← Chapters

အခန်း ၁၈၁၈

Vol. 122 Ch. 1818

အခန်း ၁၈၁၈

Vol. 122 Ch. 1818

အခန်း (၁၈၁၈)

မိုးကြိုးမြွေဂိုဏ်းကို ဖျက်သိမ်းခြင်း

နတ်ဘုရင် သဲရှင်သည် လူမိုက်တစ်ယောက် မဟုတ်ပေ။ နတ်ဘုရင် လင်ရင်နှင့် တိုက်ခိုက်နေစဉ်အတွင်း အဝေးတစ်နေရာမှ နတ်ဘုရင် နှစ်ဦး၏ အငွေ့အသက်များ ထွက်ပေါ်လာသည်ကို သူ အာရုံခံမိခဲ့၏။

ယခုအခါ မိုးကြိုးမြွေ နတ်ဘုရင် ရောက်မလာပဲ သူစိမ်း နတ်ဘုရင်တစ်ဦးသာ ရောက်ရှိလာခြင်းကြောင့် မိုးကြိုးမြွေ နတ်ဘုရင် ရှုံးနိမ့်သွားပြီဖြစ်ကြောင်း ပြေးကြည့်ရန်ပင် မလိုတော့ပေ။

တိုက်ပွဲအစကတည်းကပင် ထိုအမျိုးသမီး နတ်ဘုရင်ကို သူ မယှဉ်နိုင်ခဲ့ပေ။ ယခု နောက်ထပ်တစ်ဦး ထပ်တိုးလာသဖြင့် ယှဉ်နိုင်စရာလမ်း လုံးဝမရှိ‌တော့ပေ။ နတ်ဘုရင် သဲရှင်စိတ်ထဲ ထွက်ပြေးလိုစိတ်များ ချက်ချင်းပေါ်ပေါက်လာ၏။

သို့သော်လည်း...

ပတ်ဝန်းကျင် အာကာသ ချိပ်ပိတ်ခံထားရသည်ကို နတ်ဘုရင် သဲရှင် အာရုံခံမိလိုက်၏။ အာကာသကို ခွဲထွက်၍ ထွက်ပြေးရန် ထိုချိပ်ပိတ်မှုကို သူ အရင်ချိုးဖျက်ရမည် ဖြစ်သည်။

သို့သော် နတ်ဘုရင် နှစ်ဦး၏ ရှေ့မှောက်တွင် ထိုချိပ်ပိတ်မှုကို မချိုးဖျက်နိုင်မီမှာပင် သူ ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။

မည်သို့ ထွက်ပြေးရမည်ကို သူ စဉ်းစားနေစဉ်မှာပင် ရင်းနှီးသော အငွေ့အသက်တစ်ခု အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာသည်ကို နတ်ဘုရင် သဲရှင် အာရုံခံမိလိုက်၏။ နောက်တစ်ခဏ၌ အဝေးမှ မိုးကြိုးလျှပ်စီးတစ်ခု ပေါ်လာသည်။

ထိုမိုးကြိုးလျှပ်စီးသည် အလွန်လျှင်မြန်သော အရှိန်ဖြင့် သူတို့ရှေ့သို့ ရောက်ရှိလာပြီး ရပ်တန့်သွားလျှင် လူတစ်ဦး၏ ပုံသဏ္ဌာန်သို့ ပြောင်းလဲသွား၏။ ရောက်ရှိလာသူမှာ မိုးကြိုးမြွေ နတ်ဘုရင် ဖြစ်နေသည်ကို မြင်လျှင် နတ်ဘုရင် သဲရှင် စိတ်သက်သာရာ ရသွားတော့သည်။

နတ်ဘုရင် သဲရှင်က မိုးကြိုးမြွေ နတ်ဘုရင်ကို

“ဂိုဏ်းချုပ်က အချိန်မီ ရောက်လာတာပဲ။ ကျုပ်တော့ ဂိုဏ်းချုပ် ရှုံးသွားလို့ သဲရှင်မြို့ကနေ ထွက်သွားပြီလို့တောင် ထင်နေတာ။”

ထိုအရာကို ကြားလျှင် မိုးကြိုးမြွေ နတ်ဘုရင်၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွား၏။ သို့သော် သူ ဘာမှမပြောရသေးမီမှာပင် နတ်ဘုရင် သဲရှင်က ဆက်လက်၍

