အခန်း ၁၈၂၉
Vol. 122 Ch. 1829
အခန်း (၁၈၂၉)
ဆရာလို့ခေါ်ပါ
နတ်သခင် ယွမ်မုန့်၏ အသံလွှင့်ချက်ကို ကြားလျှင် လုချန်း သတိပြန်ဝင်လာ၏။ သူ့ကို ပြန်ပို့ပေးခဲ့သူမှာ နတ်သခင် ယွမ်မုန့်ပင် ဖြစ်ရာ သူတို့ ဘာလုပ်နေကြသည်ကို သူမ သိနေတာ ထင်ရှား၏။
လျှို့ဝှက်လဝန်း ကျောင်းတော်မှ အမျိုးသမီးအားလုံး သူ အလုပ်လုပ်နေသည်ကို ချောင်းကြည့်ရသည်ကို ဝါသနာပါပုံ ရကြ၏။
သို့သော် လုချန်းကတော့ ချောင်းကြည့်ခံရခြင်းကို အနည်းငယ်မှ ဂရုမစိုက်ပေ။
မြင်သွားလျှင်လည်း သူအရေးမထားပေ။
ရှုကျင့်ရှူးသည် သူ့မိန်းမဖြစ်ပြီး ထိုသို့သောကိစ္စများ ပြုလုပ်ကြတာ ပုံမှန်ပင် ဖြစ်၏။
လျှို့ဝှက်လဝန်း နန်းတော်သို့ ပြန်ရောက်ပြီးနောက် လုချန်းသည် သူ၏ခန္ဓာကိုယ်ကို တရားထိုင်သည့် အခြေအနေသို့ တစ်ဖန် ပြန်သွင်းလိုက်ပြီး သူ့အာရုံကို ထိုခန္ဓာကိုယ်ဆီသို့ ပြန်လှည့်လိုက်၏။
ထိုအခိုက်အတန့်တွင် ယွမ်ယုတိ၏ မွှေးပျံ့သော ပုခုံးပေါ်သို့ လုချန်း မှီတွယ်နေ၏။ သူတို့၏ ခန္ဓာကိုယ်များမှာလည်း တစ်ဦးနှင့်တစ်ဦး ထိကပ်နေကြကာ ယွမ်ယုတိကတော့ သူမ၏ လှပသော မျက်ဝန်းများကို မှိတ်၍ သတ်ဖြတ်ခြင်း လမ်းစဉ်ကို နားလည်သဘောပေါက်ရန် ကြိုးစားနေလေသည်။
ထိုစဉ် သူမ ရှိရာနေရာ၌ လှုပ်ရှားမှုတစ်ခုကို ယွမ်ယုတိ ရုတ်တရက် အာရုံခံမိလိုက်၏။ ဤလူရှုပ် တစ်နေရာတွင် အလုပ်ကိစ္စများ ပြီးစီးသွားပြီဖြစ်ကြောင်း ယွမ်ယုတိ ချက်ချင်း သိလိုက်၏။
ယွမ်ယုတိက မျက်လုံးများကို ဖွင့်လိုက်ပြီး အေးစက်စက် လေသံဖြင့်
“ရှင် ပြီးပြီလား”
လုချန်းက
“အင်း...”
