ကူအင်မော်တယ်က မင်းရဲ့ အဖေလား
Vol. 12 Ch. 143
ရှစ်မြှောင့် သံလိုက်အိမ်မြှောင် ထဲသို့ သွေးစက်များ တစက်စက် ကျဆင်း သွားသည်။ သံလိုက်အိမ်မြှောင်ပေါ်တွင် ထွင်းထု ထားသော ရှေးဟောင်း စာလုံးများမှာ အလင်းတန်းများ ထွက်ပေါ် လာပြီး လေထဲတွင် ဝဲပျံ နေတော့၏။
သွေးစက် များသည် သံလိုက်အိမ်မြှောင်၏ အစင်းကြောင်းများ အတိုင်း အလယ်ဗဟို မှနေ၍ လျင်မြန်စွာ တိုက်စား သွားရာ ခဏချင်း အတွင်း၌ တစ်ပြင်လုံး နီရဲ သွားသည်။
“ တက်စေ”
ပန်ရှန်း သိုင်းသူတော်စင်ကြီး သည် လက်ညှိုးနှင့် လက်ခလယ်ကို ပူးကာ ကောင်းကင်ယံ သို့ ညွှန်ပြ လိုက်လေ၏။
“ဝရော”
ရှစ်မြှောင့် သံလိုက်အိမ်မြှောင် သည် ပြင်းထန်စွာ တုန်ခါ လာပြီး စူးရှသော အသံများ ထွက်ပေါ် လာတော့သည်။ ထို့နောက် သွေးရောင် လွှမ်းသော မြှားတစ်စင်းသည် အိမ်မြှောင် ထဲမှနေ၍ ကောင်းကင်ယံ သို့ ထိုးတက် သွားလေတော့၏။
“ စိတ်ချပါ သခင်လေး မုရုံ ဒီ ရှစ်မြှောင့် သံလိုက်အိမ်မြှောင် ဆိုတာ တောက်ကျောင်းက အင်မော်တယ် ဆရာကြီးရဲ့ ရတနာပဲ.. အင်မော်တယ် ပညာရပ်တွေ ပါဝင်တဲ့ အတွက် အဲဒီ မိန်းကလေး ဘယ်လိုမှ ပုန်းလို့ မရပါဘူး..”
သိုင်းသူတော်စင်ကြီး က ယုံကြည်ချက် အပြည့်ဖြင့် ပြုံးလိုက်သည်။
မုရုံစု ကမူ မျက်မှောင်ကြုတ်လျက် ပတ်ဝန်းကျင်ကို ကြည့်ကာ စိတ်မအေး ဖြစ်နေ၏။
သူ၏ နိုင်ငံတော် ပြန်လည် ထူထောင်ရေး အစီအစဉ် မှာ သဲကန္တာရ ဆယ့်ခြောက် ပြည်ထောင်၏ ထောက်ပံ့မှု လိုအပ်သည်။ ထိုသို့ လုပ်ဆောင် နိုင်မှသာ အင်အားစု များကို ဆွဲဆောင်ပြီး ညဇီးကွက်ဘုရင်ကို တော်လှန် နိုင်မည် မဟုတ်ပါလော။ ဤအစီအစဉ်မှာ အလွန်ပင် အရေးကြီး လှသည်။
သွေးမြှားသည် ကောင်းကင်ယံ၌ အဆက်မပြတ် ဝဲပျံ နေသည်။
တစ်ပတ်၊ နှစ်ပတ်၊ ဆယ်ပတ် အထိပင် ပျံသန်း နေသော်လည်း။
“ ဟမ်”
သိုင်းသူတော်စင်ကြီး၏ အပြုံးများမှာ ရုတ်ချည်း အေးခဲ သွားတော့၏။
ရှာမတွေ့ ဘူးလား။
သွေးမြှားသည် ဦးတည်ချက် ပျောက်ဆုံး နေသော ယင်ကောင် တစ်ကောင် အလား လေထဲတွင် အဆက်မပြတ် လည်ပတ် နေပြီး သံလိုက်အိမ်မြှောင်၏ စွမ်းအားများမှာလည်း တဖြည်းဖြည်း ကုန်ခမ်း လာ၏။
