← Chapters

ငါဝင်ပါရင် ဘာဖြစ်မလဲ (အပိုင်းတစ်)

Vol. 70 Ch. 1043

ငါဝင်ပါရင် ဘာဖြစ်မလဲ (အပိုင်းတစ်)

Vol. 70 Ch. 1043

အင်ပါယာရက်ဆင်သည် ဒီအလက်ဇန္ဒရိုကို မတွန့်ဆုတ်ဘဲ အရှက်ခွဲနေခဲ့သည်။

အစမှအဆုံးအထိ အင်ပါယာရက်ဆင်သည် သူ၏လက်အောက်ငယ်သားတစ်ဦးကို စည်းကမ်းတကျ ဆုံးမနေပုံရသည်။ စိတ်နေစိတ်ထား၊ တည်ငြိမ်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးအရ အင်ပါယာရက်ဆင်သည် ဒီအလက်ဇန္ဒရိုကို အလွန်အမင်းဖိနှိပ်ခဲ့သည်။ ကျင့်ကြံမှုအစွမ်းသတ္တိအရ သူသည် တိုက်ကြီး၏သိုင်းသူတော်စင့် နံပါတ် ၂ တပည့်၏ ယုံကြည်မှုနှင့် တိုက်ပွဲဆန္ဒကိုလည်း အလွယ်တကူ ဖျက်ဆီးခဲ့သည်။ ဇင်းနစ်ဧကရာဇ်သည် ဒီအလက်ဇန္ဒရိုကို ပြဿနာကြီးတစ်ခုအဖြစ် မဆက်ဆံကြောင်း လူတိုင်းသိသည်။

“မင်း... မာနကြီးလွန်းတယ်!” ဒီအလက်ဇန္ဒရိုသည် အလွန်ဒေါသထွက်ကာ သွေးအန်လုနီးပါးဖြစ်သွားပြီး ရူးသွပ်သွားသည်။

သူ၏ညာဘက်လက်ကို ပေါ့ပေါ့ပါးပါးဝှေ့ယမ်းလိုက်သောအခါ ၁.၅မီတာ ခန့်ရှည်သော နူးညံ့သိမ်မွေ့သည့် ဓားတစ်ချောင်းသည် သူ့လက်ထဲတွင် ပေါ်လာသည်။ ဓားသည် အေးစက်သောအလင်းရောင်ကို ထင်ဟပ်နေပြီး အလင်းတန်းတစ်ခုကဲ့သို့ ထင်ရသည်။ တစ်စုံတစ်ယောက်က သေချာအာရုံစိုက်မည်ဆိုပါက ဓားဟာ ကမ္ဘာပေါ်တွင် ရှားပါးလှသည့် ဂရန်းမာစတာများ၏ လက်ရာများသဖွယ် ခမ်းနားထည်ဝါလှသည်ကို တွေ့ရပေလိမ့်မည်။ ငွေရောင် ပြီးပြည့်စုံသည့် အဆင့်မြင့် မှော်ကျောက်တုံးများကို လက်ကိုင်၊ အကာနဲ့ ဓားအိမ်မှာ စီခြယ်ထားသည်။ ပါးလွှာပြီး ဆံပင်နှင့်တူသည့် ရုန်းပုံစံများကို ဓားသွားများ၏ နှစ်ဖက်စလုံးမှာ ထွင်းထုထားပြီး သိမ်မွေ့သည့် ငွေရောင်အလင်းက ရုန်းထဲက မှော်လမ်းကြောင်းများကို ဖြတ်သန်းကာ အန္တရာယ်ရှိသော အငွေ့အသက်များ ထုတ်လွှတ်နေသည်။

၎င်းက နတ်ဘုရားတစ်ပိုင်းအဆင့် တိုက်ခိုက်ရေးလက်နက်တစ်ခုဖြစ်သည်။

ထိုဓားကို ကိုင်ထားမိသည်နှင့် ဒီအလက်ဇန္ဒရို၏ အရှိန်အဝါက မြင့်တက်လာပြီး တောက်ပသောနေ အဆင့်၏ အထွတ်အထိပ်ကို ဖောက်ထွက်လုနီးပါးဖြစ်သွားသည်။ နတ်ဘုရားတစ်ပိုင်းအဆင့် လက်နက်များက အသုံးပြုသူ၏ စွမ်းအားကို ရာနဲ့ချီပြီး တိုးမြှင့်နိုင်သည်ဟု ဆိုကြသည်။

