← Chapters

အခန်း ၂၅၉

Vol. 26 Ch. 259

အခန်း ၂၅၉

Vol. 26 Ch. 259

အခန်း(259)

ညဘက်တွင် လီရှန်းတစ်ယောက် ဟိုဘက်ဒီဘက် လူးလှိမ့်နေခဲ့ပြီး အိပ်မပျော်နိုင်ဘဲ ဖြစ်နေခဲ့၏။

တစ်လခန့်ကြာမြင့်ပြီးနောက်တွင်တော့ မီးတွင်းကာလပြီးဆုံးသည့်အတွက် စုဝေ့ချင်းတစ်ယောက် သူ၏ ကိုယ်ပိုင်အခန်းထဲသို့ ပြန်လာနိုင်ခဲ့လေပြီ။ ယနေ့တွင် သူ၏ မိဘများ၏အခန်းတွင် အဖေဖြစ်သူနှင့်အတူ အိပ်စက်ရခြင်းမှ ကင်းဝေးကာ သူ၏ဇနီးကို ပွေ့ဖက်နိုင်ခဲ့လေပြီ။

သူ့အနေဖြင့် ပြင်းထန်သော ခန္ဓာကိုယ် လှုပ်ရှားမှုများကို မပြုလုပ်နိုင်သေးသော်လည်း ပွေ့ဖက်ခြင်းနှင့် ချော့မြှူခြင်းများကို ပြုလုပ်နိုင်ဆဲပင်။

သို့သော်...

သူမကို ခေတ္တမျှ ပွေ့ဖက်ပြီးနောက်တွင်မှ တစ်ဖက်လူက အနည်းငယ် စိတ်လွင့်နေသည်ကို သူ သတိပြုမိသွားခဲ့သည်။

စုဝေ့ချင်း : “…”

တစ်လလောက်အတူ မအိပ်ရတာနဲ့ သူ့ရဲ့ ဆွဲဆောင်မှုတွေက ပျောက်ကွယ်သွားခဲ့တာလား။

စုဝေ့ချင်းက လက်ကို ဆန့်ထုတ်ပြီး လီရှန်းကို တစ်ဖက်သို့ လှည့်လိုက်ကာ သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေ၏။ ထို့နောက် မေးမြန်းလိုက်လေသည်။

“မင်း တစ်ညလုံး ဘာတွေ တွေးနေတာလဲ၊ အတော်လေး စိတ်လွင့်နေသလိုပဲ”

“ဘာမှမဟုတ်ပါဘူး၊ ကျွန်မ ကိစ္စတချို့ကို တွေးမိလို့ပါ”

လီရှန်းက စုဝေ့ချင်းထံတွင် မည်သည့်အရာကိုမှ ဖုံးကွယ်ထားခဲ့ခြင်းမရှိဘဲ ယနေ့ ဖြစ်ပျက်ခဲ့သည့်အရာများကို ပြောပြလိုက်လေသည်။

နောက်ဆုံးတွင် သူမ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။

“အဲဒီကလေးကို ကြည့်ရတာ တကယ့်ကို စိတ်မကောင်းဖြစ်ရတယ်၊ သူ အဲဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်ကို မသိဘူးလို့ ကျွန်မ မယုံကြည်ဘူး၊

သူက လိမ္မာတဲ့ ကလေးပဲလေ၊ လူတစ်ယောက်ရဲ့ သဘောထားက ကောင်းလား၊ ဆိုးလားဆိုတာ သူ ဘယ်လိုလုပ်ပြီး မသိဘဲ နေမှာလဲ၊

ကျွန်မ ခန့်မှန်းရသလောက်တော့ သူ အဲဒီအရာကို ထုံကျင်နေခဲ့ပြီထင်တယ်”

စုဝေ့ချင်းလည်း ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် စိတ်နှလုံး လေးလံသွားခဲ့ရလေတော့၏။

“ဒီကလေးရဲ့ အနာဂတ်ကတော့.. ခက်ခဲလိမ့်မယ်”

အကယ်၍ ရှုရှင်းလန်သာ ထိုလမ်းကို မရွေးချယ်ခဲ့ပါက သူ့ထံတွင် ဆေးဝါးစက်ရုံတွင် အလုပ်လုပ်ခြင်း ၊ တခြားအရာတစ်ခုခုကို ပြုလုပ်ခြင်းစသည့် လွတ်မြောက်ရာ လမ်းစတစ်ခုလောက်တော့ ရှိနေခဲ့ပေလိမ့်မည်။

