နယ်ပယ်၏ ပြီးပြည့်စုံခြင်း
Vol. 12 Ch. 145
အေးချမ်းမှု၏ သက်တမ်းမှာ ခန့်မှန်းရ ခက်လွန်းလှချေ၏။ လီယွမ်သည် စီနီယာ အစ်မကြီးအား စိတ်ချ လက်ချ ရှိစေပြီးနောက် ဝါးတောအတွင်းရှိ လျှို့ဝှက် စခန်းဆီသို့ မဆိုင်းမတွပင် ခြေလှမ်း လှမ်းလိုက်၏။ သူ၏ မျက်ဝန်း ရှေ့မှောက်၌ ဒေတာ ပြကွက်များက တဖျပ်ဖျပ် ပေါ်ထွက် လာ၏။
【 ကူသခင် - လီယွမ် 】
【 အနက်ရောင်အိုး (၇-ဆင့် ၁၂၇၇/၈၀၀၀) 】
【 ရောင်စုံအိုး - ၀ 】
【 နယ်ပယ် - ခုနစ်ဆင့် 】
【 စိတ်အာရုံ စွမ်းအား - နယ်ပယ် ပြီးပြည့်စုံခြင်း 】
【 ပင်မကူ - ဘီလူး ဝိညာဉ်ကူ၊ ပြန်လည် ရှင်သန်ခြင်းကူ၊ အိပ်မက်ရောင်စုံ နတ်မိမယ်.. ဆန်းကြယ် ပုံရိပ်ကူ၊ ပင့်ကူဘုရင်မကူ၊ ဓားနတ်သမီး 】
【 ကူအိမ် - အိပ်မက် ရောင်စုံနန်းတော် (သောင်းအဆင့် ကူအိမ်)၊ ပင့်ကူမျှင် ဆန်းကြယ်နယ်မြေ (သောင်းအဆင့် ကူအိမ်) 】
“ နတ်ဘုရား နယ်ပယ်ကို ချိုးဖြတ် သွားတာလား”
လီယွမ်က တစ်ကိုယ်တည်း တီးတိုး ရေရွတ် လိုက်၏။ အပြင်းထန်ဆုံး တိုက်ပွဲတွင် ပေါက်ကွဲ ကူကောင် တစ်သိန်းကို ထုတ်ဖော် ခဲ့မှုကြောင့်၊ လီယွမ်၏ စိတ်အာရုံမှာ ပြီးပြည့်စုံခြင်း နယ်ပယ်သို့ ချဉ်းကပ် သွားခဲ့သည်။
နက်ရှိုင်းသော ချောက်ကမ်းပါး နယ်ပယ်သို့ ရောက်ရန် ခြေတစ်လှမ်း သာ လိုတော့၏။ မည်သည့် ကျင့်ကြံခြင်း လမ်းစဉ်မဆို မြင့်လေလေ ခက်ခဲ လေလေပင်။ လီယွမ်သည် သူ၏ နယ်ပယ်ကို အထွတ်အထိပ် မှသည် ပြီးပြည့်စုံခြင်း သို့ ရောက်အောင် အချိန်အတော်ကြာ အားထုတ် ခဲ့ရသည်။
ဤအဆင့်သို့ ရောက်ရှိခြင်းမှာ အရည်အသွေး ပိုင်းဆိုင်ရာ နောက်ထပ် ပြောင်းလဲမှု တစ်ခုပင်။ စိတ်အာရုံ ပင်လယ် ကမ္ဘာအတွင်း၌ တောင်တန်းများ၊ မြစ်ချောင်းများနှင့် ပင်လယ်များမှာ တစ်သားတည်း ဖြစ်လုနီးပါး ရှိနေပြီး နယ်ပယ်သစ်များကို ဖွင့်လှစ်ကာ လူသားတို့၏ ကန့်သတ်ချက်ကို ကျော်လွန်ရန် အသင့် ဖြစ်နေ၏။
