← Chapters

ဝမ်လင်း၏ ဝါးမျိုခြင်းစွမ်းရည်

Vol. 004 Ch. 200

ဝမ်လင်း၏ ဝါးမျိုခြင်းစွမ်းရည်

Vol. 004 Ch. 200

ထိုအချိန်တွင် ပုံရိပ်ယောင် ခန္ဓာကိုယ်ကြီးက ပျောက်ကွယ်သွားပြီး အလုံး၂လုံးကလည်း အသီးသီး တစ်နေရာစီ ရွေ့လျား သွားကြ၏။ အလင်းလုံးသည် အလင်းမှုန်များ အဖြစ် ပြန်ကွဲထွက်သွားပြီး တောင်တစ်ခုလုံးပေါ်သို့ ကျသွား၏။ အလင်းမှုန်များ ကျသည့် မြေပြင်တွင် အတားအဆီးများ ပြန်ဖြစ်ပေါ်လာပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။

ခရမ်းရောင် လျှပ်စီးလုံးကတော့ ဝဲကတော့ အတွင်းသို့ ဝင်ရောက်သွား၏။ ထို့နောက် ဝဲကတော့ အတွင်းမှ စုပ်အားတစ်ခု ထွက်ပေါ်လာပြီး ဝမ်လင်းကို ဝဲကတော့ အတွင်းသို့ စုပ်ယူ သွားလေသည်။

ဝမ်လင်းက ဝဲကတော့၏ တခြား တစ်ဖက်တွင် ပြန်ပေါ်လာသောအခါ သူက ကျယ်ပြန့်သော မြက်ကွင်းပြင်ကြီး တစ်ခုအတွင်းသို့ ရောက်သွား၏။ နေရာ တစ်ခုလုံးတွင် စိတ်စွမ်းအင်များဖြင့် ပြည့်နေလေသည်။

သူနှင့် မဝေးသည့် နေရာတွင် ရေကန်တစ်ခု ရှိပြီး ရေကန် အလယ်တွင် အရောင်စုံ လင်းလက်နေသည့် စေတီတစ်ခု ရှိ၏။

ဝမ်လင်းက ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏ နတ်ဘုရား စိတ်အာရုံကို သုံး၍ ပတ်ဝန်းကျင်ကို စစ်ဆေး ကြည့်လိုက်သည်။ အချိန် တော်တော် ကြာပြီးနောက်တွင် သူက ရှေ့သို့ ဂရုတစိုက် လျှောက်သွား၏။ ရှေ့သို့ သွားနေရင်း သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အနက်ရောင် အဆိပ်ဓားက ပျံသန်းထွက်လာပြီး သူ့ဘေးတွင် ပျံသန်းရင်း လိုက်ပါလာသည်။

လိုအင်၆မျိုး နတ်ဆိုးသခင်နှင့် ရှေးဟောင်းအင်ပါယာသည် သူ့အား အလွန်မုန်းနေသည်ကို သူက သိနေသည်။ ထို့ကြောင့် သူတို့က သူ့အား ဤနေရာတွင် စောင့်နေနိုင်သည်။

ဝမ်လင်းက ရှေ့သို့ ရောက်ရင်း နတ်ဘုရားစိတ်အာရုံကို ဖြန့်ကြက်ထားသော်လည်း မည်သည့် အရာကိုမှ မတွေ့ရချေ။ ထို့နောက် နောက်ဆုံးတွင် စေတီကို စစ်ဆေးကြည့်လိုက်သည်။

စေတီတွင် မည်သည့် အတားအဆီးမှ မရှိချေ။ ထို့နောက် သူက လျင်မြန်စွာ သွားလိုက်ပြီး ရေကန်စပ်တွင် ရပ်၍ သိုလှောင်အိတ်ကို ရိုက်လိုက်ရာ မကောင်းဆိုးဝါး ရှုလီကောက ထွက်လာ၏။

ရှုလီကောသည် ဤနှစ်များတွင် သေလောက်အောင် ငြီးငွေ့နေလေသည်။ ထို့ကြောင့် ဝမ်လင်းက သူ့ကို အပြင်ခေါ်ထုတ် လိုက်သောအခါ ပျော်ရွှင်သွား၏။ သို့သော်လည်း ဝမ်လင်းကို မြင်သောအခါ သူ၏အမူအရာက ချက်ချင်း အေးခဲသွားပြီး မယုံကြည်နိုင်သည့် အမူအရာအဖြစ်သို့ ပြောင်းသွား လေသည်။

