ဒီအခြေအနေကို ဘယ်သူပြောင်းလဲနိုင်မှာလဲ (အပိုင်းတစ်)
Vol. 70 Ch. 1034
မင်းသားကြီး အာရှာဗန်၊ မင်းသမီးကြီး တာနာရှာ၊ [နတ်ဆိုးအမျိုးသမီး] ပါရီ၊ [မုတ်ဆိတ်နီ] ဂရန်နယ်လို၊ အဓိကတိုက်ပွဲတပ်ရင်းဆယ်ခု၏ တပ်မှူးများ၊ တိုက်ပွဲတပ်ရင်းအသစ် ၂၀ ရဲ့ တပ်မှူးများ၊ မနေ့ည စစ်ဆင်ရေးမှ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အဆင့် ၁ နဲ့ အဆင့် ၂ မင်းမျိုးမင်းနွယ်များ၊ တော်ဝင်မိသားစု၏ မရှိမဖြစ်အဖွဲ့ဝင်များ၊ ထိပ်တန်းအရာရှိများ၊ ဆူပူမှုအားလုံးကို ကျော်ဖြတ်ပြီး အသက်ရှင်ကျန်ရစ်ခဲ့သည့် အင်ပါယာသူရဲကောင်းနန်းတော်၏ အမှုဆောင်သူရဲကောင်းခြောက်ယောက်၊ အမှုဆောင်သူရဲကောင်းဗိုလ်ကြီး အာကင်ဖီးဗ်၊ [သံသွေးတပ်ဖွဲ့] ရဲ့ သခင်များ၊ အင်ပါယာလှည့်ကင်းတပ်ဖွဲ့ရဲ့ သခင်များ...
ဇင်းနစ်ရဲ့ ဩဇာကြီးမားသည့် ပုဂ္ဂိုလ်အားလုံးဟာ တံတိုင်းပေါ်တွင်ပေါ်လာကြသည်။
အားလုံး စိုးရိမ် ပူပန်မှု အပြည့်နှင့် မတည်မငြိမ်ဖြစ်နေကြ၏။ အားလုံးနီးပါး ရင်ထိတ်နေကြသည်။
အနီရောင်နေလုံးက မိုးကုပ်စက်ဝိုင်းထက် ဖြည်းညှင်းစွာပေါ်လာချိန်တွင် အားလုံး ပြင်းထန်သောစွမ်းအားကို ခံစားလိုက်ရ၏။ ကောင်းကင်ဘုံမှ ပြစ်ဒဏ်ချမှတ်လိုက်သကဲ့သို့၊ ထိုလူအုပ်စု စိန့်ပီတာဘတ်နှင့် နီးကပ်လာချိန်တွင် ကောင်းကင်ပင် ပြိုကျတော့မည့်ပုံပေါ်သည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် ဖော်ပြ၍မရနိုင်အောင် ကြီးမားပြီး မြို့ကြီး၏ တံတိုင်းများပင် တိုက်ခိုက်မှုမခံရဘဲ ပြိုကွဲသွားတော့မည့်ပုံပေါ်သည်။
ဤလူအုပ်စုသည် မည်သည့်နေရာသို့သွားသွား မြေများအက်ကွဲသွားပြီး မြေပြင်ပေါ်ရှိ အပင်များ ညှိုးနွမ်းသွားကာ မြစ်များ အော်ဟစ်ပြီး ဦးတည်ရာပြောင်းသွားကာ အလင်းရောင်များ ကွေးညွှတ်သွားသည်။
နောက်ဆုံးတွင်၊ ကုန်းတွင်းတိုက်ကြီး၏ သိုင်သူတော်စင်၏ နံပါတ် ၂ တပည့် ဒီအလက်ဇန္ဒရို သည် လအဆင့်လက်ရွေးစင် ၂၀နှင့်အတူ ရောက်ရှိလာခဲ့သည်။ ဤလူများသည် ၎င်းတို့၏ ရန်လိုမှုနှင့် ဖျက်ဆီးလိုသော ဆန္ဒကို မဖုံးကွယ်ကြပေ။
နေထွက်လာသည်နှင့်အမျှ အကျပ်အတည်း များပေါ်ပေါက်လာသည်။
