← Chapters

အခန်း ၂၆၀

Vol. 26 Ch. 260

အခန်း ၂၆၀

Vol. 26 Ch. 260

အခန်း(260)

ကျန်းဝမ်ကျန့်က လီရှန်းက ဤသို့ မေးမြန်းလာသည့်အပေါ်တွင် အံ့ဩခြင်း မရှိပေ။

မည်သို့ပင်ဖြစ်စေ သူမ ပြောခဲ့သော စကားလုံးများက အတော်လေး အဓိပ္ပာယ် သက်ရောက်နေခဲ့သည် မဟုတ်ပါလား။

သူမက သက်ပြင်းချလိုက်ရင်း ပြောလိုက်လေသည်။

“ငါ သူ့ကို သေချာပေါက် ယုံကြည်ပါတယ်၊ ဒါပေမဲ့ တစ်ခါတလေ သူ့ကို စောင့်ကြည့်ရတာက စိတ်တိုစရာ ကောင်းလွန်းတယ်”

စုဝေ့ယန်ကို မကောင်းဟု ပြောဆိုရန်မဖြစ်နိုင်ပေ။ ထိုအမျိုးသား၏ ငြင်းပယ်မှုက အလွန်ပင် ထင်ရှားလွန်းပြီး၊ သူက ထိုအမျိုးသမီးများနှင့် သုံးမီတာခန့် အကွာအဝေးတွင် တည်ရှိနေရန်အတွက်ပင် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်လေ့ ရှိသည်။

သို့သော် ကျန်းဝမ်ကျန့်ဘက်မှ စိတ်ဆိုးနေဆဲပင်။ ထိုအမျိုးသမီးများအားလုံးက ထူးချွန်ကြပြီး သူတို့အားလုံးက စုဝေ့ယန်အပေါ် လေးစားချစ်ခင်နေကြသော်လည်း အပြင်တွင်တော့ ထုတ်ဖော်မပြသကြပေ။

ထိုဆေးရုံမှ သူနာပြုငယ်လေးဆိုလျှင် သူတို့ လက်ထပ်ပြီး မကြာမီမှာပင် စစ်အခြေစိုက်စခန်းသို့ ရောက်ရှိလာခဲ့သည်။

ထိုသူနာပြုက ဇနီးမောင်နှံနှစ်ဦး၏ ဆက်ဆံရေးက မကောင်းမွန်သည့်အတွက် မကြာမီကွာရှင်းကြလိမ့်မည်ဟု ထင်မှတ်နေခဲ့သောကြောင့် သူမ၏ ဖော်ပြချက်များက ပိုမို၍ ပြတ်သားလွန်း၏။

တခြားသော အမျိုးသမီး လုပ်ဖော်ကိုင်ဖက်များကတော့ ထိုခံစားချက်ကို ဖုံးကွယ်ထားခဲ့ကြလေသည်။

သို့သော် သူမက အကဲဆတ်သော အမျိုးသမီးတစ်ဦးဖြစ်သည့်အတွက် ထိုအမျိုးသမီးများက မည်သည့်အရာကိုတွေးနေကြောင်းကို သိရှိနိုင်သည်။

စုဝေ့ယန်အနေဖြင့် မည်သည့်အမှားအယွင်းမျှ မပြုလုပ်ခဲ့သောကြောင့် ကျန်းဝမ်ကျန့် တစ်ဦးတည်း စိတ်ဆိုးနေရုံသာ တတ်နိုင်တော့၏။

မကြာသေးမီက စုဝေ့ယန်က အိမ်သို့ ပြန်လာခဲ့လေသည်။ လွန်ခဲ့သော အချိန်က သူက သူ၏ ရဲဘော်ဖြစ်သူ၏ မိခင်ထံသို့ သွားရောက် ဂါရဝပြုခဲ့လေ၏။