၎င်းက အနည်းငယ် ချဲ့ကားရာရောက်သော်လည်း ဒီအလက်ဇန္ဒရို၏ လက်ထဲတွင် ဓားက ကြောက်မယ်ဖွယ်ကောင်းနေသည်။

“ ဝှစ် ဝှစ် ဝှစ် “

ဒီအလက်ဇန္ဒရို က ဓားကို ပေါ့ပေါ့ပါးပါး ခါယမ်းလိုက်ပြီး ဓားမှာ အေးစက်စက်အလင်းတန်းများထုတ်လွှတ်လျက် အင်ပါယာရက်ဆင်ထံပြေးဝင်သွား၏။

ရွှေရောင်လှိုင်းလုံးများ လေထဲတွင်ပေါ်လာပြီး ငွေရောင်အလင်းတန်းများကို ပိတ်ဆို့ကာ အင်ပါယာရက်ဆင်၏ အနီးအနားသို့ မရောက်နိုင်အောင် တားဆီးသွားသည်။ ရွှေရောင်လှိုင်းလုံးများထဲသို့ ပြေးဝင်သွားသော ဓားပုံသဏ္ဍာန်အလင်းတန်းများသည် ရွှံ့နွံထဲသို့ ပြုတ်ကျသော ခရုများကဲ့သို့ သိသိသာသာနှေးကွေးသွားပြီး အလင်းတန်းများ၏ အစစ်အမှန်ပုံသဏ္ဍာန်ကို မြင်သာစေသည်။ ၎င်းတို့သည် ဒီအလက်ဇန္ဒရို ၏လက်ထဲတွင်ရှိသော အိပ်မက်ဆန်ဆန်ဓားနှင့် ဆင်တူသော သေးငယ်သည့်ဓားများစွာဖြစ်ပြီး ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် လေထဲတွင် တဖြည်းဖြည်းရပ်တန့်သွားသည်။

အုန်း အုန်း အုန်း

ငွေရောင်ဓားများသည် ပေါက်ကွဲသွားပြီး လေပြင်းတိုက်ခတ်မှုကို ဖန်တီးကာ ဧကရာဇ်ရက်ဆင်၏ အပြာရောင်ဖျော့ဖျော့တော်ဝင်ဝတ်ရုံကို လွင့်မျောသွားစေသည်။

ယခုက စတိုက်ချိန်မှစ၍ ဒီအလက်ဇန္ဒရိုပထမဆုံးအကြိမ်အဖြစ် ဧကရာဇ်ရက်ဆင်၏ အင်္ကျီစကို လှုပ်သွားစေနိုင်ခြင်းဖြစ်သည်။

“ ဟားဟား ဧကရာဇ် မင်းက ငါ့ထက် ပိုပြီး မာနကြီးရဲတာလား သေစမ်း “

ဧကရာဇ်ရက်ဆင်ကို အောင်မြင်စွာ ထိခိုက်စေပြီးနောက် ဒီအလက်ဇန္ဒရို ၏ ယုံကြည်မှုသည် များစွာတိုးလာခဲ့သည်။ သူ လေထဲမှာ တောက်ပနေပြီး သူ့လက်ထဲက လှပ ပါးလွှာသည့်ဓားကို ဝှေ့ယမ်းပြီး အသားတစ်ပိုင်းကို လှီးဖြတ်နေသလို ဧကရာဇ်ရက်ဆင်ရှေ့က ရွှေရောင်စွမ်းအင်မီးတောက်အားလုံးကို ဖြတ်တောက်လိုက်သည်။ နောက်ဆုံး ဧကရာဇ်ရက်ဆင်နားကို ရောက်သည်နှင့် အနီးကပ်တိုက်ပွဲကို စတင်လိုက်သည်။

