← Chapters

အခန်း ၁၈၂၀

Vol. 122 Ch. 1820

အခန်း ၁၈၂၀

Vol. 122 Ch. 1820

အခန်း (၁၈၂၀)

ချင်နတ်ဘုရား နိုင်ငံ တည်ထောင်ခြင်း

လုချန်းက ဘာမှမဖုံးကွယ်တော့ပဲ တိုက်ရိုက် ပြောလိုက်၏။

“အခု ချင်နိုင်ငံမှာ နတ်ဘုရင် နှစ်ပါး ရှိနေပြီ ဆိုပေမဲ့ တကယ့် စွမ်းအားကြီး ပုဂ္ဂိုလ်တွေက အရမ်း နည်းသေးတယ်။ လူဦးရေကလည်း သိပ်မများဘူး။ ဒီတစ်ခေါက် နတ်ဘုရား နိုင်ငံ တည်ထောင်တာ ကျရှုံးသွားနိုင်တယ်လို့ ကျုပ် ခံစားနေရတယ်။”

ထိုအရာကို ကြားလျှင် ယွမ်ယုတိက အေးစက်သော မျက်လုံးအစုံဖြင့် လုချန်းကို စိုက်ကြည့်လိုက်၏။

ယွမ်ယုတိက

“အဲ့ဒါက ကျွန်မနှင့် ဘာဆိုင်လို့လဲ”

ယွမ်ယုတိကပင် ဆက်လက်၍

“ရှင်က ကျွန်မကို နယ်မြေတွေ ထပ်ပြီး သိမ်းပိုက်ပေးစေချင်လို့လား။”

ထိုသို့ ဖြစ်နိုင်ခြေကို စဉ်းစားမိသည်နှင့် ယွမ်ယုတိ၏ ကိုယ်ပေါ်မှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာ၏။ သူတို့ အတူအိပ်ခဲ့ကြဖူးသော်လည်း အချို့သော ကိစ္စရပ်များ၊ အထူးသဖြင့် အကျိုးစီးပွားနှင့် ပတ်သက်လာလျှင်တော့ ရှင်းရှင်းလင်းလင်း ရှိရန် လိုအပ်သည်။

သူတို့ စုံတွဲကျင့်စဉ် ကျင့်ကြံနိုင်သော်လည်း သူမ၏ နယ်မြေက သူမ၏ ပိုင်ဆိုင်မှုသာ ဖြစ်၏။ စုံတွဲကျင့်စဉ် ကျင့်ကြံရုံဖြင့် သူမက သူ၏ လူ ဖြစ်သွားသည်ဟု မဆိုလိုသကဲ့သို့ သူမ၏ လျှို့ဝှက်လဝန်းနန်းတော်ကလည်း လုချန်း၏ အပိုင် ဖြစ်မလာနိုင်ပေ။

သူ့အပေါ် ယွမ်ယုတိ သတိကြီးစွာ ထားနေသည်ကို မြင်လျှင် လုချန်း ခပ်ဖွဖွပြုံးလိုက်၏။

လုချန်းက ယွမ်ယုတိကို

“ဆရာ ဒီလောက်ထိ သတိမထားပါနှင့်။ တပည့်က ကံစွမ်းအား နည်းနည်းလောက်ပဲ ချေးချင်တာပါ။”

လုချန်း၏ စကားကို ကြားလျှင် ယွမ်ယုတိ မျက်မှောင် အနည်းငယ် ကြုတ်သွား၏။

ကံစွမ်းအား ငှားဖို့လား။

သူမ တစ်စုံတစ်ရာကို နားလည်သွားပုံရသည်။

အချို့သော နတ်ဘုရား နိုင်ငံများ တည်ထောင်သည့်အခါ ကံစွမ်းအား မလုံလောက်မည်ကို စိုးရိမ်သဖြင့် အရှိန်အဝါ ရရှိရန် အချို့သော နတ်ဂိုဏ်း အင်အားစုများကို ဆွဲဆောင်လေ့ရှိကြ၏။ ထိုနတ်ဂိုဏ်းများ၏ ထောက်ခံမှု ရှိလျှင် နတ်ဘုရား နိုင်ငံ အနေနှင့် ကောင်းကင်ဘုံ လမ်းစဉ်၏ အသိအမှတ်ပြုမှုကို ရရန် ပို၍ လွယ်ကူသွားသည်။ ဤနည်းလမ်းကို ကံစွမ်းအား ငှားယူခြင်းဟုလည်း ခေါ်ဆိုကြ၏။