ယခုအချိန်တွင်တော့ သူမက ရှုရှင်းလန်နှင့်အတူ ရှိနေခဲ့သောကြောင့် သူ့အနေဖြင့် မည်သည့်နိုင်ငံပိုင်စက်ရုံကိုမှ ဝင်ရောက်နိုင်တော့မည် မဟုတ်ပေ။ ထို့အပြင် သူ၏ ဘေးပတ်ဝန်းကျင်ရှိ အတင်းအဖျင်း စကားလုံးအားလုံးကိုလည်း သည်းခံရပေလိမ့်မည်။

လီရှန်း စိုးရိမ်ခဲ့သည့်အတိုင်းပင် ဖြစ်လေ၏။

သုတေသနဌာနတွင်ရှိသည့် လူအားလုံးက လူကောင်းများ မဖြစ်နိုင်ကြပေ။

သူတို့က စိတ်ရင်းမဆိုးကြသော်လည်း အတူတကွ အဆင်ပြေပြေ နေထိုင်နိုင်ခြင်းဆိုသည်ကတော့ တခြားကိစ္စတစ်ခု ဖြစ်သည်။

ကျန်းရိကော်နှင့် အဆင်မပြေသော လူများလည်း အမြဲ ရှိနေမည်ဖြစ်၍ သူတို့၏ စကားလုံး အနည်းငယ်ကပင် ကလေးငယ်ကို ဖျက်ဆီးပစ်နိုင်၏။

‘ဝက်ရူးပြန်ရောဂါက မျိုးရိုးလိုက်တတ်တယ်’

ထိုစကားလုံး တစ်ခွန်းတည်းကပင် ကျန်းကျိ၏ နောက်ပိုင်းတွင် လက်ထပ်ခြင်းနှင့် ကလေးမွေးဖွားခြင်းဆိုင်ရာ အနာဂတ်ဖြစ်နိုင်ခြေများကို ပိတ်ဆို့လိုက်နိုင်သည်။

ကျန်းရိကော်က သူ၏ သုတေသနလုပ်ငန်းများတွင်သာ အမြဲနစ်မြုပ်နေခဲ့သူ ဖြစ်၍ ကျန်းကျိ၏ အနာဂတ်က အမှန်တကယ်ပင် မရေမရာဖြစ်လွန်းနေလေပြီ။

လူငယ်မောင်နှံနှစ်ဦးက ကျန်းကျိအကြောင်းကို ပြောဆိုနေကြဆဲဖြစ်ပြီး ဘေးအခန်းရှိ စုဝေ့မင်တို့ဇနိးမောင်နှံနှစ်ဦးကလည်း ကျန်းရိကော်၏အကြောင်းကို ပြောဆိုနေခဲ့ကြလေသည်။

“သူ့ရဲ့ အခြေအနေအရဆိုရင် သူ့အနေနဲ့ အလုပ်ကနေ ခေတ္တနားပြီး ရှောင်ကျိကို ကိုယ်တိုင် ပြုစုစောင့်ရှောက်ရမယ်၊

ဒါမှမဟုတ် သူ့ကို ပြုစုစောင့်ရှောက်ဖို့အတွက် နောက်အိမ်ထောင်ပြုရမယ်၊ အပြင်လူတွေကိုပဲ မှီခိုနေလို့တော့ မရဘူး၊

အဲလူတွေက ဆေးဝါးစက်ရုံကို လာကြတယာဆိုတာက အဓိကအားဖြင့် နောက်ပိုင်းကျရင် ပညာသင်ယူဖို့နဲ့ ပရောဂျက်တွေမှာ ပါဝင်ဆောင်ရွက်ဖို့ လာကြတာလေ၊

သူတို့က ကလေးကို နေ့တိုင်း ဘယ်လိုလုပ်ပြီး ကူညီ ပြုစုပေးနိုင်မှာလဲ”

စုဝေ့မင်က သက်ပြင်းချလိုက်သည်။

“ငါလည်း သူ့ကို အကြံပြုခဲ့တယ်၊ သူ့ရဲ့ လက်ရှိ အခြေအနေအရဆိုရင် သူ နောက်အိမ်ထောင်ပြုတာက ပိုပြီး ကောင်းမွန်လိမ့်မယ်လို့ ပြောခဲ့သေးတယ်”