ထို့နောက် ယမန်နေ့တွင် အမျိုးသမီးငယ်တစ်ဦးက ဆေးဝါးစက်ရုံသို့ လာရောက်ခဲ့ပြီး စုဝေ့ယန်အတွက် ရွှေဖရုံသီးတချို့နှင့် အရှင်လတ်လတ် ကြက်နှစ်ကောင်ကို ယူဆောင်လာခဲ့လေသည်။

၎င်းတို့ကို ကျန်းဝမ်ကျန့်ကိုယ်တိုင် လက်ခံခဲ့ခြင်း ဖြစ်သော်လည်း ထိုအမျိုးသမီးငယ်၏ မျှော်လင့်ချက် ပြည့်နှက်နေပြီး ရှက်ရွံ့နေသော မျက်နှာအမူအရာအပြင်၊ ကျန်းဝမ်ကျန့်မှာ စုဝေ့ယန်၏ ဇနီးဖြစ်ပြီး သူတို့တွင် သားတစ်ယောက်လည်းရှိနေပြီဖြစ်ကြောင်းကို သိရှိသွားရသည့်အချိန်တွင် တုန်လှုပ်ပြီး စိတ်နှလုံးကွဲအက်သွားသည့် ပုံစံကြောင့် ကျန်းဝမ်ကျန့်ကို အလွန် ဒေါသထွက်စေခဲ့သည်။

အတိတ်တုန်းက တစ်မျိုးဖြစ်သော်လည်း ယခုအချိန်တွင် နှိုင်းယှဉ်စရာများ ရှိနေခဲ့လေပြီ။

ရုပ်ရည်ချင်းယှဉ်လျှင် စုဝေ့ယန်ထက် ပိုမို၍နုပျိုကျော့ရှင်းသော စုဝေ့ချင်းပင်လျှင် ဤမျှအထိ လိုက်လံ စွဲလမ်းသူ အမြောက်အမြားမရှိပေ။

ကျန်းဝမ်ကျန့်တစ်ယောက် စုဝေ့ယန်ကလည်း ငတုံးတစ်ယောက်ဖြစ်သောကြောင့် မြင်တွေ့နိုင်ခြင်းမရှိဟုသာ ခံစားရသည်။ ဤသို့သော သိမ်ငယ်မှုများကို ဆက်လက်၍ မခံစားလိုတော့ပေ။

သူမက စုရှောင်လော်ကို နှစ်သက်ပြီး ထိုမှတစ်ဆင့် လီရှန်းကိုလည်း သဘောကျမိသည်။

အထူးသဖြင့် သူတို့က အတိတ်တုန်းက ချုံကျိုးတွင် အတူတကွနေထိုင်ကာ အချိန်တချို့ကို ကုန်ဆုံးခဲ့ဖူး၏။

ထို့ကြောင့် ဤယောက်မက အတင်းအဖျင်းစကားများကို ပြောတတ်သူမဟုတ်ကြောင်းကို သိရှိထားသည်။ ထို့ကြောင့်သာ စုဝေ့ယန်၏ ရှုပ်ထွေးလွန်းသော အချစ်ရေးကိစ္စရပ်များကို ညည်းတွား ပြောဆိုလိုက်ခြင်း ဖြစ်လေ၏။

လီရှန်းက အစီရင်ခံစာ ရေးသားခြင်းကို ရပ်တန့်လိုက်ပြီး ဘောပင်အဖုံးကို ပိတ်ကာ ထိုင်သည့်အနေအထားကို ပြောင်းလဲလိုက်လေ၏။ ထို့နောက် ဖရဲသီးစေ့တစ်ဆုပ်ကို လှမ်းယူပြီး သေချာစွာ နားထောင်ရန် အဆင်သင့် ဖြစ်နေခဲ့လေပြီ။

ပြောရလျှင် စုဝေ့ယန်က အမှန်တကယ်ပင် ချစ်မှုရေးရာများကို ဆွဲဆောင်နိုင်သည့် အစွမ်းရှိသည်။

စာအုပ်ထဲတွင် အသေးစိတ်ကို ဖော်ပြထားသော ခုနစ်ယောက်၊ ရှစ်ယောက်အပြင် နောက်ထပ် တချို့ပင်ရှိနေသေးပုံရ၏။ ထိုအကြောင်းက လီရှန်းအတွက် အနည်းငယ် မယုံနိုင်စရာ ဖြစ်နေခဲ့လေ၏။

