← Chapters

အခန်း ၂၅၄

Vol. 26 Ch. 254

အခန်း ၂၅၄

Vol. 26 Ch. 254

အခန်း(254)

ဝူလီတစ်ယောက် သူမ၏ရှေ့မှ မြင်ကွင်းကြောင့် နေရာတွင်ပင် ကြောင်အမ်းသွားခဲ့ရလေတော့သည်။

စုဝေ့မင်က လက်တွန်းလှည်းကို ပြန်လည် ရှင်းလင်းလိုက်ပြီးနောက် စုဝေ့ချင်းမှ လီရှန်းကို သွားရောက်ခေါ်ယူရန် အထဲသို့ ဝင်တော့မည့်အချိန်ကျမှသာ သူမက ရုတ်တရက် သတိပြန်ဝင်လာခဲ့၏။

စုဝေ့ချင်းတစ်ယောက် လူနာဆောင်ထဲသို့ ဝင်ရောက်သွားပြီးမှသာ သူမက ပစ္စည်းများကို သယ်ဆောင်ရန် သတိရတော့သည်။

သို့သော် သူမ ခြေလှမ်းနှစ်လှမ်းမျှသာ လှမ်းရသေးသော်လည်း ခြေထောက်များက ရပ်တန့်သွားခဲ့ရပြီး ဆက်လက်၍ မလှုပ်ရှားနိုင်တော့ပေ။

သူမက မြေပြင်ပေါ်တွင် သွေးစက်အမြောက်အမြားကို သတိပြုမိသွားခဲ့လေ၏။

သေချာပေ၏။ ထိုသွေးစက်အားလုံးက ထိုကိုယ်ဝန်ဆောင် အမျိုးသမီးထံမှ ကျဆင်းခဲ့ခြင်းသာဖြစ်သည်။

ဝူလီက မျက်နှာဖြူလျော်စွာဖြင့် လူနာဆောင်ထဲတွင် ကူညီပေးနေခဲ့သော်လည်း သူမ၏ စိတ်ဝိညာဉ်က တခြားတစ်နေရာသို့ ရောက်ရှိနေခဲ့ဆဲ ဖြစ်၏။

ဆေးရုံမှ ထွက်ခွာလာပြီးမှသာ သူမက လော်ယွီရှို့ကို မေးမြန်းလိုက်တော့သည်။

“ခုနကတစ်ယောက်က ဘာဖြစ်ခဲ့တာလဲဟင် အမေ”

စုဝေ့မင်ထံမှ သတင်းစကားအားလုံးကို ကြားသိထားပြီးဖြစ်သော လော်ယွီရှို့က သက်ပြင်းချလိုက်လေ၏။

“ယောက္ခမနဲ့ ချွေးမ ရန်ဖြစ်ကြရင်း ခြေချော်ပြီး လဲကျသွားတာတဲ့၊

ကလေးက ခုနစ်လပဲ ရှိသေးတာဆိုတော့ အတော်လေး အန္တရာယ်များတာပေါ့၊ ကလေးက သွေးထွက်နေပြီလို့ ပြောကြတယ်၊ မိခင်လည်း အသက်ရှင်ဖို့မလွယ်ဘူး ထင်တယ်”

မတိုင်မီက ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို ပြန်လည်တွေးတောမိပြီးနောက် ဝူလီတစ်ယော် ကိုယ်ဝန်ဆောင်ခြင်းက အမှန်တကယ်ပင် အလွန် အန္တရာယ်များသောအရာ ဖြစ်ကြောင်းနှင့်၊ မတော်တဆမှုတစ်ခုက မိခင်ရော ကလေးကိုပါ အသက်အန္တရာယ် စိုးရိမ်ရစေနိုင်ကြောင်းကို ထပ်မံ၍ သေချာသွားခဲ့ရပြန်၏။

သူမ၏ နှလုံးသားက တုန်လှုပ်သွားခဲ့သည်။

ဤကမ္ဘာကြီးက ဤမျှအထိ လှပနေသည်ဖြစ်၍ သူမအနေဖြင့် မည်သည့်အန္တရာယ်ကိုမျှ မရင်ဆိုင်လိုပေ။

ထို့အပြင် စုဝေ့ဟိုင်တွင် သားနှစ်ယောက် ရှိနှင့်နေပြီ ဖြစ်၍ သူမအနေဖြင့် ကလေး ထပ်မမွေးလျှင်လည်း ပြဿနာရှိမည်မဟုတ်ပေ။