ကျန်းရိကော်က အသက်မကြီးသေးပေ။ သူ့အနေဖြင့် အသက် (၂၃)နှစ်အရွယ်တွင် တရုတ်နိုင်ငံသို့ ပြန်လာခဲ့ကာ လက်ထပ်ခဲ့ခြင်း ဖြစ်သည်။

သူ လက်ထပ်ပြီး နှစ်နှစ်မပြည့်မီမှာပင် သမီးဖြစ်သူကို မွေးဖွားခဲ့၏။

သူ၏ သမီးဖြစ်သူကလည်း စောစီးစွာ လက်ထပ်ခဲ့ပြီး အသက် (၁၈) နှစ်အရွယ်တွင် ကျန်းကျိကို မွေးဖွားခဲ့လေသည်။

သူ၏ မြေးဖြစ်သူက ဤမျှအထိ ကြီးမားနေပြီဖြစ်သော်လည်း ကျန်းရိကော်ကိုယ်တိုင်က အသက်လေးဆယ်ကျော်မျှသာ ရှိသေးသည်။

သူက အသက် နှစ်ဆယ်ကျော် အမျိုးသမီးငယ်တစ်ဦးကို လက်ထပ်ရန်ပင် မတောင်းဆိုပေ။ တစ်ဖက်မှ ကလေးများ ရှိနေလျှင်ပင်အဆင်ပြေပြီး ခင်ပွန်းဖြစ်သူ ဆုံးပါးသွားခဲ့သော မုဆိုးမဆိုလျှင်အဆင်ပြေသည်။

ကျန်းရိကော်က လက်ရှိတွင် ပိုင်မားခရိုင်ရှိ ဤသုတေသနဌာန အသေးစားလေးတွင် ပုန်းကွယ်နေခြင်းဖြစ်သော်လည်း သူ၏ ဇနီးအသစ်နှင့် ရလာပးမည့် သားဖြစ်သူတို့အတွက် ကောင်းမွန်သော လူနေမှုဘဝကို ပံ့ပိုးပေးနိုင်လေ၏။

နောက်ပိုင်းတွင် မူဝါဒများ ပြောင်းလဲသွားခဲ့မည်ဆိုပါက သူ့အနေဖြင့် ပေကျင်းရှိ သုတေသနဌာနသို့ ပြန်လည် ဖိတ်ကြားခြင်းကို ခံရနိုင်သေးသည်။

ဇနီးအသစ် ပြုလုပ်ရမည့်တစ်ခုတည်းသောကိစ္စမှာ ကျန်းကျိကို သေသေချာချာပြုစုစောင့်ရှောက်ပေးရန်သာ ဖြစ်လေသည်။

ဇနီးမောင်နှံနှစ်ဦး၏ ‘ထိုမျှသာ’ဟူသော စကားက အနည်းငယ်တော့ လွန်ကဲရာကျပေလိမ့်မည်။

*

နောက်ရက်တွင် ကျန်းဝမ်ကျန့်က ရှောင်လော်ကို ဂွမ်းကပ်အင်္ကျီဝတ်ဆင်ပေးရန် မေ့လျောနေသည့်အတွက် လီရှန်းကို ဆူပူခဲ့၏။

ဤဖောင်းကစ်နေသော ပါးပြင်လေးများမှာ အလွန်အိစက်နေခဲ့သောကြောင့် ကျန်းဝမ်ကျန့်တစ်ယောက် သူမကိုအလွန်ချစ်နေခဲ့ပြီး ချုံကျိုးသို့ ပင် ပြန်လည်ခေါ်ဆောင်သွားချင်နေခဲ့၏။

သို့သော် ချုံကျိုးရှိ နေရောင်ခြည်နှင့် ပင်လယ်လေညင်းများကို တွေးတောမိလျှင် သူမက ထိုစိတ်ကူးကို တိတ်တဆိတ် စွန့်လွှတ်လိုက်ရတော့သည်။

လီရှန်းက သူမ၏ ယောက်မနှစ်ဦးလုံးက ရှောင်လော်အပေါ် အကြောင်းပြချက်မရှိဘဲ ဤမျှအထိ ချစ်မြတ်နိုးနေကြခြင်းကို အသားကျနေခဲ့လေပြီ။

