အသက်ပြန်ရှင်လာသော ခါးကုန်းကြီးမုန့်
Vol. 005 Ch. 202
ထိုအချိန်တွင် လိုအင်၆မျိုး နတ်ဆိုးသခင်သည် တတိယ စမ်းသပ်မှု အတွင်းတွင် လေးခုမြောက် နယ်ပယ်ကို ပျံသန်း၍ လိုက်ရှာ နေလေသည်။ လေလွင့်ဝိညာဉ် တစ်ကောင်ကို တွေ့သည့် အချိန်တိုင်း သူက လက်ကို ဝှေ့ယမ်း လိုက်သည်။ ထိုအခါ ဘေးရှိ လူငယ်၏ ခန္ဓာကိုယ်မှ အပြာရောင် အလင်းတစ်ခု လက်သွားရာ လေလွင့်ဝိညာဉ်များက လိုအင်၆မျိုး နတ်ဆိုး သခင်ပေါ်သို့ ခုန်အုပ်ရန် လက်လျှော့ သွားကြပြီး လူငယ်ပေါ်သို့ ခုန်အုပ်ကြသည်။
သို့သော်လည်း လေလွင့် ဝိညာဉ်များက လူငယ်၏ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်သွားပြီး နောက်တွင် အစအနပင် မကျန်ဘဲ ပျောက်ကွယ် သွားကြသည်။ အပြင်ဘက်တွင်လည်း လူငယ်၏ ခန္ဓာကိုယ်က ပုံမှန်အတိုင်းပင်။
လိုအင်၆မျိုး နတ်ဆိုးသခင်သည် ထိုနည်းလမ်းအတိုင်း တတိယ စမ်းသပ်မှုအတွင် ခရီးဆက် နေလေသည်။ လမ်းတွင် ထိတ်လန့်စရာများ အနည်းငယ် ကြုံရသော်လည်း အန္တရာယ်တော့ မရှိခဲ့ချေ။ အဆိုးဆုံး အချိန်သည် လေလွင့်ဝိညာဉ် ၁၀၀၀ခန့် ရှိသော အုပ်စုကြီးနှင့် တွေ့သောအချိန် ဖြစ်သည်။ သို့သော်လည်း သူက လက်ကို ဝှေ့ယမ်းလိုက်ရာ လူငယ်၏ခန္ဓာကိုယ်မှ အပြာရောင် အလင်းတစ်ခု လက်သွား၏။ ထိုအခါ လေလွင့်ဝိညာဉ်များ အားလုံးက လူငယ်ဆီသို့သာ ခုန်အုပ်ကြပြီး ပြန်ထွက် မလာနိုင်ကြတော့ပေ။
လိုအင်၆မျိုး နတ်ဆိုးသခင်သည် ဘေးမှ လူငယ်အား ကိုင်ထားရင်း အေးစက်စက် ပြုံးလိုက်သည်။ သူက ဒုတိယ စမ်းသပ်မှု အတွင်းတွင် လျှပ်စီးမှန်ပြီး သူ၏ကျင့်ကြံခြင်း အဆင့်က တစ်ဆင့် ကျသွားကာ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အစောပိုင်းသို့ ရောက်သွား ခဲ့ရသည်။ သို့သော်လည်း နှစ်၁၀၀၀ခန့် ပြင်ဆင်ထားသည့် သူ၏ရတနာကြောင့် သည်တစ်ကြိမ် တွင်တော့ သူက လေးခုမြောက် နယ်ပယ်ကို ဝင်နိုင်တော့မည် ဖြစ်သည်။
ထိုအကြောင်းကို တွေးပြီး သူ၏နှလုံးက တဒုန်းဒုန်း ခုန်သွား၏။ သူကသာ ဝိညာဉ်အသွင် ပြောင်းခြင်း အဆင့်ကို ရခဲ့လျှင် သူက ကျင့်ကြံခြင်း အဆင့်တစ်ဆင့် ကျသွားလျှင် တောင်မှ သူ့အတွက် အကျခံနိုင်ပေသည်။ ထိုဆေးလုံးဖြင့်ဆိုလျှင် သူက စိတ်ဝိညာဉ် အသွင် ပြောင်းခြင်း အဆင့်နောက်ပိုင်း အဆင့်များသို့ပင် ရောက်သွား နိုင်သည်။
စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့သာ ရောက်ခဲ့လျှင် အမြဲတမ်း သူ မရှုပ်ရဲခဲ့သည့် ဟင်္သာပြဒါးငှက် အင်ပါယာကို မွှေချင်သလို မွှေနိုင်တော့မည် ဖြစ်သည်။
ထို့အတွေးများကို တွေးပြီး သူ့အမြန်နှုန်းကို မြှင့်လိုက်သည်။ ထို့အပြင် ရှေးဟောင်း နတ်ဘုရား၏နယ်မြေမှ အမွေအနှစ် ရတနာသည်လည်း သူ့လက်ထဲတွင် ရှိနေသည်။ မူလက အမွေအနှစ် ရတနာကို ရှေးဟောင်း နယ်မြေအတွင်းသို့ ဝင်ရောက်ရန် လူစုဆောင်းခဲ့သော သူ့ဆရာက ပိုင်ဆိုင်ခဲ့သည်။
တတိယ စမ်းသပ်မှုတွင် သူ့ဆရာက သေဆုံး သွားသောအခါ အမွေအနှစ် ရတနာက သူ့လက်ထဲသို့ ရောက်လာသည်။ သူ့ဆရာက အမွေအနှစ် ရတနာပစ္စည်းကို ဤနေရာမှထွက်ရန် အတွက် လိုဏ်ခေါင်းတစ်ခု ဖွင့်ရာတွင် အသုံးပြုရန် ကြံစည်ထားခဲ့သည်။ သို့သော်လည်း အရေးကြီးသည့် အချိန်ရောက်မှ ယခင်က တွေ့ခဲ့ဖူးသော သားရဲများထက် ပိုပြီး စွမ်းအားကြီးသည့် မျက်လုံးက သူတို့က မီလာပြီး သူ့ဆရာကို သေဆုံးစေခဲ့သည်။
သူ့ဆရာ သေသွားပြီးနောက် လိုအင်၆မျိုး နတ်ဆိုးသခင်က အလွန် ကြောက်လန့်သွားပြီး လိုဏ်ခေါင်းထဲသို့ ဝင်ကာ အလျင်အမြန် ထွက်ပြေးခဲ့တော့သည်။
***
ထိုအချိန်တွင် အလံ၄ခု လှည့်ပတ်နေသော ရှေးဟောင်း အင်ပါယာက တတိယ စမ်းသပ်မှုအတွင်းရှိ ကျောက်တုံး တစ်တုံးပေါ်တွင် ထိုင်နေလေသည်။ သူ့ခေါင်းပေါ် တွင်လည်း သူ့မျက်နှာ အရွယ်အစားခန့် ရှိသော ရောင်ဝါ တောက်ပနေသည့် စေတီတစ်ဆူ ရှိနေလေသည်။
စေတီ၏ အလင်းရောင် ဖြာကျနေသည့် နေရာ၏ အပြင်ဘက်တွင် သေချာကြည့်မှ မြင်နိုင်သည့် လေလွင့်ဝိညာဉ်များက အလင်းရောင်၏ အစွန်းများတွင် ပတ်သွား နေကြလေသည်။ လေလွင့် ဝိညာဉ်များ၏ မျက်လုံးများသည် ရှေးဟောင်း အင်ပါယာကို စားချင်၊ ဝါးချင်သည့် အကြည့်များဖြင့် ကြည့်နေလေသည်။
သို့သော်လည်း မည်သည့် လေလွင့်ဝိညာဉ်ကမှ အလင်းရောင် အတွင်းသို့ မဝင်ရဲကြချေ။
