← Chapters

အခန်း ၁၂၂၇

Vol. 123 Ch. 1227

အခန်း ၁၂၂၇

Vol. 123 Ch. 1227

အခန်း (၁၂၂၇) တောင်ပိုင်းတိုက်ကြီးမှ နှုတ်ဆက်ခွဲခွာခြင်းနှင့် လွတ်မြောက်ရာ လမ်းကြောင်း ၂

ရှန်းယီက ခန်းမဆီသို့ ခြေလှမ်းလိုက်သည်။ တောင်ပိုင်းတိုက်ကြီး၏ကိစ္စရပ်များက အဆုံးသတ်သွားပြီဖြစ်ရာ ပြည်သူများကို အလဟဿစိုးရိမ်ပူပန်စေရန် ဖုံးကွယ်ထားစရာ အကြောင်းမရှိတော့ပေ။

"..."

တောင်ပိုင်းကာကွယ်ရေး စစ်သူကြီးချုပ်သုံးဦး၏ မျက်နှာပေါ်ရှိ အပြုံးများသည် ချက်ချင်း အေးခဲသွားသည်။

သူတို့သည် ရှေ့ရှိကျောပြင်ကို ရှုပ်ထွေးသော အကြည့်များဖြင့် စိုက်ကြည့်နေကြပြီး ဤမျှကြောက်မက်ဖွယ်ကောင်းသော စကားများကို တည်ငြိမ်စွာ ပြောဆိုနိုင်ရန်လိုအပ်သည့် စိတ်ပိုင်းဆိုင်ရာအခြေအနေကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲနေကြ၏။

တစ်ဖက်လူက ဗောဓိသတ္တတစ်ပါးဖြစ်ရာ သူ၏လမ်းတွင် အခြားဗောဓိသတ္တများ သေချာပေါက်ပါဝင်လာမည်ဆိုတာကို နားလည်ထားရမည်။

သေမျိုးလောကထက် မြင့်မြတ်သောမဟာဂိုဏ်းကြီးများမှ ထိုမသေမျိုးအရှင်များက စာကြောင်းတစ်ကြောင်းတည်းတွင်သာ ပါဝင်ပြီး နာမည်တပ်၍ခေါ်ဆိုရန်ပင် မထိုက်တန်သကဲ့သို့ပင်။နေသည်။

"နင် တောင်ပိုင်းတိုက်ကြီးကနေ ထွက်သွားတော့မလို့လား။" ပထမဆုံး သတိပြန်ဝင်လာသူမှာ ကျင့်ကြံခြင်း အနိမ့်ဆုံးဖြစ်သော ယဲ့လန် ဖြစ်သည်။

မည်သို့ပင်ဆိုစေ သူမက ရှန်းယီနှင့် အချိန်အကြာဆုံး နေထိုင်ခဲ့ပြီး သူ၏လုပ်ဟန်များကို အသားကျနေပြီ ဖြစ်သည်။

သူမက ရှန်းယီ၏လုပ်ရပ်များအရ တောင်ပိုင်းတိုက်ကြီးက သူ့ကို ထပ်မံလက်ခံထားနိုင်တော့မည် မဟုတ်ကြောင်း မျှော်လင့်ထားသော်လည်း ဤအခိုက်အတန့်တွင် ယဲ့လန်၏မျက်လုံးများ၌ မလိုလားမှု အရိပ်အယောင်တစ်ခု မသိစိတ်အရ ပေါ်လာခဲ့သည်။

"ပထမဆုံး ငါတို့အင်ပါယာမြို့တော်ကို သွားမယ်။ မင်း ငါနဲ့ လိုက်ခဲ့ရမယ်။" ရှန်းယီက သူမကို မည်သည့် ရွေးချယ်ခွင့်မျှ မပေးခဲ့ပေ။

သူ၏လုပ်ရပ်များ၏ကြီးလေးမှုကြောင့် အနည်းဆုံးတော့ တောင်ပိုင်းဍုမေဏုပ စုံစမ်းစစ်ဆေးရန် မဟာလွတ်လပ်ခြင်း ဗောဓိသတ္တကို သေချာပေါက် စေလွှတ်လိမ့်မည်ဖြစ်ပြီး အကြောင်းအများအပြား သိထားသော ယဲ့လန်နှင့် ဆရာတော်ကျစ်ခုံး တို့က သံသယကင်းမဲ့စွာဖြင့် တောင်ပိုင်းဍုမေဏု၏အဓိက ပစ်မှတ်များ ဖြစ်လာလိမ့်မည်။

