အခန်း ၂၅၆
Vol. 26 Ch. 256
အခန်း(256)
“ဒီကလေးရဲ့ မျက်ဝန်းလေးတွေ အရမ်း လှတာပဲ”
စုဝေ့ယန်မှာ စုရှောင်လော်ကို အလွန်ပင် သဘောကျလွန်းသောကြောင့် ဇနီးသည်အား သူ၏ ကိုယ်ပိုင်သမီးလေးမွေးပေးစေချင်သည်အထိ ဆန္ဒရှိနေခဲ့၏။
သေချာပေ၏။
အကယ်၍ ကျန်းဝမ်ကျန့်က သူ့ကို သမီးလေးတစ်ယောက်ကို မွေးပေးရန်အတွက် သဘောတူခဲ့မည်ဆိုပါက သူ့အနေဖြင့် သူ၏ တူမလေးကို သေချာပေါက် မနာလိုဖြစ်နေရတော့မည် မဟုတ်ပေ။
သူမက မမွေးဖွားသေးသော ကလေးငယ် ဖြစ်နေဦးမည်ဆိုလျှင်ပင် သူ လက်ခံနိုင်သည်။
အဖေများ၏ မျက်ဝန်းထဲတွင် သမီးကသာ အမြဲတစေအကောင်းဆုံးဖွစ်နေတတ်သည် မဟုတ်ပါလား။
ကလေးမွေးဖွားပြီး သုံးရက်မြောက်နေ့တွင် မိသားစုက သတင်းကောင်းကို ကြေညာခဲ့ကြလေ၏။
စုမိသားစုက စေတနာကောင်းသော်လည်း ထောက်ပံ့မှု ကန့်သတ်ချက်များကြောင့် အိမ်ထောင်စုတစ်ခုစီသို့ ကြက်ဥအနီ သုံးလုံးစီသာ ပို့ဆောင်နိုင်ခဲ့လေ၏။
လီလင်း၏ မိသားစုကလည်း တစ်စုံကိုရရှိခဲ့လေ၏။ မကြာမီပင် တနင်္ဂနွေနေ့၌ လီလင်းက မီးနေသည် အာဟာရပစ္စည်းများကို လာရောက် ပို့ဆောင်ပေးခဲ့သည်။
သူမက မုန့်လက်ကောက်ကြော် နှစ်ပိဿာနှင့် ဝက်လက်တစ်ချောင်းကိုပါ သယ်ဆောင်ကာ တံခါးဝသို့ ရောက်ရှိလာခဲ့လေ၏။
“ဒီဝက်လက်က တကယ့်ကို ဝယ်ရခက်တယ်၊ ငါ့ခင်ပွန်းက မနေ့ညကတည်းက သားသတ်ဆိုင်မှာ ကြို မှာထားခဲ့တာလေ၊
တကယ်လို့ ငါတို့တွေသာ ကြိုမပြောထားရင် သေချာပေါက် ရမှာမဟုတ်ဘူး”
လီလင်းအနေဖြင့် ယနေ့တွင် သူမ၏ အလုပ်အဝတ်အစားများကို ဝတ်ဆင်မထားဘဲ နက်ပြာရောင် ဂွမ်းအင်္ကျီကို ဝတ်ဆင်ထားခဲ့လေသည်။
“နင့်ရဲ့ မိန်းကလေးက အရမ်း လှတာပဲ၊ ဘာလို့ ဒီလောက်အထိ ဖြူစင်နေရတာလဲ”
“သူက သူ့အဖေနဲ့တူတာ ထင်တယ်၊
ငါ့ယောက္ခမ ပြောတာတော့ ဝေ့ချင်း ငယ်ငယ်တုန်းက ဖြူလွန်းလို့ လူတွေက ကောင်မလေးလေးလို့တောင် ခဏခဏ မှားကြတယ်တဲ့”
လီရှန်းက လော်ယွီရှို့ ဤအကြောင်းကို ပြောဆိုခဲ့သည်ကို ပြန်တွေးတောမိကာ ရယ်မောခြင်းကို မထိန်းချုပ်နိုင်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ သူမအနေဖြင့် စုဝေ့ချင်း ငယ်စဉ်က မည်ကဲ့သို့ပုံစံ ရှိမည်ကို မြင်ယောင်၍မရနိုင်သော်လည်း စုဝေ့ချင်း၏ အသားအရည်က အလွန်ပင် ဖြူထွေးလွန်းသည်။
