← Chapters

ရွှေသူတော်စင်များ၏တိုက်ပွဲ (အပိုင်းတစ်)

Vol. 70 Ch. 1037

ရွှေသူတော်စင်များ၏တိုက်ပွဲ (အပိုင်းတစ်)

Vol. 70 Ch. 1037

သေမင်း၏ တံစဉ်က အစွမ်းထက် ဇင်းနစ်သား ခြောက်ယောက်၏ လည်ပင်းပေါ်မှာ ရောက်နေသည်။ နောက်တစ်ခဏအတွင်းမှာ သူတို့ သေရတော့မည်ဖြစ်သည်။

မတ်ရာဇီ နှင့် ခရစ်ဆွတ်တန် နှစ်ယောက်စလုံး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။ သူတို့က ဒီအလက်ဇန္ဒရို ကို စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်ဟု ဆဲဆိုချင်ကြသော်လည်း စကားမပြောနိုင်ကြ‌ပေ။ သို့သော် ချမ်းဘော့၏ သခင်လေးယောက်ကတော့ ကြောက်ရွံ့မှုမရှိပုံရပြီး မမြင်ရသည့် ဓားစွမ်းအင်များကို ကာကွယ်ဖို့ပင် မကြိုးစားကြပေ။ သူတို့တွင် လျှို့ဝှက်ချက်များရှိပုံရသည်။

နောက်တစ်စက္ကန့်တွင် ဓားစွမ်းအင်ခြောက်ခုက ဇင်းနစ်သား ခြောက်ယောက်၏ ခန္ဓာကိုယ်ထဲကို ဝင်မလာခင်မှာပဲ စွမ်းအင်ခြောက်ခု ရုတ်တရက် ပေါ်လာပြီး သူတို့ကို ကာကွယ်ပေးခဲ့သည်။ သာမန်လူ မခံစားနိုင်သည့် ကြောက်မက်ဖွယ် စွမ်းအင် ၁၂ ခုက အချင်းချင်း တိုက်ခိုက်ခဲ့ကြပြီး တစ်ခုနှင့်တစ်ခု ချေဖျက်နေကြသည်။ ဘာမှမဖြစ်နိုင်ဟု ထင်ရသော်လည်း အန္တရာယ်ကြီးလှပေသည်။ အမှားတစ်ခုကြောင့် အခြေအနေကို ပြောင်းလဲသွားစေနိုင်သည်။

ပြင်းထန်ပြီး မမြင်ရသည့် တိုက်ပွဲ ဆယ်စက္ကန့်လောက် အကြာတွင် စွမ်းအင်အားလုံး အချင်းချင်း ကြေပျက်ပြီး ပျောက်ကွယ်သွား၏။

ဒီအလက်ဇန္ဒရို၏ စွမ်းအင်လှိုင်းများကြောင့် ဖြစ်ပေါ်လာသည့် ပြင်းထန်‌ သောဖိအားများ ပျောက်ကွယ်သွားပြီနောက် သခင်ခြောက်ဦးမှာ ချွေးစေများကျကာ လဲကျလုနီးပါးဖြစ်သွားသည်။ သူတို့အားလုံးက သေမင်းနှင့် ကခုန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိကြသည်။

“ကျွန်တော်တို့ကို လျှို့ဝှက်ကူညီပေးခဲ့တဲ့ ဒီအစွမ်းထက်တဲ့ သခင်က ဘယ်သူလဲ” လို့ ခရစ်ဆွန်တန်နှင့် မတ်ရာဇီတို့က ကံကောင်းသည်ဟု ခံစားလိုက်ရပြီး သူတို့ရဲ့ မျှော်လင့်ချက်များ ပြန်မြင့်တက်လာခဲ့ပါတယ်။

“ဒီအလက်ဇန္ဒရိုလို အစွမ်းထက်တဲ့ တစ်ယောက်ယောက်ရှိရင် ဇင်းနစ်က ဒီအကျပ်အတည်းကို ကျော်ဖြတ်နိုင်မှာပါ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ သတ်ခဲ့တဲ့ လအဆင့် လက်ရွေးစင်ခြောက်ယောက်က ကြီးကျယ်ခမ်းနားတဲ့ အစီအစဉ်နဲ့ ယှဉ်ရင် ဘာမှ မဟုတ်ပါဘူး ”

...

