ပေါက်ကွဲ ကူကောင် တစ်သိန်း
Vol. 12 Ch. 140
တောတောင် အုပ်ကြီး အတွင်း၌..
သိုင်းသူတော်စင်ကြီး ၏ အစွမ်းမှာ မယုံနိုင်လောက်အောင် အားပြင်း လှပေရာ နင်ဟုန်ယွီ မှာ ပြန်လည် တုံ့ပြန်ရန် အခွင့်အရေး ပင် မရရှိ ချေ။
ထိုအခိုက်အတန့် ၌ အဝေး တစ်နေရာ မှနေ၍ ရင်သပ် ရှုမော ဖွယ်ရာ ဓားစိတ် ဆန္ဒ တစ်ခု ကောင်းကင်ယံ သို့ ထိုးတက် သွားလေ သည်။
ပန်ရှန်း သိုင်းသူတော်စင်ကြီး မှာ မျက်မှောင် ကြုတ်လိုက် မိ၏။ ပြင်းထန်သော ဓားချီ များ ပျောက်ကွယ် သွားသည် နှင့်အတူ ဟေးထုံ နှင့် ပိုင်ထုံ တို့၏ အသက်ဓာတ် များမှာလည်း ရုတ်ချည်း ချုပ်ငြိမ်း သွားလေ တော့သည်။ ဤအချက် က သိုင်းသူတော်စင်ကြီး ၏ ရင်ထဲတွင် ပြင်းထန်သော အန္တရာယ် အာရုံကို ဖြစ်ပေါ် စေတော့၏။
“ သေသွားပြီလား”
“ သတ္တမအဆင့် ကူသခင် တစ်ယောက်က ဟေးထုံနဲ့ ပိုင်ထုံကို တကယ်ပဲ သတ်နိုင်ခဲ့တာလား.. ဟို လျှို့ဝှက်ဆန်းကြယ်တဲ့ ဓားသမားကပဲ တိတ်တဆိတ် ကူညီလိုက်တာများလား”
မသိနိုင်သော အရာများကသာ လူကို အစစ်အမှန် ထိတ်လန့် စေနိုင်သည် မဟုတ်ပါလော။
ပန်ရှန်း သိုင်းသူတော်စင်ကြီး ပင်လျှင် ဟေးထုံ နှင့် ပိုင်ထုံ တို့ကို သတ်နိုင်မည်ဟု အာမ မခံနိုင်ချေ။ ထိုမောင်နှမ နှစ်ဦး၏ ပူးပေါင်းမှုမှာ အလွန် ကောင်းမွန် လှသဖြင့် မမျှော်လင့်ထားသော ကိစ္စများ မရှိပါက သူတော်စင်ကြီး တစ်ဦးကိုပင် အေးဆေးစွာ ရင်ဆိုင် နိုင်ကြသည်။
နင်ဟုန်ယွီ သည်လည်း ဝေခွဲ မရ ဖြစ်နေ မိ၏။
လွန်ခဲ့သော နှစ်ပေါင်း သုံးထောင် က ဓားနတ်သမီး တစ်ယောက် မည်သည့် အဆင့် အထိ ရောက်ရှိ နိုင်မည်ကို သူမ လုံးဝ မခန့်မှန်း နိုင်ချေ။
သေသေချာချာ စဉ်းစား ကြည့်မည် ဆိုပါက ဂျူနီယာ မောင်လေး နှင့် ဓားနတ်သမီး တို့မှာ ဟေးထုံ တို့ကို အနိုင်ယူ ခဲ့လျှင်တောင်မှ ကြီးမားသော ပေးဆပ်မှုများ ပြုလုပ် ခဲ့ရမည်မှာ သေချာ လှသည်။
သိပ်မကြာမီ တောင်ပတ်လမ်း ပေါ်တွင် ပုံရိပ် တစ်ခု ပေါ်လာခဲ့ သည်။ လီယွမ် သည် စုတ်ပြတ် သတ်နေသော ဟေးထုံ နှင့် ပိုင်ထုံ တို့၏ အလောင်းများကို တရွတ်တိုက် ဆွဲလာရင်း ပြန်လည် ရောက်ရှိ လာ၏။ သူသည် အလောင်းထိန်း ကူကောင်ကို သုံးကာ သိုင်းသူတော်စင်ကြီး ရွံရှာ စက်ဆုပ် သွားစေရန် တမင်တကာ သန့်စင် ပြလိုက် သည်။
“ မင်း သူတို့ကို တကယ် သတ်လိုက်တာလား”
