အိုး အရမ်းရယ်စရာကောင်းတာပဲ
Vol. 70 Ch. 1039
ယခုတော့ လအဆင့်များ၏ တိုက်ပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။ ဒီအလက်ဇန္ဒရို နှင့်အတူ ပါလာသည့် လအဆင့် လက်ရွေးစင် ၂၀ လုံး သေဆုံးသွားပြီဖြစ်သည်။ သူတို့၏ လောဘနှင့် ကိုယ်ကျင့်တရား ချို့တဲ့မှုကြောင့် ဒေသများကို လွှမ်းမိုးထားသည့် ထိုအရှင်သခင်များဟာ အဆုံးစွန်သော တန်ဖိုးကို ပေးဆပ်ခဲ့ရသည်။
အဇာရို့သ် တိုက်ကြီးက တောတွင်းဥပဒေကြီးစိုးသော ဒေသကြီးဖြစ်သည်။ အင်အားကြီးသူများသာ အသက်ရှင်ကျန်ရစ်နိုင်ပေလိမ့်မည်။
ဇင်းနစ် ဘက်က လအဆင့် လက်ရွေးစင် အားလုံး တဖြည်းဖြည်း စုဝေးလာကြပြီး ချမ်းဘော့ဒ်၏ ရွှေသူတော်စင်လမ်းပတ်ကို ဗဟိုပြုလိုက်ကြသည်။ သူတို့က ဖွဲ့စည်းပုံတစ်ခုနှင့်အတူ ဒီအလက်ဇန္ဒရိုတို့ကို ပိတ်ဆို့လိုက်ကြသည်။
မတ်ရာဇီနှင့် ခရစ်ဆွတ်တွန် တို့မှာ ဒဏ်ရာများစွာ ရရှိထားပြီး အဆိုးရွားဆုံး အခြေအနေတွင် ရှိနေသည်။ သို့သော် ဒဏ်ရာများသည် အသက်အန္တရာယ်မရှိသည့်အပြင် ၎င်းတို့၏ အဝတ်အစားများနှင့် သံချပ်ကာများသည် သွေးစွန်းနေသော်လည်း စိတ်ဓာတ်ကြံ့ခိုင်နေဆဲဖြစ်သည်။ အခြားသူများ၏ တိုက်ပွဲများကို မြင်တွေ့ပြီးနောက် ၎င်းတို့သည် လှုံ့ဆော်မှုရရှိခဲ့သည်။
ဇင်းနစ် ၏ နံပါတ် ၁ ခရီးသွားကဗျာဆရာ မတ်ရာဇီသည် သည် ထိပ်တန်း ဆန်းသစ်လ ၏ အထွတ်အထိပ်တွင် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့သော်လည်း သူသည် တံခါးဝကို ဖောက်ထွက်ပြီး ယခုအခါ သေစေနိုင်သော တိုက်ပွဲများအပြီးတွင် လခြမ်းအဆင့် ဖြစ်လာခဲ့သည်။ ၎င်းသည် ဖုံးကွယ်ထားသော ကောင်းချီးတစ်ခုဖြစ်သည်။
ဒရော့ဂ်ဘာကဲ့သို့သော ရွှေသူတော်စင် များသည်လည်း ဒဏ်ရာရခဲ့သော်လည်း ဒဏ်ရာများသည် ထိုနှစ်ခုနှင့် နှိုင်းယှဉ်ပါက အများကြီး ပေါ့ပါးသည်။
