← Chapters

ပုန်းကွယ်ခြင်း

Vol. 12 Ch. 141

ပုန်းကွယ်ခြင်း

Vol. 12 Ch. 141

နင်ဟုန်ယွီ၏ ဖြူလွလွ ခြေတံအစုံမှာ အားအင် ကင်းမဲ့စွာဖြင့် မြေပြင်ပေါ်သို့ ပျော့ခွေ ကျသွားလေတော့၏။ သူမ၏ တစ်ကိုယ်လုံးရှိ အင်အားတို့မှာ လုံးဝ ကုန်ခမ်း သွားသည့်အလား ခံစားနေရသည်။

ရှိုက်သံ ပြင်းပြင်းတို့နှင့်အတူ အသက်ကို လုကာ ရှူနေရရှာပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း ထိန်းချုပ်မရဘဲ တုန်ရီ နေသည်။

ဂျူနီယာ မောင်လေး တစ်ယောက်... သူမ၏ အနားမှနေ၍ ဤသို့ပင် အပြီးတိုင် ထွက်ခွာ သွားခဲ့ပြီလား။ ‘

“ ပြေးတော့၊ စီနီယာအစ်မကြီး၊ ပြေးတော့”

ဝေဝါးနေသော အာရုံထဲတွင် အသံတစ်ခုကို သူမ ကြားလိုက်ရသည်။ ၎င်းမှာ ကွယ်လွန်သွားပြီဟု ထင်မှတ်ထားသော ဂျူနီယာ မောင်လေးက သူမအား လှမ်းခေါ်နေသည့် အသံပင် ဖြစ်တော့၏။ ထိုအသံမှာ တဖြည်းဖြည်း ပိုမို နီးကပ်လာခဲ့ပြီး ငရဲဘုံမှနေ၍ သူမ၏ ဘေးနားသို့ ရောက်ရှိလာသည့်အလား ရှိနေသည်။

“ စီနီယာအစ်မကြီး..အူတူတူ လုပ်မနေနဲ့ဦး…ကျွန်တော် မသေသေးဘူး.. ”

နောက်ထပ် ခေါ်သံတစ်ခုကြောင့် စိတ်ဓာတ်ကျနေသော နင်ဟုန်ယွီမှာ ထိတ်လန့်သွားပြီး ခေါင်းကို အမြန် မော့ကြည့်လိုက်၏။ မျက်ရည်များ ပြည့်နှက်နေသော မျက်ဝန်းတို့ဖြင့် လှိုင်းတံပိုးများကြားသို့ လှမ်းကြည့်လိုက်ရာ ပုံရိပ်တစ်ခုမှာ လှိုင်းများ၏ တွန်းပို့မှုဖြင့် သူမရှိရာသို့ လိမ့်ဆင်းလာသည်ကို မြင်တွေ့လိုက်ရသည်။

“ ဂျူနီယာ မောင်လေး”

“ မင်း မင်း မသေဘူးလား”

ခုနက အခြေအနေမျိုးတွင်မူ ဂျူနီယာ မောင်လေးမှာ သေချာပေါက် သေဆုံးသွားလိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့သည် မဟုတ်ပါလော။

“ ကျွန်တော် ပြောသားပဲ.. ကူအင်မော်တယ် ပေးထားတဲ့ နည်းလမ်းတွေ ရှိနေသရွေ့ ကျွန်တော် မသေပါဘူး.. ”

လီယွမ်သည် လှိုင်းလုံးများ၏ တွန်းပို့မှုကြောင့် မြေပြင်ပေါ်သို့ လိမ့်ကျလာခဲ့သည်။ သူ၏ အရေပြားများမှာ မီးလောင်ကျွမ်းထားသဖြင့် မည်းနက်နေပြီး စိတ်ဝိညာဉ်မှာလည်း အလွန်ပင် မောပန်းနွမ်းနယ် နေ၏။ ကံကောင်းထောက်မစွာဖြင့် သူသည် အန္တရာယ်မှ လွတ်မြောက်ခဲ့ရသည်။