ယခုအချိန်တွင် ဝမ်လင်းသည် သူနောက်ဆုံး မြင်ခဲ့သည့် ရုပ်သွင်နှင့် လုံးဝ ကွဲပြားနေသည်။ လက်ရှိ ဝမ်လင်းသည် ဆံပင်များ အားလုံးက ဖြူနေပြီး မျက်လုံးက သူ့ကို ဖောက်ထွင်း မြင်နေရသကဲ့သို့ စူးရဲတောက်ပ နေလေသည်။ ရှုလီကောက ဝမ်လင်းကို တစ်ချက်ကြည့်ပြီး ချက်ချင်း ထိတ်လန့်သွား၏။

ထို့နောက် သူ့ကိုယ်သူ ညည်းညူလိုက်သည်… “ဒီမိစ္ဆာကောင်က ဘယ်လိုတောင် သန်မာလာတာလဲ … ဒီလိုနှုန်းနဲ့ဆိုရင် ဒီမိစ္ဆာကောင်ရဲ့လက်က ဘယ်တော့မှ လွတ်မှာ မဟုတ်တော့ဘူး … ငါက ငါ့အသက်ကို ဂရုမစိုက်ဘဲ တိုက်ခိုက်မယ် ဆိုရင်တောင် သူ့ကို ယှဉ်နိုင်ဖို့ မျှော်လင့်ချက် မရှိတော့ဘူး…”

ယခင်က ဝမ်လင်းသည် ရှုလီကောအား ထိန်းချုပ်ရန် ဂျိနယ်ပယ် စွမ်းအားများကို ထုတ်ဖော်ခဲ့ရသည်။ သို့သော် ယခုတော့ ဝမ်လင်းသည် မည်သည့် စွမ်းအားကိုမှ မထုတ်ဖော် ထားသော်လည်း ဝမ်လင်း၏ သန်မာမှုကို ရှုလီကောက ခံစားမိ နေလေသည်။

ဝမ်လင်းက ရေကန်ကို လက်ညှိုးထိုးပြ လိုက်သည်။ ရှုလီကောသည် ဝမ်လင်းနှင့် အပေးအယူ လုပ်ချင်သော်လည်း ဝမ်လင်း၏ မျက်လုံးကို မြင်လိုက်သောအခါ ဘာကိုမှ မစဉ်းစားတော့ဘဲ ရေကန်ဆီသို့ ချက်ချင်း ပျံသန်းသွားပြီး စိတ်ထဲမှ ဝမ်လင်းအား ကျိန်ဆဲလိုက်သည်။

“မင်း စောင့်နေစမ်းပါ… ငါက ဒီတစ်ခါ ဝိညာဉ်တွေ စားပြီးရင် ညီငယ်လေးတွေ မွေးထားပလိုက်မယ်… ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်ကလည်း မင်းကို မီလာတာနဲ့ မင်းနဲ့ သေတဲ့အထိ တိုက်ခိုက်ပြမယ်…”

ဝမ်လင်းက ရှုလီကောထံတွင် အမှတ်အသား လုပ်ထားသော နတ်ဘုရား စိတ်အာရုံ အပိုင်းအစဖြင့် ရေကန်ကို စစ်ဆေး ကြည့်လိုက်သည်။ သူက ရေကန်နှင့် ပတ်သက်၍ မူမမှန်သည့် အချက်များကို မတွေ့ရမှ သူက စေတီဆီသို့ ပျံသန်း သွားလိုက်၏။

ရှုလီကောသည်လည်း ဝမ်လင်း၏ နောက်မှ လိုက်လာသည်။ သူက ဝမ်လင်းအား စိတ်ထဲတွင် အကြိမ်ပေါင်းများစွာ ဆဲဆိုနေသော်လည်း ဝမ်လင်းအား ဆန့်ကျင်သည့် အမူအရာ တစ်ခုကိုမှ မလုပ်ရဲပေ။

စေတီ၏ရှေ့တွင် ဝမ်လင်းသည် လုံခြုံမှု ရှိစေရန်အတွက် ရှုလီကောအား အရင် သွားခိုင်းလိုက်သည်။ စေတီတွင် အထပ်၃ထပ် ရှိ၏။ ပထမထပ်သည် အကွက် ၉ကွက်ပါသည့် လေးထောင့်ကွက် တစ်ခုမှ လွဲ၍ မည်သည့်အရာမှ မရှိချေ။

