← Chapters

အခန်း ၂၅၅

Vol. 26 Ch. 255

အခန်း ၂၅၅

Vol. 26 Ch. 255

အခန်း(255)

“ဒီနာမည်က၊ ခေါ်ရတာ နည်းနည်း ခက်ခဲမနေဘူးလား”

လော်ယွီရှို့ကလည်း ထိုနာမည်က ကောင်းမွန်သည်ဟု ထင်မှတ်ပေသည်။

သို့သော် အကြိမ်အနည်းငယ်မျှ ခေါ်ဆိုပြီးနောက် ထိုနာမည်က ရှောင်လော်ကဲ့သို့ ခေါ်ရလွယ်ကူခြင်း မရှိဟု ခံစားရသောကြောင့် ခေါ်ဆိုရန် အနည်းငယ်ခက်သကဲ့သို့ ခံစားလိုက်ရသည်။

“သူမရဲ့ အိမ်ခေါ်နာမည်ကို ရှောင်လော်လို့ပဲ ခေါ်လိုက်ကြတာပေါ့”

မည်သို့ပင်ဖြစ်စေ သူမ၏ တရားဝင်နာမည်က ဝမ်ယန်ဖြစ်ရမည်။

သူက တစ်ညလုံး စာအုပ်များကို လှန်လှော ရှာဖွေခဲ့ရခြင်းဖြစ်၍ ထိုနာမည်ကို အလဟဿ အဖြစ်မခံနိုင်ပေ။

“ဒါလည်း ဖြစ်နိုင်တာပဲ၊ ဘာပဲဖြစ်ဖြစ် ဒီနာမည်က ငါ့အတွက်တော့ ပညာတတ်ဆန်တယ်လို့ ခံစားရတယ်၊

ငါတို့တွေရဲ့ ရှောင်လော်လေးက ကြီးလာရင် ထူးချွန်တဲ့ ပါရမီရှင်တစ်ဦး ဖြစ်လာနိုင်တယ်”

စုဝေ့မင်က နာမည်နှင့် ပတ်သက်၍ အလွန် ဂရုမစိုက်ပေ။

သူ့အနေဖြင့် သူ၏ မိတ်ဆွေဟောင်းများနှင့် စကားပြောဆိုသည့်အချိန်တွင် ဤနာမည်က သူ့ကို ပညာတတ်ဆန်သည်ဟု ထင်မှတ်စေနိုင်သည်ဟုသာ တွေးနေခဲ့သည်။ ထို့ကြောင့် သူက ဝမ်းမြောက်စွာ ခေါင်းညိတ် သဘောတူလိုက်လေ၏။

ထိုအချိန်တွင်ပင် ဝူလီက မူကြိုကျောင်းမှ သူမ၏ ကလေးနှစ်ယောက်ကို ပြန်လည်ခေါ်ဆောင်လာခဲ့လေသည်။

သူတို့က နာမည်ပေးပြီးသွားကြောင်းကို သိရှိလိုက်ရလျှင် ကလေးနှစ်ယောက်လုံးက စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်းပင် အနားသို့ စုရုံးလာခဲ့ကြလေတော့၏။

စုချန်နှင့် စုကျွင့်တို့ကလည်း ဤညီမလေးကို အလွန် နှစ်သက်ကြသည်။

နေ့တိုင်း ကျောင်းဆင်းသည့်အချိန်တွင် သူတို့က အိမ်သို့ ပြန်ရန် တွန့်ဆုတ်နေခဲ့ကြပြီး သူမကို မြင်တွေ့ရန်အတွက် အဆောက်အအုံလေးဆီသို့ လာခဲ့ကြသည်။

ဝူလီကလည်း နေ့တိုင်း ဟင်းသီးဟင်းရွက်များကို သယ်ဆောင်လာခဲ့ပြီး အတူတကွ ချက်ပြုတ်စားသောက်လေ့ရှိကာ လော်ယွီရှို့နှင့်အတူ လီရှန်း၏ မီးနေသည်ကာလကို ကူညီပြုစုပေးခဲ့သည်။

