← Chapters

အခန်း (၁၃၀-၁၃၂)

Vol. 9 Ch. 130-132

အခန်း (၁၃၀-၁၃၂)

Vol. 9 Ch. 130-132

အခန်း ၁၃၀ ရေထိန်းချုပ်အတတ်

တိတ်ဆိတ်ငြိမ်သက်လှသော အခန်းငယ်တစ်ခု

ဆရာကြီးသည် လျှို့ဝှက်နက်နဲလှသော မန္တန်များကို တပည့်ဖြစ်သူအား တိုးတိုးတိတ်တိတ် လက်ဆင့်ကမ်း သင်ကြားပေးနေသည်။

သူသည် ရေထိန်းချုပ်အတတ်၏ သေးငယ်သော အသေးစိတ်အချက်အလက်များနှင့် သော့ချက်မှန်သမျှကို တစ်ခုမကျန် ကျောက်ဖေးအား စိတ်ရှည်လက်ရှည် သွန်သင်ပြသပေးခဲ့သည်။

"ရေဝိညာဉ်မှိုက အေးမြစိုစွတ်တဲ့ သဘောရှိတယ်၊ ဒါက ရေရဲ့ နူးညံ့သိမ်မွေ့တဲ့ သဘာဝကို မင်းနားလည်အောင် ကူညီပေးလိမ့်မယ်။ နှင်းခဲနဂါးရဲ့ အကြေးခွံကတော့ နဂါးတစ်ကောင်ရဲ့ ခန့်ညားထည်ဝါမှုကို ဆောင်ထားတယ်၊ ဒါက ရေကို ပြင်းပြင်းထန်ထန် ထိန်းချုပ်မဲ့ ခွန်အားသဘောနဲ့ ကိုက်ညီတယ်"

"မင်း ပြန်ရောက်လို့ ကျင့်ကြံတော့မယ်ဆိုရင် ရေဝိညာဉ်မှိုကို လျှာအောက်မှာ ငုံထား၊ နဂါးအကြေးခွံကိုတော့ မင်းရဲ့ဆီးခုံပေါ်မှာ ကပ်ထားပြီး စိတ်ထဲကနေ မန္တန်ကို တတွတ်တွတ် ရွတ်ဖတ်ရမယ်။ မှတ်ထားပါ... စိတ်မလောစေနဲ့၊ စိတ်မလှုပ်ရှားစေနဲ့ဦး..."

နောက်ဆုံးတွင် လျိုယွင်က ထပ်မံ၍ လေးလေးနက်နက် မှာကြားလိုက်ပြန်သည် “ ကျင့်ကြံခြင်းလောကမှာ ပညာရပ် ဆယ်ခုကို လက်ဆင့်ကမ်းရတာထက် စွမ်းရည်တစ်ခုရဲ့ စစ်မှန်တဲ့အနှစ်သာရကို သင်ကြားပေးရတာက ပိုခက်ခဲတယ်လို့ ဘာလို့ ခဏခဏ ပြောလေ့ရှိကြလဲ မင်းသိလား။ အကြောင်းကတော့ ပညာရပ်ရဲ့ ပုံသေနည်းတွေကို ရဖို့က လွယ်ကူပေမဲ့ စစ်မှန်တဲ့ အနှစ်သာရ တရားအသိကို ရဖို့ကျတော့ အလွန်ခဲယဉ်းလို့ပဲ"

"ဒီရေထိန်းချုပ်အတတ်ကိုပဲဥပမာထားကြည့်…ငါသိသလောက်ဆိုရင် ကျင့်ကြံခြင်းလောကမှာ ပြန့်နှံ့နေတဲ့ ဗားရှင်းပေါင်း ငါးမျိုး၊ ခြောက်မျိုးထက်မနည်း ရှိတယ်။ ဒါပေမဲ့ ဘယ်လို ရေထိန်းချုပ်အတတ်ပဲဖြစ်ဖြစ် သူတို့ရဲ့ စစ်မှန်တဲ့ အနှစ်သာရ တရားအသိကတော့ အတူတူပဲ။ ပင်မအချက်ကနေ ခွဲထွက်သွားတဲ့ ပုံစံကွဲတွေသာ ဖြစ်ကြတယ်"

"ဒါကြောင့်မလို့ မန္တန်ကျင့်ကြံတဲ့ လမ်းစဉ်မှာ အရေးကြီးဆုံးက အသိဉာဏ်ပဲ။ မင်းက သူ့ရဲ့ စစ်မှန်တဲ့ အနှစ်သာရကို နားလည်အောင် လုပ်ရမှာ၊ မျက်စိမှိတ်ပြီး ပုံတူလိုက်လုပ်နေလို့ မရဘူး။ ဒါဟာ မန္တန်ပညာရပ်ကို ကျင့်ကြံဖို့ အကောင်းဆုံးနည်းလမ်းပဲ..."

"မင်း ဆရာ့ရဲ့ စကားတွေကို ရင်ထဲမှာ အမြဲမှတ်ထားရမယ်၊ ဘယ်တော့မှ မမေ့နဲ့”

အမှန်တကယ်တော့ လျိုယွင်သည် ဤစကားများကို ယခင်ကတည်းက အကြိမ်ကြိမ် ပြောဆိုဆုံးမခဲ့ဖူးခြင်း ဖြစ်သည်။

ကျောက်ဖေးကလည်း စိတ်ရှည်လက်ရှည်ဖြင့် တစ်ခွန်းချင်း ပြန်လည်ဖြေကြားခဲ့၏။

အကြောင်းမူကား... ဆရာတစ်ယောက်၏ ပွစိပွစိ ပြောဆိုဆုံးမမှုဟူသည်

တပည့်အပေါ် ထားရှိသော စစ်မှန်သည့် ဂရုစိုက်မှုကြောင့်သာ ဖြစ်ကြောင်း သူကောင်းစွာ သိရှိသောကြောင့် ဖြစ်သည်။

ကျောက်ဖေး တိတ်ဆိတ်သော အခန်းငယ်ထဲမှ ထွက်လာချိန်တွင်မူ...

အပြင်ဘက်၌ ကောင်းကင်ကြီးတစ်ခုလုံး မှောင်အတိကျနေပြီ ဖြစ်သည်။

မီးဖိုချောင်ထဲတွင် စားကြွင်းစားကျန် အနည်းငယ်သာ ကျန်တော့သော်လည်း

ကျောက်ဖေးသည် ဂရုမစိုက်ဘဲ ထမင်းကို အသားဆော့စ်ဖြင့် နယ်ကာ အဝစားလိုက်တော့သည်။

ထို့နောက် ကျောင်းတော်မှ ထွက်ခွာ၍ တောင်နောက်ဘက်ဆီသို့ ဦးတည်လိုက်၏။

ဤနေရာတွင် ထည့်သွင်းပြောရလျှင်...

ထိုအသားဆော့စ်အိုးကို ကျောက်ဖေး ကိုယ်တိုင် ပြုလုပ်ထားခြင်း ဖြစ်သည်။

၎င်းအထဲတွင် တောငရုတ်သီး၊ ငရုတ်ကောင်း၊ ဆီ၊ ဆား နှင့် တခြားအမွှေးအကြိုင်များအပြင် အခြောက်လှန်းထားသော သမင်သားများကိုပါ ရောနှောထည့်သွင်းထားသဖြင့် အရသာမှာ အတော်ပင် ကောင်းမွန်လှသည်။

ထို့ကြောင့် ဆရာသခင်နှင့် အစ်ကိုကြီးများ၏ တညီတညွတ်တည်း ချီးကျူးမှုကို ခံခဲ့ရ၏။

ကျောက်ဖေးသည် မီးဖိုချောင်အလုပ်များတွင် အချိန်ကုန်မခံချင်သလို၊ ဆရာနှင့် အစ်ကိုကြီးများ၏ ရှေ့မှောက်တွင်လည်း သူ၏ကိုယ်ပွားကို ဆင့်ခေါ်၍ ထမင်းချက်ခိုင်းရန် အဆင်မပြေပေ။

ထို့ကြောင့် စားချင်စဖွယ်ဖြစ်အောင် အသားဆော့စ်အိုးကိုသာ ကြိုတင်လုပ်ထားခြင်း ဖြစ်သည်။

အဆိုပါ ဆော့စ်အိုးသည် ယခုအခါ ရွှမ်ယွင်ကျောင်းတော်၏ ထမင်းဝိုင်းတိုင်းတွင် မရှိမဖြစ် ဟင်းခတ်အမွှေးအကြိုင်တစ်ခု ဖြစ်နေပြီ ဖြစ်သည်။

ရွှမ်ယွင်ကျောင်းတော်၏ တောင်နောက်ဘက်နှင့်မလှမ်းမကမ်းတွင် စတုရန်းမီတာ ၁၀၀ ကျော် ကျယ်ဝန်းသော ရေကန်ကြီးတစ်ခု ရှိသည်။

ဤရေကန်သည် ပတ်ဝန်းကျင်ရှိ စမ်းချောင်းငယ်အချို့၏ မြစ်ဖျားခံရာလည်း ဖြစ်၏။

မော့ကြည့်လိုက်လျှင် ကန်ရေပြင်သည် ပြာလဲ့လဲ့ သိပ်သည်းနေပြီး အနက်မည်မျှရှိသည်ကို ခန့်မှန်း၍မရနိုင်ပေ။

ကန်ရေသည် အေးစက်တုန်ရီနေပြီး အပေါ်ယံတွင် မြူခိုးမြူငွေ့များ ရစ်ဆိုင်းနေသည်။

ရွှမ်ယွင်ကျောင်းတော်၏ ဝိညာဉ်ငါးများကို ဤအေးစက်လှသော ရေကန်ထဲ၌ပင် မွေးမြူထားခြင်း ဖြစ်၏။

ကျောက်ဖေးသည် ကန်နံဘေးရှိ ကျောက်ဖျာထက်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး ရေဓာတ်စင် ဝိညာဉ်ပစ္စည်းနှစ်ခုဖြစ်သော "ရေဝိညာဉ်မှို" နှင့် "နှင်းခဲနဂါး အကြေးခွံ" တို့ကို ထုတ်ယူ၍ ရှေ့တွင် ချထားလိုက်သည်။

