အခန်း ၄၇-၄၈
Vol. 5 Ch. 47-48
Chapter 47+48
~
အခန်း ၄၇+၄၈ : ဒုတိယသားက သတ္တိကောင်းလိုက်တာ..
~
ကျားမိသားစုက ဤသည်ကို ကြည့်ရင်း သူ့တို့မျက်နှာထက်၌ ပြုံးရိပ်များ သန်းလာကြသည် ။
ကျားဒုံရွှီက တွေးလိုက်၏ ။
' ဟမ့်.. အဓိပ္ပါယ် မရှိတယ့် စကားတွေ အများကြီးပြောပြီး နောက်ဆုံးတော့ ဒီဘူတာပဲဆိုက်တာမလား ..အဲ့တာမှန်း သိရင် ငါအစကတည်းက ယန်ဒုတိယသားကို ဝင်ရိုက်လိုက်ပါတယ်.. အဲ့တာဆို ပိုတောင် ရနိုင်သေးတယ်.. '
ကျားကျန်းရှီ၏ မျက်လုံးများက တြိဂံပုံ ကျဥ်းမြောင်းသွားပြန်သည် ။
ယခု ယန်မိသားစု နောက်ဆုတ်သွားသည်က သူမ လျော်ကြေးရရန် အခွင့်အရေး မဟုတ်ပေဘူးလော ။
အဘိုးကြီး ယန်၏ ကပ်စီးနှဲမှုက နာမည်ကြီးသော်လည်း ယွမ်ငါးဆယ် မရလျှင်ပင် ယွမ်နှစ်ဆယ်ထက် နည်းလျှင်တော့ သူမ ယခုကိစ္စကို ပြီးဆုံးပေးမည် မဟုတ်ပေ ။
ချင်ဟွိုင်ရု ကလည်း ညဏ်ကောင်း၏ ။ စကားတစ်လုံးမှ ဝင်မပြောဘဲ အရာအားလုံးကို တိတ်တဆိတ်သာ ကြည့်နေသည် ။
သူမသည် ကျားဒုံရွှီ တိုက်ခိုက်မည် ပြုစဥ်က ဝင်ဆွဲခဲ့ပြီး အမျိုးသမီးကောင်းတစ်ယောက်၏ ကျင့်ဝတ်ကို ပြသပြီးဖြစ်သည် ။
ယန်ကျီဝမ်က ကျားမိသားစု၏ မျက်နှာအပြောင်းအလဲကို သတိပြုမိသွားပြီး လှောင်ပြုံး ပြုံးလိုက်၏ ။
လူတိုင်းကို အံ့သြသင့်သွားစေသည်က ယန်ကျီဝမ်သည် ရှာကျူးကို စေ့စေ့ကြည့်၍...
" ဒီကိစ္စက မင်းနဲ့ ဘာဆိုင်လို့လဲ.. "
" ....."
