ဒီလအဆင့်လက်ရွေးစင်တွေက ဘယ်ကရောက်လာတာလဲ (အပိုင်းတစ်)
Vol. 70 Ch. 1035
“ ငြိမ်းသက်ခါနီး ဖယောင်းတိုင်အလင်းရောင်သည် ကောင်းကင်ရှိ ကြည်လင်သောလနှင့် မည်သို့ တောက်ပမှုအရ ယှဉ်ပြိုင်နိုင်မည်နည်း ”
ကောင်းကင်တွင် မီတာ ၅၀၀ ခန့်အကွာ၌ လအဆင့်လက်ရွေးစင် ၂၀ သည် လပတ်လည်ရှိ ကြယ်များကဲ့သို့ အလယ်တွင် ဒီအလက်ဇန္ဒရို ကို ဝန်းရံထားသည်။ သူတို့သည် ဇင်းနစ်သား များ၏ စိတ်ပျက်အားငယ်မှုကို ခံစားမိပြီး ဇင်းနစ်သားများအပေါ် လွှမ်းမိုးနိုင်သောကြောင့် ကောင်းမွန်သောခံစားချက်ကို ခံစားကြသည်။ အဆင့်ရှစ် ဆန်းသစ်လအဆင့် ဒယ်လာ သည် ဒီအလက်ဇန္ဒရို ကို မာနထောင်လွှားစွာ ပြောသည်၊ “ ဒီဇင်းနစ်သား တွေက သေခြင်းကို ရှာဖွေနေကြတာပဲ သခင် ဘာမှလုပ်စရာမလိုပါဘူး ကျွန်ုပ်တို့ အစေခံတွေက သခင့်အတွက် ကိုင်တွယ်ပေးမယ် ”
“ ကောင်းပြီ ဒီသနားစရာကြွက်တွေက ဆုံးဖြတ်ချက်အမှားတွေ ချမှတ်ခဲ့တာဆိုတော့ သူတို့ကို ဖြည်းဖြည်းခြင်းရုန်းကန်ရင်း စိတ်ပျက်လက်ပျက်ဖြစ်ရတာကို ခံစားစေစမ်း ” ရက်စက်ကြမ်းကြုတ်သော အမူအရာနှင့် ဒီအလက်ဇန္ဒရိုက ဆိုသည်။ “ တံတိုင်းပေါ်က ကြွက်တစ်ဝက်ကိုအရင်သတ် ပြီးရင် ခေါင်းဖြတ်ပြီး တောင်တစ်တောင်လိုပုံထား ဒီနေ့သွေးချောင်းစီးစေရမယ် ”
သူ့စကားဆုံးသည်နှင့် လအဆင့်လက်ရွေးစင်များ လျှပ်စီးသဖွယ် ရှေ့သို့ ပြေးထွက်သွားကြသည်။
စိန့်ပီတာဘတ်၏ မှော်အကာအကွယ်စက်ဝိုင်း [ကမ္ဘာမြေကာကွယ်ရေးနတ်ဘုရားမ] ကို ရန်သူများ၏ မှော်တိုက်ခိုက်မှုများအား ပိတ်ဆို့ရန် အသုံးပြုခဲ့သဖြင့် ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကို မကာကွယ်နိုင်ရာ လအဆင့်လက်ရွေးစင်များကို ပိတ်ဆို့နိုင်ခြင်းမရှိပေ။
ခဏလေးအတွင်းမှာပဲ လအဆင့် အီလစ်ခြောက်ယောက်ဟာ တောင်ဘက်မြို့တံခါးနားကို ရောက်နေပါပြီ။ သူတို့ဟာ မီတာဆယ်လောက်အကွာမှာ ရှိနေခဲ့ပါပြီ။
“ဟားဟား! မစ္စတာဒီအလက်ဆန်ဒရိုကို စော်ကားလိုက်တာမင်းတို့အမှားပဲ မြောက်ပိုင်းက မင်းတို့ တောရိုင်းကောင်တွေက သတ်ဖြတ်ခံရထိုက်တယ် "