“ဒါတွေအားလုံးက ယခုနှစ်အတွင်းမှာပဲဖြစ်ပျက်ခဲ့တာလား ယောက်မ”

ကျန်းဝမ်ကျန့်က သက်ပြင်းချလိုက်ရင်း ပြောလိုက်လေသည်။

“ဟုတ်တယ်”

သူမ၏ ခေါင်းက ငိုက်စိုက်ကျသွားခဲ့ရလေ၏။

“ငါ အခု တကယ်ကို စိတ်ရှုပ်ထွေးနေရတာ၊ ဘယ်သူ့ကို အပြစ်တင်ရမှန်း မသိသလို ဒေါသလည်း ပေါက်ကွဲလို့ မရဘူး၊

အရာအားလုံးက ငါ့ရဲ့စိတ်ထဲမှာပဲ ပိတ်မိနေတာ၊ သူတို့ကို မြင်တွေ့ရတာက ငါ့ကို ပိုပြီး စိတ်အခြေအနေမကောင်းဖြစ်စေရုံပဲ ရှိမှာ”

သူတို့ကို လုံးဝမမြင်တွေ့ရဘဲ အိမ်မှာပဲ နေခဲ့သည်က ပိုပြီးကောင်းမွန်ပေလိမ့်မည်။

သို့သော်...

နောက်ဆုံးတွင်တော့ သူမက ခွဲခွာရခြင်းကို မခံစားနိုင်သေးပေ။

သူမ၏ အတိတ်ဘဝတုန်းက စုဝေ့ယန်မှ သူကိုယ်သူ စွန့်လွှတ် အနစ်နာခံသွားခဲ့သောကြောင့် သူမအနေဖြင့် နောင်တရရန်ပင် နောက်ကျသွားခဲ့ရသည်။

ယခုဘဝတွင် သူမက နောက်ဆုံး၌ သူ၏ ဘေးနားတွင် ရှိနေနိုင်ခဲ့ပြီဖြစ်သော်လည်း နာကျည်းချက်များကို ခံစားနေရဆဲပင်။

“ယောက်မ အဲဒီအကြောင်းကို ဒုတိယအစ်ကိုနဲ့ ဆွေးနွေးဖူးလား”

ကျန်းဝမ်ကျန့်၏ စိတ်မကောင်းဖြစ်မှုကို မြင်တွေ့လိုက်ရသောကြောင့် လီရှန်းလည်း အတင်းအဖျင်း နားထောင်လိုစိတ်များ ပျောက်ကွယ်သွားခဲ့ရလေတော့သည်။

သူမကိုယ်တိုင်လည်း အမျိုးသမီးတစ်ဦး ဖြစ်သည့်အတွက် ထိုခံစားချက်ကို စာနာနားလည်နိုင်၏။

အကယ်၍ အမျိုးသမီးများက စုဝေ့ချင်းအပေါ်တွင် တစ်နေ့လုံး တပ်မက်နေကြမည်ဆိုပါက စုဝေ့ချင်းက သူတို့ကို လျစ်လျူရှုထားလျှင်ပင် သူမအနေဖြင့် စိတ်ခံစားချက် ကောင်းမွန်နေမည် မဟုတ်ပေ။

သို့သော် ဤကိစ္စရပ်က ကိုင်တွယ်ရ အမှန်တကယ် ခက်ခဲလွန်း၏။

တစ်ဖက်ကသာ စိတ်ဝင်စားပြီး စုဝေ့ယန်က စိတ်မပါသောကြောင့် စုဝေ့ယန်ကို အပြစ်တင်ရန်မဖြစ်နိုင်ပေ။

