← Chapters

အခန်း ၂၅၃

Vol. 26 Ch. 253

အခန်း ၂၅၃

Vol. 26 Ch. 253

အခန်း(253)

“မင်း ကုန်တိုက်မှာ အလုပ်လုပ်တာကို ငါ မေ့သွားတာပဲ၊ ကောင်းပြီ.. ဒါဆိုရင် ငါ့အတွက် တစ်လုံးလောက် ယူလာပေးလို့ ရမလား”

လော်ယွီရှို့က ပြောဆိုလိုက်ပြီး လီရှန်းကို အထဲသို့ ဆက်လက်၍ တွဲခေါ်သွားခဲ့လေသည်။

သူတို့က ဝူလီ၏ ဘေးမှ ဖြတ်သန်းသွားခဲ့ကြချိန်တွင် လီရှန်းက အားနည်းသော လေသံဖြင့် ပြောလိုက်လေ၏။

“ပိုက်ဆံကို နောက်မှ ပြန်ပေးပါ့မယ်”

ရင်းနှီးသော ညီအစ်ကိုမောင်နှမများပင် ဖြစ်သော်လည်း စာရင်းကို ရှင်းလင်းစွာ ထားရှိရမည် မဟုတ်ပါလား။

ယောက်မဖြစ်သူအတွက် ဆီးအိုးတစ်လုံးကို ဝယ်ယူခြင်းဆိုလျှင် ပို၍ရှင်းလင်းသင့်သည်။

ဝူလီက ခက်သွက်သွက်ပင် ပြောလိုက်လေ၏။

“မလောပါနဲ့၊ မလောပါနဲ့၊ နင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်ပါဦး”

လီရှန်းက ပြုံးလိုက်ပြီး လူနာဆောင်ထဲသို့ သတိကြီးစွာဖြင့် ရွှေ့လျား ဝင်ရောက်ခဲ့လေ၏။

သူမ ဝင်ရောက်လာသည်နှင့် သူမ၏ မျက်ဝန်းများက ကလေးပုခက်ဆီသို့ ဆွဲဆောင်ခြင်း ခံလိုက်ရတော့သည်။

သူမက အိမ်သာသို့ သွားရန်အတွက် အလောတကြီး ဖြစ်နေခဲ့သောကြောင့် သူမ ကလေးမွေးဖွားခဲ့သည်ကိုပင် လုံးဝ မေ့လျော့နေခဲ့၏။

သို့သော် ပုခက်ထဲတွင် လဲလျောင်းနေပြီး နှုတ်ခမ်းလေးကို စူထားသော ထွားကြိုင်းလွန်းသော ကလေးငယ်ကို မြင်တွေ့လိုက်ရသည့်အချိန်တွင် သူမ ချက်ချင်းပင် သတိရသွားခဲ့ရတော့သည်။

သူမ ဤမျှအထိ နေထိုင်မကောင်း ဖြစ်နေရသည့် အကြောင်းရင်းက ကလေးမွေးခဲ့၍ဖြစ်ပေ၏။

မိခင်နှင့် သမီးကြားရှိ သွေးသားတော်စပ်မှုကြောင့် ဖြစ်ပေလိမ့်မည်။

လီရှန်း တံခါးဝသို့ ဝင်ရောက်လာသည်နှင့် ကလေးငယ်က အဆုတ်ကွဲမတတ် အကျယ်ကြီး ငိုယိုတော့သည်။

လီရှန်းက ထိုနေရာတွင်ပင် ကြောင်အမ်းသွားခဲ့ရပြီး ဖန်ချင်းဘက်သို့ အကူအညီမဲ့စွာဖြင့် လှည့်ကြည့်လိုက်လေ၏။

“ဘာဖြစ်လို့လဲ၊ ဘာလို့ ငိုနေရတာလဲ”

“ငါ ကြည့်လိုက်ပါ့မယ်”

ဖန်ချင်းက မည်သည့်စကားမှပြန်မပြောနိုင်သေးမီမှာပင် ကွမ်းရှောင်ထင်းက ပုခက်အနားသို့ ခြေလှမ်းကျဲကြီးများဖြင့် တိုးကပ်သွားခဲ့ပြီး အရင်ဆုံး အနှီး၏ အောက်ခြေကို ကြည့်လိုက်လေ၏။ ထို့နောက်တွင် သေးခံက ခြောက်သွေ့နေကြောင်းကိ တွေ့ရှိခဲ့ရလေသည်။

