← Chapters

အခန်း ၁၈၂၅

Vol. 122 Ch. 1825

အခန်း ၁၈၂၅

Vol. 122 Ch. 1825

အခန်း( ၁၈၂၅ )

အတင့်ရဲလွန်းသူ

ရှုကျင့်ရှူး၏ ဝမ်းဗိုက်ထဲရှိ မမွေးဖွားသေးသော ကလေးသည် လုချန်း၏ သွေးသားဖြစ်ကြောင်း တွေးမိလျှင် ထိုကိစ္စ အတန်ငယ် ခက်ခဲလာကြောင်း နတ်သခင် ယွမ်မုန့် ခံစားလိုက်ရ၏။ လုချန်းတွင် ကြီးမားသော ကံစွမ်းအားများ ရှိသည့်အပြင် ကစဉ့်ကလျား ပင်လယ်မှ ရရှိခဲ့သော အခွင့်အရေးများကြောင့်လည်း သူ၏ နောင်အနာဂတ် အောင်မြင်မှုများမှာ ဧကန်မုချ ထူးခြားဆန်းပြားပေလိမ့်မည်။

သူ၏ ကလေးကို နတ်ဧကရာဇ် ယူလန်၏ ခန္ဓာကိုယ်အဖြစ် အသုံးပြုခဲ့မည်ဆိုလျှင် နောင်တစ်ချိန်တွင် လုချန်း သိသွားပါက ပြဿနာတက်နိုင်သည်။

ယခင်ကတော့ လုချန်း ကြီးထွားလာမှုအပေါ် သူမ စိုးရိမ်ပူပန်ခြင်း မရှိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် နတ်ဧကရာဇ် ယူလန် ဒုတိယဘဝ ပြန်လည်ရရှိသွားသည်နှင့် လုချန်း၏ ပါရမီ မည်မျှပင် ကောင်းစေကာမူ သို့မဟုတ် ကံစွမ်းအား မည်မျှပင် ထူထပ်စေကာမူ နတ်ဧကရာဇ်တစ်ပါး၏ ရှေ့မှောက်တွင် မည်သည့်ပြဿနာမှ ဖန်တီးနိုင်မည်မဟုတ်ဟု သူမ ယူဆထားသောကြောင့် ဖြစ်သည်။

သို့သော်လည်း ဝူယာနတ်သခင်ထံမှ စာက နတ်သခင် ယွမ်မုန့်ကို သတိပေးချက်တစ်ခု ဖြစ်စေခဲ့သည်။ အကယ်၍ လုချန်းထံ၌ မိစ္ဆာစွမ်းအားများကိုပင် နှိမ်နင်းနိုင်သော နည်းလမ်းရှိသည်ဆိုလျှင် ဝိညာဉ်ကူးပြောင်းဝင်စားခြင်းကို တားဆီးနိုင်သည့် နည်းလမ်းမျိုးကော မရှိနိုင်ဘူးလား။

ဝိညာဉ်ကူပြောင်းခြင်းဆိုသည်မှာလည်း အစကတည်းကပင် မိစ္ဆာနည်းလမ်းတစ်ခုအဖြစ် သတ်မှတ်ထားခြင်း မဟုတ်ပါလား။

ထို့ပြင် အရေးအကြီးဆုံးအချက်မှာ လျှို့ဝှက်လဝန်းကျောင်းတော်သည် ယခုအခါတွင် ကောင်းကင်နတ်ဆိုးတပ်ကို ရင်ဆိုင်ရန်အတွက် လုချန်း၏ စွမ်းအားကို လိုအပ်နေခြင်းပင်။

အကယ်၍ မြောက်ပိုင်းနယ်သာ ကျဆုံးသွားပါက နတ်ဆိုးဧကရာဇ်၏ ကောင်းကင်နတ်ဆိုးတပ်သည် တောင်ဘက်သို့ ဧကန်မုချ ချီတက်လာမည်ဖြစ်ပြီး နောက်ထပ်ပစ်မှတ်က အလယ်ပိုင်းနယ် ဖြစ်လိမ့်မည်။