လူတိုင်း ယန်ကျီဝမ်အား အံ့သြတုန်လှုပ်စွာ စိုက်ကြည့်နေကြသည် ။
သူတို့အားလုံး ယန်မိသားစု ဒုတိယသား၏ သတ္တိကို ချီးကျူးမိလိုက်ကြ၏ ။
ရှာကျူးက သူ့အား မရိုက်ရဲဟု သူထင်နေသည်လော။
သိထားရမည်က ရှာကျူးဟူသည် ဒေါသထွက်လာလျှင် နွားရိုင်းတစ်ကောင်ကဲ့သို့ လိုက်ဝှေ့တက်သူဖြစ်သည် ။ သူဒေါသ ထွက်လာလျှင် မည်သည်ကိုမှ ဂရုမစိုက်တော့ချေ ။
ဤအချိန်က အလုပ်ဆင်းချိန်ဖြစ်သည် ။
ထိုအခိုက် ယန်ကျီချန်း နှင့် ယန်ကျီဖန့် အပါအဝင် အလုပ်ဆင်းလာသော အလုပ်သမားများ ပြန်ရောက်လာကြသည် ။
သူတို့ ခြံဝင်းထဲသို့ ဝင်လာသည်နှင့် ယန်ကျီဝမ်နှင့် ရှာကျူးတို့ တည်နေကြသည်ကို မြင်လိုက်ကြရ၏ ။
ထိုအချိန်တွင် ယန်ညီအကိုနှစ်ယောက်သည် ယန်ဖူကွေ့တို့ ဇနီးမောင်နှံက သူတို့ နှစ်ယောက်အား ဝင်၍ ကူညီခိုင်းမည်ကို စိုးသဖြင့် လူအုပ်ကြားထဲသို့ ဝင်ပုန်းနေလိုက်ကြသည် ။
ယန်ကျီချန်းသည် ယန်ကျီဝမ်ကို လုံးဝ မကူညီချင်ပေ ။ ဤရက်ပိုင်းအတွင်း သူတို့နှစ်ယောက် မကြာခဏ ပြဿနာတက်နေ၍ ဝင်မကူညီရန် ဆုံးဖြတ်လိုက်သည် ။
တစ်ဖက်တွင်မူ ယန်ကျီဖန့်သည် ငယ်သေးသဖြင့် ကြောက်နေ၏ ။ သူနှင့် ဒုတိယအကိုနှစ်ယောက်ပေါင်းလျှင်ပင် ရှာကျူးအား မနိုင်ဟု ယူဆသဖြင့် ပုန်းနေလိုက်သည် ။
ခြံဝင်းအတွင်းနှင့် လမ်းဘက်ရှိ လူငယ်များ ဝိုင်းအုံ့ကြည့်နေကြသော်လည်း သူတို့နှင့် မဆိုင်၍ ဝင်မစွတ်ဖက်ကြပေ ။ ဤသို့သော ခေတ်ကာလမျိုးတွင် ဖျော်ဖြေမှုအဖြစ် ဤကဲ့သို့ ရန်ပွဲများသာ ရှိ၍ လူငယ်များက မျှော်လင့်တကြီး စောင့်မျှော်နေကြ၏ ။
ယန်ဖူကွေ့တို့ လင်မယားသည်တော့ အလွန်စိုးရိမ်သွားကြသည် ။
' ငါတို့ ဒုတိယသားက ဘယ်တုန်းက ဒီလောက် တဇွတ်တိုး လုပ်တက်သွားတာလဲ.. ငတုံးကျူးက လူရိုက်ရင် သူ့ခွန်အားသူ မထိန်းတက်ဘူးဆိုတာ မသိဘူးလား.. '
တိုက်ခိုက်ရန် ပြင်နေသော ရှာကျူးပင်လျှင် ဆွံ့အသွားသည် ။ သူက သူ့ကိုယ်သူ လက်ညှိုးထိုးပြ၍ ယန်ကျီဝမ်ကို မေးလိုက်၏ ။
" ဒုတိယသား.. ခု မင်းပြောလိုက်တာက ငါ့ကိုလား.. "
" ဒါပေါ့.. မဟုတ်ရင် ငါဘယ်သူ့ကို ပြောရမှာလဲ အဘိုးရုပ်နဲ့ ငတုံးရ.."
