← Chapters

အပျော်တမ်း လောင်းကစားပွဲ

Vol. 12 Ch. 142

အပျော်တမ်း လောင်းကစားပွဲ

Vol. 12 Ch. 142

နင်ဟုန်ယွီက လီယွမ်အပေါ် ထားရှိသည့် သူမ၏ ခံစားချက်ကို ဖုံးကွယ်ထားခြင်း မရှိပေ။ ထက်သန် လှသော သူမ၏ အချစ်မှာ လောကတွင် အလှပဆုံး ပွင့်လန်းနေသော ပန်းတစ်ပွင့်နှယ် ရှိသည်။

လီယွမ် အနေဖြင့် သူမ၏ စီနီယာအစ်မကြီးက သူ့ကို တမင်စနောက်နေသည်ဟုသာ အစပိုင်းတွင် ထင်မှတ်ခဲ့သော်လည်း စီနီယာအစ်မကြီး၏ ပင်မကူမှာ ‘စစ်မှန်သောချစ်ခြင်းကူ’ ဖြစ်ကြောင်း သိရှိပြီးနောက်တွင်မူ သူ၏ အတွေးများ ပြောင်းလဲသွားခဲ့၏။

“ စီနီယာ အစ်မကြီး ကျွန်တော်တို့ ကူပညာရပ်ကို ယှဉ်ပြိုင် ကြမလား”

လီယွမ်က သူမ၏ အကြည့်များကို ရှောင်လွှဲလျက် လွှတ်ခနဲ ပြောလိုက်၏။

“ မင်း... ”

နင်ဟုန်ယွီက နှုတ်ခမ်းလေး ဆူကာ စိတ်ကောက်သည့် အမူအရာဖြင့် ဆိုလိုက်သည်။

“ မင်းက တကယ်ကို ခေါင်းမာတဲ့ လူပဲ.. ငါက ဒီလောက် လှနေတာတောင် ဂရုမစိုက်ဘူးလား”

“ အဲလို မဟုတ်ပါဘူး.. ”

လီယွမ်က သူမ၏ လက်ကို ညွှန်ပြကာ ဆိုလိုက်၏။

“ စီနီယာ အစ်မကြီး ကျွန်တော့်ကို စချင်ရင်လည်း တခြားနေရာ ရှာသင့်တာ ပေါ့ ဓားနတ်သမီးလေး မြင်သွားရင် မကောင်းဘူး မဟုတ်လား”

နင်ဟုန်ယွီမှာ မျက်နှာလေး နီမြန်းကာ ကိုယ်ပူလာ၏။ သူမသည် ဘေးနားတွင် လူတစ်ယောက် ရှိနေသည်ကို လုံးဝ မေ့လျော့နေခဲ့ခြင်း ပင်တည်း။ ဓားနတ်သမီးလေး၏ အရှိန်အဝါမှာ အလွန်ပင် အားနည်းလှသဖြင့် ဤအမှောင်ထု အတွင်း၌ သူမကို သတိမပြုမိဘဲ ရှိနေကြလေသည်။

‘အိုက်ယား... တကယ်ကို နှောင့်နှေးတာပဲ.. ’

သူမသည် စိတ်ထဲမှနေ၍ ပြင်းထန်စွာ ဒေါသထွက် နေမိတော့၏။

ဤနေရာ၌ သူမ၏ ဂျူနီယာ မောင်လေးကို အပိုင်သိမ်းရန် အခွင့်ကောင်းဟု သူမ တွေးထင်ထားခဲ့သော်လည်း ဓားနတ်သမီးလေးကြောင့် အရာရာမှာ ပျက်စီးသွားရ၏။

“ ကောင်းပြီလေ ဒါဆိုရင်တော့ ကူသန့်စင်တာကိုပဲ ယှဉ်ကြတာ ပေါ့”

နင်ဟုန်ယွီက မတတ်သာသည့် အဆုံး လက်လျှော့လိုက်ရသည်။

သူတို့ နှစ်ဦးထံတွင် ရတနာဂိုဒေါင်မှ ယူဆောင်လာသော ရတနာအချို့ ရှိနေကြသေး၏။ လီယွမ်က အလွှာတစ်ထောင် မိုးကြိုးမီးလျှံသစ်သားကို ရွေးချယ်ထားပြီး နင်ဟုန်ယွီကမူ ‘နေ့ညအချစ်သော့’ ကို ရွေးချယ်ထားသည်။ သို့သော် ထိုအရာများမှာ ပင်မကူများ ဆင့်ကဲပြောင်းလဲရန် အတွက်သာ ဖြစ်သဖြင့် ယခုအချိန်တွင် အသုံးပြုရန် မသင့်တော်လှပေ။ ကူသန့်စင်ခြင်း ပြိုင်ပွဲအတွက်မူ ကူကောင်အသစ်များကိုသာ ပြုစုရပေမည်။

လီယွမ်က ဂူအတွင်းရှိ ပိုးမွှားအချို့ကို ဖမ်းဆီးလိုက်၏။ သူတို့၏ နယ်ပယ် အဆင့်အတန်းအရ သာမန် ပိုးမွှားများကို ကူကောင်များအဖြစ် ပြောင်းလဲခြင်းမှာ အလွန်ပင် လွယ်ကူလှသည်။