ချက်ချင်းပင် သူတို့နှစ်ယောက် ကောင်းကင်၌ ရူးသွပ်စွာ တောက်ပလာကြသည်။ ပြင်းထန်သည့် စွမ်းအင်ပေါက်ကွဲမှုများ မပေါ်လာသော်လည်း ပို၍ကြောက်စရာကောင်းနေသည်။ လှုပ်ရှားမှုက လျှင်မြန်လွန်း၍ နောက်ချန်ပုံရိပ်များပင် ကျန်နေခဲ့သည်။ ပုံရိပ်တစ်ခုတွင် ဒီအလက်ဇန္ဒရို၏ ဓားက ဧကရာဇ်ရက်ဆင်ကို လှီးဖြတ်သွားပြီး တစ်ခုတွင်တော့ ဧကရာဇ်ရက်ဆင်က ဒီအလက်ဇန္ဒရို၏ခေါင်းကို ထိုခြေနေသည်။

နောက်ဆက်တွဲပုံရိပ်အမျိုးမျိုး ပေါ်လာသည့်တိုင် မည်သူမျှ သူတို့ဘယ်နေရာတွင် ရှိနေသည်ကို မပြောနိုင်ချေ။

စိတ်ဝင်စားစရာကောင်းသည့် တိုက်ပွဲက မိနစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ကျယ်လောင်သည့်အသံတစ်ခု ထွက်ပေါ်လာပြီး ပုံရိပ်နှစ်ခုက ဆန့်ကျင်ဘက် ဦးတည်ရာများကို ပျံသန်းသွားကြသည်။

ဒီအလက်ဇန္ဒရို၏ နှုတ်ခမ်းများပေါ်တွင် သွေးစက်များ စီးကျနေသော်လည်း သူ့လက်ထဲက ပါးလွှာသည်ဓားက ကခုန်နေဆဲပင်။

ဧကရာဇ် ရက်ဆင်မှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိသော်လည်း သူ၏ အပြာရောင်ဆံပင်ရှည် အနည်းငယ် ပြတ်တောက်သွားပြီး လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ ထို့အပြင် သူ၏ အပြာရောင်ဝတ်ရုံပေါ်တွင် ကြောက်မက်ဖွယ် အပေါကိသုံးပေါက် ပေါ်လာပြီး အရေပြားထဲသို့ ဖြတ်ရန် မီလီမီတာ အနည်းငယ်သာ ကွာဝေးသည်။

“ ဟားဟား တိုက်ကြီရဲ့သိုင်းသူတော်စင်တောင်ကို လျှော့တွက်လို့မရဘူး မင်းက ဧကရာဇ်တစ်ယောက် ဖြစ်ပေမယ့် အဆင့် ၁ အင်ပါယာတစ်ခုတည်းကိုပဲ ထိန်းချုပ်ထားပြီး ငါ့အတွက်တော့ ပုရွက်ဆိတ်တစ်ကောင်လိုပဲ ရလဒ်ကို မဆုံးဖြတ်ရသေးဘူး မင်း ဘာလုပ်နိုင်မှာလဲ ”

ဒီအလက်ဇန္ဒရိုက မာနထောင်လွှားစွာ ရယ်မောလိုက်သည်။ သူ ပြင်းထန်စွာ ဒဏ်ရာရထားသောကြောင့် သူ၏လှုပ်ရှားမှုမှာ အနည်းငယ် နှေးကွေးနေသည်။ မဟုတ်ပါက သူက ဇင်းနစ်ဧကရာဇ်ကို တိုက်ခိုက်နေပြီဖြစ်သည်။

“ငါ့ရဲ့ နတ်ဘုရားအဆင့် တိုက်ခိုက်ရေးလက်နက်ကို ပင်လယ်အောက်ခြေမှာ မဆုံးရှုံးခဲ့ရင် ဇင်းနစ်ဧကရာဇ်ကို အလွယ်တကူ သတ်ပစ်မိမှာပဲ!” ဒီအလက်ဇန္ဒရိုက သူ့ဘာသာသူ တွေးလိုက်သည်။