ယန်ကျီဝမ်က ဆက်ပြောလိုက်သည် ။
" ဒီကိစ္စနဲ့ မင်းနဲ့ ဘာဆိုင်လို့လဲ အဘိုးကြီး.. မင်းက အသက် နှစ်ဆယ်ကျော်ပဲ ရှိသေးပေမဲ့ သေခံနီးရုပ် ပေါက်နေတာနဲ့ပဲ လူတိုင်းကို ဆရာကြီး လိုက်လုပ်လို့ ရမယ်ထင်နေတာလား.. "
( ရှာကျူးက ရုပ်ဆိုးပြီး ရုပ်ရင့်တယ်.. အသက် ၂၀ လောက်တည်းက အသက် ၄၀ လောက် ရုပ်ပေါက်နေတာ)
" ကျားကျန်းရှီက မင်းအမေလား.. မင်းက ချင်ဟွိုင်ရုရဲ့ ယောကျ်ားလား.. မင်းက ဘာလို့ ဒီလောက်တောင် ဝင်ပါချင်နေရတာလဲ.. မင်းက ချင်ဟွိုင်ရု အာရုံစိုက်တာကို ခံချင်လို့လား.. "
ယန်ကျီဝမ်၏ ပါးစပ်သေနတ်က ရှာကျူးကို ဆွံ့အသွားစေသည် ။
ရှာကျူးသည် သူ၏ အဖေဖြစ်သူ ဟဲတာချင်း မုဆိုးမနှင့်အတူ ထွက်ပြေးသွားစဥ်ကတည်းက တခြားသူများ အနိုင်ကျင့်ခံရမည်ကို စိုးရိမ်၍ ပြဿနာတက်လျှင် လက်ဖြင့်သာ ဖြေရှင်းတက်သည် ။
ဤနှစ်များတစ်လျောက် ဖြတ်သန်းလာခဲ့ပြီး စစ်နတ်ဘုရားဟူသည့် နာမည်ပြောင်ကိုပင် ရလာခဲ့၏ ။
ခြံဝင်းအတွင်းရှိ မည်သူမှ သူ့အား စိန်မခေါ်ဝံ့ကြချေ ။
သို့သော် စာဂျပိုး ကောင်လေးက သူ့အား ကျိန်ဆဲနေပြီလော ။ ဤမျှလောက် အထိ ပြင်းပြင်းထန်ထန်ကျိန်ဆဲခြင်း မခံရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ ။
အထူးသဖြင့် ယန်ကျီဝမ်၏ စကားများသည် ရှာကျူး၏ အရှိုက်ကို တည့်တည့်ထိ၍ ရင့်ထော်နေသော သူ၏ မျက်နှာကြီးပင်လျှင် သိသိသာသာ နီရဲလာ၏ ။
သူ၏ လျှို့ဝှက်ချက် ပေါ်သွား၍လော ရှက်လော၍ မသဲကွဲသော်လည်း ရှာကျူးက အသက်ပြင်းပြင်းရှူ၍ လက်သီးကို မြှောက်ကာ ယန်ကျီဝမ်ထံ ပြေးဝင်သွားသည် ။
" ဒုတိယသား.."
ယန်ဖူကွေ့က စိုးရိမ်စွာ အော်လိုက်သည် ။
ယခုအချိန်၌ အားလုံး၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည် ။ ယန်ကျီဝမ် ပြီးဆုံးသွားလေပြီ ။
" ဖုန်း..."
" အ.."