-ကောင်းကင်ထက်တွင်

ဒီအလက်ဇန္ဒရို၏ မျက်လုံးများက သူ့စိတ်ထဲတွင် အံ့ဩနေသဖြင့် ထပ်မံ၍ ကျုံ့သွားပြန်သည်။

" ဇင်းနစ်အင်ပါယာထဲမှာ ဒီလိုမာစတာတစ်ယောက် ပုန်းအောင်းနေလား မဖြစ်နိုင်ဘူး အဇာရိုသ့် မြောက်ပိုင်းဒေသတစ်ခုလုံးမှာ ငါ့ကိုယှဉ်နိုင်တဲ့ မာစတာတစ်ယောက် မရှိသင့်ဘူး ငါတောင်ကနေ မထွက်ခွာခင်မှာ ဆရာသခင်ပြောခဲ့တာက ဒီကြီးမားတဲ့ကမ္ဘာကြီးမှာ ငါ့ကို တိုက်ခိုက်နိုင်တဲ့ ဘီလူးအိုအနည်းငယ်ပဲရှိတယ်တဲ့ " ဟုဒီအလက်ဇန္ဒရိုက သူ့ဘာသာသူ တွေးလိုက်သည်။

ထို့နောက် သူ့စိတ်ခံစားချက်များကို မြန်မြန်မျိုသိပ်ပြီး မျက်နှာတွင် ဘာအမူအရာမှမပြတော့ချေ သူက တံတိုင်းဘက် လှမ်းကြည့်ပြီး ထိုဇင်းနစ်သားခြောက်ယောက်ကို လျှို့ဝှက်ကူညီပေးခဲ့သူကို ရှာဖွေရန်ကြိုးစားခဲ့‌သော်လည်းမအောင်မြင်ခဲ့ချေ။

စိန့်ပီတာဘတ်၏ တံတိုင်းပေါ်တွင် လအဆင့် လက်ရွေးစင်ပင်မရှိချေ။ သူ့ကို ခြိမ်းချောက်နိုင်သော နေအဆင့်အရှင်က ဝေလာဝေးဖြစ်သည်။

ဖြစ်ပျက်သမျှကို တွေးပြီးနောက် ထိုလူက သူ့ထက်အားနည်းနေသေးသည်ဟု တွေးမိက စိတ်အေးသွား၏။

"မင်း မင်း မင်းတို့... မင်းတို့ခြောက်ယောက် သွား၊ ငါ့အတွက် ကြွက်ကြီးခြောက်ကောင်ကို သတ်လိုက်..." ဒီအလက်ဇန္ဒရိုက သူ့ဘေးနားက လအဆင့်လက်ရွေးစင် ခြောက်ယောက်ကို လက်ညှိုးထိုးပြလိုက်သည်။ ထိုခြောက်ယောက်ဟာ ဇင်းနစ်၏ လအဆင့်လက်ရွေးစင်ခြောက်ဦးထက် ပိုအားကောင်းပြီး တစ်ယောက်ချင်းတိုက်ပွဲတွေက သူတို့အတွက် ပြဿနာမဖြစ်နိုင်ပေ။

ဒါပေမယ့် နောက်ခဏတွင် သူစိတ်ပြောင်းသွားပြီး လက်ကိုဝှေ့ယမ်းကာ "မင်းတို့အားလုံး အတူတူသွားလို့ရတယ် ဒီမသိနားမလည်တဲ့ ကြွက်အုပ်စုနဲ့ ဆက်ဆံတဲ့အခါ စစ်သည်တွေအတွက် ယှဉ်ပြိုင်မှုစည်းမျဉ်းတွေကို လိုက်နာစရာမလိုဘူး " ဟုပြောလိုက်၏။

