အခန်း (၁၀၉၂)
Vol. 105 Ch. 1092
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၉၂
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ထို့နောက်… သူမ လမ်းပျောက်သွား၏။
ကမ္ဘာကြီးကို ကယ်တင်ရန် သူမ စိတ်ပိုင်းဖြတ်ကာ ထွက်လာသော်ငြား ပထမဆုံးခြေလှမ်း စတင်လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် လမ်းပျောက်သွားခြင်းတော့သည်။ သောက်ကျိုးနည်းလှ၏။
ကမ္ဘာ့ဟင်းလင်းပြင် အက်ကွဲကြောင်းထဲ၌ သူမ ဆက်တိုက် လှည့်လည်သွားနေမိသည်။ ဤဟင်းလင်းပြင် အက်ကွဲကြောင်းမှာ မည်သည့် ဝင်္ကပါထက်မဆို ပို၍ ရှုပ်ထွေးနေ၏။
မည်မျှကြာအောင် လှည့်လည်နေမိမှန်း မသိရတော့ဘဲ သူမသည် ယခင်ကထက်ပင် ပို၍ လမ်းပျောက်သွားရသည်။ နောက်ကြောင်းပြန်လှည့်ရန် လမ်းကိုပင် ရှာမတွေ့တော့ချေ။
အသည်းအသန် လှည့်ပတ်ရှာဖွေနေရင်း နောက်ဆုံး၌ သူမ အရပ်မျက်နှာများကိုပင် လုံးဝ မခွဲခြားနိုင်တော့ပေ။
နဂါးမလေး မိုဟန်က စိတ်ပျက်လက်ပျက် ညည်းတွားလိုက်မိသည်။ “ငါ မကယ်တော့ဘူး။ အစွမ်းကုန် ကြိုးစားပြီးပြီ။”
ထိုသို့ပြောပြီးသည်နှင့် သူမ အက်ကွဲကြောင်းထဲ၌ ရှိနေသည့်နေရာမှာပင် တင်ပျဉ်ခွေ ထိုင်ချလိုက်၏။ သေချာသည်ကတော့ သူမ မည်သည့်နေရာသို့ ရောက်နေမှန်းကို သူမကိုယ်တိုင်ပင် မသိပေ။
မည်သို့ပင်ဖြစ်စေကာမူ သူမ ရှေ့ဆက်၍လည်း မရသလို နောက်ဆုတ်၍လည်း မရတော့ချေ။ ထို့အတွက်ကြောင့် ဤနေရာ၌ပင် ထာဝရ ထိုင်နေလိုက်ရန် ဆုံးဖြတ်လိုက်တော့၏။ နဂါးများသည် နေမင်းကြီးနှင့် စွမ်းအင်ချိတ်ဆက်မှု ပြတ်တောက်သွားသည်နှင့် နောက်ဆုံး၌ သေဆုံးသွားမည်သာ။
ထို့ကြောင့် သေမင်းကို စောင့်ဆိုင်းရင်း ဤနေရာ၌သာ သူမ ထိုင်ချလိုက်တော့သည်။ သေရမည်ကို မကြောက်သော်ငြား နောင်တတချို့တော့ ရနေမိ၏။
အဘယ်ကြောင့်ဆိုသော် သူမ၌ မပြီးမြောက်သေးသည့် ကိစ္စတစ်ခု ရှိနေသေးသောကြောင့်ပင်။ သူမ ယခုထိ မည်သူနှင့်မျှ အတူမအိပ်ဖူးသေးချေ။
အရင်တစ်ခေါက် တုပိုင်နှင့် တွေ့စဉ်က ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် အတူတကွ လုပ်ဆောင်လေ့ရှိသည့် အလွန် ရွံစရာကောင်းသောကိစ္စကို လုပ်ချင်ကြောင်း သူမ ပြောပြချင်သော်လည်း နှုတ်မှ အပြင်ထုတ်၍ မပြောဖြစ်ပေ။
ယခုတော့ သူမ သေရတော့မည်ဖြစ်သော်လည်း ယောက်ျားတစ်ယောက်နှင့်မျှ အတူမအိပ်ဖူးသေးချေ။ တကယ့်ကို ဆိုးရွားသည့် နှမြောစရာ ကိစ္စတစ်ခုပင်။