ချင်နတ်ဘုရား နိုင်ငံကို အရှိန်အဝါ ရစေရန် ဝိုင်းဝန်း ကူညီပေးရုံ သက်သက် ဆိုပါက အဆိုးကြီး မဟုတ်ပေ။

ယွမ်ယုတိက

“ကောင်းပြီ။ ရှင် နတ်ဘုရား နိုင်ငံ တည်ထောင်တဲ့ နေ့ကျလျှင် မြို့တော်ကို ကျွန်မ ကိုယ်တိုင် လာခဲ့ပါ့မယ်။”

ချင်နတ်ဘုရား နိုင်ငံ တည်ထောင်ခြင်း အခမ်းအနားကို တက်ရောက်ခြင်းက သူမအပေါ် ထိခိုက်မှု မရှိသည့်အပြင် ထိုနေရာသို့ ကိုယ်တိုင် သွားရောက်ခြင်းမှာလည်း လက်ခံနိုင်စရာ ရှိသည်ဟု ယွမ်ယုတိ တွေးလိုက်၏။

လုချန်းက ယွမ်ယုတိကို

“ဆရာ သီးသန့် ကြွလာဖို့ မလိုပါဘူး။ တပည့်မှာ ပိုကောင်းတဲ့ အစီအစဉ် ရှိပါတယ်။”

ယွမ်ယုတိက စူးစမ်းလိုသော စိတ်ဖြင့်

“ဘာအစီအစဉ်လဲ”

လုချန်းက

“နတ်ဘုရား နိုင်ငံ တည်ထောင်တဲ့ အခမ်းအနား ကျင်းပနေတုန်း ကျုပ်တို့ နှစ်ယောက် စုံတွဲကျင့်စဉ် ကျင့်ကြံကြမယ်လေ။”

ထိုစကားနှင့်အတူ ယွမ်ယုတိ၏ အေးစက်သော အရှိန်အဝါများ ပြင်းထန်စွာ ပေါက်ကွဲ ထွက်လာ၏။ ရေခဲနန်းတော် တစ်ခုလုံး၏ အပူချိန်သည် သုညအောက် ရာဂဏန်းအထိ ကျဆင်းသွားပြီး အတွင်းရှိ အရာအားလုံး ခဲသွားတော့သည်။

ယွမ်ယုတိ၏ ပြင်းထန်သော တုံ့ပြန်မှုကို မြင်လျှင် လုချန်းလည်း အတန်ကြာ စဉ်းစားပြီးမှ

“ကျုပ်တို့ စုံတွဲကျင့်စဉ် ကျင့်ကြံနေရင် ကောင်းကင်ဘုံ လမ်းစဉ်က ကျုပ်တို့ကို လင်မယားအဖြစ် အသိအမှတ် ပြုလိမ့်မယ်။ အဲ့ဒီအချိန်ကျလျှင် လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ကံစွမ်းအား အချို့က ချင်နတ်ဘုရား နိုင်ငံထဲကို စီးဝင်သွားလိမ့်မယ်။ တကယ်လို့ ချင်နတ်ဘုရား နိုင်ငံရဲ့ ကံစွမ်းအားက မလုံလောက်ဘူး ဆိုရင်တောင် လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ကံစွမ်းအားက ဖြည့်ဆည်းပေးမှာ ဖြစ်တဲ့အတွက် ကောင်းကင်ဘုံ လမ်းစဉ်ရဲ့ အသိအမှတ်ပြုမှုကို ရဖို့ ပိုလွယ်ကူသွားမှာပါ။”

ယွမ်ယုတိ လုချန်းကို အေးစက်စွာ စိုက်ကြည့်လိုက်၏။

ဤလူယုတ်မာသည် တကယ့်ကို အကွက်ချ တတ်ပေ၏။

နတ်ဘုရား နိုင်ငံ တည်ထောင်ပြီးနောက် သူမကို ဧကရီ အဖြစ် တင်မြှောက်မည်ဟု လုချန်း ယခင်က ပြောခဲ့ဖူးသည်ကို သူမ ရုတ်တရက် သတိရသွား၏။