“မိတ်ဆွေ... အခု ကျုပ်တို့ ဂိုဏ်းချုပ် ရောက်လာပြီဆိုတော့ မိတ်ဆွေ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ ကျုပ်တို့ကို ဒီမှာ တားထားနိုင်မှာ မဟုတ်ဘူး။ ဒီနေ့တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ကြရအောင်လား။”

နတ်ဘုရင် သဲရှင် စကားအဆုံး၌ လုချန်းက ခပ်တိုးတိုး ရယ်မောလိုက်ပြီး

“ခင်ဗျားက အခြေအနေကို သိသေးပုံ မရဘူး။”

လုချန်း၏ စကားကို ကြားလျှင် နတ်ဘုရင် သဲရှင် တုန့်ခနဲ ဖြစ်သွားပြီး ရင်ထဲ၌ မကောင်းသော အတိတ်နိမိတ်တစ်ခု ခံစားလိုက်ရ၏။ ထို့နောက် တစ်စုံတစ်ခုကို သိနိုင်ရန် မိုးကြိုးမြွေ နတ်ဘုရင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

မိုးကြိုးမြွေ နတ်ဘုရင်လည်း တွန့်ဆုတ်မနေတော့ပဲ တိုက်ရိုက်ပင်

“နတ်ဘုရင် သဲရှင်... ကျုပ် ချင်နိုင်ငံကို အညံခံဖို့ ဆုံးဖြတ်လိုက်ပြီ။”

ဒါက...

နတ်ဘုရင် သဲရှင် လုံးဝ ဆွံ့အသွား၏။ သို့သော် တစ်ဖက်ရန်သူ၏ စွမ်းအား အလွန် သာလွန်နေ၍သာ မိုးကြိုးမြွေ နတ်ဘုရင် အညံခံလိုက်ခြင်း ဖြစ်မည်ဟု သူ မကြာမီမှာပင် သဘောပေါက်သွားသည်။ မဟုတ်ပါက မိုးကြိုးမြွေ နတ်ဘုရင်၏ အစွမ်းဖြင့်ဆိုလျှင် ရှုံးနိမ့်လျှင်ပင် ထွက်ပြေးရန် ရွေးချယ်လိမ့်မည် ဖြစ်သည်။

မိုးကြိုးမြွေ နတ်ဘုရင် အညံခံလိုက်ခြင်း အကြောင်းမှာ သူ ထွက်ပြေးရန် အခွင့်အရေးပင် မရရှိခဲ့ပဲ အညံခံရန် ဖိအားပေးခံလိုက်ရခြင်း ဖြစ်လိမ့်မည်။

မိုးကြိုးမြွေ နတ်ဘုရင်၏ စကားဆုံးပြီးနောက် အမူအရာ ကင်းမဲ့နေဆဲ ဖြစ်သည့် လုချန်းကို တစ်ချက် ကြည့်လိုက်ပြီး ဆက်လက်၍

“နတ်ဘုရင် သဲရှင်... ခင်ဗျားရဲ့ ဝိညာဉ်မူလအစကို အပ်နှံလိုက်ပါ။ ဘုရင်ကြီးက နတ်ဘုရား နိုင်ငံ တည်ထောင်ဖို့ စဉ်းစားနေတာ။ နောက်ဆိုရင် ကျုပ်တို့တွေက သူ့ရဲ့ လက်အောက်ခံတွေ ဖြစ်လာမှာပါ။ ဘုရင်ကြီးက ကျုပ်တို့ကို နှိမ့်ချဆက်ဆံမှာ မဟုတ်ပါဘူး။”

နတ်ဘုရင် သဲရှင် မျက်မှောင်ကြုတ်သွား၏။ ယခုအချိန်၌ သူ၏ ဝိညာဉ်မူလအစကို မအပ်နှံပါက ထွက်ပြေးရန် ခဲယဉ်းလိမ့်မည်ကို သူ သိနေသောကြောင့် ခဏခန့် ဝေခွဲမရ ဖြစ်နေသည်။

မိုးကြိုးမြွေ နတ်ဘုရင်က သူ့ကို ဝိညာဉ်မူလအစ အပ်နှံခိုင်းခြင်းမှာ ထိုသူကိုယ်တိုင်လည်း ရှေ့မှ လူသားထံ၌ အပ်နှံပြီးပြီဖြစ်ကြောင်း ပြသနေခြင်း ဖြစ်၏။ ထို့ကြောင့် သူသာ ထွက်ပြေးရန် ကြိုးစားပါက မိုးကြိုးမြွေ နတ်ဘုရင်က ချင်နိုင်ငံဘက်မှ ရပ်တည်လာပေလိမ့်မည်။