ဟုတ်တယ်မလား။

လီရှန်းကတော့ သူမ၏ ယောက်မဖြစ်သူ ဝူလီ၏ နှလုံးသားထဲတွင် ဖြစ်ပေါ်ခဲ့သော ပြောင်းလဲမှုများကို မသိရှိခဲ့ပေ။

ယခုအချိန်တွင် သူမ၏ နှလုံးသားထဲ၌ ထွားကြိုင်းလွန်းသော သမီးလေးအကြောင်းကို တွေးတောမှုများဖြင့်သာ ပြည့်နှက်နေခဲ့သည်။

ဤဝဝကစ်ကစ် မိန်းကလေးက အလွန်ပင်အလိုက်သိပြီး လိမ္မာသော ကလေးငယ်တစ်ဦးဖြစ်ကာ တည်ငြိမ်သော နေ့စဉ်လုပ်ငန်းစဉ် ရှိလေ၏။

သူမက စားသောက်ခြင်းနှင့် အိပ်စက်ခြင်းမှလွဲ၍ တခြားမည်သည့်အလုပ်ကိုမှ မလုပ်သေးပေ။

သူမက ညနေတိုင်း ခြောက်နာရီအချိန်တွင် နိုးထလေ့ရှိပြီး အသံပြုလေ့ရှိသည်။

ထို့အချိန်က လူတိုင်း အလုပ်ဆင်းပြီး အိမ်ပြန်ရောက်သည့် အချိန်ထက် နာရီဝက်မျှ နောက်ကျသည်။

အထူးသဖြင့် လော်ယွီရှို့က လီရှန်းအတွက် မီးနေသည် အစားအစာများကိုပင် ပြင်ဆင်ပြီးစီးနေလေပြီ။

သူမက ‘အားလုံးပဲ အလုပ်တွေ အားလုံး ပြီးသွားပြီမလား၊ အခု သမီးကို လာချီလို့ရပြီ’ ဟု ပြောဆိုနေသည့်ကဲ့သို့ပင်။

စုဝေ့မင်ပင်လျှင်မအော်ဘဲ မနေနိုင်ခဲ့ပေ။

“ငါ့ရဲ့ မြေးမလေးက တကယ်ကို လိမ္မာတဲ့ မြေခွေးအိုလေးပဲ”

“ဒါပေါ့၊ ကျွန်တော့်သမီးက ဘယ်လိုလုပ်ပြီး မလိမ္မာဘဲ နေမှာလဲ”

စုဝေ့ချင်းက သူ၏ မေးကို ပင့်မြှောက်ပြီး စုဝေ့မင်၏ ချီးကျူးစကားကို ဝမ်းမြောက်စွာ ခံယူလိုက်လေ၏။

စုဝေ့မင်၏ အမြင်တွင်တော့ စုဝေ့ချင်းက ပျော်ရွှင်မှုကြောင့် မျက်စိကွယ်နေခဲ့ခြင်းဖြစ်သောကြောင့် ဤမျှအထိ မာနထောင်လွှားနေခြင်းသာ ဖြစ်သည်။

သို့သော် စုဝေ့ချင်း၏ အမြင်တွင်တောသ့ သူ၏ သမီးလေးက အနာဂတ်တွင် သေချာပေါက် ထူးချွန်သော လူတစ်ဦးဖြစ်လာပေလိမ့်မည်။

သူ၏ ခန္ဓာကိုယ်ထဲရှိ စနစ်က ရက်အနည်းငယ်မျှသာ ရှိသေးသော ဤကလေးငယ်အပေါ် ထူးဆန်းသော ရူးသွပ်မှုတစ်ခု ရှိနေသည်။

အကယ်၍ သူသာ တားဆီးမထားခဲ့ပါက ဤပျက်စီးနေသော စနစ်က ကလေးငယ်၏ ဦးနှောက်ကို ဖွံ့ဖြိုးအောင် ပြုလုပ်ပေးပြီး သူမကို ဤကမ္ဘာဂြိုဟ်ပေါ်တွင် အလိမ္မာဆုံး ကလေးတစ်ဦး ဖြစ်လာစေရန် ကြိုးပမ်းနေလောက်ပြီပင်။

စုဝေ့ချင်းလည်း မည်သို့သော အလိမ္မာဆုံး ကလေးမျိုး ဖြစ်လာမည်ကို သေချာပေါက် အလွန် စိတ်ဝင်စားပေလိမ့်မည်။