ရှေးဟောင်း အင်ပါယာ၏ မျက်နှာက ခါးသီးသော အမူအရာဖြင့် ရှိနေသည်။ သူက ဒုတိယ စမ်းသပ်မှု အတွင်းမှ ထွက်လာစဉ် သူ့နောက်မှ လျှပ်စီးတစ်ခု လိုက်လာခဲ့သည်။ သူ၏ အသက်ကယ် ရတနာကြောင့် သူက အသက်ရှင် ခဲ့သော်လည်း ထိုအသက်ကယ် ရတနာက ပျက်စီး သွားခဲ့ရကာ သူ၏ကျင့်ကြံခြင်း အဆင့်ကလည်း စဦးစိတ်ဝိညာဉ် နှောင်းပိုင်း အဆင့်သို့ ရောက်သွား ခဲ့ရသည်။
သူက တတိယ စမ်းသပ်မှု အတွင်းသို့ ဝင်ပြီးနောက် သူက အနက်ရှိုင်းဆုံး နေရာများထိ မဝင်သွားရဲတော့ချေ။ ထို့ကြောင့် သူက အပြင်ဘက်ပိုင်း နေရာတစ်ခုကို ရွေးကာ သူ၏ ကျင့်ကြံခြင်း အဆင့်ကို ပြန်ရရန် ကုစားလျက် ရှိသည်။ သူ၏ စဦးစိတ်ဝိညာဉ် နှောင်းပိုင်း အဆင့်ဖြင့် ပထမ စမ်းသပ်မှုနှင့် ဒုတိယ စမ်းသပ်မှုတွင် သူ့ကိုယ်သူ ကာကွယ်နိုင်မည် ဖြစ်သော်လည်း တတိယ စမ်းသပ်မှုတွင်တော့ အသက်ရှင်ရန် အခွင့်အရေး မရှိချေ။
ထို့အပြင် ဝဲကတော့က သူ့ကို တတိယစမ်းသပ်၏ အလယ်နေရာသို့ ပို့ပေးခဲ့သည်။ သူကသာ ချက်ချင်း စေတီကို အသုံးမပြုလိုက်ပါက လေလွင့်ဝိညာဉ်များ၏ အစုလိုက်၊ အပြုံလိုက် ဝိုင်း၍ အမဲဖျက်ခြင်းကို ခံရပေလိမ့်မည်။
ထိုကတည်းက သူသည် စေတီ၏ အလင်းရောင်ကို ဆက်လက် ထုတ်လွှတ်နေရပြီး လေလွင့်ဝိညာဉ်များ ကြားတွင် ပိတ်မိ နေခဲ့လေသည်။
ထိုအကြောင်းကို တွေးပြီး သူ၏မျက်နှာက အမုန်းများဖြင့် ပြည့်နှက် လာသည်။ ဒုတိယ စမ်းသပ်မှုမှ ထူးဆန်းသော လူကြောင့်သာ မဟုတ်လျှင် သူက ဤအခြေအနေသို့ ရောက်လာလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ထိုလူ၏ မူလဇာစ်မြစ်ကိုတော့ အခုထိ ဝေဝါးနေဆဲ ဖြစ်သည်။ သူ၏ သုံးသပ်မှုအရ ထိုလူမှာ ဝမ်လင်း ဖြစ်ရမည် ဖြစ်သည်။ သို့သော် ထိုလူက ဝမ်လင်းဖြစ်သည်ဟု ယုံကြည်ရန် ခက်ခဲနေလေသည်။
***
ဝမ်လင်းကတော့ ယခုအချိန်တွင် တတိယ နတ်ဘုရား စိတ်အာရုံဖြင့် ဖြန့်ကြက် လိုက်သည်။ ဤနေရာတွင် သူမှလွဲ၍ တခြားဝိညာဉ် စားသုံးသူမှာ တစ်ယောက်တည်းသာ ရှိသည်။ ထိုဝိညာဉ် စားသုံးသူကလည်း အိပ်ပျော်နေသည်။ ထို့အပြင် လေလွင့်ဝိညာဉ် အရေအတွက် ကလည်း ပြင်ပ တိုက်ပွဲမြေပြင်ကထက် ပိုမို နည်းပါးလေသည်။ ပြောရလျှင် တတိယစမ်းသပ်မှု နေရာကလည်း ပြင်ပတိုက်ပွဲ မြေပြင်ထက်စာရင် အဆပေါင်းများစွာ ကျဉ်းမြောင်း နေသောကြောင့် ဖြစ်သည်။