ထို့နောက် သူ၏ အလုပ်များကို ဆက်လက် လုပ်ဆောင်နေ၏။ ယွမ်ယုတိက
“နတ်သခင် ယွမ်မုန့်က ရှင့်ကို ဘာကိစ္စနဲ့ ခေါ်တာလဲ”
လုချန်းက
“မိစ္ဆာစွမ်းအားကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းသူ့ကို ပေးဖို့ ပြောနေတာ။”
ထိုအရာကို ကြားလျှင် တောင်ပိုင်းနယ်၌ ရှိစဉ်က မိစ္ဆာ နတ်ဘုရင် သုံးပါးကို လုချန်း တစ်ယောက်တည်းနှင့် အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့တာကို ယွမ်ယုတိ ရုတ်တရက် သတိရသွား၏။
သူသည် မိစ္ဆာစွမ်းအားကို နှိမ်နင်းရန် တစ်စုံတစ်ရာသော နည်းလမ်းကို အသုံးပြုခဲ့ပုံရသည်။ ထို့ကြောင့်ပင် ထိုမိစ္ဆာ နတ်ဘုရင် သုံးပါး သူ့ကို ယှဉ်နိုင်ခြင်း မရှိခဲ့ကြခြင်း ဖြစ်၏။
သို့သော်လည်း မိစ္ဆာစွမ်းအားကို နှိမ်နင်းနိုင်သည့် နည်းလမ်း လုချန်းထံတွင် ရှိနေတာကို နတ်သခင် ယွမ်မုန့်က မည်သို့ သိသွားသနည်း။
ယွမ်ယုတိက
“သူက ဘယ်လို သိသွားတာလဲ”
လုချန်းက
“ခမ်းနားသော ကောင်းကင်ခန်းမက ကျုပ်ကို ဆုငွေထုတ်ပြီး ရှာနေတာလေ။ နတ်သခင် ယွမ်မုန့်ဆီကိုတောင် စာပို့လိုက်သေးတယ်။”
ခမ်းနားသော ကောင်းကင်ခန်းမသည် အခြားသော နယ်ပယ်များမှ မဟာအင်အားကြီးအုပ်စုများကိုပါ လုချန်းကို ရှာဖွေရာတွင် ဝိုင်းဝန်း ကူညီပေးစေလိုပုံရသည်ဟု ယွမ်ယုတိ တွေးတောမိသွား၏။
ယွမ်ယုတိက
“အဲဒီနည်းလမ်းကို လျှို့ဝှက်လဝန်း ကျောင်းတော်ကို ပြောပြလိုက်ပြီလား”
လုချန်းက ပြုံးလျက်
“မပြောပါဘူး။ ဒါက ခမ်းနားသော ကောင်းကင်ခန်းမက ကျုပ်ကို ရှာဖို့အတွက် လုပ်ကြံဖန်တီးထားတဲ့ အကြောင်းပြချက်ပဲလို့ ကျုပ် ပြောလိုက်တယ်။”
ယွမ်ယုတိက
“သူတို့က မိစ္ဆာစွမ်းအားကို နှိမ်နင်းတဲ့ နည်းလမ်းကို ဘာအတွက် လိုချင်နေကြတာလဲ။”
လုချန်းက
“မြောက်ပိုင်းနယ်က နတ်ဆိုးတပ်မတော်ကို ရင်ဆိုင်ဖို့လေ။ မိစ္ဆာစွမ်းအားနဲ့ နတ်ဆိုးစွမ်းအားမှာ ဆင်တူတဲ့ အချက်တွေ ရှိတယ်။ ကျုပ်ရဲ့ စွမ်းအားက မိစ္ဆာနတ်တွေကို ရင်ဆိုင်နိုင်ရင် မြောက်ပိုင်းနယ်က နတ်ဆိုးတွေကိုလည်း ကိုင်တွယ်နိုင်မယ်လို့ သူတို့ ထင်နေကြတာ။”
ယွမ်ယုတိက
“ရှင် သုံးတဲ့ အစွမ်းက နတ်ဆိုးတွေကို တကယ်ပဲ ရင်ဆိုင်နိုင်လို့လား။”
မြောက်ပိုင်းနယ်၏ အခြေအနေကို ယွမ်ယုတိ အလေးမထားသော်လည်း ထျန်းရန် နတ်ဘုရား နယ်မြေ၏ မဟာမိတ်တပ်ပေါင်းစုသာ နတ်ဆိုးတပ်၏ လက်အောက်တွင် ရှုံးနိမ့်သွားပါက နောင်တစ်ချိန်တွင် ထိုနတ်ဆိုးများသည် သူမတို့၏ လျှို့ဝှက်လဝန်းနန်းတော်သို့ ရောက်ရှိလာနိုင်တာကို သူမ စိုးရိမ်မိ၏။
ထိုအခါတွင် သူမတို့ထံ၌ ခုခံနိုင်စွမ်း ရှိမည် မဟုတ်ပေ။
လုချန်းက ကိုယ်ကို ကြွလိုက်ပြီး ယွမ်ယုတိ၏ အေးစက်မှုနှင့် စူးစမ်းလိုစိတ်များ ရောပြွမ်းနေသော မျက်ဝန်းများကို ငုံ့ကြည့်ကာ ပြုံးလျက်