ဝမ်လင်းသည် ဤနေရာနှင့် ပတ်သက်၍ တဖြည်းဖြည်း နားလည် လာသည်။ ဤနေရာသည် ဒုတိယ စမ်းသပ်မှုတွင် အောင်မြင်ခဲ့သူများ ဆုလာဘ်ရရှိသည့် နေရာဖြစ်ရမည်။ သို့သော်လည်း နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သဖြင့် ဆုလာဘ်များ အားလုံးသည် ယူဆောင်သွားပြီး ဖြစ်ကြ၏။ ထို့ကြောင့် ဤနေရာတွင် မည်သည့်အရာမှ မရှိတော့ခြင်း ဖြစ်နိုင်သည်။

ဝမ်လင်း၏ စေတီ၏ ဒုတိယအထပ်သို့ တက်သွားလိုက် ပြီးနောက် သူ၏ ခန့်မှန်းမှုက သေချာသွား၏။ ဒုတိယထပ်တွင် အရပ်လေးမျက်နှာ အတိုင်း စတုရန်းကွက်များ ရှိနေသည်။

တတိယအထပ်တွင် စတုရန်းကွက် အလွတ်တစ်ခုနှင့် ဝဲကတော့ ထွက်ပေါက်တစ်ခု ရှိနေသည်။

ဝမ်လင်းက မည်သည့်အရာကိုမှ မရရှိသော်လည်း စိတ်ပျက်သွားခြင်း မရှိချေ။ ရုတ်တရက် ဝမ်လင်းက တံတားဘေးတွင် စာများကို ချန်ခဲ့သည့် ထူးဆန်းသော လူအကြောင်းကို တွေးမိသွား၏။

ဝမ်လင်းက ခဏမျှ ငြိမ်နေလိုက်ပြီးနောက် စေတီ၃ထပ်လုံးတွင် တစ်ခုခုကို လိုက်ရှာလေသည်။ ထိုအခါ သူက ဒုတိယအထပ်ရှိ စတုရန်းကွက် အလွတ်ဘေး၌ ရင်းနှီးသည့် စာလုံးများကို မြင်လိုက် ရသည်။

“ရတနာစေတီကို မြင်ပြီးတော့မှ ဒီနေရာက ငါထင်တားနဲ့ တခြားစီပဲဆိုတာ သိလိုက်ရတယ်… ပြီးတော့ ဒီရှေးဟောင်း နတ်ဘုရားရဲ့ နယ်မြေကိုလည်း အရမ်း စိတ်ပျက်မိသွားတယ်…”

ထိုစာကြောင်းသည် အလွန်အမင်း ဂုဏ်မောက် လွန်းနေသည်။ ဝမ်လင်းက ခဏလောက် စဉ်းစားပြီး တတိယ အထပ်ဆီသို့ ပြန်သွားလိုက်သည်။

တတိယထပ်တွင် ဝမ်လင်းသည် ဝဲကတော့ အတွင်းသို့ ချက်ချင်း မဝင်သေးဘဲ ထိုင်ချလိုက်ပြီး သူ၏အခြေအနေကို အကောင်းဆုံး အနေအထားထိ ရောက်အောင် ပြင်ဆင်လိုက်၏။ ထို့နောက် သူက လေကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ရှုလီကောကို ဝဲကတော့ အတွင်းသို့ ဝင်သွားခိုင်း လိုက်သည်။

ရှုလီကောက ခါးသီးစွာ ပြုံးလိုက်ပြီး စိတ်ထဲမှ အကြိမ်ပေါင်းများစွာ ဆဲဆိုလိုက်သည်… “ဒီမိစ္ဆာကောင်က သူ မသွားရဲတိုင်း ငါပဲ အရင် သွားခိုင်းနေတယ်…”

သို့သော်လည်း သူက ဝဲကတော့ဆီသို့ ပျံသန်း သွားလိုက်၏။ သူက ဝဲကတော့ကို ထိလိုက်သည့် အခိုက်အတန့်တွင် သူက အော်ဟစ်ပြီး ကြောက်လန့်နေသည့် မျက်နှာဖြင့် နောက်သို့ ပြန်ဆုတ်ပြေး လာသည်။