သူမက ယုံကြည်မှုအပြည့်ဖြင့် မော့ကြည့်လိုက်ပြီး ပြောလိုက်လေ၏။

“ဗိုက်ဆာနေတာပဲ”

ဗိုက်ဆာလို့လား။

ဤမျှအထိ သေးငယ်သော ကလေးငယ်က မည်သည့်အရာကို စားသောက်နိုင်မည်နည်း။

မိခင်နို့ရည်သာ ဖြစ်ပေလိမ့်မည်။

စုဝေ့ချင်းလည်း ပျာယာခတ်သွားခဲ့ရ၏။

“ကျွန်တော် အခုပဲ အိမ်ပြန်ပြီး နို့မှုန့် သွားယူရမလား”

သူက အလောတကြီး ထွက်ခွာလာခဲ့ခြင်း ဖြစ်သောကြောင့် ပြင်ဆင်ထားသည့်အရာများကို မသယ်ဆောင်လာခဲ့ပေ။

ဝူလီ ပြန်သွားခဲ့ချိန်ကလည်း သေးခံတချို့နှင့် ကလေးအဝတ်အစားတချို့ကိုသာ သယ်ဆောင်လာခဲ့ခြင်းသည်။

သို့မဟုတ်ပါက ကလေးငယ်က အဝတ်ဗလာဖြင့် အိမ်ပြန်ရမည့် အခြေအနေ ဖြစ်နေခဲ့ပေလိမ့်မည်။

“ကလေးရဲ့အမေ ကဒီမှာ ရှိနေတာပဲ၊ ဘာလို့ နို့မှုန့်လိုအပ်ရဦးမှာလဲ”

ကွမ်းရှောင်ထင်းက အနည်းငယ် အကူအညီမဲ့သကဲ့သို့ ခံစားလိုက်ရပြီး သူမ၏ တူသားမက်က ငတုံးလားဟုပင် တွေးတောမိလိုက်လေသည်။

သူမက လက်ကို မြှောက်ပြီး နောက်ကွယ်မှ ကျန်းကျူးရိနှင့် ကျန်းကျူးပင်းတို့ကို တွန်းထုတ်လိုက်လေ၏။

“ကောင်းပြီ၊ ကောင်းပြီ၊ အမျိုးသားတွေ အပြင်ထွက်ကြတော့”

တံခါး၏ အပြင်သို့ တွန်းထုတ်ခြင်းကို ခံလိုက်ရသော အမျိုးသားတချို့မှာတော့ အပေါက်ဝတွင် ရပ်နေကြရင်း တစ်ဦးကိုတစ်ဦး စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် စိုက်ကြည့်နေခဲ့ကြသည်။

စုဝေ့ချင်းက သူ၏ စိတ်ထဲတွင်တွေးတောနေခဲ့လေ၏။

သူက ကလေးရဲ့ အဖေပဲလေ။ ငါ မကြည့်ရတဲ့အရာက ဘာရှိလို့လဲ။

သို့သော် သူ၏ ဘေးတစ်ဖက်တစ်ချက်တွင် ဦးလေးနှစ်ယောက် ရှိနေသည်ကို မြင်တွေ့လိုက်ရသည့်အချိန်တွင် သူ၏ သတ္တိများက ချက်ချင်းပင် ပြယ်လွင့်သွားခဲ့ရလေတော့၏။

ထိုအခိုက်တွင် သူ တစ်ခါမျှပင် မတွေ့ဖူးသေးသော ဒုတိယဦးလေးဖြစ်သူ ကျန်းကျူးပင်းက ပုခက်ကို ရုတ်တရက် ပုတ်လိုက်ပြီး ပြောလိုက်လေသည်။

“ဝေ့ချင်း၊ ငါတို့တွေ အပြင်ထွက်ပြီး သေချာ စကားပြောကြရအောင်၊ဒါ ငါတို့တွေ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းပဲလေ၊ ငါ မင်းကို သေသေချာချာ မသိသေးဘူး”

သူက စုဝေ့ချင်း၏ တုံ့ပြန်မှုကိုပင် မစောင့်ဆိုင်းတော့ဘဲ ဆေးရုံအပြင်ဘက်သို့ အားပြင်းစွာဖြင့် ခေါ်ဆောင်သွားခဲ့လေသည်။

စုဝေ့ချင်း : “...”