ထို့အပြင် ဝမ်လင်းသည် လေးခုမြောက် နယ်မြေ၏ဝင်ပေါက်ကိုလည်း တွေ့ရှိထားပြီး ဖြစ်သည်။ ဝင်ပေါက်က အလယ်တွင် မရှိဘဲ အနောက်မြောက်ဘက်တွင် ရှိနေသည်။ ဝင်ပေါက်နားတွင် လေလွင့်ဝိညာဉ် အုပ်စုလိုက်ကြီးက စောင့်ကြပ် နေကြသည်။ ထိုနေရာရှိ လေလွင့် ဝိညာဉ်များသည် တတိယ စမ်းသပ်မှု အတွင်းရှိ လေလွင့် ဝိညာဉ်များ၏ လေးပုံတစ်ပုံခန့် ရှိ၏။
ထိုစဉ်တွင် သူ၏ ထိန်းချုပ်မှုအောက်ရှိ လေလွင့်ဝိညာဉ် အားလုံးသည် ထူးဆန်းသည့် နည်းစနစ် တစ်မျိုးဖြင့် သူ့ဆီသို့ မက်ဆေ့များကို ပေးပို့လာသည်။ သူတို့က သူ၏ အမိန့်အတိုင်း လိုအင်၆မျိုး နတ်ဆိုးသခင်နှင့် ရှေးဟောင်း အင်ပါယာကို ရှာတွေ့သွားခြင်း ဖြစ်သည်။
ထို့အပြင် သွမ့်မူကျိနှင့် ဝမ်ချင်းယွဲ့ကိုပါ တွေ့လိုက်ရ၍ ဝမ်လင်းက အံ့အားသင့် သွားလေသည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီး သူ၏ဝိညာဉ်ကို ရှေးဟောင်း အင်ပါယာဆီသို့ ပို့လွှတ်လိုက်သည်။ လေလွင့်ဝိညာဉ် တစ်ကောင်၏ သတင်းပေးပို့ချက်အရ ရှေးဟောင်း အင်ပါယာသည် လက်ရှိတွင် ကျင့်ကြံခြင်း အဆင့်၌ အနိမ့်ဆုံးဟု သိလိုက်ရသည်။
အချိန်အနည်းငယ် အတွင်းမှာပင် ဝမ်လင်း၏ဝိညာဉ်က ထိန်းချုပ်ထားသည့် လေလွင့် ဝိညာဉ်များနှင့်အတူ စေတီအလင်း၏ အစွန်းသို့ ရောက်လာသည်။ သူက ရှေးဟောင်း အင်ပါယာအား ကြည့်ပြီး စဉ်းစားလိုက်သည်။
ထို့နောက် ဝမ်လင်းက အနီးရှိ လေလွင့် ဝိညာဉ်များကို စားလိုက်ရာ သူ၏ မီးခိုးရောင် ဝိညာဉ်က ပို၍ ကြီးမား လာသည်။ ယခုဝိညာဉ်၏ အရွယ်အစားသည် ယခင်ကလောက် မကြီးမားသေး သော်လည်း အရည်အသွေးပိုင်းတွင်မူ လက်ရှိဝိညာဉ်က အပြတ်အသတ် သာလေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ဂျိနယ်ပယ်ကြောင့် ဖြစ်သည်။
ဝမ်လင်း ရောက်လာသည်နှင့် ရှေးဟောင်း အင်ပါယာက ဝမ်လင်းရှိသည့် အရပ်ကို အေးစက်စွာ ကြည့်လိုက်သည်။ သူက ဟင်းလင်းပြင်ကြီးကိုသာ မြင်တွေ့ရသော်လည်း ထိုနေရာတွင် တခြား ဝိညာဉ်များနှင့် မတူသည့် ဝိညာဉ်တစ်ကောင် ရှိနေသည်ကို ခံစားမိလိုက်သည်။
