← Chapters

အခန်း ၁၈၂၄

Vol. 122 Ch. 1824

အခန်း ၁၈၂၄

Vol. 122 Ch. 1824

အခန်း (၁၈၂၄ )

ဝူယာနတ်သခင်၏အကြံ

ချင်နတ်ဘုရားနိုင်ငံ အပြင်ဘက်သို့ နယ်ချဲ့လာမည်ကို ယွမ်ယုတိ သိထားပြီးသားဖြစ်၏။ ထိုကိစ္စက အနှေးနှင့်အမြန် ဖြစ်လာမည်သာ ဖြစ်သည်။

ယွမ်ယုတိ၏ မေးခွန်းကို ကြားလျှင် လုချန်းက ပြုံး၍

“ဆရာ ... ကျုပ် အပြင်ဘက်ကို နယ်ချဲ့မယ်ဆိုတာကို ခင်ဗျား ဘယ်လိုသိတာလဲ။”

ယွမ်ယုတိက တည်ငြိမ်သော မျက်နှာပေးဖြင့်

“ချင်နတ်ဘုရားနိုင်ငံရဲ့ အခုလက်ရှိ အင်အားက ဒီလောက်များပြားတဲ့ ကံစွမ်းအားနဲ့ မထိုက်တန်သေးဘူး။”

လျှို့ဝှက်လဝန်းနန်းတော်တွင် သူမကဲ့သို့ နတ်သခင်တစ်ပါး ရှိနေသည်ကို နားလည်ထားရမည်ဖြစ်၏။ လျှို့ဝှက်လဝန်းနန်းတော်သည် အရိုင်းနယ်မြေသို့ ရောက်ရှိမလာခင်ကတည်းက အခြေခိုင်ပြီးသားလည်း ဖြစ်သည်။

သို့သော်လည်း ချင်နတ်ဘုရားနိုင်ငံကတော့ စတင်တည်ထောင်လိုက်ချိန်ကတည်းက ကံစွမ်းအား အလွန် ကြီးမားနေ၏။ ၎င်း၏ ပိုလျှံနေသော ကံစွမ်းအားများသည် လျှို့ဝှက်လဝန်းနန်းတော်ဆီသို့ပင် စီးဝင်လာခဲ့၏။

နတ်သခင်တစ်ပါးမှပင် မရှိသည့် နတ်ဘုရားနိုင်ငံတစ်နိုင်ငံ၏ ကံစွမ်းအားမှာ နတ်သခင်ရှိသည့် နတ်ဂိုဏ်းတစ်ခုထက်ပင် ပို၍ ထူထပ်နေသည်။ ထိုကဲ့သို့သော နတ်ဘုရားနိုင်ငံ၏ နောင်အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု အလားအလာမှာ စိတ်ကူးကြည့်၍ပင် မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ဖွံ့ဖြိုးတိုးတက်လာခြင်းက နယ်ချဲ့လာခြင်းကို ဆိုလိုပြီး နယ်ချဲ့ခြင်းက စစ်ပွဲကို ဆိုလိုခြင်းပင် ဖြစ်၏။ လုချန်း ပြဿနာများ မဖန်တီးမီ သူမထံ၌ စွမ်းအားအလုံအလောက် ရှိနေစေရန်သာ ယွမ်ယုတိ အလိုရှိတော့သည်။ ယခုအခါတွင် သူမသည် ထိုလူညစ်နှင့် တစ်သားတည်း ဖြစ်နေပြီဖြစ်ရာ သူ့အား မောင်းထုတ်ပစ်ရန် မဖြစ်နိုင်တော့ပေ။

နတ်သခင်အဆင့်သို့ ရောက်ရှိရန် လုချန်းက ကူညီပေးခဲ့သဖြင့် သူတို့ကြား၌ ကြီးစွာသော ကံကြမ္မာ အဆက်အနွယ်တစ်ခု ရှိနေပြီဖြစ်၏။ လုချန်း ပြဿနာတက်လျှင် သူမ ဝင်ရောက်ကူညီရမည်မှာ ဧကန်မုချပင်။

