← Chapters

အခန်း ၆၅၅

Vol. 47 Ch. 655

အခန်း ၆၅၅

Vol. 47 Ch. 655

အခန်း ၆၅၅ - ဘေးဒုက္ခကို အလွယ်တကူ ကျော်ဖြတ်ခြင်း၊ အဆင့် (၄) အခွင့်အရေးကို ရယူခြင်း (၃)

ထို့ကြောင့် သူတို့သည် ကောင်းကင်ပန်ငှက်မျိုးနွယ် အတွက် အသက်ပေးတိုက်ခိုက်ရန် လုံးဝဆန္ဒမရှိကြချေ။ အကယ်၍ အသက်ပေးတိုက်ခိုက်ခဲ့လျှင်ပင် ကောင်းကင်ပန်ငှက်မျိုးနွယ်က ကျေးဇူးတင်မည် မဟုတ်သလို မည်သည့်ဆုလာဘ်ကိုမျှ ပေးအပ်လိမ့်မည် မဟုတ်ပေ။

ဝှစ်... ဝှစ်... ဝှစ်

ပန်းမိစ္ဆာမျိုးနွယ်၏ အကြီးအကဲများ လမ်းညွှန်မှုအောက်၌ ပန်းမိစ္ဆာများ တစ်ဦးပြီးတစ်ဦး ကြာပန်းဂူအတွင်းသို့ အလောတကြီး ဝင်ရောက်၍ ပုန်းအောင်းနေကြ၏။

ကြာပန်းဂူဟု ခေါ်ဆိုသော်လည်း အမှန်တကယ်တွင် ၎င်းမှာ ပန်းမိစ္ဆာမျိုးနွယ်၏ ခိုလှုံရာနေရာတစ်ခုသာ ဖြစ်သည်။ ပန်းမိစ္ဆာတောင်တန်းတွင် မမျှော်လင့်ထားသော အဖြစ်အပျက်များ ပေါ်ပေါက်လာသည့်အခါ သို့မဟုတ် ရန်သူများ တိုက်ခိုက်လာသည့်အခါမျိုးတွင် ဘေးဒုက္ခမှ ခေတ္တရှောင်ရှားရန် ဤနေရာသို့ လာရောက်လေ့ရှိကြသည်။

ဘေးဒုက္ခများ လုံးလုံးလျားလျား ကျော်လွန်သွားမှသာလျှင် သူတို့ ပြန်ထွက်လာကြသည်။

သို့သော် ကောင်းကင်ပန်ငှက်မျိုးနွယ်မှာ ကြာရှည်စွာ အာဏာစက်လွှမ်းမိုးထားနိုင်ခဲ့သဖြင့် ပန်းမိစ္ဆာတောင်တန်းတွင် ရန်သူများ၏ တိုက်ခိုက်မှုကို မကြုံတွေ့ခဲ့ရဖူးပေ။ ထို့ကြောင့် ကြာပန်းဂူကို သူတို့ ဘယ်သောအခါကမျှ အသုံးမပြုခဲ့ကြချေ။

မည်သို့ပင်ဆိုစေကာမူ အကြီးအကဲများ၏ လမ်းညွှန်မှုအောက်တွင် ပန်းမိစ္ဆာများစွာသည် ဆေးဥယျာဉ်မှ လျင်မြန်စွာ ထွက်ခွာလာပြီး ခိုလှုံရာနေရာသို့ ရောက်ရှိလာကြသည်။

ပန်းမိစ္ဆာတောင်တန်း တစ်ခုလုံး၌ ပြင်းထန်သော ဝိညာဉ်ချီလှိုင်းများ လှုပ်ခတ်နေသည်ကို သူတို့ အာရုံခံနိုင်နေကြသည်။ တစ်ဦးစီတိုင်းမှာ တိုက်ပွဲအတွင်း ပိတ်မိသွားမည်ကို စိုးရိမ်တုန်လှုပ်နေကြ၏။

"မျိုးနွယ်စုဝင်တို့... အရမ်းကြီး စိုးရိမ်စရာမလိုပါဘူး။"