ယခုအချိန်တွင်ပင် သူက အဝတ်အစားများကို ချွတ်ကာ ခုတင်ပေါ်တွင် လဲလျောင်းနေပါက အလွန် ဖြူနေဆဲဖြစ်ကြောင်းတွေ့နိုင်သည်။
သို့သော် လီလင်းတွင်တော့ မတူညီသော ထင်မြင်ချက် ရှိနေခဲ့လေ၏။
“ငါ ထင်တာတော့ နင်နဲ့ တူတာပါ၊ နင်လည်း ဖြူတာပဲလေ၊ ဒါပေမဲ့ ဒီမျက်လုံးတွေကတော့ နင်နဲ့ မတူဘူး ထင်တယ်”
“ဒီမျက်လုံးတွေက ဘယ်သူနဲ့ တူလဲဆိုတာ ငါလည်း မသိဘူး”
လီရှန်းက အသာပြုံးလိုက်ရင်း ပြောလိုက်လေသည်။
“ငါ့ရဲ့ ယောက္ခမပြောတာတော့ သူရဲ့ အဘေးနဲ့ တူတာ ဖြစ်နိုင်တယ်တဲ့၊
အဲဒီတုန်းက အဘိုးက မျက်ဝန်း နက်ရှိုင်းပြီး ချောမောတဲ့ အမျိုးသားလို့ ပြောကြတယ်”
သေချာတာပေါ့...
လော်ယွီရှို့အနေဖြင့် စုဝေ့မင်မှ စုမိသားစုကို ဂုဏ်တင်ရန်အတွက်သာ ဤသို့ ပြောဆိုခြင်းဖြစ်ကြောင်း ပြောခဲ့လေသည်။
အကယ်၍ သူတို့၏ အဖေသာ အမှန်တကယ်ပင် မျက်လုံးကြီးပြီး ချောမောသော အမျိုးသားတစ်ဦး ဖြစ်ခဲ့မည်ဆိုပါက စုဝေ့မင်၏ ညီအစ်ကိုများအနက် ထိုလက္ခဏာကို အဘယ်ကြောင့် မည်သူကမျှဆက်ခံခဲ့ခြင်း မရှိကြရသနည်း။
စုဝေ့မင် : “…”
ချေပစရာ စကားမရှိတော့ပေ။
သို့သော် သူက ကလေး၏ မျက်ဝန်းများက သူ၏ အဖေအတိုင်းပင် ဖြစ်ကြောင်း ပြတ်သားစွာ ယုံကြည်နေဆဲပင်။
“ဒါက အဘိုးဆီကနေ ဆက်ခံခဲ့တာ ဖြစ်လိမ့်မယ်၊ ကောင်းပါတယ်၊
သူတို့က အကောင်းဆုံး အချက်တွေကို ရွေးချယ်ခဲ့တာပဲ၊ ငါ့ရဲ့ ကလေးနှစ်ယောက်ကတော့ တကယ့် ပြဿနာပဲ၊ သူတို့က အရမ်း တူလွန်းတယ်၊ ငါတောင် ကလေးတွေကို ခဏခဏ နို့မှားတိုက်မိလို့၊
တစ်ယောက်က ဆာလွန်းလို့ အကျယ်ကြီး ငိုနေချိန်မှာ နောက်တစ်ယောက်က ဝလွန်းလို့ နို့တွေ ပြန်အန်နေတတ်တယ်”
လီရှန်း : “…”
ထိုပြဿနာက အမြွှာကလေးများ၏ ကြားတွင် အတော်လေး အဖြစ်များပုံရသည်။
လီလင်း၏ သားနှစ်ယောက်က ရုပ်ချင်း အလွန်တူသော အမြွှာများ ဖြစ်ပုံရပြီး အလွန်ဆင်တူကြလေ၏။
တစ်ခုတည်းသော ကွဲပြားချက်က သားငယ်၏ မျက်ဝန်းများက အနည်းငယ် ပို၍ ပင့်တက်နေပြီး သားကြီးက ပို၍ ရိုးသားခြင်း ဖြစ်သည်။
သားကြီးဖြစ်သူက အလွန် တိတ်ဆိတ်လွန်းသောကြောင့် လီလင်းမှာ သူ့ကို သားငယ်ဟု ခဏခဏ မှားယွင်းပြီး နို့ရည်များကို သားငယ်ကိုသာ ထပ်ခါတလဲလဲ တိုက်ကျွေးမိခြင်း ဖြစ်၏။