သူ့ကို လိုက်လံ တိုက်ခိုက်မည့် နတ်ဘုရင် သုံးဦး၏ ရှေ့မှောက်တွင် နတ်စွမ်းအားများ လျော့နည်းနေပြီး ဒဏ်ရာပါ ရနေသည့် သူ့အတွက် ထွက်ပြေးရန်က လုံးဝ မဖြစ်နိုင်သလောက်ပင်။

နတ်ဘုရင် သဲရှင် တွန့်ဆုတ်နေသည်ကို မြင်လျှင် လုချန်းလည်း အချိန်မဖြုန်းတော့ပဲ သတ်ဖြတ်ခြင်း စွမ်းအားများနှင့်အတူ သူ၏ နိယာမ ပုံရိပ်ကို တိုက်ရိုက် ထုတ်ဖော်လိုက်တော့သည်။

လုချန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် ပြင်းထန်သော သတ်ဖြတ်ခြင်း စွမ်းအားများကို မြင်လျှင် မိုးကြိုးမြွေ နတ်ဘုရင် အဘယ်ကြောင့် အညံခံခဲ့သည်ကို နတ်ဘုရင် သဲရှင် ချက်ချင်းပင် နားလည်သွား၏။

ထိုအခိုက်အတန့်တွင် နတ်ဘုရင် သဲရှင်လည်း တွန့်ဆုတ်မနေတော့ပဲ အညံ့ခံလိုက်ရတော့သည်။

“ကျုပ်လည်း ချင်နိုင်ငံထံမှာ အညံခံပြီး လက်အောက်ခံအဖြစ် အမှုထမ်းဖို့ ဆန္ဒရှိပါတယ်။”

ရင်ထဲ၌ စိတ်မပါသော်လည်း အသက်ရှင်သန်နိုင်ရန်အတွက် အခြား ရွေးချယ်စရာ မရှိပေ။ ထွက်ပြေး၍ မရနိုင်တော့ရာ အညံခံခြင်းမှာ တစ်ခုတည်းသော လမ်း ဖြစ်ပေသည်။

ထို့နောက် နတ်ဘုရင် သဲရှင်လည်း သူ၏ ဝိညာဉ်မူလအစကို အပ်နှံလိုက်၏။ လုချန်းက နတ်ဘုရင် သဲရှင်၏ ဝိညာဉ်မူလအစကို သိမ်းဆည်းလိုက်သည်နှင့် သူ၏ နတ်ဘုရင် အငွေ့အသက် ချက်ချင်း ပျောက်ကွယ်သွားပြီး ကောင်းကင်နတ်တစ်ဦး ဖြစ်သွားတော့ တော့သည်။

ဤမြင်ကွင်းကို မြင်လျှင် မိုးကြိုးမြွေ နတ်ဘုရင်နှင့် နတ်ဘုရင် သဲရှင်တို့ ခဏခန့် ဆွံ့အသွားကြ၏။ လျှို့ဝှက်လဝန်းနန်းတော်တွင် တတိယမြောက် နတ်ဘုရင်တစ်ဦး ရှိနေသည်ကို သူတို့ ဘာကြောင့် မသိရသနည်းဟု စဉ်းစားနေခဲ့ကြခြင်းဖြစ်၏။

ယခုမှ ထိုသူသည် ကောင်းကင်နတ်တစ်ဦးအဖြစ် အမြဲတမ်း ရုပ်ဖျက်ထားခြင်းကြောင့် ဖြစ်ကြောင်း သိလိုက်ရတော့သည်။

ထိုအခိုက်အတန့်တွင် မိုးကြိုးမြွေ နတ်ဘုရင်က စပ်စုလိုစိတ်ဖြင့်

“ဘုရင်ကြီး... လျှို့ဝှက်လဝန်းနန်းတော်နဲ့ ဘုရင်ကြီးက ဘယ်လို ပတ်သက်မှု ရှိတာလဲ။”

လုချန်းက ခပ်အေးအေးပင်

“လျှို့ဝှက်လဝန်းနန်းတော်သခင်က ကျုပ်နဲ့ စုံတွဲဖြစ်တယ်။”

ဒါက...

