← Chapters

ကျဆုံးသွားသော လအဆင့် လက်ရွေးစင်များ (အပိုင်းတစ်)

Vol. 70 Ch. 1038

ကျဆုံးသွားသော လအဆင့် လက်ရွေးစင်များ (အပိုင်းတစ်)

Vol. 70 Ch. 1038

“လျှပ်စီးကြောင်း လက်သီးချက် ”

တိုက်ပွဲများတွင် ပါဝင်ခဲ့သော ဤလျှို့ဝှက်ဆန်းကြယ်သောလူသည် လွှမ်းမိုးနိုင်သော ခြင်္သေ့တစ်ကောင်ကဲ့သို့ ဟိန်းဟောက်ပြီး သူ၏အစွယ်များကို ထုတ်ပြခဲ့သည်။

သူ ထိုးလိုက်သောအခါ သူ၏လက်သီးများမှ သေးငယ်သော မိုးကြိုးများစွာ ထွက်လာပြီး ငွေရောင်မြွေများစွာအဖြစ် ပြောင်းလဲကာ ဖြစ်ပျက်နေသော တိုက်ပွဲများကို ဖုံးအုပ်သွားသည်။ သူ၏ ထိုးနှက်ချက်အမြန်နှုန်းသည် မြန်ဆန်ပြီး အလင်းအလျှင်နှင့် ညီမျှကာ သာမန်စစ်သည်များ၏ တုံ့ပြန်မှုအမြန်နှုန်းထက် များစွာပိုမြန်သည်။

အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်နှင့်အမျှ ဒီအလက်ဇန္ဒရို နှင့်အတူ ဤနေရာသို့ လာသော လအဆင့်လက်ရွေးစင်တစ်ချို့ အလင်းတန်းများကဲ့သို့ ထင်ရသော လက်သီးများဖြင့် ထိမှန်ပြီး လေထဲတွင် ပေါက်ကွဲသွားသည်။ ထို့နောက် ၎င်းတို့၏ သွေး၊ အသားနှင့် အရိုးများသည် ကောင်းကင်မှ ကျဆင်းလာသည်။

စိန့်ပီတာဘတ်၏ မြို့တံတိုင်းတွင် ကျယ်လောင်သော ဩဘာသံများ ထပ်မံထွက်ပေါ်လာသည်။

အနိုင်မခံနိုင်ပုံရသော ရွှေရောင်ခြင်္သေ့နှင့်တူသည့် မာစတာသည် ဇင်းနစ်ဘက်တွင် ရှိနေကြောင်း လူတိုင်း သေချာကြသိသည်။ ထို့အပြင် ဤအရှင်သခင်၏ ရွှေရောင်သံချပ်ကာတွင် ချမ်းဘော့ဒ် ၏ အရှင်သခင်လေးဦးကဲ့သို့ပင် လှည့်ပတ်မှုများနှင့်ပြည့်နှက်နေသော အလားတူလျှို့ဝှက်ဆန်းကြယ်သည့် မှော်ပုံစံများရှိနေရာ ချမ်းဘော့ဒ်သားဖြစ်ကြောင်းသိနိုင်သည်။

“ ချမ်းဘော့ဒ် ၏ နံပါတ် ၁ အစွမ်းထက်ဆုံးအရှင်သခင်ဟောင်း ဖရန့်ခ်လမ်းပတ်လား “

ကင်းမျှော်စင်ရှေ့တွင်ရပ်နေသော ခရမ်းရောင်ဝတ်စုံဝတ်ထားသော မိန်းကလေး ဇိန်း သည် မင်းသမီးကြီး ကို တိုးတိုးလေးပြောလိုက်သည်။ သူမသည် ယခုအခါ အမြင့်ဆုံး ကြယ်ခုနှစ်ပွင့်စစ်သည် တစ်ယောက်ဖြစ်ပြီး ဤအဆင့်မြင့်တိုက်ပွဲများတွင် တိုက်ခိုက်မှု၏ စက္ကန့်ပိုင်းအတွင်း အရိပ်အယောင်များကို သူမဖမ်းယူနိုင်သည်။ ထိုကြောင့် သူမက တိုက်ပွဲတွင်ပါဝင်လာသော ရွှေခြင်္သေ့သဖွယ် အမျိုးသားက မည်သူဆိုသည်ကို မြင်နိုင်သည်။

မင်းသမီးလည်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

ဒီအလက်ဇန္ဒရို ကဲ့သို့သော အစွမ်းထက ရန်သူများကို ရင်ဆိုင်ရသည့်အခါတွင်ပင် မတုန်လှုပ်သော မင်းသားအာရှာဗန် သည် သူမ၏စကားများကိုကြားပြီးနောက် အနည်းငယ်တုန်သွားသည်။

