား...။”
"ဪ…၊ နေပါဦး…၊ တကယ်လို့ တစ်နေ့နေ့ ကုမ္ပဏီ ဒေဝါလီခံသွားရင် မင်းက ဘာမှပြောမှာ မဟုတ်ဘဲ ထွက်ပြေးသွားမှာ မဟုတ်လား...။”
"ဒါ့အပြင် ဒီကိစ္စကို မင်းတစ်ယောက်တည်း လုပ်ခဲ့တာ မဟုတ်ပါဘူး…၊ မင်းရဲ့ နောက်ကွယ်မှာ ပိုကြီးမားတဲ့ အကျိုးအမြတ် ခံစားရသူတွေ ရှိပါသေးတယ်…။ ဥပမာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဌာနက အကြီးတန်း စီမံခန့်ခွဲသူတွေလိုမျိုးပေါ့...။”
နောက်ဆုံး စကားတစ်ခွန်းကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အသက်ပိုကြီးသော စီမံခန့်ခွဲသူ တစ်ဦးမှာ လျင်မြန်စွာ မတ်တပ်ရပ်လိုက်ပြီး သူ၏ တစ်ကိုယ်လုံးမှာလည်း ပြင်းထန်စွာ တုန်ရီနေလေသည်။
သူသည် မတ်တပ်ရပ်လိုက်ရုံသာ ရှိသေးပြီး မသိဟန်ဆောင်ရန် ကြိုးစားနေဆဲ ဖြစ်လေသည်။
"အဓိက အစုရှယ်ယာရှင်ကြီး…၊ ကျွန်တော်က သာမန် ကုမ္ပဏီတစ်ခုရဲ့ ဝယ်ယူရေးဌာနမှာ အလုပ်လုပ်ခဲ့ဖူးတာ ပါ..။ ကျွန်တော့်မှာ မရှင်းမလင်းဖြစ်နေတဲ့ စာရင်း ဒါမှမဟုတ် မှောင်ခိုစာရင်း တစ်ခုမှ မရှိခဲ့ဖူးပါဘူး ခင်ဗျား…၊ ကိုယ်တိုင် မြင်တွေ့နိုင်ပါတယ်...။”
လျန်ထျန်းသည် အေးစက်စက် နှစ်ချက် ရယ်မောလိုက်လေသည်။
"အဲဒီတော့ မင်းက အရင်တုန်းက စာရင်းကိုင် ကျွမ်းကျင်ပညာရှင် တစ်ယောက် ဖြစ်ခဲ့တာပေါ့...။”
"ငါ မင်းကို နောက်တစ်ကြိမ် တွက်ချက်မှုလေးတွေ လုပ်ပေးစေချင်တယ်…။ ပို့ဆောင်သူ အက်ပ်ရဲ့ ပင်မစာမျက် နှာမှာ ထင်ထင်ရှားရှား ပြသထားရမယ့် အရာတွေပေါ့...။”
"တစ်နိုင်ငံလုံးမှာရှိတဲ့ သန်းနဲ့ချီတဲ့ အစားအသောက် ပို့ဆောင်ရေးသမားတွေက နေ့တိုင်း အက်ပ်ကို ဖွင့်လိုက် တာနဲ့ ပြီးတော့ သူတို့ရဲ့ ပထမဆုံး အမှာစာကို လက်မခံခင်မှာ ပို့ဆောင်သူ မတော်တဆမှု အာမခံကို မြင်တွေ့နိုင် တယ်...။”
"အလွန်များပြားတဲ့ ပို့ဆောင်ရေးသမားတွေက ဒီအာမခံကို ဝယ်ခဲ့ကြတယ်…၊ ပျမ်းမျှအားဖြင့် တစ်နေ့ကို ပို့ဆောင်ရေးသမား ဘယ်နှယောက် မတော်တဆမှု ဖြစ်သလဲ…။ ပြီးတော့ ပို့ဆောင်ရေးသမား ဘယ်နှယောက် က လျော်ကြေး ဘယ်လောက် ရခဲ့ကြလဲ...။”
ဤသည်ကို ကြားသောအခါ အခန်းတစ်ခုလုံးမှာ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားလေသည်။ ထို့နောက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဌာနမှ အကြီးတန်း စီမံခန့်ခွဲသူသည် သူ၏ ပါးပြင်ပေါ်မှ ချွေးများကို သုတ်လို က်ပြီး သူ၏ အသံမှာ ယုံကြည်မှု ကင်းမဲ့နေလေသည်။