“ ဘယ်သူက ခြောက်ဆင့်မြောက် ဆန်းကြယ်ကူကို အရင် သန့်စင်နိုင်မလဲဆိုတာ ယှဉ်ကြမလား”

နင်ဟုန်ယွီက မျက်ခုံးလေး ပင့်ကာ စိန်ခေါ်လိုက်၏။

“ ကောင်းပါပြီ”

ဤနေရာမှ ထွက်ခွာရန် အချိန်မတန်သေးသဖြင့် လီယွမ်သည်လည်း စိတ်ဝင်စားစရာ တစ်ခုခုကို လုပ်ဆောင်လိုနေသည်။

“ အရှုံးအနိုင် အတွက် ဆုကြေးလည်း ထားကြတာ ပေါ့”

နင်ဟုန်ယွီ၏ နှုတ်ခမ်းများမှာ အကြံကြီးသော အပြုံးတစ်ခုဖြင့် ကွေးညွှတ်သွားသည်။

“ ဘာ ဆုကြေးလဲ”

“ မင်းသာ ရှုံးသွားရင် ငါ့ရဲ့ နေ့ညအချစ်သော့ရဲ့ အစွမ်းကို မင်းပေါ်မှာ စမ်းသပ်ခွင့် ပေးရမယ်.. ”

“ သဘောတူတယ်.. ”

လီယွမ်က မဆိုင်းမတွပင် လက်ခံလိုက်၏။ သူသည် လုံးဝ ရှုံးလိမ့်မည် မဟုတ်ကြောင်း ကိုယ်တိုင် သိရှိထားသည် မဟုတ်ပါလော။

“ တကယ်လို့ စီနီယာ အစ်မကြီး ရှုံးသွားရင်ရော”

“ မင်း အလိုရှိရာကို တောင်းနိုင်တယ်.. ငါ အရာရာကို ပေးအပ်ဖို့ အသင့်ပဲ.. ”

နင်ဟုန်ယွီက ယုံကြည်ချက် အပြည့်ဖြင့် ဆိုလိုက်၏။

ဆရာ ပြောပြခဲ့ဖူးသော လီယွမ်၏ ကူသန့်စင်ခြင်း ပညာရပ်များမှာ မယုံနိုင်လောက်အောင် ထူးကဲနေစေကာမူ ယခုအချိန်တွင်မူ သူမသာ အောင်နိုင်လိမ့်မည်ဟု သူမ ထင်မှတ်ထားသည်။

အကြောင်းမှာ ကူသန့်စင်ရန် မူလ ပစ္စည်းများ မရှိခြင်းကြောင့် ပင်တည်း။

သူတို့ နှစ်ဦးသည် လေထု ကာရံထားသော အခင်းအကျင်းများကို ကိုယ်စီ ပြုလုပ်လိုက်ကြပြီး ဂူ၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူလိုက်ကြသည်။

လီယွမ်က ဂူနက်အတွင်းရှိ ပိုးမွှားများကို အာရုံခံလိုက်၏။ တီကောင်၊ ပိုးဟပ်၊ ပင့်ကူ နှင့် လိပ်ပြာများမှာ သူ၏ စိတ်အာရုံ စွမ်းအားအောက်၌ ပုန်းကွယ်နိုင်ခြင်း မရှိကြပေ။ လီယွမ်က ထိုပိုးမွှား အမြောက်အမြားကို ဖမ်းဆီးကာ အချင်းချင်း ဝါးမြိုစေလျက် အနိမ့်ဆုံး အဆင့်ရှိ ကူကောင်များအဖြစ်သို့ ချက်ချင်းပင် ပြောင်းလဲပစ်လိုက်သည်။

သူသည် သူ၏ လျှို့ဝှက်ချက် ဖြစ်သော အနက်ရောင်အိုးကြီးကို အသုံးပြုကာ ပေါင်းစပ် သန့်စင်လိုက်၏။

‘ စီနီယာ အစ်မကြီး တောင်းပန်ပါတယ်.. ကျွန်တော် အနိုင်ယူရတော့မှာပဲ.. ’

လီယွမ်.. ခပ်ရေးရေး ပြုံးလိုက်မိ၏။

ခြောက်ဆင့်မြောက် ဆန်းကြယ်ကူကို သန့်စင်ခြင်းမှာ လီယွမ်အတွက်မူ အလွန်ပင် လွယ်ကူလှသည်။

သူ အမှန်တကယ် လိုချင်သည်မှာ စီနီယာအစ်မကြီး၏ သွေးများ ပင် ဖြစ်၏။

သူမ၏ သွေးများမှာ အလွန်ပင် ထူးခြားလှပြီး ရှားပါးလှသော နတ်ဆိုးများ၏ သွေးထက်ပင် တန်ဖိုးရှိလှသည် မဟုတ်ပါလော။

တောင်တန်းကြီးများ၏ အထက်ဝယ်..

ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုများမှာ ငြိမ်သက်သွားခဲ့၏။

တောင်တန်း အချို့မှာ မြေပြင်နှင့် တစ်သားတည်း ကျကာ ပြားပြားဝပ်သွားခဲ့ရပြီး ဧရာမ ကျင်းကြီး တစ်ခုသာ ကျန်ရှိတော့သည်။

သိုင်းသူတော်စင် ပန်ရှန်းသည် ထိုကျင်းကြီး၏ ဘေးတွင် မျက်စိမျက်နှာပျက်လျက် ရပ်နေမိ၏။

သူသည် သူ၏ လက်ထဲရှိ ရှစ်မြှောင့် သံလိုက်အိမ်မြှောင်ကို ပွတ်သပ်ကြည့်လိုက်၏။ အိမ်မြှောင် လက်တံမှာ လမ်းပျောက်နေသော သိုးငယ်လေးနှယ် အဆက်မပြတ် လည်ပတ်နေပြီး ဦးတည်ရာကို မဖော်ပြနိုင်တော့ပေ။

‘ ပုန်းကွယ် သွားတာလား.. ’

ဤမျှ ကျယ်ပြန့်လှသော နယ်ခြားဒေသ တောင်တန်းကြီးများအတွင်း လူတစ်ယောက်ကို ရှာဖွေရန်မှာ လွယ်ကူသော ကိစ္စ မဟုတ်ပါချေ။ ၎င်းအပြင် တစ်ဖက်လူမှာ နဝမကူနန်းတော်မှ ဖြစ်သဖြင့် စစ်ကူများမှာလည်း မကြာမီ ရောက်ရှိလာကြတော့မည် ဖြစ်သည်။

အဝေးမှနေ၍ ပုံရိပ် နှစ်ခုမှာ ပျံသန်း ရောက်ရှိလာကြလေ၏။

“ သခင်လေး မုရုံ”

သိုင်းသူတော်စင် ပန်ရှန်းက လက်နှစ်ဖက် ဆုပ်မိုးကာ ဆိုလိုက်၏။

“တောင်းပန်ပါတယ်.. မမျှော်လင့်ထားတဲ့ ကိစ္စတွေ ဖြစ်လာလို့ ရန်သူက လွတ်မြောက်သွားခဲ့ပါပြီ”

သူသည် အနည်းငယ် နောင်တရနေမိသည်။ အကယ်၍သာ ဤသို့ ဖြစ်လာမည်ကို ကြိုတင် သိရှိခဲ့ပါက သူသည် လောဘမကြီးဘဲ ပိုမို အစွမ်းထက်သော အကူအညီများကို ခေါ်ယူခဲ့သင့်သည် မဟုတ်ပါလော။

ခုနစ်ဆင့်မြောက် ကူသခင် တစ်ဦးက ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။

မုရုံစုက မကျေမနပ် ဖြစ်နေသော အမူအရာဖြင့် ဆိုလိုက်၏။

“ သိုင်းသူတော်စင် ပန်ရှန်း ခင်ဗျားက အဲဒီလူကို သေချာပေါက် ဖမ်းပေးမယ်လို့ ကျွန်တော့်ကို ကတိပေးခဲ့တာ မဟုတ်လား.. အခုတော့ ဒီလိုပဲ ရှင်းပြတော့မှာလား”

ပန်ရှန်းက အံ တင်းတင်းကြိတ်လိုက်၏။

သာမန်အားဖြင့် သူသည် အလုပ်ရှင်များနှင့် တန်းတူ ဆက်ဆံလေ့ရှိသော်လည်း ယခုတစ်ကြိမ်၌မူ ရရှိမည့် အဖိုးအခမှာ အလွန်ပင် မြင့်မားလှသဖြင့် သူ သည်းခံနေရခြင်း ပင်တည်း။

“ သခင်လေး မုရုံ သူ့ရဲ့ ပစ္စည်းတစ်ခုခု ရှိသေးလား.. ကျွန်တော့်ကို နောက်ထပ် အခွင့်အရေး တစ်ကြိမ် ထပ်ပေးပါ ဒီတစ်ခါတော့ သေချာပေါက် ဖမ်းပေးပါ့မယ်.. ”

သူ၏ လက်ထဲရှိ အိမ်မြှောင်မှာ ရှေးဟောင်း ရတနာ တစ်ခု ဖြစ်ပြီး သဲလွန်စများကို ခြေရာခံရာတွင် အလွန်ပင် ထူးကဲလှသည်။

“ ဒါ နောက်ဆုံး အကြိမ်ပဲ.. ”

မုရုံစုက သက်ပြင်းချလိုက်ရင်း ပုလင်းငယ် တစ်လုံးကို ထုတ်ပေးလိုက်၏။

ထိုပုလင်းငယ် အတွင်း၌မူ တောက်ပသော သွေးတစ်စက် ရှိနေတော့သည်။

“ ဒီတစ်ခါတော့ သေချာပေါက် အောင်မြင်ရမယ်.. ”

ပန်ရှန်းက ဝမ်းသာအားရ ဖြစ်သွားကာ ထိုသွေးစက်ကို သံလိုက်အိမ်မြှောင်ပေါ်သို့ လောင်းချလိုက်လေတော့၏။

All Chapters