တစ်ဖက်သတ်တိုက်ပွဲ (အပိုင်းတစ်)
Vol. 70 Ch. 1036
ပြင်းထန်သောတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
တိုက်ပွဲများကို ပေါ့ပေါ့တန်တန်ကြည့်ရှုနေသော ဒီအလက်ဇန္ဒရို နှင့် သူ၏အဖွဲ့သားများနှင့်မတူဘဲ၊ တံတိုင်းပေါ်ရှိ ဇင်းနစ်သား များသည် အသက်ရှုအောင့်၍ လအဆင့်လက်ရွေးစင် ၁၂ ဦး၏တိုက်ပွဲများကို အနီးကပ်ကြည့်ရှုခဲ့ကြသည်။ တိုက်ပွဲများ၏ရလဒ်သည် ဇင်းနစ် ၏ကံကြမ္မာကို ဆုံးဖြတ်ပေးမည်ကို သူတို့သိကြသည်။
“ သေစမ်း လျှင်မြန်တဲ့ ဟာရီကိန်းဝံပုလွေရဲ့တိုက်ချက်”
ရုတ်တရက် အော်သံတစ်ခုက အခြားဆူညံသံအားလုံးကို လွှမ်းမိုးသွားခဲ့သည်။ ရွှေရောင်သံချပ်ကာဝတ်ဆင်ထားသော ရွှေသူတော်စင် သူရဲခေါင်းဆွတ်တွန် သည် သူ၏ကျော်ကြားသော အန္တိမနည်းစနစ်ကို အသုံးပြုလိုက်သည်။ သူ၏စီးတော်သတ္တဝါ ဝံပုလွေသားရဲသည် နေရာတွင်မရှိသော်လည်း သူ၏တောက်ပသောရွှေရောင်စစ်သည်စွမ်းအင်သည် နဖူးတွင် ဦးချိုရှိသော ဧရာမဝံပုလွေတစ်ကောင်အဖြစ်သို့ စုစည်းသွားသည်။ ထို့နောက် သူ၏ ခန္တာကိုယ်နှင့် လှံက ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ရန်သူထံတိုးဝင်သွားသည်။
နောက်ဆုံးတွင် တိုက်ပွဲတစ်ခုပြီးဆုံးသွားခဲ့သည်။
ဆွတ်တွန်၏ အရည်အချင်းကို ဖေးကနှစ်သက်ခဲ့ပြီး ရှေးဟောင်းဒဏ္ဍာရီခေတ်၏ ကိုယ်ခံပညာစွယ်စုံကျမ်း [နတ်ဆိုးဘုရင်ရဲ့ဓား] မှ အကောင်းဆုံးသတ္တုဓာတ် စစ်သည်စွမ်းအင်ကျင့်ကြံနည်းကို သင်ကြားပေးခဲ့ပြီး သူ့ခန္တာကိုယ်ထဲတွင် စွမ်းအားမျိုးစေ့တစ်ခု ထည့်သွင်းပေးခဲ့သည်။
ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ ဤလူငယ်လေးက အလျင်အမြန်တိုးတက်လာခဲ့သည်။ သူ့ပြိုင်ဘက်ရဲ့ ခွန်အားက သူနဲ့တန်းတူရှိနေသော်လည်း ထိုလူမှာ သတ္တုဒြပ်စင်စစ်သည်စွမ်းအင်ရဲ့ ထက်မြက်မှု၊ ဆွန်တန်၏ရန်လိုသည့် တိုက်ခိုက်ရေးပုံစံကို မခံနိုင်ခဲ့ချေ။
ဆွန်တန်၏ အဆုံးစွန်နည်းစနစ်မှာ ရန်သူ လအဆင့် လက်ရွေးစင် ကို ထိမှန်ခဲ့ပြီး နောက်ဆုံးတွင် အသားတုံးအဖြစ် ကောင်းကင်၌ ပေါက်ကွဲသွားခဲ့သည်။
ဆူနာမီတစ်ခု သဖွယ်ခံတပ်နံရံပေါ်၌ ကျယ်လောင်သည့် အားပေးသံများ ထွက်ပေါ်လာခဲ့သည်။