ကယ်ကြပါဦး။ ဒီဒုတိယဦးလေးက သူ့ရဲ့ ဒုတိယအစ်ကိုနဲ့ အတော်လေး တူတာပဲ။

ဒုတိယမြောက် ကလေးတွေအားလုံးက ဒီလိုပဲလား။

လီရှန်းမှာ ဆေးရုံတွင် တစ်ရက်မျှ နေထိုင်ပြီးနောက် ဆေးရုံမှဆင်းပြီး အိမ်သို့ ပြန်ရန် ဆုံးဖြတ်လိုက်လေသည်။

အဆုံးတွင် မည်မျှပင် ရင်းနှီးပါစေ စက်ရုံဆေးရုံတွင် လေတိုက်ခတ်လွန်းသောကြောင့် အနည်းငယ် အေးစိမ့်သည်ဟု ခံစားရသည်။ အိမ်တွင်ဆိုလျှင် နွေးထွေးကာ သက်သောင့်သက်သာရှိနိုင်သည်မဟုတ်ပါလား။

ထို့အပြင် သူမနှင့် စုဝေ့ချင်းတို့ အတူ အိပ်စက်သည့် အိပ်ယာက ထန်းလျော် ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သောကြောင့် လဲလျောင်းချိန်တွင် နူးညံ့ပြီး သက်သောင့်သက်သာ ရှိလွန်းသည်။

သူတို့က အိမ်သို့ပြန်တော့မည် ဖြစ်၍ ပစ္စည်းအားလုံးကို သိမ်းဆည်းရမည်ပင်။

သူတို့က ယမန်နေ့က အလောတကြီး ရောက်ရှိလာခဲ့ကြသောကြောင့် မည်သည့်အရာကိုမှ မသယ်ဆောင်လာခဲ့ကြပေ။

တစ်နေ့လုံး သွားလာနေခဲ့ကြသောကြောင့် ကလေး၏ ပစ္စည်းအမြောက်အမြားကိုသာ သယ်ဆောင်လာခဲ့ကြသည်။

သိမ်းဆည်းပြီးစီးသွားသည့်အချိန်တွင် အိတ်ကြီး နှစ်အိတ် ဖြစ်နေခဲ့လေပြီ။

ဝူလီက အလုပ်ဆင်းပြီးနောက် ဝက်ကျောက်ကပ်တစ်စုံကို ဝယ်ယူခဲ့ပြီး ကျောက်ကပ်စွပ်ပြုတ်ကို ချက်ပြုတ်လာခဲ့လေ၏။

“ငါ့ရဲ့ အသက်ကြီးတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ပြောတာတော့ မီးနေသည်တွေက ကလေးမွေးပြီးပြီးချင်းမှာ ဝက်ကျောက်ကပ်နဲ့ ဝက်အသည်းကို စားတာ အကောင်းဆုံးပဲတဲ့၊

ငါ သွားတာ နောက်ကျသွားလို့ ဝက်အသည်း ဝယ်လို့မရခဲ့ဘူး ကျောက်ကပ်တစ်စုံပဲ ဝယ်နိုင်ခဲ့တာ၊ဒီစွပ်ပြုတ်ကို မြည်းကြည့်ပြီးပြီ၊ အရမ်း အရသာရှိတယ်”

“ကျေးဇူးတင်ပါတယ် ယောက်မ”

လီရှန်းလည်း ပန်းကန်လုံးကို မြှောက်ပြီး စွပ်ပြုတ်ကို သောက်သုံးလိုက်လေသည်။

သူမက မနက်ခင်းကပင် မိခင်နို့ရည်ကို အောင်မြင်စွာ တိုက်ကျွေးနိုင်ခဲ့လေပြီ။

ထွားကြိုင်းလွန်းသော ကလေးငယ်က ဝဝလင်လင် စားသောက်ပြီးဖြစ်ကာ လူကြီးငါးယောက် ခြောက်ယောက်ခန့်၏ ပြုစုစောင့်ရှောက်မှုကို ရရှိထားသောကြောင့် အလွန် သက်သောင့်သက်သာ ရှိနေခဲ့လေသည်။

ဝူလီ ကျောက်ကပ်စွပ်ပြုတ်ကို ယူဆောင်လာပေးသည့်အချိန်အထိ သူမက မျက်ဝန်းများကိုပင် မဖွင့်ခဲ့ပေ။