ထိခိုက်သံ ထွက်ပေါ်ပြီး ညီးသံတစ်ခု ပေါ်ထွက်လာသည် ။
ထို့နောက် အားလုံး ဆွံ့အသွားလေတော့သည် ။
အထိုးခံလိုက် ရသူက ယန်ဒုတိယသား မဟုတ်ဘဲ ရှာကျူး ဖြစ်နေ၏ ။
ရှာကျူး၏ ခေါင်းသည် နောက်ပြန်လှန်သွားပြီး နှစ်ချက်ခန့် အကြောဆွဲကာ မြေပြင်ပေါ်သို့ လဲကျသွားသည် ။ တစ်ခါတည်း သတိလစ်သွားပြီး သူ၏ နှာခေါင်းမှ အဖြူနှင့် အနီရောင်အရည်များ စီးကျလာမှသာ အားလုံး သတိပြန်ဝင်လာကြ၏ ။
ရှာကျူး ။ ခြံဝင်းနှင့် အနီးပတ်ဝန်းကျင် လမ်းများ၏ စစ်နတ်ဘုရား ရှာကျူး ။ ယန်ကျီဝမ်၏ လက်သီး တစ်ချက်ဖြင့် အမှောက်သိပ်ခံလိုက်ရလေပြီ ။
ယန်ကျီဝမ်သည် စတင်ကျိန်ဆဲလိုက်ကတည်းက လက်သီးပြင်ထားခြင်း ဖြစ်သည် ။
ထို့နောက် ရှာကျူး ပြေးဝင်လာလျှင် နှာခေါင်းတည့်တည့်သို့ ချိန်ထိုးလိုက်၏ ။ သူ၏ ခွန်အား တစ်ဝက်သာ ထုတ်သုံးခဲ့ခြင်းကြောင့် ဤမျှလောက်သာ ဒဏ်ရာ ရသွားခြင်းဖြစ်သည် ။ မဟုတ်လျှင် နှာခေါင်း တစ်ခုလုံးပင် ချိုင့်ဝင် သွားနိုင်၏ ။
သို့သော်လည်း ဤပြင်းအားကိုပင် ရှာကျူး မခံနိုင်ဘဲ မေ့မြောသွားသည် ။
" ရှာကျူး.. "
အားလုံး ဆွံအနေချိန်တွင် ပထမဆုံး သတိဝင်လာသူက ယီကျုံးဟိုင်ပင် ။ သူမြန်မြန်ပြေးလာပြီး ရှာကျူး၏ အခြေအနေကို စစ်ဆေးလိုက်သည် ။
နှာခေါင်းသွေးထွက်ပြီး မေ့မြောရုံသာ ဖြစ်၍ ဒဏ်ရာကြီးကြီးမားမား မရှိပေ ။
ချက်ချင်းပင် ယီဟိုင်ကျုံးက ယန်ကျီဝမ်ကို အော်ငေါက်တော့သည် ။
" ဥပဒေမဲ့တာ.. လုံးဝ ဥပဒေမဲ့တာ.. ယန်ကျီဝမ် မင်းဘာလို့ လူတစ်ယောက်ကို ဒီလိုအားနဲ့ ထိုးလိုက်တာလဲ.. "
" အဘိုးကြီးယီ.. အဓိပ္ပါယ် မရှိတာ မပြောနဲ့.. ကျုပ်သားကို ရိုက်ဖို့ ပြေးလာတာက ရှာကျူးပဲ.. ကျုပ်သားက ပြန်မလုပ်ဘဲ ငြိမ်ခံနေရမှာလား.. "
ယန်ဖူကွေ့က ရှေ့တိုးလာပြီး မကျေမနပ် ပြောလိုက်သည် ။
ရှာကျူးသည် ယီကျုံးဟိုင်၏ ကိုယ်ရံတော်ဖြစ်ကြောင်း လူတိုင်းသိကြ၏ ။
ယီကျုံးဟိုင်က ရှာကျူးကို အချက်ပြလိုက်သည်ကိုလည်း သူသတိထားမိလိုက်သည် ။
ယခု ရှာကျူး အရိုက်ခံလိုက်ရသော အခါမှ အသံထွက်လာသည်လော ။
ယန်ဖူကွေ့ ဟူသည့် သူသည် ဤမျှ အလွယ်တကူ အနိုင်ကျင့်ခံမည့်သူဟု ထင်နေသည်လော ။
ယီကျုံးဟိုင်က...
" ရှာကျုးက တစ်ကယ်မလုပ်ပါဘူး.. သူက ခြောက်ရုံတင်.."
" ဝူးးးး."