ဤအောင်ပွဲက အလွန်အမင်းစိုးရိမါနေသည့် ဌင်းနစ်သား များကို အနည်းငယ်ငြိမ်သက်သွားစေခဲ့ပါသည်။
တိုက်ပွဲပြီးဆုံးပြီးနောက် ဆွန်တန် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်၏။ ထိုအန္တိမနည်းစနစ်က သူ့ခံနိုင်ရည်အားကို အများကြီး ကုန်ဆုံးစေပြီး သူ့ စစ်သည်စွမ်းအင်ကို အကုန်နီးပါးကုန်ဆုံးစေခဲ့သည်။ သူ့အနေနှင့် ထပ်ဖြစ်လာမည့် ပိုရက်စက်ကြမ်းကြုတ်သည့် တိုက်ပွဲများအတွက် အသင့်ပြင်ဖို့ အမြန်ဆုံးပြန်ကောင်းလာရမည်ဖြစ်သည်။
“ ဟားဟား အဲဒီကလေး ပထမဆုံးအောင်ပွဲရမယ်လို့ ငါမထင်ထားဘူး ”
သာမန်စစ်သားတစ်ယောက်လိုဝတ်ဆင်ထားတဲ့ ဒရော့ဘာဟာ နှစ်မီတာကျော်မြင့်ပြီး ဆူးကြီးများနှင့် ဧရာမတူကြီးကို အသုံးပြုကာ လူထွားကြီးတစ်ယောက်နှင့်တိုက်ခိုက်ရင်း ရယ်မောနေခဲ့သည်။ သူတို့နှစ်ယောက်စလုံးက ခွန်အားအပြည့်နဲ့ တိုက်ခိုက်ကြသဖြင့် တဲ့တိုးတိုက်ခိုက်နေကြခြင်းဖြစ်သည်။
ဘုန်း အားကောင်းသည် ထိုးချက်တစ်ချက်အထိုးခံပြီး ဒရော့ဘာဟာ ထိုအခွင့်အရေးကို အသုံးချကာမီတာ ၅၀ ကျော် နောက်ဆုတ်သွားခဲ့သည်။ ထို့နောက် သူ့လက်ကိုဝှေ့ယမ်းပြီး ရွှေရောင်နွားထီးကြီးပုံစံရှိသည့် ဧရာမဒိုင်းကြီးကို ဆင့်ခေါ်လိုက်သည်။ ထိုဒိုင်းကို သူ့ရှေ့မှာ ကာထားပြီးနောက် ရှေ့ကိုပြေးဝင်သွားလိုက်သည်။ ရွှေရောင်နွားထီးကြီးရဲ့ တောက်ပတဲ့ပုံရိပ်က သူ့ရှေ့တွင်ပေါ်လာပြီး ဒရော့ဘာနှင့် ဒိုင်းကြီးမှာ အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွား၏။
အက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်နှင့်အမျှ ဧရာမတူကြီးကို ဝှေ့ယမ်းနေသော လအဆင့် လက်ရွေးစင်ကြီးသည် ကောင်းကင်တွင် ရပ်တန့်သွားပြီး လိမ္မော်ရောင်အလင်းတန်းများ သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာသည်။ ထို့နောက် ကွဲနေသော ကြွေရုပ်ကဲ့သို့ သူသည် အပိုင်းပိုင်းကွဲသွားပြီး သူ၏အသားနှင့် အရိုးများသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
နောက်ထပ်တိုက်ပွဲတစ်ခု ပြီးဆုံးသွားပြီး ဇင်းနစ် သည် နောက်ထပ်အောင်ပွဲတစ်ခု ရရှိခဲ့သည်။