ဖန်ချင်းကလည်း လီရှန်း၏ မီးနေသည်ကာလအတွင်း လာရောက် ပြုစုစောင့်ရှောက်ပေးချင်ခဲ့၏။

ကံမကောင်းစွာဖြင့် စုဝေ့ချင်းက မှားယွင်း တွက်ချက်ခဲ့မိလေသည်။

အဆောက်အအုံအသစ်က အမိုးမိုး၍ ပြီးစီးသွားခဲ့ပြီ ဖြစ်သော်လည်း အတွင်းနံရံများက အုတ်နံရံများအဖြစ်ရှိနေဆဲပင်။

အတွင်းပိုင်း အလှဆင်ခြင်း၊ လျှပ်စစ်ဝါယာကြိုးများကို သွယ်တန်းခြင်းနှင့် တံခါးချပ်များကို တပ်ဆင်ခြင်းတို့ကို ပြုလုပ်ရဦးမည်။

ရလဒ်အနေဖြင့် ဘေးခန်းရှိ လုတုန်းရှန်၏ မိသားစုက ပြောင်းရွှေ့ခြင်း မရှိသေးပေ။

စုဝေ့ချင်းနှင့် သူ၏ဇနီးတို့က အိမ်ဟောင်းတွင်သာ မီးနေသည်ကာလကို ဖြတ်သန်းနိုင်ခဲ့ကြတော့သည်။

စုဝေ့ဖင်း၏ အခန်းကို တောင်းခံနိုင်သော်လည်း စုဝေ့ယန်နှင့် သူ၏ဇနီးတို့ကလည်း ပြန်လည်ရောက်ရှိနေခဲ့ကြလေပြီ။

အိမ်က မူလကတည်းက ကြီးမားခြင်း မရှိသည့်အပြင် ယခုအချိန်တွင် လူများက သွားလာလှုပ်ရှားနေကြသောကြောင့် အလွန် စည်ကားနေခဲ့ရ၏။

ထို့ကြောင့် ဖန်ချင်းအနေဖြင့် လာရောက်ရန် မလိုအပ်ခဲ့တော့ပေ။

ညစာ စားသောက်ပြီးနောက် ဝူလီက ကလေးနှစ်ယောက်ကို အိပ်ရာဝင်ရန်အတွက် တိုက်တွန်းလိုက်ပြီး နောက်ရက်မနက်ခင်းအတွက် မနက်စာကိုပါ ဆက်လက်၍ သယ်ဆောင်သွားခဲ့လေသည်။

လော်ယွီရှို့က နောက်တစ်ကြိမ် အံ့ဩသွားခဲ့ရပြီး စုဝေ့မင်ကို မပြောဘဲ မနေနိုင်ခဲ့ပေ။

“သားကြီးရဲ့ ဇနီးက ပြောင်းလဲသွားတာလား၊ သူမရဲ့ ကလေးနှစ်ယောက်အပေါ် ထားရှိတဲ့ သဘောထားတွေ ကွဲပြားသွားတာကို ကျွန်မ သတိထားမိတယ်”

“အတူတူပဲ မဟုတ်ဘူးလား”

စုဝေ့မင်က သူမကို အနည်းငယ် စိတ်ရှုပ်ထွေးနေသော ပုံစံဖြင့် ကြည့်လိုက်လေ၏။

ဝူလီက အတိတ်တုန်းကလည်း ဒီအတိုင်းပဲ မဟုတ်ဘူးလား။

“အခုက ကွဲပြားသွားပြီ”

လော်ယွီရှို့်က အတိအကျ မပြောနိုင်သော်လည်း သူမ၏ အကြီးဆုံးချွေးမက ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရ၏။

အတိတ်တုန်းက သူမက ကလေးနှစ်ယောက်ကို ပြုစုစောင့်ရှောက်သည့်အချိန်တွင် အမြဲ စိမ်းသက်နေပုံရသည်။ သူမက သူမ၏ တာဝန်ကို ထမ်းဆောင်ရုံမျှဖြင့် လုံလောက်ပြီဟု ထင်မှတ်ကာ တခြားမည်သည့်အရာကိုမျှ ပိုမို၍ တောင်းဆို၍ မရနိုင်ပေ။