“ ဘာဖြစ်တာလဲ”
မုရုံစုက မေးမြန်း လိုက်သည်။
“ ဒါကတော့”သိုင်းသူတော်စင်ကြီး၏ မျက်နှာမှာ ပျက်ယွင်း သွားရတော့၏။
“ တစ်ဖက် လူမှာ သံလိုက်အိမ်မြှောင်ရဲ့ ခြေရာခံမှုကို ပိတ်ဆို့ နိုင်တဲ့ နည်းလမ်း တစ်ခုခု ရှိနေပုံ ရတယ်.. ”
“ ဒါက မင်း ဂုဏ်ယူနေတဲ့ နည်းလမ်းလား”
မုရုံစု က အံကို တင်းတင်း ကြိတ်လိုက်သည်။ အစီအစဉ် အောင်မြင်ကာနီးမှ နောက်ဆုံး အဆင့်တွင် ကျရှုံး သွားရသဖြင့် သူ အလွန်ပင် စိတ်ပျက်သွားရတော့၏။
“ ကျွန်တော် ခဏလေးပါ သခင်လေး မုရုံ ကျွန်တော့်မှာ ရှိပါသေးတယ်.. ”
သိုင်းသူတော်စင်ကြီး မှာ အလောတကြီး ဖြစ်နေရှာသည်။
“ တော်ပြီ”
မုရုံစု က လက်ဝှေ့ယမ်းကာ တားဆီး လိုက်၏။
“ ငါတို့ရဲ့ အရောင်းအဝယ်ကို ဒီမှာတင် ရပ်လိုက်ရအောင် တစ်ဖက် လူရဲ့ အချက်အလက် တွေကိုသာ ငါ့ကို ပြောပြပါ စရန်ငွေကိုလည်း ပြန်ပေးစရာ မလိုတော့ဘူး.. ”
“ အင်း”
ပန်ရှန်း သိုင်းသူတော်စင်ကြီး သက်ပြင်း ချလိုက်မိ၏။
အခွင့်အရေး ကောင်းတစ်ခုကို လက်လွှတ် လိုက်ရပြီ မဟုတ်ပါလော။
“တစ်ဖက် လူက နဝမ ကူနန်းတော်က ကူသခင်တွေပဲ.. တော်တော်လေး အစွမ်းထက် ကြတယ်.. ”
သူသည် လေထဲတွင် စွမ်းအားများကို အသုံးပြုလျက် ပုံရိပ် တစ်ခုကို ရေးဆွဲ လိုက်၏။ တောက်ပပြီး လှပသော အမျိုးသမီး တစ်ဦး၏ ပုံရိပ်မှာ လေထဲတွင် ထွက်ပေါ် လာတော့သည်။
“ အဲဒီ မိန်းကလေးက ဒီလို ပုံစံမျိုးပဲ.. ဝတ်ရုံနီ ဝတ်ထားပြီး ကိုယ်ခန္ဓာ ကတော့ တကယ့်ကို အထွတ်အထိပ်ပဲ.. အလှနတ်သမီး တစ်ပါးလို့တောင် ပြောလို့ရတယ်.. သူ့ရဲ့ ခွန်အားကတော့ ကူနန်းတော်ရဲ့ အဋ္ဌမအဆင့် ကူသခင်လောက် ရှိလိမ့်မယ်.. ”
သိုင်းသူတော်စင်ကြီး က သူသိသမျှ အချက်အလက် များကို ပြောပြ လိုက်၏။
“ ကူနန်းတော်က လူလား.. မင်းက သူမကို လွှတ်ပေး လိုက်တယ် ပေါ့လေ”
မုရုံစုက အံ့ဩသွားရတော့သည်။
“ အဲဒီမှာ သတ္တမအဆင့် ကူသခင် တစ်ယောက်လည်း ပါသေးတယ်.. သူက အသက်ကို ပဓာန မထားဘဲ ပေါက်ကွဲ ကူကောင် တစ်သိန်းကျော်ကို ဖောက်ခွဲပြီး ငါ့ကို တားဆီး ခဲ့တာ မဟုတ်ရင် ငါ အဲဒီ မိန်းကလေးကို ဖမ်းမိပြီးသား ဖြစ်မှာပါ”