ဝူလီရောက်လာချိန်ကျမှသာ သူမက မျက်ဝန်းများကို ဖွင့်လိုက်လေတော့သည်။

ဝူလီက အလွန် စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေခဲ့သော်လည်း ထိတွေ့ရန် မဝံ့မရဲဖြစ်နေခဲ့၏။

အတိတ်တုန်းက မိဘများ၏ အိမ်တွင် ရှိချိန်က သူမ၏ ယောက်မဖြစ်သူအား ကလေးများ ပြုစုစောင့်ရှောက်ရာတွင် ကူညီပေးခဲ့ဖူးသည်။

သို့သော် သူမဘက်မှ ကလေးကို ချီနိုင်သည့် အချိန်ရောက်လျှင် ထိုကလေးက အနည်းဆုံး တစ်လခန့် ရှိနေပြီဖြစ်၍ ပါးပြင်လေးများက ဖောင်းအိနေခဲ့ပြီ ဖြစ်လေ၏။

ဤထွားကြိုင်းလွန်းသော မိန်းကလေးလေးနှင့် မတူပေ။

သူမက တစ်ကိုယ်လုံးက နူးညံ့ပြီး ဖောင်းအိနေခဲ့ကာ အမွှေးမရှိသော ယုန်ကလေးတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့လေ၏။

“စားသောက်ပြီးရင် အိမ်ကိုပြန်ကြရအောင်၊ လောင်လီ ထောက်ပံ့ရေးဌာနကို သွားပြီး ကုန်သယ်တဲ့ လက်တွန်းလှည်း တစ်စီး သွားငှားလိုက်ဦး၊ ရှန်းရှန်းကို လမ်းလျှောက်ခိုင်းလို့မဖြစ်ဘူး”

လော်ယွီရှို့က ပြန်သွားမည့်ကိစ္စနှင့် ပတ်သက်၍ လီရှန်းကို လာခဲ့ကာ ကုန်သယ်လက်တွန်းလှည်းကို သုံးပြီး ပြန်ရမည့်အကြောင်းကိုလည်း ရှင်းပြခဲ့သည်။

လီရှန်းက ခေါင်းညိတ်ပြလိုက်လေ၏။

သူမအနေဖြင့် မီးနေသည်များက လေအေးနှင့် မထိတွေ့သင့်သကဲ့သို့ အားအင်များကိုလည်း သိပ်ပြီးမသုံးစွဲသင့်ကြောင်း သိရှိထားသည်။

ထို့အပြင် စုဝေ့မင်က အမှန်တကယ်ပင် အားစိုက်ထုတ်ပေးခဲ့၏။

ဤစက်ရုံ၏ ဒုညွှန်ကြားရေးမှူးက ပုံမှန်အားဖြင့် အလွန် တည်ငြိမ်ပြီး မည်သူနှင့်မျှ စကားခပ်များများ မပြောတတ်ပေ။

သို့သော် ယခု သူက သူ၏ ချွေးမအတွက် စတိုခန်းသို့ သွားရောက်ပြီး လက်တွန်းလှည်းတစ်စီးကို သွားရောက် ငှားရမ်းပေးခဲ့သည်။

ဘယ်လောက်တောင် အံ့ဩစရာကောင်းတဲ့ ယောက္ခမကြီးလဲ။

လီရှန်းက ကျောက်ကပ်စွပ်ပြုတ် သောက်နေသည်ကို မြင်လျှင် ဝူလီက ဤအတိုင်း ရပ်နေရန် မသင့်တော်ဟု ခံစားရသောကြောင့် ပြောလိုက်လေ၏။

“ကျွန်မ အပြင်ထွက်ပြီး အဖေနဲ့ ဝေ့ချင်းတို့ ဘယ်မှာလဲဆိုတာ သွားကြည့်လိုက်ဦးမယ်”

ထိုသို့ ပြောဆိုပြီးနောက် သူမက အပြင်သို့ ထွက်ခွာသွားခဲ့လေ၏။

လော်ယွီရှို့လည်း ဝူလီတစ်ယောက်ခပ်သွက်သွက် ထွက်ခွာသွားသည်ကို စောင့်ကြည့်ရင်း သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။