လမင်းသည် တိမ်တိုက်များကြားတွင် တစ်ဝက်တစ်ပျက် တိုးဝင်ပျောက်ကွယ်နေပြီး ၎င်း၏ မှိန်ပျပျ လရောင်သည် တိတ်ဆိတ်အေးစက်နေသော ကန်ရေပြင်ထက်သို့ ဖြာကျနေသည်။

ကျောက်ဖေးသည် ကျောက်ပြာချပ်ထက်တွင် တင်ပလ္လင်ခွေထိုင်လျက် ဓားမြှောင်ငယ်ဖြင့် ရေဝိညာဉ်မှိုကို အပိုင်းအစအနည်းငယ် ဂရုတစိုက် လှီးဖြတ်ကာ လျှာအောက်သို့ ထည့်လိုက်သည်။

ထို့နောက် နှင်းခဲနဂါး၏ အကြေးခွံတစ်ချပ်ကို ယူ၍ သူ၏ စွမ်းအင်စုရပ်ပေါ်တွင် တင်လိုက်၏။

ချက်ချင်းဆိုသလိုပင်... လည်ချောင်းဝမှတစ်ဆင့် အေးမြသော ခံစားချက်တစ်ခု ပြန့်နှံ့သွားပြီး တစ်ပြိုင်နက်တည်းမှာပင် ဝမ်းဗိုက်အောက်ပိုင်းမှလည်း တုန်ရီစေသော အအေးဓာတ်တစ်ခု တက်ကြွလာသည်။ ထိုခံစားချက်နှစ်ခုသည် ခန္ဓာကိုယ်အတွင်းရှိ သွေးကြောအဆက်ဆက်ထဲ၌ ဆုံစည်းသွားကြပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် စီးဆင်းနေသော အေးမြသည့် စမ်းရေလှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

မျက်မြင်မတွေ့ရသော လက်တစ်ဖက်က ခပ်ဖွဖွ ပွတ်သပ်လိုက်သကဲ့သို့ ကန်ရေပြင်ထက်တွင် ရုတ်ချည်းပင် လှိုင်းဂယက်များ ထင်ကျန်ရစ်သည်။

ကျောက်ဖေးသည် မျက်လုံးများကို မှိတ်ကာ စိတ်ကို တည်ငြိမ်စေလိုက်ပြီး သူ၏ ဦးနှောက်ပေါင်း ၁၂၇ ခုလုံးကို တစ်ပြိုင်နက်တည်း အလုပ်ပေးလိုက်သည်။

ချက်ချင်းပင် အမျိုးမျိုးသော အဆင်အခြင်ဉာဏ် အသိတရားများသည် မြစ်တစ်ရာ ပင်လယ်ထဲသို့ စီးဝင်သွားသကဲ့သို့ သူ၏ အသိစိတ်အာရုံထဲတွင် စမ်းရေစီးကြောင်းတစ်ခုအဖြစ် ပေါင်းစည်းသွားတော့သည်

၎င်းမှာ ဝိညာဉ်ပစ္စည်းနှစ်ခုထံမှ ထွက်ပေါ်လာသော သိမ်မွေ့နက်နဲလှသည့် ရေဓာတ်စင် တရားသံစဉ်များပင် ဖြစ်၏။

သူသည် နွေဦးမိုးရေစက်များက လောကကမ္ဘာရှိ အရာခပ်သိမ်းကို မြည်ဟည်းခြင်းမရှိဘဲ တိတ်တဆိတ် စိုစွတ်ရှင်သန်စေကာ မြေကမ္ဘာထဲသို့ စိမ့်ဝင်သွားသည်ကို မြင်ယောင်လာသည်။

ထို့နောက် မြက်ပင်အဖျားတွင် တွဲခိုနေသော နှင်းပေါက်များက ပေါ့ပါးသွက်လက်စွာနှင့် လွတ်လပ်စွာ လိမ့်ဆင်းသွားသည်ကိုလည်း မြင်ယောင်မိပြန်သည်။

ထို့ပြင် မြင့်မားလှသော ရေတံခွန်ကြီးက အဟုန်ပြင်းစွာဖြင့် တရကြမ်း စီးဆင်းဖြတ်သန်းသွားသည်ကို မြင်တွေ့ရသကဲ့သို့...

နက်ရှိုင်းလှသော ရေအောက်ရေစီးကြောင်းများက အဆုံးအစမရှိ ဆန့်တန်းစီးဆင်းနေသည်ကိုလည်း မြင်တွေ့ရပြန်သည်။

ဤအခိုက်အတန့်တွင် ရေ၏ ပုံသဏ္ဌာန်အဖုံဖုံသည် သူ၏ စိတ်အာရုံထဲတွင် ထင်ဟပ်

ပေါ်ပေါက်လာခဲ့သည်။

မသိလိုက်မသိဘာသာဖြင့်ပင် လရောင်သည် ကောင်းကင်ထက်မှ လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။

ကောင်းကင်ယံမှ မိုးဖွဲဖွဲလေးများ စတင်ရွာသွန်းလာသည်။

ထို့နောက်တွင် ကောင်းကင်ကြီးသည် တဖြည်းဖြည်း လင်းပွင့်လာရာမှ နေ့ဗဟိုသို့ တိုင်အောင် လင်းထိန်သွားခဲ့သည်။

ကျောက်ဖေးသည် သူ၏ အစ်ကိုလေးက ရေပုံးများကို ထမ်းပိုးကာ တောင်နောက်ဘက်မှ လျှောက်လှမ်းလာသည်ကို အာရုံခံမိလိုက်သည်။

သို့သော် အစ်ကိုလေးသည် သူ၏ ကျင့်ကြံခြင်းကို မနှောင့်ယှက်မိစေရန် ခြေလှမ်းကို တမင်တကာ နှေးကွေးလိုက်ပြီး အဝေးမှ ကွေ့ပတ်ကာ အေးစက်သော ကန်ရေပြင်၏ အခြားတစ်ဖက်သို့ သွားရောက် ရေခပ်ခဲ့သည်။

ထို့နောက် ကျောက်ဖေး၏ မျက်နှာချင်းဆိုင်တွင် ရပ်ကာ သူ့ကို စိုက်ကြည့်နေမိတော့သည်

"ညီလေးခြောက်ရဲ့ အဆင်အခြင်ဉာဏ် ပါရမီကတော့ တကယ့်ကို ထူးခြားဆန်းပြားလွန်းလှတယ်..."

လီရှို့ယီသည် စိတ်ထဲမှနေ၍ တရစပ် အံ့ဩချီးကျူးနေမိသည်။

ကောင်းကင်မှ ကျဆင်းနေသော မိုးဖွဲဖွဲလေးများသည် အဝေးကကြည့်လျှင် အရေးမပါသကဲ့သို့ ရှိသော်လည်း ကန်ရေပြင်ထက်သို့ ကျရောက်ချိန်တွင် လှိုင်းဂယက်ငယ်လေးများကို ဖြစ်ပေါ်စေသည်။

သို့သော် ကျောက်ဖေး ဘေးပတ်ပတ်လည် မီတာအနည်းငယ်အတွင်းရှိ ကန်ရေပြင်ကို သေချာစိုက်ကြည့်မည်ဆိုပါက တစ်ခွန်းတည်းသော လှိုင်းဂယက်တစ်ခုသာ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေသည်ကို တွေ့ရလိမ့်မည်။

ကျောက်ဖေး၏ ရှေ့မှောက်တွင်မူ...

မရေမတွက်နိုင်သော မိုးရေစက်များသည် ကွယ်ပျောက်နေသော အင်အားတစ်ခု၏ ထိန်းချုပ်မှုကို ခံထားရသကဲ့သို့ တစ်နေရာတည်းသို့ စုပြုံ၍ ကျဆင်းနေကြသည်။

ထိုသိပ်သည်းလှသော မိုးစက်မိုးပေါက်များသည် တစ်နေရာတည်းသို့ စုစည်းကျရောက်နေခြင်းကြောင့် ကန်ရေပြင်ထက်သို့ အလွန်လျင်မြန်လှသော အကြိမ်ရေဖြင့် ထိမှန်နေတော့သည်။

တစ်ပတ်... နှစ်ပတ်... သုံးပတ်...

လှိုင်းဂယက်များသည် အပြင်ဘက်သို့ တရွေ့ရွေ့နှင့် စဉ်ဆက်မပြတ် ကျယ်ပြန့်လာနေသည်။

၎င်းသည် ရေထိန်းချုပ်အတတ်ကို အတိုင်းအတာတစ်ခုအထိ အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ခဲ့သည့် နိမိတ်လက္ခဏာပင်။

စတင်တတ်မြောက်သည့် အဆင့်ကို လုံးလုံးမရောက်သေးရင်တောင်မှ ရောက်ဖို့ လက်တစ်ကမ်းအကွာကို ရောက်နေချေပြီ။

လီရှို့ယီ မှတ်မိသလောက်ဆိုလျှင် ကျောက်ဖေးသည် လွန်ခဲ့သော လေးရက်ကမှ ကျင့်ကြံခြင်းလမ်းစဉ်၏ အခြေခံအုတ်မြစ်ကို တည်ဆောက်ပြီးစီးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် မနေ့ကနှင့် တစ်နေ့က နှစ်ရက်လုံးလုံး တံခါးပိတ်ကျင့်ကြံနေခဲ့သည်။

ကြည့်ရသည်မှာ သူသည် လွန်ခဲ့သော နှစ်ရက်အတွင်းမှာတင် မန္တန်စွမ်းအားကို မွေးဖွားသန့်စင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင်မူ ကျောက်ဖေး၏

ရေထိန်းချုပ်အတတ် မန္တန်ကျွမ်းကျင်မှုသည် အစောပိုင်းအဆင့်သို့ပင် ချဉ်းကပ်နေပြီ ဖြစ်၏။

ဤကဲ့သို့သော လျင်မြန်လှသည့် တိုးတက်မှုနှုန်းသည် လီရှို့ယီအား အားကျစိတ်များသာ ပေးစွမ်းနိုင်ပြီး မနာလိုစိတ်အနည်းငယ်ပင် ပေါ်ပေါက်လာရသည်။

ရက်အနည်းငယ်အတွင်းမှာတင် ကျောက်ဖေးသည် သူ နှစ်ပေါင်းများစွာ အားစိုက်ထုတ်ခဲ့ရသော ခရီးလမ်းကို ကျော်ဖြတ်သွားခဲ့လေပြီ။

