← Chapters

အခန်း ၁၂၂၅

Vol. 123 Ch. 1225

အခန်း ၁၂၂၅

Vol. 123 Ch. 1225

အခန်း (၁၂၂၅) ဆင်းရဲနွမ်းပါးချိန်မှာ မိမိရဲ့ကိုယ်ကျင့်တရားကို ထိန်းသိမ်းရမယ် ၂

သူ၏ဘယ်နှင့်ညာဘက်တွင် တစ်ဖက်၌ဖြည်းညှင်းစွာတွန့်လိမ်နေသော သေးငယ်သည့် အဖုအကျိတ်နှင့်တူသော လင်းကျီ(ထိုက်စွေ့)တစ်ကောင်ရှိပြီး အခြားတစ်ဖက်တွင် ဖောက်ထွင်းမြင်နိုင်သော အတောင်ပံ ခြောက်ခုကို လျင်မြန်စွာခတ်နေသည့် ပိုးကောင်တစ်ကောင်ရှိသည်။

"သခင်ကြီး၊ ကျွန်တော်တို့ တကယ်တမ်း ဘာကြောင့် ဒီလောက်ကြိုးစားနေရတာလဲ။" တောင်ပိုင်းဧကရာဇ်က လူငယ်လေး၏ခြေရင်းတွင် လဲလျောင်းနေသည်။

နတ်ဆိုးကျောက်တုံး ဖြစ်လာကတည်းက တောင်ပိုင်းတိုက်ကြီး၏ယခင် ထိပ်တန်း နတ်ဆိုးဧကရာဇ်က သိသိသာသာ ပိုမိုနှိမ့်ချလာပြီး လူလုံးမပြဘဲ နေတတ်လာသည်။

သူ၏ဘဝတွင်နောက်ဆုံးကြုံတွေ့ခဲ့ရသော တိုက်ပွဲက ဤတိတ်ဆိတ်ပြီးတည်ငြိမ်သော လူငယ်လေးအကြောင်းကို ပိုမိုနက်ရှိုင်းစွာနားလည်သွားစေသည်။

စကားလုံးတစ်လုံးတည်းဖြင့် ဖော်ပြရမည်ဆိုလျှင် တောင်ပိုင်းဧကရာဇ်က ကြောက်မက်ဖွယ်ကောင်းသည်ဟုသာ ပြောနိုင်တော့သည်။

နတ်ဆိုးတစ်ကောင်အနေဖြင့် သူ၏ကိုးနှင့်ကိုး အသွင်ပြောင်းလဲခြင်းနှင့် ရင်ဆိုင်ရချိန်တွင် ခြောက်နှင့်ခြောက် အသွင်ပြောင်းလဲခြင်း နယ်ပယ်ရှိ လူငယ်လေးက သူ့ကိုစိတ်ပျက်အားငယ်မှု ခံစားချက်ကို ပေးစွမ်းနိုင်သေးသည်။

တစ်ဖက်လူ၏နည်းစနစ်နှင့် မှော်ရတနာများမှာ အရေးကြီးသော်လည်း ဒုတိယနေရာတွင်သာရှိပြီး အဓိကအားဖြင့် သူ၏ကြွယ်ဝသော တိုက်ပွဲအတွေ့အကြုံ၊ ရှင်သန်လိုစိတ်နှင့် ပြတ်သားမှုတို့သာဖြစ်သည်။

သို့သော် ဤမျှရက်စက်ကြမ်းကြုတ်သော လူတစ်ယောက်က ကိုးနှင့်ကိုး အသွင်ပြောင်းလဲခြင်း နယ်ပယ်သို့ ရောက်ရှိပြီးနောက်မှာပင် မသေမျိုးသုံးပါးဂိုဏ်းမှ ကျင့်ကြံသူများကို တမင်တကာ လွှတ်ပေးလိုက်ခြင်းက တောင်ပိုင်းဧကရာဇ်အတွက် အနားလည်နိုင်ဆုံးသော အရာဖြစ်ခဲ့သည်။

"ဘာလို့လဲ ဆိုတော့..." ရှန်းယီက သူ၏မျက်လုံးများကို ပျင်းရိစွာဖွင့်လိုက်ပြီး တစ်ခဏမျှစဉ်းစားပြီးနောက် ခါးသီးစွာပြုံးကာ ပြောလိုက်၏။ "သေချာတာပေါ့၊ငါ့အသက်ကို ကယ်ဖို့အတွက်ပဲပေါ့။"