မုရုံစုက ရယ် လိုက်၏။
“ သတ္တမအဆင့် ကူသခင် ဟုတ်လား.. ပေါက်ကွဲ ကူကောင် တစ်သိန်းကို ဖောက်ခွဲတယ် ဟုတ်လား.. မင်းက ငါ့ကို အူတူတူလို့ ထင်နေတာလား”
ဒါက အမှန်တရား ပင် ဖြစ်သည်။
သိုင်းသူတော်စင်ကြီး မှာလည်း ဤကဲ့သို့ အရှက်ရဖွယ် အချက်အလက်ကို ဝန်ခံချင်သည် မဟုတ်ပါချေ။
ကံဆိုးသည်မှာ တစ်ဖက် လူက သေဆုံး သွားပြီ ဖြစ်သဖြင့် သူ၏ အရှက်ကို ဆေးကြောရန် အခွင့်အရေးပင် မရှိတော့ပေ။
မုရုံစု ကတော့ ဘာမျှ ထပ်မပြော တော့ဘဲ ထိုအချက်အလက် များကို အသုံးပြုကာ တစ်ဖက် လူ၏ အမှတ်အသားကို ရှာဖွေရန် ဆုံးဖြတ် လိုက်လေတော့သည်။
မှောင်မိုက်နေသော မြေအောက် မြစ်ကမ်းပါး ဘေးတွင် လီယွမ် နှင့် နင်ဟုန်ယွီ တို့သည် အချိန် ကုန်လွန် သွားသည်ကိုပင် သတိမပြုမိ ကြတော့ပေ။
သူတို့ နှစ်ဦးသည် ကူကောင် သန့်စင်သည့် ပြိုင်ပွဲတွင် အာရုံ စိုက်နေကြသည်။ နင်ဟုန်ယွီ သည် လေးဆင့်မြောက် ဆန်းကြယ်ကူ တစ်ကောင် ဖြစ်သော သွေးဆာလိပ်ပြာ ကို အောင်မြင်စွာ ပြုစု နိုင်ခဲ့၏။
“ ဂျူနီယာ မောင်လေး မင်းတော့ သွားပြီ”
နင်ဟုန်ယွီက ဂုဏ်ယူ ဝင့်ကြွားစွာ ဆိုလိုက်သည်။ သူမသည် ဂျူနီယာ ညီလေးကို ဘယ်လို ကိုင်တွယ် ရမလဲ ဆိုတာကိုတောင် စတင် စိတ်ကူး နေခဲ့၏။
“ စီနီယာ အစ်မကြီး”
ထိုစဉ် နောက်ကွယ်မှ ခေါ်သံ တစ်ခု ထွက်ပေါ် လာပြီး သူမ တပ်ဆင် ထားသော အကာအကွယ် အခင်းအကျင်းမှာ ပျက်စီး သွားသည်။
“ ဘာလဲ”
နင်ဟုန်ယွီ က မျက်ခုံး ပင့်လိုက်၏။
“ မင်းက ကတိ ဖျက်ချင် နေတာလား”
သူမက လက်ပိုက်လျက် ခပ်ကြွားကြွား ဟန်ပန်ဖြင့် ဆိုလိုက်သည်။
“ ဂျူနီယာ မောင်လေး ငါ ပြောထားမယ်.. ဂိုဏ်းက စစ်ကူတွေ ရောက်လာရင်တောင် ငါတို့ သွားလို့ မရဘူး.. ပြိုင်ပွဲကတော့ အပြီး သတ်ရမှာပဲ.. ရှုံးတဲ့သူကတော့ ရှုံးတဲ့ အတိုင်း ခံရမှာပဲနော်.. ”
နောက်ထပ် တစ်လ နှစ်လ လောက်သာ အချိန် ရမည်ဆိုပါက ဤသွေးဆာ လိပ်ပြာကို ခြောက်ဆင့်မြောက် ဆန်းကြယ်ကူ အဖြစ် ပြောင်းလဲ နိုင်မည်ဟု သူမ ယုံကြည် နေသည်။
“ စီနီယာ အစ်မကြီး အထင် လွဲနေပြီ”
လီယွမ် က ရယ်လိုက်၏။
“ကျွန်တော်က သန့်စင်လို့ ပြီးသွားပြီ ဆိုတာကို ပြောမလို့ပါ”