ထိုစစ်ပွဲသည် နှစ်ပေါင်းတစ်ထောင်ခန့် ကြာမြင့်နိုင်သော်လည်း နတ်များအတွက်တော့ နှစ်တစ်ထောင်ဆိုသည်မှာ မျက်စိတစ်မှိတ်အတွင်းသာ ဖြစ်၏။ နှစ်ပေါင်းတစ်ထောင်သာ အချိန်ရမည်ဆိုလျှင် နတ်ဆိုးတပ် လျှို့ဝှက်လဝန်း ကျောင်းတော်သို့ မရောက်ရှိမီ နတ်ဧကရာဇ် ယူလန်အနေနှင့် ဝိညာဉ်ကူးပြောင်းခြင်း အောင်မြင်နိုင်မည် မဟုတ်တော့ကြောင်း သူမ စိုးရိမ်နေမိသည်။

ထိုအခိုက်တွင် နတ်သခင် ယွမ်မုန့်က နတ်သခင် ကောင်းကင်ထံသို့ နတ်အာရုံဖြင့် တိုက်ရိုက်ဆက်သွယ်ကာ

“ညီမလေး ... ချန်းလုကို ကျွန်မဆီ လာခိုင်းလိုက်ပါ”

လုချန်းသည် အမည်ခံအားဖြင့် နတ်သခင် ကောင်းကင်၏ တပည့်ဖြစ်သောကြောင့် သူ့ကို မခေါ်ယူမီ နတ်သခင် ကောင်းကင်ကို ဦးစွာ အသိပေးမှသာ သင့်လျော်၏။

နတ်သခင် ယွမ်မုန့်က ချန်းလုကို ရှာနေကြောင်း ကြားလျှင် နတ်သခင် ကောင်းကင်စိတ်ထဲ သိချင်စိတ် ဖြစ်မိသော်လည်း ထပ်မမေးတော့ပဲ လုချန်းထံသို့

“ချန်းလု ... ကျောင်းတော်သခင်က ရှင့်ကို တွေ့ချင်နေတယ် ယွမ်မုန့်ခန်းမကို သွားလိုက်ပါဦး”

ဟု ချက်ချင်းပင် နတ်အာရုံဖြင့် ပြောလိုက်၏။

နတ်သခင် ကောင်းကင်၏ စကားကို ကြားလျှင် ယွမ်ယုတိကို ပွေ့ဖက်ထားသော လုချန်း သတိပြန်ဝင်လာ၏။ ယွမ်ယုတိနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံနေခဲ့သည့် အချိန်ကတည်းက လျှို့ဝှက်လဝန်းနန်းတော်ရှိ သူ၏ကိုယ်ပွား ငြိမ်နေခဲ့၏။

အေးစက်လှသော အလှနတ်သမီး ယွမ်ယုတိက ပေးစွမ်းသည့် ခံစားချက်မှာ ပြင်းထန်လှသဖြင့် လုချန်းအနေနှင့် တစ်ချိန်တည်းတွင် အလုပ်နှစ်ခု လုပ်ရန် ခက်ခဲနေသောကြောင့်ဖြစ်သည်။

လုချန်းလည်း သူ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး နတ်သခင် ယွမ်မုန့် သူ့ကို ဘာကြောင့် ရှာနေရသနည်းဟု စဉ်းစားနေမိသည်။

ရှုကျင့်ရှူး၏ ဝမ်းဗိုက်ထဲက ကလေးကြောင့်များလား။

လုချန်း ရုတ်တရက် ရပ်တန့်ကာ စဉ်းစားနေသည်ကို မြင်လျှင် ထိုလူညစ် တစ်ချိန်တည်းတွင် အလုပ်နှစ်ခု လုပ်နေပြန်ပြီဖြစ်ကြောင်း ယွမ်ယုတိ သိလိုက်၏။

သူမနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံနေစဉ် စိတ်က တခြားတစ်နေရာသို့ ရောက်နေသည်က ယွမ်ယုတိအတွက် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။

လုချန်းက သတိပြန်ဝင်လာကာ သူ့ကို စိုက်ကြည့်နေသော ယွမ်ယုတိကို မြင်လျှင်

“ဘာလို့ ဆရာက ကျုပ်ကို ဒီလို စိုက်ကြည့်နေရတာလဲ”

ဟု နောက်ပြောင်လိုက်၏။

ယွမ်ယုတိက

“ရှင် တစ်ခုခုကို စဉ်းစားနေတာလား”