လအဆင့် လက်ရွေးစင်ခြောက်ဦးကလည်း သူထိုသို့ပြောမည်ကိုစောင့်နေကြခြင်းဖြစ်သည်။

" မင်းလို တိုက်ကြီးသိုင်းသူတော်စင် ရဲ့ နံပါတ် ၂ တပည့်ဖြစ်ပြီး အုပ်စုလိုက် တခြားသူတွေကို အနိုင်ကျင့်ရတာ မရှက်တဲ့အတွက် ငါတို့လည်း ဂရုမစိုက်ဘူး ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့အသက်က ပိုအရေးကြီးတယ် ငါတို့က ရတနာတွေကို လုယက်ဖို့ပဲ ငါတို့ရဲ့အသက်ကို အန္တရာယ်ပြုဖို့ မဟုတ်ဘူး" ဟု ကျူးကျော်သူ လအဆင့်လက်ရွေးစင်များကတွေးလိုက်သည်။

လအဆင့် လက်ရွေးစင် ၁၄ ယောက်ဟာ ဆာလောင်နေသည့် ကျိုင်းကောင်များလို ရှေ့ကို ပြေးသွားကြသည်။

" အရှက်မရှိဘူး စက်ဆုပ်ရွံရှာဖွယ်ကောင်းလိုက်တာ "

" စစ်သည်တော်တွေအနေနဲ့ မင်းတို့ရဲ့ဂုဏ်သိက္ခာနဲ့ မာနက ဘယ်မှာလဲ ရှက်စရာကြီး! ဒါက ရှက်စရာကြီးပဲ!"

တံတိုင်းပေါ်မှ သာမန်စစ်သားကနေ အဆင့်မြင့်မှူးမတ်တွေအထိ ဇင်းနစ်သား အားလုံး ဒါကိုမြင်တော့ အော်ဟစ်လိုက်ကြသည်။ အဇာရို့သ်တိုက်ကြီးပေါ်က လူများက အရှင်သခင်တွေကို လေးစားပြီး ထိုလူများ၏ခွန်အားကိုရိုသေကြသည်။ ယခုကဲ့သို့ အရှက်မဲ့စွာပြုခြင်းကိုတော့ လှောင်ပြောင်ကြမည်ဖြစ်သည်။

အခန်း ၁၀၃၇: ရွှေသူတော်စင်များ၏တိုက်ပွဲ (အပိုင်းနှစ်)

သို့သော်လည်းအားနည်းသူများ၏ ဒေါသနှင့် လှောင်ပြောင်မှုများသည့် အပြောသက်သက်သာရှိပြီး ဘာမျှမပြောင်းလဲနိုင်ပေ။

“ဟားဟားဟား လာစမ်းပါ” ဒရော့ဘာနှင့် ပီယာစ်တို့က ကြောက်ရွံ့ခြင်းမရှိကြပေ။ ထို့အစား လျှို့ဝှက်ဆန်းကြယ်ပြီး ကြယ်ကဲ့သို့သော စွမ်းအင်လှိုင်းများက သူတို့အပေါ်တွင် လှည့်ပတ်နေသော ကြယ်ပုံသဏ္ဍာန် စွမ်းအင်လှိုင်းများအပေါ်ထပ်ဆင့်၍ ပေါ်လာသောအခါ မှော်စာလုံးများလည်ပတ်သွားပြီး သူတို့၏ ချပ်ဝတ်များထဲမှာ ရွှေရောင်သတ္တာတစ်ခုစီထွက်ပေါ်လာသည်။

ထိုသေတ္တာများထဲတွင် သိပ္ပံရူးဓာတ်ခွဲခန်းမှ ရွှေသူတော်စင်များအတွက် သီးသန့်ထုတ်ပေးသော ပစ္စည်းစုရှိသည်။

သေတ္တာများ အလိုအလျောက် ပွင့်သွားပြီး ရွှေရောင်အလင်းတန်းများ တောက်ပလာသည်။ ရွှေရောင်ရှိ၍ခမ်းနားထည်ဝါလှသော နတ်ဘုရားသားရဲ နွားထီးတစ်ကောင်နှင့် ကောက်ကွေးပြီး ဓားသွားကဲ့သို့ ဦးချိုများပါရှိသည့် ရွှေရောင်ဆိတ်တစ်ကောင်သည် သေတ္တာများထဲမှ ခုန်ထွက်လာကြသည်။ ထို့နောက် ထိုအရာများက အပိုင်းအစများစွာအဖြစ် လျင်မြန်စွာ ပြိုကွဲသွားကာ ရွှေရောင်အလင်းအစက်များအဖြစ်ပြောင်းသွားကာ ဒရော့ဘာနှင့် ပီယာစ်တို့ထံသို့ ပြေးဝင်သွားကြသည်။