ထိုလူညစ်က လျှို့ဝှက်လဝန်းနန်းတော်နှင့် ချင်နတ်ဘုရားနိုင်ငံ၏ ကံစွမ်းအားများကို တစ်ပေါင်းတည်း ချည်နှောင်ထားသည့် အချက်ဆိုလျှင် ထည့်ပြောနေရန်ပင် မလိုတော့ပေ။

လျှို့ဝှက်လဝန်းနန်းတော်အတွက်ဖြစ်စေ၊ သူမကိုယ်တိုင်အတွက်ဖြစ်စေ သူမအနေနှင့် လုချန်းကို ကူညီရမည်သာ ဖြစ်သည်။ အရေးအကြီးဆုံးမှာ သူမသည် လုချန်းကို စွန့်ခွာရန် မစွမ်းသာတော့ကြောင်း မရေမရာ ခံစားနေရခြင်း ဖြစ်၏။ လုချန်း ပေးစွမ်းသည့် လျင်မြန်လှသော စွမ်းအားတိုးတက်ခြင်း ခံစားချက်က သူမကို ကြီးစွာ ဖမ်းစားထားသည်။

လုချန်းနှင့်အတူ စုံတွဲကျင့်စဉ် ကျင့်ကြံသည့် အကြိမ်တိုင်းတွင် သူမ၏ စွမ်းအား အလျင်အမြန် တိုးတက်လာခဲ့ပြီး လုချန်းနှင့် ကျင့်ကြံနေပါက စွမ်းအားများ ဆက်လက်တိုးလာမည်ဟု သူမ ခံစားနေရသည်။ ထို့ပြင် လုချန်းနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံခြင်းက သူမ၏ စွမ်းအားကို မတိုးတက်စေတော့သည့်တိုင် သူမ၏ စိတ်အတွင်း၌တော့ သူနှင့်အတူ ကျင့်ကြံလိုစိတ်များ ရှိနေဆဲပင် ဖြစ်၏။

ထိုနှစ်ပေါင်းနှစ်ဆယ်အတွင်း လုချန်းသည် ဝိညာဉ်ညှို့ဓာတ် ကျမ်းစာကို အမြဲတမ်း လည်ပတ်နေခဲ့သည်တော့ မဟုတ်ပေ။ စုံတွဲကျင့်စဉ် ကျင့်ကြံချိန်ကို ဆွဲဆန့်နိုင်ရန်အတွက် ယွမ်ယုတိ၏ သတ်ဖြတ်ခြင်းလမ်းစဉ် နားလည်တတ်မြောက်မှု အလွန်မမြန်သွားစေရန် အချိန်ဆွဲထားချင်သဖြင့် ရံဖန်ရံခါတွင် ဝိညာဉ်ညှို့ဓာတ် ကျမ်းစာကို ရပ်တန့်ထားလေ့ရှိ၏။

သို့သော်လည်း သူက ဝိညာဉ်ညှို့ဓာတ် ကျမ်းစာကို ရပ်တန့်လိုက်သည့်တိုင်အောင် ရေရှည်စုံတွဲကျင့်စဉ် ကျင့်ကြံလာခဲ့သည့် အလေ့အကျင့်ကြောင့် သူနှင့် ဆက်စပ်နေဆဲဟု ယွမ်ယုတိ ခံစားရကာ စုံတွဲကျင့်စဉ်ကို ဆက်လက်ကျင့်ကြံနေဆဲဟုပင် ထင်မှတ်နေမိ၏။