သူတို့တွင် ကျင့်ကြံခြင်းနှင့် နတ်ဆိုးသုတ်သင်ရေး အမိန့်ပြားများ မရှိသကဲ့သို့ တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးချုပ်များကဲ့သို့ ဧကရာဇ်ချီကိုလည်း စုစည်းနိုင်စွမ်းမရှိကြပေ။

အကယ်၍ ဖမ်းမိသွားပါက သူတို့အတွက် သေလမ်းရှာရန်ပင် စွမ်းရည်ရှိမည်မဟုတ်ချေ။

သူတို့အတွက်ရော သူ့ကိုယ်သူအတွက်ပါ ရှန်းယီက သူတို့ကိုတောင်ပိုင်းတိုက်ကြီးတွင် နေထိုင်ခွင့် မပြုနိုင်ပေ။

"ဒါနဲ့၊ တောင်ပေါ်ကို သတင်းစကား တစ်ခုပို့လိုက်။ သူတို့ဘာသာပြောင်းရွှေ့ကြဖို့နဲ့ အကောင်းဆုံးက ပုန်းအောင်းနေပြီး ဘယ်ကိစ္စထဲမှ မပါဝင်ကြဖို့ ပြောလိုက်။"

လူငယ်လေး၏အနည်းငယ် အာဏာရှင်ဆန်သော စကားများကို ယဲ့လန်က မနှစ်မြို့သည့် အရိပ်အယောင်မပြဘဲ ဝမ်းသာအားရဖြင့် ပြောလိုက်သည်။ "နားလည်ပါပြီ ကျွန်မ အခုချက်ချင်း သွားလုပ်လိုက်ပါ့မယ်။"

ယဲ့လန် လှည့်ကာ လျင်မြန်စွာ ထွက်သွားသည်ကို ကြည့်ပြီးနောက်

ဖုန်းရှီက နောက်ဆုံးတွင် ရှေ့သို့တက်လာပြီး နှုတ်ခမ်းများကို တင်းတင်းစေ့ထားကာ သဲလွန်စများ အားလုံးကို ဖျက်ဆီးရန် သူ၏ကြိုးပမ်းမှုများကို ထည့်သွင်းစဉ်းစားပါက အခြေအနေက ရှန်းယီ ပြောသလောက် အကောင်းမြင်စရာ မရှိနိုင်ကြောင်း သဘောပေါက်သွားသည်။

"တောင်ပိုင်းတိုက်ကြီးက လောလောဆယ်တော့ ဘေးကင်းနိုင်ပါတယ်။ ခင်ဗျားတို့အားလုံး စိုးရိမ်ပူပန်နေဖို့ မလိုပါဘူး၊ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ တပ်စွဲကာကွယ်ထားလိုက်ပါ။"

ရှန်းယီက လှပသောအမျိုးသမီးကို ကြည့်ကာ နှစ်သိမ့်စကား တစ်ခွန်းပြောလိုက်၏။

သူတို့၏ခွန်အားကမည်သို့ပင်ဆိုစေ၊ ဤတာ့လော် မသေမျိုးသုံးဦးက ထွက်ပြေးမည့်အစား တောင်ပိုင်းဧကရာဇ်ကို ခုခံရန် ပထမဆုံး တွေးတောခဲ့သည်ဟူသော အချက်ကပင် သူ၏လေးစားမှုကို ရရှိခဲ့သည်။

"ကျွန်မတို့ စိုးရိမ်နေတာက တောင်ပိုင်းတိုက်ကြီး မဟုတ်ပါဘူး..." ဖုန်းရှီက ခါးသီးစွာ သက်ပြင်းချလိုက်၏။ တောင်ပေါ်မှ ဆင်းလာသော ဗောဓိသတ္တများနှင့် ဖော်ထုတ်ခံလိုက်ရသော မဟာနတ်ဆိုးကြီးများမှာ လုံးဝနီးပါးသုတ်သင်ရှင်းလင်းခံလိုက်ရပြီး စီရင်စု နှစ်ဆယ့်ခုနစ်ခုက နတ်ဆိုးကပ်ဘေးနှင့် မရင်ဆိုင်ရသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။