“ မင်းရဲ့ဆုံးဖြတ်ချက်ကို နောင်တရပြီး ပြင်ဆင်ဖို့ ပြန်သွားဖို့ အချိန်ရှိပါသေးတယ် မင်းတို့ရဲ့ဧကရာဇ်က တော်ဝင်နန်းတော်ကနေ တွားထွက်လာပြီး မြို့တံခါးရှေ့မှာ ဒူးထောက်ပြီး ကရုဏာပြဖို့ တောင်းပန်ရင် မင်းရဲ့ဇင်းနစ်အင်ပါယာရဲ့ သွေးမျိုးဆက်ရဲ့ အရိပ်အယောင်ကို ငါတို့ချန်ထားခဲ့မယ် ”
“ဘာလို့ သူတို့နဲ့ စကားပြောနေတာလဲ မစ္စတာဒီအလက်ဆန်ဒရိုက သူတို့ထဲက တစ်ဝက်ကို သတ်ပစ်ရမယ်လို့ ပြောပြီးပြီ ကြယ်ငါးပွင့်အထက်က ဒီမှူးမတ်တွေနဲ့ စစ်သည်တွေနဲ့ စသင့်တယ်လို့ ငါထင်တယ် ”
“ဟားဟားဟား အလျင်စလို မလုပ်ပါနဲ့ ဒီလိုလွှမ်းမိုးနိုင်တဲ့ခံစားချက်ကို ကျွန်တော်တို့ ခံစားဖို့ လိုတယ် ဒီသနားစရာ ကြွက်တွေကို သေမင်းရဲ့ကြောက်ရွံ့မှုကို တကယ်ခံစားရစေပြီး သူတို့ရဲ့ဆုံးဖြတ်ချက်တွေကို နောင်တရစေမယ် ဟားဟား!”
လမင်းအဆင့် လက်ရွေးစင်များမှာ မာနထောင်လွှားစွာ ရယ်မောပြီး နီးကပ်လာကြသည်။
သူတို့ရထားသည့် အချက်အလက်များအရ ဇင်းနစ်၏ လအဆင့် လက်ရွေးစင် အများစုဟာ အင်ပါယာဆယ်ခုမဟာမိတ်တပ်၏ ကျူးကျော်မှုတွင် ကျဆုံးခဲ့ကြရသည်။ ချမ်ဘော့ဘုရင်က အခြေအနေကို မကယ်တင်ခဲ့ရင် ဒီအင်ပါယာက သိမ်းပိုက်ခံရပြီးသား ဖြစ်နိုင်သည်။
“ဇင်းနစ်လူမျိုးတွေမှာ အစွမ်းထက်တဲ့သူ မရှိတော့ဘူး နတ်ဘုရားလို ဒီအလက်ဇန္ဒရိုက ငါတို့နောက်မှာ ရှိနေတော့ စိုးရိမ်စရာ ဘာမှ မရှိတော့ဘူး " ဟု သူတို့ တွေးလိုက်ကြ၏။
တံတိုင်းပေါ်က မင်းမျိုးမင်းနွယ်များနှင့် စစ်သားများ နှုတ်ခမ်းတွေ ခြောက်ကပ်နေပြီး ဒေါသထွက်နေကြ၏။ တစ်ချိန်တည်းမှာပင် အစွမ်းမဲ့နေသလို ခံစားရကြသည်။
အခု သူတို့အားလုံးက ကင်းမျှော်စင်ကို ကြည့်နေကြသည်။ ထိုနေရာတွင် ဇင်းနစ်၏ စစ်နတ်ဘုရား အာရှာဗန်က သူ့ရဲ့ အနက်ရောင်အနီရောင် သံချပ်ကာကို ဝတ်ဆင်ထားသည်။ ပြီးခဲ့သည့် ခုခံရေးတိုက်ပွဲက အခြေအနေပြောင်းလဲပေးခဲ့သော သိုင်းသူတော်စင် အလက်ဇန္ဒားကို မမြင်ရသဖြင့်ရာပေါင်းများစွာသော အောင်ပွဲများကို ယူဆောင်လာပေးခ့သည် ဤစစ်ေသနာပတိချုပ်တစ်ဦးတည်းသာ သူတို့ကို မျှော်လင့်ချက်နှင့် ယုံကြည်မှုများ ပေးစွမ်းနိုင်ခဲ့သည်။