ဆယ်နှစ်ကျော်မျှသာကျင့်ကြံခဲ့ရရာ သူက ယခင်ကကဲ့သို့ သာမန်လူတစ်ယောက်ဖြစ်နေဆဲဖြစ်သည်။ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ပြတ်သားမှုနှင့် လုပ်ရပ်အပြီးတွင် ကြောက်ရွံ့မှုတို့ရှိနေဆဲပင်။

တောင်ပိုင်းဧကရာဇ်နှင့် နတ်ဆိုးအရှင်များစွာကို သတ်ဖြတ်ခြင်းက တောင်ပိုင်းဍုမေဏု၏ဆုတ်ခွာမည့် လမ်းကြောင်းအားလုံးကို ဖြတ်တောက်လိုက်ခြင်းနှင့် ညီမျှပါသည်။

ဆိုလိုသည်မှာ ယခုမှစ၍ မဟာတောင်ပိုင်းတိုက်ကြီး၏အကာအကွယ်ကို ဖောက်ထွင်းဝင်ရောက်ရန် မည်သည့် မဟာနတ်ဆိုးကြီးကိုမျှ စေလွှတ်၍ မရနိုင်တော့ပေ။

တောင်ပိုင်းတိုက်ကြီးကို ဝါးမြိုရန်မှာ အခြား တိုက်ကြီးသုံးခု၏ကိစ္စရပ်များ ပြီးပြတ်သွားပြီး ထိုနေရာမှ နတ်ဆိုးများက တောင်ပိုင်းကို လာရောက်တိုက်ခိုက်မှသာ ဖြစ်ပေါ်လာလိမ့်မည်။ ၎င်းက အချိန်ပြဿနာတစ်ခုသာ ဖြစ်ပုံရပြီး မြင့်မြတ်သော နတ်ဘုရားများနှင့် ဗုဒ္ဓများအတွက် ဘာမှ အဓိပ္ပာယ်မရှိပေ။

သို့သော် လက်တွေ့တွင် ထိုသို့ဖြစ်လာပါက တောင်ပိုင်းဍုမေဏုက အစပြုခွင့်ကို လုံးဝ ဆုံးရှုံးသွားမည်ဖြစ်ပြီး သူတို့ မူလက လက်ဝါးကြီးအုပ်ထားသော အဆီအနှစ်များကို မသေမျိုးသုံးပါးဂိုဏ်းနှင့် မျှဝေရပါတော့မည်။

ဤကဲ့သို့ပြင်းထန်သောအမှားမျိုးကို မဟာလွတ်လပ်ခြင်းသန့်စင်သောကမ္ဘာ ဗောဓိသတ္တ သည် သေချာပေါက် တင်းကြပ်စွာ စုံစမ်းစစ်ဆေးမည် ဖြစ်သည်။

ဗောဓိသတ္တအများအပြား စုဝေးကာ ပြဿနာက မည်သူ့ဆီတွင်ရှိနေလဲဆိုသည်ကို ဆွေးနွေးကြသောအခါ... အဖြေက ရှင်းလင်းနေလိမ့်မည်။

ထို့ကြောင့် ရှန်းယီက ဤမြင်ကွင်း ဖြစ်ပေါ်လာခြင်းကို သည်းမခံနိုင်ခြင်းပင်။

ဤဗောဓိသတ္တများက ဤနေရာတွင် သေဆုံးရပါမည်။

ထိုသို့ဖြစ်လင့်ကစားပြဿနာက အမှန်တကယ် ပြေလည်သွားခြင်း မရှိသေးပေ။ မဟာလွတ်လပ်ခြင်း သန့်စင်သောကမ္ဘာ ဗောဓိသတ္တက စုံစမ်းစစ်ဆေးနေဦးမည်ဖြစ်သော်လည်း တိုးတက်မှု အနည်းငယ် နှေးကွေးသွားပါလိမ့်မည်။

ထို့အပြင် အနာဂတ်ဗုဒ္ဓ၏တပည့် ရွှေဖားပြုတ်ကို သတ်ဖြတ်ခြင်းဖြင့် သူ၏ပြစ်မှုများ တိုးလာမည် ဖြစ်သည်။

