← Chapters

အခန်း ၁၈၂၃

Vol. 122 Ch. 1823

အခန်း ၁၈၂၃

Vol. 122 Ch. 1823

အခန်း (၁၈၂၃)

ချင်နိုင်ငံ၏ အလားအလာ

လကွယ်ဂိုဏ်းမှ ထောက်လှမ်းရေး အစီရင်ခံစာများကို စိစစ်ပြီးနောက် ယွမ်ယုတိထံသို့ လုချန်း အာရုံပြန်ရောက်သွား၏။ ထိုခဏတွင် “ဘဝဆိုတာ အိပ်မက်တစ်ခု”ကို ယွမ်ယုတိ အသုံးမပြုတော့ပေ။

အနှစ်နှစ်ဆယ်ကြာ ကျင့်ကြံခဲ့စဉ်အတွင်း ထိုကျင့်စဉ်ကို အမြဲမပြတ် အသုံးပြုခဲ့ခြင်းကြောင့် လက်တွေ့နှင့် အိပ်မက်ကို ယွမ်ယုတိ ခွဲခြားရန် ခက်ခဲနေပြီ ဖြစ်၏။

အိပ်မက်ထဲတွင် သူမကိုယ်သူမ ပျောက်ဆုံးမသွားစေရန် “ဘဝဆိုတာ အိပ်မက်တစ်ခု” ကျင့်စဉ်ကို ယွမ်ယုတိ ရပ်တန့်လိုက်ရသည်သည်။ သို့သော်လည်း ကျင့်စဉ်ကို ရပ်တန့်လိုက်သည့်တိုင် “ဝိညာဉ်ညှို့ဓာတ် ကျမ်းစာ” ကို ကျင့်ကြံထားသော လုချန်းထံမှ ထွက်ပေါ်လာသည့် ခံစားချက်ကြောင့် သူမကိုယ်သူမ ထိန်းချုပ်ရန် ရုန်းကန်နေရဆဲ ဖြစ်၏။

ထိုစဉ်က ဤလူညစ်၏ လှည့်ဖြားမှုကို ယွမ်ချင်းရှု အဘယ်ကြောင့် ခံခဲ့ရသည်ကိုယွမ်ယုတိ ယခု အပြည့်အဝ နားလည်သွားပြီ ဖြစ်သည်။ ဤလူညစ်အပေါ် အစပိုင်းတွင် ယွမ်ချင်းရှု၌ မည်သည့် သံယောဇဉ်မှ မရှိခဲ့ကြောင်း သူမ ယုံကြည်မိ၏။

သူမကဲ့သို့ပင် အစပိုင်း၌ စွမ်းအားတိုးတက်စေရန် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ခဲ့သော်လည်း လုချန်းနှင့် စုံတွဲကျင့်စဉ်ကို ပိုလုပ်ဆောင်လာသည်နှင့်အမျှ ရုန်းမထွက်နိုင်အောင် ဖြစ်ခဲ့ရခြင်း ဖြစ်နိုင်၏။ ဤအရာအားလုံးမှာ ထိုလူညစ်၏ အကြံအစည်သာ ဖြစ်၏။

ထိုသို့တွေးတောရင်း အေးစက်လှသော နတ်သမီး၏ မျက်နှာတွင် ဝေခွဲရခက်နေသည့် အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ ယခုအခါ လုချန်းနှင့် ဤအခြေအနေအထိ ရောက်ရှိလာပြီ ဖြစ်ရာ သူမအနေနှင့် ခွဲခွာရန် မဖြစ်နိုင်တော့ပဲ အစ်မဖြစ်သူ၏ ခြေရာအတိုင်း နင်းမိနေပြီ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် တစ်စုံတစ်ခုကို လုချန်း အာရုံခံမိပုံရကာ ဒူးထောက်နေရာမှ မတ်တတ်ထရပ်လိုက်ပြီး ယွမ်ယုတိ၏ ကျောက်စိမ်းကဲ့သို့ အေးစက်သော မျက်နှာကို ကြည့်လိုက်၏။ အနည်းငယ် တွန့်နေသော မျက်ခုံးများနှင့် ရှက်သွေးဖြန်းကာ နီမြန်းနေသည့် ပါးပြင်ထက်မှ မလိုလားသည့် အရိပ်အယောင်များကို လုချန်း မြင်လိုက်ရ၏။