ထိုဝိညာဉ် ရောက်လာသည်နှင့် တခြား ဝိညာဉ်များက ဘေးသို့ ရှဲပေးလိုက်ကြသည်။ သူက အရိပ်များကဲ့သို့ လေလွင့် ဝိညာဉ်များကို သေချာ ကြည့်လိုက်ရာ သူတို့၏ မျက်နှာများမှ ကြောက်ရွံ့မှုကို တွေ့လိုက်ရသည်။
ထိုမြင်ကွင်းကို မြင်ပြီးသည်နှင့် ရှေးဟောင်း အင်ပါယာ၏ နှလုံးက တဒုန်းဒုန်း ခုန်သွားပြီး စေတီ၏အလင်းကို ဆက်လက် ထိန်းသိမ်းနိုင်ရန် အတွက် စိတ်စွမ်းအင် လုံလောက်မှု ရှိစေရန် ဆေးတစ်လုံးကို ပါးစပ်ထဲ ထည့်ကာ ဝါးစားလိုက်သည်။
ဝမ်လင်းက အလင်းထဲမှ ရှေးဟောင်း အင်ပါယာကို စိုက်ကြည့်ပြီး နတ်ဘုရား စိတ်အာရုံဖြင့် မက်ဆေ့တစ်ခု ပို့လိုက်ရာ လေလွင့်ဝိညာဉ် ၁၀ကောင်က ရှေ့သို့ တက်လာသည်။ သူတို့၏ မျက်နှာများတွင် ကြောက်ရွံ့မှုများ ပြည့်နှက် နေသော်လည်း စေတီမှ အလင်းဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွား၏။
သူတို့က အလင်းရောင်ကို ထိတွေ့လိုက်သည်နှင့် အားကောင်းသော ခုခံအားတစ်ခုဖြင့် တားဆီးခြင်းကို ခံရကာ ရှေးဟောင်း အင်ပါယာနှင့် ငါးပေ အကွာအတွင်းသို့ မဝင်ရောက် နိုင်ကြတော့ပေ။ သူတို့က ရှေးဟောင်း အင်ပါယာနှင့် ၅ပေအတွင်းသို့ မဝင်နိုင်ရုံတင် မဟုတ်ဘဲ သူတို့၏ ခန္ဓာကိုယ်မှလည်း အစိမ်းရောင် အငွေ့များ ဖြစ်ပေါ်လာပြီး နောက်သို့ ပြန်ဆုတ် ကြရသည်။
သို့သော်လည်း စေတီ၏ အလင်းကတော့ မှိန်သွား၏။
ဝမ်လင်းက အမိန့် နောက်တစ်မျိုး ပေးလိုက်ရာ အနီးအနားရှိ လေလွင့်ဝိညာဉ် ၁၀,၀၀၀ကျော်သည် စေတီအား စိုက်ကြည့် လိုက်ကြသည်။
မြင်ကွင်းကို ကြည့်ပြီး ရှေးဟောင်း အင်ပါယာ၏ နှလုံးက တဒိန်းဒိန်း မြည်လာသည်။ သူက အလျင်အမြန် လက်သင်္ကေတများကို ပြုလုပ်ပြီး စေတီအတွင်းသို့ အလင်းလှိုင်းများ ပို့လိုက်သည်။ အလင်းလှိုင်းတစ်ခု ထွက်သွားတိုင်း ရှေးဟောင်း အင်ပါယာမျက်နှာက ဖြူရော်သွား၏။ နောက်ဆုံးလှိုင်းကို ထုတ်ဖော်ပြီးသည့် အချိန်တွင် သူ့မျက်နှာက မြေဖြူခဲကဲ့သို့ ဖြူဖွေးသွားပြီး သူ၏ကျင့်ကြံခြင်း အဆင့်ကလည်း စဦးစိတ်ဝိညာဉ် အလယ်အဆင့်သို့ ကျသွားလေသည်။