သို့သော် လီလင်းက သူမ၏ သားနှစ်ယောက်အကြောင်းကို ပြောဆိုသည့်အချိန်တွင် ပျော်ရွှင်မှုများကို မထိန်းချုပ်နိုင်ပေ။
“သူတို့ကို မတူညီတဲ့ အမှတ်အသားတွေ လုပ်ပေးလိုက်ပါလား၊
ဥပမာ သားကြီးရဲ့ ရင်ဘတ်မှာ အနီရောင် လက်ကိုင်ပုဝါကို ချည်ပေးပြီး သားငယ်ကိုတော့ အပြာရောင် ချည်ပေးပေါ့”
ထိုခေတ်ကာလက ရင်ဖုံးအင်္ကျီများ၏ အောက်ခြေတွင် ယခုခေတ်ကဲ့သို့ ရေစိုခံအဝတ်များ မပါရှိသေးပေ။
ထို့ကြောင့် ကလေးများ၏ သွားရည်များကို အချိန်မရွေး သုတ်ပေးနိုင်ရန်အတွက် ရင်ဘတ်တွင် လက်ကိုင်ပုဝါများကို ဆင်မြန်းရသည်ကို နှစ်သက်ကြလေသည်။
“သူတို့တွေ အဲဒါကိုတော့ လုပ်နေကြပါပြီ၊ သူတို့က သွားပေါက်ခါစ ဖြစ်လို့ သွားရည်တွေ အများကြီး ထွက်နေတာလေ”
မိခင်နှစ်ဦးက ကလေးပြုစုပျိုးထောင်ခြင်းဆိုင်ရာ အကြံပြုချက်များကို ခေတ္တမျှ ဖလှယ်ခဲ့ကြပြီးနောက် အကြောင်းအရာကို ရှောင်ထင်းဘက်သို့ လှည့်လိုက်ကြလေသည်။
ယမန်နှစ်က သူမ၏ မွဲခြောက်သော ရုပ်ရည်နှင့် နှိုင်းယှဉ်ပါက ယခုအချိန်တွင် ရှောင်ထင်းက အသစ်စက်စက် အနီရောင် ဂွမ်းအင်္ကျီကို ဝတ်ဆင်ထားသောကြောင့် ပိုမို၍ လှပနေခဲ့လေ၏။
လီလင်းက ရှောင်ထင်းကို လက်ညှိုးထိုးပြလိုက်ရင်း ပြောလိုက်လေသည်။
“နင် ပြောတာ မှန်တယ်၊ ငါပဲ စိတ်ကူးယဉ်နေခဲ့တာ၊ ရှောင်ထင်းက စက်ရုံဝင်းထဲမှာ အလုပ်လုပ်တဲ့ ဦးလေးကျန်းရဲ့ သားကို သဘောကျနေတာလေ၊
သူတို့က လက်ထပ်ဖို့ အသက်အရွယ်ကိုပဲ စောင့်ဆိုင်းနေကြတာ၊ သူမရဲ့ အစ်ကိုကလည်း အတော်လေး ထောက်ခံပေးတယ်၊
ငါတော့ ဘာပြောရမှန်း မသိတော့ပါဘူး၊ နည်းနည်းတော့ ရှုပ်ထွေးမိတယ်”
သူမအနေဖြင့် အစပိုင်းတွင် ရှောင်ထင်းကို ရွှမ်ယန်နှင့် မိတ်ဆက်ပေးရန်အတွက် တွေးတောမိသည်။ ဤသည်က သူမ၏ အတွေးအခေါ် အားနည်းမှုကြောင့် ဖြစ်သော်လည်း ရှောင်ထင်းက လုံးဝ ကျန်းမာနေသူ ဖြစ်ပေ၏။
သူမက ထိုအမျိုးသားကို အဘယ်ကြောင့် လက်ထပ်ရမည်နည်း။
“ဘာဖြစ်လို့လဲ၊ နင် သဘောမတူဘူးလား”
လီလင်းက အနည်းငယ် ရှုပ်ထွေးနေသော်လည်း သူမ၏ ခင်ပွန်းက အတော်လေး ပွင့်လင်းလွန်းသည်။
သူပင် စိတ်မကွက်ပါက လီလင်းအနေဖြင့် အဘယ်ကြောင့် ဤမျှအထိအများကြီး တွေးတောနေရဦးမည်နည်း။
တခြားအကြောင်းပြချက် ရှိနေလို့လား။
မျှော်လင့်ထားသည့်အတိုင်းပင်...