နင်ဟုန်ယွီမှာလည်း လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူမ၏ ဝတ်ရုံနီအောက်မှ ဖြူဖွေးသော ခြေတံအစုံဖြင့် လီယွမ်ထံသို့ ပြေးသွားကာ သူ့အား ရင်ခွင်ထဲသို့ ဆွဲပွေ့လျက် အဝေးသို့ လျင်မြန်စွာ ပြေးထွက်သွားတော့၏။

“ စီနီယာအစ်မကြီး ချီစွမ်းအား မြှင့်တင်ပေးမယ့် ဆေးတွေ ရှိလား”

ခုနက တိုက်ခိုက်မှုအတွင်း လီယွမ်သည် ဆန်းကြယ်ပုံရိပ်ကူကောင်အား ဆက်လက် ထိန်းထားနိုင်ရန်အတွက် သူ ဆောင်ထားသမျှ အဖိုးတန်ဆေးများ အားလုံးကို အသုံးပြုခဲ့ရသည်။ မဟုတ်ပါက ပြန်လည်ရှင်သန်ခြင်း ကူကောင်၏ ကုသမှု စွမ်းအားတစ်ခုတည်းနှင့်ဆိုလျှင် အလွန်ပင် အန္တရာယ် များလှသည်။

“ငါ့မှာလည်း မရှိတော့ဘူး.. ”

နင်ဟုန်ယွီသည်လည်း သိုင်းသူတော်စင်နှင့် တိုက်ခိုက်စဉ်အတွင်း အင်အားများစွာ ကုန်ခမ်းခဲ့ရသည်။

“ငါ့ရဲ့ သွေးကို အရင် သောက်ကြည့်လိုက်မလား.. တစ်ခုခုတော့ အထောက်အကူ ဖြစ်မှာပါ”

“ ဟင်”

လီယွမ်မှာ အနည်းငယ် တွေဝေ သွားရသည်။

နင်ဟုန်ယွီက ညင်သာစွာ ပြုံးလိုက်ရင်း ဆိုလိုက်၏။

“သွေးသောက်ရမှာကို မကြိုက်ဘူးဆိုရင်လည်း ကလေးလေးတွေ သောက်ချင်တဲ့ အရာကိုပဲ တိုက်ရမလား”

“ ... ”

“ စီနီယာအစ်မကြီး ကျွန်တော် နောက်နေတာ မဟုတ်ဘူးနော်.. အခုက အင်အားတွေ အမြန် ဖြည့်ဖို့ လိုနေတာ”

ပေါက်ကွဲကူကောင်များမှာ ရန်သူကို ခေတ္တမျှသာ တားဆီးထားနိုင်မည် ဖြစ်သည်။ သိုင်းသူတော်စင်နှင့် လျှို့ဝှက်အလုပ်ရှင်၏ လူများမှာ မကြာမီ ရောက်ရှိလာတော့မည် ဖြစ်ရာ ထွက်ပြေးရန်မှာ မဖြစ်နိုင်တော့ချေ။ တစ်ခုတည်းသော နည်းလမ်းမှာ ဆန်းကြယ်ပုံရိပ်ကူကောင်၏ ပုန်းကွယ်နိုင်စွမ်းကို အသုံးပြုရန်သာ ဖြစ်သော်လည်း ယခုအခါတွင်မူ သူ၌ အင်အား မရှိတော့ပေ။

“ ငါ အတည်ပြောနေတာပါ အရင်ဆုံး စမ်းကြည့်လိုက်ပါဦး”

လီယွမ်၏ အားနည်းနေသော ပုံစံကို ကြည့်ပြီး နင်ဟုန်ယွီမှာ အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ သူမ၏ လက်ကောက်ဝတ်ကို ဓားဖြင့် လှီးဖြတ်ကာ သွေးများကို တစ်ဖက်လူ၏ ပါးစပ်အတွင်းသို့ ကျဆင်းစေလိုက်၏။