"ငါက ညီလေးခြောက်နဲ့ ယှဉ်လိုက်ရင် တကယ့်ကို ပါရမီညံ့ဖျင်းတဲ့ လူအညတရတစ်ယောက်ပါပဲလား"

လီရှို့ယီသည် မိမိကိုယ်ကိုယ် ခပ်ပြုံးပြုံးဖြင့် ခေါင်းခါယမ်းလိုက်ပြီးနောက် ရေပုံးများကို မကာ တောင်ပေါ်သို့ အေးအေးလူလူ ပြန်လည်လျှောက်လှမ်းသွားတော့သည်။

အမှန်စင်စစ် လီရှို့ယီသည် ရွှမ်ယွင်ကျောင်းတော်၏ တပည့်အဖြစ် ရွေးချယ်ခံခဲ့ရသဖြင့် သူ၏ ပါရမီနှင့် အဆင်အခြင်ဉာဏ်မှာ မညံ့ဖျင်းလှပေ။

သို့သော် မိမိကိုယ်ကို အခြားသူနှင့် နှိုင်းယှဉ်မိသောအခါတွင်မူ စိတ်ပျက်အားလျော့ရုံသာ ရှိတော့သည်။

ကျောက်ဖေးသည် တရားအသိများကို ဆင်ခြင်တွေးတောခြင်းထဲတွင် စိတ်နှစ်ထားမိသဖြင့် အချိန်ကုန်လွန်သွားသည်ကိုပင် သတိမထားမိခဲ့ပေ။

နေနှင့်လသည် တရွေ့ရွေ့ လည်ပတ်နေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် နှစ်ရက် ကုန်လွန်သွားခဲ့ပြန်ပြီ။

ထိုနေ့ နေ့လယ်ပိုင်းတွင် ဖြစ်၏။

ရုတ်ချည်းဆိုသလိုပင်... သူ၏ စိတ်အာရုံထဲ၌ အလင်းပွင့်သွားခဲ့သည်။

အတားအဆီး အခက်အခဲပေါင်းများစွာကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်ပြီးနောက် နောက်ဆုံးတွင် အဖြေမှန်ကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ ရုတ်တရက် တရားသိမြင်သွားခြင်း ပင် ဖြစ်၏။

ကျောက်ဖေးသည် အလွန်အမင်း ဝမ်းသာပီတိဖြစ်သွားရသည်။

သူသည် ရေကန်ဘက်သို့ မျက်နှာမူကာ သူ၏ ညာလက်ဝါးကို အပေါ်သို့ လှန်ပြလိုက်သည်။

ရုတ်တရက် ကန်ရေပြင်ထက်မှ ရေစက်တန်းတစ်ခုသည် အထက်သို့ ခုန်ပျံတက်လာခဲ့ပြီး သူ၏ လက်ဝါးထက်တွင် ပုလဲကုံးတစ်ကုံးကဲ့သို့ တွဲလွဲဆွဲလျက် တည်ရှိနေတော့သည်။

သို့သော် ထိုအခြေအနေသည် အသက်ရှူငါးကြိမ်စာမျှသာ ကြာမြင့်ခဲ့သည်။

ထို့နောက် ရေစက်များသည် အောက်သို့ ပြန်လည်ကျဆင်းသွားပြီး ကျောက်ဖေး၏ လက်ဝါးကို စိုစွတ်သွားစေခဲ့သည်။

ချက်ချင်းပင် ကျောက်ဖေးသည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ဗလာကျင်းသွားသော ခံစားချက်နှင့်အတူ အနည်းငယ် မူးဝေနောက်ကျိသွားသည်ကို ခံစားလိုက်ရသည်။

ဒါသည် မန္တန်စွမ်းအားကုန်ခမ်းသွားသည့် အခိုက်အတန့် ခံစားချက်ပင် ဖြစ်သည်။

သို့သော်လည်း ကျောက်ဖေးသည် ရင်ထဲ၌ အတိုင်းအဆမရှိ ပျော်ရွှင်နေမိသည်။

သူ၏ မန္တန်စွမ်းအားသည် အလွန်တရာ နည်းပါးလှပြီး ထိန်းချုပ်နိုင်သော ရေပမာဏသည်လည်း လက်ဝါးကို စိုစွတ်ရုံမျှသာ ရှိသော်လည်း ဤအရာသည် စစ်မှန်သော မန္တန်ပင် ဖြစ်၏။

သူ ယခင်က လေ့လာခဲ့ဖူးသော လူပြိန်းအတတ် လှည့်စားမှုများနှင့် ယှဉ်လျှင်မူ...

ဤကဲ့သို့သော စစ်မှန်သည့် မန္တန်ပညာရပ်နှင့် မည်သို့မျှ နှိုင်းယှဉ်၍ မရနိုင်ပေ။ တိတိကျကျ ပြောရလျှင် နှိုင်းယှဉ်ရန်ပင် စကားအဖြစ် အရည်အချင်းမပြည့်မီချေ။

"မဆိုးဘူး... ရက်အနည်းငယ်အတွင်းမှာတင် မင်းက ရေထိန်းချုပ်အတတ်ရဲ့ အခြေခံကို တတ်မြောက်သွားလိမ့်မယ်လို့ ငါ တကယ် မျှော်လင့်မထားခဲ့ဘူး"

ရင်းနှီးပြီးသားဖြစ်သော နူးညံ့သိမ်မွေ့သည့် အသံတစ်ခု ဘေးနားမှ ထွက်ပေါ်လာသည်။

ကျောက်ဖေး ခေါင်းလှည့်ကြည့်လိုက်ရာ ဆရာကြီးသည် သူနှင့် မီတာအနည်းငယ်အကွာတွင် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။

အမှန်တကယ်တော့ သူသည် လျိုယွင် ရောက်ရှိလာသည်ကို ကြိုတင်သိရှိထားပြီးဖြစ်သည်။

သူသည် မန္တန်ကို ဆင်ခြင်တွေးတောနေသည့် အခြေအနေတွင် ရှိနေသော်လည်း သူ၏ စိတ်အာရုံ အတိုင်းအတာဖြစ်သော မီတာတစ်ရာအတွင်းရှိ လှုပ်ရှားမှုမှန်သမျှကို မြင်နိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။

၎င်းသည် ဗီဇစိတ်ကဲ့သို့ပင် ဖြစ်၏။

အသက်ရှူရသကဲ့သို့ သဘာဝကျလှသည်။

သူ တမင်တကာ ဘာမှ လုပ်ဆောင်နေရန် မလိုပေ။

သို့သော် လတ်တလောတွင် ကျောက်ဖေးသည် ရေထိန်းချုပ်အတတ်ကို အောင်မြင်စွာ တတ်မြောက်သွားသည့် ဝမ်းသာပီတိထဲတွင် စိတ်နစ်မျောနေသဖြင့် လျိုယွင်ရှိနေခြင်းကို အလေးမထားမိဘဲ လျစ်လျူရှုထားမိခြင်းသာ ဖြစ်၏။

"ဆရာသခင်..."

ကျောက်ဖေးသည် ဝိညာဉ်ပစ္စည်းများကို သေသေချာချာ သိမ်းဆည်းလိုက်ပြီးနောက် အမြန်ထရပ်ကာ “ဆရာသခင်... ဒါတွေက သုံးလို့မကုန်ဘဲ ကျန်ခဲ့တဲ့ ဝိညာဉ်ပစ္စည်းတွေပါခင်ဗျာ၊ ဆရာပဲ ပြန်သိမ်းထားပေးပါဦး"

အခန်း ၁၃၁ မန္တန်စွမ်းအား တရဟုန်ထိုး တိုးပွားလာခြင်း

နှင်းခဲနဂါး အကြေးခွံသုံးချပ်အနက် ကျောက်ဖေးသည် တစ်ချပ်ကိုသာ အသုံးပြုခဲ့သည်။

တိတိကျကျ ပြောရလျှင် ထိုနဂါးအကြေးခွံတစ်ချပ်သည်ပင် လုံးဝကုန်ခမ်းသွားခြင်း မရှိသေးပေ။

အသုံးပြုပြီးသည့်တိုင်အောင် ထိုအကြေးခွံအပိုင်းအစထံမှ သိမ်မွေ့သော တရားသံစဉ်အရှိန်အဝါများ ယှဉ်တွဲထွက်ပေါ်နေဆဲ ဖြစ်၏။

နဂါးအကြေးခွံသုံးချပ်နှင့်စာလျှင် ရေဝိညာဉ်မှိုကိုမူ ပို၍အသုံးပြုခဲ့ရသည်။

လွန်ခဲ့သော နှစ်ရက်အတွင်း သူ၏လျှာအောက်တွင် ငုံထားသော ရေဝိညာဉ်မှို၏ ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသွားတိုင်း ကျောက်ဖေးသည် အပိုင်းအစသစ်တစ်ခုကို လှီးဖြတ်၍ ထပ်မံငုံခဲ့သည်။

သို့သော်လည်း ယခင်ကနှင့် နှိုင်းယှဉ်လျှင် ထိုရေဝိညာဉ်မှိုသည် လေးပုံသုံးပုံမက ကျန်ရှိနေသေးသည်။

ကျောက်ဖေးသည် ဝိညာဉ်ပစ္စည်းများ ထည့်ထားသည့် ကျောက်စိမ်းသေတ္တာနှစ်လုံးကို လျိုယွင်ထံ ကမ်းပေးလိုက်၏။

လျိုယွင်က သေတ္တာများကို လှမ်းယူလိုက်ပြီး "ဒီရေဝိညာဉ်မှိုက မင်းပိုင်တာပဲ၊ ငါ့ကို ပေးစရာမလိုပါဘူး။ ဒီမှိုက တကယ့်ကို တန်ဖိုးရှိတာ... နောင်ကျရင် မင်းရဲ့ အစ်မကြီးနှစ်ကို ပေးလိုက်ပြီး မင်းအတွက် နတ်ဆေးလုံးတွေ ဖော်စပ်ပေးဖို့ တခြားဆေးအမယ်တွေပါ တွဲရှာခိုင်းလိုက်ပေါ့။ ဒါမှ မဖြုန်းတီးရာ ရောက်မှာ" ဟု ဆိုသည်။