ယွမ်ယုတိသည် လူအ မဟုတ်ပေ။ သူမ၏ စိတ်ထဲတွင် တစ်စုံတစ်ရာကို အာရုံခံမိနေပြီ ဖြစ်၏။ ဝန်ခံရန်သာ ဝန်လေးနေခြင်း ဖြစ်သည်။ နတ်သခင်တစ်ပါးအနေနှင့် ယောက်ျားမိန်းမ ကိစ္စများတွင် စွဲလမ်းနေခြင်းက သူမအတွက် အရှက်ရဖွယ်ရာပင် ဖြစ်သည်။

လုချန်းက ထိုအခိုက်တွင်

“ချင်နတ်ဘုရားနိုင်ငံက အပြင်ဘက်ကို တကယ်ပဲ နယ်ချဲ့မှာပါ။ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး။”

သူသည် လက်ရှိတွင် ရွှေနတ်အဆင့်၌သာ ရှိနေသေးသော်လည်း သူ့နောက်တွင် ယွမ်ယုတိ ရှိနေ၏။ သူ ပြဿနာတက်လျှင် သူမက ဧကန်မုချ ဝင်ကူမှာကိုလည်း သူ ယုံကြည်သည်။ သို့သော် လုချန်းသည် အခြားသူကို အားကိုးခြင်းထက် သူ၏ စွမ်းအားဖြင့်သာ ဖြေရှင်းလိုသူ ဖြစ်၏။

ယွမ်ယုတိ၏ အပြာရောင်မျက်ဝန်းများကို စိုက်ကြည့်ကာ လုချန်းက

“ဆရာ... တကယ်လို့ တစ်နေ့မှာ ကျုပ် အန္တရာယ်နဲ့ ကြုံလာရရင် ခင်ဗျား ကျုပ်ကို ကူညီမှာလား။”

ယွမ်ယုတိက တွေဝေခြင်းမရှိပဲ ခပ်အေးအေးပင်

“မကူညီဘူး”

ယွမ်ယုတိ၏ အဖြေကို ကြားလျှင် လုချန်း အံ့သြခြင်း မရှိခဲ့ပေ။ ထိုသို့ ဖြေပြီးနောက်တွင် ယွမ်ယုတိ၏ ခန္ဓာကိုယ် ခဏခန့် တောင့်တင်းသွားခဲ့သည်ကို လက်ရှိ ရင်းနှီးကျွမ်းဝင်နေသော အခြေအနေအရ လုချန်း ချက်ချင်းပင် သိလိုက်၏။

ယွမ်ယုတိ လိမ်ညာနေတာ ထင်ရှားလှပေသည်။ အေးစက်လှသော အလှနတ်သမီးပင် ယခု‌တော့ လိမ်ညာလျှင် စိတ်လှုပ်ရှားတတ်နေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် လုချန်း ပြုံးလိုက်မိ၏။

လုချန်းက ဆက်လက်၍

“တကယ်လို့ ကျုပ် သေသွားရင် ဆရာလည်း စွမ်းအားတွေ မြန်မြန် တိုးတက်လာတဲ့ ခံစားချက်ကို ရတော့မှာ မဟုတ်ဘူး။ ချင်းရှုကိုလည်း တွေ့ရမှာ မဟုတ်တော့ဘူးနော်။”

ယွမ်ယုတိက လုချန်းကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီးနောက် သူမ၏ နတ်သခင်အဆင့် ဖိအားများကို ထုတ်ဖော်လိုက်ပြီးနောက် လုချန်း၏ ခါးကို ဖက်တွယ်ကာ သူမအပေါ်သို့ ဖိချလိုက်၏။

ထိုလူညစ်သည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်သင့်၏။

ထိုကဲ့သို့ အဓိပ္ပာယ်မရှိသော စကားများကို ပြောမနေသင့်ပေ။

ထို့နောက် “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို သူမ ထပ်မံလည်ပတ်စေလိုက်၏။ ယွမ်ယုတိက “ဘဝဆိုသည်မှာ အိပ်မက်တစ်ခု” ကို လည်ပတ်လိုက်သည်နှင့် သူတို့၏ ဝိညာဉ်အသိစိတ်များသည် အိပ်မက်ဆန်သော ပန်းပင်လယ်ပြင်ကြီးထဲသို့ ရောက်ရှိသွားကာ ဝိညာဉ်အသိစိတ်ချင်း တိုက်ရိုက်ထိတွေ့မှုကြောင့် လုချန်းလည်း ချက်ချင်းပင် ငြိမ်ကျသွားတော့သည်။

…….