သို့သော်ငြားလည်း ရှန်းယီက ဝန်ပိနေပြီးဖြစ်ရာ ထပ်တိုးလာခြင်းက ကွာခြားမှုရှိမည်မဟုတ်ပေ။ လှုပ်ရှားရန်အချိန်ယူနိုင်ခြင်းကသာ အရေးကြီးဆုံး ဖြစ်သည်။

"ကျားနဂါးဖိနှိပ်ခြင်း ဗောဓိသတ္တရဲ့ ပုံရိပ်ကိုလောလောဆယ် သုံးလို့မရသေးဘူး။"

ရှန်းယီက သူ၏နားထင်များကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

သူ့တွင် ပါးစပ်ရှစ်ပေါက်နှင့် ပြီးပြည့်စုံသော သရုပ်ဆောင်စွမ်းရည်များရှိလျှင်ပင် ဗောဓိသတ္တများအားလုံး သေဆုံးသွားချိန်တွင် တောင်ပိုင်းတိုက်ကြီးက အဘယ်ကြောင့်အထိအခိုက်မရှိ ကျန်ရှိနေရသနည်းဆိုသည်ကို ရှင်းပြနိုင်မည်မဟုတ်ပေ။

ဤအခြေအနေတွင် သူက မသေမျိုးသုံးပါးဂိုဏ်းမှပုံရိပ်ကို ထိန်းသိမ်းထားရမည်။ အခြား မဟာဂိုဏ်းကြီးတစ်ခုကသာ သူ့ကို သူတို့လက်အောက်တွင် အသက်ရှင်ခွင့် ပေးနိုင်သည်။

ထို့ကြောင့် သူက ထိုဘိုးဘေးနှစ်ဦးကို ထွက်သွားခွင့်ပြုရန်အားထုတ်မှုများစွာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တောင်ပိုင်းတိုက်ကြီးမှ တပည့်သစ်တစ်ဦး မြောက်ပိုင်းတိုက်ကြီးသို့သွားရောက်ကာ မသေမျိုးသုံးပါးဂိုဏ်းထံတွင် ခိုလှုံရန်မှာ လူတစ်ဦး၏စကားကို အားကိုးရုံဖြင့်ယုံကြည်ရမည်မဟုတ်ဘဲ အမှန်တကယ်ထိုးဖောက်ဝင်ရောက်ရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ ဤအတွက် သက်သေများ လိုအပ်သည်။

တောင်ပိုင်းတိုက်ကြီးတွင် ဘာတွေဖြစ်ခဲ့သလဲဆိုသည်ကို ရှင်းပြရန် အခြားသူများ၏ပါးစပ်ကို ငှားရမ်းရန် လိုအပ်သည်။

ဤကဲ့သို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရပြီးနောက် ထိုနှစ်ဦးက သူတို့၏စိတ်နှလုံးထဲတွင် အလုံခြုံဆုံးဟု ယူဆရသော နေရာသို့ ခိုလှုံရန် သေချာပေါက် ထွက်ပြေးကြပါလိမ့်မည်။

အကယ်၍ အရာအားလုံး အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားပါက ရှန်းယီ၏အသက်က ယာယီ ကယ်တင်ခံရပါလိမ့်မည်။ ၎င်းက မည်မျှ ကြာရှည်ခံမည်ဆိုသည်မှာ တောင်ပိုင်းဍုမေဏုလူများ သူ့ကို ဘယ်အချိန်ရှာတွေ့မည်နည်းနှင့် သူက ဒုတိယအဆင့်သို့ ဘယ်အချိန်အဆင့်ချိုးဖောက် တက်လှမ်းနိုင်မည်နည်း အပေါ်တွင် မူတည်သည်။

သူ အဆင့်ချိုးဖောက် တက်လှမ်းပြီး မဟာလွတ်လပ်ခြင်းသို့ ရောက်ရှိသွားသည်နှင့်တပြိုင်နက် သူက မသေနိုင်၊ မပျက်စီးနိုင်တော့မည်ဖြစ်လေ၏။

"သခင်ကြီး၊ ကျွန်တော်တို့ အခု မြောက်ပိုင်းတိုက်ကြီးကို သွားမလို့လား။"

ရှန်းရွှီ ဘိုးဘေးက ရှန်းယီ၏နောက်သို့ ပိုကြာကြာ လိုက်ပါခဲ့ပြီး အခြေအနေကို ပိုမိုတိကျစွာမြင်တွေ့ခဲ့ရသည်။