တနာရှာ နှင့် အာရှာဗန် နှစ်ဦးစလုံးသည် ချမ်းဘော့ဒ် ကို မူလအခြေအနေတွင်မြင်တွေ့ခဲ့ရသော ဇင်းနစ်၏မြင့်မြတ်သောအသိုင်းအဝိုင်းမှ ပထမဆုံးလူနှစ်ဦးဖြစ်သည်။ သူတို့ ပထမဆုံးတွေ့စဉ်က ချမ်းဘော့ဒ်၏ နံပါတ် ၁ ပညာရှင်ဟောင်းက သူတို့မျက်လုံးထဲတွင် ပိုးကောင်သဖွယ် အားနည်းသည့် ကြယ်သုံးပွင့် စစ်သည်တော်တစ်ယောက်သာ ဖြစ်သည်။ သူတို့ဟာ မတူညီသည့် ကမ္ဘာတွင်ရှိနေကြသဖြင့် နံပါတ် ၁ စစ်သည်တော်လို့ ခေါ်ဝေါ်ခံရတဲ့သူဟာ သူတို့အတွက် ဟာသတစ်ခုသဖွယ်ဖြစ်သည်။

ယခုတော့တော့ စစ်သည်တော်စွမ်းအင်ပင်မရှိသည့်သာမန်စစ်သားများပင် ဖရန့်လမ်းပတ် ဟာ နက်နဲပြီး အစွမ်းထက်သူဆိုသည်ကို သိနိုင်သည်။ လအဆင့်လက်ရွေးစင်များစွာပါဝင်သည့် ရှုပ်ထွေးသည့်တိုက်ပွဲတွင်ပင် သူဟာ ထင်ရှားပြီး အလွန်အမင်း အစွမ်းထက်သည်။ ရွှေရောင်ခြင်္သေ့၏ အစွယ်က အေးစက်စက်အလင်းရောင်ကို ထုတ်လိုက်သည့်အခါ သူ့ မိုးကြိုးလိုအမြန်နှုန်းနှင့်လက်သီးကို မည်သူမျှ မကာကွယ်နိုင်ချေ။

“သူ့ရဲ့အစွမ်းက နေအဆင့် နဲ့ နီးကပ်နေပြီ နောက်ထပ်တစ်ကြိမ် သူအဆင့်တက်ရင် နေအဆင့်ရောက်နိုင်တယ်… ဒါက ကြောက်စရာကောင်းတယ် ဒီလို မြင့်မားတဲအဆင့်တက်နှုန်းက ချမ်းဘော့ဒ် ရဲ့ဘုရင်ထက် မနိမ့်ဘူး ” ဇိန်း က မသိစိတ်ကနေ သက်ပြင်းချလိုက်သည်။ ဒါက စစ်သည်တော်တစ်ယောက်ရဲ့ မသိစိတ်ပင်ဖြစ်သည်။

ချမ်းဘော့ဒ်ဘုရင်နောက်ကို လိုက်နေသည့် စစ်သည်တော်အားလုံးဟာ ရူးသွပ်ဖွယ်အမြန်နှုန်းနှင့် ကြီးထွားလာနေကြသည်။လမ်းပတ် နှင့် ဒရော့ဘာလိုလူများလည်းချွင်းချက်မဟုတ်ပေ။ခရစ်ဆွန်တန်နှင့် လူဖီတိုကလည်း ဤအချက်ကိုသက်သေပြနေ၏။

“ ဇင်းနစ်အတွန့်ရှည်တည်မြဲပါစေ!”

“ငါတို့ရဲ့ အင်ပါယာက ပြိုင်ဘက်ကင်းတယ် ”

ယခုကဲ့သို့တိုက်ပွဲများသည် ဒဏ္ဍာရီများနှင့် ပုံပြင်များတွင်သာ သာမန်လူများအတွက် တည်ရှိခဲ့သည်။ ရွှေရောင်သံချပ်ကာဝတ်ဆင်ထားသော ချမ်းဘော့ဒ်မှ ဤလက်ရွေးစင်က အမှန်ပင်အနိုင်မရနိုင်သောသူဖြစ်သည်။

သွေးများစိုးရွဲနေပြီး အရိုးများကတစ်စစီဖြစ်နေသည်။

ဤမြင်ကွင်းအားလုံးသည် ဤနံနက်ခင်းရောက်သည်နှင့် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်လာတော့မည်ဟု ထင်ခဲ့သောသူတို့အတွက် အံ့အားသင့်စရာဖြစ်ခဲ့သည်။ တံတိုင်းပေါ်ရှိ ဇင်းနစ်သားများ ပျော်ရွှင်နေကြသည်။ မာနထောင်လွှားသော မင်းမျိုးမင်းနွယ်များပင်လျှင် သာမန်စစ်သားများနှင့်အတူ ပခုံးဖက်ရယ်မောကြပြီး သူရဲကောင်းများကို အတူတကွ အားပေးကြသည်။