လီယွမ်သည်လည်း ထိုသွေးများကို မျိုချလိုက်လေသည်။ သွေးများမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသွားသည်နှင့် အဖိုးတန် ဆေးတစ်မျိုးနှယ်ပင် အသက်ဓာတ်များကို ပေါက်ကွဲ ထွက်ပေါ်လာစေပြီး သူ၏ အင်အားများကို လျင်မြန်စွာ ပြန်လည် ပြည့်ဝလာစေတော့သည်။

“ တကယ်ပဲ အလုပ်ဖြစ်တာပဲလား”

သူ၏ မျက်လုံးများမှာ တောက်ပသွားခဲ့သည်။

“ ငါ ပြောသားပဲ.. ”

နင်ဟုန်ယွီက နှုတ်ခမ်းလေး စူကာ ဆိုလိုက်၏။

“ ဒါက ငါ့ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ပဲ.. အခုတော့ ဂျူနီယာ မောင်လေးကို အကုန် ပြောပြလိုက်ပြီဆိုတော့ ငါတို့ အကြွေးကျေသွားပြီပေါ့”

“ ဟားဟား ဒါက ကံကြမ္မာပါပဲ.. ”

လီယွမ်က ရယ်လိုက်၏။ အင်အားများ ပြန်လည် ပြည့်ဝလာပြီးနောက် သူသည် ဆန်းကြယ်ပုံရိပ်ကူကောင်ကို ချက်ချင်း အသက်သွင်းကာ သူတို့၏ အငွေ့အသက်များကို ဖုံးကွယ်လိုက်လေတော့သည်။

“ စီနီယာအစ်မကြီး ရန်သူတွေ ဘယ်လောက် ကျန်သေးလဲ ဆိုတာကို ကျွန်တော်တို့ မသိဘူး.. သူတို့က အစ်မကြီးကို တစ်ခုခုနဲ့ ခြေရာခံနေတာ ဖြစ်ရမယ်.. ဒါကြောင့် ဆက်ပြီး ပြေးနေလို့ မဖြစ်ဘူး.. ”

“ ပုန်းရမယ်ပေါ့”

နင်ဟုန်ယွီ သဘောပေါက်သွားသည်။ သူတို့ နှစ်ဦးသည် ဓားနတ်သမီးအား ခေါ်ဆောင်လျက် ထူထပ်လှသော မြူခိုးများ ပြည့်နှက်နေသည့် တောင်တန်းကြီးများအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ ဤနေရာမှာ အရှေ့ပိုင်း ယူနယ်မြေနှင့် တောင်ပိုင်းနယ်စပ်တို့၏ နယ်နိမိတ်ချင်း ထိစပ်နေသော နေရာဖြစ်ပြီး လူသူကင်းမဲ့လှသည်။ ဆန်းကြယ်ပုံရိပ်ကူကောင်၏ အကာအကွယ်ဖြင့် လီယွမ်သည် နင်ဟုန်ယွီနှင့် ဓားနတ်သမီးတို့အား တောင်ခြေရှိ မြေအောက်မြစ် စီးဆင်းရာ ဂူနက်ကြီးအတွင်းသို့ ခေါ်ဆောင် ပုန်းကွယ်လိုက်ကြတော့၏။

“ ဒီနေရာဆိုရင်တော့ စိတ်ချရပြီထင်တယ်.. ”

မှောင်အတိကျနေသော လိုဏ်ဂူအတွင်း၌ လီယွမ်သည် သက်ပြင်းချလိုက်၏။

“ ဂျူနီယာ မောင်လေး မင်း သေချာရဲ့လား” နင်ဟုန်ယွီက စိုးရိမ်တကြီး မေးမြန်းလိုက်၏။

“သူတို့က ငါ့ကို ခြေရာခံနိုင်တဲ့ နည်းလမ်း တစ်ခုခု ရှိမနေဘူးလား”