လုချန်းက ဤအရာကို ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။ အခမ်းအနား ကျင်းပနေစဉ်အတွင်း သူမနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံခြင်းဖြင့် ကောင်းကင်ဘုံ လမ်းစဉ်က သူမကို ဧကရီ အဖြစ် အသိအမှတ်ပြုရန် သူ ဖန်တီးချင်နေခြင်း ဖြစ်၏။

နတ်ဘုရား နိုင်ငံ တည်ထောင်သည့် ထိုကဲ့သို့ အရေးကြီးသော နေ့ရက်မျိုးတွင် သူတို့ နှစ်ဦး စုံတွဲကျင့်စဉ် ကျင့်ကြံနေပါက သူမက ဧကရီ မဟုတ်လျှင် အခြား မည်သူ ဖြစ်နိုင်ဦးမည်နည်း။

အကယ်၍ ကောင်းကင်ဘုံ လမ်းစဉ်က သူမကို ဧကရီ အဖြစ် တကယ် အသိအမှတ်ပြုလိုက်ပါက သူမသည် ချင်နတ်ဘုရား နိုင်ငံနှင့် တစ်သားတည်း ဖြစ်သွားမည်ဖြစ်ပြီး နောင်တွင် လျှို့ဝှက်လဝန်းနန်းတော်သည် လုချန်းတို့နှင့်အတူ ကံစွမ်းအားများကို မျှဝေခံစားရပေလိမ့်မည်။

ယွမ်ယုတိက

“ရှင် ဘာတွေ ကြံစည်နေလဲဆိုတာ ကျွန်မ မသိဘူးလို့ ထင်နေတာလား။”

လုချန်းက

“ဆရာ နားလည်မှု လွဲနေပါပြီ။ တပည့်က ကံစွမ်းအား နည်းနည်းပဲ ငှားချင်တာပါ။”

ယွမ်ယုတိက

“ရှင်က ကျွန်မကို ရှင့်ဘေးမှာ အပိုင်ချည်ထားပြီး အရှက်မရှိတဲ့ ညစ်ပတ်တဲ့ အလုပ် တွေကို လုပ်ချင်နေတာပဲ။”

လုချန်း ခပ်ဖွဖွပြုံးလိုက်ပြီး

“ဆရာ ပြောတဲ့ ညစ်ပတ်တဲ့ အလုပ်ဆိုတာ စုံတွဲကျင့်စဉ် ကျင့်တာကို ပြောတာလား။”

လုချန်းက

“စုံတွဲကျင့်စဉ် ကျင့်တာက ဆရာ့အတွက်ရော ကျုပ်အတွက်ရော အကျိုးရှိတာပဲ။ အဲဒါကို ဘာလို့ ညစ်ပတ်တယ်လို့ ပြောရမှာလဲ။ ဒါ့အပြင် ကျုပ် ခင်ဗျားနှင့် စုံတွဲကျင့်စဉ် ကျင့်ချင်လျှင် လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ရိုက် လာလို့ရတာပဲ။ ဘာလို့ ဒီလို အကွက်တွေ ဆင်နေမှာလဲ။”

ယွမ်ယုတိ၏ မျက်နှာ ပို၍ပင် အေးစက်သွား၏။

ယွမ်ယုတိက

“ရှင့်စကားအတိုင်းဆိုလျှင် ရှင် အလိုရှိတိုင်း ကျွန်မက စုံတွဲကျင့်စဉ် ကျင့်ဖို့ သဘောတူရမယ်လို့ ထင်နေတာလား။ ကျွန်မကို ဘယ်လို မိန်းမမျိုး မှတ်နေတာလဲ။”

လုချန်းနှင့် စုံတွဲကျင့်စဉ် ကျင့်ရန် သူမ တကယ် သဘောတူကောင်း တူနိုင်သော်လည်း သူ၏ စကားများက သူမအား အကျင့်စာရိတ္တ မကောင်းသော မိန်းမတစ်ယောက်ကဲ့သို့ ဖြစ်စေသောကြောင့် ယွမ်ယုတိ အလွန် မကျေမနပ် ဖြစ်သွားရ၏။ အထူးသဖြင့် သူ၏ ယုံကြည်မှု လွန်ကဲနေသော လေသံက သူမကို အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်စေသည်။