“ဆရာက သင်ချင်လို့လား”
ယွမ်ယုတိ တိတ်ဆိတ်သွား၏။ အကယ်၍ နတ်ဆိုးများကို နှိမ်နင်းနိုင်မည့် နည်းလမ်း လုချန်းထံတွင် တကယ် ရှိနေပါက သူမ ဧကန်မုချ သင်ယူလိုပေသည်။
တစ်နေ့နေ့တွင် နတ်ဆိုးတပ်သာ အရိုင်းနယ်မြေသို့ ကျူးကျော်လာခဲ့လျှင် သူမ၌ ခုခံနိုင်စွမ်း ရှိနေရန် ဖြစ်၏။ သို့သော်လည်း နတ်ဆိုးတပ် အရိုင်းနယ်မြေသို့ ရောက်ရှိလာသည့် အချိန်တွင် ထျန်းရန် နတ်ဘုရား နယ်မြေ တစ်ခုလုံး နတ်ဆိုးဧကရာဇ်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေလောက်ပြီ ဖြစ်၏။
ထိုအချိန်တွင် ဆက်လက် ခုခံနေခြင်းကလည်း အကျိုးရှိမည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ နတ်ဆိုးစွမ်းအား၏ ဖိနှိပ်ခြင်းကို အမြဲတစေ ခံနေရခြင်းထက် နတ်ဆိုးများကို တန်ပြန်နိုင်သည့် အစွမ်း ရှိနေခြင်းက ပို၍ ကောင်းသည်။
ယွမ်ယုတိထံမှ တုံ့ပြန်မှု မရှိသည်ကို မြင်လျှင် လုချန်း စကားပြောခြင်းကို ရပ်လိုက်ကာ သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြတော့သည်။
ခဏအကြာတွင် ယွမ်ယုတိက
“ရှင်သာ သင်ပေးဖို့ လိုလားတယ်ဆိုရင် ကျွန်မ သင်ယူနိုင်ပါတယ်။”
လုချန်း၏ နည်းလမ်းက နတ်ဆိုးများကို တကယ် နှိမ်နင်းနိုင်ပါက သင်ယူရခြင်းမှာ ထိုက်တန်လှသည်။ ယွမ်ယုတိ၏ စကားကို ကြားလျှင် လုချန်း၏ မျက်နှာပေါ်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လာ၏။
လုချန်းက
“ဒါက နတ်ကျင့်စဉ်တစ်ခုလေ။ ကျုပ်က ခင်ဗျားကို ဒီနတ်ကျင့်စဉ် သင်ပေးလိုက်ရင် သဘောတရားအရ ကျုပ်က ခင်ဗျားရဲ့ ဆရာ ဖြစ်မသွားဘူးလား။”
လုချန်းက
“အရင်ဆုံး ကျုပ်ကို ဆရာလို့ ခေါ်ကြည့်ပါလား။”
လုချန်း၏ စကားကို ကြားလျှင် ယွမ်ယုတိ၏ ခန္ဓာကိုယ်ထံမှ အေးစက်စက် အငွေ့အသက်များ ရုတ်တရက် ထွက်ပေါ်လာကာ သူမ၏ မျက်နှာအမူအရာမှာလည်း အလွန် အေးစက်သွား၏။
သူ သူမကို လှောင်ပြောင်နေခြင်းလားဆိုတာကို သိလိုဟန်ဖြင့် သူမ လုချန်းကို ခပ်အေးအေး စိုက်ကြည့်နေမိ၏။
သို့သော်လည်း လုချန်း၏ မျက်ဝန်းများမှာ အလွန်ပင် တည်ကြည်လေးနက်နေပုံ ရသည်။
ယွမ်ယုတိ တစ်ဖန် ပြန်လည် တိတ်ဆိတ်သွား၏။ သူမသည် ဤလူနှင့် စုံတွဲကျင့်စဉ်များကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးသူ ဖြစ်ရာ သူ့ရှေ့တွင် စွမ်းအားကြီးသူတစ်ဦး၏ သိက္ခာဆိုတာ မရှိတော့ပေ။
နတ်ဆိုးများကို နှိမ်နင်းနိုင်သည့် ပညာရပ်ကို သင်ယူရန် သူ့ကို ဆရာဟု ခေါ်ရခြင်းက အရှုံးမရှိသည့် အလဲအလှယ်တစ်ခုကဲ့သို့ ဖြစ်နေသည်။
ထိုသို့ တွေးတောရင်း ယွမ်ယုတိက အေးစက်သော လေသံဖြင့်
“ဆရာ... ဆရာ...”
