← Chapters

အခန်း ၂၅၇

Vol. 26 Ch. 257

အခန်း ၂၅၇

Vol. 26 Ch. 257

အခန်း(257)

လီလင်းက စုမိသားစု၏ အိမ်တွင် ရှောင်ထင်းနှင့် မငြင်းခုံချင်သောကြောင့် သက်ပြင်းချလိုက်ပြီး စကား ဆက်မပြောတော့ပေ။

ရှောင်ထင်းကလည်း သူမ၏ အတိုင်းအတာကို သိရှိထားသောကြောင့် လီရှန်းကို အနေရခက်စွာ ပြုံးပြလိုက်လေ၏။

“အားနာပါတယ် ယောက်မ၊ ကျွန်မ စိတ်လှုပ်ရှားသွားလို့ပါ”

“ဘာဖြစ်လဲ၊ နင်က မိန်းကလေးငယ်လေးပဲလေ၊ ဇွဲရှိတာက ကောင်းပါတယ်၊

ဒါပေမဲ့ နင့်အစ်ကိုနဲ့ ယောက်မတို့ရဲ့ အမြင်တွေကိုလည်း နားထောင်သင့်တယ်၊ ဘာပဲဖြစ်ဖြစ် သူတို့က နင်ကို ဂရုစိုက်ကြလို့ပြောနေတာလေ”

လီရှန်းအနေဖြင့် ရှောင်ထင်းကိုမြင်ရချိန်တွင် အတိတ်တုန်းက သူမ မြင်တွေ့ခဲ့ဖူးသော လူအမြောက်အမြားကို သတိရခဲ့သည်။

သူမက လီလင်းဘက်သို့ လှည့်ပြီး အကြံပြုလိုက်လေ၏။

“တကယ်တော့ ဘဝဆိုတာလူတွေ ဖြတ်သန်းရမယ့်အရာပဲလေ၊ နင်လည်း ရှောင်ထင်းရဲ့ခံစားချက်တွေကို နားထောင်ပေးသင့်တယ်”

နှစ်ဖက်လုံးကို ဖျောင်းဖျပေးပြီးနောက် လီရှန်းက ထိုအမျိုးသမီး နှစ်ဦး ထွက်ခွာသွားကြသည့်အချိန်မှသာ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ခဲ့တော့၏။

သူမက တစ်ဖက်သို့ လှည့်ပြီး အနားယူပြီး အိပ်စက်ရန် ပြင်ဆင်လိုက်လေသည်။

သို့သော် သူမ မျက်ဝန်းများကို မှိတ်လိုက်သည်နှင့် ဘေးနားရှိ ခုတင်အသေးလေးပေါ်မှ ရှောင်လော်က မျက်လုံးကို တွန့်ချိုးလိုက်လေသည်။

သူမက ဗိုက်ကို ပင့်မြှောက်ပြီး ခြေထောက်များကို ကန်ကျောက်ရင်း လက်သီးလေးများကို တင်းကြပ်စွာ ဆုပ်လိုက်လေသည်။

လီရှန်းက သက်ပြင်းချလိုက်ပြီး ထထိုင်လိုက်ကာ အိပ်ရာမှ ထရန် ပြင်ဆင်လိုက်လေသည်။

“မလှုပ်နဲ့ဦး”

ရုတ်တရက်ပင် တံခါးဝမှ အော်ဟစ်သံတစ်ခုက ထွက်ပေါ်လာခဲ့ပြီး ကျန်းဝမ်ကျန့်က အပြင်ဘက်မှ ပြေးဝင်လာခဲ့လေသည်။

သူမက သူမ ကိုင်ဆောင်လာခဲ့သောအရာကို ချထားလိုက်ပြီးနောက် ကလေး၏ သေးခံကို ထိတွေ့စစ်ဆေးလိုက်လေ၏။

“သူမ အလေးသွားလိုက်တာပဲ၊ ဒီကလေးက ဝမ်းသွားတာ တကယ် မြန်တာပဲ၊

သွားပြီးတာနဲ့ ချက်ချင်း ပြန်ဆာတာ၊ နင် ငြိမ်ငြိမ်လေး လှဲနေဦး၊ ငါပဲ ရှင်းလင်းလိုက်ပါ့မယ်”