“ အဆင့်မြင့် စိတ်ဝိညာဉ် ထိန်းချုပ်ခြင်း ကျမ်း ” အရ သက်ရှိ တစ်ဦး၏ စိတ်အာရုံ အကျယ်အဝန်း ကန့်သတ်ချက်မှာ ပြီးပြည့်စုံခြင်း အဆင့်ပင် ဖြစ်သည်။ နက်ရှိုင်းသော ချောက်ကမ်းပါး နယ်ပယ်သို့ ဝင်ရောက်ရန်မှာ ကမ္ဘာမြေ၏ စွမ်းအားကို ငှားရမ်းကာ ‘ ကမ္ဘာသစ် ’ တစ်ခုကို ဖန်တီး ရမည်သာ။ ကျမ်းလိပ် ထဲတွင်မူ ထိုအကြောင်းအရာကို ဝေဝါးစွာသာ ဖော်ပြ ထားသည်။
မှတ်တမ်းများ အရမူ.. စိတ်အာရုံ စွမ်းအားကို ထိုအဆင့်အထိ ရောက်ရှိ သူများသည် အနည်းဆုံး ကိုးဆင့်မြောက် ကူသခင် သို့မဟုတ် ကိုးဆင့်မြောက် သိုင်းနတ်ဘုရားများ သာ ဖြစ်ကြလေ၏။
“ လောလောဆယ်တော့ ထပ်ပြီး ဖောက်ထွက်ဖို့ မလွယ်သေးဘူး.. ”
လီယွမ်က တွက်ဆလိုက်သည်။
ထိုအဆင့်သို့ ရောက်ရန်အတွက် ခုနစ်ကောင်မြောက် ပင်မကူ ကို သန့်စင် ရမည် ဖြစ်ပြီး ထိုကူမှာလည်း သာမန် ကူမျိုး မဖြစ်နိုင်ပေ။ သူ၏ စိတ်အာရုံ အကျယ်အဝန်းမှာ သာမန် ကူသခင်များ ထက် များစွာ သာလွန် နေပြီး နှလုံးသားမေးခွန်း ကူကောင် ပိုင်ဆိုင်သည့် ရှောင်ချင်အာ ထက်ပင် သာလွန် နေခြင်းမှာ ပင်မကူ အမြောက်အမြား၏ ပေါင်းစပ်မှု ကြောင့်ပင်။
“ တကယ်လို့သာ ချောက်ကမ်းပါး နယ်ပယ်ထဲကို ခြေလှမ်း နိုင်ခဲ့ရင်တော့ တကယ်ကို ပျော်စရာ ကောင်းမှာပဲ.. ”
လီယွမ်က မျှော်လင့်ချက် အပြည့်ဖြင့် တွေးတော နေမိ၏။ ထိုနယ်ပယ်သို့ ရောက်ရှိခြင်းမှာ အကျယ်အဝန်း တိုးပွားခြင်း ထက် များစွာ ပိုမို သည်။
“ နတ်ဘုရားများ လမ်းညွှန်ချက် ” အရ ထိုအဆင့်တွင် စိတ်ဝိညာဉ်ကို ခန္ဓာကိုယ် ပြင်ပသို့ စေလွှတ် နိုင်သလို ဝိညာဉ်ကိုလည်း ခွဲဖြာနိုင်၏။
တစ်နည်းအားဖြင့် ဆိုရသော် မိုင်ပေါင်း ထောင်ချီ ဝေးကွာသော နေရာမှ လူကို သတ်နိုင်သလို ပစ္စည်းများကိုလည်း ဝိညာဉ်ဖြင့် ထိန်းချုပ် နိုင်ခြင်းပင်။ မိမိ၏ ဝိညာဉ် အစိတ်အပိုင်းကို ကူကောင် ထဲသို့ ထည့်သွင်းကာ ထိန်းချုပ် နိုင်သဖြင့် လက်အောက်ခံ ကူကောင်များမှာ မိမိ၏ ဝိညာဉ် ခွဲပွားများ ကဲ့သို့ပင် အစွမ်းထက် လာလိမ့်မည်။ အနုစိတ် ထိန်းချုပ်မှု အဆင့်မှာလည်း အထွတ်အထိပ်သို့ ရောက်ရှိ တော့မည်။