တစ်ချိန်တည်းမှာပင် လေလွင့်ဝိညာဉ် အားလုံးကလည်း အလင်းလှိုင်းများဆီသို့ ပြေးဝင်လာကြပြီး သဲကြီးမဲကြီး တိုက်ခိုက်ကြသည်။ သို့သော်လည်း လေလွင့် ဝိညာဉ်များ၏ ခန္ဓာကိုယ်မှ မီးခိုးများ ထွက်လာကြပြီး လေလွင့်ဝိညာဉ်များက ရှေးဟောင်း အင်ပါယာနှင့် ၁၀ပေအတွင်း သို့သာ ဝင်နိုင်ကြသည်။ ရှေးဟောင်း အင်ပါယာဆီသို့ ရောက်ရန် အကွာအဝေးမှာ တိုးမလာသေးပေ။
ရှေးဟောင်း အင်ပါယာက ခါးသီးစွာ ရယ်မောလိုက်သည်။ များပြားလှသော သားရဲများ၏ တိုက်ခိုက်မှုက သူ့ကို အလွန် ပင်ပန်းစေသည်။ သူက စေတီဆီသို့ စိတ်စွမ်းအင်များကို ထုတ်လွှတ် နေရသဖြင့် လင်းချီများ ကုန်သွားမည်ကို စိုးရိမ်နေလေသည်။
အစမှ အဆုံးထိ ဝမ်လင်းက တစ်ချက်ကလေးပင် မလှုပ်ရှားသေးပေ။ တခြားနေရာ၌သာ ဆိုလျှင် ရှေးဟောင်း အင်ပါယာသည် သူ့အား တစ်ချက်တည်းနှင့် သေအောင် သတ်သွားပေလိမ့်မည်။ သို့သော် ဤနေရာတွင်မူ သူက လေလွင့်ဝိညာဉ်များကို ခိုင်းစေနိုင်သည့် ဝိညာဉ်စားသုံးသူ တစ်ယောက် ဖြစ်သည်။
အမှန်တွင် သူက ဝိညာဉ်စားသုံးသူ တစ်ယောက် ဖြစ်နေလျှင်တောင်မှ ရှေးဟောင်း အင်ပါယာကို ထိပ်တိုက် မရင်ဆိုင်နိုင်ပေ။
သို့သော်လည်း ဝိညာဉ်စားသုံးသူ၏ စွမ်းရည်သည် လေလွင့်ဝိညာဉ်များကို ဝါးမျိုခြင်း ဖြစ်ပြီး လေလွင့်ဝိညာဉ်များ၏ စွမ်းရည်သည် အသက်စွမ်းအားကို ဝါးမျိုခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်က ကျင့်စဉ်အဆင့် အလွန် မြင့်နေလျှင် တောင်မှ သူကသာ လုံလောက်သည့် လေလွင့်ဝိညာဉ် အရေအတွက် အများကြီးကို ထိန်းချုပ် ထားနိုင်လျှင် ထိုလူက ကျိန်းသေ သေဆုံး သွားရပေလိမ့်မည်။
ထို့ကြောင့် လေလွင့်ဝိညာဉ်များသာ သက်ရှိလောကတွင် ပေါ်လာပါက ကပ်ဆိုးကြီးတစ်ခု ဖြစ်သွားနိုင်သည်။ လေလွင့်ဝိညာဉ် အစစ်အမှန် တစ်ကောင်၏ စွမ်းအားသည် မကောင်းဆိုးဝါး ရှုလီကောထက် အများကြီး ပိုအစွမ်းထက်၏။
ရှေးဟောင်း နတ်ဘုရားနယ်မြေ၏ တတိယစမ်းသပ်မှုသည် သေဆုံးခြင်း ထောင်ချောက်တစ်ခု ဖြစ်သည်။ ဤနေရာတွင် လူအနည်းငယ်ကသာ အောင်မြင်စွာ ဖြတ်ကျော် နိုင်ပေလိမ့်မည်။ ရှေးဟောင်း နတ်ဘုရား နယ်မြေသည် နှစ်ပေါင်း မရေမတွက်နိုင်အောင် ရှိနေခဲ့ပြီး ဖြစ်သည်။ ရှုလီချင်း၏ ဆရာတို့အဖွဲ့သည် ပထမဆုံး ဝင်သည့်အဖွဲ့ မဟုတ်ဘဲ ရှေ့တွင်လည်း ဝင်ခဲ့သည့် ကျင့်ကြံသူများ အများကြီး ရှိ၏။ သို့သော်လည်း အားလုံးသည် တတိယနယ်မြေထဲတွင် သေဆုံး သွားခဲ့ကြသည်။