သိုင်းသူတော်စင်ကြီး မှာ အံ့ဩ သွားသော်လည်း ကြောက်လန့်ခြင်း မရှိပေ။ တစ်ဖက်လူ၏ အခြေအနေမှာ နောက်ဆုံး ထွက်သက် သို့ ရောက်နေပြီ ဖြစ်ကြောင်း သူ အာရုံခံ မိသည်။ ဟေးထုံ နှင့် ပိုင်ထုံ တို့ကို သတ်ရန် အတွက် ပြိုင်ဘက်မှာ သူ၏ အင်အား ကိုးဆယ် ရာခိုင်နှုန်း ခန့်ကို အသုံးပြု ခဲ့ရသည် မဟုတ်ပါလော။
၎င်းမှာ သွေးမြေကျ တိုက်ပွဲကြီး တစ်ခု ဖြစ်ခဲ့မည်မှာ မြေကြီး လက်ခတ် မလွဲပင်။ ဝတ်ရုံနီ နှင့် မိန်းကလေး မှာလည်း သူ၏ လက်ချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာ ရထားသည်။ ယခု အချိန်တွင်မူ အခြေအနေ အရပ်ရပ်က သူ၏ လက်ခုပ် အတွင်းမှာသာ ရှိနေတော့၏။
သိုင်းသူတော်စင်ကြီး ၏ အကြည့်များက လီယွမ် နှင့် နင်ဟုန်ယွီ တို့ကြား ကူးချည် သန်းချည် ဖြစ်နေပြီးနောက် လီယွမ်ကိုသာ အရင်ဆုံး ရှင်းလင်းရန် ဆုံးဖြတ် လိုက်လေ တော့သည်။
“ တောင်ဖြို လက်သီး..ကောင်းကင် ပျက်သုဉ်းခြင်း”
ထက်ရှသော သိုင်းပညာ အရှိန်အဝါများ ထွက်ပေါ် လာခဲ့သည်။ နင်ဟုန်ယွီ ကို အပြင်းအထန် ဒဏ်ရာ ရစေပြီး နောက်တွင်လည်း သိုင်းသူတော်စင်ကြီး ထံ၌ အင်အားများ ကျန်ရှိ နေသေး၏။
တောင်တန်း နှင့် မြစ်ချောင်းများ ၏ ထူးဆန်းသော ဖြစ်စဉ်များမှာ လီယွမ် ၏ အထက်သို့ ရွေ့လျား လာပြန်သည်။
တောင်ကြီး ပြိုကျ လာသကဲ့သို့ အဆုံးမဲ့သော လက်သီးစိတ်ဆန္ဒများက ဖိနှိပ် ချလာတော့၏။
“ ဘီလူးဝိဉာဉ်”
ဤတစ်ကြိမ် ၌မူ လီယွမ် သည် ထိပ်တိုက် ရင်ဆိုင်ရန် ရွေးချယ် လိုက်ပြီး သူ၏ လက်သီးများဖြင့် ပြန်လည် တုံ့ပြန် လိုက်၏။
“ဒုန်း”
တောင်ကြီး တစ်လုံးလုံး သူ၏ အပေါ်သို့ ပြိုကျ ပျက်စီး သွားသကဲ့သို့ လီယွမ် မှာ သွေးအန် ထွက်သွားပြီး မြေပြင် ထဲသို့ ပြင်းထန်စွာ ရိုက်သွင်းခံလိုက်ရ သည်။
စစ်မှန်သော ခွန်အားချင်း ပြိုင်ဆိုင်မှု တွင်မူ သူသည် သိုင်းသူတော်စင်ကြီး ကို ယှဉ်နိုင်စွမ်း မရှိပေ။ ဟေးထုံ တို့ကို သတ်နိုင် ခဲ့ခြင်းမှာလည်း ဓားနတ်သမီး ၏ သိုင်းပညာ ကောင်းကင် ဖြစ်စဉ် ကြောင့်သာပင်။
“ ဂျူနီယာ မောင်လေး”
နင်ဟုန်ယွီ မှာ လှမ်း၍ ကူညီ ချင်သော်လည်း အင်အား မရှိတော့ပေ။ သူမသည်လည်း သိုင်းသူတော်စင်ကြီး ၏ လက်သီးချက် ကြောင့် လွင့်စင် သွားရ ပြန်သည်။
“ စီနီယာအစ်မကြီး ကျွန်တော့်အတွက် စိတ်မပူဘဲ အရင် ထွက်သွားပါ”
လီယွမ် က ကူကောင် ဖြင့် အသံလွှင့်ကာ မှာကြား လိုက်သည်။ သူသည် သိုင်းသူတော်စင်ကြီး ကို အနိုင် မတိုက်နိုင် သော်လည်း ပြန်လည် ရှင်သန်ခြင်း ကူကောင် ရှိနေသရွေ့ သူ သေလိမ့်မည် မဟုတ်ပေ။ သူ အလိုရှိသည်မှာ စီနီယာအစ်မကြီး လွတ်မြောက် သွားရန် အချိန်ဆွဲ ပေးလိုခြင်း သာတည်း။