“ မာရာဒိုနာရဲ့ ကြယ်အမှတ်အသား နဲ့တောင် မင်းက ငါ့ကိုယှဉ်နိုင်စရာ မရှိဘူး ” ဟု ဧကရာဇ်ရက်ဆင်က တည်ငြိမ်စွာ ပြောသည်။ သူက ဒေါသထွက်နေခြင်းမရှိချေ။

အခန်း ၁၀၄၃: ငါဝင်ပါရင် ဘာဖြစ်မလဲ (အပိုင်းနှစ်)

ထိုလှပ ပါးလွှာသည့်ဓားကို ကြယ်အမှတ်အသားဟု အမည်ပေးထားပြီး မာရာဒိုနာ ငယ်ဘဝက ကိုင်ဆောင်သည့်လက်နက်ဖြစ်ကာ အစွမ်းထက်သခင် အများအပြားကို သတ်ဖြတ်ခဲ့သည်။ ကမ္ဘာပေါ်ရှိ နတ်ဘုရားတစ်ပိုင်းအဆင့် တိုက်ခိုက်ရေးလက်နက်များတွင် ကြယ်အမှတ်အသားက ထိပ်ဆုံးတစ်‌ေနရာယူနိုင်သည်။ သို့သော်လည်း ဒီအလက်ဇန္ဒရိုက ဤနတ်ဘုရားတစ်ပိုင်းအဆင့် တိုက်ခိုက်ရေးလက်နက်ကို အပြည့်အဝ မထိန်းချုပ်နိုင်ဘဲ ကြယ်အမှတ်၏ စွမ်းအားဆယ်ပုံတစ်ပုံကိုသာသုံးနိုင်ပေသည်။

“တကယ်ကြီးလား ဇင်းနစ် ရဲ့ ဧကရာဇ် မင်းက‌ေမာက်မာသားပဲ ဒါပေမယ့် ငါဝင်ပါရင်ကော” စစ်မြေပြင်၌ ထူးဆန်းသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

သခင်နှစ်ယောက်၏ ဘေးတွင် ကြောက်စရာကောင်းသည့် စွမ်းအင်အတက်အကျများ ပေါ်လာသည်။ ထို့နောက် ကောင်းကင်၌ ကြည်လင်နေသော လှိုင်းလုံးများ ပေါ်လာပြီး လှိုင်းလုံးထဲမှ ပုံရျပ်တစ်ခု‌ပေါ်လာသည်။ ဖြစ်စဉ်ကအပြောတွင်သာကြာသော်လည်း အမှန်တော့အလွန်မြန်လှ၏။

ထိုပုံရိပ်က ပုတိုတို ဝတုတ်တုတ်ဖြစ်ပြီး သူ့ရဲ့ ဆံပင်ရှည်များက ရှုပ်ပွနေကာ ရေတံခွန်သဖွယ် ထင်ရပြီး ခြေချင်းဝတ်အထိ ရောက်သည်။ သူက သားရေဝတ်ရုံကို ဝတ်ဆင်ထားပြီး ပဲစေ့လောက်သာကြီးသည့် သူ့အစိမ်းရောင်မျက်လုံးများက ကြမ်းတမ်းကာ ရက်စက်သည့်အလင်းရောင်များထုတ်လွှတ်နေ၏။ သူ့ကြွက်သားများက ထွင်းထုထားသလို ဖောင်းကားနေပြီး ကြောက်စရာကောင်းသည်ြ သားရဲအရိုးကြီးတစ်ခုကို ကိုင်ဆောင်ထားသည်။

ထိုကြိုဆိုမခံရသည့်ဧည့်သည်က အသက်ရှင်ရန် ရုန်းကန်နေရသည့် လူမိုက်ကြေးစားစစ်သားတစ်ယောက်ဟု ထင်ရသော်လည်း သူ့ဆီမှ ထွက်လာသည့် ကြောက်မက်ဖွယ်စွမ်းအင်များက အခြားသူများကို တုန်လှုပ်စေခဲ့သည်။ သူ၏ တိုတိုတုတ်တုတ် ခန္ဓာကိုယ်မှ မြေကြီးဓာတ်စွမ်းအင် အများအပြားထွက်လာပြီး အလင်းရောင်ကိုကွေးညွှတ်စေကာ သူ့ပတ်ဝန်းကျင်မှ လူများကို အသက်ရှူကြပ်စေခဲ့သည်။