ယွမ်ယုတိ သတိကြီးစွာ ထားနေသည်ကို မြင်လျှင် လုချန်းက

“ဆရာ မလိုလားဘူး ဆိုလျှင်လည်း ထားလိုက်ပါတော့။ အကယ်၍ ချင်နတ်ဘုရား နိုင်ငံက ကောင်းကင်ဘုံ လမ်းစဉ်ရဲ့ အသိအမှတ်ပြုမှုကို မရခဲ့လျှင် တပည့်က လျှို့ဝှက်လဝန်းနန်းတော်မှာပဲ နေပြီး ဆရာနှင့်အတူ နေပေးပါ့မယ်။”

ထိုစကားကို ကြားလျှင် ယွမ်ယုတိ၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး အေးစက်စွာ မေးလိုက်၏။

“ရှင်က ကျွန်မကို ခြိမ်းခြောက်နေတာလား”

လုချန်းက

“အဲဒါက ဘယ်လိုလုပ် ခြိမ်းခြောက်တယ် ဆိုနိုင်မလဲ။ အရှိကို အရှိအတိုင်း ပြောတာပါ။ တကယ်လို့ နတ်ဘုရား နိုင်ငံကို တည်ထောင်လို့ မရဘူး ဆိုလျှင် တပည့်က ချင်နိုင်ငံမှာ ဆက်နေဖို့ အကြောင်းမရှိတော့ဘူးလေ။”

ယွမ်ယုတိ ဘာမှမပြောပဲ လုချန်းကို အေးစက်စွာ ကြည့်နေလိုက်၏။ ဤလူ၏ မျက်နှာသည် မဟာတံတိုင်းထက်ပင် ပို၍ ထူနေကြောင်း သူမ နားလည်သွားသည်။

အကယ်၍ သူမ သဘောမတူပါက လုချန်းသည် ရေခဲနန်းတော်သို့ အချိန်မရွေး လာရောက်၍ စုံတွဲကျင့်စဉ် ကျင့်ရန် တောင်းဆိုနေပေလိမ့်မည်။

လုချန်းက ဘာမှထပ်မပြောတော့ပဲ ယွမ်ယုတိ၏ မျက်နှာကို စူးရှသော အကြည့်များဖြင့် စိုက်ကြည့်နေလိုက်၏။ လုချန်း၏ မျက်လုံးများထဲမှ အရှိန်အဝါကို မြင်လျှင် ယွမ်ယုတိ သတိပြန်ဝင်လာပြီး ယွမ်ချင်းရှုသည်လည်း ဤလူယုတ်မာ၏ ယုတ်ညံ့သော နည်းလမ်းများဖြင့် ဖျားယောင်းခြင်း ခံလိုက်ရသလားဟု သံသယ ဝင်သွားသည်။

အတန်ကြာပြီးနောက် ယွမ်ယုတိက

“နတ်ဘုရား နိုင်ငံ တည်ထောင်ပြီးတာနှင့် ရှင် လျှို့ဝှက်လဝန်းနန်းတော်က ချက်ချင်း ထွက်သွားရမယ်။”

ထိုစကားကို ကြားလျှင် ယွမ်ယုတိ သဘောတူလိုက်ပြီ ဖြစ်ကြောင်း လုချန်း ချက်ချင်း သိလိုက်သည်။

လုချန်းက

“ကောင်းပါပြီ ဆရာ”

ထိုအခိုက်တွင် လုချန်းက ယွမ်ယုတိထံသို့ လျှောက်သွားရင်း

“ဆရာ...နတ်ဘုရား နိုင်ငံ တည်ထောင်ဖို့ ရက်အနည်းငယ်ပဲ လိုတော့တာဆိုတော့ ကျုပ် ဒီနေ့ကစပြီး လေ့ကျင့်လို့ ရပြီလေ။”

နတ်သခင် တစ်ဦးဖြစ်သည့် ယွမ်ယုတိသည် အာရုံခံစားမှု အလွန် ထက်မြက်လှသဖြင့် လုချန်း၏ ကိုယ်တွင်းမှ မငြိမ်မသက် ဖြစ်နေသော အရှိန်အဝါများကို အစောကတည်းက သိပြီး ဖြစ်၏။

သူမ ဘာမှမပြောပဲ နောက်တစ်ခဏတွင် ကုတင်ပေါ်၌ တင်ပျဉ်ခွေ ထိုင်နေလိုက်၏။

ကျင့်ကြံနေစဉ်အတွင်း ထိုအခြေအနေသို့ ရောက်သွားပါက သူမကိုယ်သူမ ထိန်းချုပ်နိုင်စွမ်း လုံးဝ ဆုံးရှုံးသွားမည်ကို ကောင်းစွာ သိထားသဖြင့် ယွမ်ယုတိလည်း ယခင်ကကဲ့သို့ ဦးဆောင်ရန် မကြိုးစားတော့ပေ။ အဆုံးတွင် ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးရမယ့် အတူတူ လုချန်းကိုသာ စိတ်ကြိုက် လုပ်ခွင့်ပေးလိုက်တော့၏။