ကျောက်ဖေးက ခေါင်းခါပြုံးရယ်ရင်း "ဆရာသခင်က တပည့်ကို မန္တန်ပညာရပ်တွေ သင်ပေးတုန်းကလည်း ရှိသမျှအသိပညာတွေ အကုန်အစင် လက်ဆင့်ကမ်းပေးခဲ့တာ မဟုတ်ဘူးလားခင်ဗျာ။ ဒါ့အပြင် အခု ကျွန်တော်က ရွှမ်ယွင်ကျောင်းတော်ထဲ ရောက်နေပြီဆိုတော့ ဂိုဏ်းသားတစ်ယောက်အနေနဲ့ ကျောင်းတော်အတွက် ပြန်လည်အကျိုးပြုရမှာ သဘာဝပါပဲ"

"ဒါ့အပြင် အခု ကျွန်တော်က ရေထိန်းချုပ်အတတ်ရဲ့ အခြေခံကို တတ်မြောက်သွားပြီဆိုတော့ ဒီဝိညာဉ်ပစ္စည်းတွေကို ကျောင်းတော်က တခြားတပည့်တွေ သုံးဖို့ ချန်ထားခဲ့တာက ပိုပြီးတန်ဖိုးရှိပါတယ်။ “

“နောင်တစ်ချိန်မှာ ကျွန်တော် ဝိညာဉ်ပစ္စည်းတွေ လိုချင်တယ်ဆိုရင်လည်း ဒီထက်မက ပိုကောင်းတာတွေကို မရှာနိုင်ဘဲ နေမလား”

ကျောက်ဖေး၏ စကားကို ကြားသောအခါ

လျိုယွင်သည် ရင်ထဲ၌ အတိုင်းမသိ ကြည်နူးပီတိဖြစ်သွားရတော့သည်။

ကွက်တိဆိုသလိုပင်...

ကျောက်ဖေး၏ ဝမ်းဗိုက်ထဲမှ မိုးကြိုးပစ်သံကဲ့သို့ တဂွဂွနှင့် ဆာလောင်သံများ ရုတ်ချည်းထွက်ပေါ်လာသည်။

လျိုယွင်က တဟားဟားရယ်ကာ ခေါင်းခါယမ်းလိုက်ပြီး "မင်းက သုံးရက်လောက် ထမင်းမစားဘဲ နေလိုက်တာနဲ့ နတ်ဘုရားဖြစ်သွားပြီ ထင်နေလား။ ကဲ လာလာ... ဒီနေ့ မင်းရဲ့ အစ်မကြီးနှစ် ချက်ရမယ့်အလှည့်မို့လို့ သူက အသားဆန်ပြုတ်အိုးကြီး ချက်ထားတယ်။ ငါတို့ အခုမသွားရင် မင်းရဲ့ အစားကြီးတဲ့ အစ်ကိုငါးက အကုန်ခိုးသောက်သွားလိမ့်

မယ်"

"ဒါပေမဲ့ နောက်နောင် ကျင့်ကြံရင် ဒီလိုမျိုး ထပ်မလုပ်နဲ့ဦး။ ဘယ်လောက်ပဲ ကျင့်ကျင့် ကိုယ့်ခန္ဓာကိုယ်ကိုတော့ လျစ်လျူမရှုရဘူး။ မင်းရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်က လောကီအာဟာရတွေကို လုံးလုံးဖြတ်တောက်နိုင်တဲ့

အဆင့်နဲ့ အဝေးကြီး လိုသေးတယ်"

ကျောက်ဖေးသည် သုံးရက်ဆက်တိုက် ကျောင်းတော်သို့ မပြန်ဘဲ တရားကျင့်နေခဲ့ခြင်း ဖြစ်သည်။

လျိုယွင်သည် ကျောက်ဖေး တစ်ချက်အလင်းပွင့်နေသည်ကို မြင်သဖြင့် မနှောင့်ယှက်လိုဘဲ ဘေးမှသာ တိတ်တဆိတ် စောင့်ကြပ်ပေးနေခဲ့ခြင်း ဖြစ်၏။

"ဟုတ်ကဲ့ပါ ဆရာသခင်"

ကျောက်ဖေးက ပြန်လည်ထူးလိုက်သည်။

ဆရာတော်ကြီးက သတိပေးလိုက်မှပင် ကျောက်ဖေးသည် ပို၍ ပြင်းပြင်းထန်ထန် ဆာလောင်လာသကဲ့သို့ ခံစားလိုက်ရသည်။

အကြောင်းမူကား ထမင်းတစ်လုပ်၊ ရေတစ်ငုံမျှ မသောက်ရသည်မှာ သုံးရက်နီးပါး ရှိနေပြီ။

ကံကောင်းသည်မှာ လွန်ခဲ့သောရက်များတွင် သူက အင်အားသုံးလှုပ်ရှားခြင်း မရှိခဲ့ဘဲ ကိုယ်ခံပညာရပ်၏ သွေးလေအရှိန်အဝါအထောက်အပံ့လည်း ရှိနေသဖြင့် ဆာလောင်မှုဒဏ်ကြောင့် ခန္ဓာကိုယ် ထိခိုက်ပျက်စီးခြင်းမျိုးတော့ မရှိပေ။

သို့သော် ဆာလောင်သည့် ခံစားချက်ကတော့ အစစ်အမှန်ဖြစ်ပြီး ရှောင်လွှဲ၍မရနိုင်ချေ။

ကျောင်းတော်သို့ ပြန်ရောက်သောအခါ...

ကျောက်ဖေးသည် ဗိုက်ပြည့်အင့်သွားသည်အထိ ထမင်းကို တရကြမ်း စားတော့သည်။

ကျောက်ဖေး ရက်အနည်းငယ်မျှ ထမင်းမစားရသေးသည်ကို ထောက်ထား၍ ထင်ပါသည်၊ လျူချင်းရွှမ်သည် ယနေ့တွင် အသားများကို အထူးတလည် ချက်ပြုတ်ပေးထားရုံတင်မကဘဲ ပမာဏကိုလည်း ပုံမှန်ထက် ထက်ဝက်နီးပါး ပို၍ တိုးပေးထားခဲ့သည်။

ထမင်းစားပြီးနောက် ကျောက်ဖေးသည် နောက်ဖေးမြင်းဇောင်းမှ မြင်းတစ်ကောင်ကို ဆွဲထုတ်ကာ ဆရာတော်ကြီးအား အကြောင်းကြားပြီး တောင်အောက်သို့ ဆင်းခဲ့သည်။

လျိုယွင်သည် တပည့်များ၏ ကိုယ်ရေးကိုယ်တာကိစ္စများကို မည်သည့်အခါမျှ ဝင်ရောက်စွက်ဖက်လေ့မရှိပေ။

ကျောက်ဖေးတွင် သူငယ်ချင်းများနှင့် ချိန်းဆိုထားသည်ဟု ကြားသောအခါ သူက အများကြီး ထပ်မံမေးမြန်းခြင်း မပြုတော့ပေ။

ကျောက်ဖေးသည် တောင်အောက်သို့ဆင်း၍ မြင်းကို ဆယ်မိုင်ကျော်ခန့် စီးလာခဲ့ရာ.

ချင်းကျားရွာသို့ ရောက်ရှိလာခဲ့သည်။

ချင်းကျားရွာရှိ လူအများစုမှာ ချင်းဟူသော မျိုးရိုးအမည် ရှိကြပြီး ၎င်းသည် ပိုင်ယွင်တောင်နှင့် အနီးဆုံးရွာလည်း ဖြစ်သည်။

ဤအချိန်တွင် ရွာထဲ၌ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးငယ်များသာ အများစု ကျန်ရှိတော့သည်။

ယခုအခါ လင်းကျန်းနယ်မြေ၏ နေရာအနှံ့အပြားတွင် စစ်မီးများ တောက်လောင်နေပြီ ဖြစ်၏။

ထို့ကြောင့် ဆင်းရဲနွမ်းပါးပြီး ဝေးလံခေါင်သီလှသော ရှင်းကျားရွာလေးပင်လျှင် ထိုစစ်ဘေးရိုက်ခတ်မှုဒဏ်မှ မလွတ်ကင်းဘဲ လူငယ်နှင့် လူလတ်ပိုင်းအမျိုးသား အများအပြားကို အစိုးရက စစ်မှုထမ်းရန် ခေါ်ဆောင်သွားခဲ့လေပြီ။

ကျန်ရှိနေသေးသော လူငယ်အချို့သည်လည်း အစိုးရမင်းချင်းများကို မြင်သည်နှင့် စစ်မှုထမ်းရမည့်ဘေးမှ လွတ်ကင်းရန် အနီးနားရှိ တောင်တန်းများဆီသို့ ထွက်ပြေးတိမ်းရှောင်လေ့ ရှိကြသည်။

ကျောက်ဖေးသည် ရွာထဲမှ ထွက်ပေါ်လာသော ဂီတသံစဉ်များကို အဝေးမှ လှမ်းကြားလိုက်ရသည်။ ၎င်းသည် ပုလွေနှင့် နှဲသံများ၏ အက်ကွဲလွမ်းမောဖွယ် အသံဖြစ်ပြီး နာရေးတစ်ခု ကျင်းပနေသကဲ့သို့ပင်။

ရွှမ်ယွင်ကျောင်းတော်သည် တာအိုကျောင်းတော်တစ်ခုဖြစ်ပြီး တာအိုကို ကိုးကွယ်

သော်လည်း

ကျောင်းတော်ရှိ တာအိုဘုန်းကြီးများသည် နာရေးကိစ္စရပ်များအတွက် ဝန်ဆောင်မှု မပေးကြပေ။

ထူးခြားသော မိစ္ဆာဘေးဆိုးမျိုး ကြုံတွေ့ရခြင်းမရှိလျှင် ဆရာသခင်နှင့် အခြားသူများသည် တောင်အောက်သို့ ဆင်းလေ့မရှိကြချေ။

သို့မဟုတ်ပါက တောင်ပေါ်၌သာ တရားကျင့်ကြံရင်း အေးအေးလူလူ နေထိုင်လေ့ရှိကြသည်။

ရွာအဝင်ဝတွင် ခါးကုန်းကုန်းနှင့် တုတ်ကောက်တစ်ချောင်းကို အားပြုထားသော အဘွားအိုတစ်ဦး ရပ်နေသည်။