လေလွင့် ဝိညာဉ်များကို အလွယ်တကူ ဖျက်ဆီးပစ်၍ မရနိုင်ချေ။ ထို့အပြင် သူတို့သည် အရေအတွက်အားဖြင့် များပြားလှသည်။ လေလွင့်ဝိညာဉ်များ၏ ခန္ဓာကိုယ် တစ်ခုလုံးက ဝါးမျိုခံလိုက်ရပြီး မီးပွားလောက်သာ ရှိသည့် ဝိညာဉ် အပိုင်းအစတစ်ခု ကျန်ရှိနေသေးလျှင် ထိုဝိညာဉ် အပိုင်းအစက လေလွင့်ဝိညာဉ် တစ်ကောင်အဖြစ် ပြန်လည် ရှင်သန်နိုင်သည်။
ထန်းဟွယွမ်ကသာ သူ၏ခန္ဓာကိုယ်ကို မဖျက်ဆီးခဲ့လျှင်၊ စစ်ထူနန်ကသာ သူ၏စဦးဝိညာဉ်ကို အသုံးပြုပြီး ဝမ်လင်း၏ဝိညာဉ်ကို ဖျက်ဆီးခံရခြင်းမှ မကာကွယ်ပေးခဲ့လျှင်၊ ပြင်ပတိုက်ပွဲမြေပြင် အတွင်းရှိ လေဟာနယ် အက်ကွဲကြောင်း အတွင်းသို့ မဝင်ရောက်သွားခဲ့လျှင်၊ ဝိညာဉ်စားသုံးသူ တစ်ယောက် ဖြစ်လာသည်အထိ ဝိညာဉ်များကို စားသုံးခြင်း မရှိခဲ့လျှင် သူသည် တတိယ စမ်းသပ်မှုအထိ ရောက်လာနိုင်လျှင် တောင်မှ အသက်ရှင်ရန် မဖြစ်နိုင်ချေ။
လေလွင့်ဝိညာဉ် အားလုံးသည် ဝမ်လင်း၏ အစာဖြစ်သည်။ သို့သော် ရှေးဟောင်း အင်ပါယာ၏ စိတ်ထဲတွင်မူ ဝမ်လင်းသည် အမြုတေ ဖွဲ့တည်ခြင်းအဆင့် ဂျူနီယာ တစ်ယောက်သာ ဖြစ်သည်။ ဤနေရာတွင် တားမြစ်ချက် အမျိုးမျိုးသော အခြေအနေများကြောင့်သာ မဟုတ်လျှင် သူက ဝမ်လင်းအား လက်ချောင်း တစ်ချောင်းတည်းဖြင့်ပင် သတ်ပစ်နိုင်သည်။
သို့သော်လည်း ဤနေရာတွင် မမျှော်လင့်ထားသည့် ကိစ္စများ ဖြစ်လာနိုင်သည်။ ဥပမာ- ပုရွက်ဆိတ်က ဆင်ကို သတ်လိုက်နိုင်ခြင်း။ ဤနေရာတွင် တချို့အရာများသည် ရေရာသော အကြောင်းပြချက်များ မရှိချေ။
ဥပမာ_ ယခုကဲ့သို့ အရာမျိုး ဖြစ်သည်။ ယခု ပထမ စမ်းသပ်မှုတွင် သေဆုံးခဲ့သော ခါးကုန်းကြီးမုန့်သည် ရှေးဟောင်း နတ်ဘုရားထူစီ၏ အော်ရာ အရှိန်အဝါနှင့်အတူ ရောက်ရှိ လာလေသည်။ သူက ပထမစမ်းသပ်မှုတွင် သေဆုံးသွားခဲ့သော်လည်း ယခုမူ အသက်ရှင်လျက် ရှိနေဆဲဖြစ်သည်။ ထိုကိစ္စအား မည်သူကမှ ဘယ်လိုဖြစ်သွားကြောင့် မပြောပြနိုင်သေးပေ။ ရှေးဟောင်း နတ်ဘုရားနယ်မြေ၏ တတိယ စမ်းသပ်မှုထဲတွင် ပိုပြီး ရှုပ်ထွေးလာမည့် ကိစ္စရပ်များက စတင် ဖြစ်လာတော့မည် ဖြစ်သည်။
***