သူမအနေဖြင့် လွန်ခဲ့သော နှစ်ရက်အတွင်း ဝူလီ၏ ပြုမူပုံကို အလွန် ကျေနပ်မိကြောင်းကို ဝန်ခံရပေလိမ့်မယ်မည်။

ထိုအပြုအမူက အမှန်တကယ်ပင် စိတ်ရင်းမှန် ဖြစ်စေ၊ မဖြစ်စေ၊ တတိယချွေးမ ကလေးမွေးသည့်အချိန်တွင် သူမက တာဝန်ယူမှုကို ရှောင်လွှဲရန် ဆင်ခြေများကို မပေးခဲ့ပေ။

ဆိုရလျှင် သူမအနေဖြင့် စုချန်နှင့် စုကျွင့်တို့ကို အကြောင်းပြချက်အဖြစ် သုံးခဲ့မည်ဆိုပါက သူမ ရောက်မလာခဲ့လျှင်ပင် မည်သူကမျှ ပြောကြမည် မဟုတ်ပေ။

သို့သော် သူမက အရာအားလုံးကို အလုပ်ရှုပ်ခံပြီး ကူညီပေးခဲ့ကာ လူနာဆောင်သို့ တစ်နေ့ သုံးကြိမ် ထမင်းလာပို့ရုံသာမက အိမ်တွင်လည်း ဟင်းလျာများကို ချက်ပြုတ်ပေးခဲ့သည်။

သို့သော် သူမအနေဖြင့် ဝူလီအပေါ် ထားရှိသော အမြင်ကို လုံးဝ ပြောင်းလဲပစ်ရန် မဖြစ်နိုင်ပေ။

တစ်ဖက်လူက တတိယချွေးမ၏ မိသားစုကို အကြိမ်ကြိမ်အမြတ်ထုတ်ရန်အတွက် ကြိုးပမ်းခဲ့ဖူးသည်က အမှန်တရားပင် ဖြစ်၏။

အတိုချုပ်ပြောရလျှင်တော့..

အလွန်ပင် ရှုပ်ထွေးလွန်းနေခဲ့သည်။

ဝူလီကတော့ အပြင်သို့ ထွက်သွားခဲ့သောကြောင့် လူနာဆောင်ထဲတွင်ကျန်ခဲ့သည့် ယောက္ခမဖြစ်သူက မည်သို့တွေးနေသည်ကို မသိရှိခဲ့ပေ။

သူမက အရှေ့ဘက်တံခါးဝရှိ လှေကားထစ်များပေါ်တွင် မတ်တတ်ရပ်ရင်း လမ်းမကြီး၏ အဆုံးဆီသို့ စူးစိုက်ကြည့်နေခဲ့သည်။

မကြာမီမှာပင် လက်တွန်းလှည်းတစ်စီးက မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့လေ၏။ သို့သော်လည်း လှည်းကို ဆွဲလာသူက စုဝေ့ချင်း မဟုတ်ဘဲ သူစိမ်းအမျိုးသားတစ်ဦး ဖြစ်နေခဲ့၏။

ထို့အပြင် ထိုလက်တွန်းလှည်းပေါ်တွင် လူတစ်ယောက်က လဲလျောင်းနေခဲ့ပြီး ဘေးနားတွင် အဘွားအိုတစ်ဦး ရှိနေခဲ့ကာ စုဝေ့မင်နှင့် စုဝေ့ချင်းတို့ကတော့ နောက်မှ လိုက်ပါလာခဲ့ကြသည်။

မကြာမီပင် လက်တွန်းလှည်းက ဆေးရုံထဲသို့ ဝင်ရောက်လာခဲ့လေ၏။

ထိုအမျိုးသားက နောက်သို့လှည့်ကာ စုဝေ့မင်ကို ဦးညွှတ်၍ စကားအနည်းငယ် ပြောဆိုပြီးနောက် လှည်းပေါ်မှ ကိုယ်ဝန်ဆောင် အမျိုးသမီးကို ပွေ့ချီ၍ တံခါးဝဆီသို့ ခပ်သွက်သွက် လျှောက်လှမ်းသွားခဲ့လေသည်။

အိတ်တစ်လုံးကို သယ်ဆောင်လာသော အဘွားအိုကလည်း မျက်ရည်များကို သုတ်ရင်း အနောက်မှ လိုက်ပါသွားခဲ့လေ၏။

*

All Chapters