သူသည် အဝေးမှနေ၍ ကျောက်ဖေးကို စိုက်ကြည့်နေ၏

တစ်ခုခုကို အကဲခတ်နေသကဲ့သို့ ရှိသည်။

ကျောက်ဖေးသည် ရွာအဝင်ဝနှင့် မီတာရာပေါင်းများစွာ ကွာဝေးသောနေရာတွင် ရှိနေပြီး ရွာထဲသို့ ဝင်ရောက်ရန် အစီအစဉ်မရှိပေ။ သူသည် လမ်းကွေ့တစ်ခုသို့ ချိုးကွေ့ကာ နောက်ထပ် ခုနစ်မိုင်ခန့် ဆက်လက်လျှောက်လှမ်းခဲ့သည်။

ထို့နောက် ပိုင်ဖြူမြို့သို့ ရောက်ရှိလာခဲ့သည်။

သူ၏ ကိုယ်ပွားဆယ်ကောင်သည် မြို့ပြင်ရှိ တောအုပ်လေးထဲတွင် ကြိုတင်စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။

သူတို့အားလုံးသည် ကိုယ်ခံပညာရှင်များကဲ့သို့ ဝတ်ဆင်ထားကြပြီး ဓားရှည်၊ ဓားလွယ်များကို အသီးသီး ကိုင်ဆောင်ထားကြ၏။

အမှန်တကယ်တော့ သူတို့သည် မနေ့ည သန်းခေါင်ယံကတည်းက ရောက်ရှိနေကြခြင်း ဖြစ်သည်။

သူတို့သည် ကျောက်ဖေး ရောက်လာမည့်အချိန်ကို ယခုတိုင်အောင် စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်၏

ဤကိုယ်ပွားများသည် စုန်ဖျင်ခရိုင်မှနေ၍ ခရီးဝေး နှင်လာခဲ့ကြခြင်း ဖြစ်သည်။

သူတို့၏ ရည်ရွယ်ချက်မှာ... ယခင်က ကိုယ်ပွားများ စုဆောင်းရရှိထားခဲ့သော ဥတုအကူးအပြောင်း ချီများကို ကျောက်ဖေး၏ ပင်မခန္ဓာကိုယ်ထံသို့ ပြန်လည်ပေးအပ်ရန် ဖြစ်ပေသည်။

ယခုရက်ပိုင်းအတွင်း မည်သည့်နေရာမှ မငြိမ်းချမ်းပေ။

တကယ်လို့ ကိုယ်ပွားတစ်ကောင်တည်းကိုပဲ လွှတ်လိုက်လို့ တစ်ခုခု လွဲချော်သွားခဲ့ပါက ဆုံးရှုံးမှုက ကြီးမားလှပေလိမ့်မည်။

ဤကိုယ်ပွားဆယ်ကောင်လုံး၏ ခန္ဓာကိုယ်အတွင်း၌ ဥတုအကူးချီ အနည်းဆုံး တစ်ဆယ့်နှစ်စုစီ ပါရှိကြသည်။

အားလုံးပေါင်းလိုက်လျှင် ကွက်တိဆိုသလိုပင် ဥတုအကူးချီ ယူနစ် ၁၂၀ ကျော် ရှိ၏။

ဤနည်းဖြင့် ကိုယ်ပွားများ ချုံခိုတိုက်ခိုက်ခံရလျှင်ပင် တစ်ကောင် သို့မဟုတ် နှစ်ကောင် လွတ်မြောက်သွားနိုင်သရွေ့ လုံးဝဥဿုံ ဆုံးရှုံးသွားခြင်းမျိုး မဖြစ်နိုင်တော့ပေ။

ကျောက်ဖေးနှင့် သူ၏ ကိုယ်ပွားများသည် စိတ်ချင်းဆက်သွယ်ထားကြသူများ ဖြစ်သည်။

ထို့ကြောင့် မည်သည့်အမိန့်ညွှန်ကြားချက်မျှ ထုတ်ပြန်နေရန် မလိပေ

အရာရာကို ဟန်ချက်ညီညီ စည်းချက်ကျကျဖြင့် တစ်ကိုယ်စာတည်းကဲ့သို့ စည်းလုံးစွာ လုပ်ဆောင်လိုက်ကြသည်။

ကိုယ်ပွားများသည် တစ်ကောင်ပြီးတစ်ကောင် ရှေ့သို့ တိုးလာကာ သူတို့ခန္ဓာကိုယ်အတွင်း သိမ်းဆည်းထားသော ဥတုအကူးချ: များကို ကျောက်ဖေး၏ ကိုယ်ခန္ဓာအတွင်းသို့ လွှဲပြောင်းပေးအပ်လိုက်ကြသည်။

ထိုသို့ လွှဲပြောင်းနေစဉ်အတွင်း...

ကျန်ရှိနေသော ကိုယ်ပွားကိုးကောင်သည် ဘေးပတ်ပတ်လည်သို့ လူစုခွဲကာ ကင်းစောင့်ခြင်း၊ လုံခြုံရေးယူခြင်းတို့ကို တာဝန်ယူထားကြသည်။

ဥတုအကူးချီလှိုင်းလုံးကြီးများ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်နှင့်အမျှ...

ကျောက်ဖေး၏ အရေပြားထက်တွင် မှိန်ပျပျ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး သူ၏ ဆံပင်များသည်လည်း လေမတိုက်ဘဲ လွင့်ဝဲလာရာ လောကီလူသားတို့နှင့်မတူဘဲ နတ်ဒေဝါတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါသော အသွင်အပြင်ကို ဆောင်သွားစေသည်။

နာရီဝက်ခန့် ကြာမြင့်ပြီးနောက်...

ဥတုအကူးချီ လိုင်းပေါင်း ၁၂၀ ကျော်သည် ကျောက်ဖေး၏ ခန္ဓာကိုယ်အတွင်းသို့ လုံးဝဥဿုံ စီးဝင်သွားပြီး သူ၏ ကိုယ်ပိုင်

မန္တန်စွမ်းအားနှင့် ပေါင်းစည်းသွားတော့သည်။

ဤဖြစ်စဉ်သည် မည်သည့်အတားအဆီး သို့မဟုတ် ပုံမှန်မဟုတ်သော ဘေးထွက်ဆိုးကျိုးမျိုးမျှမရှိဘဲ အလွန်ချောမွေ့ သဘာဝကျစွာ ပြီးမြောက်သွားခဲ့သည်။

ကျောက်ဖေး၏ ယခင်က တွေးထင် ယူဆချက်သည် မှန်ကန်နေခဲ့ပေသည်။

သီအိုရီအရ ဖြစ်နိုင်ရုံတင်မကဘဲ လက်တွေ့လုပ်ဆောင်ရာတွင်လည်း လုံးဝ ပြဿနာမရှိချေ။

ကိုယ်ပွားများ ကျင့်ကြံသန့်စင်ထားသော ဆောင်းဦးချီ နှင့် သူကိုယ်တိုင် သန့်စင်ထားသော ချီသည် အနှစ်သာရအားဖြင့် အတူတူပင်ဖြစ်ပြီး မည်သည့်ကွာခြားချက်မျှ မရှိပေ။

ကျောက်ဖေး၏ မန္တန်စွမ်းအားသည် ဒီရေကဲ့သို့ တရဟုန်ထိုး တိုးပွားလာခဲ့သည်။

ယခင်ကနှင့် နှိုင်းယှဉ်လျှင် အဆပေါင်း ၁၂၀ ကျော် တိုးပွားသွားခြင်း ဖြစ်၏။

ယခု နာရီဝက်ခန့်အတွင်းမှာပင် ခန္ဓာကိုယ်က အရှိန်အဟုန်ကို မမှီဘဲ ဖြစ်သွားမည်စိုးသောကြောင့် ကျောက်ဖေးသည် လွှဲပြောင်းမှုအရှိန်ကို တမင်တကာ နှေးကွေးထားခဲ့ရသေးသည်။

ကျောက်ဖေးသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် မန္တန်စွမ်းအားများ ပြည့်လျှံနေပြီး သူ၏ အခြေအနေမှာလည်း မည်သည့်အချိန်နှင့်မျှမတူအောင် အကောင်းဆုံး ဖြစ်နေသည်ကို ခံစားလိုက်ရသည်။

မနေ့ညနှောင်းပိုင်းက မိုးဖွဲဖွဲရွာသွန်းခဲ့ပြီး ယနေ့နံနက်ခင်းတစ်ခုလုံးလည်း မိုးဆက်လက်ရွာသွန်းခဲ့ရာ နေ့လယ်ပိုင်းကျမှသာ တဖြည်းဖြည်း စဲသွားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် တောအုပ်အတွင်းရှိ နိမ့်ကျသော မြေနေရာအတော်များများတွင် မိုးရေများ အိုင်ထွန်းနေခဲ့သည်။

ကျောက်ဖေးသည် မီတာအနည်းငယ်အကွာရှိ ကျောက်တုံးကြီးတစ်ခုပေါ်က ရေအိုင်လေးကို လှမ်းကြည့်လိုက်ရာ ထိုနေရာတွင် ဇလုံအကြီးစားခန့်ရှိသော မိုးရေများ အိုင်နေသည်ကို တွေ့ရသည်။

ကျောက်ဖေးသည် စိတ်ထဲကနေ မန္တန်ကို တိုးတိုးလေး ရွတ်ဆိုလိုက်ရာ ခန္ဓာကိုယ်အတွင်းရှိ မန္တန်စွမ်းအားများသည်လည်း ထပ်တူ လှုပ်ရှားသက်ဝင်လာသည်။

ထို့နောက် သူက လက်ညှိုးထိုးပြလိုက်၏

"ထလော့”

ချက်ချင်းဆိုသလိုပင် ကျောက်တုံးခွက်ထဲရှိ မိုးရေများသည် ရေမြွေတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ လေထက်သို့ ပျံတက်သွားပြီး လေထဲတွင် အကြိမ်အနည်းငယ် ဝဲပျံပြီးနောက် ကျောက်ခွက်ထဲသို့ ပြန်လည်ကျဆင်းသွားသည်။