သို့သော် ထိုအချိန်လေး၌ပင် တုပိုင် ရောက်ရှိလာသည်။
သူက သူမထံသို့ တန်းတန်းမတ်မတ် လျှောက်လာပြီး မိုဟန်၏ အဝတ်အစားများထဲသို့ သူ၏လက်များကို နက်ရှိုင်းစွာ ထိုးသွင်းလိုက်၏။
တစ်စုံတစ်ခုကို ဆုပ်ကိုင်ထားသလို ခံစားရသော်ငြား တစ်ချိန်တည်းမှာပင် ဘာကိုမှ ကိုင်မထားရသကဲ့သို့ ဖြစ်နေသည်။ သေး၏။
မိုဟန် ကြောင်တောင်တောင်ဖြင့် မေးလိုက်၏။ “နင်က တကယ်လား ၊ ဒါမှမဟုတ် ငါ့ရဲ့ စိတ်ကူးယဉ်ပုံရိပ်ယောင်လား။”
ထိုအခိုက် သူမကို တုပိုင် နမ်းလိုက်သည်။ မိုဟန် ရုတ်တရက် တုန်ယင်သွားပြီး တစ်ကိုယ်လုံး ကြက်သီးဖုများ ထသွားတော့၏။
သူမ ရေရွတ်လိုက်သည်။ “ရွံစရာကြီး… နင် တကယ်အစစ်ပဲ။”
ထို့နောက် သူတို့နှစ်ယောက် နက်ရှိုင်းပြင်းပြစွာ နမ်းရှိုက်လိုက်ကြ၏။ ခဏအကြာ၌ သူတို့နှစ်ဦးလုံး၏ အဝတ်အစားများ မရှိတော့ပေ…။
မိုဟန် ထစ်ငေါ့စွာ မေးလိုက်သည်။ “န…နင် ဘာလုပ်မလို့လဲ။”
တုပိုင်က မျက်ခုံးပင့်လိုက်၏။ “ရွံစရာအကောင်းဆုံး ကိစ္စကို လုပ်မလို့။”
မိုဟန် ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ…”
ထို့နောက် သူတို့နှစ်ယောက်လုံး တစ်ယောက်နှင့်တစ်ယောက် လုံးဝ ရစ်ပတ်ယှက်နွယ်သွားကြတော့၏။
**--**--**--**--**--**--**--**
တစ်နာရီ ကြာပြီးနောက်… မိုဟန်က တုပိုင်၏ ရင်ခွင်ထဲ၌ ကြောင်ပေါက်လေး တစ်ကောင်ကဲ့သို့ ကွေးကွေးလေး နေရင်း ညည်းတွားလိုက်သည်။ “တကယ်ကြီးကို ရွံစရာကောင်းတာပဲ။”
“အွတ်… ဝေါ့…” သူမ၏ အန်ချင်နေသကဲ့သို့ အသံအနည်းငယ် ထွက်လာ၏။
သေချာသည်ကတော့ သူမ၏ ပျို့အန်ချင်စိတ်မှာ သူတို့၏ နီးစပ်မှုအပေါ် ရွံရှာ၍ မဟုတ်ပေ။ အကယ်၍ သခွားသီးတစ်လုံးသာ လည်ချောင်းထဲသို့ အတင်းထိုးထည့်ခံရပါက မည်သူမဆို ပျို့အန်မိမည်သာ။
မိုဟန်က လေးနက်စွာ ပြောလိုက်၏။ “တုပိုင်… ငါ နင့်ကို ချစ်တယ်။ ငါက ဦးနှောက်မရှိတဲ့ အရူးမအနေနဲ့ ပြောနေတာ။ ငါ နင့်ကို ချစ်တယ်။”
တုပိုင်က သူမ၏ နဖူးကို နမ်း၏။
မိုဟန်က သိချင်စိတ်ဖြင့် နှုတ်ခမ်းဆူလိုက်သည်။ “ငါ့ ကလေးရသွားနိုင်လား။”
တုပိုင်က ခေါင်းခါလိုက်သည်။ “မရဘူး။”
မိုဟန်က အနည်းငယ် မကျေမနပ်ဖြစ်ဟန်ဖြင့် မေး၏။ “ဘာလို့ မရတာလဲ။”
တုပိုင်က သူမအား စိုက်ကြည့်လိုက်သည်။ “ဘာလို့လဲဆိုတော့ မင်းကို ငါ အရေးကြီးတဲ့ တာဝန်တစ်ခု ပေးစရာ ရှိလို့ပဲ။”