အားပေးသံများ ထပ်မံထွက်ပေါ်လာပြီး ဇင်းနစ် ၏ စစ်သားများနှင့် မှူးမတ်များသည် တံတိုင်းပေါ်သို့ ခုန်တက်ကာ အချင်းချင်းဖက်ကြသည်။
တစ်ချိန်တည်းမှာပင် အခြားတိုက်ပွဲများစွာလည်း ပြီးဆုံးသွားသည်။
သာမန်စစ်သားတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော ပီယာစ် သည် သူ့ပြိုင်ဘက်၏ စစ်မှန်သောအစွမ်းသတ္တိကို တွက်ချက်ပြီး သူတော်စင်ဓားရှည် ကို အသုံးပြုလိုက်သည်။ ဖျက်ဆီး၍မရ မမြင်ရသော ဓားစွမ်းအင်သည် သူ့ပြိုင်ဘက်ကို အပိုင်းပိုင်းဖြတ်တောက်လိုက်ပြီး ပီယာစ်သည်နောက်ဆုတ်လိုက်၏။ သူ၏ ခပ်တိုတိုဖြူဖွေးသော ဆံပင်များသည် သူ့ခေါင်းပေါ်တွင် အပ်များကဲ့သို့ မတ်မတ်ရပ်နေပြီး သတ်ဖြတ်လိုသော ဝိညာဉ်တစ်ခုက ဝန်းရံထားကာ သူ့ကို ထိန်းသိမ်းအုပ်ချုပ်သူတစ်ဦးကဲ့သို့ ထင်ရစေသည်။
ဖီးလစ်အင်ဇာဂီ သည်လည်း သာမန်စစ်သားဝတ်စုံကို ဝတ်ဆင်ထားပြီး တိုက်ပွဲမတိုင်မီ သူ့ခန္ဓာကိုယ်သည် တုန်ခါစေပြီး သံချပ်ကာကို အလွယ်တကူ ကျိုးပဲ့စေလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်သည် အာကာသနှင့် ပေါင်းစပ်သွားပြီး ထိုနေရာနှင့် သူ့ပြိုင်ဘက်အနီးတစ်ဝိုက်တွင် တစ္ဆေတစ်ကောင်ကဲ့သို့ တောက်ပသွားသည်။
သူ့ပြိုင်ဘက်သည် စနောက်ခံရခြင်းကြောင့် ဒေါသထွက်ပြီး အေးစက်စက်ခံစားလိုက်ရပြီးနောက် [ငရဲ၏ထိတွေ့မှု] သည် သူ့ပြိုင်ဘက်၏ လည်ပင်းနှင့် နှလုံးသားကို လျင်မြန်စွာ ဖြတ်သန်းသွားခဲ့သည်။
အခန်း ၁၀၃၆: တစ်ဖက်သတ်တိုက်ပွဲ (အပိုင်းနှစ်)
ပီယာစိနှင့် အင်ဇာဂီတို့၏တိုက်ပွဲများ မပြီးဆုံးမှီ ဒရက်စလာသည် မျက်လုံးမှိတ်ကာ ရန်သူကို တိုက်ခိုက် ဖျက်ဆီးပြီးပြီဖြစ်သည်။ သူ၏ ကြီးမားသော ဝိညာဉ်စွမ်းအင်သည် နှာခေါင်းပြားချပ်ချပ်ရှိသော မှော်ဆရာတစ်ဦး၏ ဦးနှောက်ကို တိုက်ခိုက်ချေမှုန်းခြင်းဖြင့် အသုံးမဝင်သော အရူးအဖြစ်သို့ ပြောင်းလဲစေခဲ့က ထိုမှော်ဆရာသည်လည်း ကောင်းကင်မှ ပြုတ်ကျသေဆုံးသွားခဲ့သည်။