ဟု ခပ်အေးအေးပင် မေးလိုက်၏။

လုချန်းက ပြုံး၍

“နတ်သခင် ယွမ်မုန့်က ကျုပ်ကို လာတွေ့ဖို့ ခေါ်နေလို့ပါ”

ဟု တုံ့ပြန်လိုက်သည်။

လုချန်း၏ အဖြေကို ကြားလျှင် ယွမ်ယုတိ အံ့အားသင့်သွား၏။

နတ်သခင် ယွမ်မုန့်တဲ့လား။

သူမ သိနေတဲ့ တစ်ယောက်လား။

ယွမ်ယုတိ သူမ၏ စိတ်ကို ပြန်ထိန်းလိုက်ပြီးနောက်

“ရှင်က လျှို့ဝှက်လဝန်း ကျောင်းတော်မှာလည်း ကိုယ်ပွား ရှိနေတာလား”

ဟု အေးစက်စွာ မေးလိုက်၏။

လုချန်းက

“ဟုတ်တယ်”

ယွမ်ယုတိ လုချန်းကို စကားလုံးမဲ့စွာ ကြည့်လိုက်မိ၏။

ထိုလူညစ်သည် တကယ်ပင် သတ္တိကောင်းလှသည်။

လျှို့ဝှက်လဝန်း ကျောင်းတော်ထဲတွင် ကိုယ်ပွားကို ထည့်သွင်းထားရဲသည်အထိပင် သတ္တိကောင်း‌နေခြင်းဖြစ်၏။

သူ တကယ်တမ်း ဘာတွေ ကြံစည်နေသနည်း။

ယွမ်ယုတိက ဆက်လက်၍

“နတ်သခင် ယွမ်မုန့်က ရှင့်ရဲ့ သရုပ်မှန်ကို သိလား”

လုချန်းက

“သူက ကျုပ်ကို မြင်မြင်ချင်း လုချန်းဆိုတာ သိသွားတာ။”

ယွမ်ယုတိက သိချင်စိတ်ဖြင့်

“သူက ရှင့်ကို အရေးမယူဘူးလား”

ဟု မေးပြန်၏။

လုချန်းသည် လျှို့ဝှက်လဝန်းနန်းတော်၏ ပထမဆုံး သူတော်စင်မကို ခေါ်ယူထွက်ပြေးခဲ့သူ ဖြစ်သောကြောင့် နတ်သခင် ယွမ်မုန့်အနေနှင့် လုချန်းအပေါ် ကောင်းသော ခံစားချက် ရှိမည်မဟုတ်ဟု ယူဆရသည်။

လုချန်းက

“မလုပ်ပါဘူး။ ပြီးတော့ ကျုပ်က အခု နတ်သခင် ကောင်းကင်ရဲ့ တပည့်ရင်း ဖြစ်နေပြီ။”

ဒါက......

ခဏခန့် ယွမ်ယုတိ စကားပြောရန်ပင် မေ့သွားရ၏။

နတ်သခင် ကောင်းကင်၏ တပည့်ရင်း ဖြစ်သည်ဆိုလျှင် သူမက လုချန်းရဲ စီနီယာအစ်မ ဖြစ်နေပြီ။

ထိုအခိုက်တွင် လုချန်းက ရယ်မောရင်း

“ဘာလို့ ဆရာက ဒီလောက် အံ့သြနေရတာလဲ။ ကျုပ် ပြောပြခဲ့ဖူးတယ် ထင်တာပဲ။ ကျုပ် မေ့သွားတာလည်း ဖြစ်နိုင်ပါတယ်။”

ယွမ်ယုတိကတော့ လုချန်းကို ဘာမှမပြောပဲ အေးစက်စွာ စိုက်ကြည့်နေဆဲဖြစ်၏။ ထိုစဉ် လုချန်းက ဆက်လက်၍

“ဒါနဲ့ ... ဆရာက နတ်သခင် ကောင်းကင်ရဲ့ တပည့်ရင်းဖြစ်ပြီး ကျုပ်ကလည်း သူ့ရဲ့ တပည့်ရင်းပဲဆိုတော့... အဲ့ဒီဆက်စပ်မှု အရဆိုရင် ဆရာ့ကို ကျုပ်ရဲ့ စီနီယာအစ်မလို့ သတ်မှတ်လို့ ရတာပေါ့။”