မိုဟန်က သူမ၏ လက်များကို အသည်းအသန် ဝှေ့ယမ်းကာ ခုန်ထမတတ် ငြင်းဆန်လိုက်၏။ “အာ… ဟင့်အင်း… မပေးပါနဲ့။ ငါက အရူးမလေ။ ဒီကိုလာဖို့တောင် လမ်းပျောက်နေတာ။ ငါ့ကို ခက်ခဲတဲ့ တာဝန်ပေးရင် သေချာပေါက် ပြီးမြောက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။”
တုပိုင်က လေးနက်စွာ ပြောလိုက်သည်။ “ငါတို့ ကမ္ဘာကြီးကို ကယ်တင်ရမယ်။ နတ်ဘုရားတွေကို ဖျက်ဆီးရမယ်။ သတ်ပစ်ရမယ်။ မင်းက ငါ့ရဲ့ တစ်ဦးတည်းသော အကူအညီပဲ။ ဘာလို့လဲဆိုတော့ မင်းက နဂါးမျိုးနွယ်ရဲ့ နောက်ဆုံးကျန်ရစ်သူမလို့ပဲ။ ငါ မင်းကို ယုံတယ်။ မင်း ဒီကိစ္စကို လုပ်နိုင်ပါတယ်။”
မိုဟန်က အနေရခက်စွာ ပြုံးဖြီးဖြီးလုပ်လိုက်၏။ “ဒါဆိုလည်း ငါ့ကို ရိုးရှင်းတဲ့ တာဝန်လေးပဲ ပေးပါလား။”
တုပိုင်က ခေါင်းညိတ်လိုက်သည်။ “စိတ်မပူနဲ့ ၊ လွယ်ပါတယ်။ နေအဖွဲ့အစည်းနဲ့ အနီးဆုံး ကြယ်တာရာအဖွဲ့အစည်းဆီကို နင့်ကို သွားစေချင်တာ။ အလင်းနှစ် ၄.၂၂ လောက် ဝေးတယ်။ အဲဒီမှာ ကြယ်သုံးလုံး ရှိတယ်။ ဆာဂျစ်တာရီယပ်စ် A ၊ ဆာဂျစ်တာရီယပ်စ် AB နဲ့ ဆာဂျစ်တာရီယပ်စ် C လို့ ခေါ်တယ်။ အဲဒါက ကြယ်သုံးပွင့် အဖွဲ့အစည်းပဲ။ အဲဒီကို သွားရမှာ။”
“အာ…” မိုဟန်၏ မျက်နှာက ဟာလာဟင်းလင်း ဖြစ်သွားပြီး သူမ၏ မျက်လုံးကြီးများမှာ ခေါင်းမူးမတတ် ချာချာလည်သွား၏။
သူမက ငိုသံဖြင့် ပြောလာသည်။ “တုပိုင်… ငါ နင့်ကို ချစ်ပါတယ်။ ဒါပေမဲ့… ခုနက နင်ပြောသွားတာ တစ်ခုမှ ငါ နားမလည်ဘူး။ ဒီကိစ္စကို ငါ့ဆီ လွှဲချင်တာ သေချာလို့လား။ ငါ့ထက် ဉာဏ်ပိုကောင်းတဲ့သူ ရှာလို့မရဘူးလား။”
တုပိုင်က မိုဟန်၏ လှပသည့် မျက်နှာလေးကို ကြည့်လိုက်၏။
သူ ယခုလေးတင် ရှင်းပြလိုက်သည့်အရာကို မိုဟန် နားလည်စေရန် မည်သည့်စကားလုံး မည်သည့်နည်းလမ်းမျှ မရှိနိုင်ကြောင်း သဘောပေါက်သွားသည်။
တုပိုင်က ညင်သာစွာ ပြောလိုက်၏။ “ဒီနေရာကိုသာ သွားပါ။ ဆက်ပျံသန်းနေ ၊ ဆက်သာ ပျံသန်းသွား။ စိတ်မပူနဲ့ ၊ မင်းနဲ့ငါ စိတ်ဝိညာဉ် ချိတ်ဆက်မှု ပြန်လုပ်ထားပြီ။ ငါ မင်းကို အလင်းတန်းအဖြစ် ပြောင်းလဲလိုက်မယ်။ ပြီးတော့ အဲဒီနေရာဆီ ပျံသန်းစေမယ်။ လမ်းတစ်ဝက်ရောက်ရင်တော့ ချိတ်ဆက်မှုကို ငါ ဖြတ်တောက်ရလိမ့်မယ်။ ဒါပေမဲ့ မလန့်သွားနဲ့နော်။ ရှေ့ကိုသာ ဆက်ပျံသွား။ နေမင်းကြီး သုံးစင်းကို မြင်တဲ့အခါ ရပ်ပြီး အလယ်တည့်တည့် ဝင်သွားလိုက်။ နားလည်လား။”