ယခုအခါ တံတိုင်းပေါ်ရှိ ဇင်းနစ်သားများပင် အံ့အား နေကြပြီဖြစ်သည်။ ဤလျှို့ဝှက်ဆန်းကြယ်သော လအဆင့်လေးဦးသည် ချမ်ဘော့ဒ်ပြည်မှဖြစ်ကြောင်း လူအချို့က သိရှိပြီးဖြစ်သည်။ ပီယာစ်နှင့် ဒရော့ဘာတို့သည် ပဏ္ဏာဆက်နိုင်ငံများ ပြိုင်ပွဲတွင် ပါဝင်ခဲ့ပြီး ဆံဖြူဓားမြန် နှင့် ဆံမည်းလက်သီးကြီး ဟူသော အမည်ပြောင်ကို ရရှိခဲ့သောကြောင့် ၎င်းတို့သည် ထိုဒေသတွင် လူသိများပြီး လျင်မြန်စွာ အသိအမှတ်ပြုခံခဲ့ရသည်။
သို့သော်လာ်း ကြယ်သုံးပွင့်နှင့် ကြယ်လေးပွင့် စစ်သည်တော်များအဖြစ် အဖြစ်သာရှိခဲ့သူများသည် ဇင်းနစ်၏ကံကြမ္မာကို ဆုံးဖြတ်နိုင်လောက်အောင် အစွမ်းထက်သော သခင်များအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပါ။
“ဘာကြောင့် ချမ်းဘော့ဒ်သားတွေဆီကနေ အံ့ဩစရာတွေ ထပ်ခါထပ်ခါ ပေါ်လာရတာလဲ ” ထိုအချိန်၌ လူအများနှာ ပုံရိပ်တစ်ခုကို တွေးမိသွားကြသည်။
“အား…” ရုတ်တရက် ကောင်းကင်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
သူ၏ ဘက်တော်သားများ တစ်ဦးပြီးတစ်ဦး သေဆုံးသည်ကိုမြင်သည်နှင့် မတ်ရာဇီနှင့် တိုက်ခိုက်နေသူမှာ စိတ်အာရုံပျံ့လွင့်သွားသည်။ သူ အာရုံပျံ့လွင့်သွားသည်နှင့် မတ်ရာဇီမှာ ဝိုင်တစ်ငုံစာမှ ရေမြားတစ်ခုဖန်တီးပြီး သူ့ရင်ဘတ်ထဲသို့ ပစ်လွှတ်လိုက်သည်။ သွေးတွေ စီးကျလာသည်နှင့် ထိုလူလည်း သူ့ရင်ဘတ်ကို ဆုပ်ကိုင်ပြီး ထွက်ပြေးသွားတော့သည်။ ဤနေရာတွင် ဆက်မနေရဲတော့ချေ။
တိုက်ပွဲများပြီးဆုံးသွားပြီဖြစ်၏။ တံတိုင်းပေါ်မှ စစ်သည်များကမူ တိုက်ပွဲရလဒ်ကြောင့် ဆွံ့အကာ တိတ်ဆိတ်နေကြသည်။
အကောင်းအမြင်တတ်ဆုံး စစ်သည်များနှင့် မင်းမျိုးမင်းနွယ်များပင် လအဆင့်လက်ရွေးစင်များကြားက တိုက်ပွဲများက ဤမျှထိ တစ်ဖက်သတ်ဆန်မည်ဟု ထင်မထားကြပေ။
အောင်ပွဲရသည်က လျှင်မြန်လွန်း၍ သူတို့အောင်ပွဲခံကြွေးကျော်ရန်ပင် အသင့်မဖြစ်သေးပေ။
" ဟားဟား ယုတ်မာတဲ့လူတွေ ဇင်းနစ်ကို ဖျက်ဆီးချင်တယ်လို့ မပြောခဲ့ဘူးလား လာ လာ လာ ဖေဖေက မင်းတို့အားလုံးကို သတ်ပစ်မယ် "
ပီယာစ်နှင့် ဒရော့ဘာ တို့နှစ်ယောက်လုံးက ရန်သူတွေကို လှောင်ပြောင်ပြီး ကြီးကျယ်ခမ်းနားသယောင် မြင်ကွင်းမျိုး ဖန်တီးရသည်ကို နှစ်သက်ကြသည်။ ရန်သူများ၏ မောက်မာထောင်လွှားမှုကို မြင်ပြီးနောက် သူတို့ ပို၍ပင် ထေုင်လွှားချင်ကြသည်။ သူတို့၏ ပုံစံက ရန်သူများပါးရိုက်ချင်စိတ်ပေါက်လောက်ပင် ထောင်လွှားနေ၏။