ထိုအခါ ဝမ်လင်းက သားရဲတစ်ကောင် ထုတ်ပြီး ဝဲကတော့ဆီသို့ ပစ်လိုက်သည်။ သည်တစ်ကြိမ်တွင် သားရဲက အတားအဆီး မရှိဘဲ ဝဲကတော့ အတွင်းသို့ ဝင်ရောက်သွား၏။ သားရဲက ဝဲကတော့ အတွင်းသို့ ဝင်သွားသည့် အချိန်တွင် ဝမ်လင်းနှင့် ချိတ်ဆက်ထားသည့် ဆက်သွယ်မှုမှာလည်း ချက်ချင်း ပြတ်တောက် သွားလေသည်။

ဝမ်လင်း၏ မျက်နှာက သုန်မှုန်သွားကာ ခဏလောက် စဉ်းစားလိုက်ပြီးနောက် ဤဝဲကတော့သည် တတိယ အတားအဆီး ဖြစ်နိုင်ကြောင်း တွေးမိလိုက်သည်။

သွမ့်မူကျိ၏ စကားအရ တတိယ အတားအဆီးကို ဖြတ်ကျော်ရန် သေဆုံးခြင်း မန္တန်ကို လိုအပ်၏။ သူက အများကြီး မပြောပြခဲ့သော်လည်း ဝမ်လင်းက အနည်းငယ်တော့ ရိပ်မိ၏။

သူ၏ စမ်းသပ်မှုအရ ရှုလီကောက ဝဲကတော့ အတွင်းသို့ မဝင်နိုင်ပေ။ သူက အနီးသို့ ကပ်သွားသည်နှင့် သူ၏ဝိညာဉ်က ချက်ချင်း ဒဏ်ရာ ရသွား၏။ သားရဲကတော့ ဝဲကတော့ အတွင်းသို့ ဝင်နိုင်ပြီး သူနှင့်ဆက်သွယ်မှု ပြတ်တောက် သွားသည်။

ထို့ကြောင့် တတိယ စမ်းသပ်မှုသည် အလွန် အန္တရာယ်များမည်ကို ဝမ်လင်းက ရိပ်မိလိုက်သည်။ ထို့နောက် သူက စဉ်းစားမနေတော့ဘဲ ဝဲကတော့အနီးသို့ လျှောက်သွားကာ ဝဲကတော့ အတွင်းသို့ လက်ကို ထိုးထည့်လိုက်သည်။

သူ၏လက်မှ အေးမြသော ခံစားမှုတစ်ခုကို ခံစားလိုက် ရသော်လည်း ရှုလီကောကဲ့သို့ အန္တရာယ်ကိုတော့ မခံစားမိပေ။ ထို့ကြောင့် ဝမ်လင်းက နောက်တစ်ခါ မတွေးတော့ဘဲ ဝဲကတော့ အတွင်းသို့ ချက်ချင်း ခြေလှမ်း လှမ်းလိုက်သည်။

ဝမ်လင်းက ဝဲကတော့ အတွင်းမှ ထွက်လာသောအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့ဩမှင်တက် သွားသည်။ ဝမ်လင်းသည် ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံကို သုံးပြီး စစ်ဆေးကြည့် လိုက်သောအခါ ဝမ်လင်း၏ မျက်လုံးများက အရောင်လက်သွား၏။

“ဒါ… ဒါက နိဗားနားပဲ…” ဝမ်လင်းက စိတ်ထဲမှ ပြောလိုက်သည်။

သူ့ရှေ့တွင် ပုံပန်းမကျသည့် ကျောက်တုံးများ မျောလွင့်နေပြီး မည်သည့်အရာမျှ မရှိသည့် အဆုံးမရှိသည့် နေရာကြီးတစ်ခု ရှိနေသည်။ တစ်ချိန်တည်းမှာပင် သူ၏ ဝိညာဉ်ကလည်း လှုပ်ရှားသွား၏။

ထို့နောက် ဝမ်လင်းက အေးစက်စွာ ရယ်မော လိုက်သည်။ ပထမ စမ်းသပ်မှုတွင် သူက ကံကောင်းမှုကြောင့် ဖြတ်ကျော် နိုင်သည်ဟု ဆိုရပေမည်။ ဒုတိယ စမ်းသပ်မှုတွင် သူက ဆုံးဖြတ်ချက် ခိုင်မာမှုကြောင့် ဖြတ်ကျော် လာနိုင်သည်ဟု သတ်မှတ်နိုင်သည်။ ယခု တတိယ စမ်းသပ်မှုတွင်လည်း သူက သက်သောင့်သက်သာဖြင့် အောင်မြင် လိမ့်မည်ဟု တွေးမိ လိုက်တော့သည်။