ကောင်းကင်ကိုပင် ကွေးညွှတ်နိုင်ပုံရသော ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ရင်ဆိုင်ရသောအခါ ကာကွယ်ရေးနံရံပေါ်ရှိ လူတိုင်းသည် ဧရာမတောင်ကြီးများသည် ၎င်းတို့၏ကျောပေါ်တွင် ပြိုကျလာသကဲ့သို့ ခံစားလိုက်ရသည်။ ကီလိုဂရမ်ထောင်ပေါင်းများစွာသော အင်အားသည် ၎င်းတို့အပေါ် ဖိစီးနေသကဲ့သို့၊ ၎င်းတို့သည် နောက်ထပ် မခံမရပ်နိုင်တော့ပေ။ ဒီထက်ပိုကြာပါက သူတို့အားလုံး ဒီအလက်ဇန္ဒရို၏ ဩဇာကိုလက်အောက်ခံပြီး လေးဖက်ထောက်ကာ မြေပြင်ပေါ် လဲကျသွားကြတော့မည်ဖြစ်သည်။
နတ်ဘုရားနဲ့ နတ်ဆိုးလို ပုံရိပ် ၂၁ ခုမှာ စိန့်ပီတာဘတ်၏ ခံတပ်တံတိုင်းမှ ကီလိုမီတာ ၁၀၀၀ လောက်အကွာမှာ ဖြည်းဖြည်းချင်း ရပ်တန့်သွားပြီး ကောင်းကင်တွင် ဝဲနေသည်။
သူတို့ထဲရှိ လူတစ်ယောက်က အလွန် ထင်ရှားနေသည်။ သူ့ပုံရိပ်က တခြားသူတွေလောက် တောင့်တင်းမသန်မာသော်လည်း သူ့အရှိန်အဝါက သန့်ရှင်းတဲ့တောင်တစ်တောင်လို ခမ်းနားပြီး တခြားသူတွေကို အနိုင်မရနိုင်သူလို့ ခံစားရစေသည်။ သူ့ခေါင်းက တခြားသူတွေထက် အများကြီးပိုကြီးပြီး နည်းနည်းတော့ ရယ်စရာကောင်းလှသည်။ သို့သော် သူမျက်လုံးဖွင့်လိုက်သည်နှင့် နတ်ဘုရား အလင်းရောင်တန်းနှစ်ခု ထွက်ပေါ်လာပြီး အာကာသကို ထိုးဖောက်ကာ မြေပြင်တွင် တောက်ပနေလေသည်။ သူဘယ်ကိုကြည့်ကြည့် မြေပြင်က ကွဲထွက်သွားပြီး မြို့တံတိုင်းပြိုကျကာ ကြယ်ငါးပွင့်အဆင့်ရှိစစ်သည်များပင် အရုပ်များသဖွယ်လွင့်ထွက်သွားပြီး ဖုန်မှုန့်များအဖြစ်ပြောင်းလဲသွားသည်။
ကြောက်မက်ဖွယ်ရာပင်ဖြစ်သည်။
သာမန်လူများအတွက် ထိုလူ့ စွမ်းအားက နတ်ဘုရားနှင့် မကွာခြားလှချေ။
“သူက တိုက်ကြီးသိုင်းသူတော်စင်ရဲ့ နံပါတ် ၂ တပည့်လား” လို့ ဇင်းနစ်သားများ တွေးမိကြသည်။ ထိုမှိ ကြောက်မက်ဖွယ် အစွမ်းကို သူတို့ မမြင်ဖူးကြပေ။
ဒဏ္ဍာရီဆန်ဆန် အစွမ်းထက်လှသော မြင်ကွင်းကို မြင်လိုက်ရသည့်အခါ ဇင်းနစ်သားများ အားလုံး အံ့အားသင့်သွားကြသည်။ သူတို့က မင်းမျိုးမင်းနွယ်များဖြစ်ပါစေ၊ စစ်သားများဖြစ်ဖြစ် သာမန်လူများဖြစ်ဖြစ်၊ ကျင့်ကြံသူပညာရှင်များဖြစ်ဖြစ် အရေးမကြီးပေ အားလုံး အားနည်းပြီး အစွမ်းမဲ့သွားသလို ခံစားလိုက်ရသည်။