အာရှာဗန်၏ မျက်နှာတွင် ဘာအမူအရာ စိတ်ခံစားမှုမှ မတွေ့ရပါပေ။ တစ်ခုခုကို စောင့်မျှော်နေသလိုမျိုး တုံ့ပြန်မှုမျိုးလည်း မရှိချေ။
လူအများ ကြည့်နေစဉ်မှာပင် စိန့်ပီတာစဘတ်မြို့ရဲ့ အတွင်းပိုင်းမှ အလင်းတန်းနှစ်ခု ပျံထွက်လာသည်။ တစ်ခုက အရှေ့ တစ်ခုက အနောက်မှ ထွက်လာခြင်းဖြစ်သည်။ သူတို့ဟာ ကင်းမျှော်စင်ရှေ့ရှိ လေထဲတွင် ရပ်သွားကြ၏။ သူတို့ထဲက တစ်ယောက်က ရွှေရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး လက်ထဲမှာ ရွှေရောင်လှံတစ်ချောင်းကိုင်ထားက ကောင်းကင်က နေလို တောက်ပနေပါသည်။ သူက ရွှေရောင်နေသူရဲခရစ်ဆွန်တန်ဖြစ်သည်။ နောက်တစ်ယောက်က ခမ်းနားတဲ့ဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ရွှေရောင်ဝိုင်အိုးတစ်လုံးကို ကိုင်ဆောင်ထား၏။ သူက အရပ်ရှည်ပြီး ပိန်ပါးပြီး ဝိုင်ရနံ့များ ထုံမွှန်းကာ ကျက်သရေရှိလှသူဖြစ်သည်။ သူကတော့ ဇင်းနစ်ရဲ့ နံပါတ် ၁ ခရီးသွားကဗျာဆရာ မတ် ရာဇီဖြစ်သည်။ မကြာခင်ကမှ ပေါ်မလာဘဲပျောက်နေသည့် မတ်ရာဇီဖြစ်သည်။
၁၀၃၅: ဒီလအဆင့် လက်ရွေးတွေကဘယ်ကရောက်လာတာလဲ (အပိုင်းနှစ်)
ဤလူနှစ်ဦးက မြို့တံတိုင်းရှေ့တွင် ပခုံးချင်းယှဉ်ရပ်ကာ မာနထောင်လွှားသော ကျူးကျော်သူခြောက်ဦး၏ လမ်းကို တောင်ကဲ့သို့ ပိတ်ဆို့ထားသည်။
ထိုဖြစ်ရပ်ကြောင့် တံတိုင်းပေါ်မှ ဇင်းနစ်စစ်သည်များထံမှ ကျယ်လောင်စွာ အားပေးသံ ပေါ်ထွက်လာ၏။
ဤနှစ်ဦးသည် ဇင်းနစ် ၏ လအဆင့် လက်ရွေးစင် များဖြစ်ပြီး ၎င်းတို့သည် ထွက်မပြေးဘဲ အားကောင်းသောရန်သူများကို ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
“ဟားဟား ပိုအားကောင်းတဲ့ ကြွက်နှစ်ကောင် ပေါ်လာတာပဲ စိတ်ဝင်စားစရာပဲ ကြွက်ကြီးတွေအားလုံး သေသွားပြီလို့ ငါထင်နေတာ " ကျူးကျော်သူ လအဆင့် လက်ရွေးစင် ခြောက်ဦးအနက် တစ်ဦးက ဒီအလက်ဇန္ဒရို၏ လေသံအတိုင်း ပြောသည်။ ဇင်းနစ် တွင် လအဆင့်လက်ရွေးစင် နှစ်ယောက်ရှိဦးမည်ဟု သူတို့ မမျှော်လင့်ခဲ့သော်လည်း ထိုလူနှစ်ဦးသည် အခြေအနေကို ပြောင်းလဲနိုင်မည်မဟုတ်ပေ။ သူက သူ၏ဘက်သားများဘက်သို့ လှည့်ပြီး ရယ်မောလိုက်သည်။ “ဒီကြွက်ကြီးနှစ်ကောင်ကို ဘယ်သူက သတ်ချင်လဲ”