သူမ ဂရုမစိုက်ဟု ထင်ထားသော်လည်း ဆရာဟု ခေါ်လိုက်သည့်အခါ သူမ၏ နှုတ်ခမ်းများ တုံ့ဆိုင်းနေသည်။ ယွမ်ယုတိက ဆရာဟု ခေါ်ပြီးနောက် ချက်ချင်းပင်
“အခု ကျွန်မကို သင်ပေးလို့ ရပြီလား”
လုချန်းက
“ဒါပေါ့”
စကားအဆုံးတွင် လုချန်းက ငုံ့လိုက်ပြီး ယွမ်ယုတိ၏ နှုတ်ခမ်းအစုံကို တိုက်ရိုက် နမ်းရှိုက်လိုက်၏။
ယွမ်ယုတိ ရုတ်တရက် မှင်တက်သွား၏။
နတ်ကျင့်စဉ် သင်ပေးမည်ဟု ဆိုထားသည် မဟုတ်ပါလား။
အဘယ်ကြောင့် ထိုသို့ စတင်နေရသနည်း။
ဤလူရှုပ်က ကတိဖျက်ပြီး ထိုသို့ဖြင့် အကြောင်းပြရန် ကြံစည်နေခြင်းလား။
ယွမ်ယုတိ ထိုသို့ တွေးနေစဉ်မှာပင် သူမ၏ စိတ်အာရုံထဲသို့ အမွေအနှစ် မှတ်ဉာဏ်များ စီးဝင်လာသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။
ယွမ်ယုတိ၏ စိတ်နှလုံး ချက်ချင်းပင် တည်ငြိမ်သွားပြီး နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို အာရုံစိုက်၍ နားလည်သဘောပေါက်ရန် ကြိုးစားလိုက်သည်။ ထို့နောက် လုချန်းနှင့် နီးကပ်စွာ ပွေ့ဖက်ထားရင်း နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို သူမ စတင် လေ့ကျင့်လိုက်ရာ ၎င်းသည် ကောင်းကင်အဆင့် နတ်ကျင့်စဉ်တစ်ခု ဖြစ်နေကြောင်း တွေ့ရှိရသဖြင့် သူမ အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။
ကောင်းကင်အဆင့် နတ်ကျင့်စဉ်များမှာ အလွန်ပင် ရှားပါးလှသော်လည်း ထိုသို့သော ကျင့်စဉ်တစ်ခုတည်းနှင့် မိစ္ဆာနတ်များကို ဆန့်ကျင်ရန်နှင့် နတ်ဆိုးစွမ်းအားကို နှိမ်နင်းနိုင်ခြင်းက ယွမ်ယုတိစိတ်ထဲ အနည်းငယ် လက်တွေ့မကျသကဲ့သို့ ခံစားရသည်။
ထိုအခိုက်အတန့်တွင် ယွမ်ယုတိ သူမ မျက်လုံးများကို ဖွင့်လိုက်၏။ ဤနတ်ကျင့်စဉ်ကို အသုံးပြု၍ နတ်ဆိုးများနှင့် တိုက်ခိုက်ဖူးခြင်း ရှိ မရှိ လုချန်းကို မေးလိုသော်လည်း လုချန်းကတော့ တဏှာရာဂများ ဖုံးလွှမ်းနေဟန်ဖြင့် သူမ၏ နှုတ်ခမ်းများကို ပိတ်ဆို့ထားရန် အလုပ်ရှုပ်နေလေသည်။
ယွမ်ယုတိလည်း လုချန်းကို အပိုင်းပိုင်းဖြတ်ပစ်လိုသည့် စိတ်ကို ထိန်းချုပ်ကာ လောလောဆယ်တွင် သူ့သဘောအတိုင်းသာ လွှတ်ထားလိုက်ရ၏။