သိက္ခာကျရမည် ဆိုလျှင်လည်း ဤလူယုတ်မာ၏ လွှမ်းမိုးခြင်းကို အကြိမ်ကြိမ် ခံခဲ့ရပြီး ဖြစ်သဖြင့် နောက်တစ်ကြိမ် ထပ်ဖြစ်ရခြင်းက သူမအတွက် အရေးမကြီးတော့ပေ။

အေးစက်သော နတ်သမီးက ကုတင်ပေါ်တွင် စောင့်ဆိုင်းနေသည်ကို မြင်လျှင် လုချန်း၏ နတ်စွမ်းအားများမှာ ပိုမို ပြင်းထန်လာပြီး နောက်တစ်ခဏတွင် ကုတင်ထံသို့ ချက်ချင်း ရောက်သွား၏။

လုချန်း ယွမ်ယုတိ၏ ရှေ့မှောက်သို့ တိုးကပ်သွားလျှင် ယွမ်ယုတိက အေးစက်စွာ ကြည့်ရင်း

“ဒါပေမဲ့ ကျွန်မ ရှင့်ကို နောက်ဆုံးအကြိမ် သတိပေးလိုက်မယ်။ ကျွန်မက ရှင့်ရဲ့ မိန်းမ အဖြစ် အပြည့်အဝ ဖြစ်လာလိမ့်မယ်လို့တော့ မမျှော်လင့်နှင့်။”

လုချန်း ခပ်တိုးတိုး ရယ်မောလိုက်ပြီး ဘာမှပြန်မပြောပဲ နတ်သမီး၏ နီရဲသော နှုတ်ခမ်းအစုံကို ပိတ်လိုက်ကာ သူမကို ကုတင်ပေါ်သို့ တွန်းလှဲလိုက်၏။

လုချန်းနှင့် ထိတွေ့လိုက်သည်နှင့် ယွမ်ယုတိ၏ ကိုယ်တွင်းမှ အေးစက်သော အရှိန်အဝါများ ထွက်ပေါ်လာသော်လည်း သူမ ချက်ချင်းပင် ပြန်လည် ထိန်းချုပ်လိုက်သည်။

ယခင်ကကဲ့သို့ပင် ရိုးရိုးရှင်းရှင်း နမ်းရှုပ်ရုံမျှဖြင့် ယွမ်ယုတိ၏ စိတ်ဆန္ဒများကို မနိုးကြားစေနိုင်ကြောင်း လုချန်း သိလိုက်ရ၏။

ထို့နောက် ဝိညာဉ်ညှို့ဓာတ် ကျမ်းစာကို လုချန်း စတင် အသုံးပြုလိုက်ရာ သူ ထင်မှတ်ထားသည့်အတိုင်း ထိုကျမ်းစာကို ကျင့်ကြံလိုက်သည်နှင့် ယွမ်ယုတိ၏ ထံမှ

“အင်း... အင်း”

ဟူသော ညည်းတွားသံများ ထွက်ပေါ်လာတော့သည်။

…….

မျက်တောင်တစ်ခတ်အတွင်း ရက်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် အရာအားလုံး အဆင်သင့် ဖြစ်သွားကာ ချင်နတ်ဘုရား နိုင်ငံ တည်ထောင်ခြင်း အခမ်းအနားကို တရားဝင် စတင်လိုက်သည်။ လုချန်း၏ စစ်မှန်သောနတ် ကိုယ်ပွားသည် ပလ္လင်ပေါ်တွင် ရပ်နေရင်း အစပိုင်းတွင် ဂါထာအချို့ကို ရွတ်ဖတ်လိုက်ပြီးနောက် နိုင်ငံ၏ ကံစွမ်းအားများကို စုစည်းရန်နှင့် ကောင်းကင်ဘုံ လမ်းစဉ်နှင့် ဆက်သွယ်နိုင်ရန် မျက်လုံးများကို မှိတ်ထားလိုက်၏။

--

……..

All Chapters