မိုးကြိုးမြွေ နတ်ဘုရင်နှင့် နတ်ဘုရင် သဲရှင်တို့၏ ရင်ထဲ ထိတ်လန့်သွားကြ၏။

အထူးသဖြင့် နတ်ဘုရင် သဲရှင်ဖြစ်၏။ လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်တွင် သတ်ဖြတ်ခြင်း လမ်းစဉ်ဖြင့် နတ်ဘုရင်အဆင့်သို့ ရောက်ရှိထားသည့် အဖော်တစ်ဦး ရှိနေမှန်းသာ သိခဲ့ပါက သူသည် လျှို့ဝှက်လဝန်းနန်းတော်ကို ဘယ်တုန်းကမှ သစ္စာဖောက်ခဲ့မည် မဟုတ်ပေ။

ယခုတော့ သူ၏ အခြေအနေက အလွန်ပင် နေရခက်လှသည်။ သစ္စာဖောက်ပြီး မကြာမီမှာပင် တစ်ဖန် ပြန်လည် အညံခံလိုက်ရခြင်း ဖြစ်ရာ လျှို့ဝှက်လဝန်းနန်းတော်က သူ့ကို စံနမူနာအဖြစ် အပြစ်ပေးမည်ကို ရှောင်လွှဲ၍ ရနိုင်မည် မဟုတ်ပေ။

နတ်ဘုရင် သဲရှင် အတွေးများနေစဉ်မှာပင် လုချန်းက စကားဆိုလာ၏။

“အခု စစ်ပွဲက ပြီးသွားပြီဆိုတော့ နတ်ဘုရား နိုင်ငံ တည်ထောင်ဖို့အတွက် ပြင်ဆင်ကြ။ ခင်ဗျားတို့နှစ်ယောက်မှာ တခြား အကြံအစည်တွေ မရှိရင် ချင်နတ်ဘုရား နိုင်ငံ ထွန်းကားလာတဲ့အခါ ခင်ဗျားတို့ရဲ့ ဝိညာဉ်မူလအစတွေကို ကျုပ် ပြန်ပေးမယ်။”

မိုးကြိုးမြွေ နတ်ဘုရင်နှင့် နတ်ဘုရင် သဲရှင်တို့စိတ်ထဲ ထိုစကားကို လုံးဝ မယုံကြည်ကြသော်လည်း ရိုသေစွာပင်

“ဘုရင်ကြီးကို ကျေးဇူးတင်ပါတယ်။ နောင်အနာဂတ်မှာ နတ်ဘုရား နိုင်ငံ တည်ထောင်နိုင်ဖို့အတွက် ကျုပ်တို့တွေ စိတ်ရင်းမှန်နဲ့ အစွမ်းကုန် ကူညီဆောင်ရွက်သွားပါ့မယ်။”

စစ်ပွဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ရာ နောက်တစ်ဆင့်မှာ စစ်တလင်းကို ရှင်းလင်းရန် ဖြစ်သည်။

နတ်ဘုရင် သဲရှင်နှင့် မိုးကြိုးမြွေ နတ်ဘုရင်တို့ကို သဲရှင်မြို့သို့ လုချန်း ခေါ်ဆောင်လာစဉ် စစ်မြေတစ်ခုလုံး သုဿန်တစပြင်အလား တိတ်ဆိတ်နေ၏။

နတ်ဘုရင် သဲရှင် ပြန်လည် ရောက်ရှိလာပြီး လုချန်း၏ ဘေးတွင် ရပ်နေသည်ကို မြင်လျှင် မိုးကြိုးမြွေဂိုဏ်း လုချန်း၏ လက်အောက်သို့ လုံးလုံးလျားလျား ရောက်ရှိသွားပြီဖြစ်ကြောင်း လူတိုင်း သိမြင်သွားကြတော့သည်။

ထိုအခိုက်အတန့်တွင် လုချန်း၏ အသံ ကောင်းကင်ယံ၌ ဟိန်းထွက်သွား၏။

“ဒီနေ့ကစပြီး မိုးကြိုးမြွေဂိုဏ်းဆိုတာ မရှိတော့ဘူး။ မိုးကြိုးမြွေဂိုဏ်းရဲ့ တပည့်အားလုံးဟာ ချင်နိုင်ငံရဲ့ လက်အောက်ခံတွေပဲ။”