“ မဟုတ်ဘူး.. ”
နင်ဟုန်ယွီ တစ်စုံတစ်ခု မပြောနိုင် ခင်မှာပင် လီယွမ် က ကြားဖြတ် တားဆီး လိုက်၏။
“ စကားတွေ အများကြီး ပြောမနေပါနဲ့ ကျွန်တော့်မှာ ကူအင်မော်တယ် ပေးထားတဲ့ နည်းလမ်းတွေ ရှိပါတယ်.. ကျွန်တော် မသေပါဘူး.. ”
“ မင်းက တကယ်ကို ဇွဲကောင်း တာပဲ.. ”
ပန်ရှန်း သိုင်းသူတော်စင်ကြီး မှာ အံ့ဩ သွားရ ပြန်သည်။
သေလုမျောပါး ဖြစ်နေသော ကူသခင် တစ်ဦးက သူ၏ လက်သီးချက် ကို ခံယူပြီး နောက်တွင်လည်း လျင်မြန်စွာ ပြန်လည် နာလန်ထူ နိုင်နေသည် မဟုတ်ပါလော။ ဤကူသခင် များမှာ တစ်ယောက်ထက် တစ်ယောက် ပို၍ ထူးဆန်း နေကြတော့၏။
“ မင်းလို ဝဝတုတ်တုတ်ကြီးကို အားကုန်အောင် လုပ်ဖို့ဆိုတာ ခက်မှာ မဟုတ်ပါဘူး.. ”
သွေးအလိမ်းလိမ်း ပေကျံ နေသော လီယွမ် က ပြုံးဖြီးဖြီး လုပ်လိုက်သည်။ ဘီလူး ဝိညာဉ် ကူကောင် ပူးကပ် ထားသဖြင့် သူ၏ မာနများမှာ အထွတ်အထိပ် သို့ ရောက်နေတော့၏။
“ မင်းက သူ..လွတ်မြောက်ဖို့အတွက် အချိန်ဆွဲ ပေးချင်နေတာလား”
သိုင်းသူတော်စင်ကြီး က လီယွမ် ၏ အကြံကို တစ်ချက်တည်း နှင့် ရိပ်မိ သွားကာ သက်ပြင်း ချလိုက်သည်။
“ ဘာလို့ ငါ့ကို မယုံကြည် ရတာလဲ”
“ သူ ဘယ်မှ ထွက်ပြေးလို့ မရပါဘူး.. ”
“ အလုပ်ရှင်ရဲ့ လူတွေလည်း လမ်းမှာ ရောက်နေကြပြီ ငါ ရှုံးသွားရင်တောင်မှ ထျန်းဝေ့ထျန်း က ပိုပြီး အစွမ်းထက်တဲ့ သူတွေကို ထပ်လွှတ်ဦးမှာပဲ.. ဒီတာဝန်က လုံးဝ ကျရှုံးလို့ မရဘူး.. ”
ထိုသို့ ထပ်ကာတလဲလဲ ပြောဆို နေမှုများက လီယွမ် ၏ စိတ်ကို လေးလံ သွားစေသည်။
သူသည် တကယ်ပင် ယုံကြည် စပြု လာခဲ့၏။ စီနီယာအစ်မကြီး ၏ ဖုံးကွယ် ထားသော အမှတ်အသား မှာ မည်မျှအထိ ကြီးကျယ် မြင့်မြတ် နေပါသနည်း။
အလုပ်ရှင် အနေဖြင့် ဤမျှ မြင့်မားသော အဖိုးအခ ကို ပေးဆောင်ကာ ထျန်းဝေ့ထျန်း မှ ပညာရှင်များကို အသေအလဲ တိုက်ခိုက် ခိုင်းရသည် အထိ မည်သည့် အရာက တွန်းအား ပေးနေ သနည်း။ သူ နားမလည်နိုင်တော့ချေ။
လီယွမ် သည် တွေးတောရင်း သူ၏ ခါးရှိ ဘူးသီးကို လှမ်း၍ ကိုင်လိုက်သည်။ ထိုဘူးသီး အတွင်း၌ ပေါက်ကွဲ ကူကောင် ပေါင်း သောင်းချီ၍ ရှိနေ၏။
သူ၏ အားသာချက်မှာ လက်အောက်ခံ ကူကောင်များကို အကန့်အသတ်မရှိ ထိန်းချုပ်နိုင်ခြင်းပင် ဖြစ်သော်လည်း ထိပ်တိုက် တိုက်ပွဲများတွင်မူ သူ အသုံးပြုလေ့ သိပ်မရှိချေ။ ယနေ့တွင်မူ အသုံးပြုရန် လိုအပ် လာခဲ့၏။
“ ဟမ်”
ထိုစဉ် သိုင်းသူတော်စင်ကြီး က အံ့ဩ တကြီး ရေရွတ် လိုက်၏။