“ပထမဆုံးအနေနဲ့ ပြောရရင်.. ငါ အဲအမျိုးသားရဲ့ မိသားစုအပေါ်မှာပြောစရာ မရှိပါဘူး၊ ဒါပေမဲ့ အဲအမျိုးသားက.. သူက.. မသန်စွမ်း ဖြစ်နေတာ”
လီလင်း၏ အသံက အနည်းငယ် ကျယ်လောင်သွားသောကြောင့် ရှောင်ထင်း၏ အာရုံစိုက်မှုကို ချက်ချင်းပင် ရရှိသွားခဲ့ရလေတော့၏။
ရှောင်ထင်းက စိတ်မဆိုးပေ။ တစ်ဖက်တွင် သူမက လီရှန်းကို ရှင်းပြခဲ့လေသည်။
“ယောက်မ၊ အစ်ကိုလင်းက လက်မောင်းတစ်ဖက်ပဲ ဆုံးရှုံးခဲ့ရတာပါ၊ ဒါပေမဲ့ သူက တကယ်ကို လူကောင်းတစ်ယောက်ပါ”
ပြောရလျှင် ရှောင်ထင်း သဘောကျနေသော အမျိုးသားက အငြိမ်းစား စစ်သားတစ်ဦး ဖြစ်သည်။
သူက မစ်ရှင်တစ်ခုအတွင်း ဒဏ်ရာရရှိခဲ့သောကြောင့် သူ၏ ဘယ်ဘက်လက်ကို ဖြတ်တောက်လိုက်ရခြင်း ဖြစ်လေ၏။
ထို့ကြောင့် သူက စစ်တပ်မှ အငြိမ်းစားယူပြီး အိမ်သို့ ပြန်လာခဲ့လေသည်။
ယခုအချိန်တွင် သူက ခရိုင်အစိုးရဝင်း၏ လုံခြုံရေးဌာနတွင် အလုပ်လုပ်ကိုင်နေခဲ့လေ၏။
တရားဝင်ဝန်ထမ်း မဟုတ်သော်လည်း သူ၏ အလုပ်က တည်ငြိမ်လွန်းသည်။
တံခါးစောင့်ဖြစ်သူ လောင်ကျန်းမှာ ငယ်ရွယ်စဉ်ကတည်းက ဇနီးဖြစ်သူကို ဆုံးရှုံးခဲ့ရသော မုဆိုးဖိုအိုကြီး ဖြစ်လေ၏။
သူ၏ တစ်ဦးတည်းသော သားဖြစ်သူကလည်း ဒဏ်ရာရရှိခဲ့သောကြောင့် ထိုအရာက သူ၏ အိမ်ထောင်ရေးအတွက် ပိုမို၍ စိုးရိမ်ပူပန်စေခဲ့လေ၏။
ရှောင်ထင်းက ကြင်နာတတ်ပြီး ရိုးသားဖြောင့်မတ်သော သူတစ်ဦး ဖြစ်သည်။
ထို့အပြင် သူမ၏ အိမ်ထောင်စုစာရင်းကလည်း သူမ၏ အစ်ကိုဖြစ်သူ၏ နာမည်အောက်သို့ ပြောင်းရွှေ့ပြီးဖြစ်၍ သူမက မြို့ပေါ်မှလူတစ်ယောက် ဖြစ်လာခဲ့လေပြီ။
လောင်ကျန်းက အလွန် ကျေနပ်မိသောကြောင့် ရှောင်ထင်းကို သူ့ဘက်မှ အစပြု၍ ပြောဆိုခဲ့ခြင်း ဖြစ်လေသည်။