စုဝေ့ယန်က အပြင်ဘက်တွင် လိုက်လံ မြူဆွယ်နေသည်ဟုလည်း အပြစ်ပြော၍ မရနိုင်ပေ။

လီရှန်းက စုဝေ့ယန်၏ တည်ငြိမ်ပြီး အေးစက်သော မျက်နှာကို တွေးမိလျှင် တုန်လှုပ်မိရပြန်သည်။

ကျန်းဝမ်ကျန့်ကတော့ လီရှန်း အတွေးလွန်နေသည်ကို သတိမပြုမိပါချေ။

သူမအနေဖြင့် နောက်ဆုံးတွင် စိတ်သက်သာရာရစေမည့် ဘေးကင်းသော နေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ အိမ်တွင်လည်း မည်သူမှ မရှိကြသည့်အပြင် ကလေးနှစ်ယောက်လုံးကလည်း ငယ်ရွယ်ကြသေးပေ။

ထို့ကြောင့် သူမ ညည်းတွားပြောဆိုသည့်အချိန်တွင် လုံးဝ ထိန်းချုပ်ထားခြင်း မရှိခဲ့ပေ။

သူမက လော်ယွီရှို့ ဖော်ပြခဲ့ဖူးသကဲ့သို့ တိတ်ဆိတ်ပြီး စိမ်းသက်သော လူတစ်ဦးနှင့် လုံးဝ မတူနေခဲ့ပါချေ။

“ပြောပြလည်း ဘာထူးမှာလဲ၊ သူ လုပ်နိုင်သမျှ အရာအားလုံးကို သူ လုပ်ဆောင်ပြီးသားပဲလေ”

ဥပမာအားဖြင့် တပ်ရင်းမှူး၏ သမီးဖြစ်သူ ကိစ္စကို ကြည့်သင့်သည်။ စုဝေ့ယန်အနေဖြင့် တပ်ရင်းမှူး၏ အိမ်သို့ မသွားဘဲနေရန် မျှော်လင့်၍မရနိုင်ပေ။

အကယ်၍ သူ သွားခဲ့မည်ဆိုလျှင်လည်း သူတို့ဆုံတွေ့ရန် အခွင့်အလမ်းများက အမြဲတစေရှိနေလိမ့်မည်။

လီရှန်း သက်ပြင်းချလိုက်ရင်း ပြောလိုက်လေ၏။

“ဒါဆိုရင်လည်း ယောက်မပြောပြသင့်တာပေါ့၊ အနည်းဆုံးတော့ ဒုတိယအစ်ကိုက ယောက်မရဲ့ စိတ်ထဲမှာ ဘာတွေးနေလဲဆိုတာ သိခွင့်ရလိမ့်မယ်၊

တကယ်လို့ ယောက်မက ဒီအတိုင်း စိတ်ထဲမှာပဲ မြိုသိပ်ထားမယ်ဆိုရင် ဒုတိယအစ်ကိုက သိမှာမဟုတ်သလို နားလည်မှုလွဲမှားမှုတွေလည်း အလွယ်တကူ ပေါ်ပေါက်လာနိုင်တယ်၊

ဇနီးမောင်နှံနှစ်ဦးကြားမှာ ပိုပြီး ပွင့်လင်းရိုးသားကြတာက မမှားပါဘူး”

ကျန်းဝမ်ကျန့်လည်း အဘယ်ကြောင့် မသိဘဲ နေပါမည်နည်း။

သူမ ပြန်လည်မွေးဖွားလာခဲ့သည့် ပထမဆုံးနေ့ကတည်းက သူမအနေဖြင့် ယခုဘဝတွင် စုဝေ့ယန်နှင့်အတူ ကောင်းမွန်သော လူနေမှုဘဝကို ဖြတ်သန်းရန်၊ အချင်းချင်း ပွင့်လင်းရိုးသားကြရန်ဆုံးဖြတ်ခဲ့သည်။

အတိတ်ဘဝတုန်းက မည်သည့်အရာကိုမှမပြောဘဲ သူမ၏ ဘဝကို အလဟဿ ကုန်ဆုံးစေခဲ့ရ၏။ ထို့ကြောင့် လှပသော ဆက်ဆံရေးကို လက်လွတ်မခံရန်အတွက် စိတ်ထဲတွင် တိတ်တဆိတ် သစ္စာဆိုခဲ့ဖူးသည်။