[ကျောက်တုံးနက်အဆီအနှစ်] နှင့် [နတ်ဆိုးအကျွင်းအကျန်] မှ ပြုလုပ်ထားသော ဒုတိယမျိုးဆက် ကြယ်သူတော်စင်ပစ္စည်စု များကို သိပ္ပံရူးဓာတ်ခွဲခန်း မှ ရရှိသော နတ်ဘုရားရုန်း များဖြင့် ထွင်းထုထားပြီး ၎င်းတို့သည် ကြယ်များနှင့် ဆက်သွယ်နိုင်ပြီး ကြယ်စွမ်းအားကို ငှားရမ်းနိုင်သည်။ ထို့အပြင် ပန်းပဲပညာရှင်ချာဆီ၏ ကျွမ်းကျင်မှုများ များစွာတိုးတက်လာသောကြောင့် ကြယ်သူတော်စင်ပစ္စည်းစု များကို ခိုင်မာစေပြီး စစ်သည်တော်များကို အကောင်းဆုံးကာကွယ်နိုင်စေခဲ့သည်။ ၎င်းတို့၏ အဆင့်ရှိ ရန်သူများသည် ရွှေသူတော်စင် များကို တိုက်ခိုက်လျှင်ပင် ထိခိုက်မှု၏ 90% ကို ချပ်ဝတ်ကပိတ်ဆို့ထားမည်ဖြစ်သည်။
ကြယ်သူတော်စင် အစုများက ရွှေသူတော်စင်များကို တိုက်စစ် အာရုံစိုက်ပြီး ခံစစ်ကို ခဏတာ လျစ်လျူရှုကာ ရန်သူများကို လွှမ်းမိုးနိုင်စေသည့် အဓိကအကြောင်းရင်းဖြစ်သည်။
“ဟွန်း ဟာသပဲ မင်းက သိုင်းသူတော်စင်ရဲ့ နံပါတ် ၂ တပည့်ပဲ ဒါပေမယ့် မင်းက လိမ်ညာမှုကြီးတစ်ခု ဖန်တီးပြီး ငါ့သခင်ကို လှည့်စားဖို့ ကြိုးစားခဲ့တယ် ဒါ့အပြင် မင်းက ချမ်းဘော့ဒ် မြို့ကို ဖျက်ဆီးပြီး ဇင်းနစ် တော်ဝင်မိသားစုကို သွေးချောင်းစီးအောင် ကြိုးစားခဲ့တယ် ဘာလဲ တိုက်ပွဲအတွင်းမှာ ချမ်းဘော့ဒ် ရဲ့ စစ်သည်တွေကို မင်း မမှတ်မိဘူးလား” လမ်းပတ် က လှောင်ပြောင်ပြီး ပြန်မေးလိုက်သည်။
တိတ်ဆိတ်ပြီး ထိန်းထိန်းသိမ်းသိမ်းနေတတ်သည် ပါရမီရှင် စစ်သည်က တစ်ကြိမ်ထဲနှင့် စကားများစွာပြောသည်က ယခု ပထမဆုံးအကြိမ်ဖြစ်သည်။
“ဘာလဲ မင်းတို့အားလုံးက ချမ်းဘော့ဒ် ဘုရင်ရဲ့ လက်အောက်ခံတွေလား”
ဒီအလက်ဇန္ဒရို က သူ့ စိတ်ခံစားမှုနှင့် အမူအရာများကို ကောင်းကောင်း ထိန်းချုပ်နိုင်သော်လည်း ယခုတော့ သူ အံ့သြသွားသည်။ ထိုအဖြေကို သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။
“ဘာတွေဖြစ်နေတာလဲ ငါ အိပ်မက်မက်နေတာလား ပဏ္ဏာဆက် နိုင်ငံတစ်ခုက ဘယ်လိုလုပ် ဒီလောက် အားကောင်းနိုင်မှာလဲ ” ဟု သူ့ဘာသာသူတွေးလိုက်သည်။
“ဘာလဲ အခု မင်း ကြောက်နေပြီလား” ဒရော့ဘာက က လှောင်ပြောင်ပြီး လက်သီးကို ဆုပ်ပြလိုက်သည်။