သူ့ခွန်အားက ဧကရာဇ်ရက်ဆင်နှင့် ဒီအလက်ဇန္ဒရိုတို့၏ခွန်အားထက် မနိမ့်ကိသည်က ထင်ရှားလှသည်။

ထိုရုတ်တရက်ပြောင်းလဲမှုက လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

“သူက ဘယ်သူလဲ ဘာလို့ ဒီအလက်ဇန္ဒရိုနဲ့အတူ ရပ်နေတာလဲ ဧကရာဇ်ရက်ဆင်က သူနဲ့အဆင့်တူတဲ့ သခင်နှစ်ယောက်လုံးကို ရပ်တန့်နိုင်ပါ့မလား” စိန့်ပီတာဘတ်ရဲ့ တံတိုင်းပေါ်က လူတိုင်းနီးပါး စိတ်လှုပ်ရှားနေကြပြီး ထိုအဖြစ်အပျက်ကြောင့် အံ့အားသင့်သွားကြ၏။ သူတို့၏စိတ်ထဲတွင် ပေါ်လာတဲ့ မျှော်လင့်ချက်ရောင်ခြည်လေးဟာ ဝေးကွာသွားပြန်သည်။ အောင်ပွဲနတ်ဘုရားမက နှစ်ဖက်စလုံးနဲ့ စနောက်နေသလိုပင်။

မင်းသားအာရှာဗန်၏ မျက်ခုံးများ တွန့်သွားပြီး းမင်းသမီး တနာရှာ နှင့် နတ်ဆိုးအမျိုးသမီး ပဲရစ်နှစ်ဦးစလုံး ခါးသီးစွာ ပြုံးလိုက်ကြသည်။

ဤအဆင့်တွင် တိုက်ပွဲများသည် ဗျူဟာအားလုံးထက် များစွာသာလွန်သည်။ အကြွင်းမဲ့ခွန်အားရှေ့တွင် အစီအစဉ်များနှင့် လှည့်ကွက်အားလုံးသည် အသုံးမဝင်ပါ။ ဤအမျိုးသမီးနှစ်ဦးသည် ဉာဏ်ရည်ထက်မြက်သော်လည်း မည်သည့်အကူအညီမျှ မပေးနိုင်ပါ။

-ကောင်းကင်တွင်-

ဧကရာဇ် ရက်ဆင်မျက်မှောင်ကြုတ်ကာ “အန်ဂျီးဧကရာဇ် မင်းက အထီးကျန်မှုကို မခံနိုင်လို့ ဒီကိုလာခဲ့တာလား” ဟု ပြောလိုက်သည်။

“ဟားဟား ငါ နှစ်ပေါင်းများစွာ စောင့်ခဲ့ပြီး ဒီနေ့က မင်းကို သတ်ဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ ဟုတ်တယ် ငါ ဒါကို လက်လွှတ်မနိုင်ဘူး” ဟု ဤပုပုနှင့် ဝဝဖိုင့်ဖိုင့်လူက ရယ်ကာ‌ေပြာသည်။ သူသည် မြင့်တက်လာသော အင်ပါယာ၏ ရည်မှန်းချက်ကြီးမားသော ဧကရာဇ် ဆူလိုင်မန် ကရီမော့ဗ် ဖြစ်သည်။

“ဒါဆို မင်းတို့နှစ်ယောက် ဒါကို စီစဉ်ခဲ့တာလား” ဧကရာဇ် ရက်ဆင် က ဒီအလက်ဇန္ဒရို နှင့် ဧကရာဇ် ကရီမောဗ့် ကို ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။

“ဟီးဟီး အခုမှ သဘောပေါက်လာတာ နောက်ကျသွားပြီ” ဒီအလက်ဇန္ဒရိုက မာနထောင်လွှားစွာ ရယ်မောလိုက်သည်။