သူက သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ရှုလီကောနှင့် ဒုတိယ မကောင်းဆိုးဝါးက ချက်ချင်း ထွက်လာကြ၏။ မကောင်းဆိုးဝါး နှစ်ကောင်သည် ဘေးပတ်ဝန်းကျင်မှ မြင်ကွင်းကို မြင်ပြီး သူတို့၏ မျက်လုံးတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လာသည်။

ဤနေရာတွင် မကောင်းဆိုးဝါးများသည် ရေထဲရောက်သည့် ငါးကဲ့သို့ ဖြစ်သည်။ သူတို့က ဤနေရာတွင် အလွန် သက်သောင့်သက်သာ ရှိသည့်ဟု ခံစားနေရသည်။

မကောင်းဆိုးဝါး နှစ်ကောင်ကို ခေါ်ထုတ် လိုက်ပြီးနောက် ဝမ်လင်းက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ကာ ဘာမှမရှိသည့် ဟင်းလင်းပြင်ထဲသို့ လက်ကို ဖမ်းဆွဲလိုက်သည်။ ထိုအခါ ဝမ်လင်း လှမ်းဆွဲလိုက်သည့် နေရာတွင် အော်ဟစ်သံတစ်ခု ပေါ်လာပြီး မီးခိုးငွေ့ စီးကြောင်းတစ်ခု ပေါ်လာသည်။ မီးခိုးငွေ့များက ဦးချိုနှစ်ချောင်းနှင့် ပုံရိပ်တစ်ခု အဖြစ် ဖွဲ့စည်းသွား၏။ ထိုသတ္တဝါသည် လေလွင့်ဝိညာဉ် ဖြစ်သည်။

လေလွင့်ဝိညာဉ်က ဝမ်လင်းကို ချောင်းမြောင်း၍ တိုက်ခိုက်ရန် ကြံစည်သော်လည်း ဝမ်လင်း၏ တိုက်ခိုက်မှုကို အရင်ခံလိုက် ရမည်ဟု ထင်မထားမိခဲ့ချေ။

လေလွင့်ဝိညာဉ်က ချက်ချင်း ကြောက်လန့် သွား၏။ ဝမ်လင်းက လေလွင့်ဝိညာဉ်ကို ကြည့်တောင် မကြည့်ဘဲ သူ၏ ဂျိနယ်ပယ်နတ်ဘုရား စိတ်အာရုံကို ပါးစပ်အဖြစ် ပုံစံဖွဲ့စည်းပြီး လေလွင့်ဝိညာဉ်အား စုပ်ယူလိုက်သည်။

ဝမ်လင်းက မျက်လုံးကို ပိတ်လိုက်သည်။ သူသည် လေလွင့်ဝိညာဉ်၏ အရသာကို မမြည်းစမ်း ရသည်မှာ တော်တော် ကြာနေလေပြီ။ ထိုအရသာက အလွန် ကောင်းလှသည်။ သူ၏ဝိညာဉ်ကလည်း သန်မာလာသည်ဟု ခံစားရသည်။

“လေလွင့် ဝိညာဉ်တွေက ဝိညာဉ်ကို ဖွံ့ဖြိုးစေဖို့အတွက် အကောင်းဆုံး အာဟာရတွေပဲ… ဒီနေရာမှာ လေလွင့်ဝိညာဉ်တွေ ရှိတယ် ဆိုတော့ ဒီစမ်းသပ်မှုမှာ အချိန်ဖြုန်း နေရင်တောင် ငါ့အတွက် အကျိုး ရှိတယ်…” ဝမ်လင်းက သူ့ကိုယ်သူ ပြောလိုက်ပြီး ရှေ့သို့ တစ်ဟုန်ထိုး ပျံသန်း သွားလိုက်သည်။

ဝမ်လင်းက လေလွင့်ဝိညာဉ်အား စုပ်ယူဝါးမျိုလိုက်သည့် မြင်ကွင်းသည် ရှုလီကောနှင့် ဒုတိယ မကောင်းဆိုးဝါးအား အလွန် ထိတ်လန့် သွားစေသည်။ အထူးသဖြင့် ဝိညာဉ်များကို အများအပြား စားသုံးဖူးသော ရှုလီကော ဖြစ်သည်။ ရှုလီကော၏ ပါးစပ်သည် ဟစိဟစိ ဖြစ်နေလေသည်။ ဝမ်လင်းက သူ့ရှေ့တွင် ဝိညာဉ်တစ်ကောင်အား ဝါးမျိုသွားသည်ကို မြင်လိုက်သောအခါ တစ်စုံ တစ်ယောက်က သူ၏အစာကို ခိုးယူသွား သကဲ့သို့ ခံစားလိုက် ရသည်။