ခမ်းနားသော ကောင်းကင်ခန်းမ။

ချင်းယွမ်နန်းတော်။

နတ်ဘုရင် ချင်းယွမ်သည် သူ၏လက်ထဲရှိ ကျောက်စိမ်းလိပ်ကို ကြည့်ရင်း မျက်မှောင်ကြုတ်ထားကာ မျက်နှာပျက်နေ၏။

နတ်ဘုရင် ချင်းယွမ်က

“ဘယ်လိုဖြစ်လို့ သတင်း အစအနတောင် မရှိရတာလဲ...”

ဟုရေရွတ်လိုက်သည်။

သူတို့သည် လျှို့ဝှက်လဝန်းနန်းတော်နှင့် လုချန်းကို ရှာဖွေရန်အတွက် တပည့်အမြောက်အမြားကို အလယ်ပိုင်းနယ်နှင့် အရှေ့ပိုင်းနယ်သို့ စေလွှတ်ခဲ့သော်လည်း ရလဒ်တစ်ခုမှ မရရှိခဲ့ပေ။ လျှို့ဝှက်လဝန်းနန်းတော်သည် နတ်ဂိုဏ်းငယ်လေးတစ်ခုသာ ဖြစ်သော်လည်း ထိုနန်းတော်သည် အလွန်တရာ ခမ်းနားလှသဖြင့် ၎င်းပေါ်ထွက်လာသည့် မည်သည့်နေရာတွင်မဆို ကောင်းကင်ယံကိုပင် ဖုံးလွှမ်းသွားနိုင်သည်။

ထို့ကြောင့် လျှို့ဝှက်လဝန်းနန်းတော်သာ အရှေ့ပိုင်းနယ် သို့မဟုတ် အလယ်ပိုင်းနယ်တွင် ပေါ်လာခဲ့ပါက သတင်းတစ်စွန်းတစ်စတော့ ရှိနေသင့်သည်။

သူတို့ အရိုင်းနယ်မြေကိုများ ရောက်သွားကြတာလားဟု နတ်ဘုရင် ချင်းယွမ် တွေးတောမိ၏။ ထိုသို့ တွေးမိသော်လည်း နတ်ဘုရင် ချင်းယွမ်သည် ထိုအကြံကို ချက်ချင်းပင် ပယ်ဖျက်လိုက်၏။ ထိုကဲ့သို့ အသုံးမကျသော အရိုင်းနယ်မြေသို့ မည်သူမှ သွားမည်မဟုတ်ကြောင်း သတိရလိုက်၏။

လျှို့ဝှက်လဝန်းနန်းတော်က အဲ့ဒီလောက် မိုက်မဲမည်မဟုတ်ပေ။

အလယ်ပိုင်းနယ်နှင့် အရှေ့ပိုင်းနယ်များသည် အလွန်ကျယ်ပြောလှသည့်အပြင် ထိုနယ်မြေများတွင် မဟာအင်အားကြီးအုပ်စုများ ရှိနေသောကြောင့် ခမ်းနားသော ကောင်းကင်ခန်းမမှ တပည့်များ လှုပ်ရှားရန် ခက်ခဲနေသဖြင့် လျှို့ဝှက်လဝန်းနန်းတော်၏ သတင်းကို မရရှိခြင်းဖြစ်နိုင်ကြောင်း သူ တွေးနေမိသည်။

