← Chapters

ဇင်းနစ် ကို ဘယ်လိုပျောက်ကွယ်သွားအောင် လုပ်နိုင်မှာလဲ။ (အပိုင်းတစ်)

Vol. 70 Ch. 1040

ဇင်းနစ် ကို ဘယ်လိုပျောက်ကွယ်သွားအောင် လုပ်နိုင်မှာလဲ။ (အပိုင်းတစ်)

Vol. 70 Ch. 1040

“ဘယ်သူလုပ်တာလဲ” ဒီအလက်ဇန္ဒရို က ဒေါသတကြီးမေးလိုက်၏။

သူ့ လူသတ်စိတ်ဓာတ်ကို ဖုံးကွယ်ထားလို့မရ တော့ချေ။ အယ်လ်ဘီဒါ ကို အနိုင်ယူခဲ့သည့် သခင်က သူ့ထက် အများကြီး အားနည်းသည်ကို သူ ခံစားမိပြီးသားမို့ စိုးရိမ်မနေ‌ချေ။ သို့သော်လည်း ချမ်းဘော့ဒ် နိုင်ငံတော်က ပြသခဲ့သည့် အစွမ်းသတ္တိနှင့် အလားအလာက သူ့ကို အံ့အားသင့်စေခဲ့၏။

ပထမဆုံးအကြိမ်အဖြစ် ချမ်းဘော့ဒ် ဘုရင်ကို ရန်သူအဖြစ် ပြောင်းလဲမိသည်ကို နောင်တရမိသွားသည်။ သို့သော်လည်း အရာအားလုံး ဖြစ်ပျက်ပြီးဖြစ်သည့်အတွက် နောင်တရခြင်းက အသုံးမဝင်ချေ။ ထို့ကြောင့် ဤနေရာရှိ ရန်သူအားလုံးကို မြန်မြန်သတ်ပြီး အကြောင်းရင်းကို ရှင်းလင်းပြီးမှသာ သက်သေဖျောက်ဖျက်နိုင်မည်ဖြစ်သည်။

မဟုတ်ပါက ချမ်းဘော့ဒ် နိုင်ငံတော်မှာ ပိုမိုအားကောင်းလာမည်ဖြစ်ပြီး သူ့ ကမ္ဘာပျက်မယ့်နေ့ နီးလာလိမ့်မည်ဖြစ်သည်။

“ကြွက်တွေ မင်း ငါ့ကို တကယ်ဒေါသထွက်စေခဲ့တာ ငါ့ကို ဒေါသထွက်စေခဲ့တာ! အားလုံး သေကြစမ်း”

ထိုသို့ပြောပြီ‌း နောက် ဒီအလက်ဇန္ဒရိုမှာ လောင်ကျွမ်းနေအဆင့်၏ သူ၏စွမ်းအားအပြည့်ကို ထုတ်ဖော်လိုက်၏။ သူ့အစွမ်းကြောင့် ပတ်ဝန်းကျင်ရှိ သဘာဝဓာတ်များ ကပြောင်းကပြန်ဖြစ်သွားသည်။ လှိုင်းလုံးများထွက်ပေါ်နေပြီး သဘာဝတရားများ ပြောင်းလဲသွားသည်ဟုပင် ထင်လိုက်ရ၏။

ထိုသို့ ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားက ဒီအလက်ဇန္ဒရိုကို ဗဟိုပြု၍ ထွက်ပေါ်နေကာ အားလုံးကိုတုန်လှုပ်စေသည်။

လမ်းပတ် ကလွဲလို့ ဇင်းနစ်၏အခြား လအဆင့်လက်ရွေးစင်များ သွေးများကို ထွေးထုတ်၍ အလျင်အမြန်ဆုတမခွာလိုက်ကြရသည်။ မဆုတ်ခွာပါက ဒဏ်မခံနိုင်တော့ဘဲ သူတို့အားလုံးသေဆုံးရမည်ဖြစ်သည်။