“ဟားဟားဟား! မင်းတို့ဆုံးဖြတ်ချက်ချပြီးပြီထင်တယ် ဒါက စိတ်ပျက်စရာပဲ၊ သနားစရာကြွက်တွေ၊ မင်းတို့ တိုက်ကြီးရဲ့သူတော်စင်ရဲ့ တပည့်တစ်ယောက်ကို အနိုင်ယူနိုင်မယ်လို့ တကယ်ထင်နေတာလား ” ဒီအလက်ဇန္ဒရိုရဲ့ အသံက ကောင်းကင်မှာ မိုးကြိုးပစ်သလို ပဲ့တင်ထပ်သွားပြီး မြို့တံတိုင်းမှ အက်ကွဲကြောင်းကြီးများ ပိုကြီးလာသလို ခံစားလိုက်ရသည်။
“ အဆင့် ၁ အင်ပါယာငယ်လေးတစ်ခုက လူသားတွေရဲ့ သစ္စာဖောက်တစ်ယောက်လို ညစ်ပတ်တဲ့ကြွက်လို ညစ်ပတ်တဲ့လူတစ်ယောက်အတွက် ငါ့ကို ခုခံရဲလား ဒီနေ့ မင်း မင်းရဲ့ကံကြမ္မာကို အဆုံးသတ်လိုက်ပြီ "
ကျယ်လောင်သည့် အသံလှိုင်းများက အလျင်အမြန် ရှေသို့ပြေးထွက်သွားသည်။ ရှေ့ဆုံးရှိ စစ်သည်များ၏ သံချပ်ကာများက သဲမှုန်များအဖြစ် ပြောင်းလဲသွားပြီး စစ်သည်များအတန်းလိုက် သွေးမြူများအဖြစ် ပြောင်းလဲသွားသည်။
ဒီအလက်ဇန္ဒရို၏ စွမ်းအားက သာမန်စစ်သားများ ခုခံနိုင်သည့် အရာမျိုးမဟုတ်ပေ။
အခန်း ၁၀၃၄: ဒီအခြေအနေကိုဘယ်သူက ပြောင်းလဲနိုင်မှာလဲ။ (အပိုင်းနှစ်)
ဖော်ပြ၍မရသော စိတ်ပျက်အားငယ်မှုသည် ဇင်းနစ်၏ မြို့တော် စိန့်ပီတာစဘတ်ကို ဖုံးလွှမ်းကာ လေထဲတွင် ချက်ချင်းပျံ့နှံ့သွားသည်။
“မှော်အကာအကွယ်စက်ဝိုင်းကို ဖွင့်လိုက်ပါ တိုက်ပွဲအတွက် အသင့်ပြင်ထားပါ ” ရုတ်တရက် မြို့တံတိုင်းပေါ်မှ အော်သံတစ်ခု ထွက်ပေါ်လာသည်။
ဤအသံတွင် မှော်အစွမ်းတစ်ခု ပါဝင်ပြီး ၎င်းသည် ပြင်းထန်သော အသံလှိုင်းများကိုလည်း ဖန်တီးပေးသည်။ လူနှစ်ဦးထံမှ လာသော အသံလှိုင်းများသည် လေထဲတွင် တိုက်မိပြီး သာမန်လူများ မြင်နိုင်သော ကြည်လင်သော လှိုင်းလုံးများ ပေါ်လာကာ စစ်သားသန်းပေါင်းများစွာ အနီးကပ်တိုက်ခိုက်နေသကဲ့သို့ မြည်ဟီးသံများ ဖြစ်ပေါ်စေသည်။
ကောင်းကင်တွင် အပေါက်များ ပေါ်လာပြီး နေရောင်ခြည်သည်လည်း ပုံပျက်ပြီး ကွေးညွှတ်သွားသည်။
နောက်ဆုံးတွင် ဒီအလက်ဇန္ဒရို ၏ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများသည် ကာကွယ်ရေးနံရံမှ မီတာ ၁၀၀ အကွာတွင် ရပ်တန့်သွားပြီး နောက်ထပ်တိုးတက်မှုများ မပြုလုပ်နိုင်တော့ပေ။