အရေးကြီးဆုံး အချက်မှာ စိတ်အာရုံ စွမ်းအား အမြင့်ဆုံးသို့ ရောက်ရှိခြင်းမှာ ‘ ကူစိတ်ဝိညာဉ် ကျင့်စဉ် ’ ၏ အမြင့်ဆုံး အဆင့်ဖြစ်သော ‘ အတ္တကင်းမဲ့ ကူ ’ ကို ကျင့်ကြံရန် မဖြစ်မနေ လိုအပ်သော အချက်ပင်။ လက်ရှိ ကူလမ်းစဉ်၏ ထိပ်တန်း ခေါင်းဆောင်ကြီး ဖြစ်သော ဘိုးဘေးကြီး ပင်လျှင် ဤအဆင့်ကို ရောက်ရှိ ချင်မှ ရောက်ရှိ လိမ့်မည်။
“ ဒါ..တကယ်ကို ခက်ခဲ ပါပေတယ်.. ”
လီယွမ်က သက်ပြင်း ချလိုက်မိ၏။
နယ်ပယ် နိမ့်ပါး စဉ်ကမူ ရေတွင်းထဲက ဖားတစ်ကောင်.. လကို ကြည့်နေ သကဲ့သို့ဖြစ်ပြီး အဝေးကြီးမှာ ရှိသော်လည်း လှမ်းကိုင်၍ ရနိုင်မည်ဟု ထင်မှတ် ခဲ့မိသည်။
နယ်ပယ် မြင့်မား လာသော အခါမှသာ ကူလမ်းစဉ်၏ ကျယ်ပြန့်မှုနှင့် မိမိ၏ သေးငယ်မှုကို ကောင်းကင်ပြာကို ကြည့်နေသည့် ပိုးဖတ်လေး တစ်ကောင်နှယ် ခံစား လာရတော့၏။
ခဏမျှ တွေးတော ပြီးနောက် လီယွမ်က ရှုပ်ထွေးသော အတွေးများကို ရှင်းထုတ် လိုက်ပြီးနောက် ကူအိမ် ဖြစ်သည့် ပင့်ကူမျှင် ဆန်းကြယ် နယ်မြေ ရှေ့တွင် ထိုင်ကာ ကူသန့်စင်ရန် ပြင်ဆင် လိုက်၏။ ယခုတစ်ကြိမ် ၌မူ သူသည် ဝူမေ့ကို ဆင့်ကဲ ပြောင်းလဲရန် အစွမ်းကုန် ကြိုးစား တော့မည်။
“ အရှေ့ပိုင်း ယူနယ်မြေ ခရီးစဉ်ကတော့ တကယ်ကို အမြတ် ထွက်ခဲ့တာပဲ.. ”
ဟေးထုံ၊ ပိုင်ထုံ တို့နှင့် တိုက်ပွဲများ၊ ပန်ရှန်း သိုင်းသူတော်စင်ကြီး နှင့် ရင်ဆိုင် ခဲ့ရမှုများက သူ့အား စိန်ခေါ်မှု အသစ်များ ပေးခဲ့သလို၊ အခြား ပင်မကူများနှင့် ပူးပေါင်း ဆောင်ရွက်မှုကိုလည်း ပိုမို ထက်မြက် လာစေခဲ့သည်။
ဘီလူး ဝိညာဉ်ကူ၊ ပြန်လည် ရှင်သန်ခြင်းကူ နှင့် ဆန်းကြယ် ပုံရိပ်ကူ တို့မှာလည်း ကူအိမ်များ ဖွင့်လှစ် နိုင်ချေ ရှိနေပြီ။ အထူးသဖြင့် ပြန်လည် ရှင်သန်ခြင်းကူ နှင့် ဆန်းကြယ် ပုံရိပ်ကူ တို့ကို ကူအိမ် အဖြစ် တည်ဆောက် လိုက်ပါက ထူးခြား ကူကောင် အနှစ်သာရများ အဖြစ် ပိုမို တန်ဖိုးရှိသော ရတနာများ ထွက်ပေါ် လာပါလိမ့်မည်။
“ ရှောင်ချိုက်”
လီယွမ်က ရှောင်ချိုက်ကို ခေါ်ယူ လိုက်ပြီး ရတနာ နေရာလွတ်ကို ဖွင့်ကာ အတွင်းရှိ ရတနာ အားလုံးကို ထုတ်ယူ လိုက်၏။ မြေပြင်ပေါ်၌ ပြန့်ကျဲ နေသော ရတနာများကို ကြည့်ရင်း သူ၏ စိတ်အခြေအနေမှာ များစွာ ကောင်းမွန် လာရသည်။ ဝူမေ့အတွက် အသင့်တော်ဆုံး ရတနာမှာ အလွှာတစ်ထောင် မိုးကြိုးမီးလျှံ သစ်သား ပင် ဖြစ်သည်။