လုချန်း၏ စကားကို ကြားလျှင် မိုးကြိုးမြွေ နတ်ဘုရင်၏ ရင်ထဲ၌ အနည်းငယ် နာကျင်သွား၏။ အဘယ်ကြောင့်ဆိုသော် မိုးကြိုးမြွေဂိုဏ်းသည် သူ တစ်သက်လုံး တည်ဆောက်ခဲ့သော အရာဖြစ်ပြီး ယခုအခါ ၎င်းသည် ဘာမှမဟုတ် သကဲ့သို့ပင် လျင်မြန်စွာ ဖျက်သိမ်းခြင်း ခံလိုက်ရသောကြောင့် ဖြစ်သည်။

အစက သူ မျှော်လင့်ချက် အနည်းငယ် ထားခဲ့သေး၏။ သူ ချင်နိုင်ငံထံ အညံခံလိုက်ပါက လုချန်းအနေနှင့် မိုးကြိုးမြွေဂိုဏ်း၏ နယ်မြေအချို့ကို သိမ်းပိုက်ပြီး ဂိုဏ်းကို ဆက်လက် ထားရှိလိမ့်မည်ဟု ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။

ကြီးမားသော နတ်ဘုရား နိုင်ငံအတွင်း၌ ဂိုဏ်းဂဏများ ရှိနေခြင်းက သာမန်ကိစ္စတစ်ခုသာ မဟုတ်ပါလား။

ဂိုဏ်းများသာမက အရှေ့ပိုင်းနယ်တွင်ပင် နတ်ဂိုဏ်းများစွာ ပါဝင်သည့် ထိပ်တန်း နတ်ဘုရား နိုင်ငံကြီးများစွာ ရှိသည်။

သို့သော် လုချန်းသည် မိုးကြိုးမြွေဂိုဏ်းကို မယုံကြည်ပဲ တိုက်ရိုက်ပင် ဖျက်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။

လုချန်း၏ လုပ်ဆောင်ချက်က အကြောင်းမဲ့ မဟုတ်ပေ။ မိုးကြိုးမြွေဂိုဏ်းကို ဆက်လက် ထားရှိခြင်းမှာ နတ်ဘုရား နိုင်ငံ တည်ထောင်ရန်အတွက် အကျိုးကျေးဇူး မရှိပေ။

မိုးကြိုးမြွေဂိုဏ်း၏ တပည့်များသည် ဂိုဏ်းကိုသာ ဦးစားပေးနေကြမည်ဆိုပါက ချင်နတ်ဘုရား နိုင်ငံကို လက်ခံရန် ခဲယဉ်းနေမည်ဖြစ်ပြီး ၎င်းမှာ နိုင်ငံ တည်ထောင်ခြင်းကို အဟန့်အတား ဖြစ်စေလိမ့်မည်။

ထို့ကြောင့် မိုးကြိုးမြွေဂိုဏ်းသာမက ပတ်ဝန်းကျင်ရှိ အင်အားစု အားလုံးကိုပါ ဖျက်သိမ်းရန် သူ စဉ်းစားထားခြင်း ဖြစ်၏။ အနာဂတ်တွင် အင်အားစုသစ်များ ပေါ်ပေါက်လာခြင်းက သူ၏ ကိစ္စမဟုတ်သော်လည်း နတ်ဘုရား နိုင်ငံ မတည်ထောင်မီတွင်တော့ ချင်နိုင်ငံ၏ ကံစွမ်းအားကို ထိခိုက်စေမည့် မည်သည့် အဖွဲ့အစည်းကိုမှ သူ၏ နယ်မြေပေါ်တွင် ခွင့်ပြုမည် မဟုတ်ပေ။

လုချန်း၏ ကြေညာချက် အဆုံး၌ မိုးကြိုးမြွေ နတ်ဘုရင်နှင့် နတ်ဘုရင် သဲရှင်တို့က ဦးစွာ တုံ့ပြန်လိုက်ကြ၏။

သူတို့က လုချန်းကို ချက်ချင်းပင် ဦးညွှတ်လိုက်ပြီး

“ဘုရင်ကြီးရဲ အမိန့်တော်ကို ရိုသေစွာ နာခံပါတယ်”

ထိုသူနှစ်ဦး လုချန်းကို ဦးညွှတ်သည်ကို မြင်လျှင် မိုးကြိုးမြွေဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲများလည်း စိတ်မပါသော်လည်း လိုက်လံ ဦးညွှတ်လိုက်ကြရတော့သည်။

ထို့နောက် အောက်ဘက်မှ အသံပေါင်းများစွာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ၏။

“ဘုရင်ကြီးရဲ့ အမိန့်တော်ကို ရိုသေစွာ နာခံပါတယ်”

--

…………

All Chapters