သို့သော်လည်း လျှို့ဝှက်လဝန်းနန်းတော်ကို ရှာမတွေ့သေးပါက ဝူယာနတ်သခင် အမျက်ထွက်လာနိုင်သည်။

နယ်မြေနှစ်ခုသို့ တပည့်များ ပိုစေလွှတ်ရန် စဉ်းစားနေစဉ်အတွင်း နတ်ဘုရင် ချင်းယွမ်၏ အမြင်အာရုံ ရုတ်တရက် မှောင်အတိ ကျသွားခဲ့ရ၏။ အလင်းပြန်ရလာချိန်တွင်တော့ သူသည် ဝူယာနတ်သခင်၏ အိပ်ဆောင်ထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

အမြင့်ပေတစ်ရာကျော် ရှိသော ပလ္လင်ပေါ်ရှိ ဝူယာနတ်သခင်ကို မြင်လျှင် နတ်ဘုရင် ချင်းယွမ် ချက်ချင်းပင် ထိတ်လန့်သွားကာ

“ဂါရဝပြုပါတယ် ဝူယာနတ်သခင်... ဘယ်လိုအမိန့်မျိုးများ ရှိပါသလဲ။”

ဝူယာနတ်သခင်က ခပ်အေးအေးပင်

“ဒီနေ့အထိ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ သတင်း မရသေးဘူးလား။”

နတ်ဘုရင် ချင်းယွမ်လည်း ချွေးစေးများ ထွက်လာပြီး

“အလယ်ပိုင်းနယ်နဲ့ အရှေ့ပိုင်းနယ်ကို တပည့်ပေါင်း တစ်သောင်းကျော် စေလွှတ်ထားပါတယ်။ မကြာခင် သတင်းရမယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ။”

ဝူယာနတ်သခင်က

“အသုံးမကျတဲ့လူတွေ”

ဟုဆိုကာ နှာခေါင်းရှုံ့လိုက်၏။

ထိုသို့ ဆူပူကြိမ်းမောင်းပြီးနောက် ဝူယာနတ်သခင်လည်း နတ်ဘုရင် ချင်းယွမ်ကို ဆက်လက် အခက်မတွေ့စေတော့ပဲ နောက်တစ်ခဏတွင် နတ်ဘုရင် ချင်းယွမ်ကို ပြန်လည်ပို့ဆောင်လိုက်သည်။

နတ်ဘုရင် ချင်းယွမ် ပြန်သွားပြီးနောက် ဝူယာနတ်သခင်က

“လုချန်းကို ရှာဖို့အတွက် တခြားနယ်မြေတွေရဲ့ အကူအညီကို ယူရမယ့်ပုံပဲ”

ဟု သူ့ဘာသူ တိုးတိုးလေး ရေရွတ်လိုက်၏။

အစက လုချန်း၏ လျှို့ဝှက်ချက်ကို တစ်ဦးတည်း သိမ်းပိုက်ထားရန် ဝူယာနတ်သခင် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မြောက်ပိုင်းနယ်၏ အခြေအနေမှာ ပိုမိုဆိုးရွားလာကာ နတ်ဆိုးဧကရာဇ်၏ နဝမကောင်းကင်တက္ကသိုလ်ကလည်း လျင်မြန်စွာ နယ်ချဲ့လာနေ၏။ မြောက်ပိုင်းနယ်တစ်ခုလုံးကို နဝမကောင်းကင်တက္ကသိုလ် သိမ်းပိုက်ရန် အချိန်အများကြီး လိုတော့မည်မဟုတ်ပေ။

လုချန်း ထုတ်ဖော်နိုင်သော စွမ်းအားသည် ဝိညာဉ်ဆိုး နတ်ဘုရင်ကို နှိမ်နင်းနိုင်သကဲ့သို့ ကောင်းကင်နတ်ဆိုးတပ်မတော်ကိုလည်း နှိမ်နင်းနိုင်လိမ့်မည်ဟု ဝူယာနတ်သခင် တွေးလိုက်၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နတ်ဆိုးစွမ်းအားသည် မိစ္ဆာစွမ်းအားနှင့် ဆင်တူပြီး ပို၍ အဆင့်မြင့်မားသော စွမ်းအားတစ်ရပ်ဟု ယူဆရသောကြောင့်ပင်။