ကျန်းဝမ်ကျန့်မှာ ယခုအချိန်တွင် သူမက လော်ယွီရှို့ ဖော်ပြခဲ့ဖူးသကဲ့သို့ လုံးဝ စိမ်းသက်နေခြင်း မရှိပေ။

တစ်ဖက်တွင် လီရှန်းအနေဖြင့် သူမကို ဖန်ထုံနှင့် အနည်းငယ် ဆင်တူသည်ဟု ခံစားလိုက်ရသည်။ ထိုစိမ်းသက်မှုက ဟန်ဆောင်မှုတစ်ခုမျှသာ ဖြစ်ပုံရသည်။

လီရှန်းက နာခံစွာဖြင့် ပြန်လည်လှဲလျောင်းလိုက်သော်လည်း ကျန်းဝမ်ကျန့်ကို ဆက်လက်၍ စိုက်ကြည့်နေခဲ့သည်။

သူမက ရေနွေးကို ကျွမ်းကျင်စွာ လောင်းထည့်လိုက်ပြီးနောက် ပုခက်ထဲမှ ကလေးငယ်ကို ပွေ့ချီပြီး ကလေး၏ ဖင်ကို သုတ်သင် ဆေးကြောပေးသည်။ ပြီးနောက် ကလေး၏ ဘောင်းဘီနှင့် သေးခံကို လဲလှယ်ပေးခဲ့ကာ မည်သည့် ရွံရှာသည့် အမူအရာမျှ မပြသခဲ့ပေ။

လီရှန်းက စိတ်လှုပ်ရှားမိခဲ့သည်။

ဆိုရလျှင် သူမက ဤဒုတိယယောက်မနှင့် လုံးဝ ရင်းနှီးမှု မရှိပေ။

အတိတ်တုန်းက ချုံကျိုးတွင် ရှိချိန်ကလည်း သူမက ညဘက်တွင် ကျန်းမိသားစုအိမ်တွင် နေထိုင်ခဲ့ပြီး နေ့ဘက်ကျမှသာ ဟင်းချက်ရာတွင် ကူညီပေးရန် လာရောက်လေ့ရှိသည်။

ရံဖန်ရံခါတွင် သူမက နေ့ဘက်၌ပင် လာလေ့မရှိပေ။

စုဝေ့ယန်က အိမ်သို့ အမြဲတမ်း ပြန်လာတတ်သောကြောင့် ဖြစ်လေ၏။

သူတို့၏ မင်္ဂလာဦး ဇနီးမောင်နှံ ရှိနေသည့်နေရာတွင် သူမ ရှိနေပါက သူမရော စုဝေ့ယန်ပါ အဆင်မပြေဖြစ်ရပေလိမ့်မည်။

ထို့အပြင် ကျန်းဝမ်ကျန့် ထိုအချိန်က ပြုမူပုံမှာ လော်ယွီရှို့က ဖော်ပြခဲ့ဖူးသည့်အတိုင်းပင် ဖြစ်လေ၏။

သူမက ပုံမှန်အားဖြင့် တတ်နိုင်သမျှ တိတ်တဆိတ်နေလေ့ရှိသောကြောင့် လီရှန်းကို စိတ်မသက်မသာ ဖြစ်စေခဲ့လေသည်။

သူမက ဤမျှအထိ အေးစက်ပြီး စိမ်းသက်သော လူတစ်ဦးနှင့် မည်သို့ ဆက်ဆံရမည်ကို အမှန်တကယ်ပင် မသိရှိခဲ့ပေ။

မမျှော်လင့်ထားဘဲ ယခုအချိန်တွင် ကျန်းဝမ်ကျန့်က အလွန်ချဉ်းကပ်ရ လွယ်ကူနေသည်။။

“ငါ ရှင်းလင်းပြီးပြီ၊ သူမကို အမြန် နို့တိုက်လိုက်ပါဦး၊ မဟုတ်ရင် ငါတို့ရဲ့ သမီးလေး ဗိုက်ဆာလွန်းလို့ ပိန်သွားပါဦးမယ်”