ပတ်ဝန်းကျင်တစ်ခုလုံး ရပ်ကြည့်နေကြသော လူငယ်များ၏ လှောင်ပြောင်သံက ဟိန်းထွက်လာသည် ။
သူတို့အားလုံးနီးပါး ရှာကျူးရိုက်နှက်သည်ကို ခံခဲ့ရဖူး၍ ဤစကားက အလွန်ရယ်စရာ ကောင်းနေ၏ ။ ဤသို့ လက်စားချေနိုင်မည့် အချိန်သို့ ရောက်နေ၍ ယန်ကျီဝမ်ကို ထောက်ခံကြပေမည် ။
ယီကျုံးဟိုင် ရှက်သွား၏ ။ သူ အမှတ်မထင် ဆင်ခြေပေးလိုက်မိခြင်းဖြစ်သည် ။ ဤခြံဝင်းအတွင်း ရှာကျူး၏ စရိုက်ကို မသိသူ မရှိပေ ။
" ကောင်းပြီ.. ကောင်းပြီ.. ကျုပ်ရဲ့ လက်ဆကို ကျုပ်ကောင်းကောင်းသိတယ်.. သူ သတိလစ် သွားပြီဆိုတော့ သူ့ကို ပြန်ခေါ်သွားပြီး သွေးတိတ်အောင် လုပ်ပေးလိုက်အုံး.. သူတစ်ခုခု ဖြစ်သွားရင် ဦးလေးယီ နောက်လိုက်ထပ်ရှာနေရမယ် .."
ယန်ကျီဝမ်က နာနေသော လက်ကို ခါယမ်းရင်း ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည် ။ ရှာကျူး၏ အရေခွံက ထူလှသဖြင့် သူ့လက်အတော်နာသွား၏ ။
" ဟမ့်.."
ယီကျုံးဟိုင်က နှာခေါင်းရှုံ့လိုက်ပြီး...
" ဒုံရွှီ.. လာကူသယ်ပေးအုံး.. ရှာကျူးကို ငါ့အိမ်ခေါ်သွားမယ်.. "
ကျားဒုံရွှီက သတိပြန်ဝင်လာပြီး ဖြစ်ပြီး သူ့နောက်ကျောတစ်ခုလုံးတွင် ချွေးများ ရွှဲနစ်နေ၏ ။ ယီကျုံးဟိုင်က ခေါ်လိုက်လျှင် သူအမြန်ပြေးလာသည် ။
ယန်ကျီဝမ်က သူ့ကို တိုက်ခိုက်မည်ကို ကြောက်နေပေသည် ။ ပထမဆုံး တိုက်ခိုက်ရန် ပြင်သူက သူဖြစ်သည် ။ ကံကောင်းစွာဖြင့် ချင်ဟွိုင်ရုက ဆွဲထား၍ တိုက်ခိုက်ခွင့် မရခဲ့ပေ ။ မဟုတ်လျှင် မြေပြင်ပေါ်တွင် လှဲနေရသူက သူဖြစ်နေပေမည် ။
ကျားကျန်းရှီလည်း ကြောက်လန့်သွား၏ ။ ယန်ကျီဝမ် သူမကို ရိုက်ခဲ့စဥ်က အားသုံးပုံ မရချေ ။ မဟုတ်လျှင် ရှာကျူးထက်ပင် အခြေအနေ ဆိုးနေပေလိမ့်မည် ။
အိမ်နီးချင်းများ အားလုံးလည်း ယန်ကျီဝမ်ကို ရှိန်သွားကြသည် ။ ယခုအခါ ရှာကျူးထက်ပင် သန်မာသည့် စစ်နတ်ဘုရားတစ်ယောက် ပေါ်ထွက်လာခဲ့လေပြီ ။
" နေဦး..."
နတ်ဆိုး၏ အသံက တဖန် ထွက်ပေါ်လာပြန်သည် ။
ကျားဒုံရွှီ၏ ခြေထောက်များ တုန်ရီနေပြီး လှုပ်ပင် မလှုပ်ရဲချေ ။
ယီကျုံးဟိုင်က ရှာကျူးကို တစ်ယောက်ထဲ မ မနိုင်၍ စိတ်ကို ထိန်းကာ လှည့်ကြည့်လိုက်ပြီး ...
" ယန်ကျီဝမ်.. မင်းဘာဖြစ်ချင်လို့လဲ.. "