မည်သူက ထင်မှတ်ထားပါမည်နည်း။ ရှောင်ထင်းမှာ ငယ်စဉ်ကတည်းက စစ်သားများကို အားကျခဲ့သူဖြစ်၍ ထိုကိစ္စအတွက် အလွန် ပျော်ရွှင်သွားခဲ့ရလေတော့၏။
လူငယ် အမျိုးသားနှင့် အမျိုးသမီးက တွေ့ဆုံကြသည့်အချိန်တွင် ချစ်ခြင်းမေတ္တာ၏ မီးပွားများက ထွက်ပေါ်လာခဲ့ကြလေသည်။
ထို့အပြင် လီလင်းနှင့် သူမ၏ ခင်ပွန်းတို့က နေ့ဘက်တွင် အလုပ်သွားရသောကြောင့် ရှောင်ထင်းတစ်ဦးတည်းကသာ အိမ်တွင် ကျန်ရစ်ပြီး ကလေးနှစ်ယောက်ကို ပြုစုစောင့်ရှောက်ရလေ့ရှိ၏။
ထိုအမျိုးသားက သူမကို သနားသောကြောင့် သူ၏ အားလပ်ချိန်များတွင် လာရောက် ကူညီပေးလေ့ ရှိသည်။
ထို့ကြောင့် အရာအားလုံးက တိုးတက်လာခဲ့ခြင်း ဖြစ်လေ၏။
လီလင်းက သက်ပြင်းချလိုက်ရင်း ပြောလိုက်လေသည်။
“သူ မကောင်းလို့ မဟုတ်ပါဘူး၊ နင် သူ့ကို လက်ထပ်လိုက်ရင် အရမ်းပင်ပန်းရလိမ့်မယ်လို့ ငါ ထင်လို့ပါ”
ယခုအချိန်တွင် သူတို့က ငယ်ရွယ်ကြပြီး အချင်းချင်းအပေါ် နက်ရှိုင်းသော ခံစားချက်များက ရှိနေကြသောကြောင့် အရာအားလုံးက ပြောဆိုရ လွယ်ကူနေလေသည်။
သို့သော် အချိန်ကုန်လွန်လာသည်နှင့်အမျှ လူများက ပင်ပန်းလာတတ်ကြပြီး နာကျည်းချက်များလည်း အလွယ်တကူ ပေါ်ပေါက်လာနိုင်လေ၏။
လီလင်းက ရှောင်ထင်းနှင့် သူမ၏ ရည်းစားတို့က နောက်ဆုံးတွင် အဆင်မပြေသောအိမ်ထောင်ရေး ဖြစ်သွားကြမည်ကို စိုးရိမ်နေခဲ့လေ၏။
သေချာပေ၏။ အဆင်မပြေသောအိမ်ထောင်ရေးဖြစ်ရခြင်းထက် ပိုမို၍ ဝမ်းနည်းစရာကောင်းသည်က ကိုယ့်၏ ဒေါသများကို အမြဲတစေ မြိုသိပ်နေရသောသူတစ်ဦး ဖြစ်လာခြင်းပင် ဖြစ်သည်။
“ကျွန်မက ပင်ပန်းရမှာကို မကြောက်ပါဘူး”
ရှောင်ထင်းက သူမ၏မေးကို ပင့်မြှောက်လိုက်ပြီး လေသံကလည်း ပြတ်သားနေခဲ့သည်။ ထိုစကားက ဤဆက်ဆံရေးအပေါ် သူမ၏ မယိမ်းမယိုင်သော ကတိကဝတ်ကို ပြသနေခဲ့လေသည်။
*