သူမက စကားပြောရင်း ထွက်ခွာမသွားမီ ရှောင်လော်၏ ဖောင်းအိနေသော ပါးပြင်လေးကို လက်ညှိုးဖြင့် ကလိထိုးလိုက်သေး၏။

ထိုအသားစိုင် ပါးပြင်လေးများက နှစ်ကြိမ်မျှ တုန်ခါသွားသည်ကို စောင့်ကြည့်ပြီးနောက်တွင်မှ သူမက ကျေနပ်နေသော မျက်နှာအမူအရာဖြင့် လှည့်ထွက်သွားခဲ့လေသည်။

လီရှန်းက သမီးလေး၏ မျက်နှာကို ကြည့်လိုက်ပြီးနောက် သူမ၏ ဒုတိယယောက်မ၏ နောက်ကျောကို လှမ်းကြည့်လိုက်လေသည်။

သူမ၏ ခေါင်းပေါ်တွင် ကြီးမားသော မေးခွန်းသင်္ကေတတစ်ခုက ဝဲပျံနေခဲ့လေတော့၏။

တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် သူမအနေဖြင့် ဒုတိယယောက်မ၏ သဘောထားက ထူးဆန်းနေသည်ဟု အမြဲခံစားနေရလေ၏။

ယနေ့ မွန်းလွဲပိုင်းတွင် အိမ်၌ မည်သူမျှ မရှိကြပေ။ လော်ယွီရှို့က ယောက္ခမနှင့် ချွေးမကြားတွင်ဖြစ်ပွားသော ပဋိပက္ခတစ်ခုကို ဖြေရှင်းရန်အတွက် သွားရောက်ခဲ့လေသည်။

ထိုယောက္ခမနှင့် ချွေးမတို့က ရန်ဖြစ်လုနီးပါး ဖြစ်နေခဲ့ကြလေ၏။

လော်ယွီရှို့က မည်မျှပင် အလုပ်ရှုပ်နေပါစေ အခြေအနေကို သွားရောက်၍ ကြည့်ရှုရန် အချိန်ပေးရပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ထိုသည်က သူမ၏ အလုပ်ဖြစ်ပြီး သူမ၏ တာဝန်လည်း ဖြစ်သည်။

တခြားလူများအားလုံးက အလုပ်သွားခဲ့ကြပြီဖြစ်ပြီး မိသားစုထံသို့ လာလည်သော စုဝေ့ယန်ပင်လျှင် ရွာဘက်ရှိ သူ၏ ရဲဘော်ဖြစ်သူ၏ မိခင်ထံသို့ သွားရောက် ဂါရဝပြုခဲ့လေ၏။

အိမ်တွင် ကျန်းဝမ်ကျန့် တစ်ဦးတည်းသာ ကျန်ရစ်ခဲသောကြောင့် သူမက မွန်းလွဲပိုင်း တစ်ခုလုံးကို အိမ်မှုကိစ္စများဖြင့်သာ အလုပ်ရှုပ်နေခဲ့ရလေ၏။

လော်ယွီရှို့ အိမ်တွင် ရှိချိန်က လီရှန်းက ရံဖန်ရံခါတွင် အိပ်ရာမှ ထ၍ ကလေးကို ပွေ့ချီပြီး ခေတ္တမျှ ချော့မြှူရလေ့ ရှိသော်လည်း ကျန်းဝမ်ကျန့်ကတော့ သူမကို အိပ်ရာမှ လုံးဝ ထခွင့်မပေးပေ။

လီရှန်းက အလွန်ပင် အားနာမိသွားရလေတော့၏။

“ယောက်မ၊ ကျွန်မ ကလေးကို ချီလိုက်ပါ့မယ်၊ ယောင်မ ဒီနေ့ အတော်လေး ပင်ပန်းနေပြီ”

“နင် အနားယူစရာ ရှိတာကိုသာ သေချာ အနားယူပါ၊

တကယ်လို့ မီးနေသည်ကာလအတွင်းမှာ ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုမစိုက်ရင် နောက်ပိုင်းကျရင် ကျန်းမာရေး ပြဿနာတွေ ကျန်ရစ်ခဲ့လိမ့်မယ်၊