ယွမ်ယုတိသည် ဘာမှမပြောပဲ ထိုလူညစ်ကို အေးစက်သော မျက်နှာပေးဖြင့်သာ ကြည့်နေမိသည်။ ဘာကြောင့်မှန်းမသိသော်လည်း သူမ၏ စိတ်ထဲတွင် မကောင်းသော အငွေ့အသက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရ၏။

ယခု သူမသည် လုချန်း၏ သဘာဝကို နားလည်ထားပြီးဖြစ်သလို လုချန်း လျှောက်လှမ်းနေသော လမ်းစဉ်မှာလည်း မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ် ဖြစ်ကြောင်း သိထားသည်။ ယခု လုချန်း လျှို့ဝှက်လဝန်း ကျောင်းတော်တွင် ရှိနေသည်ဆိုပါက သူသည် ကျောင်းတော်ထဲက တခြားသော နတ်သမီးတစ်ပါးပါးကို ပစ်မှတ်ထားနေပြီဟု သူမ သံသယဝင်မိသည်။

လုချန်းသည် သူမ၏ တပည့်ဖြစ်ပြီးနောက် သူမ၏ စည်းများကို ဖြည်းဖြည်းချင်း ကျော်ဖြတ်ကာ သူမကို သူ၏ အရုပ်တစ်ခုကဲ့သို့ ပြုမူခဲ့ပုံကို ပြန်တွေးမိလျှင် ယွမ်ယုတိ သတိဝင်လာ၏။

ဒီလူညစ်က နတ်သခင် ကောင်းကင်ကိုများ ရည်ရွယ်နေတာလား။

သူမသည် လျှို့ဝှက်လဝန်းနန်းတော်မှ ထွက်ခွာခဲ့သော်လည်း “တစ်ခါ ဆရာဖြစ်ဖူးလျှင် ထာဝရ ဆရာဖြစ်သည်” ဆိုသကဲ့သို့ပင် သူမသည် နတ်သခင် ကောင်းကင်ကို သူမ၏ ဆရာအဖြစ် စစ်မှန်စွာ အသိအမှတ်ပြုထားသူ ဖြစ်သည်။

လုချန်းက သူမ၏ ဆရာကိုပင် မဖွယ်မရာ ကြံစည်ရဲသည်ဟု တွေးမိလျှင် ယွမ်ယုတိ၏ ရင်ထဲတွင် အမည်မဖော်ပြနိုင်သော ဒေါသများ တောက်လောင်လာ၏။ ထိုလူကို သူ တကယ်ပဲ အပိုင်းပိုင်းဖြတ်ပစ်ချင်မိသည်။

သို့သော်လည်း ထိုလူ့ထံ၌ ကိုယ်ထည်များစွာ ရှိနေသဖြင့် တစ်ခုကို ပိုင်းဖြတ်လိုက်လျှင်ပင် သူ့အတွက် ထိခိုက်မှု အများကြီး ရှိလိမ့်မည်မဟုတ်ပေ။

ယွမ်ယုတိက သူ့ကို အေးစက်စွာ စိုက်ကြည့်နေပြီး ဘာမှမပြောသည်ကို မြင်လျှင် သူ လျှို့ဝှက်လဝန်းနန်းတော်တွင် နေထိုင်သည့် ရည်ရွယ်ချက်အချို့ကို သူမ ရိပ်မိသွားပြီဖြစ်ကြောင်း လုချန်း သိလိုက်၏။

ထို့နောက် သူက

“ဆရာ ... တခြားကိစ္စ မရှိတော့ဘူးဆိုရင် ကျုပ်ရဲ့ ကိုယ်ပွားကို ယွမ်မုန့်ခန်းမကို သွားခိုင်းလိုက်တော့မယ်။”

ယွမ်ယုတိက သတိပြန်ဝင်လာပြီး

“ရှင် နတ်သခင် ကောင်းကင်နဲ့ အိပ်ချင်နေတာလား”

ဟု တိုက်ရိုက်ပင် အေးစက်စွာ မေးလိုက်၏။

ယွမ်ယုတိ၏ ပြတ်သားလှသော စကားများကို ကြားလျှင် မျက်နှာပြောင်လှသော လုချန်းပင် ခဏခန့် လန့်သွားရ၏။