“ ရပါတယ်.. ”

လီယွမ်က ပြုံးလျက် ဆိုလိုက်၏။

“ ကျွန်တော့်ဆီမှာ ကူအင်မော်တယ် ပေးထားတဲ့ နည်းလမ်းတွေ ရှိတယ်.. သူတို့ ဘယ်လိုမှ ခြေရာခံလို့ မရစေရပါဘူး.. ”

နင်ဟုန်ယွီမှာ အံ့အားသင့်သွားရတော့၏။

“ ကူအင်မော်တယ်က မင်းကို နည်းလမ်းတွေ ဘယ်လောက်တောင် ပေးထားလို့လဲ”

လီယွမ်က ခေါင်းခါယမ်းလိုက်ရင်း

“ အဲဒါက လျှို့ဝှက်ချက်မို့လို့ ပြောပြလို့ မရဘူးလို့ မှာထားတယ်နော်.. ” ဟု ပြန်ဖြေလိုက်၏။

“ ဟွန့်”

နင်ဟုန်ယွီက ခပ်ဖွဖွ မျက်စောင်းထိုးလိုက်သည်။

“ ငါ့ကို အူတူတူလို့ ထင်နေတာလား.. ငါက မင်းရဲ့ စီနီယာအစ်မကြီးပါနော်.. ငါ ဘာမှ မသိဘူးလို့ တကယ် ထင်နေတာလား”

“ အစ်မကြီးက ဘာကို သိနေလို့လဲ”

လီယွမ်၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရသည်။

နင်ဟုန်ယွီက နှုတ်ခမ်းလေး စူလိုက်ရင်း ပြန်လည် တုံ့ပြန်လိုက်လေ၏။

“ ငါလည်း ပြောပြမှာ မဟုတ်ဘူး.. ဟွန့်..

ဒါက လျှို့ဝှက်ချက်ပဲ.. ”

အမှောင်ထုအတွင်း၌ ထိုမောင်နှမ နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြသည်။

“ ဒါနဲ့ စီနီယာအစ်မကြီး အစ်မကြီးရဲ့ နောက်ကြောင်းကို တကယ်ပဲ မသိတာလား” လီယွမ်က ထပ်မံ မေးမြန်းလိုက်၏။

“ ဘယ်သူက သိမှာလဲ”

နင်ဟုန်ယွီက ပခုံးတွန့်လိုက်သည်။

“ငါက ဆရာက ကမ်းခြေကနေ ကောက်လာပြီး ကျွေးမွေး စောင့်ရှောက်ထားတဲ့ မိဘမဲ့ တစ်ယောက်ပဲလေ အတိတ်ကိုတော့ ငါ.. ဂရုမစိုက်တော့ပါဘူး.. ”

စွန့်ပစ်ခံထားရပြီးသား အတိတ်ကို ဘာလို့ ပြန်ပြီး တမ်းတနေရမှာလဲ။

သူမအနေဖြင့် သူမ၏ ဘေးနားရှိ လူများကိုသာ အမြဲတမ်း ဂရုစိုက်ပါသည်။

“ ဒါပေမဲ့... ”

လီယွမ်က တစ်ချက် ဆိုင်းငံ့လိုက်ပြီးမှ

“ အခု သူတို့က အိမ်တိုင်ရာရောက် လာရှာနေကြပြီဆိုတော့ အစ်မကြီးအနေနဲ့ ရင်ဆိုင်ရမယ့် ကိစ္စတွေ ရှိလာလိမ့်မယ်.. ”

သူသည် စီနီယာ အစ်မကြီး၏ ခံစားချက်ကို လုံးဝ နားလည်ပေးနိုင်သည် မဟုတ်ပါလော။

“ငါကတော့ ဒီမှာပဲ ပုန်းနေမှာ ဘာကိုမှ ရင်ဆိုင်ချင်စိတ် မရှိဘူး.. ”