ရွှေရောင်အလင်းတန်းများသည် တဖြည်းဖြည်းပိုမိုပြင်းထန်လာပြီး ရွှေရောင်သံချပ်ကာ၏ အစိတ်အပိုင်းများအဖြစ် ပြန်လည်ပြောင်းလဲသွားကာ ဒရော့ဘာတို့နှစ်ဦးအပေါ် လျင်မြန်စွာ ဖုံးအုပ်ထားသည်။

ခဏတာအတွင်း စစ်သည်နှစ်ဦးမှာ သူတို့၏ချပ်ဝတ်ပစ္စည်းစုနှင့် ပေါင်းစပ်သွားကြသည်။ သူတို့၏ ရွှေရောင်သံချပ်ကာသည် အဇာရိုသ့် တိုက်ကြီးပေါ်ရှိ အခြားသံချပ်ကာအမျိုးအစားအားလုံးနှင့် ကွဲပြားပြီး ထိုအရာက ဒရော့ဘာတို့နှစ်ယောက်၏ အရေးကြီးသောနေရာများနှင့် အဆစ်များအားလုံးကို တင်းကျပ်စွာ ဖုံးအုပ်ထားသည်။ လေးလံပုံပေါ်မည့်အစား သံချပ်ကာသည် ဤစစ်သည်နှစ်ဦး၏ စွမ်းအားတိုးချဲ့မှုတစ်ခုဟု ထင်ရပြီး ချပ်ဝတ်ပေါ်၌ အနုပညာလက်ရာတစ်ခုရေးဆွဲထားသကသို့ဖြစ်နေသည်။

ချမ်းဘော့ဒ်မှ ဆရာသခင်နှစ်ဦးကာ နတ်ဆိုးများကဲ့သို့ ပြောင်လဲသွားပြီး အလွန်ပင် အစွမ်းထက်လာကြပုံရသည်။

ချက်ချင်းပင် ဒရော့ဘာတို့နှစ်ယောက်၏ စွမ်းအင်ကြိမ်နှုန်းများသည် မိုးထိအောင် မြင့်တက်လာသည်။

ဤလူနှစ်ဦး၏ နောက်ကွယ်ရှိ နေရာသည် ကျယ်ပြောလှပြီး လျှို့ဝှက်ဆန်းကြယ်သော စကြဝဠာကဲ့သို့ ရုတ်တရက် မှောင်မိုက်သွားပြီး တောက်ပသော ငွေရောင်ကြယ်များသည် တစ်ခုပြီးတစ်ခု တောက်ပကာ နွားထီးတစ်ကောင်၏ ပုံရိပ်နှင့် ပင်လယ်ဆိတ်တစ်ကောင်၏ ပုံရိပ်ကို ဖွဲ့စည်းထားသည်။ ဤပုံရိပ်နှစ်ခုသည် ဤသခင်နှစ်ဦး၏ နောက်ကွယ်တွင် တည်ငြိမ်စွာ ရှိနေသည်။

ဤရုတ်တရက်မြင်ကွင်းသည် ကောင်းကင်၏တောက်ပမှုကိုပင် ဆုံးရှုံးစေပြီး လူတိုင်း အံ့အားသင့်သွားကြသည်။