သို့သော်လည်း အလွှာတစ်ထောင် မိုးကြိုးမီးလျှံ သစ်သားကို တိုက်ရိုက် ပေါင်းစပ်ခြင်းမှာ အလွန် အန္တရာယ် များလှပေ၏။
ကောင်းကင် မိုးကြိုးနှင့် မြေကမ္ဘာ မီးလျှံတို့၏ အကြိမ်ပေါင်း ထောင်ချီ ပုံသွင်းမှုကို ခံထားရသဖြင့် ၎င်းမှာ သာမန် အင်းဆက်များ ကိုင်တွယ် နိုင်သည့် အရာ မဟုတ်ပေ။ လီယွမ်သည် ဝူမေ့ကို တိုက်ရိုက် ပေါင်းစပ်ခိုင်းရန် မဝံ့ရဲချေ။
“ ကြားခံ အသားစား ကူကောင် တစ်ကောင် ရှာဖို့ လိုမယ်.. ”
အသားစား ကူကောင် ဆိုသည်မှာ အခြား ကူကောင်များကို အစာကျွေးရန် သို့မဟုတ် မျိုးစပ် စမ်းသပ်မှုများ အတွက် သီးသန့် မွေးမြူထားသော ကူကောင်များကို ဆိုလိုသည်။ ၎င်းတို့မှာ အသုံးမကျသော အရာများ မဟုတ်ဘဲ အပြန်အလှန် အားဖြင့် တန်ဖိုးရှိလှ၏။ အာဟာရ တန်ဖိုး မြင့်မားသလို၊ လိုက်လျော ညီထွေ ဖြစ်မှုလည်း မြင့်မားကာ၊ ပြုစု ပျိုးထောင်ရန်လည်း မလွယ်ကူလှပေ။
“ မင်းပဲ ဖြစ်ရမယ်.. ”
လီယွမ်က ရှားပါးကူ တစ်ကောင်ကို ကြားခံအဖြစ် ရွေးချယ် လိုက်သည်။ ထိုရှားပါးကူမှာ ပင်မကူ အဖြစ် သန့်စင် လိုက်ပါက ကူသခင်ကို ကုသမှု စွမ်းရည်များ ပေးစွမ်း နိုင်သလို၊ ကမ္ဘာမြေ၏ စွမ်းအင်ကိုလည်း ထူးခြားသော ဆန်းကြယ်ချီ အဖြစ် ပြောင်းလဲ နိုင်စွမ်း ရှိသည်။ ထိုဆန်းကြယ်ချီက ဒဏ်ရာများကို ကုသ နိုင်သလို၊ ဆာလောင်မှုကိုလည်း ပြေပျောက် စေနိုင်၏။ တိုက်ခိုက်ရေး စွမ်းရည် မရှိသဖြင့် ကူသခင် အနည်းငယ် သာလျှင် ၎င်းကို ပင်မကူ အဖြစ် ထားရှိ လေ့ရှိကြသည်။
【 မူလ ပစ္စည်းကို ရွေးချယ်ပါ 】
【 ရှားပါးကူ ရှစ်ရောင်ခြယ် ကူကောင် 】
【 အလွှာတစ်ထောင် မိုးကြိုးမီးလျှံ သစ်သား၊ မီးစားမြက်၊ မိုးကြိုးဆွဲ မှို တို့ကို ထည့်သွင်းပါ 】
【 သန့်စင်ခြင်း စတင်ပါတယ် 】
မီးစားမြက်နှင့် မိုးကြိုးဆွဲ မှိုတို့မှာ ကောင်းကင် မိုးကြိုးနှင့် မြေကမ္ဘာ မီးလျှံ တို့၏ စွမ်းအားကို တန်ပြန် နိုင်သော ရတနာများ ဖြစ်သဖြင့်၊ ရှစ်ရောင်ခြယ် ကူကောင်၏ ‘ ကပ်ဘေး ကျော်ဖြတ်ခြင်း ’ ကို ပိုမို လွယ်ကူ စေလိမ့်မည်။ အနက်ရောင်အိုးကြီးမှာ တုန်ခါ လာ၏။