နင်ဟုန်ယွီက လက်နှစ်ဖက်ကို ရင်ဘတ်အောက်တွင် ပိုက်လျက် ဆိုလိုက်၏။

“ စီနီယာအစ်မကြီးရဲ့ နောက်ကြောင်းက အစ်မကြီးရဲ့ ကိုယ်ထဲက ထူးဆန်းတဲ့ သွေးတွေနဲ့ သက်ဆိုင်နေမှာတော့ သေချာတယ်.. ”

“ ဖြစ်နိုင်ပါတယ်.. ”

နင်ဟုန်ယွီသည်လည်း သူမ၏ သွေးများတွင် ထူးခြားသော စွမ်းအားများ ရှိနေကြောင်းကို ရှေးယခင်ကတည်းက သိရှိထားပြီး ဖြစ်သည်။

ကူလမ်းစဉ်တွင် သူမ၏ အံ့မခန်း အောင်မြင်မှုများမှာလည်း ဤသွေးများနှင့် သက်ဆိုင်နေသည်။

သူမ ပြုစုပျိုးထောင်ထားသော ဝိညာဉ်အပင်များနှင့် ရှားပါးကူကောင်များမှာ သူမ၏ သွေးများဖြင့်သာ အသက်ဝင်ကြသည် မဟုတ်ပါလော။

နင်ဟုန်ယွီ စိတ်ဓာတ်ကျနေသည်ကို မြင်သောအခါ လီယွမ်သည် ထိုကိစ္စကို ဆက်၍ မပြောတော့ပေ။

သူသာဆိုလျှင်လည်း နက်ရှိုင်းလှသော ကလဲ့စားချေမှုများ မရှိဘဲနှင့် သူ၏ အေးချမ်းလှသော ဘဝကို အနှောင့်အယှက် ပေးမည့် အန္တရာယ်ရှိသော ကမ္ဘာသစ်ကို ရင်ဆိုင်လိုမည် မဟုတ်ပါချေ။

“ ဂျူနီယာ မောင်လေး အခုရော သက်သာသွားပြီလား”

“ အင်း”

လီယွမ်က ခေါင်းညိတ်ပြလိုက်၏။

ပြန်လည်ရှင်သန်ခြင်း ကူကောင်က သူ၏ ခန္ဓာကိုယ်ကို အပြည့်အဝ ကုသပေးထားပြီး ဖြစ်သော်လည်း သူ အမြဲတမ်း ဆောင်ထားလေ့ရှိသော လက်အောက်ခံကူများ ပျက်စီးသွားသဖြင့် သူ၏ တိုက်ခိုက်ရေး စွမ်းရည်မှာ များစွာ လျော့နည်းသွားခဲ့ရသည်။

“ ထပ်ပြီး သောက်ချင်သေးလား”

နင်ဟုန်ယွီက နေရာရွှေ့ကာ လီယွမ်၏ ဘေးနားတွင် လာထိုင်လိုက်၏။

“ မင်းသာ မရှိဘူးဆိုရင် စီနီယာအစ်မကြီး ဒီနေ့ တကယ်ပဲ အဖမ်းခံလိုက်ရမှာ”

သူမ၏ စိတ်ထဲတွင် အတွေးများစွာ ရှုပ်ထွေးနေရှာတော့သည်။

ဤအရာများမှာ ရုတ်တရက်ကြီး ဖြစ်ပျက်သွားခဲ့၏။

လီယွမ်က ပြုံးလိုက်၏။

အဆိုးဆုံး ဖြစ်လာရင်တော့ နဝမကူနန်းတော်ရဲ့ အတွင်းတံခါးဆီကို ပြန်သွားပြီး ပုန်းနေကြတာပေါ့ အလုပ်ရှင်က ဘယ်လောက်ပဲ သတ္တိကောင်းကောင်း အဲဒီအထိတော့ လိုက်လာရဲမှာ မဟုတ်ပါဘူး.. ”

“ အင်း”