"ပန်းမိစ္ဆာတောင်တန်းကို လာတဲ့ ဂြိုဟ်သားမျိုးနွယ်စု ကျင့်ကြံသူတွေဟာ ဝိညာဉ်ဆေးဝါးတွေကို လုယက်ဖို့သက်သက်ပဲ ဖြစ်မှာပါ။"

"သူတို့က ငါတို့ ပန်းမိစ္ဆာမျိုးနွယ်ကို အဓိကထားပြီး တိုက်ခိုက်နေတာ မဟုတ်ပါဘူး။"

"ဒါကြောင့် ဒီနေရာမှာသာ ပုန်းအောင်းနေရင် ငါတို့ ဘေးကင်းမှာပါ။ စိုးရိမ်စရာ မရှိပါဘူး။"

အဆင့် ၃ ပန်းမိစ္ဆာ အကြီးအကဲတစ်ဦးက သူတို့ကို နှစ်သိမ့်ပေးလိုက်သည်။

ကြာပန်းဂူသို့ ရောက်ရှိလာသော ပန်းမိစ္ဆာများမှာ အခြေခံအားဖြင့် အဆင့် ၄ အောက်တွင်သာ ရှိကြပြီး အဆင့် ၄ ပန်းမိစ္ဆာ မည်သူမျှ မပါဝင်ချေ။

အဘယ်ကြောင့်ဆိုသော် အဆင့် ၄ ပန်းမိစ္ဆာများကို ကောင်းကင်ပန်ငှက်မျိုးနွယ်က သူတို့၏ မြေမြတ်ဒေသသို့ ခေါ်ဆောင်သွားပြီး အဆင့် ၅ ဆေးဥယျာဉ်ကို စီမံခန့်ခွဲခိုင်းထားသောကြောင့်တည်း။

ဤနေရာတွင်မူ အဆင့် ၄၊ အဆင့် ၃ နှင့် အဆင့် ၂ ဆေးဥယျာဉ်များသာ ရှိသည်။

"အကြီးအကဲပြောတာ မှန်ပါတယ်။ ဒီမှာပဲ ပုန်းနေရင် ငါတို့ ဘေးကင်းမှာပါ။"

"ကောင်းကင်ပန်ငှက်မျိုးနွယ်ရဲ့ အဆင့် ၅ ဘိုးဘေးက မကြာခင် ပြန်ရောက်လာလိမ့်မယ်လို့ ငါ ယုံကြည်တယ်။"

ပန်းမိစ္ဆာများစွာတို့က သဘောတူညီကြောင်း ခေါင်းညိတ်လိုက်ကြသည်။

သူတို့သည်လည်း ကောင်းကင်ပန်ငှက်မျိုးနွယ်၏ ခွန်အားကို ယုံကြည်ထားကြပြီး ဂြိုဟ်သားတစ်စု၏ အနိုင်ယူခြင်းကို ခံရလိမ့်မည်ဟု မမျှော်လင့်ထားကြချေ။

"နေပါဦး။ မင်းတို့က ဘယ်သူတွေလဲ။ ကြာပန်းဂူထဲကို ဘယ်လိုလုပ် ရောက်လာကြတာလဲ။"

ရုတ်တရက် ပန်းမိစ္ဆာအကြီးအကဲ ဟွာဝမ်နျန်သည် အလွန်အမင်း တုန်လှုပ်သွားသည်။

ကြာပန်းဂူဝင်ပေါက်၌ လူရိပ်တစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် သူမ အံ့အားသင့်သွား၏။

ရန်သူတစ်ဦး ကြာပန်းဂူအထိ ရောက်ရှိလာလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးထားခဲ့ပေ။

တကယ်ပဲ ပန်းမိစ္ဆာမျိုးနွယ်ကို ပစ်မှတ်ထားနေတဲ့ ရန်သူတွေ ရှိနေတာများလား။

"ငါလား။ ငါက မူလအင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။"

"ပြီးတော့ မင်းတို့ရဲ့ အနာဂတ်သခင်လည်း ဖြစ်တယ်လေ။"

ဤပုံရိပ်မှာ ကျန်းဖန်ပင်ဖြစ်၏။ သူသည် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခြင်း ဖြစ်သည်။