“ဖောင်း ..ဖောင်း”
နောက်ဆုံးတွင်မူ အိုးအတွင်းမှ အနက်ရောင် မီးခိုးများ ထွက်ပေါ် လာ၏။ ထိုမီးခိုးများကို မြင်လိုက်ရသည်နှင့် လီယွမ်က တစ်စုံတစ်ခု မှားယွင်း နေပြီကို သိလိုက်၏။
【 ရှားပါးကူ ရှစ်ရောင်ခြယ် ကူကောင်သည် အလွှာတစ်ထောင် မိုးကြိုးမီးလျှံ သစ်သားနှင့် ပေါင်းစပ်စဉ် မျိုးဗီဇ ပြောင်းလဲသွားပြီး ဆန်းကြယ်ကူ ကောင်းကင်အကြွင်း ခြေခြောက်ချောင်း ကူကောင် (အစာ မကျေညက်သေးပါ) အဖြစ် ပြောင်းလဲသွားပါတယ် 】
“ မျှော်လင့်ထားတဲ့ အတိုင်းပဲ.. ကျရှုံး သွားပြီ”
ရလဒ်မှာ သူ ထင်မှတ် ထားသည့် အတိုင်းပင်။
“ ရှစ်ရောင်ခြယ် ကူကောင် မင်းရဲ့ တာဝန်ကတော့ ပြီးဆုံး သွားပါပြီ”
လီယွမ်က စိတ်ထဲမှ ရေရွတ် လိုက်၏။
【 မူလ ပစ္စည်းကို ရွေးချယ်ပါ 】
【 ကောင်းကင်အကြွင်း ခြေခြောက်ချောင်း ကူကောင် (မိုးကြိုးမီးလျှံ သစ်သား အစိတ်အပိုင်း ပါဝင်သည်) 】
【 ခွဲဖြာခြင်း စတင်ပါတယ် 】
အနက်ရောင်အိုး၏ ခွဲဖြာခြင်း လုပ်ဆောင်ချက်မှာ ကူကောင်များကိုသာ ခွဲဖြာ နိုင်သဖြင့် လီယွမ်သည် ဤနည်းလမ်းကို အသုံးပြုကာ ‘ အလွှာတစ်ထောင် မိုးကြိုးမီးလျှံ သစ်သား ’ ကို ဘေးကင်းသော အခြေအနေသို့ ရောက်အောင် သွယ်ဝိုက်သော နည်းဖြင့် ခွဲဖြာရသည်။ အကယ်၍သာ ဝူမေ့ တစ်ခုခု ဖြစ်သွားမည် ဆိုပါက သူ အလွန်ပင် ဝမ်းနည်း မိလိမ့်မည်။
【 ခွဲဖြာခြင်း ပြီးဆုံးပါတယ် 】
【 မိုးကြိုးကူ ခြေထောက် (၂) ခု၊ မီးကူ ခြေထောက် (၂) ခု နှင့် အလွှာတစ်ထောင် မိုးကြိုးမီးလျှံ သစ်သား အနှစ် (၁) ခု ရရှိပါတယ် 】
“ အောင်မြင် သွားပြီ”
လီယွမ်က ဝမ်းသာအားရ ဖြစ်သွား၏။ သူ၏ အဆင့်များမှာ မှန်ကန် နေခဲ့၏။ အလွှာတစ်ထောင် မိုးကြိုးမီးလျှံ သစ်သားမှာ အလွန် အန္တရာယ် များသော ပစ္စည်း ဖြစ်ပြီး ထိတွေ့မှု များပါက ပေါက်ကွဲ တတ်သည်။
တကယ်တမ်း တန်ဖိုးရှိလှသည်မှာ ‘ အံ့မခန်း အသက်ဓာတ် ’ ဟု ခေါ်ဆိုရမည့် ၎င်း၏ အနှစ်သား ပင် ဖြစ်၏။ အကြိမ်ပေါင်း ထောင်ချီသော မိုးကြိုးနှင့် မီးလျှံ တို့၏ ပုံသွင်းမှုကို ခံထားရသော်လည်း ၎င်း၏ အသက်ဓာတ်များမှာ အနှစ်သား အတွင်း၌ စုစည်း နေခြင်းမှာ တကယ့်ကို အံ့ဖွယ်ပင်။