လုချန်းက

“ဆရာရဲ့ မျက်နှာက ဘာလို့ ဒီလို အမူအရာ ဖြစ်နေတာလဲ။”

လုချန်းက

“အနှစ်နှစ်ဆယ် မပြည့်ခင်မှာတင် ရှင့်ရဲ့ သတ်ဖြတ်ခြင်းလမ်းစဉ်အပေါ် နားလည်မှုက ပိုနက်ရှိုင်းလာပြီး သတ်ဖြတ်ခြင်းစွမ်းအားကိုလည်း ပိုပြီး ကျွမ်းကျင်လာပြီပဲ။ ဒါကို ဘာလို့ မပျော်မရွှင် ဖြစ်နေရတာလဲ။ ဘယ်သူက ရှင့်ကို စိတ်အနှောင့်အယှက် ပေးနေလို့လဲ။”

လုချန်း၏ မာန်တက်ထောင်လွှားနေသောအမူအရာကို ယွမ်ယုတိ အေးစက်စွာ စိုက်ကြည့်နေမိ၏။ သူ၏စကားများသည် အောင်နိုင်သူတစ်ဦး၏ ကြွေးကြော်သံကဲ့သို့ သူမစိတ်နှလုံးသားထဲ ခံစားနေရသည်။

နောင်တွင်လည်း ဤလူညစ်၏ ရံဖန်ရံခါ အရှက်ခွဲမှုကို ခံရတော့မည်ဟု တွေးမိကာ ယွမ်ယုတိ အလွန် စိတ်မသက်မသာ ဖြစ်သွား၏။ ဤကဲ့သို့သော ခံစားချက်များကို ရပ်တန့်ရန် နည်းလမ်းတစ်ခု သူမ ရှာဖွေရမည် ဖြစ်သည်။

ဘာစကားမှမဆိုပဲ စိုက်ကြည့်နေသော ယွမ်ယုတိကို လုချန်း မြင်လျှင် ဆက်ပြောလိုက်၏။

လုချန်းက ယွမ်ယုတိကို

“တပည့်ရဲ့ အချိန်ခွဲပြီး ကျင့်ကြံပေးမှုက ဆရာ့ကို စိတ်မပျော်မရွှင် ဖြစ်စေတာလား။”

လုချန်းက

“ဒါဆိုရင်တော့ နောက်လာမယ့် ဆယ်နှစ်အတွင်းမှာ ခင်ဗျားအတွက်ပဲ ကျုပ် အစွမ်းကုန် အားစိုက်ပေးပါ့မယ်။ သတ်ဖြတ်ခြင်းလမ်းစဉ်ကို ခင်ဗျား အမြန်ဆုံးနဲ့ အပြည့်အဝ နားလည်အောင် ကျုပ် ကူညီပေးမယ်လေ။”

ယွမ်ယုတိက

“တော်စမ်း။”

ယွမ်ယုတိကပင် ဆက်လက်၍

“ဒီလိုလုပ်ရုံနဲ့ ရှင် ကျွန်မကို အရှက်ခွဲလို့ ရမယ် ထင်နေတာလား။”

လုချန်းက

“ဆရာက ဘာကို ဆိုလိုတာလဲ။ တပည့်က ဆရာ့ကို ဘယ်တုန်းက အရှက်ခွဲခဲ့လို့လဲ။”

ယွမ်ယုတိက

“ရှင် ဆက်မလုပ်ချင်တော့ရင် အခုချက်ချင်း ထွက်သွားနိုင်တယ်။”

ထိုသို့မဖြစ်နိုင်ကြောင်းကို လုချန်း သူ့ဘာသာသူ တွေးလိုက်မိ၏။ သူမကို အပိုင်မဖမ်းရသေးမီ အခုထွက်သွားလျှင် အားထုတ်မှုအားလုံး အလဟဿ ဖြစ်သွားပေလိမ့်မည်။