ယခုတော့ ကွဲပြားသွားခဲ့ပြီ ဖြစ်၏။ သူမအနေဖြင့် အဘယ်ကြောင့်ပြောင်းလဲသွားသည်ကို အတိအကျ မပြောနိုင်သော်လည်း အနည်းငယ် ပို၍ အလေးအနက် ဖြစ်လာသကဲ့သို့ ခံစားရသည်။

“ဖြစ်နိုင်တာကတော့.. သူမက တတိယသားရဲ့ ဇနီး ကလေးမွေးတာကို မြင်တွေ့ပြီး အဲဒီအကြောင်းကို တွေးတောမိလို့ ဖြစ်လိမ့်မယ်”

စုဝေ့မင်က အကဲခတ်မတော်သော်လည်း သူ၏ ပင်ကိုယ် အတင်းပြောတတ်သော သဘာဝကြောင့် ခန့်မှန်းပြောဆိုခြင်းကို မတားဆီးနိုင်ခဲ့ပေ။

“သူမအနေနဲ့ နောက်ထပ်ကလေးမယူတော့ဘူးလို့ တွေးမိပြီး ဒီကလေးနှစ်ယောက်နဲ့ ဆက်ဆံရေးကို အခုကတည်းက တည်ဆောက်တာက ပိုကောင်းမယ်လို့ တွေးနေတာလည်း ဖြစ်နိုင်တာပဲ”

လော်ယွီရှို့ : “...”

အဲလိုတော့ မဖြစ်နိုင်ပါဘူး။

ဝူလီမှာ ယခင်က ကလေးရရန်အတွက် အလွန်အလိုရှိနေခဲ့သူ ဖြစ်၍ နောက်ပိုင်းတွင် ကလေးမယူတော့ပါဟု အဘယ်ကြောင့် တွေးတောနိုင်ပါမည်နည်း။

တစ်ချိန်တည်းမှာပင် စုဝေ့ယန်က အိပ်ပျော်နေသော သူ့သားကို ဘေးနားရှိ ပုခက်ထဲတွင် ထည့်လိုက်ပြီး စောင်အသေးလေးကို သေချာစွာ ခြုံပေးလိုက်လေသည်။

ထို့နောက် သူက သူ၏ဇနီး ကျန်းဝမ်ကျန့်ဘက်သို့ လှည့်ကြည့်လိုက်လေ၏။

“တတိယသားမှာ တခြားအရည်အချင်း မရှိဘူးဆိုပြီး အထင်မသေးနဲ့ဦး၊ သူက ပစ္စည်းအသေးစားလေးတွေ လုပ်ရတာကို တကယ် ကျွမ်းကျင်တာ၊ ဒီပုခက်ကလည်း တကယ်ကို အဆင်ပြေလွန်းတယ်၊

အဲဒါက ခုတင်နဲ့ အမြင့်ချင်း အတူတူပဲ၊ ကလေးကို နေ့ဘက်မှာ အပြင်ကို တွန်းထုတ်သွားလို့လည်း ရတယ်၊

နောက်ပိုင်းကျရင် စာပွဲအသေးစားလေးအဖြစ်လည်း ပြောင်းလဲလို့ ရသေးတယ်”

ကျန်းဝမ်ကျန့်က ထိုခုတင်အသေးလေးကို လှမ်းကြည့်လိုက်ပြီးနောက် စုဝေ့ယန်ကို မော့ကြည့်လိုက်လေ၏။

သူမက နှုတ်ခမ်းကို စူလိုက်ပြီး အတော်ကြာပြီးနောက်တွင်တော့ သူမ၏ မျက်ဝန်းများက လှည့်ပတ်သွားခဲ့သည်။

“ရှင့်ရဲ့ အတွေးတွေက မရိုးသားဘူးနော်”

“ကိုယ်ရဲ့ ဇနီးအပေါ်မှာ ကိုယ့်ရဲ့အတွေးတွေ မရိုးသားနိုင်တာက သဘာဝကျတယ်မလား”