သူမက စာရေးခုံပေါ်တွင် စာများကို ရေးသားနေရင်း ခေါင်းပင်မော့မကြည့်ဘဲ စကားပြောနေခဲဖြေလိုက်လေ၏။

“ကျန်းကျိရဲ့ မိသားစုအခြေအနေက တကယ်ကို ကိုင်တွယ်ရ ခက်ခဲလွန်းတယ်၊ ကျန်းကျိကို ပြုစုစောင့်ရှောက်ပေးဖို့အတွက် ကြင်နာတတ်တဲ့ လူတစ်ယောက် ပေါ်လာပါစေလို့ပဲဆုတောင်းရတော့မယ် ”

ကျန်းဝမ်ကျန့်က သက်ပြင်းချလိုက်လေ၏။

“ဘယ်သူက ငြင်းပယ်နိုင်မှာလဲ”

ကျန်းကျိအတွက်တော့ ထိုလူက မိထွေးဖြစ်စေ၊ ကလေးထိန်းဖြစ်စေ၊ ကြင်နာတတ်မှုကသာ အရေးကြီးသည်။

ကျန်းဝမ်ကျန့်တစ်ယောက် တွေးတောရင်း ခေါင်းကိုက်လာသောကြောင့် ထိုအကြောင်းကို ဆက်လက်၍ မတွေးတော့ဘဲ တခြားကိစ္စတစ်ခုကို ပြောလိုက်လေ၏။

“ဒါနဲ့ လီရှန်း.. ငါ နင်ရဲ့ ဒုတိယခဲအိုနဲ့အတူ ချုံကျိုးကို ပြန်မသွားတော့ဘဲ နှစ်သစ်ကူးအတွက် အိမ်မှာပဲ နေခဲ့မလို့ တွေးနေတာ၊ နင် ဘယ်လို ထင်လဲ”

လီရှန်းက သူမ၏ ဘောပင်ကို ခေတ္တမျှ ရပ်တန့်လိုက်ပြီး သူမ၏ နားရွက်များကလည်း ချက်ချင်းပင် ထောင်သွားခဲ့ရတော့၏။

ဟင်။

သူမအနေဖြင့် အတင်းအဖျင်းရနံ့ကို ရရှိလိုက်ပြီဟု ထင်မှတ်လိုက်မိလေပြီ။

“ဒုတိယခဲအိုကရော သဘောတူပါ့မလား”

အပေါ်ယံဖြစ်စဉ်များကို ကျော်လွန်၍ အနှစ်သာရကို ကြည့်ရှုလိုက်ခြင်းပင်။

စုဝေ့ယန်က ပုံမှန်အားဖြင့် အလွန် တည်ငြိမ်သောအမူအရာရှိပြီး အိမ်သို့ မည်သူလာသည်ဖြစ်စေ စကားအနည်းငယ်သာ ပြောတတ်သူ ဖြစ်သည်။

သို့သော် လီရှန်းအနေဖြင့် ဤအမျိုးသားက ဇနီးသည်အပေါ် အလွန်အလိုလိုက်သော ခင်ပွန်းကောင်းတစ်ဦး ဖြစ်ကြောင်းကို သေချာပေါက် သိရှိထားလေသည်။

ပုံမှန်အားဖြင့် အိပ်ခန်းတံခါးကိုပိတ်ထားသည့်အချိန်တွင် သူက ကျန်းဝမ်ကျန့်၏ ခြေထောက်များကိုပင် ဆေးကြောပေးနိုင်ချေရှိ၏။

ထို့ကြောင့် ကျန်းဝမ်ကျန့်က စုဝေ့ယန်နှင့်အတူမရှိဘဲ နှစ်သစ်ကူးအတွက် အိမ်တွင်သာ ကျန်ရစ်နေခဲ့ရန် မဖြစ်နိုင်ပေ။

ကျန်းဝမ်ကျန့်က ခေါင်းကို ခါယမ်းပြလိုက်သော်လည်း နောက်တစ်စက္ကန့်တွင် သူမ၏မျက်နှာက နာကျည်းချက်များဖြင့် ပြည့်နှက်သွားခဲ့ရလေတော့၏။