လူငယ်လေးက တောင်ပိုင်းဍုမေဏု၏အကြံအစည်ကြီးကို ဖျက်ဆီးခဲ့ပြီး အနာဂတ်ဗုဒ္ဓ၏တပည့်ကို သတ်ဖြတ်ခဲ့သည်။ မဟာလွတ်လပ်ခြင်း ဗောဓိသတ္တ၏လိုက်လံ ဖမ်းဆီးခြင်းကို ခံရသည်ကို မဆိုထားနှင့်၊ အစစ်အမှန် ဗုဒ္ဓတစ်ပါးက ကိုယ်တိုင်ကိုယ်ကျ နှိမ်နင်းလာမည်ဆိုလျှင်ပင် ပုံကြီးချဲ့ပြောဆိုခြင်းဖြစ်မည်မဟုတ်ပေ။

ဤမျှကျယ်ပြန့်သော တောင်ပိုင်းတိုက်ကြီးတွင်ပင် ရှန်းယီအတွက်နေထိုင်ရန် နေရာမရှိတော့ချေ။

"မလောပါနဲ့။" ရှန်းယီက ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ကို ဆန့်တန်းကာ ဤတိုတောင်းသောအနားယူမှုကို အဆုံးသတ်လိုက်၏။

"အင်ပါယာမြို့တော်ကို အရင်သွားဖို့ ငါ စီစဉ်ထားတယ်။"

ခေါင်းဖြတ်ခံထားရသော ယင်ကောင်တစ်ကောင်အလားအခြားနေရာများသို့ အလျင်စလိုဝင်ရောက်ခြင်းက ပြဿနာများကိုသာ အလွယ်တကူဖန်တီးလိမ့်မည်။

မသွားမီ အရင်ဆုံး သတင်းအချက်အလက်နားလည်ထားဖို့မှာ မရှိမဖြစ်လိုအပ်လေ၏။ ချင်းဟွာကို ကောင်းကင်ယံသို့ စေလွှတ်လိုက်သကဲ့သို့ သတင်းအချက်အလက်လမ်းကြောင်းတစ်ခု ရှိခြင်းကပြဿနာများစွာကို ကြိုတင်သိရှိခြင်းအတွက် အကောင်းဆုံးပင်။

ထို့အတူ တိုက်ကြီးလေးခုလုံး၏သတင်းများကို ကျွမ်းကျင်ပိုင်နိုင်ခြင်းတွင် လူသားဧကရာဇ်အား မည်သူက ယှဉ်နိုင်မည်နည်း။

ရှန်းယီက နတ်ဘုရားမင်းဆက်၏ဆုလာဘ်ကို မျှော်လင့်ချက် မထားတော့ပေ။

တိုက်ကြီးသုံးခုကျဆုံးသွားသဖြင့် ထိုနေရာက ဆင်းရဲမွဲတေနေမည်ကို ကြိုတင်ခန့်မှန်းနိုင်သည်။ သူတို့ပိုင်ဆိုင်သမျှကို ရောင်းချလိုက်လျှင်ပင် သူ၏အောင်မြင်မှုများကို ဆုချရန်လိုအပ်သော ဧကရာဇ်ချီရွှေဆေးလုံးများကို စုဆောင်းနိုင်မည် မဟုတ်ပေ။

သို့သော် သူတို့က အောင်မြင်မှုများကိုအကြောင်းပြပြီး သတင်းအချက်အလင်တစ်ခုအထောက်အပံ့တစ်ခု ပေးနိုင်မည်ဆိုလျှင် အတော်လေးကောင်းမွန်ပါသည်။

ရှန်းယီက သူ၏နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်၏။

မဟာတောင်ပိုင်းတိုက်ကြီး၏ကိစ္စရပ်ကို ဖြေရှင်းပြီးနောက် သူက ဘာမှမသိသော နတ်ဆိုးသုတ်သင်သူလေးတစ်ယောက် မဟုတ်တော့ပေ။

ရွှေဖားပြုတ်၏အစောပိုင်း စကားများက သနားကြင်နာမှုကင်းမဲ့ပုံရသော်လည်း အလွန် အရေးကြီးသော သတင်းအချက်အလက် တစ်ခုကို ပေးစွမ်းခဲ့သည်။

အချိန် ခုနစ်ရက်၊စီရင်စု ကိုးခုကို ဖျက်ဆီး၊ သုံးဆယ်ရာခိုင်နှုန်းကို အသက်ရှင်ခွင့်ပေးလိုက်။