အခြား တိုက်ကြီးသုံးခုနှင့် နှိုင်းယှဉ်ပါက ယနေ့ မဟာတောင်ပိုင်းတိုက်ကြီးကို သေမျိုးလောကများကြားရှိ မသေမျိုးနယ်ပယ်ဟု ခေါ်ဆိုနိုင်သည်။

သူမက အံ့သြချီးကျူးစွာဖြင့် ခေါင်းခါလိုက်၏။ "တစ်ချိန်က အချိန်တိုလေးလုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့ဖူးတဲ့အတွက် ရှင်တို့ကိုလိုက်ပို့ပေးပါရစေ။ အင်ပါယာမြို့တော်ကို ရောက်တဲ့အခါ ရှင်တို့အတွက် ဒုက္ခ အများကြီးသက်သာသွားလိမ့်မယ်။"

အကယ်၍ သူမက သူ့ကိုဘေးကင်းစွာ မပို့ဆောင်ပေးနိုင်ပါက သူမနှင့် ထိုအဘိုးကြီး နှစ်ဦးတို့က စိတ်အေးချမ်းသာစွာ နေနိုင်ကြမည်မဟုတ်ပေ။

"ဒါဆို သခင်မကို ကျေးဇူးအများကြီး တင်ပါတယ်။"

ရှန်းယီက တစ်ခဏမျှစဉ်းစားပြီးနောက် သဘောတူညီကာ ခေါင်းညိတ်လိုက်သည်။

သူသည် စီရင်စုနှစ်ဆယ့်ခုနစ်ခုတွင် နတ်ဆိုးကျောက်တုံး တစ်သုတ်ကို ချန်ထားခဲ့မည်ဖြစ်သည်။ ဤတောင်ပိုင်းကာကွယ်ရေး စစ်သူကြီးချုပ်များက ယခုလေးတင်ပြင်းထန်စွာ ဒဏ်ရာရထားကြရာ သူတို့ကို တောင်ပိုင်းတိုက်ကြီးတွင် နေထိုင်ရန် အတင်းအကျပ်ဖိအားပေးစရာ မလိုအပ်ပေ။

"နေပါဦး ဒီအဘိုးကြီးမှာ မေးစရာ တစ်ခုရှိတယ်။"

ရန်မင်လီက နောက်ဆုံးတွင် ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေး တစ်ခုရှာတွေ့သွားပြီး အခြားသူများ၏စူးစမ်းလိုသော အကြည့်များအောက်တွင် သူ၏ ခြောက်ကပ်နေသော နှုတ်ခမ်းများကို သပ်လိုက်၏။ "မေးခွင့်ပြုပါ၊ ဗောဓိဂိုဏ်းမှာ မင်းရဲ့ ဘွဲ့အမည်က ဘာလဲ။"

"..."

ရှန်းယီက လှမ်းကြည့်လိုက်ပြီး တစ်ဖက်လူ ဘာကို ဇဝေဇဝါဖြစ်နေသလဲ ဆိုသည်ကို အကြမ်းဖျင်း နားလည်သွားကာ ကူကယ်ရာမဲ့စွာပြုံးလိုက်၏။ "ကျားနဂါးဖိနှိပ်ခြင်း"

"ဟူး.."

ဤစကားလုံးများကို ကြားသောအခါ ရန်မင်လီက သွားများကိုတင်းတင်းစေ့ပြီး သူ၏အင်္ကျီလက်ထဲမှ စာလိပ်တစ်ခုကို ဆွဲထုတ်လိုက်သည်။

ဟုတ်တယ် အရာအားလုံး ကိုက်ညီနေတယ်။

မကြာသေးမီက ဖြစ်ရပ်များက ထူးဆန်းမှုများဖြင့် ပြည့်နှက်နေသည်ဟု သူ အမြဲတမ်း ခံစားခဲ့ရသည်။ သူ၏နှစ်ပေါင်းများစွာ အတွေ့အကြုံများသည် အဓိက ဆုံးဖြတ်ချက်တိုင်းတွင် ကျရှုံးခဲ့သဖြင့် သူ စိတ်လွတ်သွားပြီလားဟုပင် သံသယဝင်လာစေခဲ့သည်။

ရန်မင်လီက စာလိပ်၏ပထမဆုံး စာမျက်နှာကို လှန်လိုက်ပြီး သူ၏တုန်ယင်နေသော လက်ချောင်းက ထိပ်ဆုံးမှ နာမည်သုံးခုကိုညွှန်ပြနေသည်။