ယနေ့နံနက်ခင်းက ရေစက်တန်းလေးတစ်ခုကိုသာ ထိန်းချုပ်နိုင်ခဲ့သည့် အခြေအနေနှင့် နှိုင်းယှဉ်လျှင်မူ... ယခု ကျောက်ဖေး၏ တိုးတက်မှုသည် ကြီးမားလှသည်. …."အလွန်တရာ" ကြီးမားလှသည်ဟု ပြောရပေလိမ့်မည်။

၎င်းအပြင် ကျောက်ဖေးသည် မည်သည့်ပင်ပန်းနွမ်းနယ်မှုကိုမျှ မခံစားရချေ။

သူ ခံစားရသည့် တစ်ခုတည်းသော သက်သောင့်သက်သာမရှိမှုမှာ... မန္တန်ကို ထုတ်ဖော်လိုက်၏

သူ၏ ခန္ဓာကိုယ်အတွင်းရှိ မန္တန်စွမ်းအားများသည် ပို၍ ပို၍ ဂဏာမငြိမ်ဖြစ်ကာ လှုပ်ရှားရုန်းကန်လာခြင်းပင် ဖြစ်၏။

သူ၏ မန္တန်စွမ်းအား တရဟုန်ထိုး တိုးပွားလာခြင်းက ကောင်းမွန်သောအချက် ဖြစ်သော်လည်း... ယခင်က သတိမပြုမိခဲ့သော သေးငယ်သည့် ပြဿနာများသည် ယခုအခါ ပိုမိုကြီးမားထင်ရှားလာပြီး ချဲ့ကားထားသကဲ့သို့ ပေါ်ပေါက်လာခဲ့သည်။

ဓါတ်ငါးပါးသီအိုရီအရ ဆောင်းဦးအစတွင် သတ္တုဓာတ်ပါဝင်သည်။

ဆောင်းဦးဉာဏ်စွမ်းအင်များမှ သန့်စင်ထားသော ဤမန္တန်စွမ်းအားများသည် ခန္ဓာကိုယ်အတွင်း၌ ပြည့်လျှံနေသော်လည်း ငြိမ်သက်

ခြင်းမရှိဘဲ လှုပ်ရှားရုန်းကန်နေကြသည်။

မန္တန်စွမ်းအားသည် တည်ငြိမ်မှုမရှိဘဲ မည်သည့်အချိန်တွင်မဆို ပြိုကွဲပျက်စီးသွားနိုင်မည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသကဲ့သို့ ရှိသည်။

ထိုဘေးအန္တရာယ်သည် သူ မန္တန်ကို ထုတ်ဖော်လိုက်သည့်အခါ ပိုမိုကြီးမားကျယ်ပြန့်လာခဲ့သည်။

ကျောက်ဖေးသည် ဤအချက်ကို ကောင်းစွာ နားလည်သဘောပေါက်ထားသည်။

ဆရာသခင် ပြောပြချက်အရဆိုလျှင်... ယင်နှင့်ယန် လည်ပတ်စေရန်နှင့် ဥတုလေးပါး ဟန်ချက်ညီစေရန်အတွက် နှစ်ဆယ့်လေးခုသော ရာသီစက်ဝန်းတစ်ခုလုံးကို သန့်စင်ကျင့်ကြံရမည် ဖြစ်သည်။

ထိုသို့ လုပ်ဆောင်နိုင်မှသာ စကြဝဠာ၏ ပင်မချီကို ဖွဲ့စည်းနိုင်မည်ဖြစ်ပြီး တာအိုကျင့်ကြံခြင်းကို အခြေခံအုတ်မြစ်အဖြစ် ထားရှိကာ မန္တန်စွမ်းအားများ ပြိုကွဲပျက်စီးသွားမည့် ဘေးအန္တရာယ်မှလည်း သဘာဝအတိုင်း ကင်းဝေးသွားမည် ဖြစ်ပေတော့သည်။

အခန်း ၁၃၂ ကောင်းကင်စက်ဝန်း မပြည့်စုံသေးခြင်း

ကျောက်ဖေး၏ ခန္ဓာကိုယ်အတွင်း၌ မန္တန်စွမ်းအားများ မြောက်မြားစွာ စုစည်းမိသွားပြီ ဖြစ်သော်လည်း...

၎င်းတို့အားလုံးမှာ ဆောင်းဦးကျ၏ သတ္တုဓာတ်စင်စွမ်းအားမှသာ သန့်စင်ထားခြင်း ဖြစ်သည်။

၎င်းသည် စကြဝဠာ၏ ပင်မချီစက်ဝန်း တစ်ခုလုံးနှင့် နှိုင်းယှဉ်လျှင် ၂၄ ပုံ ၁ ပုံ မျှသာ ရှိသေး၏။

ပုံဥပမာဖြင့် တင်စားရလျှင်မူ... မူလက တိုင်လုံးပေါင်း ၂၄ တိုင်ဖြင့် ထောက်ကန်တည်ဆောက်ရမည့် အိမ်ကြီးတစ်လုံးတွင် ယခုအခါ တိုင်လုံးတစ်တိုင်တည်းဖြင့်သာ ပြိုမကျရုံတမယ် ဇွတ်အတင်း ထောက်ကန်ထားရသကဲ့သို့ ဖြစ်နေသည်။

ထို့ပြင် မန္တန်စွမ်းအားကို ပိုမိုထုတ်သုံးလေလေ၊ မန္တန်စွမ်းအား ပြိုကွဲပျက်စီးသွားနိုင်မည့် ဘေးအန္တရာယ်က ပိုမိုကြီးမားလေလေ ဖြစ်၏။

ကျောက်ဖေးသည် ခုနကတင် သူ၏ မန္တန်စွမ်းအား ၁၀ ပုံ ၁ ပုံပင်မပြည့်သော ပမာဏကို ထုတ်သုံးခဲ့သော်လည်း ခန္ဓာကိုယ်အတွင်းရှိ မန္တန်စွမ်းအားများသည် ဇက်ကြိုးပြတ်တော့မည့် ရိုင်းစိုင်းသော မြင်းရိုင်းတစ်ကောင်ကဲ့သို့ ဂဏာမငြိမ် ဖြစ်လာသည်ကို ခံစားလိုက်ရသည်။

သို့သော် အခြားတစ်ဖက်က ပြန်တွေးကြည့်လျှင်လည်း ဤအခြေအနေမှာ ကျောက်ဖေးအတွက် "ချမ်းသာလွန်းလို့ ဖြစ်ရတဲ့သောက" ဟု ဆိုရပေလိမ့်မည်။

အကြောင်းမူကား အခြားသူသာဆိုလျှင်...

မည်မျှပင် ပါရမီထူးချွန်သည့် ပါရမီရှင်ကြီး ဖြစ်ပါစေဦးတော့၊ ဤမျှတိုတောင်းသော အချိန်ကာလအတွင်း မန္တန်စွမ်းအားကို တရဟုန်ထိုး စုဆောင်းနိုင်ခြင်း မရှိသဖြင့် ကျောက်ဖေးကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရမည်မဟုတ်ပေ။

ဥပမာအားဖြင့် ကျောက်ဖေး ရေထိန်းချုပ်အတတ်ကို စတင်တတ်မြောက်ခါစက သူ၏ မန္တန်စွမ်းအားတစ်ခုလုံး ကုန်ခမ်းလုနီးပါး ဖြစ်ခဲ့သော်လည်း မည်သည့်ဘေးအန္တရာယ်မျိုးနှင့်မျှ မကြုံတွေ့ခဲ့ရချေ။

ဤအလုပ်များကို လုပ်ဆောင်ပြီးနောက် ကျောက်ဖေးသည် သူ၏ ကိုယ်ပွားဆယ်ကောင်လုံးကို အဆင့်မြှင့်တင်လိုက်သည်။

သူ၏ စနစ်စွမ်းဆောင်ရည်သည် ယခုအခါ ထပ်မံမြင့်မားလာခဲ့ပြီ ဖြစ်သဖြင့် ခရီးဝေးကွာနေပါစေဦးတော့ ကိုယ်ပွားများကို အဝေးမှနေ၍ လှမ်းပြီး အဆင့်မြှင့်တင်နိုင်ပြီ ဖြစ်၏

ဤအချိန်တွင် ညနေစောင်းအချိန်ကို ကျော်လွန်၍ မှောင်ရိပ်သန်းလာခဲ့ပြီ။

ကျောက်ဖေးသည် ပိုင်ဖြူရှိ တစ်ခုတည်းသော တည်းခိုခန်း၌သာ အိပ်စက်အနားယူရန် ဆုံးဖြတ်လိုက်သည်။

ညမှောင်မှောင်တွင် ခရီးဆက်နေရန် မလိုပေ။

မနက်ဖြန်မနက် စောစောကျမှသာ တောင်ပေါ်သို့ ပြန်ရန် ရည်ရွယ်လိုက်၏။

ကျောက်ဖေး တည်းခိုခန်းသို့ ဝင်ရောက်လိုက်သည့် အချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင်...