နတ်သခင် အဆင့်သို့ ရောက်ရှိနေသော ယွမ်ယုတိ၏ စွမ်းအားမှာ သူ၏စွမ်းအားထက် များစွာ သာလွန်နေသည်။ စုံတွဲကျင့်စဉ် ကျင့်ကြံရန်အတွက် သူမ၏ သဘောတူညီချက်ကို သူ လိုအပ်၏။

သတ်ဖြတ်ခြင်းလမ်းစဉ်အတွက်ကြောင့်သာ ယွမ်ယုတိက စုံတွဲကျင့်စဉ်ကို သဘောတူခဲ့ခြင်း ဖြစ်နိုင်သည်။ သတ်ဖြတ်ခြင်းလမ်းစဉ်ကို သူမ အပြည့်အဝ နားလည်သွားပါက နောက်နောင်တွင် ထိတွေ့ ခွင့်ပြုတော့မည် မဟုတ်ပေ။ ထို့ကြောင့် ဤအခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ သူမကို ကိုယ်ဝန်ရအောင် လုပ်ရမည် ဖြစ်၏။

သို့သော်လည်း နတ်သခင်တစ်ဦးကို ကိုယ်ဝန်ရရှိစေရန်မှာ နတ်ဘုရင်တစ်ဦး နတ်သခင်အဆင့်သို့ တက်လှမ်းရသည်ထက်ပင် ခက်ခဲကြောင်းကို လုချန်း ကောင်းစွာ သိထား၏။

လုချန်းက ယွမ်ယုတိကို

“ကျုပ်က အဲဒီလို မပြောပါဘူး။”

ယွမ်ယုတိကို လုချန်း ဆက်၍ မနှောင့်ယှက်တော့ပဲ လကွယ်ဂိုဏ်း၏ အကြောင်းများကို တွေးတောမိသွားရင်း

“လကွယ်ဂိုဏ်းအကြောင်းကို ဆရာ ကြားဖူးလား။”

စကားလမ်းကြောင်း ရုတ်တရက် ပြောင်းသွားသော လုချန်းကို ကြည့်ကာ ယွမ်ယုတိ ခဏခန့် မှင်တက်သွားသော်လည်း မကြာမီ သတိပြန်ဝင်လာပြီး ပြန်မေးလိုက်၏။

ယွမ်ယုတိက

“ဒါကို ရှင် ဘာလို့ မေးရတာလဲ။”

လုချန်းက

“မကြာသေးခင်က ကျုပ် လကွယ်ဂိုဏ်းအကြောင်းကို စုံစမ်းစစ်ဆေးခဲ့တယ်။ တကယ်လို့ လကွယ်ဂိုဏ်းသာ တကယ်ရှိနေမယ်ဆိုရင် ဒါဟာ အရိုင်းနယ်မြေထဲက မဟာအင်အားကြီးအုပ်စု တစ်ခု ဖြစ်ရမယ်။ နတ်သခင်အဆင့်ကို ရောက်ရှိနေတဲ့ ဆရာအနေနှင့် လကွယ်ဂိုဏ်းနဲ့ ထိတွေ့ဆက်ဆံရဖို့က သိပ်မဝေးတော့ဘူး ထင်တယ်။”

ယွမ်ယုတိက

“လကွယ်ဂိုဏ်းနဲ့ ပတ်သက်တဲ့ ကောလာဟလအချို့ကို ကျွန်မ ကြားဖူးပါတယ်။ လကွယ်ဂိုဏ်း တကယ်ရှိမရှိကို ကျွန်မ မသိပေမဲ့ ကျွန်မ အဆင့်တက်တဲ့ နေ့ကစပြီး ကျွန်မထက် မနိမ့်တဲ့ အငွေ့အသက် အမြောက်အမြားကို ခံစားနေရတယ်။ အရိုင်းနယ်မြေက ကျွန်မတို့ အစက ထင်ထားသလို ရိုးရိုးရှင်းရှင်းတော့ မဟုတ်ဘူး။”