"ကျားနဂါးဖိနှိပ်ခြင်းမဟာအလင်းဘုရင်ဆိုတာက မင်းပဲ၊ နန်ယန်စစ်သူကြီး ဆိုတာလည်း မင်းပဲ... ဒီအဘိုးကြီးခန့်မှန်းတာ မှန်မယ်ဆိုရင် ဒီ ထိုက်ရွှီ ဆေးဧကရာဇ် ဆိုတာကလည်း မင်းပဲ ဖြစ်ရမယ်"

ထိုက်ရွှီ ဆေးဧကရာဇ်က ရှန်းရွှီတောင်မှ လာသော ပြိုင်ဘက်ကင်းကောင်းကင်ပါရမီရှင် တစ်ဦးဖြစ်သည်။

ယဲ့လန်နှင့် ရှန်းယီတို့သည် ရှန်းရွှီတောင်သို့ ဝင်ရောက်ခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း လူတိုင်း သိကြပြီး အမိန့်များ ထုတ်ပြန်ချိန်တွင် သူ၏အမူအရာက သူ့ကို ဂိုဏ်းတစ်ဂိုဏ်း၏ ခေါင်းဆောင်အဖြစ် ရှင်းလင်းစွာအမှတ်အသားပြုနေသည်။

ဤလူငယ် ပါရမီရှင်က ပိုးကောင်နတ်ဆိုး ရှန်းရွှီ ဘိုးဘေးဖြစ်ရန် မဖြစ်နိုင်ရာ သူ၏ပုံရိပ်မှာ အလွန် ရှင်းလင်းနေပြီဖြစ်သည်။

"ဒါဆို နတ်ဆိုးသုတ်သင်ရေးဌာနက စုံစမ်းစစ်ဆေးနေတဲ့ ပါရမီရှင်တွေထဲက ထိပ်ဆုံး သုံးယောက်က ငါတို့လူတွေချည်းပဲပေါ့..."

ဤအချက်သို့ရောက်သောအခါ ရန်မင်လီသည် လည်ချောင်းများ ခြောက်ကပ်နေပြီဖြစ်သည်။

အဘိုးကြီး၏စိတ်လှုပ်ရှားမှုကို မြင်သောအခါ ရှန်းယီက စာအုပ်ထဲတွင် နောက်ပိုင်း၌ဖော်ပြထားသော နာမည်များကို လှမ်းကြည့်လိုက်၏။ "အဲ့လိုနီးပါးပါပဲ။"

ရိုးရိုးသားသားပြောရလျှင် သခင်ကြီးရန် ကို သူ အနည်းငယ် ကိုယ်ချင်းစာမိသည်။

မည်သို့ပင်ဆိုစေ ရန်မင်လီက သူ၏ပုံရိပ်အများစုကို ပထမဆုံး ဖော်ထုတ်နိုင်ခဲ့သူဖြစ်သည်။ ဗောဓိသတ္တ၏ဘွဲ့အမည်နှင့် ပတ်သက်၍ သူ၏ရုတ်တရက် မေးမြန်းမှုအရ ရှန်းယီက ဝန်မခံလျှင်ပင် သူက ရာခိုင်နှုန်း ခုနစ်ဆယ် ရှစ်ဆယ်ခန့် ခန့်မှန်းပြီးဖြစ်ကြောင်း ရှင်းလင်းနေပါသည်။

သူ့လို ဉာဏ်ကောင်းသော လူတစ်ယောက်က ရှန်းယီ၏လုပ်ရပ်များကြောင့် ဆုံးဖြတ်ချက်များတွင် ဆက်တိုက်ကျရှုံးနေခဲ့ရာ ၎င်းက သူ၏ယုံကြည်မှုကို ပြင်းထန်သော ထိုးနှက်ချက်တစ်ခု သေချာပေါက် ဖြစ်စေခဲ့၏။

"အဲဒါကို မြင်လား၊ အဲဒါ ငါ့အမှား မဟုတ်ဘူး" အတည်ပြုချက် ရရှိပြီးနောက် ရန်မင်လီကသူ၏ဘေးရှိ ယန်လန်ထင်ကို မုတ်ဆိတ်မွေးများ ထောင်ထလျက်ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"..."