ထို့အပြင် ဤအော်သံသည် မြို့တံတိုင်းပေါ်ရှိ လူတိုင်းကို နိုးထစေပြီး ၎င်းတို့၏ အပျက်သဘောဆောင်သော စိတ်ခံစားမှုများကို ဖယ်ရှားပေးခဲ့သည်။ ထိုအသံတွင် ငြိမ်းချမ်းပြီး တက်ကြွသည့် စွမ်းအားများ ပါဝင်ပြီး လူများ၏စိတ်ထဲရှိ ကြောက်ရွံ့မှုကို ဖြိုခွင်းပြီး ယုံကြည်မှုကို မွေးမြူပေးစွမ်းနိုင်သည်။
နောက်ဆုံးတွက် မြို့တံတိုင်းပေါ်ရှိ လူများ ပြန်လည် တုံ့ပြန်လာနိုင်ပြီး အမိန့်အတိုင်း ပြန်လည်လုပ်ဆောင်နိုင်ပြီဖြစ်သည်။
မင်းသားအာရှာဗန်က အမိန့်တစ်ခုပြီးတစ်ခု ထုတ်ပြန်လိုက်ပြီး အချက်ပြအလံတွေ တလက်လက် လင်းလက်သွားကာ ဇင်းနစ်သားများ တန်ပြန်တိုက်ခိုက်နိုင်ရန် ညွှန်ကြားမှုများ ထွက်လာသည်။
တီ တီ တီ တီ
တုန်ခါမှုအနည်းငယ် ထွက်ပေါ်လာပြီး လိမ္မော်ရောင်စွမ်းအင်မီးတောက်များက စိန့်ပီတာစဘတ်မြို့တစ်ဝိုက်မှာ တဖြည်းဖြည်း ပေါ်လာပြီး မြင့်တက်လာကာ မကြာခင်မှာပင် မြို့ကြီးတစ်ခုလုံးဖုံးလွှမ်းသွားသည်။ ထိုအရာက စိန့်ပီတာဘတ်၏ ကြီးကျယ်ခမ်းနားသည့် အကာအကွယ်မှော်အစီအရင် [ကမ္ဘာမြေကာကွယ်ရေးနတ်ဘုရားမ] ပင်ဖြစ်သည်။ ထူထဲပြီး မာကျောသည့် လိမ္မော်ရောင်အလင်းစက်ဝိုင်းက ဇင်းနစ်သားများကို လုံခြုံမှုအနည်းငယ် ပေးစွမ်းခဲ့သည်။
နောက်တစ်ခဏတွင် မြို့တံတိုင်းပေါ်မှလက်နက်များက တန်ပြန်တိုက်ခိုက်မှု စတင်ခဲ့သည်။ မတူညီသည့် အလင်းတန်းများက ကောင်းကင်ရှိ ပုံရိပ်များထံ တိုးဝင်လာသည်။
တိုက်ပွဲ ချက်ချင်းစတင်လာပြီဖြစ်သည်။
ဆုံးဖြတ်ချက်ချပြီးသားဖြစ်သည့်အတွက် တိုက်ပွဲပဲရှိပြီး ညှိနှိုင်းစရာအကြောင်းမရှိပေ။ တစ်ဖက်က သွေးချောင်းစီး ရှုံးနိမ့်မှသာ ဤကိစ္စကို ဖြေရှင်းနိုင်မှာဖြစ်သည်။
စကားပြောစရာမလိုတော့သည့်အတွက် ထိန်းမနေတော့ဘဲ တိုက်ခိုက်သည်ကသာအကောင်းဆုံးရွေးခြယ်မှုဖြစ်သည်။
မင်းသားအာရှာဗန် သူ့နက်ရှိုင်းသည့်အသံဖြင့် အမိန့်ပေးခဲ့သည့်အတိုင်း စစ်တပ်က စတင်တိုက်ခိုက်ခဲ့သည်။ သာမန်စစ်သားအများအပြားကို အသုံးပြုပြီး အင်အားကြီးပြီး ယှဉ်နိုင်စရာမရှိသော အရှင်သခင်တစ်ယောက်ကို တိုက်ခိုက်တာက မနိုင်နိုင်သောလုပ်ရပ်တစ်ခုဖြစ်သော်လည်း ဤလူများမှာဂုဏ်သိက္ခာကို အသက်ထက် ပိုတန်ဖိုးထားသဖြင့် နောင်တမရကြပေ။