“ အလုပ်ရှင်ရဲ့ လူတွေ ရောက်လာပြီ ထင်တယ်.. ”
သူ၏ အာရုံခံစားမှု အတွင်း၌ နောက်ထပ် အရှိန်အဝါ နှစ်ခု လျင်မြန်စွာ ချဉ်းကပ် လာနေသည်ကို တွေ့လိုက်ရသည်။
လီယွမ် ၏ မျက်နှာထားမှာ အနည်းငယ် ပျက်ယွင်း သွားတော့သည်။
သိုင်းသူတော်စင်ကြီး မှာ သူ့အား လိမ်ညာ နေခြင်း မဟုတ်ပေ။ စီနီယာအစ်မကြီး တွင် တကယ်ပင် ကြီးမားလှသော လျှို့ဝှက်ချက်ကြီး ရှိနေပြီး သိုင်းသူတော်စင် များစွာကို ဆွဲဆောင် နေခြင်း ပင်တည်း။
“ စီနီယာအစ်မကြီး ပြေးတော့”
လီယွမ် သည် တတိယ အကြိမ်မြောက် အသံလွှင့် လိုက်၏။ တစ်ပြိုင်နက်တည်း မှာပင် သူ၏ နောက်ကျောမှ ဘူးသီး လေးငါးလုံးကို ဆွဲထုတ်ကာ အကုန်လုံးကို လွှင့်ပစ် လိုက်လေတော့သည်။
“ဝီ ဝီ”
ရေတွက်၍ မရနိုင်သော ပေါက်ကွဲ ကူကောင် များမှာ ပြည့်နှက်ကာ ပျံသန်း ထွက်ပေါ် လာခဲ့၏။ ၎င်းတို့မှာ အုံနှင့် ကျင်းနှင့် ဖြန့်ကျက် သွားပြီး တစ်ပြင်လုံးကို မည်းမှောင်သော တိမ်တိုက်များ အလား ဖုံးလွှမ်း သွားတော့သည်။
“ ပေါက်ကွဲစမ်း”
ပေါက်ကွဲ ကူကောင် များမှာ အလွန် သေးငယ် သော်လည်း ကောင်းကင် နှင့် မြေကြီး ကြားရှိ စွမ်းအင်များကို လျင်မြန်စွာ စုပ်ယူ နိုင်စွမ်း ရှိကြပြီးနောက်၊ အလွှာလိုက် အလွှာလိုက် အဆုံးမရှိသော ပေါက်ကွဲမှုများကို ထုတ်ဖော် နိုင်ကြသည်။ အရေအတွက် များလေလေ ပေါင်းစပ် ပေါက်ကွဲအား မှာလည်း ပိုမို ပြင်းထန် လေလေ ပင် ဖြစ်တော့၏။
"ဂျုန်း"
“ မင်း မင်း ရူးနေတာလား”
ပန်ရှန်း သိုင်းသူတော်စင်ကြီး ၏ မျက်နှာမှာ ရုတ်ချည်း ပြောင်းလဲ သွားတော့သည်။
ထိုကူသခင် မှာ မိမိ၏ အသက်ကို ပင် ပဓာန မထားဘဲ ကိုယ့်ကိုယ်ကိုယ်ပါ ပေါက်ကွဲ စေသည်အထိ လုပ်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ် မထားခဲ့ပေ။
“ဂျိမ်း ဝုန်း”
ဆက်တိုက် ဖြစ်ပေါ် လာသော ပေါက်ကွဲမှုကြီး များကြောင့် တောင်တန်း တစ်ခုလုံး တုန်ခါ သွားရပြီး ကြောက်မက်ဖွယ် ကောင်းသော တုန်ခါမှု လှိုင်းများက အပူလှိုင်း တစ်ခုကို ဖန်တီးကာ လီယွမ်ကို နင်ဟုန်ယွီ ထွက်ပြေးသည့် ဘက်သို့ လွင့်စင် သွားစေတော့၏။
သိုင်းသူတော်စင်ကြီး မှာမူ ပေါက်ကွဲ ကူကောင် တစ်သိန်း ကျော်၏ တိုက်ခိုက်မှုကို တည့်တည့် ရင်မဆိုင် ရဲသဖြင့် သူ၏ သိုင်းပညာ ကောင်းကင် ဖြစ်စဉ်ကို ထုတ်ဖော်ကာ မိမိကိုယ်ကိုယ် ကာကွယ်လိုက်ရသည်။ သူ၏ အမြင် တွင်မူ ထိုကူသခင် မှာ အစအန မကျန် ပျောက်ကွယ်သွားခဲ့၏။
အဝေး တစ်နေရာ ၌..