မိုဟန်က ခပ်သွက်သွက် ခေါင်းညိတ်လိုက်သည်။ “နားလည်ပြီ။”
ထို့နောက် သူမက တုပိုင်ကို စိုက်ကြည့်လိုက်၏။ “ဒါပေမဲ့ တုပိုင် ၊ ငါ တကယ် လုပ်နိုင်မှာ သေချာလို့လား။ တော်တော် ခက်မယ့်ပုံပဲနော်။”
တုပိုင်က လေးနက်စွာ ပြောလိုက်သည်။ “ကိုယ် မင်းကို ယုံတယ်။”
ထိုအခါ မိုဟန်က သန္နိဋ္ဌာန်ချလိုက်၏။ “ကောင်းပြီလေ… ငါ သွားမယ်။”
သူမ မတ်တတ်ရပ်လိုက်ပြီး အပြင်ဘက်သို့ ယုံကြည်မှုရှိစွာ ချီတက်သွားလိုက်သည်။ သို့သော် ခြေလှမ်း တစ်ရာခန့် လှမ်းပြီးနောက် မိုဟန်က နောက်သို့ ပြန်လှည့်ကြည့်လိုက်၏။ “ယောက်ျား… ငါ ဒီကနေ ဘယ်လို ထွက်ရမှာလဲ။”
**--**--**--**--**--**--**--**
တုပိုင်က မိုဟန်ကို အပေါ်ယံမျက်နှာပြင်ဆီသို့ ပြန်ပို့ပေးလိုက်သည်။ ထို့နောက် သူကမူ ကမ္ဘာ့အက်ကွဲကြောင်းထဲသို့ ဆက်လက်၍ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်သွားလိုက်၏။
တာ့နင်အင်ပါယာ ဟင်းလင်းပြင်နှင့် နဂါးသွေးတိုက်ကြီးတို့ကြားရှိ အလယ်မှတ်ကို သူ ဖြတ်သန်းသွားသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၁၆၀၀ ကျော်က ကမ္ဘာမြေနှင့် နဂါးသွေးတိုက်ကြီးတို့ ပွတ်တိုက်ဖြတ်သန်းသွားခဲ့ရာမှ ဤအက်ကွဲကြောင်း ဖြစ်တည်လာခြင်းပင်။
ဤဟင်းလင်းပြင် အက်ကွဲကြောင်းက တာ့နင်အင်ပါယာ ဟင်းလင်းပြင်နှင့် နဂါးသွေးတိုက်ကြီးကို ဆက်သွယ်ပေးထား၏။
ယခင်က တုပိုင် အလယ်မှတ်ရှိ တံခါးပေါက်ကို ဖြတ်သန်း၍ နဂါးသွေးတိုက်ကြီးဘက်ရှိ အက်ကွဲကြောင်းတစ်ဝက်ဆီသို့ ဝင်ရောက်နိုင်ခဲ့ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် မိစ္ဆာများ ပိုင်စိုးရာ နယ်မြေ ဖြစ်နေသောကြောင့်ပင်။
သို့သော် ယခုအခါ၌မူ တုပိုင် အလယ်မှတ်ကို အလွယ်တကူ ကျော်ဖြတ်သွားလိုက်နိုင်သည်။ နဂါးသွေးတိုက်ကြီးဘက်ရှိ အက်ကွဲကြောင်းအတွင်းသို့ ဝင်ရောက်သွားပြီးနောက် ရှေ့သို့သာ ဆက်လက် တိုးဝင်လိုက်သည်။
နောက်ဆုံး၌… နဂါးသွေးတိုက်ကြီးပေါ်ရှိ အက်ကွဲကြောင်း၏ ထွက်ပေါက်ဆီသို့ သူ ရောက်ရှိလာလေပြီ။
ဟင်းလင်းပြင် အက်ကွဲကြောင်း၏ နယ်နိမိတ်ကို ဖောက်ထွက်လိုက်ပြီးနောက် တုပိုင် နဂါးသွေးတိုက်ကြီးပေါ်သို့ တရားဝင် ခြေချလိုက်၏။