ပြီးတော့ ငါ လုံးဝ မပင်ပန်းပါဘူး၊ ရှောင်ကျန့်က အခု ကြီးလာပြီမို့လို့ သူဘာသာသူ ဆော့ကစားနိုင်နေပြီ၊

သူက ဝေ့ချင်း သူ့အတွက် လုပ်ပေးထားတဲ့ ရုပ်ပြစာအုပ်တွေကို ဖတ်ရတာ အရမ်း နှစ်သက်တာ၊ တစ်နေ့လုံး ကိုင်ထားတာလေ၊

ငါက ကလေးချီရတာ အသားကျနေပြီဆိုတော့ မပင်ပန်းပါဘူး၊ စိတ်အေးအေးထားပြီးသာနားလိုက်”

ထိုသို့ ပြောဆိုပြီးနောက် သူမက ကလေးကို ပွေ့ချီ၍ ဧည့်ခန်းသို့ ထွက်ခွာသွားခဲ့လေသည်။

လီရှန်း : “…”

ညနေပိုင်းတွင် စုဝေ့ချင်း ပြန်ရောက်လာသည့်အချိန်တွင် လီရှန်းက သူ့ကို တီးတိုးပြောဆိုလိုက်လေ၏။

“ ဒုတိယယောက်မရဲ့ အပြုအမူတွေက ထူးဆန်းနေသလိုပဲ၊ သူမက ရှောင်လော်ကို အမြဲတမ်း ပွေ့ဖက်ထားပြီး လုံးဝ လက်ကမချချင်ဘူး ဖြစ်နေတာ”

စုဝေ့ချင်း : “…”

သူက သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။

ပြောစရာပင် မလိုပေ။

သူ၏ စနစ်က ဦးနှောက် ဖွံ့ဖြိုးအောင် ပြုလုပ်ခြင်းကို သူ သဘောမတူခဲ့သော်လည်း ကလေးငယ်အပေါ် တခြားသော ဂုဏ်သတ္တိတန်ဖိုးများကို တိတ်တဆိတ် ထည့်သွင်းပေးခဲ့လေသည်။

သူက ကလေးငယ်အကြောင်းကို စာအုပ်တစ်အုပ်ပင် ရေးသားချင်နေခဲ့သေး၏။

ရှောင်လော်က အသက်တစ်လပင် မပြည့်သေးသော်လည်း စနစ်၏ ‘စုရှောင်လော် စောင့်ကြည့်ရေး ဒိုင်ယာရီ’က သုံးတွဲမျှ ပြည့်နှက်သွားခဲ့လေပြီ။

ထိုစနစ်မှ် နာရီတိုင်း စာတစ်စောင် ရေးသားချင်နေသကဲ့သို့ ဖြစ်နေခဲ့လေ၏။

သူက နေ့တိုင်း အလုပ်သွားနေရသော်လည်း သူ၏ သမီးလေးက မည်မျှအထိ နို့ရည်သောက်သည်၊ မည်မျှအထိ သေးပါသည်၊

မည်မျှအထိ သမ်းဝေသည်ကိုပင် အတိအကျ သိရှိနေခဲ့ရလေသည်။

ထို့ကြောင့် လူတိုင်း၏ ချစ်ခင်မှုကို ရရှိခြင်းက ထူးဆန်းနေပါသလား။

မထူးဆန်းပေ။

အကယ်၍ မည်သူကမျှ ဤစနစ်၏ လုပ်ဆောင်ချက်များကို မနှစ်သက်ကြလျှင်သာ ထူးဆန်းနေပေလိမ့်မည်။

မကြာမီမှာပင် စုရှောင်လော်က ဤသို့သော ချစ်ခြင်းမေတ္တာ ပြည့်နှက်နေသည့် ပတ်ဝန်းကျင်ထဲ၌ အသက် တစ်လ ပြည့်မြောက်သွားခဲ့လေသည်။