အရိုင်းနယ်မြေတွင် နတ်အငွေ့အသက်များ ကျဲပါးပြီး လူသူကင်းမဲ့ကာ မည်သည့် မဟာအင်အားကြီးအုပ်စုမှ ရှိနိုင်မည်မဟုတ်ဟု လျှို့ဝှက်လဝန်းနန်းတော်မှ လူများ အစက တွေးထင်ခဲ့ကြသည်။ သို့သော်လည်း ယခုအခါတွင်တော့ အရိုင်းနယ်မြေ၌ မဟာအင်အားကြီးအုပ်စုများ မရှိခြင်းမဟုတ်ပဲ အားလုံးက ပုန်းကွယ်နေကြခြင်းသာ ဖြစ်ကြောင်း ထင်ရှားလာ၏။

လုချန်းက ယွမ်ယုတိကို

“ဒါဆိုရင်တော့ အဲဒီ အင်အားစုတွေနဲ့ မထိတွေ့ခင်မှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားရမယ် ထင်တယ်။”

ထိုအရာကို ကြားလျှင် ယွမ်ယုတိ ခဏခန့် စဉ်းစားနေမိ၏။ သူမ နတ်သခင်အဆင့်ကို ကျော်လွန်လာသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော်လည်း မည်သည့် နတ်သခင်မှ လာရောက်ခြင်း သို့မဟုတ် ခြိမ်းခြောက်သည့် အငွေ့အသက်များ ထုတ်လွှင့်ခြင်း မရှိခဲ့ပေ။

၎င်းမှာ ထိုနတ်သခင်များအနေနှင့် အရိုင်းနယ်မြေအတွင်း နောက်ထပ် လျှို့ဝှက်လဝန်းနန်းတော်တစ်ခု တိုးလာသည်ကို ဂရုမစိုက်ကြောင်း သက်သေပြနေခြင်း ဖြစ်၏။ အရိုင်းနယ်မြေကို ဆက်လက် မချဲ့ထွင်ပါကတော့ ဧကန်မုချ ထိုသို့ပင် ဖြစ်ပေလိမ့်မည်။

သို့သော် နယ်မြေချဲ့ထွင်လာပါက ထိုနတ်သခင်များ ငြိမ်သက်နေတော့မည် မဟုတ်ပေ။

လျှို့ဝှက်လဝန်းနန်းတော်က နယ်မြေမချဲ့ထွင်သော်လည်း ချင်နိုင်ငံက မချဲ့ထွင်ဟု မဆိုလိုနိုင်ကြောင်းနှင့် လုချန်း၏ ရည်မှန်းချက်ကို ယွမ်ယုတိ ဝေဝါးစွာ ခံစားမိ၏။

ချင်နိုင်ငံ၌ အလွန်အားကောင်းသော ကံစွမ်းအားများ ရှိနေသော်လည်း လက်ရှိတွင် နိုင်ငံမှ ပိုင်ဆိုင်သော နယ်မြေမှာ အလွန်သေးငယ်လှသည်။ ဤကဲ့သို့ သေးငယ်သော နယ်မြေနှင့် လူဦးရေမှာ ပုံမှန်အားဖြင့် နယ်မြေချဲ့ထွင်ခြင်း လမ်းစဉ်သို့သာ ဦးတည်သွားတတ်၏။

နတ်ဘုရား နိုင်ငံတစ်ခု၏ ကံစွမ်းအားတွင် ကြိုတင်သိမြင်နိုင်စွမ်း ရှိ၏။ အစပိုင်း၌ အားနည်းနေသော်လည်း ကံစွမ်းအား အားကောင်းပါက ဖွံ့ဖြိုးတိုးတက်မှု အလားအလာက အလွန်ကြီးမားတတ်သည်။

နတ်ဘုရား နိုင်ငံတစ်ခု၏ ကြီးထွားမှုမှာ နယ်မြေ၊ နတ်အရေအတွက်နှင့် အင်အားတို့အပေါ်တွင် မူတည်နေ၏။ လက်ရှိ ချင်နိုင်ငံ၏ အင်အားအနည်းငယ်က ဤမျှကြီးမားသော ကံစွမ်းအားနှင့် မထိုက်တန်လှပေ။ ထို့ကြောင့် လုချန်း၏ နောင်အနာဂတ် လုပ်ဆောင်ချက်များကို ကြိုတင်ခန့်မှန်းနိုင်၏။