စုဝေ့ယန်က ကျန်းဝမ်ကျန့်၏ ဘေးတွင် ထိုင်လိုက်ပြီး လက်တစ်ဖက်ဖြင့် သူ၏ ပါးကို ထောက်ထားခဲ့ကာ သူ၏ဇနီးဖြစ်သူ ဆံပင်ဖြီးနေသည်ကို ချစ်မြတ်နိုးသော မျက်ဝန်းများဖြင့် စောင့်ကြည့်နေခဲ့လေသည်။

သူ့အနေဖြင့် သူမကို ကြည့်လေလေ ပို၍ လှပလေလေဟု ခံစားရသည်။ အတိတ်တုန်းက သူမကို လက်ထပ်ရန် အဘယ်ကြောင့် အတင်းအကျပ် ဆုံးဖြတ်ခဲ့ရသည်ကို ပြောစရာမလိုတော့ပေ။

ကျန်းဝမ်ကျန့်၏ မျက်နှာက အနည်းငယ် နီရဲသွားရလေ၏။

“ချုံကျိုးမှာရှိတဲ့ ကျွန်မတို့ရဲ့ ခုတင်က အတော်လေးကြီးတယ် ဒီမှာနဲ့မတူဘူး”

“အဲဒါက ဒီလိုမျိုး လွတ်လပ်မှုနဲ့ မတူဘူးလေ”

ချုံကျိုးရှိ ခုတင်က အိမ်မှခုတင်ထက် ကြီးမားသော်လည်း သူတို့ သုံးဦးလုံးက ခုတင်၏ တစ်ဖက်တည်းတွင် အိပ်စက်ကြခြင်း ဖြစ်သည်။

ကျန်းဝမ်ကျန့်က အများအားဖြင့် စုကျန့်ကို ပွေ့ဖက်ထားလေ့ရှိပြီး သူ့ကို ကျောခိုင်းထားတတ်၏။

ထို့အပြင် သူတို့အားလုံးက ငယ်ရွယ်ပြီး ခွန်အားဗလ ပြည့်စုံသော အမျိုးသားနှင့် အမျိုးသမီးများ ဖြစ်ကြ၍ သူသည်လည်း သွေးသားဆူလွယ်သော အမျိုးသားတစ်ဦးဖြစ်သည့်အတွက် ခုတင်ပေါ်ရှိ လိုအပ်ချက်များက အတော်လေး ကြီးမားလွန်းသည်။ သူတို့အနေဖြင့် ယခင်က အမှန်တကယ်ပင် အဆင်မပြေခဲ့ပေ။

ထို့ကြောင့် ယခုအချိန်တွင် ဤခုတင်အသေးလေးကို ကြည့်ရင်း သူ အမှန်တကယ်ပင် စိတ်လှုပ်ရှားနေခဲ့သည်။

“ဒါဆိုရင် ကျွန်မတို့တွေ သူမအတွက် အပြင်ဘက်မှာ ခြင်ထောင်တစ်ခု တပ်ဆင်ပေးလို့ ရတာပဲ”

ထိုသို့ဆိုလျှင် ကလေး၏ အမြင်ကိုလည်း ပိတ်ဆို့ပေးနိုင်လိမ့်မည် ဖြစ်၏။

“ဒီခုတင်က မင်းတူမလေးရဲ့ ပစ္စည်းလေ၊ သူမက ကိုယ်တို့သားကို ယာယီပဲ ငှားပေးထားတာ၊ မင်း ဘာတွေ တွေးနေတာလဲ၊ ခြင်ထောင် တပ်ဆင်ချင်နေသေးတာလား”

“ဘာဖြစ်လို့လဲ၊ ကျွန်မ ဝေ့ချင်းကို တစ်လုံးလောက် လုပ်နည်းသင်ခိုင်းလိုက်မယ်၊

ပြီးရင် ရွာကိုသွားပြီး လက်သမားအိုကြီးကို တစ်လုံးလောက် လုပ်ခိုင်းလိုက်ရုံပဲ”

ချုံကျိုးက ကျွန်းတစ်ကျွန်း ဖြစ်သော်လည်း ထိုကျွန်းက အတော်လေး ပြည့်စုံလွန်းပြီး ထိုနေရာရှိ ရွာသားများကလည်း အရာအားလုံးကို ကျွမ်းကျင်ကြသည်။