တစ်လပြည့်ပွဲကို ကျင်းပသည့်နေ့တွင် ရှောင်လော်လေး၏ ပတ်ဝန်းကျင်က အလွန် စည်ကားလွန်း၏။

စုဝေ့မင်က မနက်စောစောကတည်းက စက်ရုံသို့ အစည်းအဝေးတက်ရန်အတွက် သွားရောက်ခဲ့ပြီးနောက် အိမ်သို့ အပြေးအလွှား ပြန်လာခဲ့လေ၏။

တိုက်ဆိုင်စွာပင် ရှောင်လော်၏ တစ်လပြည့်ပွဲ မတိုင်မီတစ်ရက်၌ ညွှမ်ကြားရေးမှူးရန်က ရှန်ဟိုင်းမှ အသစ်ဝယ်ယူခဲ့သော စက်ကိရိယာများကို သယ်ဆောင်၍ ပြန်လည် ရောက်ရှိလာခဲ့လေသည်။

သူက အိမ်သို့ ပြန်ရောက်သည်နှင့် သူ၏ဇနီးက သူ့ကို စုမိသားစုတွင် အဖွဲ့ဝင်အသစ်တိုးပွားလာခဲ့သည့် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းစကားကို ပြောခဲ့လေသည်။

ညွှန်ကြားရေးမှူးရန်ကိုလည်း ဖိတ်ကြားထားခဲ့ပြီးဖြစ်၍ အလွန် လျင်မြန်ဖြတ်လတ်ပြီး စုဝေ့မင်၏ မိတ်ဆွေဟောင်းတစ်ဦးလည်း ဖြစ်သော ဥက္ကဋ္ဌယိုသည်လည်း ပျက်ကွက်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သေးငယ်သော တစ်လပြည့်ပွဲလေးတစ်ခုတွင် ဆေးဝါးစက်ရုံ၏ အကြီးအကဲ သုံးဦးလုံးက တစ်နေရာတည်းတွင် ဆုံတွေ့ခဲ့ကြလေတော့၏။

မမျှော်လင့်ထားရဆုံး အချက်မှာ သုတေသနဌာန၏ ဒါရိုက်တာဖြစ်သူ ကျန်းရိကော်က သူ၏ မြေးဖြစ်သူကို ခေါ်ဆောင်ကာ ဂုဏ်ပြုလက်ဆောင်ကို လာရောက် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

သူတို့၏ ပေါ်ထွက်လာမှုကြောင့် မူလက စည်ကားနေခဲ့သော ဧည့်ခန်းမကြီးက ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့ရလေ၏။

လူတိုင်းက မသိစိတ်ဖြင့် ကျန်းရိကော်ဘက်သို့ လှည့်ကြည့်မိကြလေတော့သည်။

တခြားတစ်ဖက်တွင် ကျန်းရိကော်က လုံးဝ ဂရုမစိုက်သကဲ့သို့ ရှိနေခဲ့ပြီး ဤကဲ့သို့သော စိုက်ကြည့်မှုများကို အသားကျနေခဲ့သည့် ပုံစံမျိုး ဖြစ်လေ၏။

“လောင်ကျန်း၊ မင်း နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ”

စုဝေ့မင်၏ အော်ဟစ်လိုက်သံက ဧည့်ခန်းမကြီးထဲရှိ တိတ်ဆိတ်မှုကို ချက်ချင်းပင် ဖြိုခွဲလိုက်လေတော့၏။

“ငါက မင်း ဒီနေ့လည်း လာမှာမဟုတ်ဘူးလို့ ထင်နေတာ၊ လာ.. လာကြည့်ဦး၊ ဒါက ငါ့ရဲ့ မြေးမလေးလေ၊ ငါတို့ စုမိသားစုရဲ့ ပထမဆုံး သမီးမိန်းကလေးပဲ”

ထိုသို့ ပြောဆိုပြီးနောက် သူက ကျန်းရိကော်၏ လက်ကို ဆွဲကိုင်ပြီး ဧည့်ခန်းမကြီးထဲသို့ ခေါ်ဆောင်သွားခဲ့လေ၏။

*

All Chapters