နိမိတ်ဖတ်အင်း၏ သတင်းအချက်အလက်များကို

လိုက်နာလျက် ပန်းမိစ္ဆာတောင်တန်းသို့ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်လာပြီး ကြာပန်းဂူသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ထို့နောက် ပန်းမိစ္ဆာများစွာ စုဝေးနေသည်ကို မြင်လိုက်ရသဖြင့် သူ၏ခရီးစဉ်မှာ အမှန်တကယ် မှန်ကန်နေကြောင်း သိလိုက်ရသည်။

"ဘာ။ ဘာလို့လဲ။"

ပန်းမိစ္ဆာအကြီးအကဲ ဟွာဝမ်နျန်နှင့် အခြားကျင့်ကြံသူများသည် ရုတ်တရက် တုန်လှုပ်သွားကြသည်။ တစ်စုံတစ်ခု ပြောရန်ပြင်လိုက်စဉ်မှာပင် ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်လှိုင်းတစ်ခုသည် ကြာပန်းဂူတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ဤကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်ဖိအားသည် ရှေ့သို့ တိုးဝင်လာပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများကိုပင် ကမောက်ကမ ဖြစ်သွားစေ၏။

၎င်းမှာ အစွမ်းထက်သော ယွမ်ယင်းနယ်ပယ်တစ်ခုနှင့် ဆင်တူလှပေသည်။

ဝုန်း~~ ဂျိန်း~~

မျက်တောင်တစ်ခတ် အတွင်းမှာပင် ကြာပန်းဂူအတွင်းရှိ ပန်းမိစ္ဆာကျင့်ကြံသူများ အားလုံး သတိလစ်သွားကြသည်။ တစ်ဦးစီတိုင်းမှာ မြေပြင်ပေါ်သို့ ပုံလဲကျသွားပြီး ပါးစပ်မှ အမြှုပ်များထွက်လာကြကာ အချိန်တိုအတွင်း ပြန်နိုးလာရန် မဖြစ်နိုင်တော့ချေ။

ဤသည်မှာ ဝိညာဉ်တုန်ခါမှုအင်း၏ စွမ်းအားပင် ဖြစ်သည်။

ဤအင်းကို ဟွာရှန်အဆင့် ဝိညာဉ်အာရုံနှင့် ပေါင်းစပ်လိုက်သောအခါ နဂါးစွမ်းအားနှင့်တူညီသော အရှိန်အဝါကို ထုတ်လွှတ်လိုက်ရာ ကျင့်ကြံသူများစွာကို မည်သည့်ခုခံမှုမျှမရှိဘဲ အလွယ်တကူ သတိလစ်သွားစေနိုင်ခြင်း ဖြစ်သည်။

"သခင်... ဒါက တကယ်ကို တွက်ခြေကိုက်တာပဲ။"

"ပန်းမိစ္ဆာတောင်တန်းထဲက ပန်းမိစ္ဆာအများစု ဒီမှာပဲ ရှိနေလိမ့်မယ်လို့ ကျွန်တော် ခန့်မှန်းရတယ်။"

"အဆင့် ၃ ပန်းမိစ္ဆာ ၅၀၊ အဆင့် ၂ ပန်းမိစ္ဆာ တစ်ထောင်ကျော်နဲ့ အဆင့် ၁ ပန်းမိစ္ဆာ တစ်သောင်းကျော်။"

"ဒါတွေအားလုံးက အတွေ့အကြုံရှိတဲ့ ဝိညာဉ်အပင်စိုက်ပျိုးသူတွေပဲ။"

"အကယ်၍ သူတို့အားလုံးကို အကုန်သိမ်းပိုက်ပြီး ဂိုဏ်းဆီ ပြန်ပို့နိုင်မယ်ဆိုရင် ဆေးဥယျာဉ် အမြောက်အမြားကို သေချာပေါက် တည်ထောင်နိုင်မှာပဲ။"

"ဒါက ကောင်းကင်ပန်ငှက်မျိုးနွယ်ရဲ့ အုတ်မြစ်ကို တူးဖော်ပစ်လိုက်တာနဲ့ အတူတူပဲ။"

အသွင်သောင်းပြောင်း ဆေးမီးဖိုက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

……….

All Chapters