တိုက်ပွဲစတင်တာနဲ့ လူတိုင်းက သူတို့၏ စိတ်နှလုံးနှင့် ဝိညာဉ်များပါ ထည့်သွင်းတိုက်ခိုက်ခဲ့ကြသည်။
အခြေအနေက ပြင်းထန်နေပြီး ရန်သူများထံ ပျံဝင်သွားသည့် အလင်းတန်းများကို စိုက်ကြည့်ရင်း လူတိုင်း၏ နှလုံးသားက လည်ချောင်းထိ ခုန်တက်လာသလိုခံစားနေရသည်။ ဇင်းနစ်၏ အစွမ်းထက်ဆုံး မှော်လက်နက်များက ကြောက်စရာကောင်းသည့် ကျူးကျော်သူတွေအတွက် ခြိမ်းခြောက်မှုတစ်ခုခု ဖြစ်စေနိုင်မလားဆိုသည်ကို သိချင်ေနကြသည်။ ယခုအချိန်တွင် ဒီအလက်ဇန္ဒရို၏အော်သံနှင့် ယှဉ်ပြိုင်နိုင်သည့် ထိုအော်သံက မည်သည့်နေရာမှလာသည်ကို နားလည်ဖို့ မည်သူမျှ အချိန်နှင့် ခွန်အားမရှိကြပေ။
“ဟားဟားဟား ရဲရင့်တဲ့ ကြွက်တွေ အများကြီးပဲ! ကောင်းတယ်! ဒီနေ့ ဇင်းနစ် ကို အဇာရိုသ့် ရဲ့ မြောက်ပိုင်းဒေသကနေ လုံးဝဖယ်ရှားပစ်တော့မယ် ”
ဒီအလက်ဇန္ဒရိုက ကောင်းကင်ထဲတွင် မာနထောင်လွှားစွာ ရယ်မောလိုက်သည်။ သူ လှုပ်တောင်မလှုပ်သလို ထင်ရသော်လည်း ဇင်းနစ်၏အဆင့်မြင့်ဆုံး မှော်လက်နက်များမှ ပစ်လွှတ်လိုက်သည့် အစွမ်းထက်ပြီး တောက်ပသော မှော်မြားများက သူတို့နဲ့ မီတာ ၃၀၀ အကွာတွင် အေးခဲသွားသည်။ ထိုအရာများက ချော်ရည်ထဲပြုတ်ကျသွားသည့် ရေခဲတုံးများလို ပျောက်ကွယ်သွားပြီး အစိမ်းရောင် မီးခိုးများထွက်လာသည်။
“ရှူးရှူးရှူးရှူး…”
စိန့်ပီတာဘတ်၏ တံတိုင်းပေါ်မှ တရှူးရှူးမြည်သံများထွက်လာသည်။
ဤ မှော်လက်နက်များက အင်ပါယာ၏ နောက်ဆုံးလက်နက်များဖြစ်သည်။ အင်ပါယာဆယ်ခု မဟာမိတ်တပ်များ မြို့တော်ကိုဝန်းရံစဉ်ကပင် ဤအရာများကို အသုံးမပြုခဲ့ချေ။
ထိုမှော်လက်နက်များ ဒီအလက်ဇန္ဒရို ကို မထိခိုက်စေနိုင်လျှင်ပင် သူနဲ့အတူ ပါလာသည့် လအဆင့်လက်ရွေးစင် အနည်းငယ်ကိုတော့ သတ်ပစ်နိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။
သို့သော်မြားများက လုံးဝအသုံးမဝင်ဟု သူတို့ မမျှော်လင့်ထားကြပေ။
သူတို့ ဘာဆက်လုပ်ရမည်နည်း။
ရန်သူများကို မည်သူက ရပ်တန့်မည်နည်း။
မည်သူက အခြေအနေကို ပြောင်းလဲမည်နည်း။
End