ယန်လန်ထင်က သူ့ကို ဂရုစိုက်ရန် စိတ်မဝင်စားပေ။ ရှန်းယီကို နောက်တစ်ကြိမ် ကြည့်လိုက်သောအခါ သူက ပို၍သာကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

ဆိုလိုသည်မှာ အစမှအဆုံးတိုင် ဂိုဏ်းနှစ်ခုမှ လူငယ်ကျွမ်းကျင်သူလေးဦးစီကို သတ်ဖြတ်ခဲ့သော ပြိုင်ဘက်ကင်း ပါရမီရှင် နှစ်ဦး ရှိမနေခဲ့ခြင်းပင်။

ပေလျိုမြစ်တွင် ရှန်းယီ တစ်ဦးတည်းက ထျန်းဝူ ရွှမ်းဝူ အပါအဝင် လူ ဆယ့်ခြောက်ဦးကို ခေါင်းဖြတ်သတ်ခဲ့ပြီး ဘေးမှ စောင့်ကြည့်နေသော တတိယအဆင့်ကျွမ်းကျင်သူများကိုပါ ကစားနေခဲ့ခြင်း ဖြစ်သည်။

သေချာပေါက် သူတို့အဘိုးကြီး သုံးဦးကလည်း အခြားလူများနည်းတူ လှည့်စားခံခဲ့ရသည်။

ထိုတိုက်ခိုက်သူ နှစ်ဦးက မောပန်းနွမ်းနယ်နေပြီး နန်ယန်စစ်သူကြီးက အကျိုးအမြတ်များကို ရိတ်သိမ်းသွားသည်ဟု အမှန်တကယ် ယုံကြည်ခဲ့ကြ၏။

"ရှင် ဘာကို စိတ်လှုပ်ရှားနေမှန်း ကျွန်မ မသိဘူး။"

ဖုန်းရှီက ရန်မင်လီကို စိုက်ကြည့်လိုက်သည်။ ကျောက်စိမ်းရေကန်မျောက်နတ်ဆိုး အဖြစ်အပျက်အတွင်း ယန်လန်ထင်၏ကာကွယ်ပေးမှုသာ မရှိခဲ့ဘဲ နန်ယန်ကို အပြစ်ပေးရန် ရန် စီစဉ်ထားသည့်အတိုင်းသာ ဖြစ်သွားခဲ့လျှင်... စီရင်စု နှစ်ဆယ့်ခုနစ်ခုက အချိန်ကြာမြင့်စွာကတည်းက လူသူကင်းမဲ့သော လွင်တီးခေါင် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

"..."

ရှန်းယီက သူတို့ အငြင်းပွားနေသည်ကို တိတ်ဆိတ်စွာကြည့်နေပြီး လွမ်းဆွတ်ဖွယ်ရာ ရင်းနှီးနေသော ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

ချင်ပြည်နယ် နတ်ဆိုးကပ်ဘေးပြေလည်သွားပြီးနောက် အဘိုးကြီးချမ်ချန်ခွင်း ဤကဲ့သို့သော အကြီးအကဲမျိုးဖြစ်သွားချိန်ကို ပြန်လည်သတိရမိသည်။

သူက ဤခံစားချက်ကို အတော်လေးသဘောကျပြီး လူတစ်ဦးကို ရှင်းပြ၍မရနိုင်အောင် စိတ်သက်သာရာ ရစေသောအရာဖြစ်သည်။

ကံမကောင်းစွာဖြင့် ယခုအချိန်က အနားယူရန် အချိန်မဟုတ်ပေ။ သူ၏အသက်ကို လုံခြုံအောင် ကာကွယ်နိုင်မှသာ ချင်ပြည်နယ်သို့ နောက်တစ်ကြိမ်လည်ပတ်ရန် အားလပ်ချိန် ရရှိနိုင်ပါလိမ့်မည်။

"အားလုံးပဲ နှုတ်ဆက်ပါတယ်။" ရှန်းယီက သူ၏လက်များကို ဖြည်းညှင်းစွာ ယှက်လိုက်၏။

ယခုလေးတင် ဆူညံနေသူများ ရုတ်တရက် တိတ်ဆိတ်သွားကြသည်။

အဘိုးကြီး နှစ်ဦးက ဘာမျှမပြောတော့ဘဲ နောက်ဆုံးတွင် သက်ပြင်းရှည်ကြီး ချလိုက်ပြီး ပြန်လည် ဦးညွှတ်လိုက်ကြသည်။ "အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်... နှုတ်ဆက်ပါတယ်။"

တောင်ပိုင်းတိုက်ကြီးရှိ ပြဿနာများမှာ အမြစ်ပြတ်သွားခြင်း မဟုတ်ဘဲ သာမန် ပြည်သူလူထုထံမှ ရှန်းယီတစ်ဦးတည်းထံသို့ ရွှေ့ပြောင်းသွားခြင်းသာ ဖြစ်သည်။

သူတို့က အကူအညီများများစားစား မပေးနိုင်ဘဲ သူတို့ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ နန်ယန်က အသက်စွန့်၍ရယူပေးခဲ့သော ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်ပင်။

...