သို့သော်လည်း ဝမ်လင်းသည် လေလွင့်ဝိညာဉ်အား စုပ်ယူလိုက်သည့်ပုံစံမှာ ဝမ်လင်းက လုပ်နေကြ အလုပ်တစ်ခုအား လုပ်နေသကဲ့သို့ ရှုလီကောအား ခံစားရစေသည်။ သူက ဝမ်လင်းကို သူ၏ဘိုးဘေး တစ်ယောက်ကဲ့သို့ပင် ခံစားရသည်။ ဝမ်လင်းက လေလွင့်ဝိညာဉ်အား ဖမ်းဆုပ် လိုက်သည့် အချိန်တွင် ဝမ်လင်းက နောက်ထပ် တစ်ယောက်ကို မွေးမြူတော့မည်ဟု ထင်လိုက်ပြီး သွား၍ ကြိုဆိုရန်ပင် ပြင်ခဲ့သည်။

သို့သော်လည်း ကံမကောင်းစွာဖြင့် ဝမ်လင်းက လေလွင့်ဝိညာဉ်ကို စုပ်ယူလိုက်သောအခါ သူက ကြောက်လန့်မှုကို ခံစားလိုက် ရသည်။ သူက ဝမ်လင်းနှင့် အမြဲ တိုက်ခိုက်ရန် တွေးထားခဲ့သော်လည်း ယခုတော့ ဝမ်လင်းသည် ဝိညာဉ်များကို ဝါးမျိုနိုင်ရုံသာ မဟုတ်ဘဲ သူ့ကိုလည်း ဝါးမျိုနိုင်ကြောင် နားလည်သွား၏။

ရလဒ်အနေဖြင့် ရှုလီကောသည် ဝမ်လင်းအား အလွန် ကြောက်လန့် သွားလေပြီ။

ဝမ်လင်းက လေလွင့်ဝိညာဉ်အား ဝါးမျိုလိုက်သည့် အချိန်တွင် သူက ဝမ်လင်းနှင့် အပေးအယူ လုပ်ခဲ့သည့် အကြောင်းများကို ပြန်သတိရသွားကာ သူ့ခန္ဓာကိုယ်က တုန်လှုပ် သွား၏။

သူက မည်မျှပင် အပြစ်လုပ်လုပ် အလွန်ဆုံး အနေဖြင့် ဝမ်လင်းသည် သူ့အား စွမ်းအားပြင်းသည့် အနီရောင် လျှပ်စီးဖြင့် အပြစ်ပေးရုံသာ ရှိမည်ဟု ယခင်က တွေးခဲသည်။ သို့သော်လည်း ယခု အဖြစ်အပျက်ကို မြင်ပြီးနောက် ဝမ်လင်းက သူ့အား ဝါးမျိုနိုင်သည်ဟုပါ တွေးလိုက်မိသည်။ ထို့အတူ နောက်နောင်တွင်လည်း ဝမ်လင်းကို စောဒက မတတ်တော့ဟု ဆုံးဖြတ်လိုက်သည်။ သူက ဝမ်လင်းအား ဒေါသထွက်အောင် လုပ်မိပါက သူ့ကိုလည်း အစအနပင် မကျန်အောင် ဝါးစားပစ်လိုက် နိုင်သည်။

ဒုတိယ မကောင်းဆိုးဝါး ကတော့ ရှုလီကော၏ နောက်မှ ရောက်လာသော်လည်း အချိန် တော်တော် ကြာနေပြီ ဖြစ်သည့်အတွက် အသိဉာဏ် တချို့ ရနေပြီဖြစ်သည်။ သူကလည်း ရှေ့တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အလွန် ကြောက်လန့် သွား၏။

သူ၏ မသိစိတ်စွမ်းအားက ရှုလီကောထက် အများကြီး ပိုအားကောင်း၏။ ဝမ်လင်းက သူ့တွင်ရှိသည့် ဝိညာဉ်ကို ဝါးမျိုသည့် စွမ်းရည်ကို ပြသလာသောအခါ ဝမ်လင်းသည် သူတို့၏ ဘုရင်ဖြစ်သည်ဟု စိတ်ထဲမှ ခံစားလိုက်ရသည်။

***

All Chapters