ဒီအလက်ဇန္ဒရိုအပါဝင် လူတိုင်းဘာဖြစ်နေသည်ကိုပင် နားမလည်နိုင်တော့ချေ။

တစ်ချိန်တည်းမှာပင် အင်ဇာဂီနှင့် ဒရက်ဆလာတို့သည်လည်း သူတို့၏ ကြယ်သူတော်စင်ပစ္စည်းစုများကို ဆင့်ခေါ်လိုက်ကြသည်။ အင်ဇာဂီက က ဂျမနိုင်းနက္ခတ်သူတော်စင်ပစ္စည်းစု ကို ဆင့်ခေါ်လိုက်သည့်အခါ သိမ်မွေ့သည့် အရိပ်လေးခုက သူ့နောက်သို့ လျှင်မြန်စွာဝင်ရောက်ပျောက်ကွယ်သွားသည်။ ဒရက်စလာက အေးရီစ်နက္ခတ်သူတော်စင်ပစ္စည်းစု ကို ဆင့်ခေါ်လိုက်ပြီး မျက်လုံးမှိတ်၍ ခြေထောက်များကို ချိတ်ထားရင်း ကောင်းကင်၌ တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ သူဟာ မူးယစ်နေသကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သည့်တေးသွားများကို ရွတ်ဆိုရင်း ဆုတောင်းပုတီးကြိုးတစ်ချောင်းကိုအသုံးပြုနေ၏။

သူတို့နှင့်နှိုင်းယှဉ်ပါက ခရစ်ဆွန်တန်နှင့် မတ်ရာဇီတို့မှာ အနည်းငယ်ပင်နိမ့်ကျနေသည်။ သူတို့ကတိုက်ပွဲပြီးဆုံးသွားသည့်တိုင် သူတို့၏ ကုန်ဆုံးသွားသည့် စစ်သည်တော် စွမ်းအင်များက ပြန်ပြည့်မလာသေးပေ။ဆွန်တန် ကတော့ ‌ေဖးလက်ဆောင်ပေးထားသည့် တိုက်ခိုက်ရေးလက်နက်ကို ပိုင်ဆိုင်ထားပြီး ရူးသွပ်သူတစ်ယောက်သဖွယ် လက်နက် စွမ်းအားကို ထုတ်လွှတ်အသုံးပြုခဲ့သဖြင့် ပိုကောင်းသည့် အခြေအနေတွင်ရှိနေသည်။

တစ်ဖက်မှာတော့ မတ်ရာဇီမှာ သူ့ကိုယ်သူ ကာကွယ်ရန်သာ တတ်နိုင်တော့သည်။

" အုန်း အုန်း အုန်း "

ချက်ချင်းဆိုသလိုပင် ကျယ်လောင်သည့် ပေါက်ကွဲသံများ ကောင်းကင်၌ ပဲ့တင်ထပ်သွားသည်။

ဇင်းနစ်၏ အရှင်ခင်ခြောက်ယောက်က ကျူးကျော်လာသူ လအဆင့်အရှင်သခင် ဆယ့်လေးယောက်ကို ရင်ဆိုင်လိုက်သည်။ နှစ်ဖက်လုံး ဘာမျှ ထိန်ချန်မနေတော့ဘဲ အားကုန်ထုတ်၍ တိုက်ခိုက်လိုက်ကြ၏။

သူတို့ ထိပ်တိုက်တွေ့သည်နှင့် ကြယ်နက္ခတ်သူတော်စင် ပစ္စည်းစုရှိသော လက်ရွေးစင်များက အစွမ်းထုတ်ပြတော့သည်ာ သူတို့ တစ်ယောက်ချင်းစီဟာ ရန်သူတစ်ယောက်ချင်းစီကို ချက်ချင်းဆိုသလို ပေါက်ကွဲသွားစေသည်။

တစ်ချိန်တည်းမှာပင် စိန့်ပီတာဘတ်မြို့အတွင်းပိုင်းမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ အသက်သုံးဆယ်ကျော်အရွယ် ရဲရင့်ပုံပေါက်သည့် အမျိုးသားတစ်ယောက်က တိုက်ပွဲထဲသို့ လွှမ်းမိုးနိုင်သည့်ပုံစံနှင့်အတူ ဝင်ရောက်လာသည်။ သူ့ ရှည်လျားသည့် ဆံပင်များက မီးတောက်များသဖွယ် လေထဲ၌ လွင့်မျောနေပြီး ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။သူက ချမ်းဘော့ဒ်၏ ရွှေသူတော်စင် လေးယောက်ထက် ပိုအားကောင်းသည်။

End

All Chapters