ဒီအလက်ဇန္ဒရို၏ မျက်စိသူငယ်အိမ်ကျုံ့သွားသည်။ ရုတ်တရက် သူ တစ်ခုခုကို တွေးမိပြီး ရယ်လိုက်သည်။ “ချမ်းဘော့ဒ်ပြည်က လောက် အစွမ်း ထက်မယ်လို့ငါ မမျှော်လင့်ထားဘူး။ ငါ အံ့သြသွားတယ် ဟားဟား ဒါပေမယ့် ဒါက မင်းရဲ့ အစွမ်းအစပဲ ဖြစ်သင့်တယ် မဟုတ်လား စိန့်ပီတာဘတ်ကို စောင့်ကြပ်နေတဲ့ အစွမ်းထက်ဆုံး စစ်သည်တွေနဲ့ဆိုရင် မင်းတို့ရဲ့ချမ်းဘော့ဒ် မြို့ဟာ ဗလာဖြစ်နေရမယ် မဟုတ်လား ဟားဟား “
ဒီအလက်ဇန္ဒရို၏ ရယ်သံဟာ လှောင်ပြောင်မှုများနှင့် ပြည့်နှက်နေသည်။
မြှောက်ပင့်ပြောဆိုသူ အိုလက် က မျက်လုံးလှန်ပြီး အံ့အားသင့်သွားပုံရသည်။ သူက အော်ဟစ်လိုက်၏။ “မင်း... မင်း ဘာကိုဆိုလိုတာလဲ”
ဂုဏ်ယူဝင့်ကြွားပြီး ရက်စက်တဲ့ အပြုံးနဲ့ ဒီအလက်ဇန္ဒရိုက က “ချမ်စဘော့ဒ် မြို့ဟာ သွေးပင်လယ်ထဲ မြုပ်နေမှာ ငါကြောက်တယ် တော်ဝင်မိသားစုဝင်တွေနဲ့ ကလေးတွေ အပါအဝင် လူတိုင်းကို အခု အသတ်ခံနေရလောက်ပြီ ဟားဟားဟား ”
အိုလက်က တစ်ကိုယ်လုံး တုန်ယီနေပြီး ကျယ်ေလာင်စွာေအာ်ဟစ်လိုက်သည်။ “မင်း ဘာကိုဆိုလိုတာလဲ မင်းက လူတွေကို ချမ်းဘောဒ် ကိုလွှတ်လိုက်တာလား မင်း စက်ဆုပ်ရွံရှာဖွယ်ကောင်းလိုက်တာ…”
“ ဟားဟားဟား ” ဒီအလက်ဇန္ဒရို က ဂုဏ်ယူစွာ ရယ်မောပြီး သူ့ ခံစားချက်များကို မဖုံးကွယ်ထားချေ။ သူက ဆက်ပြောသည်။ “ ငါ ချမ်းဘော့ဒ်ပြည်ကို ဖျက်ဆီးဖို့ အရှင်သခင်အဖွဲ့တစ်ဖွဲ့ကို လွှတ်ထားတယ် နေအဆင့်အရှင်သခင် တစ်ယောက်က ဦးဆောင်ထားတော့ အရှင်
သခင်တွေ မရှိတဲ့ မြို့ကို အလွယ်လေး သိမ်းပိုက်နိုင်တယ် ဟားဟားဟား ဒါက ငါ့ကို ဆန့်ကျင်တဲ့ ရလဒ်ပါပဲ ”
ထိုလျှို့ဝှက်ချက်ကို ဖော်ထုတ်ပြီးနောက် ဒီအလက်ဇန္ဒရို ဟာ သူ့ပြိုင်ဘက်များ၏ မျက်နှာပေါ်မှ ကြောက်ရွံ့ထိတ်လန့်နေမည့် အမူအရာများကို မြင်တွေ့ခံစားဖို့ အသင့်ဖြစ်နေပြီဖြစ်သည်။
သို့သော်လည်း..
“ဟားဟားဟားဟား ဟားဟား အရမ်းရယ်စရာကောင်းတယ်”
“ဘုရားရေ ဟားဟား! အား! ငါ့ဗိုက်!”