သို့သော် စကားဖြင့်ပြောဆိုခြင်းက လက်တွေ့လုပ်ရသည်ထက် ပိုမို၍ လွယ်ကူပေ၏။

“နင် မသိပါဘူး၊ လေ့ကျင့်ကွင်းမှာ သူ ရခဲ့တဲ့ ဒဏ်ရာတွေကို မြင်ရတိုင်း ငါ အရမ်း စိတ်မကောင်း ဖြစ်ရတာ”

သူက လေ့ကျင့်ကွင်းတွင် အားအပြည့်ဖြင့် ကြိုးစားအားထုတ်နေခဲ့သော်လည်း ကျန်းဝမ်ကျန့်ကတော့ သူမ၏ ကိုယ်ပိုင် တွေးတောမှုများထဲတွင်သာ နစ်မြုပ်နေခဲ့မိသည်။

တစ်ခါတလေ သူမ၏ ရင့်ကျက်မှု မရှိခြင်းကို မုန်းတီးမိတတ်သည်။

“ဒါပေမဲ့ ဒုတိယအစ်ကုုက ယောက်မရဲ့ နဂိုပုံစံအတိုင်းကိုပဲ ချစ်မြတ်နိုးတာ မဟုတ်ဘူးလား”

သို့မဟုတ်ပါက သူက ကျန်းဝမ်ကျန့်ထံသို့ လက်ထပ်ခွင့်တောင်းရန် အဘယ်ကြောင့် ဆောင်ရွက်ခဲ့ပါမည်နည်း။

ဤစကားလုံးများက ကျန်းဝမ်ကျန့်ကို ချက်ချင်းပင် တုန်လှုပ်သွားစေခဲ့ရတော့၏။

ကာယကံရှင်များက ဝေဝါးနေတတ်ကြပြီး ဘေးဘက်မှလူကသာ အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေ၏။

ကျန်းဝမ်ကျန့်က သူမ၏ ယောက်မပြောဆိုသည့်စကားများက မှန်ကန်သည်ဟု ခံစားလိုက်ရ၏။

ဘာလို့.. သူနဲ့ စကားမပြောဘဲ နေရမှာလဲ။

ထိုအကြောင်းကို တွေးမိလိုက်သောကြောင့် ကျန်းဝမ်ကျန့်က ဆက်လက်၍ ထိုင်မနေနိုင်တော့ပေ။

သူမက စုကျန့်ကို လီရှန်းထံသို့ လွှဲပြောင်းပေးလိုက်ပြီး ပြောလိုက်လေသည်။

“ယောက်မ၊ ငါ့အတွက် ရှောင်ကျန့်ကို ခဏလောက်ကြည့်ပေးဦးနော်၊ ငါ ဝေ့ယန်ကို သွားရှာလိုက်ဦးမယ်”

ထိုသို့ပြောပြီးနောက် သူမက အခန်းထဲမှ ထွက်ခွာကာ စုဝေ့ယန်ကို သွားရောက် ရှာဖွေလေတော့၏။

ကံကောင်းထောက်မစွာဖြင့် စုဝေ့ယန်က ယနေ့တွင် အပြင်သို့ ထွက်မသွားခဲ့ပေ။

သူက အောက်ထပ်ရှိ အိမ်ဝန်းထဲတွင် နွေရာသီကျောင်းပိတ်ရက် စတင်နေပြီဖြစ်သော ကောင်လေးတချို့နှင့်အတူ သစ်သားများကို ပိုင်းဖြတ်နေခဲ့လေ၏။

ကြည့်ရသည်မှာ စုဝေ့ချင်း ပြောဆိုခဲ့ဖူးသော ကလေးပုခက်ကို စမ်းသပ်၍ ပြုလုပ်ချင်နေပုံရသည်။ သူက ချုံကျိုးရှိ လက်သမားများ နမူနာအဖြစ် အသုံးပြုနိုင်ရန်အတွက် ပုံစံတူ အသေးစားလေးတစ်ခုကို ပြုလုပ်ရန်အတွက် ရည်ရွယ်ထားပုံရသည်။