မိုင်ပေါင်း ၄၀၀ ကျော် ကွာဝေးသော ကျူရှန်းခရိုင်တွင်မူ ပြင်းထန်လှသော တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပွားနေခဲ့သည်။

သွေးကဲ့သို့ ရဲရဲနီနေသော ညနေဆည်းဆာအလင်းသည် ကျူရှန်းခရိုင်၏ ပျက်စီးယိုယွင်းနေသော မြို့ရိုးဟောင်းကြီးထက်သို့ ဖြာကျနေ၏။

"သစ်လုံးတွေကို လှိမ့်ချလိုက်စမ်း —"

လီသယ်ဝမ်၏ အော်ဟစ်ကြိမ်းမောင်းသံက ဆည်းဆာညနေခင်းကို ဆုတ်ဖြဲသွားခဲ့သည်။

လူတစ်ဖက်စာခန့် ထူထဲလှပြီး သုံးလက်မအရွယ် သံဆူးချွန်များ ရိုက်နှိပ်ထားသော သစ်လုံးကြီးသုံးလုံးသည် မြို့ရိုးတိုက်ပွဲကွက်မှနေ၍ တဝုန်းဝုန်း တဒုန်းဒုန်းနှင့် လှိမ့်ဆင်းသွားတော့သည်။

မြို့ရိုးလှေကားထက်တွင် အရှေ့ဆုံးမှ တက်လာသော ဝံပုလွေနက်တပ်ဖွဲ့၏ စစ်သည်များသည် မော့ကြည့်လိုက်ရုံရှိသေး... သွေးညှီနံ့များ ဖုံးလွှမ်းနေသော အရိပ်မည်းကြီးတစ်ခု သူတို့ထံသို့ တရကြမ်း ပြိုကျလာသည်ကို မြင်လိုက်ရသည်

"ဂြွတ်... ဂျောက်”

ရိုးတွင်းခြင်ဆီများ ကြေမွသွားသံသည် ပဲလှော်လှော်နေသကဲ့သို့ တဖြောက်ဖြောက် ထွက်ပေါ်လာသည်။

အပေါ်ဆုံးတွင် ရှိနေသော ဓားကိုင်ဒိုင်းကိုင် စစ်သည်သည် ကိုယ်ခန္ဓာတစ်ဝက်ခန့် သွေးအိုင်ထဲတွင် ကြေမွ ပျက်စီးသွားရရှာသည်။ သူ၏နောက်ကွယ်ရှိ ရန်သူစစ်သည် ခုနစ်ဦး၊ ရှစ်ဦးခန့်သည်လည်း ဆူးချွန်သစ်လုံးကြီး၏ ဖိညှပ်မှုကို ခံလိုက်ရသဖြင့် အသားများ စုတ်ပြတ်ကာ အော်ဟစ်ညည်းညူရင်း လှေကားပေါ်မှ လိမ့်ကျသွားကြတော့သည်။

သားရေချပ်ဝတ် ဝတ်ဆင်ထားသော တပ်ကြပ်တစ်ဦးမှာမူ အနည်းငယ် ကံကောင်းသည်ဟု ဆိုရမည်၊ သူ၏ ခြေထောက်နှစ်ဖက်လုံး ကျိုးသွားသော်လည်း ဒုတိယမြောက် သစ်လုံးကြီးက သူ၏ ရင်ဘတ်ကို တည့်တည့်ဖိခြေသွားခဲ့သဖြင့် လွင့်စင်ထွက်လာသော သွေးစက်များသည် မြို့ရိုးအောက်ရှိ သူ၏ ရဲဘော်ရဲဘက်များ၏ မျက်နှာထက်သို့ ပက်ဖျန်းသွားခဲ့လေသည်။

"နတ်ဆေးရည် တွေကို ပြင်စမ်း”

မြို့ရိုးနောက်ကွယ်တွင် မစင်၊ စိန်သတ္တုနှင့် သစ်စေ့ဆီတို့ကို ရောနှောကျိုချက်ထားသဖြင့် ဝါညိုရောင် သိပ်သည်းနေသော သံအိုးကြီး အလုံး၂၀ သည် တပွက်ပွက် ဆူပွက်နေသည်။

ပူပြင်းလှသော အငွေ့အသက်များနှင့်အတူ ပုပ်စော်နံလှသော ချဉ်စုတ်စုတ် အနံ့အသက်ဆိုးများသည် စစ်မြေပြင်တစ်ခုလုံးသို့ ပျံ့နှံ့နေ၏။

ပြည်သူ့စစ်အဖွဲ့ များသည် စိုစွတ်သော အဝတ်စများဖြင့် နှာခေါင်းနှင့် ပါးစပ်ကို ပတ်တီးစည်းထားကြပြီး ထိုသံအိုးကြီးများကို မြို့ရိုးထက်သို့ ထမ်းပိုးသယ်ဆောင်လာကြသည်။

ဝံပုလွေနက်စစ်သည်များ တတိယမြောက်လှိုင်းအဖြစ် လှေကားထက်သို့ တစ်ဝက်ခန့် တက်လာချိန်တွင်မူ... ပွက်ပွက်ဆူနေသော အဆိပ်ရည်ပူကြီးများသည် လှေကားတစ်လျှောက် တရဟုန်ထိုး စီးကျသွားတော့သည်။

စူးစူးဝါးဝါး အော်ဟစ်ညည်းညူသံများသည် လေထုထဲတွင် ချက်ချင်း ပြည့်နှက်သွားခဲ့၏။

"အား... နာတယ်... နာလွန်းလို့ပါ..."

"အား... ငါ့မျက်နှာကြီး..."

"အား... ငါ့မျက်လုံးတွေ ကန်းကုန်ပြီ”

ရန်သူစစ်သည်လူငယ်တစ်ဦးသည် သူ၏မျက်နှာကို လက်ဖြင့်အုပ်ကာ လဲကျသွားသည်။ သူ၏ အရေပြားများသည် မျက်မြင်ကိုယ်တွေ့ပင် အရည်ကြည်ဖုများ ထွက်ပေါ်လာပြီး ပုပ်စပ်ဆွေးမြည့်သွားခဲ့သည်။

သူသည် မိမိ၏လည်ချောင်းကို ဖုတ်ဖုတ်လူး ကုတ်ခြစ်ရင်း လှေကားပေါ်မှ လိမ့်ကျသွားကာ သူ၏နောက်ကွယ်ရှိ တပ်စုကိုပါ တိုက်မိလဲကျသွားစေခဲ့သည်။

မြို့ရိုးခြေရင်းတွင် ကစဉ့်ကလျား ဖြစ်သွားခဲ့ပြီး အပူလောင်ခံထားရသော စစ်သည်ပေါင်းများစွာသည် မြေပြင်ပေါ်တွင် လူးလိမ့်အော်ဟစ်နေကြသဖြင့် ရန်သူတို့၏ တိုက်စစ်ဗျူဟာအကွက်ကို ပျက်ပြားသွားစေခဲ့သည်။

ဤဝံပုလွေနက်စစ်သည်များသည် အထူးလေ့ကျင့်ထားသော အထူးတပ်ဖွဲ့များ မဟုတ်ကြပေ။

အမှန်တကယ်တော့ သူတို့ထဲမှ အများစုမှာ စစ်ဘေးဒုက္ခသည်များဖြစ်ကြပြီး ဇွတ်အတင်း ခြိမ်းခြောက်ခေါ်ဆောင်ခံထားရခြင်း ဖြစ်သည်။

ရှေ့မှောက်တွင် မြင်တွေ့နေရသော ကြောက်မက်ဖွယ် မြင်ကွင်းကြောင့် လူအများအပြားမှာ နောက်ဆုတ်သွားကြပြီး အချို့ဆိုလျှင် အော်ဟစ်ကာ ထွက်ပြေးကြတော့သည်။

"နောက်ဆုတ်ခွင့် မရှိဘူး”

"နောက်ဆုတ်တဲ့ကောင်ကို ကွပ်မျက်စမ်း”

ဝံပုလွေနက်တပ်ဖွဲ့၏ နောက်ကွယ်တွင်မူ ရင်ဘတ်ဗလာဖြင့် သတ်ဖြတ်ရေးသမား အယောက်ပေါင်းများစွာက ဓားကွေးကြီးများကို ဝှေ့ယမ်းနေကြသည်။ သူတို့၏ ကိုယ်ခန္ဓာထက်မှ ကိုယ်ခံပညာ အရှိန်အဝါများ ဖြာထွက်နေ၏။

ဒိုင်းကို ပစ်ချ၍ ထွက်ပြေးရန် ပြင်နေသော စစ်သည်တစ်ဦးသည် ချက်ချင်းပင် ခါးမှနေ၍ နှစ်ပိုင်း ပြတ်သွားခဲ့ရသည်။ သူ၏ ခန္ဓာကိုယ်အထက်ပိုင်းသည် သွေးအိုင်ထဲတွင် လူးလိမ့်လျက် — "အမေ... သား သိပ်နာတာပဲ..." ဟု ညည်းတွားနေရှာသည်။

စစ်မြေပြင်ကြီးကြပ်ရေးအဖွဲ့ သည် အလောင်းများကို နင်းခြေလျက် နောက်ထပ် စစ်သည်လှိုင်းများ၏ ကျောပြင်ကို ဓားဖြင့်ထောက်ကာ ရှေ့သို့ တွန်းပို့နေကြသည် — "တက်ကြစမ်း၊ ခရိုင်ဝန်မင်းရဲ့ ခေါင်းက ရွှေဒင်္ဂါး တစ်ရာတန်တယ်ဟေ့”

စစ်ဆေးရေးအရာရှိများသည် မဲ့ပြုံးပြုံးနေကြသည်။

သူတို့ ပြုံးနေသည်မှာ မြို့ရိုးထက်က ရန်သူကို မဟုတ်ဘဲ မိမိတို့၏ ကိုယ်ပိုင်တပ်သားများကို ကြည့်၍ ပြုံးနေခြင်း ဖြစ်၏။

ညမှောင်မှောင်အောက်တွင် သူတို့၏ မျက်နှာအမူအရာမှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

သို့သော်လည်း... ထိုသို့ ခြိမ်းခြောက်မှု၏ အကျိုးသက်ရောက်မှုကတော့ အလွန်ထင်ရှားလှသည်။

နောက်ထပ် စစ်တပ်လှိုင်းသစ်ကြီး၏ မြို့သိမ်းတိုက်ပွဲသည် ပိုမို၍ ရူးသွန်းကြမ်းတမ်းလာခဲ့သည်။

အချို့လူများသည် အိမ်တံခါးချပ်များကို ဒိုင်းအဖြစ် အသုံးပြုကြပြီး အချို့ကမူ စိုစွတ်သော ရွံ့များ ဖုံးအုပ်ထားသည့် ရေတင်လှည်း များကို တွန်းပို့လာကြသည်။

အကြောက်ရွံ့ဆုံးအရာမှာ အရှေ့ဘက်မျက်နှာစာရှိ မြို့သိမ်းမျှော်စင်ကြီး ဖြစ်၏။ ၎င်းသည် ပေ ၃၀ ခန့် မြင့်မားသော သစ်သားမျှော်စင်ကြီး ဖြစ်ပြီး လေးသမားများသည် မြို့ရိုးထက်သို့ ပစ်ခတ်ဖိနှိပ်နေကြသည်။

ပြောရလျှင် ဝံပုလွေနက်တပ်ဖွဲ့ကဲ့သို့ စည်းစနစ်မကျသော အဖွဲ့ငယ်လေးတစ်ခုက ဤကဲ့သို့သော စစ်လက်နက်ပစ္စည်းကြီးကို တည်ဆောက်နိုင်ခြင်းမှာ အလွန်ရှားပါးလှသည်ဟု ဆိုရမည်။