သို့သော် သူက ယခုအချိန်အထိ ဤစနစ်၏ ဘေးကင်းမှုကို အပြည့်အဝ အတည်မပြုနိုင်သေးပေ။

အကယ်၍ ဦးနှောက်ကို ဖွံ့ဖြိုးအောင် ပြုလုပ်ခြင်းက ကလေးကို ထိခိုက်စေမည်ဆိုပါက သူမကို ထိခိုက်မှုခံရစေမည့်အစား သူမ၏ ဘဝတစ်လျှောက်လုံး ပျော်ရွှင်ကျန်းမာသော ငတုံးကလေးတစ်ဦး ဖြစ်နေစေရန်သာ သူ ပို၍လိုလားပေသည်။

သေချာတာပေါ့။ သူက သူနှင့် လီရှန်းတို့၏ သမီးကို ငတုံးဟု မတွေးတောပေ။

“သူမ လိမ္မာလား၊ မလိမ္မာဘူးလားဆိုတာတော့ ငါ မသိဘူး၊ ဒါပေမဲ့ သူမကို ပြုစုရတာ လွယ်ကူတာကတော့ အမှန်ပဲ၊

ရှောင်ချန်နဲ့ ရှောင်ကျွင့်တို့ မီးနေသည်ကာလတုန်းကဆိုရင် သူတို့က နေ့တိုင်း အသေအလဲ ငိုကြတာ၊

ဟို စုန်းမအိုကြီး လုချင်းလန်ကလည်း ငါတို့တွေ ကလေးတွေကို နှိပ်စက်နေမှာ စိုးရိမ်လို့ဆိုပြီး နေ့တိုင်း တံခါးလာခေါက်လေ့ ရှိတယ်”

လော်ယွီရှို့က အတိတ်တုန်းက လုချင်းလန်နှင့် ဖြစ်ပွားခဲ့သော နာကျည်းချက်များကို ပြောဆိုသည့်အချိန်တွင် စိတ်အနှောင့်အယှက် ဖြစ်နေဆဲပင်။

သူတို့၏ ဆက်ဆံရေးက ပြန်လည် အဆင်ပြေသွားခဲ့သော်လည်း သူမအနေဖြင့် ကွယ်ရာတွင် အတင်းပြောခြင်းကို ရပ်တန့်နိုင်မည် မဟုတ်ပေ။

“ဟုတ်ပါတယ်၊ ဒီကလေးက တကယ်ကို မငိုတတ်ဘူး၊ သူမက ဆာတဲ့အချိန် ဒါမှမဟုတ် သေးစိုတဲ့အချိန်ကျမှပဲ အသံနည်းနည်း ပြုတာ”

ကျန်းဝမ်ကျန့်က ဤအကြောင်းကို ပြောဆိုသည့်အချိန်တွင် မနာလိုဖြစ်မိသည်။

သူမ၏ သားဖြစ်သူ စုကျန့်ဆိုလျှင် ညဖက်တွင် အိပ်လေ့မရှိသော ကလေးတစ်ဦး ဖြစ်သည်။

သူက လေးလကျော် ကြာမြင့်ပြီးမှသာ ညဘက်တွင်ပါ အိပ်ပျော်နိုင်ခဲ့သည်။

သူမမှာ သူ၏ ဒုက္ခပေးမှုကြောင့် ရူးသွပ်လုနီးပါး ဖြစ်ခဲ့ရသည်။

လော်ယွီရှို့က သူမ၏ အေးစက်လွန်းသော ဒုတိယချွေးမကို ယခုတိုင် အတော်လေး သဘောမကျသေးသော်လည်း တစ်ဖက်လူက အစပြု၍ စကားပြောလာခဲ့သောကြောင့် ချက်ချင်းပြေလျော့သွားရသည်။

“ရှောင်ကျန့်က အငိုသန်တာ မှန်ပေမဲ့ အခုတော့ ဖြတ်ကျော်နိုင်ခဲ့ပါပြီ၊ သူလည်း သူ့ရဲ့ ညီမလေးကို အတော်လေး ချစ်ပုံရတယ်၊

ဘာပဲဖြစ်ဖြစ် သူတို့က သွေးသားတော်စပ်တဲ့ ဝမ်းကွဲမောင်နှမတွေ ဆိုတော့ သိသာတာပဲ”