"အဓိက အစုရှယ်ယာရှင်ကြီး…၊ ဒီနေ့ခေတ်မှာ လူတော်တော်များများက အစားအသောက်ပို့ပြီး ငွေရှာလို့ရတယ် ဆိုတာကို သိထားကြတာ ခင်ဗျားလည်း သိမှာပါ...။”
"ဒါကြောင့် လက်ရှိအချိန်မှာ ပို့ဆောင်ရေးသမား အရေအတွက်က လျင်မြန်စွာ တိုးတက်လာတဲ့ အဆင့်မှာ ရှိနေပြီး ဒါက အတော်လေး ကြီးမားတဲ့ အခြေခံ အုတ်မြစ်တစ်ခုပါ...။”
"ပို့ဆောင်ရေးသမားတွေ အားလုံးအတွက် အချက်အလက် တွက်ချက်ရတာက အလုပ်အရမ်း များပါတယ်…၊ အချိန်တိုအတွင်းမှာ လုပ်လို့ မရပါဘူး…။ ကျွန်တော့်ကို သုံးရက်လောက် အချိန်ပေးရင် ဘယ်လိုလဲ...။”
လျန်ထျန်းက သူ့အား တိုက်ရိုက် ကြားဖြတ်ပြောဆိုလိုက်လေသည်။
"သုံးရက် ဟုတ်လား ငါ့ကို မေးမယ်ဆိုရင် ဒီကိန်းဂဏန်းက သုံးစက္ကန့်တောင် ကြာမှာ မဟုတ်ဘူး...။”
"ဒီအာမခံကြောင့် တစ်နေ့ကို ပို့ဆောင်ရေးသမား ဘယ်နှယောက် မတော်တဆမှု ဖြစ်ဖြစ် တစ်ယောက်မှ လျော်ကြေး မရနိုင်ဘူး...။”
"ဒီအချက်အလက်ရဲ့ နောက်ဆုံး ရလဒ်က သုညပဲ…။ ပြီးတော့ ဒီပို့ဆောင်သူ မတော်တဆမှု အာမခံဆိုတာက လုံးဝ လိမ်လည်မှု သက်သက်ပဲ...။”
"စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဌာနက အကြီးတန်း စီမံခန့်ခွဲသူ တစ်ယောက်အနေနဲ့ ဒီအကြောင်းကို မင်း အစောကြီးကတည်းက သိထားသင့်တယ်…။ ဒါပေမဲ့ မင်းက တင်ပြဖို့ ပျက်ကွက်ခဲ့ရုံတင် မကဘူး ဖောက်သည် ဝန်ဆောင်မှုနဲ့ တိုင်ကြားစာ ဌာနက အကြီးတန်း စီမံခန့်ခွဲသူတွေနဲ့ပါ ပူးပေါင်းပြီး ဒီကိစ္စနဲ့ ပတ်သက်တဲ့ တိုင်ကြား စာတွေကို ဖိနှိပ်ထားခဲ့သေးတယ်...။”
"မင်းက ဒါကို ဖုံးကွယ်ထားဖို့ပဲ ကြိုးစားနေတာ…။ မင်း အာမခံကုမ္ပဏီတွေဆီကနေ ပိုက်ဆံ ယူထားတယ် မ ဟုတ်လား…။ တစ်နိုင်ငံလုံးမှာ ပို့ဆောင်ရေးသမား ဆယ်သန်းကျော် ရှိတယ်…။ ပို့ဆောင်ရေးသမား တစ် ယောက်က တစ်ရက်ကို သုံးပြား ပေးရမယ်ဆိုရင် တစ်ရက်ကို သန်းသုံးဆယ် တစ်လကို ယွမ် တစ်ဘီလီယံ နီးပါးနဲ့ တစ်နှစ်ကို ယွမ် ဆယ်ဘီလီယံကျော် ရှိတယ်...။”
"ငါ တကယ် သိချင်တာက အာမခံကုမ္ပဏီက ဒီစီးပွားရေး တစ်ခုတည်းကနေတင် တစ်နှစ်ကို သန်းရာချီပြီး မြတ် တယ်…။ အဲဒီအထဲကနေ မင်းက ဘယ်လောက် ရလဲ…၊ ပြီးတော့ ဖောက်သည် ဝန်ဆောင်မှုနဲ့ တိုင်ကြားစာ ဌာန က အကြီးတန်း စီမံခန့်ခွဲသူတွေကို မင်းက ဘယ်လောက် ပေးလဲ…။ မင်းတို့ရဲ့ ပုံမှန်လစာတွေက မင်းတို့ကို ထောက်ပံ့ဖို့ နည်းလွန်းတယ်လို့ ထင်နေကြတာ မဟုတ်လား...။”
လျန်ထျန်း စကားဆက်ပြောနေစဉ် သူ၏ အသံမှာ ပို၍ ပို၍ ကျယ်လောင်လာပြီး နောက်ဆုံးတွင် အော်ဟစ်လိုက် သကဲ့သို့ ဖြစ်သွားလေသည်။