ဤဂြိုဟ်သည် ကမ္ဘာမြေထက် ပိုကြီးမားပြီး ပို၍လည်း ခိုင်မာလှသည်။ တစ်ချိန်က ရေတွက်၍မရနိုင်သည့် နဂါးသွေးနွယ်ဖွားများ၏ နေရပ်ဖြစ်ခဲ့ပြီး နဂါးများ ပေါက်ဖွားရာ မူလနေရာအဖြစ် တည်ရှိခဲ့၏။
သို့သော် ယခုအခါ၌မူ ထိုဂြိုဟ်ကြီးမှာ မိစ္ဆာများ၏ သိမ်းပိုက်ခြင်းကို ခံရပြီး နှစ်ပေါင်း တစ်ထောင်ကျော်တိုင်တိုင် ဖျက်ဆီးခံထားရလေပြီ။
သူ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် ဝိုင်းရံခံလိုက်ရသည်။ မိစ္ဆာဘုရင် ဆယ့်တစ်ပါး၏ ဝိုင်းရံခြင်းကို ခံလိုက်ရခြင်းပင်။
တစ်ကမ္ဘာလုံးကို လွှမ်းခြုံထားပြီး ဂြိုဟ်ကြီးကို နေရောင်ခြည်နှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားစေသည်မှာ ဤမိစ္ဆာဘုရင် ဆယ့်တစ်ပါး၏ ဧရာမ အရိပ်ကြီးများပင် ဖြစ်ကြ၏။
မိစ္ဆာဘုရင် တစ်ပါးစီတိုင်းက ကီလိုမီတာ ထောင်ပေါင်းများစွာ မြင့်မားကြ၏။ သူတို့၏ ခြေရင်း၌ ရပ်နေသည့် တုပိုင်သည် ဖုန်မှုန့်တစ်ပွင့်ကဲ့သို့ပင်။
ဤနေရာရှိ မိစ္ဆာတိုင်းက ကံကြမ္မာမိစ္ဆာဘုရင်ထက်ပင် ပို၍ အားကောင်းကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ တစ်ပါးစီတိုင်းက ဂြိုဟ်တစ်ခုနှင့် ဟင်းလင်းပြင်တစ်ခုလုံး၏ စွမ်းအင်များကို ဝါးမျိုထားသောကြောင့်ပင်။
ကံကြမ္မာမိစ္ဆာဘုရင်နှင့် အိပ်မက်ဆိုးမိစ္ဆာဘုရင်တို့မှာ သူတို့အထဲ၌ အားအနည်းဆုံးများ ဖြစ်ကြ၏။ ထို့ကြောင့်ပင် ကမ္ဘာမြေဟင်းလင်းပြင်ကို သိမ်းပိုက်ဝါမျိုရန်အတွက် နောက်ဆုံး တာဝန်ခံများအဖြစ် စေလွှတ်ခံခဲ့ရခြင်း ဖြစ်သည်။
ယခင်က ကံကြမ္မာမိစ္ဆာဘုရင်ကို သုတ်သင်ရန်အတွက်ပင် တုပိုင်သည် သရဖူ၏ စွမ်းအင်များကို ထုတ်လွှတ်ခြင်းအပါအဝင် သူ အသုံးပြုနိုင်သည့် နည်းလမ်းပေါင်းစုံကို အကုန်အစင် သုံးစွဲခဲ့ရပြီး ဖြစ်၏။
ယခုအခါ၌မူ သူသည် ဆယ့်တစ်ပါးသော… ပို၍ပင် ကြောက်မက်ဖွယ် စွမ်းအားကြီးမားလှသည့် မိစ္ဆာဘုရင်များနှင့် ရင်ဆိုင်နေရလေပြီ။
ဧရာမ မိစ္ဆာကြီး ဆယ့်တစ်ပါး၏ ခြေရင်း၌ ရပ်နေသည့် တုပိုင်သည် ဖုန်မှုန့်တစ်မှုန့်ကဲ့သို့ အမှန်တကယ်ပင် သေးငယ်လွန်းနေ၏။
ဆယ့်တစ်ပါးမြောက် မိစ္ဆာဘုရင်က မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်လိုက်သည်။ “မဟာမိစ္ဆာဧကရာဇ်ကြီးက မင်းကို တွေ့ချင်နေတယ်။ ငါတို့နဲ့ လိုက်ခဲ့စမ်း။”
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၉၂ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။