“ ခွဲဖြာခြင်း လုပ်ဆောင်ချက် ရှိနေလို့ တော်သေးတာပေါ့”
လီယွမ်က ကျေးဇူးတင် မိနေ၏။ မဟုတ်ပါက သူသည် နောက်ထပ် ပေါက်ကွဲမှု တစ်ခုနှင့် ရင်ဆိုင် ရဦးမည်သာ။
“ ဝူမေ့၊ မင်း အလှည့်ပဲ.. ”
“ ကျွီ၊ ကျွီ”
ရှောင်ချိုက်နှင့် ယှဉ်ပြိုင်ရန် အမြဲတမ်း မျှော်လင့် နေခဲ့သည့် ဝူမေ့မှာ အဆင်သင့် ဖြစ်နေ၏။ လီယွမ် စကား ပြောပြီးသည်နှင့် ၎င်းမှာ အနက်ရောင်အိုး အတွင်းသို့ တွားဝင် သွားလေတော့သည်။
“ ဘယ်လောက်တောင် အလောတကြီး ဖြစ်နေရတာလဲ”
လီယွမ်က ပြုံးရင်း အနှစ်သားကို အိုးအတွင်းသို့ ထည့်ပေး လိုက်၏။
“ ကျွီ၊ ကျွီ”
ဝူမေ့က ပင့်ကူမျှင်ဖြင့် အိုးဖုံးကို ဆွဲပိတ် လိုက်၏။
“ ဟားဟား၊ မင်းက အိုးဖုံးတောင် ကိုယ်တိုင် ပိတ်တတ် နေပြီလား”
အကယ်၍ ၎င်း၏ သိမြင်မှု စွမ်းအားသာ အနည်းငယ် ပိုမို တိုးတက် လာမည် ဆိုပါက နောင်တွင် ကိုယ်တိုင် ကျင့်ကြံ နိုင်လိမ့်မည်။ ထိုအခါမှသာ လီယွမ် အနေဖြင့် ပိုမို စိတ်အေး ရတော့မည်။
“ ဒါဆိုရင်တော့ စလိုက်ကြစို့”
【 မူလ ပစ္စည်းကို ရွေးချယ်ပါ 】
【 ပင်မကူ ပင့်ကူဘုရင်မကူ နှင့် အလွှာတစ်ထောင် မိုးကြိုးမီးလျှံ သစ်သား အနှစ် 】
【 သန့်စင်ခြင်း စတင်ပါတယ် 】
ဝူမေ့ တစ်ယောက်တည်း မျှော်လင့် နေခြင်း မဟုတ်ဘဲ လီယွမ် ကလည်း ပင့်ကူဘုရင်မကူ အနေဖြင့် ရှေ့တစ်လှမ်း တိုးကာ ထူးခြား ကူကောင် ဖြစ်လာမည်ကို မျှော်လင့် နေမိသည်။
သို့မဟုတ် လုံးဝသစ်လွင်သော ရှားပါးကူ တစ်ကောင် အဖြစ် ပြောင်းလဲ သွားမည်လား။
သူကတော့ ဒုတိယ အချက်ကို ပို၍ လိုလား သည်။
ပထမဆုံး ထူးခြား ကူကောင် နှစ်ကောင် ပေါင်းစပ်မှုမှာ ကံကောင်းမှု သက်သက်သာ ဖြစ်ခဲ့သည် မဟုတ်ပါလော။
“ ဝူမေ့ မင်းက တကယ်ကို ပါးစပ်သန်တာပဲ.. ”
လီယွမ်က တိုးတိုးလေး ဆုတောင်း လိုက်၏။ အနက်ရောင်အိုးကြီးမှာ တစ်နာရီ ကြာအောင် ပြင်းထန်စွာ တုန်ခါ နေပြီးနောက် အိုးဖုံး ကြားမှ ရွှေရောင် အလင်းတန်းများ လျှံထွက်လာကာ ရပ်တန့်သွားတော့သည်။
Thank For Reading.