ထို့နောက် လုချန်းက ပြုံး၍

“ဆရာကလည်း ဘာတွေ ပြောနေတာလဲ။ ကျုပ်က ဆရာသမားကို စော်ကားမယ့် လူစားမျိုးလား။”

ယွမ်ယုတိက မျက်နှာသေဖြင့်

“ရှင်က အဲ့ဒီလို လူစားမျိုးပဲ”

သူမကိုပင် အပြတ်အသတ် သိမ်းပိုက်ခဲ့ပြီးပြီဖြစ်ရာ သူ ဘာကိုမှ မလုပ်ရဲမည် မဟုတ်ပေ။

သူသည် ရွှေနတ်အဆင့်မှာတင် နတ်သခင်တစ်ပါးဖြစ်သော သူမနှင့် အိပ်ခဲ့သူ ဖြစ်သည်။

အကယ်၍ လုချန်း၏ ကျင့်ကြံမှုအဆင့် ထပ်မံတိုးတက်လာပြီး နတ်ဘုရင်အဆင့်သို့ ရောက်သွားပါက နတ်သခင် ကောင်းကင်နှင့် အိပ်ရန်မှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ။ အထူးသဖြင့် သူ၏ များပြားလှသော နည်းလမ်းများဖြင့် ဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ လုချန်းတွင် အခြားသူများ၏ စွမ်းအားနှင့် လမ်းစဉ်အပေါ် နားလည်သဘောပေါက်မှုကို မြှင့်တင်ပေးနိုင်သော စုံတွဲကျင့်စဉ် ရှိနေခြင်း ဖြစ်၏။

အကယ်၍ နတ်သခင် ကောင်းကင်သည် လုချန်းကို မနှစ်သက်စေဦးတော့ လုချန်းက ထိုကဲ့သို့သော ကျင့်စဉ်ကို ထုတ်ပြလိုက်ပါက သူမသည်လည်း လုချန်းနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံရန် ရွေးချယ်မိကောင်း ရွေးချယ်မိပေလိမ့်မည်ဟု ယွမ်ယုတိ ယုံကြည်နေသည်။

လုချန်းနှင့် တစ်ကြိမ်မျှ စုံတွဲကျင့်စဉ် ကျင့်ကြံပြီးပါက နတ်သခင် ကောင်းကင်အနေနှင့်လည်း ကြာရှည်စွာ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

အဆင့်မြင့်လာသည်နှင့်အမျှ ကျင့်ကြံမှု တိုးတက်ရန် ပို၍ ခက်ခဲလာတတ်သည်။ အထူးသဖြင့် နတ်သခင်အဆင့်သို့ ရောက်ရှိပြီးနောက်တွင် အနည်းငယ်မှ တိုးတက်ရန်ပင် အလွန်ခက်ခဲလှ၏။ ထို့ကြောင့် နတ်သခင်အဆင့်တွင် စွမ်းအားမြှင့်တင်ရန်အတွက် အဆင့်မြင့်နတ်နိယာမများကို ကျင့်ကြံခြင်း သို့မဟုတ် နတ်လက်နက်များကို အသုံးပြုခြင်းတို့ လိုအပ်သည်။

သို့သော် အဆင့်မြင့် နတ်နိယာမများနှင့် လက်နက်များသည် အလွယ်တကူ ရနိုင်သည့် အရာများ မဟုတ်ပေ။ ထို့ကြောင့် လုချန်းနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံရုံမှဖြင့် အခြားသော လမ်းစဉ်ကြီးများအပေါ် နားလည်မှု ပိုမိုရရှိကာ စွမ်းအားများကို များစွာ တိုးတက်စေနိုင်ခြင်းမှာ မည်သည့် နတ်သခင်အတွက်မဆို ကြီးမားလှသော ဆွဲဆောင်မှုတစ်ခု ဖြစ်ပေလိမ့်မည်။

နတ်သခင်အဆင့်သို့ ရောက်ရှိသွားသော နတ်များ၏ ခံယူချက်သည် လူသားတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ အမြင်များနှင့် ကွဲပြားသွားကြပြီ ဖြစ်သည်။ လုချန်းနှင့် အိပ်စက်ရုံမျှဖြင့် စွမ်းအားများ တိုးတက်လာနိုင်သည်ဆိုခြင်းက အခွင့်အရေးကောင်းတစ်ခုပင် မဟုတ်ပါလား။

--

………….

All Chapters