အရေးကြီးဆုံး အပိုင်းမှာ ထိုသုံးဆယ်ရာခိုင်နှုန်းပင်။ ရွှေဖားပြုတ်၏စရိုက်လက္ခဏာကို သိထားသဖြင့် ၎င်းက သနားကရုဏာကြောင့်မဟုတ်ပေ။

ဤကိန်းဂဏန်းက ဂိုဏ်းနှစ်ခုလက်ခံနိုင်သော ကန့်သတ်ချက်သာဖြစ်နိုင်သည်။

အကယ်၍ကန့်သတ်ချက် မရှိပါက နတ်ဘုရားမင်းဆက်၏ပြည်သူများကို တစ်ယောက်မချန် အမှန်တကယ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မည်ဆိုလျှင် ဧကရာဇ်ချီကို မည်သူက ပံ့ပိုးပေးမည်နည်း။

ကပ်ဘေးအန္တရာယ်ကြီး တစ်ခုအပြီးတွင် သာမန်ပြည်သူများပြန်လည်ထူထောင်ရန် အချိန်အလုံအလောက်ရှိသဖြင့် အနည်းဆုံးတော့ အချို့ကို ချန်ထားရပါလိမ့်မည်။

တစ်နည်းအားဖြင့် အဆိုးရွားဆုံး အခြေအနေတွင်ပင် အလောင်းများနေရာအနှံ့ရှိနေပြီး အသက်များ စွာပျက်စီးဆုံးရှုံးသွားလျှင်ပင် အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်းကျန်ရှိနိုင်သေးသည်။

ရှန်းယီက လွတ်လမ်းချန်ထားပေးသည့်အတွက် လမ်းစဥ်သုံးသွယ်ကို ချီးကျူးလိုခြင်းမဟုတ်ပေ။ သူက လူသားဧကရာဇ်နှင့် တစ်ကြိမ် တွေ့ဆုံခဲ့ရသည်ကို ပြန်လည်သတိရမိခြင်းသာ ဖြစ်သည်။

ယခုအခါ အရာအားလုံးက လူသားဧကရာဇ်က မသေမျိုးဌာနကို တည်ထောင်ကတည်းက စတင်ခဲ့ပုံရသည်။

သို့သော် လက်ရှိရှုထောင့်မှ ကြည့်လျှင် ဤမသေမျိုးဌာနက အဓိပ္ပာယ်မဲ့နေပုံရပါသည်။

သူတို့ထဲတွင် အသန်မာဆုံးသူက အကောင်းဆုံးအနေဖြင့် တာ့လော်မသေမျိုး အဆင့်သာ ရှိပြီး ဤနယ်ပယ်တွင် အလားအလာမျှော်လင့်ချက်ကင်းမဲ့သော အုပ်စုထဲတွင်ပါဝင်သည်။ ဒုတိယအဆင့်သို့ ရောက်ရှိပြီး မဟာလွတ်လပ်ခြင်းကို ရရှိကာ နယ်ပယ်နှစ်ခုမှ ခုန်ထွက်သွားသည်နှင့်တပြိုင်နက် မည်သူက သေမျိုး အင်ပါယာခုံရုံးကို အလုပ်အကျွေးပြုမည်နည်း။

အလားအလာမရှိသော တာ့လော်မသေမျိုးများ အုပ်စုဖြင့် မသေမျိုးခုံရုံးကို နှိမ်နင်းမည်ဟူသော လူသားဧကရာဇ်၏ယခင် ရဲရင့်သည့် စကားများက အတော်လေး ရယ်စရာကောင်းနေပုံရသည်။

လူသားဧကရာဇ်ဟာ အရူးတစ်ယောက် မဟုတ်ခဲ့ပါက ၎င်းကအချက်တစ်ချက်ကိုသာ အကြံပြုနိုင်သည်။ လူသားဧကရာဇ်တွင် အခြား ရည်ရွယ်ချက်တစ်ခုရှိနိုင်သည်။

တတိယအဆင့် ကျွမ်းကျင်သူများအုပ်စု ထိန်းချုပ်ထားသော နတ်ဆိုးသုတ်သင်ရေးဌာနက နတ်ဆိုးသုတ်သင်ရေးအမိန့်ပြား နှင့် ပူးတွဲလိုက်သောအခါ အလွန် စိတ်ဝင်စားဖွယ် ကောင်းလာသည်။