ဒီအလက်ဇန္ဒရို၏ အစွမ်းရှေ့၌ လအဆင့်လက်ရွေးစင်များ၏ အစွမ်းက နဂါးရှေ့ရောက်သွားသည့် ပုရွက်ဆိတ်သာသာပဲရှိသည်။

“ ဟားဟား မသိနားမလည်တဲ့ အင်းဆက်တွေ လအဆင့်နည်းနည်း သတ်ပြီးတာနဲ့ ငါ့ကို စိန်ခေါ်နိုင်မယ်လို့ ထင်နေကြတာလား ရတယ် ပုရွက်ဆိတ်နဲ့ နဂါးကြားက ကွာခြားချက်က ဘယ်တော့မှ လိုက်မမှီဘူးဆိုတာ ငါ မင်းတို့ကို အသိပေးပါ့မယ် ”

ဒီအလက်ဇန္ဒရို က မာနထောင်လွှားစွာ ရယ်မောပြီး သူ့လက်နဲ့ အမူအရာတစ်ခု လုပ်ပြသည်။

ခဏအတွင်းမှာပင် လမ်းပတ်မှာ ကောင်းကင်၌ တည်ငြိမ်စွယမနေနိုင်တော့ပေ။ လီယိုနတ်က္ခတ်သူ‌ေတာ်စင်ပစ္စည်းစုက သူ့ကိုဆက်မကာကွယ်ပေးနိုင်‌ေတာ့ဘဲ သဲအိတ်လိုလွင့်ထွက်သွား၏။ သူ့ခန္ဓာကိုယ်မှ ကွဲအက်သံများ ထွက်လာသည်။

နေအဆင့်နှင့် နီးစပ်နေသော လ်းပတ်ပင်လျှင် ဘာမျှ တက်နိုင်ခြင်းမရှိ‌ချေ။ အားနည်းသည့် အခြားသူများကို ထည့်ပြောရန်မလိုချေ။ ဤအင်အားကြီး စွမ်းအားအောက်တွင် ချမ်းဘော့ဒ်မှ လက်ရွေးစင်များ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ခြင်းပင်မရှိတော့ပေ။ လေဆင်နှာမောင်းထဲမှ ကောက်ရိုးများသဖွယ် လွင့်စင်သွားကြ၏။ မတ်ရာဇီနှင့် ခရစ်ဆွန်တန်တို့လို အားနည်းသည့် ဆရာသခင်များကတော့ တန်းမေ့မျောသွားသည်။

ဒီအလက်ဇန္ဒရို၏ ကြောက်မက်ဖွယ် စွမ်းအားအောက်၌ မိုးနှင့်မြေ နှစ်ခုလုံး တုန်ခါပြီး ငိုကြွေးသွားရသည်။

လိမ္မော်ရောင် [ကမ္ဘာမြေကာကွယ်ရေးနတ်ဘုရားမ] ဟာ စိန့်ပီတာစဘတ်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး မှော်အစီအရင်များ မရေမတွက်နိုင်သည့် မှော်ရတနာများမှတစ်ဆင့် စွမ်းအားများစုပ်ယူထားသည်။ သို့သော်လည်း ဒီအလက်ဇန္ဒရို၏ စွမ်းအား မြင့်တက်လာမှုအောက်၌ ကြက်ဥခွံလို ကွဲအက်သွားပြီး ဘာမျှမရှိတော့သည့်အဆင်သို့ရောက်၍ ပျောက်ကွယ်သွားသည်။

မြေပြင်ပေါ်၌ အက်ကွဲကြောင်းများ ပေါ်လာပြီး တံတိုင်းပေါ်မှအက်ကွဲကြောင်းများ ပို၍ပင်ကြီးမားလာသည်။ ကောင်းကင်ကြီး မှောင်မိုက်သွားပြီး နေမင်းက ကြောက်လွန်း၍ ပုန်းအောင်းသွားသည့်နှယ်ဖြစ်နေသည်။