ထိုအရာကလည်း နည်းလမ်းတစ်ခု ဖြစ်ပေသည်။

တကယ်တမ်းတွင် ကျန်းဝမ်ကျန့်သည်လည်း သူမ၏ ကလေးကို တစ်ဦးတည်း အိပ်စက်စေချင်နေခဲ့၏။

မည်သို့ပင်ဖြစ်စေ သူ့တို့က လူငယ်မောင်နှံများ ဖြစ်ကြပြီး လူတိုင်းတွင် လိုအပ်ချက်များက ရှိကြသော်လည်း သူမအနေဖြင့် ထိုစကားကို ဖွင့်ဟပြောဆိုရန်အတွက် ရှက်ရွံ့နေခဲ့ခြင်းသာ ဖြစ်သည်။

ဇနီးမောင်နှံနှစ်ဦးက ရေမိုးချိုးပြီး အိပ်ရာဝင်ကြပြီးနောက် ကျန်းဝမ်ကျန့်က အိမ်မှကလေးများအကြောင်းကို ပြောဆိုလိုက်လေ၏။

“ရှောင်ချန်နဲ့ ရှောင်ကျွင့်တို့က အတော်လေး အလိုက်သိလွန်းတယ်၊ ဟူး”

မည်သည့်ကလေးကမှ မဆိုးသွမ်းဘဲမနေပါချေ။

စုချန်နှင့် စုကျွန်းတို့ကဲ့သို့ အလိုက်သိသော ကလေးများကို တွေ့ရခဲလွန်း၏။

သို့သော် အိမ်ကို အုပ်ချုပ်နေသော သူက သူတို့၏ မိခင်မဟုတ်သောကြောင့် ဤသို့ဖြစ်ရခြင်းက မဆန်းပေ။

“ယောက်ျားလေးတွေက စောစောစီးစီး အလိုက်သိတာ ကောင်းပါတယ်၊ သူတို့က သူတို့ရဲ့ မောင်နှမတွေကို ပြုစုစောင့်ရှောက်နိုင်တာပေါ့”

စုဝေ့ယန်က ထိုအကြောင်းကို သိပာပြီး မတွေးတောပေ။

သူက သတိပြုမိသည်မှာ သူ၏ မရီးအသစ်က ကလေးနှစ်ယောက်အပေါ် အတော်လေး ကောင်းမွန်စွာ ဆက်ဆံပေးခြင်းဖြစ်၏။

ကလေးများ၏ အဝတ်အစားများက သန့်ရှင်းနေပြီး လက်သည်းများကိုလည်း တိုတိုညှပ်ပေးထားသောကြောင့် သူမက ပုံမှန်အားဖြင့် အလွန် ဂရုစိုက်ကြောင်းကိုပြသနေခဲ့သည်။

ထို့ကြောင့် အလိုက်သိခြင်းမှားယွင်းမှု မရှိပေ။

“ကျွန်မရဲ့ တူမလေးအကြောင်းကို ပြောမှ.. ကျွန်မတို့ရဲ့ ဝမ်ယန်လေးက အရမ်း လှပပြီး သူမရဲ့ အရေပြားကလည်း အရမ်း ဖြူတာပဲနော်”

ကျန်းဝမ်ကျန့်က သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။ မိသားစု၏ တတိယအုပ်စုက အမှန်တကယ်ပင် ကံကောင်းလွန်းသည်။

အကယ်၍ ယခင်ကလေးများအားလုံးက မိန်းကလေးများ ဖြစ်ခဲ့မည်ဆိုပါက ဤကလေးက သေချာပေါက် ဤမျှအထိ ရေပန်းစားလိမ့်မည် မဟုတ်ပေ။

သို့သော် ကံမကောင်းစွာဖြင့် ဝမ်းကွဲမောင်နှမ အမြောက်အမြားအပြင် သူတို့၏ ကိုယ်ပိုင်မိသားစု၏ နောက်မျိုးဆက်များပါ လူတိုင်းက ယောက်ျားလေးများ ဖြစ်နေကြသောကြောင့် ဤမိန်းကလေးငယ်လေးက အလွန်ပင် အဖိုးတန်ခံနေခဲ့ရသည်။

*

All Chapters