“သဘောမတူစရာမရှိဘူး၊ သူကတော့ ငါ မသွားတာကိုတောင် ပိုပြီး မျှော်လင့်နေလောက်မှာ”

သူမက အံကိုတင်းတင်းကြိတ်ပြီး ပြောဆိုလိုက်လေ၏။

“ငါ မသွားမှ.. တစ်စုံတစ်ဦးက ပျော်ရွှင်နိုင်မှာလေ”

လီရှန်း : “…”

ရုတ်တရက်ပင် သူမ၏ စိတ်ထဲတွင် စုမိသားစု၏ ညီအစ်ကိုသုံးယောက်အနက် စုဝေ့ယန်တွင် စွဲလမ်းသူ အများဆုံး ရှိနေခဲ့သည်ကို သတိရသွားခဲ့ရ၏။

မူရင်းစာအုပ်ထဲတွင် စုဝေ့ဟိုင်က သူ၏ အချိန်အများစုကို သုတေသနဌာနထဲ၌သာ ကုန်ဆုံးစေခဲ့သူ ဖြစ်သည်။

ထို့ကြောင့် သူ၏ ဘေးပတ်ဝန်းကျင်တွင်လည်း သုတေသနလုပ်ငန်းများကိုသာ အာရုံစိုက်နေကြသော ထူးချွန်သည့် အမျိုးသမီး လုပ်ဖော်ကိုင်ဖက်များသာ ဝန်းရံနေခဲ့လေ၏။

အမျိုးသားများလား။

သူတို့က သူတို့၏ သုတေသန လုပ်ငန်းစဉ်များကို နှေးကွေးစေရုံသာ ရှိပေလိမ့်မည်။

စုဝေ့ချင်းကရော။ သူက အသက်ငယ်ရွယ်စဥ်မှာပင် ကွယ်လွန်ခဲ့ရသူ ဖြစ်ပြီး စာအုပ်ထဲတွင် သူ၏ ပထမဆုံး အချစ်ဦးကိုပင် ဖွင့်ဟမပြောခဲ့ရသောကြောင့် အမျိုးသမီးကံမရှိခဲ့ပေ။

စုဝေ့ယန်ကတော့ လူငယ်တပ်ခွဲမှူးတစ်ဦးဖြစ်ပြီး ပညာတတ်တစ်ဦးလည်း ဖြစ်လေသည်။

ထို့အပြင် နောက်ပိုင်းတွင် စစ်တက္ကသိုလ်၌ ဆက်လက်၍ ပညာသင်နိုင်မည့် အခွင့်အလမ်းများလည်း ရှိနေသောကြောင့် သူ၏ အနာဂတ်က တောက်ပလွန်းသည်

ထို့ကြောင့် အမျိုးသမီး အုပ်စုကြီးက သူ့ထံသို့ တစ်ယောက်ပြီးတစ်ယောက် တိုးဝှေ့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်လေသည်။

အမျိုးသမီး သူနာပြုငယ်လေးတစ်ဦး၊ အနုပညာ အကအဖွဲ့မှ အလှလေးတစ်ဦးနှင့် တပ်မမှူး သို့မဟုတ် တပ်ရင်းမှူး၏ သမီးဖြစ်သူပင်ဖြစ်စေ၊ သူတို့အားလုံးက စုဝေ့ယန်အပေါ် စိတ်ဝင်စားမှုများရှိနေခဲ့ကြ၏။

ဒါဆို.. ဖြစ်နိုင်တာက..

“ချုံကျိုးမှာ တစ်စုံတစ်ခု ဖြစ်ပွားခဲ့လို့လား ယောက်မ”

လီရှန်းက ဇာတ်ကွက်ထဲသို့ ဝင်ရောက်ရတော့မည်ဟူသော စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ရင်း ကျန်းဝမ်ကျန့်ကို စိုးရိမ်ပူပန်သော ပုံစံဖြင့် လှမ်းကြည့်လိုက်လေ၏။

“ဒါမှမဟုတ် ကျွန်မတို့ရဲ့ ဒုတိယခဲအိုက တခြားတစ်ယောက်အပေါ် ခံစားချက်တွေ ရှိသွားလို့လား၊ အဲဒါတော့ မဖြစ်နိုင်ပါဘူးနော်”

*

All Chapters