သူတို့ အားပေးနေစဉ်တွင် မယုံနိုင်စရာအဖြစ်အပျက်များ ပိုမိုဖြစ်ပျက်ခဲ့သည်။

ဘယ်အချိန်မှန်း သူတို့သေချာမသိသော်လည်း ကောင်းကင်ယံ၌ ပုံရိပ်အနည်းငယ် ထပ်မံပေါ်လာခဲ့သည်။

အခန်း ၁၀၃၈: ကျဆုံးသွားသောလအဆင့်လက်ရွေးစင်များ (အပိုင်းနှစ်)

တစ်ချို့က ထိုလူများ မည်သူများ ဖြစ်သည်ကို မှတ်မိကြသည်။ လေသားတော် တောရက်၊ ဖျက်ဆီးခြင်းလက်ချောင်း ချက်၊ လျှင်မြန်သော တော်နေဒိုးဆေဘာဓားရော်ဘင် နှင့် အိုလက် တို့သည် ပဏ္ဏာဆက်နိုင်ငံများပြိုင်ပွဲတွင် ပေါ်ထွက်လာဖူးသည်။ ချမ်းဘော့ဒ်မှ မဟုတ်သော ဘုန်းတော်ကြီးနှင့် ဆံဖြူတို့ကဲ့သို့ လအဆင့်လက်ရွေးစင်များပါသော်လည်း လူနည်းစုသာဖြစ်သည်။

ထိုလူများသည် တိုက်ပွဲ၌ မပါဝင်ခဲ့သော်လည်း ကောင်းကင်တွင် ရပ်ပြီး စောင့်ကြည့်နေကြသည်။

သူတို့၏ အစွမ်းထက်သော အရှိန်အဝါများနှင့် လေထဲတွင် ရပ်နိုင်စွမ်းသည် အခြားသူများအား သူတို့၏ အစွမ်းမည်မျှရှိသည်ကို ပြောနိုင်သည်ယး။ သူတို့အားလုံးက ဇင်းနစ်ဘက်မှ သခင်များဖြစ်ကြသည်။

တဖြည်းဖြည်းနှင့် အခြေအနေသည် ယခင်က မည်သူမျှ မမျှော်လင့်ထားသော ရှုထောင့်သို့ ပြောင်းလဲလာခဲ့သည်။

အနည်းဆုံးတော့ လအဆင့် လက်ရွေးစင် အရေအတွက်တွင် ဇင်းနစ်ကအောက်စည်းမရောက်တော့ပေ။ ထို့အပြင် ရှုပ်ထွေးပြီး ကြီးကျယ်သောတိုက်ပွဲတွင် ပါဝင်နေသော ခိမ်းဘော့ဒ် မှ ရွှေသူတော်စင် များသည် အရေအတွက် အားနည်းချက်ရှိသော်လည်း အနိုင်ရရှိနေကြောင်း သာမန်စစ်သားများပင် ပြောပြနိုင်သည်။ အထူးသဖြင့် ရွှေရောင်ခြင်္သေ့ကဲ့သို့ သက်လတ်ပိုင်းအရွယ်လူသည် ဤတိုက်ပွဲ၌ မည်သူမျှ သူ့ကိုအနိုင်မယူနိုင်ချေ။ သူ၏လက်သီးကို မည်သူမျှ တစ်ချက်မျှ မခံနိုင်ပေ။

“ဒါဘယ်လိုဖြစ်နေတာလဲ”

ချက်ချင်းဆိုသလိုပင် ဒီအလက်ဇန္ဒရို နှင့်အတူ ပါလာသူများအနက် လအဆင့်လက်ရွေးစင် ခုနှစ်ဦးလောက်သာ အသက်ရှင်ကျန်ခဲ့သည်။ ကျန်ရှိနေသူများကလည်း ကြောက်ရွံ့နေကြပြီး နောက်ထပ်တိုက်ခိုက်လိုစိတ်မရှိတော့ပေ။

“ဒါက ရူးနေတာပဲ ဇင်းနစ်သား တွေမှာ လအဆင့်လက်ရွေးစင် တွေ ပိုများလာတယ်လို့ အစီရင်ခံစာမှာ မပါဘူးလေ ဘာလို့ ဒီလောက်များနေတာလဲ ပြီးတော့ သူတို့အားလုံးက ရက်စက်ကြမ်းကြုတ်ကြတယ်... ဒီလိုဖြစ်မှန်း ငါတို့သိရင် ဒီအလက်ဇန္ဒရို နဲ့အတူတောင် ဒီကိုမလာခဲ့ဘူး ”

“ ငါ့ကို ကယ်ပါဦး...”