နောက်ဆက်တွဲ စကားလုံးက အနည်းငယ် အဓိပ္ပာယ်သက်ရောက်နိုင်သည်။

လွန်ခဲ့သော နှစ်ရက်ခန့်က ကျန်းဝမ်ကျန့်နှင့် စုဝေ့ယန်တို့က သူတို့၏ ကလေးကို ကျန်းမိသားစုထံသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ကြသည်။

သို့သော် စုကျန့်က ကျန်းမိသားစုရှိ အစ်ကိုများနှင့် အစ်မများကို လုံးဝ သဘောမကျခဲ့ပေ။

သူ၏ မင်းသားဆိုးလေး သဘာဝက အလွန်ပင်ပြင်းထန်လွန်းသည်။

သူက အသက်တစ်နှစ်ပင် မပြည့်သေးသော်လည်း အသက်တစ်နှစ်ရှိပြီဖြစ်သော အစ်မဖြစ်သူ၏ ဆံပင်ကို ဆွဲကိုင်ကာ အော်ဟစ်ငိုယိုနေခဲ့လေပြီ။

ကျန်းဝမ်ကျန့်က ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် စိတ်မဆိုးဘဲ နားမလည်သကဲ့သို့သာ ဟန်ဆောင်လိုက်လေ၏။

“ကျွန်မ ထင်တာတော့.. မိသားစုထဲမှာ သူက အငယ်ဆုံး ဖြစ်နေလို့ ထင်ပါတယ်”

“သူမကလည်း ငါတို့ စုမိသားစုရဲ့ တစ်ဦးတည်းသော မြေးမလေးဖြစ်တာပဲလေ”

စုဝေ့ယန်က စုဝေ့မင်၏ ရင်ခွင်ထဲရှိ တူမလေးကို ကြည့်ရှုရန်အတွက် အနားသို့ တိုးကပ်လာခဲ့သည်။

သူက တူမလေး၏ လက်လေးကို ထိတွေ့ချင်စိတ် ဖြစ်ပေါ်မိသော်လည်း အဖေဖြစ်သူက စည်းကမ်းကြီးလွန်းသည်။ သူ၏ ကြမ်းတမ်းသော လက်များကြောင့် မြေးမလေး၏ လက်များ နီရဲသွားမည်ကို စိုးရိမ်သောကြောင့် သဘောမကျဖြစ်နေခဲ့၏။

“ တကယ်ကို ထူးဆန်းတာပဲ၊ ငါတို့ စုမိသားစုက သမီးကံမရှိဘဲ ဖြစ်နေရတော့မယ်ထင်တာ”

စုဝေ့မင်တွင် ညီအစ်ကို သုံးယောက် ရှိပြီး စုဝေ့ဟိုင်တို့မျိုးဆက်တွင် ညီအစ်ကို ဆယ်ယောက်ခန့် ရှိသည်။

ယခင် မျိုးဆက်တုန်းက လော်ယွီရှို့ တစ်ဦးတည်းသာ သမီးဖြစ်သူ စုဝေ့ဖင်းကို မွေးဖွားခဲ့ခြင်း ဖြစ်၏။

နောက်မျိုးဆက်တွင်လည်း လီရှန်းတစ်ဦးတည်းကသာ သမီးမွေးဖွားခဲ့သည်။

“မင်း ဒီလို စကားမျိုးကို လွယ်လွယ်နဲ့ ပြောလို့မရဘူး”

စုဝေ့မင်က ချက်ချင်းပင် ကြိမ်းမောင်းလိုက်လေ၏။

လူအမြောက်အမြားက စုမိသားစုကို မည်မျှအထိ မနာလိုဖြစ်နေကြသည်ကို မသိပေ။

လော်ယွီရှို့က မျက်စိလှန်လိုက်ရင်း ပြောလိုက်လေသည်။

“ကောင်းပါပြီ၊ ဒါဆိုရင်လည်း ကျွန်မ ဘာမှမပြောတော့ပါဘူး၊ ရှင့်ရဲ့ အိမ်က ရွှေချထားတာဆိုတော့ ကျွန်မလည်း ဘာမှ ပြောလို့မရဘူးပေါ့”

သူမ၏ လေသံထဲမှ နာကျည်းချက်များကို ကြားလိုက်ရသောကြောင့် စုဝေ့မင်က ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့ရတော့၏။

သူက သူ၏ မြေးမလေးကို ပွေ့ချီထားရင်း စုဝေ့ချင်းဘက်သို့ လှည့်ပြီး မေးမြန်းလိုက်လေ၏။

“ဝေ့ချင်း၊ ဒီမိန်းကလေးလေးကို စုလော်လို့ နာမည်ပေးတာက နည်းနည်း အဆင်မပြေဘူးမလား”