နင်ဟုန်ယွီက ခေါင်းညိတ်လိုက်၏။

“ ဒါပေမဲ့ ဒီမှာ ဘယ်လောက်အထိ ပုန်းနေရမလဲ ဆိုတာကိုတော့ ငါ မသိဘူး.. ”

“ ကျွန်တော့်အမြင်အရဆိုရင်တော့... နဝမကူနန်းတော်က စစ်ကူတွေ လာရှာတဲ့အထိ ပုန်းနေတာက အန္တရာယ် အကင်းဆုံးပဲ.. ”

နင်ဟုန်ယွီက ထိုစကားကို အကြွင်းမဲ့ ထောက်ခံလိုက်၏။

“ ကျွန်တော်တို့ အဆင့်ကို ရောက်လာပြီဆိုရင် အဆင့်မြင့် ကူကောင် တစ်ကောင်ကို ပြုစုဖို့ဆိုတာ အချိန်အတော်ကြာ လိုအပ်တာပဲလေ ခဏလောက် စောင့်လိုက်ရင် အချိန်တွေက မြန်မြန် ကုန်သွားမှာပါ”လီယွမ်က ရယ်ရင်း ဆိုလိုက်၏။

“ ဒါပေမဲ့... ”

နင်ဟုန်ယွီက တိုးတိုးလေး ကပ်ပြောလာသည်။

“ ဂျူနီယာ မောင်လေး ငါက အမှောင်ထဲမှာဆိုရင် အရမ်း ကြောက်တတ်တာ ငါ့အနားမှာပဲ တစ်ချိန်လုံး ကပ်နေပေးလို့ ရမလား”

“ ... ”

“ စီနီယာအစ်မကြီး ကျွန်တော့်ကို နောက်နေတာလား”

လီယွမ်က လုံးဝ မယုံကြည်ပါချေ။ အဆင့် (၈) ကူသခင် ကူလောက၏ နတ်သမီး တစ်ပါးက အမှောင်ထဲမှာ ကြောက်တတ်သည် ဟုတ်လား။

“ အတည်ပြောနေတာပါ”

နင်ဟုန်ယွီက သနားကမား အမူအရာဖြင့် ဆိုလိုက်၏။

“ ဒါက ငါ့ရဲ့ သွေးတွေနဲ့ သက်ဆိုင်နေတာလေ အေးစက် စိုစွတ်ပြီး မှောင်မိုက်တဲ့ နေရာမျိုးမှာဆိုရင် ငါ.. ကြောက်တတ်တယ်.. ”

လီယွမ်မှာ အတန်ငယ် တွေဝေသွားရပြီး အမှန်အမှားကို ဝေခွဲမရ ဖြစ်နေတော့သည်။

နင်ဟုန်ယွီက သူ၏ အနားသို့ ပိုမို နီးကပ်စွာ တိုးကပ်လိုက်ရင်း

“ ဂျူနီယာ မောင်လေး ခက်ခဲနေလို့လား.. စီနီယာအစ်မကြီးက မင်းကို လိမ်ပါ့မလား.. ငါက စစ်မှန်သောချစ်ခြင်း ကတိသစ္စာကိုတောင် ဆိုထားတာလေ ငါ့ရဲ့ နှလုံးသားကို မင်း မခံစားမိဘူးလား”

လီယွမ်သည် တံတွေးကို အသာ မျိုချလိုက်ရသည်။

သူသည် သိုင်းသူတော်စင် တစ်ဦးကို သတ်နိုင်သော်လည်း သူတော်စင် တစ်ပါးတော့ မဟုတ်ပါချေ။

စီနီယာအစ်မကြီးမှာလည်း အေးစက် တည်ငြိမ်သော နတ်သမီး တစ်ပါး မဟုတ်ဘဲ၊ လောကရှိ အလှပဆုံးသော အမျိုးသမီးများထက်ပင် သာလွန်လှသော အမျိုးသမီး တစ်ဦး ဖြစ်နေသည် မဟုတ်ပါလော။

All Chapters