လအဆင့်လက်ရွေးစင် တစ်ယောက်က အော်ဟစ်လိုက်သည်။

သူက သူ့အစွမ်းအားလုံးကို အသုံးပြုပြီး နောက်ဆုံးတွင် တိုက်ပွဲမှ ထွက်လာနိုင်ခဲ့သည်။ သို့သော် သူ ဒီအလက်ဇန္ဒရိုထံ အပြေးအလွှားသွားနေစဉ် သူ့ကို ဖမ်းမိသွားပြီး လမ်းပတ်၏ လက်သီးချက်အောက်တွင် ကျရှုံးသွားသည်။

ကောင်းကင်ထက်၌ စွမ်းအားမီးတောက်များ တောက်ပနေပြီး ကျန်ရှိနေသည့် ကျူးကျော်သူ လအဆင့်လက်ရွေးစင်များမှာ ထွက်ပြေးရန်ကြိုးစားလိုက်ကြ၏။ သူတို့အားလုံး မျက်နှာများ ဖြူဖတ်ဖြူလျော်ဖြစ်နေကြသည်။ အလွန်အမင်းတုန်လှုပ်နေကြပြီး တစ်ယောက်က အယောင်အမှားနှင့် စိန့်ပီတာဘတ်မြို့ထဲဝင်ပြေး၏။

တံတိုင်းပေါ်၌ ရယ်သံများ လှိုင်သွားသည်။

ဒီအလက်ဇန္ဒရို၏ မျက်နှာ မည်းမှောင်သွားသည်။ သေးငယ်သည့် အဆင့်တစ် အင်ပါယာလေးက အဘယ့်ကြောင့် ဤမျှအစွမ်းထက်သော အစွမ်းအစကို ရုတ်တရက် ထုတ်ဖော်ပြခဲ့သည်ဆိုသည်ကို သူမတွေးတတ်ပေ။

ဇင်းနစ်၏ ယခု ထုတ်ဖော်ပြထားသော အစွမ်းအစနှင့်ဆိုပါက အဆင့်လေးငါး အင်ပါယာပင်ဖြစ်နိုင်သေးသည်။

အထူးသဖြင့် ရွှေရောင်သံချပ်ကာနှင့် လအဆင့်လက်ရွေးစင်များဖြစ်သည်။ သူတို့က ဒဏ္ဍာရီခေတ်က ပျောက်ဆုံးသွားသည့် တိုက်ခိုက်ရေးနည်းစနစ်များကို ရရှိခဲ့ပြီး သူတို့၏ သံချပ်ကာကို ဆင့်ချိန်က ပေါ်လာသည့် ထူးဆန်းသော ဖြစ်စဉ်က ဒီအလက်ဇန္ဒရိုကို အံ့ဩစေသည်။ ထိုအချိန်၌ သူတို့ကို လအဆင့်လက်ရွေးစင်အဖြစ်ပင်မသတ်မှတ်သင့်တော့ပေ။

“ဒီလူတွေက ဇင်းနစ်သားတွေမဖြစ်နိုင်ဘူး ဒါပေမယ့် သူတို့က ကလဲ ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်တဲ့ အရှင်သခင်တွေရှိနေတာလဲ ဘာလို့ ငါနဲ့ ဇင်းနစ်ရဲ့ ပြဿနာကြားထဲဝင်ပါတာလဲ သူတို့က သိုင်းသူတော်စင်တောင်ကို ဆန့်ကျင်ချင်တဲ့သူတွေလား “

ဒီအလက်ဇန္ဒရို သူ၏ အရှိန်အဝါကို မြှင့်တင်ပြီး စိန့်ပီတာဘတ်မြို့နားသို့ကပ်သွားလိုက်သည်။ သူက အသံကို မြှင့်ပြီး “မင်းတို့က ဘယ်သူတွေလဲ။ ငါတို့ တိုက်ကြီးရဲ့သိုင်းသူတော်စင်တောင် ရဲ့ လုပ်ငန်းမှာ မင်း ဘယ်လို ပါဝင်ပတ်သက်ရဲတာလဲ ငါ့ဆရာ မာရာဒိုနာ နဲ့ ရန်သူဖြစ်ဖို့ ကြိုးစားနေတာလား ” ဟုမေးလိုက်သည်။

End

All Chapters