"ဒိုင်းတွေကို မြှောက်စမ်း”

လီသယ်ဝမ်က အသံကျယ်ကြီးဖြင့် အမိန့်ပေးလိုက်သည်။ သူ မြို့ရိုးရင်တားနောက်သို့ ကွယ်လိုက်သည်နှင့် တစ်ပြိုင်နက် သစ်သားကို မြားချက်များ ထိမှန်သံကို ကြားလိုက်ရသည်။

သူ၏ ဘေးနားရှိ အရာရှိငယ်တစ်ဦးမှာမူ ခြေလှမ်းတစ်လှမ်း နောက်ကျသွားခဲ့သဖြင့် လည်ပင်းကို မြားသုံးစင်း တပြိုင်နက်တည်း စိုက်ဝင်သွားခဲ့ပြီး လွင့်စင်ထွက်လာသော သွေးစက်များသည် ခရိုင်ဝန်မင်း၏ မျက်နှာထက်သို့ ပက်ဖျန်းသွားခဲ့လေသည်။

မြို့ရိုးပေါ်ရှိ ကျဉ်းမြောင်းလှသော နေရာတစ်ခုလုံးသည် သွေးမြစ်တစ်စင်း ဖြစ်နေခဲ့ပြီ။

အလုပ်သမားများသည် စေးကပ်လှသော သွေးအိုင်များကို နင်းခြေလျက် ရိက္ခာပစ္စည်းများကို သယ်ယူပို့ဆောင်နေကြရပြီး တစ်ခါတစ်ရံတွင် အလောင်းများကို ခလုတ်တိုက်မိလေ့ ရှိကြသည်။

ဒဏ်ရာရစစ်သည်များသည် အလောင်းပုံများကို အမှီပြုလျက် မိမိတို့၏ ဒဏ်ရာများကို ပတ်တီးစည်းနေကြရ၏။

အဆုတ်ကို မြားချက်ထိမှန်ထားသော စစ်သည်လူငယ်တစ်ဦးမှာမူ... အသက်ရှူလိုက်တိုင်း ရင်ဘတ်မှ သွေးပလုံစီများ ထွက်ပေါ်နေသော်လည်း လှံရှည်ကိုတော့ လက်မှ မြဲမြံစွာ ကိုင်ဆောင်ထားဆဲ ဖြစ်သည်။

"ဆီအိုးတွေ၊ ပစ်ပေါက်ကြစမ်း”

မြို့ရိုးကာကွယ်သူများသည် ရွှံ့စေးအိုးများကို မြားကြီးများတွင် ချည်နှောင်၍ မြို့သိမ်းမျှော်စင်ကြီးဆီသို့ ပစ်ခတ်လိုက်ကြသည်။

ထို့နောက် မီးမြားများက ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့သဖြင့် ထိုသစ်သားမျှော်စင်ကြီးသည် ဝုန်းကနဲ မီးတောက်လောင်သွားတော့သည်။

မီးလောင်ခံထားရသော ရန်သူစစ်သည်များသည် အိုးထဲသို့ မုန့်လုံးများ ပစ်ထည့်သကဲ့သို့ အပေါ်မှနေ၍ တပြုတ်ပြုတ် လိမ့်ကျလာကြသည်။

လေးသမားတစ်ဦးသည် မြို့ရိုးရင်တားထက်သို့ ကျရောက်လာခဲ့ရာ... သူ၏ ခါးရိုးမှာ ပုံပျက်ပန်းပျက် ကျိုးကြေသွားခဲ့သော်လည်း သူ၏ လက်သည်းများဖြင့် မြို့ရိုးအုတ်ခဲကြားကို ကုတ်ခြစ်ရုန်းကန်နေဆဲ ဖြစ်၏။

"တောင့်ခံထားကြစမ်း”

လီသယ်ဝမ်သည် အသံဗလံများ ကြားထဲမှ နေ၍ အာခေါင်ခြောက်အောင် အော်ဟစ်နေခဲ့သည်။

ကွက်တိဆိုသလိုပင် ထိုအခိုက်အတန့်၌...

မြားတစ်စင်းသည် သူ၏ ဦးခေါင်းကို သီသီလေး ဖြတ်သန်းသွားခဲ့သည်။

ထို့နောက်တွင် ကိုယ်ရံတော်များ၏ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည် — "ခရိုင်ဝန်မင်း... သတိထားပါဦး..."

လီသယ်ဝမ်သည် သူ၏ ဦးခေါင်းထက်တွင် အေးစက်သွားသည်ကို ခံစားလိုက်ရသည် — သူ၏ အရာရှိဗောက်ဦးထုပ်မှာ မြားချက်ကြောင့် လွင့်စင်သွားခဲ့ရပြီး သူ၏ ဆံပင်ဖြူများမှာလည်း ဖရိုဖရဲ ဖြစ်သွားခဲ့ကာ နဖူးပြင်မှ သွေးများ စီးကျလာခဲ့သည်။

အသက်ငါးဆယ်နီးပါး ရှိနေပြီဖြစ်သော ခရိုင်ဝန်မင်းသည် ထိုနေရာတွင်ပင် ကြောင်အမ်းအမ်းဖြင့် ရပ်နေမိပြီး သူ၏ ခြေထောက်နှစ်ဖက်လုံးမှာလည်း အရာရှိဝတ်ရုံအောက်တွင် တုန်တုန်ရီရီ ဖြစ်နေခဲ့သည်။

သူသည် မိမိ၏ သွားများ က တုန်ခါနေသံကို ပြတ်ပြတ်သားသား ကြားနေရသည် — စာပေပညာရှင်တစ်ယောက်၏ သိက္ခာတရားဟူသည် သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင်မူ နောက်ဆုံး၌ မိမိ၏ ကြောက်ရွံ့တတ်သော သဘာဝကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ပေ။

"ခရိုင်ဝန်မင်း သေပြီဗျို”တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"လျှောက်မပြောနဲ့”

လီသယ်ဝနမ်သည် မြေပြင်ပေါ်သို့ ကျရောက်နေသော ဗောက်ဦးထုပ်ကို ကောက်ယူကာ တရကြမ်း ပြေးသွားပြီး ထိုသို့ အော်ဟစ်ထွက်ပြေးရန် ပြင်နေသော စစ်သည်ကို ဓားဖြင့် ခုတ်လှဲပစ်လိုက်သည်။

"ဘယ်သူမဆို စစ်တပ်ရဲ့ စိတ်ဓါတ်ကို ပျက်ပြားအောင်လုပ်ရင်ဖြစ်ဖြစ်... စစ်မြေပြင်ကနေ ထွက်ပြေးရင်ဖြစ်ဖြစ်... ဒါဟာ စံပြပြစ်ဒဏ်ပဲ”

ရက်ပေါင်းများစွာ စဉ်ဆက်မပြတ် တိုက်ပွဲဝင်ခဲ့ပြီး စစ်မြေပြင်၏ အရှေ့ဆုံးမျက်နှာစာသို့ ကိုယ်တိုင် ရောက်ရှိနေခဲ့ရသဖြင့် လီသယ်ဝမ်သည် ယခင်က ရှိခဲ့ဖူးသော ပညာတတ်တစ်ဦး၏ ယဉ်ကျေးသိမ်မွေ့သော အမူအရာများကို စွန့်လွှတ်ခဲ့လေပြီ။

သို့သော် သူ ဤသို့ ကြမ်းတမ်းပြတ်သားလေလေ စစ်သည်များက သူ့ကို ပိုမို၍ ရိုသေလေးစားလာကြလေလေ ဖြစ်၏။

တပ်မှူးအချို့က သူ့ကို ဝိုင်းရံလိုက်ကြပြီး "ခရိုင်ဝန်မင်း... အနောက်ဘက်က ခရိုင်ရုံးတော်ကို ပြန်ပြီး စီမံခန့်ခွဲပါဦးလားခင်ဗျာ။ ဒီနေရာကိုတော့ ကျွန်တော်တို့ဆီပဲ လွှဲထားလိုက်ပါ" ဟု တောင်းဆိုကြသည်။

"ရုံးတော်ကနေ စီမံရမယ် ဟုတ်လား"

လီသယ်ဝမ်သည် မြို့ပြင်တွင် ပုရွက်ဆိတ်များကဲ့သို့ တရကြမ်း တက်လာနေသော ရန်သူစစ်တပ်ကို လက်ညှိုးထိုးပြရင်း အော်ဟစ်

လိုက်သည် “တကယ်လို့ ဝံပုလွေနက်တပ်ဖွဲ့က မြို့ရိုးကို ဖောက်ထွက်သွားနိုင်ရင်... ခရိုင်ရုံးတော်က ပထမဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမယ့် နေရာပဲ။ အခုအချိန်မှာ ဘယ်နေရာမှာ လုံခြုံတဲ့နေရာဆိုတာ ရှိသေးလို့လဲ"

သူသည် ဓားတစ်စင်းကို ဆွဲယူကာ ခါးတွင် ထိုးစိုက်လိုက်သည်။

"ငါ့ရဲ့ ကိုယ်ခံပညာရပ်တွေက နှစ်ပေါင်းများစွာ လျစ်လျူရှုထားခဲ့တာ မှန်ပေမဲ့... အဲဒီတုန်းက ငါလည်း ကိုယ်ခံပညာကို လေ့ကျင့်ခဲ့ဖူးပြီး အဆင့်ကိုး ကိုယ်ခံပညာရှင်ရောက်လုနီးပါး ဖြစ်ခဲ့တာပဲ”

"ဒါ့အပြင်... ငါက အားလုံးကို အနည်းဆုံးတော့ သိစေချင်တယ်”

သူသည် ရေနံဆီပုံးတစ်ပုံးကို ခြေထောက်ဖြင့် ကန်ချလိုက်ရာ တောက်လောင်သွားသော မီးလျှံများသည် သူ၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာကို လင်းထိန်သွားစေသည်

"ငါက ဒီခရိုင်ရဲ့ ခရိုင်ဝန်မင်းပဲ... ငါ သေရင်လည်း ဒီမြိုးရိုးပေါ်မှာပဲ သေရမယ်၊တကယ်လို့ မြို့တော် ပျက်စီးသွားခဲ့ရင်... ငါလည်း အသက်ရှင်ကျန်ရစ်မှာ မဟုတ်ဘူး”

All Chapters