သူ၏ ဩဇာပါသော စကားများက စီမံခန့်ခွဲသူ နှစ်ဦးကို ထိတ်လန့်သွားစေခဲ့ပြီး ၎င်းတို့သည် လျင်မြန်စွာ ခေါင်းငုံ့ ကာ ၎င်းတို့၏ အမှားကို ဝန်ခံလိုက်ကြလေသည်။
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဌာနမှ အကြီးတန်း စီမံခန့်ခွဲသူက ပြောလေသည်။
"အဓိက အစုရှယ်ယာရှင်ကြီး ကျွန်တော် မှားသွားပါတယ် တစ်နှစ်ကို သန်း (၁၀၀) ရမယ့် သွေးဆောင်ဖြား ယောင်းမှုအောက်မှာ ကျွန်တော် အရှုံးမပေးခဲ့သင့်ပါဘူး...။”
"ကျွန်တော့် အပြစ်အတွက် ဒီငွေတွေ အားလုံးကို ကုမ္ပဏီဆီ ပေးအပ်ဖို့ လိုလားပါတယ်…။ ကျွန်တော့်ကို နောက်ထပ် အခွင့်အရေး တစ်ကြိမ်လောက် ပေးဖို့နဲ့ ခင်ဗျားရဲ့ အဆက်အသွယ်တွေကို သုံးပြီး ကျွန်တော့်ကို အရေးမယူဖို့ပဲ တောင်းပန်ပါတယ်...။”
ဖောက်သည် ဝန်ဆောင်မှုနှင့် တိုင်ကြားစာ ဌာနမှ အကြီးတန်း စီမံခန့်ခွဲသူက ပြောလာခဲ့သည်။
"အဓိက အစုရှယ်ယာရှင်ကြီး ကျွန်တော်...၊ ကျွန်တော် အရင်က ဒီကိစ္စတွေအကြောင်း ဘာမှ မသိခဲ့ပါဘူး…။ ကျွန်တော့်ကို ရာထူးတိုးပေးခဲ့တာ စီးပွားရေးဌာနက အကြီးတန်း စီမံခန့်ခွဲသူတွေချည်းပါပဲ...။”
"စီးပွားရေးတာဝန်ခံ အကြီးတန်း စီမံခန့်ခွဲသူက ကျွန်တော့်ရဲ့ ဆွေမျိုး တစ်ယောက်လိုပါပဲ ကျွန်တော် ကုမ္ပဏီကို စဝင်တဲ့ အချိန်ကနေစပြီး ဖောက်သည် ဝန်ဆောင်မှုနဲ့ တိုင်ကြားစာ ဌာနမှာ အကြီးတန်း စီမံခန့်ခွဲသူ ဖြစ်လာတဲ့ အချိန်အထိ သူ ခိုင်းသမျှ အားလုံးကို ကျွန်တော် လုပ်ခဲ့တာပါ...။”
ဤအချိန်တွင် ဤကိစ္စမှာ ရေလည်စွာ ရှင်းလင်းသွားခဲ့လေပြီ။
ဤသည်ကို မြင်သောအခါ အခြားသော စီမံခန့်ခွဲသူများမှာ နောင်တတရားဖြင့် သက်ပြင်းချလိုက်ကြပြီး အထူး သဖြင့် အသက်ပိုကြီးသော စီးပွားရေး စီမံခန့်ခွဲသူများပင် ဖြစ်လေသည်။
"လောင်ရှန်း…၊ မင်း...။ ဟူး….၊ မင်းက သိပ်မိုက်မဲတာပဲ အဓိက အစုရှယ်ယာရှင်ကြီး အသည်းခံနိုင်ဆုံး ကိစ္စက ဘာလဲဆိုတာကို မင်း ကောင်းကောင်း သိရက်နဲ့ တမင်တကာ ချိုးဖောက်နေသေးတယ်...။”
"ဟုတ်တယ် အဓိက အစုရှယ်ယာရှင်ကြီးက ကျွန်တော်တို့ကို အရမ်းကောင်းကောင်း ဆက်ဆံတာ နှစ်စဉ် လစာ သန်းချီရတဲ့အပြင် နှစ်ကုန် ဘောနပ်စ်တွေပါ ရသေးတယ်…၊ မင်းက ဘာတွေများ ထပ်လိုချင်နေသေးတာလဲ...။”
"အရေးအကြီးဆုံး အချက်က အရင်ကလည်း မင်း ဒါတွေ အားလုံးကို မြင်တွေ့ခဲ့ပြီးသားပဲ အဓိက အစုရှယ်ယာ ရှင်ကြီးတွေနဲ့ စည်းကျော်တဲ့ လူတွေ ဘာဖြစ်သွားလဲဆိုတာ။ လူသစ်တွေ အမှားလုပ်တာက တစ်ကဏ္ဍ ဒါပေမဲ့ မင်းလို ဝါရင့်တစ်ယောက်က ဘာလို့... ဟူး...။”