“မင်းက နေမကောင်းဟန်ဆောင်ပြီး လူအများကြီးကို လှည့်စားခဲ့တယ် ဒါပေမယ့် ငါ့ကိုတော့ မရဘူး ဒီနှစ်တွေတစ်လျှောက်လုံးမှာ မင်းကို သုံးကြိမ်စမ်းသပ်ခဲ့ပြီးပြီ၊း မင်းအကြောင်း ငါနားမလည်နိုင်ဘူး မင်းက တကယ်ကို ကျင့်ကြံမှုပါရမီရှင်ပဲ မင်းကိုသတ်ဖို့ အခွင့်အရေးကို ငါစောင့်နေခဲ့တာ မဲ့ဒါ ဒီနေ့ပဲ” ကရီမော့ဗ်ကလည်း မာနထောင်လွှားစွာ ရယ်မောလိုက်ပြီး “ဒီနေ့ ဇင်းနစ်ဧကရာဇ် ကွယ်လွန်တော့မယ် ဒါက နှစ်ယောက်တစ်ယောက်တိုက်ပွဲဘဲ မင်းအနိုင်ရမှာမဟုတ်ဘူး ”

ဒီအလက်ဇန္ဒရိုနှင့် ဧကရာဇ် ကရီမော့ဗ်တို့ ယုံကြည်မှုရှိနေ‌ေနကြသည်။ နောက်ဆုံးတော့ ဧကရာဇ် ရက်ဆင်ကို ဆွဲထုတ်နိုင်ခဲ့ပြီး ထိုလူ လွတ်မြောက်ဖို့ နည်းလမ်းမရှိဘူးလို့ ခံစားလိုက်ရသည်။

“ဆူလေမန် မင်းက အင်ပါယာတစ်ခုရဲ့ ဧကရာဇ်ပဲ နှစ်ယောက်တစ်ယောက်တိုက်ပွဲမှာ ပါဝင်တဲ့အတွက် တခြားသူတွေက မင်းကို လှောင်ပြောင်မှာကို မကြောက်ဘူးလား” ဧကရာဇ် ရက်ဆင်က တည်ငြိမ်စွာ မေးလိုက်သည်။

“ ငါမင်းကိုသတ်နိုင်သရွေ့ သမိုင်းကို ငါရေးရလိမ့်မယ် တခြားသူတွေ ဖြန့်ဝေတဲ့ ကောလာဟလတွေက အဓိပ္ပာယ်မရှိဘူး “ ဟု ကာရီမော့ဗ်က ပေါ့ပေါ့တန်တန်ပြောလိုက်သည်။

“မင်းက ဒါကို ကြံစည်ထားတာ ကြာနေပြီဖြစ်ပုံရတယ်” ဧကရာဇ်ရက်ဆင်က ကြောက်ပုံမပေါ်ပါ။

“ဟားဟား မှန်တယ် ငါတို့ သေချာပေါက် အနိုင်ရလိမ့်မယ် မင်း သေချာပေါက် သေမှာ” ဒီအလက်ဆန်ဒရို မစောင့်နိုင်တော့ပါ။

“ တကယ်ကြီးလား ငါဝင်ပါရင်ကော “

ရုတ်တရက် စတုတ္ထမြောက်အသံက စိန့်ပီတာဘတ်ရဲ့ တံတိုင်းပေါ်မှ ထွက်ပေါ်လာသည်။ ထိုအသံက တခြားသခင်သုံးယောက်၏ စွမ်းအားစက်ကွင်းများကို ထိုးဖောက်ဝင်ရောက်ပြီး ကောင်းကင်၌ ပဲ့တင်ထပ်သွားသည်။

ထိုအသံထဲတွင် ပါဝင်နေသည့် စွမ်းအားပမာဏက ဒီသခင်သုံးယောက်ထက် မနည်းပါချေ။

“ နောက်ထပ် ထိပ်တန်းသခင်တစ်ယောက်လားသူက ဘယ်သူလဲ “ လူများ အံ့အားသင့်သွားကြသည်။

End

All Chapters