ခဏအကြာတွင် လုချန်း ရပ်နားလိုက်ပြီး သူတို့၏ နှုတ်ခမ်းများ ကွာသွားသည့်အခါ ယွမ်ယုတိက
“နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာက နတ်ဆိုးစွမ်းအားကို တကယ်ပဲ နှိမ်နင်းနိုင်မှာလား။”
လုချန်းသည် တောင်ပိုင်းနယ်ရှိ မိစ္ဆာနတ် သုံးပါးကို နှိမ်နင်းခဲ့ဖူးသဖြင့် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာသည် မိစ္ဆာစွမ်းအားကို နှိမ်နင်းနိုင်တာတော့ သေချာသည်။
သို့သော်လည်း မိစ္ဆာစွမ်းအားနှင့် နတ်ဆိုးစွမ်းအားက ကွာခြားလှ၏။ နတ်ဆိုးစွမ်းအားသည် သာမန်မိစ္ဆာနတ်များ အသုံးပြုသည့် အစွမ်းထက် ပို၍ ယုတ်မာညစ်ထေးသည်။
နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာသည် မိစ္ဆာစွမ်းအားကို နှိမ်နင်းနိုင်သော်လည်း နတ်ဆိုးစွမ်းအားကိုတော့ နှိမ်နင်းနိုင်မည် မဟုတ်ပေ။ အကယ်၍ လုချန်းသာ သူမကို သူတော်စင်အဆင့် နတ်ကျင့်စဉ်တစ်ခု ပေးခဲ့လျှင် ထိုကျင့်စဉ်က နတ်ဆိုးစွမ်းအားကို နှိမ်နင်းနိုင်သည်ဟု သူမ ယုံကြည်မိကောင်း ယုံကြည်မိပေလိမ့်မည်။
လုချန်းက
“ဒါပေါ့... နှိမ်နင်းနိုင်တာပေါ့”
မည်သို့ပင်ဆိုစေ ၎င်းသည် စနစ်မှ ချီးမြှင့်ထားသည့် နတ်ကျင့်စဉ်တစ်ခု ဖြစ်၏။ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ မရှိလျှင်ပင် ကစဉ့်ကလျား ပင်လယ်၌ သူသင်ယူခဲ့သည့် ကျင့်စဉ်များကလည်း နတ်ဆိုးစွမ်းအားကို နှိမ်နင်းနိုင်သည်။ သို့သော် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာလောက်တော့ ထိရောက်မှု မရှိပေ။
အရေးကြီးဆုံးအချက်မှာ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာသည် ကစဉ့်ကလျား ပင်လယ်မှ ကျင့်စဉ်များနှင့် သိသိသာသာ ကွာခြားနေခြင်း ဖြစ်၏။
အသုံးပြုလိုက်သည်နှင့် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာသည် မိစ္ဆာစွမ်းအားများကို စုပ်ယူ၍ သူ့ဘာသာ ပြန်လည် အာဟာရ ဖြည့်တင်းနိုင်ကာ ထိုမိစ္ဆာစွမ်းအားများ၏ အကူအညီဖြင့် အသုံးပြုသူကို ပို၍ အစွမ်းထက်လာစေနိုင်သည်။
ယွမ်ယုတိက
“ရှင် ဒီနတ်ကျင့်စဉ်ကို သုံးပြီး နတ်ဆိုးတွေနဲ့ တိုက်ခိုက်ဖူးလို့လား။” --
………….