“ ငါလုပ်မယ် ”
လအဆင့် လက်ရွေးစင် နှစ်ယောက်က တခြားသူများ အခွင့်အရေးမရခင် လှုပ်ရှားကြသည်။ သူတို့ဟာ ဒီအလက်ဇန္ဒရို၏ စိတ်ထဲတွင် ကောင်းမွန်သည့် အထင်ကြီးမှုကို ချန်ထားခဲ့ပြီး တိုက်ကြီးသိုင်းသူတော်စင်၏ နံပါတ် ၂ တပည့်ထံမှ မျက်နှာသာရချင်ကြသည်။ ဘာပဲဖြစ်ဖြစ် သိုင်းသူတော်စင် တောင်၌ ပညာသင်ယူခြင်းမှာ စစ်သည်တော်အများစု၏ အိပ်မက်ဖြစ်သည်။
" အုန်း အုန်း "
ခရစ်ဆွန်တန်က ကြေးဝါချပ်ဝတ်ထားသည့် လအဆင့်လက်ရွေးစင် တစ်ယောက်နှင်ပ တိုက်ခိုက်ခဲ့ပြီး မတ်ရာဇီကမူ လေးမီတာလောက်ရှည်သည့် ဧရာမ ပုံဆောင်ခဲ ဓားတစ်ချောင်းကို အသုံးပြုနေသည့် လအဆင့် လက်ရွေးစင်နှင့် တိုက်လိုက်သည်။
တခြား လအဆင့် လက်ရွေးစင် လေးယောက်ကမူ အရောင်အမျိုးမျိုးရှိသည့် စစ်သည်တော်စွမ်းအင်မီးတောက်များထုတ်လွတ်၍ မြို့တံတိုင်းထံ ပြေးဝင်သွားကြသည်။
တံတိုင်းပေါ်မှ စစ်သည်များက အာရှာဗန်ကိုကြည့်ခဲ့စဉ်ကပင် ထိုပိန်ပိန်ပါးပါးချပ်ဝတ်နီဝတ် စစ်သည်မှာ ခေါင်းဆောင်ဖြစ်မှန်း ရန်သူလအဆင့်လက် ရွေးစင်များသိလိုက်ကြသည်။ သူတို့ကအတူတကွ တိုက်ခိုက်ပြီး ဇင်းနစ်သားများ၏ စိတ်ဓာတ်ကို ဖျက်ဆီးဖို့ လူတိုင်းရှေ့တွင် အာရှာဗန် ကို သတ်ချင်ကြသည်။
တံတိုင်းပေါ်၌ အသက်ရှူသံများ ထွက်ပေါ်လာသည်။
အသက်အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ၊ အာရှာဗန်သည် သူ၏ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး တည့်တည့်မတ်မတ် ရပ်နေကာ အနည်းငယ်မျှပင် တုန်ယီမနေပေ။ သူ့မျက်လုံးများတွင် တောက်ပသောအလင်းရောင်ဖြင့် ရှေ့သို့ စိုက်ကြည့်နေပြီး သူ၏ရှည်လျားသောဆံပင်များက အလံကဲ့သို့ လေထဲတွင် လွင့်မျောနေကာ ခြေတစ်လှမ်းပင် နောက်မဆုတ်ခဲ့ချေ။
ရုတ်တရက် သာမန်စစ်သားအုပ်စုထဲမှ အလင်းလေးခု လင်းလက်သွားပြီး လအဆင့် လက်ကွေးစင်လေးဦးနှင့် တိုက်မိသွားသည်။
“ ဘာလဲ နောက်ထပ် လအဆင့်လက်ရွေးစင်လေးဦးလား ”