“ဘာကိုစုလော်လဲ၊ အဖေ ကျွန်တော့်သမီးရဲ့ နာမည်က ဝမ်ယန်လို့ ခေါ်တာ”

စုလော်ဟူသော ကမူးရှူးထိုး နာမည်က သူ၏ သားအတွက် ပြင်ဆင်ထားခဲ့သည့်အရာဖြစ်၏။

ယခု မိန်းကလေးလေး မွေးဖွားလာခဲ့ပြီဖြစ်၍ နာမည်ကို သေချာပေါက် ပိုမို၍ သတိကြီးစွာဖြင့် ရွေးချယ်ရပေလိမ့်မည်။

“ဘယ်ဝမ် နဲ့ ဘယ်ယန် လဲ”

စုဝေ့မင်က ဤနာမည်ကို တစ်ခေါက်မျှ မကြားဖူးခဲ့ပေ။ ခေတ္တမျှ ကြာသည့်တိုင် သူက မည်သည့် စာလုံးနှစ်လုံး ဖြစ်သည်ကို မတွေးတောနိုင်ခဲ့ပေ။

စုဝေ့ချင်းက စက္ကူနှင့် ကလောင်ကို ထုတ်ယူပြီး ရေးသားလိုက်လေသည်။

သူက စာရေးဆရာတစ်ဦး ဖြစ်သည့်အတွက် သူ၏ လက်ရေးက သဘာဝကျစွာပင် လှပလွန်းလေ၏။

ထို့အပြင် ‘琬琰’ ဟူသော စာလုံးများက အလွန်ပင် ကျော့ရှင်းလွန်းသည်။

စက္ကူပေါ်တွင် ရေးသားလိုက်သည့်အချိန်တွင် ထိုနာမည်က တိတ်ဆိတ်ပြီး ပညာတတ်ဆန်သော အငွေ့အသက်ကို ထုတ်လွှတ်နေခဲ့သည်။

ကျန်းဝမ်ကျန့်က ထိုနာမည်ကို ချက်ချင်းပင် သဘောကျသွားခဲ့ရတော့၏။

သူမက မနာလိုဖြစ်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်ရင်း ပြောလိုက်လေသည်။

“အရမ်းကိုလှပတဲ့နာမည်ပဲ”

သူမက သူမ၏ နာမည်က အတော်လေး လှပသည်ဟု ထင်မှတ်ခဲ့သော်လည်း ‘琬琰’ ဟူသော စာလုံးများကို မြင်တွေ့လိုက်ရသည့်အချိန်တွင် ထိုနာမည်က ပို၍ပင် လှပသည်ဟု ခံစားလိုက်ရ၏။

ပြီးတော့...

ဝမ်ယန်...

ထိုနာမည်က သူမ၏ ကိုယ်ပိုင်နာမည် ဖြစ်သော ဝမ်ကျန့် နှင့် အလွန်ဆင်တူနေခဲ့သော်လည်း သူမအနေဖြင့် စိတ်အနှောင့်အယှက် ဖြစ်ရခြင်း လုံးဝ မရှိပေ။

တခြားတစ်ဖက်တွင် သူမက ထိုနာမည်ကို အလွန် ကျေနပ်မိခဲ့ပြီး ထိုကလေးငယ်က သူမနှင့် အမှန်တကယ်ပင် ရေစက်ပါလာခဲ့သည်ဟု ခံစားလိုက်ရသည်။

သူမ အိမ်သို့ ပြန်ရောက်သည့်အချိန်တွင်ပင် ထိုကလေးငယ်က မွေးဖွားလာခဲ့ပြီး နာမည်ကလည်း သူမနှင့် အလွန် ဆင်တူနေခဲ့သည် မဟုတ်ပါလား။

သူမက အစပိုင်းတွင် ဤကလေးအပေါ် စိတ်မဝင်စားခဲ့သော်လည်း ယခုအချိန်တွင် အတော်လေး ချစ်စရာကောင်းသည်ဟု တွေ့ရှိခဲ့ရသည်။

ရှောင်ဝမ်ယန်က ဘာလို့ ဒီလောက်အထိ ဖြူဖွေးနေရတာလဲ။

မီးသွေးခဲလေးလို မည်းမှောင်နေတဲ့ သူမရဲ့ ရှောင်ကျန့်နှင့် လုံးဝ မတူဘူး။

*

All Chapters