နင်ဟုန်ယွီ မှာ မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်ရင်း မျက်ရည်များမှာလည်း ထိန်းမနိုင် သိမ်းမရ စီးကျ လာတော့သည်။
သူမ၏ နှုတ်ခမ်းများမှာ ပြင်းထန်စွာ တုန်ရီ နေပြီး လီယွမ် ၏ အမည်ကို ခေါ်ရန် ကြိုးစား သော်လည်း သူမ၏ လည်ချောင်းမှာ မမြင်ရသော လက်တစ်ဖက် ဖြင့် အတင်း ဆုပ်ကိုင် ခံထားရ သကဲ့သို့ အသံ ထွက်မလာခဲ့ပေ။
လောကကြီး တစ်ခုလုံး ထိုအခိုက်အတန့် တွင် ပြိုလဲ ပျက်စီး သွားသည့်အလား ပင်။
ပေါက်ကွဲမှု လှိုင်းတံပိုး များ ကြားတွင် လီယွမ် ၏ ခန္ဓာကိုယ် မှာ ထိန်းချုပ်မရဘဲ လွင့်စင် နေခဲ့သည်။ အရေပြား များမှာ အကြိမ်ကြိမ် လောင်ကျွမ်း သွားပြီး အသားစ များမှာလည်း အဖန်တလဲလဲ ခြောက်ကပ် သွားရတော့၏။ ကိုယ်တွင်း အင်္ဂါများမှာ ကြေမွ ပျက်စီး သွားပြီး အရိုးများမှာလည်း ကျိုးပဲ့ ကုန်သည်။
ထို့နောက်တွင်မူ ပြန်လည် ရှင်သန်ခြင်း ကူကောင် က အရာရာကို အကြိမ်ကြိမ် ပြန်လည် ပြုပြင် ပေးနေတော့၏။
ဒါက လီယွမ်၏ နောက်ဆုံး အစွမ်း ပင် ဖြစ်၏။ ဆန်းကြယ် ပုံရိပ် ကူကောင် ၏ နယ်ပယ် လိုက်လျောညီထွေ ဖြစ်မှု နှင့် ပြန်လည် ရှင်သန်ခြင်း ကူကောင် ၏ အဆက်မပြတ် ပြုပြင် ပေးမှုများ ကြောင့်သာ ပေါက်ကွဲမှု အန္တရာယ် ကို သူ အနိုင်နိုင် ရှောင်ရှား နိုင်ခဲ့ခြင်းပင်။
လီယွမ်သည် ကြောက်ရွံ့ခြင်း မရှိဘဲ၊ အပြန်အလှန် အားဖြင့် ဝမ်းမြောက် နေမိတော့သည်။
သာမန် လူသား တစ်ယောက် ကလည်း သူတော်စင် တစ်ဦးကို သတ်နိုင် ပါပေတကား။
ဤသည်မှာ ကူလမ်းစဉ် ၏ အနုပညာ ပင် ဖြစ်တော့၏။ ၎င်းကို စမ်းသပ် ခွင့် ရရှိခြင်း က သူ့အား မကြုံစဖူးသော စိတ်လှုပ်ရှားမှုများကို ပေးစွမ်း နေတော့သည်။