တံတိုင်းပေါ်ရှိ စစ်သားများနှင့် မှူးမတ်များသည် သူတို့၏မျက်လုံးများကို မယုံနိုင်အောင် ဖြစ်နေကြသည်။ ထိုအလင်းလေးခုသည် လအဆင့် လက်ရွေးစင်လေးဦးကို အမှန်တကယ် ဖုံးလွှမ်းထားသည်။ အစွမ်းထက်သော အရှိန်အဝါများဖြင့် သူတို့သည် ရုတ်တရက်ပေါ်လာသော နဂါးများကဲ့သို့ ရန်သူလအဆင့်လက်ရွေးစင်လေးဦးကို ပိတ်ဆို့ထားကြသည်။
ချက်ချင်းပင် လအဆင့် လက်ရွေးစင် ၁၂ ဦးသည် ကောင်းကင်တွင် တိုက်ခိုက်ခဲ့ကြပြီး ၎င်းတို့ကိုမည်သူမှန်း ခွဲခြားရန် ခက်ခဲလှသည်။
ဇင်းနစ် စစ်သားများနှင့် မင်းမျိုးမင်းနွယ်များတောင်မှ လအဆင့်လက်ရွေးစင် လေးယောက် ဘယ်ကလာသည်ဆိုသည်ကို မသိကြပါ။ အဘယ်ကြောင့် သာမန်စစ်သားများသဖွယ် ဝတ်စားဆင်ယင်ပြီး မည်သူမျှ မသိလိုက်ဘဲ အရေးကြီးသည့်အချိန်မှ ရုတ်တရက် အခြေအနေကို ကယ်တင်ဖို့ အဘယ်ကြောင့် ပြေးထွက်လာကြသနည်းဆိုသည်ကိုလည်း သူတို့ မသိကြချေ။
ကောင်းကင်ယံ၏ အဝေးတစ်နေရာ၌ ရပ်နေသည့် ဒီအလက်ဇန္ဒရိုနှင့် ကျန် လအဆင့်လက်ရွေးစင်ဆယ့်လေးဦး မှင်သက်သွားသည်။ ဤ အခြေအနေကို သူတို့ မမျှော်လင့်ထားကြပေ။
“ လီယွန် အင်ပါယာနဲ့ အန်ဂျီး အင်ပါယာကနေ ငါတို့ ရခဲ့တဲ့ သတင်းတွေအရ ဇင်းနစ် ရဲ့ လအဆင့်လက်ရွေးစင် အားလုံးနီးပါးဟာ အရင်စစ်ပွဲမှာ သေဆုံးသွားကြတယ်လို့ ပြောနေတာ မဟုတ်ဘူးလား” ဟု သူတို့ တွေးလိုက်ကြသည်။
“ဟီးဟီး ဒါက စိတ်ဝင်စားစရာပဲ ဒီကြွက်တွေက ငါ့ကို တိုက်ခိုက်ရဲတာ အံ့သြစရာ မရှိပါဘူး သူတို့က အင်အားဖုံးကွယ်ထားကြတာကို " ခဏတာ ရပ်တန့်သွားပြီးနောက် ဒီအလက်ဇန္ဒရို၏ မျက်နှာပေါ်မှာ လှောင်ပြောင်သည့် အပြုံးတစ်ခု ပြန်ပေါ်လာသည်။ ဇင်းနစ် အင်ပါယာမှာ လအဆင့်လက်ရွေးစင် ရာပေါင်းများစွာ ဒါမှမဟုတ် ထောင်ပေါင်းများစွာ ရှိရင်တောင် သူ့အတွက် အဓိပ္ပာယ် မရှိပါချေ။
လအဆင့်လက်ရွေးစင် တွေက နေအဆင့်အရှင်သခင်များရှေ့တွင် နဂါးရှေ့ရောက်သွားသည့် ပုရွက်ဆိတ်တွေလိုပင်ဖြစ်သည်။ နေအတန်းစား အရှင်သခင်တစ်ယောက်၏ အသက်ရှူသံတစ်ချက် တစ်ချက်ထွက်ရင် လအတန်းစား လက်ရွေးစင် အမြောက်အများကိုသတ်နိုင်သည်။
End