ထို့နောက် ဝူယာနတ်သခင်သည် အလယ်ပိုင်းနယ်နှင့် အရှေ့ပိုင်းနယ်ရှိ မဟာအင်အားကြီးအုပ်စုများထံသို့ လုချန်းကို ရှာဖွေရာတွင် ကူညီပေးရန်နှင့် လုချန်း၏ စွမ်းအားက မိစ္ဆာစွမ်းအားကို နှိမ်နင်းနိုင်ကြောင်း ဖော်ပြထားသည့် စာတစ်စောင်ကို မကြာမီပင် ရေးသားလိုက်၏။ အလယ်ပိုင်းနယ်နှင့် အရှေ့ပိုင်းနယ်ရှိ မဟာအင်အားကြီးအုပ်စုများ ထိုသတင်းကို သိသွားသည်နှင့် လုချန်း၏ စွမ်းအားနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်များကို စိတ်ဝင်တစား ရှိလာကြမည်ဟု သူ ယုံကြည်နေသည်။

……

လျှို့ဝှက်လဝန်းနန်းတော်။

ယွမ်မုန့်ခန်းမ။

ခုနစ်ရောင်ခြယ် ဝတ်စုံကို ဝတ်ဆင်ထားသော နတ်သခင် ယွမ်မုန့်သည် လက်ထဲရှိ ကျောက်စိမ်းလိပ်ကို ကြည့်ကာ အတွေးထဲနစ်မြောနေ၏။

ကစဉ့်ကလျား ပင်လယ်ထဲမှ ပြန်လာပြီး လုချန်း အခွင့်အရေးများစွာ ရနိုင်ကြောင်း သူမ သိထားသော်လည်း မိစ္ဆာစွမ်းအားများကို နှိမ်နင်းနိုင်သည့် နည်းလမ်းတစ်ခုကို တတ်မြောက်ထားလိမ့်မည်ဟုတော့ မထင်မှတ်ထားခဲ့ပေ။ သူတို့၏ လျှို့ဝှက်လဝန်းနန်းတော်တွင်လည်း လက်ရှိတွင် ချိပ်ပိတ်ခံထားရသည့် နတ်ဧကရာဇ်တစ်ပါး ရှိနေသောကြောင့် နတ်ဆိုးဧကရာဇ်ကို သူမ အစကတည်းက သိပ်ဂရုမစိုက်ခဲ့သည်။

သို့သော်လည်း နတ်ဆိုးဧကရာဇ်၏ ကောင်းကင်နတ်ဆိုးတပ်မတော်သည် အဆီးအတားမဲ့ တိုးတက်လာကာ မြောက်ပိုင်းနယ်ရှိ မဟာအင်အားကြီးအုပ်စုဖြစ်သော နဂါးပြာခန်းမကိုပင် ဆုတ်ခွာသွားစေခဲ့ရာ နတ်သခင် ယွမ်မုန့်လည်း ကြီးမားလှသော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရ၏။

သူတို့၏ နတ်ဧကရာဇ် ဒုတိယဘဝ ပြန်လည်ရရှိရန်အတွက် အချိန်လိုအပ်နေသေးသည်။ နတ်ဧကရာဇ် ယူလန် ဒုတိယဘဝ မရရှိမီ ကောင်းကင်နတ်ဆိုးတပ် ရောက်ရှိလာပါက ပြဿနာတက်နိုင်သည်။

လုချန်းနှင့် ကောင်းကောင်းစကားပြောရန် အချိန်တန်ပြီဟု နတ်သခင် ယွမ်မုန့် တွေးလိုက်၏။

--

………

All Chapters