အကယ်၍ နတ်ဘုရားများနှင့် မသေမျိုးအရှင်များ သေမျိုးလောကသို့ ဆင်းသက်လာပါက သူတို့က တိုက်ကြီးလေးခုကို အောင်မြင်စွာသိမ်းပိုက်ပြီး အတိုင်းအတာတစ်ခုအထိ သတ်ဖြတ်ပြီးသည်နှင့် ကျန်ရှိနေသူများက လောက၏ယုံကြည်မှုစွမ်းအင်များအတွက် အချင်းချင်းတိုက်ခိုက်ကြရန် အလားအလာအများဆုံးဖြစ်သည်။

တိုက်ပွဲက မည်မျှအထိပြင်းထန်မလဲဆိုတာကိုတော့... ရှန်းယီ မခန့်မှန်းနိုင်ပေ။

ယခင်က ထိုဘိုးဘေးအိုများက သူတို့ ဘေးကင်းလိမ့်မည်ဟု ထင်မှတ်ခဲ့သကဲ့သို့ပင်။ ၎င်းထဲတွင် ပါဝင်ပတ်သက်သွားသည်နှင့်တပြိုင်နက် တပည့်တစ်ဦး ဆုံးရှုံးသွားခြင်း သို့မဟုတ် ဂိုဏ်းတူအဖွဲ့ဝင်များသတ်ဖြတ်ခံရသည်ကို မြင်တွေ့ရခြင်းများဖြစ်ပေါ်လာနိုင်ပြီး ရှုပ်ထွေးမှုများဖြစ်ပေါ်လာကာ အလားအလာရှိသူများပင်လျှင် ထိန်းချုပ်မှုဆုံးရှုံးသွားနိုင်သည်။

လွန်စွာအသည်းအသန်ဖြစ်နေသော နတ်ဘုရားမင်းဆက်နှင့် ပတ်သက်၍မူ ၎င်းက ကိစ္စရပ်မှ ကင်းလွတ်နိုင်ပြီး ဂိုဏ်းနှစ်ခု၏အကာအကွယ်ကိုပင် ရရှိနိုင်သည်။

"ဟင်း..။"

ဤအတွေးကြောင့် ရှန်းယီ၏နှလုံးသားထဲတွင် အေးစိမ့်မှုတစ်ခု လွှမ်းမိုးသွားသည်။

သူက ဖြစ်နိုင်ခြေတစ်ခုကို ရုတ်တရက် စဉ်းစားမိသွားလေ၏။

လူသားဧကရာဇ်က အစကတည်းက အသက်ခုနစ်ဆယ်ရာခိုင်နှုန်းကို စတေးရန်အသင့်ဖြစ်နေခဲ့ခြင်း ဖြစ်နိုင်ပါသည်။

ဤအယူအဆက လွန်စွာပင်အေးစက်လွန်းလှသည်။

မည်သို့သောရည်ရွယ်ချက်ကများ ဤကဲ့သို့မြင့်မားသည့်စျေးနှုန်းနှင့် ထိုက်တန်နေမည်နည်း။

လူသားဧကရာဇ်တစ်ဦးကို သူ၏ပြည်နယ်ကိုးခုအား လောင်းကြေးအဖြစ် အသုံးပြုရန်မည်သို့သောဆွဲဆောင်မှုရှိသည့်အရာက ဆွဲဆောင်နိုင်ခဲ့သနည်း။

"..."

ပုံမှန်အားဖြင့် ရှန်းယီက သူနှင့်မသက်ဆိုင်သော ကိစ္စရပ်များကို စိတ်မဝင်စားတတ်ပေ။

သို့သော် ယခုအခါ သူက လူသားဧကရာဇ်ကို နောက်တစ်ကြိမ် အမှန်တကယ် ပြန်တွေ့ချင်နေခဲ့သည်။

သူက တကယ်ပင် အရူးတစ်ယောက်လောဆိုတာကို ကြည့်ဖို့အတွက်ပင်။

အကယ်၍ မဟုတ်ခဲ့ဘူးဆိုလျှင် ထိုရည်ရွယ်ချက်ဆိုသည့်အရာကို ကိုယ်တိုင်မျက်မြင်တွေ့ရဖို့ဖြစ်လေ၏။

All Chapters