“ဟားဟား၊ သူ့လို အရူးတစ်ယောက်က... ငါတို့သခင်ကို တိုက်ခိုက်ရဲတာလား ဟားဟား ”
ဒီအလက်ဇန္ဒရိုမှာ လအဆင့်လက်ရွေးစင်များ၏ ရယ်မောမှုကို ရင်ဆိုင်လိုက်ရသည် အထူးသဖြင့် ပီယာစ်နှင့် ပေါ့ဘာတို့ဖြစ်သည်။ သူတို့က မျက်ရည်ကျည့်အထိ ရယ်မောနေပြီး ဗိုက်ကိုနှိပ်ေနကြသည်။ နောက်ဆုံး ကပ်မြှောင်တတ်သူ အိုလက် လည်း ဘာမှ ဆက်မလုပ်နိုင်တော့ဘဲ ခြေထောက်တွေကို ရိုက်ပြီး မျက်ရည်တွေကို သုတ်ရင်း ရယ်နေတော့သည်။
လူတစ်စုက လူရွှင်တော်တစ်ယောက်ရဲ့ ဖျော်ဖြေမှုကို ကြည့်နေကြသလိုပင်။
“ ညစ်ပတ်တဲ့ ကြွက်တွေ ဘာကို ရယ်နေကြတာလဲ ” ဒီအလက်ဇန္ဒရို ဒေါသထွက်သွားပြီး သူ့စိတ်ထဲတွင် နိမိတ်မကောင်းသည့် ခံစားချက်တစ်ခု ပေါ်လာ၏။
ချမ်းဘော့ဒ်၏ လအဆင့်လက်ရွေးစင် အများစု ရယ်မောပြီးတဲ့နောက် ငယ်ရွယ်သည့် ဘုန်းတော်ကြီး ဂျက်ဆီး က သူ့ရယ်သံကို ထိန်းချုပ်ပြီး ဒီအလက်ဇန္ဒရိုထံ အနက်ရောင်အရာဝတ္ထုတစ်ခု ပစ်ပေါက်ကာ “သူက မင်းပြောတဲ့ နေအဆင့်အရှင်သခင် မဟုတ်လား” ဟုပြောလိုက်သည်။
ဒီအလက်ဇန္ဒရို က သူ့လက်ကို ဆန့်ထုတ်လိုက်ရာမမြင်ရသည့် အင်အားတစ်ခုက ထိုအနက်ရောင်အရိပ်ကို ဆွဲယူလိုက်၏။ သူ အနီးကပ်ကြည့်လိုက်တော့ ထိုအနက်ရောင်အရိပ်က အယ်လ်ဘီဒါ ဖြစ်ပြီး လအဆင့်လက်ရွေးစင်များ ချမ်းဘော့ဒ်သွားသည့်အဖွဲ့ကို ဦးဆောင်သည့် အန်ဂျီးအင်ပါယာမှ နေအဆင့်အရှင်သခင်ဖြစ်သည်။
အခြာလူများ၏ သေခြင်းရှင်ခြင်းကိုဆုံးဖြတ်နိုင်သော ထိုအရှင်သခင်က ပျော့ခွေနေသည်။ သူ့ကြွက်သားများ အားလုံး ပျော့တွဲနေသယောင်ပင်။ တောင်များကို ရွှေ့နိုင်လောက်အောင် ကြီးမားသည့် အစွမ်းများ မရှိတော့ဘဲ သူကသာမန်အဘိုးကြီးတစ်ယောက်လိုဖြစ်နေသည်။
ဖော်မပြနိုင်သော ထိတ်လန့်မှုနဲ့ ကြောက်ရွံ့မှုများက ဒီအလက်ဇန္ဒရို၏ စိတ်ထဲတွင် ချက်ချင်း လွှမ်းမိုးသွား၏။
မဲမှောင်နေသော မျက်နှာထားနှင့် ဒီအလက်ဇန္ဒရိုမှာ အယ်လ်ဘီဒါ၏ကိုယ်ထဲ စွမ်းအင်များပို့လွှတ်စစ်ေဆးလိုက်သည်။ သေချာစွာ စစ်ဆေးပြီးနောက် ထိုသခင်၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်လမ်းကြောင်းအားလုံး ကျိုးပဲ့နေပြီး ကြောက်မက်ဖွယ်ကောင်းသော ရေခဲစွမ်းအင်နှင့် မီးစွမ်းအင်တို့သည် အယ်လ်ဘီဒါ၏ ခန္ဓာကိုယ်အတွင်း တစ်လှည့်စီ ရောနှောနေပြီး အတွင်းပိုင်း၌ အဖျက်အားပိုပြင်းထန်နေသည်ကို သူသတိပြုမိခဲ့သည်။ ယခုအချိန်တွင် သူ၏ နေအရှင်သခင် စွမ်းအင် မကျန်တော့ဘဲ သူ၏ ခွန်အားအားလုံး ကုန်ဆုံးသွားခဲ့သည်။ ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါး ဆင်းသက်လာပြီးကူညီသည့်တိုင် အယ်လ်ဘီဒါ၏ ခွန်အားကို ပြန်လည်ရရှိနိုင်မည် မဟုတ်ပါ။
နေအဆင့် အရှင်သခင် ဆိုသည်မှာ အဇာရို့သ် တိုက်ကြီးပေါ်ရှိ အစားအစာကွင်းဆက်၏ ထိပ်ဆုံးတွင် ရပ်နေသော သခင်တစ်ဦးဖြစ်သည်။ ယခုတော့သူက ဒုက္ခိတတစ်ဦးဖြစ်သွားပြီဖြစ်သည်။
End