လီရှန်းက အစီရင်ခံစာ ရေးသားခြင်းကို လုံးဝ ရပ်တန့်လိုက်လေတော့၏။

ကလေးနှစ်ယောက်လုံးက နှစ်ခြိုက်စွာ အိပ်ပျော်နေကြကြောင်းကို မြင်တွေ့လိုက်ရသောကြောင့် သူမက သူတို့၏ ပုခက်ကို မီးဖိုချောင်တံခါးဝသို့ တွန်းရွှေ့လိုက်ပြီး အင်္ကျီလက်စကို ပင့်တင်ကာ ဟင်းချက်ရန်ပြင်ဆင်ခဲ့လေ၏။

သူမက ကလေးမွေးခဲ့သည်မှာ တစ်လပြည့်ရုံမျှသာ ရှိသေးသောကြောင့် အိမ်မှုကိစ္စအမြောက်အမြားကို မပြုလုပ်နိုင်သေးသော်လည်း ရိုးရှင်းသော ဟင်းလျာများကိုတော့ ချက်ပြုတ်နိုင်ဆဲ ဖြစ်သည်။

ကံကောင်းစွာဖြင့် ကျန်းဝမ်ကျန့်က ပါဝင်ပစ္စည်းများကို ပြင်ဆင်ထားပြီးဖြစ်သောကြောင့် လီရှန်းအနေဖြင့် ဒယ်အိုးထဲတွင် ဆီပူပေးရန်သာ လိုအပ်ခဲ့၏။

ကျန်းဝမ်ကျန့်နှင့် သူမ၏ ခင်ပွန်းတို့ ပြန်လည်၍ ရောက်ရှိလာကြသည့်အချိန်တွင် ဟင်းလျာများက စားပွဲပေါ်တွင် အဆင်သင့် ရှိနေခဲ့လေပြီ။

ကျန်းဝမ်ကျန့်က ထိုဟင်းများကိုမြင်တွေ့လိုက်ရသောကြောင့် အားနာမိသွားရတော့၏။

“နင် ကျန်းမာရေး အပြည့်အဝ မကောင်းသေးဘူးလေ၊ ဘာလို့ချက်ထားတာလဲ”

“ဘာမှမဖြစ်ပါဘူး ယောက်မ၊ ယောင်မက ဟင်းသီးဟင်းရွက်တွေကို လှီးဖြတ်ထားပြီးသားဆိုတော့ ကျွန်မက ဆီသတ်ရုံတင်ပဲလေ”

လီရှန်းက စကားပြောရင်း ထိုဇနီးမောင်နှံနှစ်ဦးကြားသို့ မျက်ဝန်းများကို လှည့််ပတ်ကြည့်လိုက်လေသည်။

ထို့နောက်တွင် စုဝေ့ယန်၏ နှုတ်ခမ်းများက အပေါ်သို့ကွေးညွှတ်နေခဲ့ပြီး ကျန်းဝမ်ကျန့်၏ မျက်ခုံးများကတော့ အနည်းငယ် တွန့်ချိုးနေခဲ့သည်ကို သူမ သတိပြုမိခဲ့သည်။

ကျန်းဝမ်ကျန့်က ပျော်ရွှင်နေသည့် အမူအရာမျိုး မရှိပေ။

လီရှန်း : “?”

ဘာဖြစ်တာလဲ၊ နားလည်မှုလွဲမှားတာက ပြန်ပြီး အဆင်မပြေသွားသေးဘူးလား။

သို့သော် စုဝေ့ယန်၏ အရှေ့တွင် မေးမြန်းရန်အတွက် မသင့်တော်သောကြောင့် သူမ၏ သံသယများကို စိတ်ထဲတွင်သာ သိမ်းဆည်းထားခဲ့ရတော့သည်။

*

All Chapters