သူက လက်ဝါးကို ဖြန့်ပြ လိုက်သည်။ သူ၏ လက်ဝါး ထဲတွင် သေးငယ်သော အနက်ရောင် ကူကောင်လေး တစ်ကောင် ရှိနေ၏။
“ ဒါကို စီနီယာ အစ်မကြီး သိတယ် မဟုတ်လား”
လီယွမ်က အလျော့ ပေးထားခြင်း ပင် ဖြစ်တော့သည်။
မဟုတ်ပါက သူ၏ အရှိန်အဟုန် ဖြင့်ဆိုလျှင် ခြောက်ဆင့်မြောက် ဆန်းကြယ်ကူ များကို တစ်ဝက် တစ်ပျက်ဖြင့် ခဏချင်း အတွင်း အမြောက်အမြား သန့်စင် နိုင်သော်လည်း ၎င်းမှာ အလွန်ပင် တုန်လှုပ် ဖွယ်ရာ ကောင်းနေလိမ့်မည်။
“ ဒါ... ဒါက ခြောက်ဆင့်မြောက် ဆန်းကြယ်ကူ အကွဲတစ်ရာကူ ပဲ.. ”
နင်ဟုန်ယွီ မှာ မှင်သက် သွားရတော့၏။ အကွဲတစ်ရာကူ ဆိုသည်မှာ အဆတစ်ရာ အထိ ကွဲပြား နိုင်စွမ်း ရှိသော ကူကောင် ဖြစ်ပြီး သာမန် ကူကောင်များ ထက် များစွာ သာလွန် လှသည်။ ၎င်းမှာ အလွန်ပင် ရှားပါးလှသော အမျိုးအစား တော့ မဟုတ်ပါချေ။
“ စီနီယာ အစ်မကြီး လောင်းကြေး အတိုင်း အရှုံး ပေးတော့မလား”
ရှေ့မှောက်ရှိ အကွဲတစ်ရာကူ မှာ အံ့ဩစရာ မဟုတ်ဟု ထင်ရ သော်လည်း ၎င်းမှာ အစစ်အမှန် ခြောက်ဆင့်မြောက် ဆန်းကြယ်ကူ ဖြစ်ရာ လီယွမ်၏ အောင်ပွဲ ပင် ဖြစ်၏။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
နင်ဟုန်ယွီ က မယုံကြည် နိုင်သလို မေးမြန်း လိုက်သည်။
“ မင်းရဲ့ ကူ သန့်စင်တဲ့ အရှိန်က ဘာလို့ ဒီလောက် မြန်နေရတာလဲ”
လီယွမ် က ရယ် လိုက်၏။
“ စီနီယာ အစ်မကြီး လည်း လေးဆင့်မြောက် ဆန်းကြယ်ကူ ကို သန့်စင် နိုင်ခဲ့တာပဲ မဟုတ်လား.. ဒါက သာမန် ကူသခင်တွေ ထက် အများကြီး ပိုမြန် ပါတယ်.. ”
“ ဒါပေမဲ့”
အဲဒါကြောင့်ပဲ သူမက သူမ၏ သွေးများကို အသုံးပြုကာ အစာကျွေး ခဲ့ခြင်း ဖြစ်သည် မဟုတ်ပါလော။ ဂျူနီယာ မောင်လေး ကရော ဘာကြောင့်ပါလိမ့်။
“ မင်း လိမ်နေတာ မဟုတ်လား”
နင်ဟုန်ယွီ က မျက်မှောင် ကြုတ်လိုက်၏။
“ ဂျူနီယာ မောင်လေး မင်းက ဒီထောင်ချောက်ကို ကြိုပြင် ထားပြီး ငါ့ကို တမင်တကာ အနိုင်ကျင့် တာလား”
ထိုအခါ လီယွမ်က ပြန်ဖြေလိုက်သည်။
“ အခုမှ သန့်စင်ထားတဲ့ အစစ်အမှန် ပါ”
နင်ဟုန်ယွီ က သူ၏ အနားသို့ တိုးကပ် လာပြီးနောက် ပြောလိုက်၏။