လျှို့ဝှက်လဝန်းနန်းတော်နှင့် ချင်နိုင်ငံတို့မှာ အပြည့်အဝ ဆက်နွှယ်နေသဖြင့် ချင်နိုင်ငံကို ထိခိုက်စေသည့် မည်သည့်အရာမဆို လျှို့ဝှက်လဝန်းနန်းတော်ကိုလည်း သက်ရောက်မှုရှိမည် ဖြစ်ကြောင်း တွေးတောကာ ယွမ်ယုတိ မကျေမနပ် ဖြစ်မိ၏။

ဤလူညစ်သည် အစပိုင်း၌ ကံစွမ်းအား အနည်းငယ်ကိုသာ ငှားရမ်းမည်ဟု ဆိုခဲ့သော်လည်း ယခုအခါ လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံးကို ဆွဲသွင်းလိုက်ပြီ ဖြစ်သည်။ သူမအနေနှင့် ယွမ်ချင်းရှု၏ လမ်းဟောင်းအတိုင်း လျှောက်လှမ်းမိတော့မည်လားဟု ယွမ်ယုတိ သံသယဖြစ်မိ၏။

တစ်နေ့တွင် ထိပ်သီးအင်အားစု အားလုံးက လုချန်းကို ဝိုင်းရံတိုက်ခိုက်လာပါက သူမပါ သူနှင့်အတူ ကစဉ့်ကလျား ပင်လယ်သို့ ထွက်ပြေးရပေလိမ့်မည်။

ထိုသို့တွေးမိသည်နှင့်အမျှ ပိုစွမ်းအားကြီးမားလာရန်သာ ယွမ်ယုတိ အလိုရှိလာ၏။ ယခု သူမ နတ်သခင်အဆင့်သို့ ရောက်ရှိခဲ့သည်မှာ မကြာသေးသဖြင့် နတ်ဧကရာဇ်အဆင့်သို့ မကြာမီ တက်လှမ်းရန်ကတော့ လုံးဝ မဖြစ်နိုင်သေးပေ။

နတ်ဆိုးဧကရာဇ်သည်သာ ထျန်းရန် နတ်ဘုရား နယ်မြေ တစ်ခုလုံးတွင် တစ်ဦးတည်းသော နတ်ဧကရာဇ်အဖြစ် ရှိနေခြင်းက နတ်ဧကရာဇ် အဆင့်ကို ရောက်ရှိရန် မည်မျှ ခက်ခဲကြောင်း သက်သေပြနေသည်။

ကျင့်ကြံခြင်းမှတစ်ဆင့် စွမ်းအားကို တိုက်ရိုက်မြှင့်တင်ရန် မဖြစ်နိုင်ပါက သတ်ဖြတ်ခြင်းစွမ်းအား သို့မဟုတ် အခြားလမ်းစဉ် စွမ်းအားများကို ကျွမ်းကျင်အောင် လုပ်ဆောင်ခြင်းကဲ့သို့သော အခြားနည်းလမ်းများကို အသုံးပြုရမည် ဖြစ်၏။

သို့သော်လည်း အခြားလမ်းစဉ် စွမ်းအားများကို ကျွမ်းကျင်ရန်အတွက် လုချန်းနှင့် စဉ်ဆက်မပြတ် စုံတွဲကျင့်စဉ် ကျင့်ကြံရန် လိုအပ်၏။ မဟုတ်ပါက ထိုလမ်းစဉ်များကို သူမ နားလည်နိုင်မည် မဟုတ်သလို စွမ်းအားများကိုလည်း ထိန်းချုပ်နိုင်မည် မမဟုတ်ပေ။ ဂုဏ်သိက္ခာကြီးမားလှသော နတ်သခင်တစ်ဦး ဖြစ်ပါလျက် လုချန်း၏ ကစားဖက်ဖြစ်နေရခြင်းကို တွေးတောရင်း ယွမ်ယုတိ အလွန် အရှက်ရနေမိ၏။

ထိုအခိုက်အတန့်တွင် ယွမ်ယုတိက အေးစက်စွာ မေးလိုက်၏။

“ရှင် ဘယ်တော့ နယ်မြေချဲ့ထွင်ဖို့ စဉ်းစားထားတာလဲ။”

--

………….

All Chapters