သူတို့က အရှင်သသခင်အဆင့်အတန်းပုံစံရှိရမည့်အစား လမ်းဘေးလူမိုက်ပုံပေါက်နေသည်။ သူတို့ဘေး၌ ရပ်နေသည့် အင်ဇာဂီနှင့် ဒရက်စ်လာတို့က ဖြည်းဖြည်းချင်း ဘေးကို ရွှေ့သွားပြီး သူတို့နှင့် ထိုလူနှစ်ယောက် မသိသယောင်ပြုမူနေကြသည်။
သို့သော်လည်း တံတိုင်းပေါ်မှ စစ်သည်များကတော့ ဒရော့ဘာတို့ပုံစံကြောင့်ပွဲကျသွားဖြစ် စိတ်တင်းမာမှုလျော့ကြသွားကြ၏။
ဒီအလက်ဇန္ဒရိုမှာ သူ့နောက်လိုက်များ ချက်ချင်းရှုံးနိမ့်သွား၍ မျက်မှောင်ကြုတ်ကာအံ့ဩသွားသည်။ ထို ဇင်းနစ်သားများ၏ စွမ်းအားအဆင့်ကို သူ ရှင်းရှင်းလင်းလင်း ခံစားမိသော်လည်း စွမ်းအင်များကို အသေးစိတ်ထိန်းချုပ်နိုင်စွမ်းနှင့် သူတို့၏ အစွမ်းထက်ပြီး ခေတ်မှီသည့် တိုက်ခိုက်ရေးနည်းစနစ်များက တိုက်ကြီး၏သိုင်းသူတော်စင့် နံပါတ် ၂ တပည့်ကို အံ့အားသင့်စေခဲ့သည်။
ထိုနည်းစနစ်များက သူ့ဆရာမာရာဒိုနာ ပြန်လည်ဖန်တီးရန် ကြိုးစားနေသည့် ဒဏ္ဍာရီခေတ်မှ နည်းစနစ်များနှင့် ဆင်တူသည်ဆိုသည် သူသိလိုက်သည်။
သူ့စိတ်ထဲ အနည်းငယ်ထိတ်သွားသော်လည်း ချက်ချင်းပဲတိုက်ခိုက်လိုက်ရာ မမြင်ရသည့် ဓားစွမ်းအင်ခြောက်ခုက ဇင်းနစ်သားခြောက်ယောက်ထံ တိတ်တဆိတ်တိုးဝင်သွားသည်။
သူက သူတို့ကို သတ်ဖြတ်ရန် တိုက်ခိုက်လိုက်ခြင်းဖြစ်၏။
သူ့က တောက်ပခြင်းနေအဆင့်၏ အထွတ်အထိပ်တွင် ရောက်နေသည်ဖြစ်ရာ သူ့တိုက်ခိုက်မှုကို အခြားသူများ သတိထားမိရန်မဖြစ်နိုင်ချေ။
ပီယာစ်နှင့် ဒရော့ဘာတို့ပင် အစပိုင်းတွင် ဘာမျှ မသိလိုက်ကြပေ။ ကြောက်စရာကောင်းသည့် ဓားစွမ်းအင်များကို သူတို့ခံစားမိလိုက်ချိန်တွင်တော့ ထိုစွမ်းအင်များက သူတို့နှင့် အလွန်နီးကပ်နေပြီဖြစ်ကာ ရှောင်တိမ်းရန် အချိန်မရှိတော့ချေ။ မမြင်ရသည့် ဓားစွမ်းအင်းများက ရုတ်တရက်ပေါ်လာသည့် လူသတ်ဝိညာဉ်များသဖွယ် သူတို့ခြောက်ယောက်အား စူးရှနာကျင်မှုကို ခံစားရစေသည်။ သူတို့၏ အရေပြားများ ကြေမွနေပြီး အရိုးများလည်း အရည်ပျော်နေသလို ခံစားလိုက်ရ၏။ နောက်တစ်ခဏအတွင်းမှာပင် ပေါက်ကွဲမည့်ဟု ခံစားလိုက်ရသော်လည်း သူတို့လှုပ်မရတော့ပေ။
End