ရက်အနည်းငယ် အကြာတွင်

မီးနဂါးရတနာရထားလုံး တစ်စီးက စဉ့်စီရင်စုမှ ထွက်ခွာလာပြီး မြောက်ဘက်သို့ တည့်တည့် ဦးတည်သွားကာ တောက်လောင်နေသော နဂါးဝိညာဉ်ကစူးရှသော ဟိန်းဟောက်သံကို ထုတ်လွှတ်လျက် မျက်တောင်တစ်ခတ်အတွင်း မိုင်ထောင်ချီ ဖြတ်ကျော်ပြီးတောင်ပိုင်းတိုက်ကြီးအား အနောက်တွင် ချန်ရစ်ခဲ့သည်။

အထဲတွင်တော့ လူအနည်းငယ်သာ ထိုင်နေကြသည်။

ဖုန်းရှီက တောင်ပိုင်းတိုက်ကြီးရှိ အဖြစ်အပျက်များ အားလုံးကို အသေးစိတ်ရေးသားထားပြီး တောင်ပိုင်းကာကွယ်ရေး စစ်သူကြီးချုပ်သုံးဦး၏တံဆိပ်တုံးများ ရိုက်နှိပ်ထားသော အစီရင်ခံစာ တစ်စောင်ကို ပြင်ဆင်ပေးခဲ့သည်။

ဤသည်က တောင်ပိုင်းတိုက်ကြီးအနေဖြင့် ရှန်းယီအတွက်ပြင်ဆင်ပေးနိုင်သော တစ်ခုတည်းသောအရာ ဖြစ်ပါသည်။

ဤအစီရင်ခံစာဖြင့် သူက လူသားဧကရာဇ်ထံမှ မည်သည့် ဆုလာဘ်ကိုမဆို တောင်းဆိုနိုင်သည်။

ယဲ့လန်နှင့် ဘုန်းကြီးလေး ကျစ်ခုံးတို့ကို ခေါ်ဆောင်လာပြီး ရှန်းယီ၏ဘေးတစ်ဖက်တစ်ချက်စီတွင် ထိုင်နေကြသည်။ ရှန်းရွှီတောင်၏အစီအစဉ်များ လုံးဝနီးပါးပြီးစီးနေပြီ ဖြစ်သည်။

တာအိုသခင် ချန်းဖုန်းက တောင်ပိုင်းဍုမေဏု တုံ့ပြန်မှုမပြုနိုင်မီ တောင်ပိုင်းတိုက်ကြီးမှ ဆုတ်ခွာရန် ပင်မတောင်ထိပ်နှင့် ပြင်ပတောင်ထိပ်များကို ဦးဆောင်သွားမည်ဖြစ်သည်။

နန်ယန်ဟူသော နာမည်မှလွဲ၍ ရှန်းယီက မဟာတောင်ပိုင်းတိုက်ကြီးတွင် မည်သည့် သဲလွန်စမျှ ချန်မထားခဲ့ပေ။

သူက မျက်လုံးများကို မှိတ်၍ တရားထိုင်နေပြီး သူ၏အောက်ရှိ နဂါးရထားလုံးကို ခံစားနေခဲ့သည်။

မှော်ရတနာလက်နက်က အလွန်ကောင်းမွန်သော်လည်း ၎င်းကို နတ်ဘုရားမင်းဆက်၏အပြင်ဘက်တွင် လွတ်လပ်စွာအသုံးပြု၍မရနိုင်ပေ။

အချိန်မည်မျှ ကုန်လွန်သွားမှန်း မသိပြီးနောက်..

ရထားလုံး ရုတ်တရက် ရပ်တန့်သွားသောအခါ ရှန်းယီက မျက်လုံးများကိုဖွင့်လိုက်ရာ အရှေ့တွင် အင်ပါယာမြို့တော်၏မှုန်ဝါးဝါး ပုံသဏ္ဌာန်ကို မြင်လိုက်ရသည်။

All Chapters