“ ငါ့မျက်လုံးတွေကို ကြည့်ပြီး ပြောစမ်း ဂျူနီယာ မောင်လေးက စီနီယာ အစ်မကြီးကို ဘယ်တော့မှ မလိမ်ဘူး ဆိုတာကို”
“ ကျွန်တော်.. စီနီယာ အစ်မကြီးကို ဘယ်တော့မှ မလိမ်ပါဘူး.. ”
လီယွမ်က အလေးအနက် ဆိုလိုက်သည်။
“ သွားပါပြီ”
နင်ဟုန်ယွီ မှာ မြေပြင်ပေါ်သို့ ပျော့ခွေ ကျသွားကာ ဂျူနီယာ ညီလေးကို အပိုင် သိမ်းမည့် အစီအစဉ်မှာ ကျရှုံး သွားရ ပြန်၏။
“ ဘာလို့လဲ မင်းက ဘာလို့ ဒီလောက် မြန်နေရတာလဲ အား”
“ ဘာလို့လဲ ဆိုတော့”
လီယွမ် က ပြုံးလျက် ဆိုလိုက်၏။
“ ကူအင်မော်တယ်ရဲ့ နည်းလမ်းတွေ ကြောင့်ပေါ့”
နင်ဟုန်ယွီ ကတော့ ဘာမျှ မဆိုနိုင်တော့ဘဲ ကြည့်နေ မိတော့သည်။
အရာရာတိုင်းက ကူအင်မော်တယ် ကြောင့်ပဲလား။
ကူအင်မော်တယ်က နင့်ရဲ့ အဖေလား။
“ ကောင်းပြီလေ ငါ အရှုံး ပေးပါတယ်.. ”
အဖြေက ထွက်ပေါ် သွားခဲ့၏။ နင်ဟုန်ယွီ မှာ ဘာကို ဆုံးရှုံး ရမည်ကို ဂရုမစိုက် ပေ။ ဂျူနီယာ မောင်လေး၏ ခန္ဓာကိုယ်ကို အနိုင် မရရှိ ခဲ့ခြင်းကိုသာ သူမ နာကျည်း နေမိတော့သည်။
“ မင်း ကြိုက်တာကို ယူလိုက်တော့”
နင်ဟုန်ယွီ မှာ မြေပြင်ပေါ်၌ လဲလျောင်းလျက် အရာရာကို အရှုံး ပေးလိုက်သည့် အမူအရာ ပြလိုက်၏။
“ ဒါဆို ကျွန်တော် ယူတော့မယ်နော်.. ”
လီယွမ် က အနည်းငယ် ရှက်ရွံ့ သွားရသည်။
“ ယူပါ ယူလိုက်စမ်းပါ”
ရှုံးရင် ရှုံးတဲ့ အတိုင်းပဲ ပေါ့။
နင်ဟုန်ယွီ ကတော့ လဲလျောင်း နေဆဲ ပင်။
“ စီနီယာ အစ်မကြီး ကျွန်တော် တကယ်ပဲ ယူလိုက်ပြီနော်.. ”
လီယွမ် က သူ၏ လက်ဝါး နှစ်ဖက်ကို ပွတ်သပ်ရင်း ရင်ခုန် စွာဖြင့် ဆိုလိုက်သည်။
“ ဘာလဲ မင်းက ရှက်နေတာလား”
နင်ဟုန်ယွီ က မျက်စောင်းထိုးရင်း မျက်လုံးကို မှိတ်လိုက်၏။
“ မြန်မြန် လုပ်စမ်းပါ”
“ ကောင်းပါပြီ”
လီယွမ် က အသက်ကို ပြင်းပြင်း ရှူလိုက်သည်။
“ စီနီယာ အစ်မကြီး နည်းနည်းတော့ နာလိမ့်မယ်.. အောင့်ထားနော်.. ”
လက်ထိပ် ပေါ်တွင် အပေါက် ပါသော ခိုင်မာ ထက်မြက်သည့် ပင့်ကူမျှင် တစ်ခု ပေါ်ထွက် လာ၏။
“ဇွပ်”
ပင့်ကူမျှင် သည် နင်ဟုန်ယွီ၏ ခန္ဓာကိုယ်ကို ချက်ချင်း ထိုးဖောက် သွားပြီး သွေး အမြောက်အမြားကို စုပ်ယူ လိုက်လေသည်။