ဒေသ၏ အလင်းရောင်က အလျင်အမြန်ပင် မှေးမှိန်သွားသည်။

ဒီအလက်ဇန္ဒရို၏ အစွမ်းက လူအများနားလည်သည်ထက် ကျော်လွန်နေသည်။

စစ်သား သန်းပေါင်းများစွာ ရှိ‌နေလျှင်ပင် ခဏအတွင်း ပြာဖြစ်သွားရပေလိမ့်မည်။

တံတိုင်းပေါ်၌ တပ်စွဲထားသော စစ်သည်များမှာ ထိုဖိအားကို မခံနိုင်ဘဲ ဖိသိပ်ခံလိုက်ရသော ငပိများသဖွယ် အသားများပိပြားသွားပြီး အောက်သို့ပြုတ်ကျသွားသည်။ ထိုဖိအားက မြို့ထဲရောက်လာသည့်အခါ မြို့ထဲရှိ မှော်အဆောက်ဦးများ စတင်၍ပြိုကျလာသည်။

တောင်ဘက်တံခါးရှိ ကင်းမျှော်စင်တစ်ဝိုက်တွင် အရောင်အမျိုးမျိုးရှိသည့် မှော်စွမ်းအင်နှင့် စစ်သည်စွမ်းအင် မီးတောက်တွေများ လောင်ကျွမ်းနေပြီး ဖိအားကို တွန်းလှန်ရန် အကောင်းဆုံး ကြိုးစားရင်း စွမ်းအင်စက်ဝိုင်းတစ်ခုကို ဖန်တီးလိုက်ကြသည်။ မင်းသားကြီး၊ မင်းသမီးကြီးနှင့် ပဲရစ်စသည့် တော်ဝင်မျိုးနွယ်များနှင့် မင်းမျိုးမင်းနွယ်များကို ထိုအထဲတွင် ကာကွယ်ထားသဖြင့် သူတို့ ထွက်ပြေးရန်မဖြစ်နိုင်ကြပေ။

အခန်း ၁၀၄၀: ဇင်းနစ် ကို ဘယ်လိုပျောက်ကွယ်သွားအောင် လုပ်နိုင်မှာလဲ။ (အပိုင်းနှစ်)

ပဲရစ်နောက်၌ရပ်နေသည့် အနက်ရောင်ဝတ်ရုံဝတ်ထားသော လျှို့ဝှက်ဆန်းကြယ်သညါြလူက အနည်းငယ်တွန့်ဆုတ်နေပြီး မလှုပ်ရှားခဲ့ပါပေ။

အခြေအနေက အလွန်အန္တရာယ်များပြီး ညည်းညူသံများ၊ အော်ဟစ်သံများ ကောင်းကင်တွင် ပဲ့တင်ထပ်နေသည်။

တံတိုင်းက ပြင်းထန်စွာတုန်ခါနေပြီး ပြိုကျတော့မည်ဖြစ်သည်။ မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းများက ပိုကြီးလာပြီး အထဲမှ ရွှံ့ရေများ ပန်းထွက်လာ၏။

ဇင်းနစ်သားများ စိတ်ပျက်အားငယ်နေကြသည်။ အရှင်သခင်များစွာရှိနေသော်လည်း တိုက်ကြီးတစ်ခုလုံး၏သိုင်းသူတော်စင့်တပည့်ကို မကိုင်တွယ်နိုင်ဟု ထင်မထားခဲ့ပေ။ ရလဒ်က သူတို့ကို စိတ်ပျက်စေသည်။

“ဟားဟား ဒီနေ့ ဇင်းနစ် အင်ပါယာက ပျောက်ကွယ်သွားတော့မှာ ဇင်းနစ် ရဲ့ တော်ဝင်မိသားစုက တိုက်ကြီးကနေ ပျောက်ကွယ်သွားတော့မယ် ” ဒီအလက်ဇန္ဒရို က မာနထောင်လွှားစွာ ရယ်မောလိုက်သည်။

မကောင်းဆိုးဝါးနတ်ဘုရား ကလူအီဗာတ် ကို ရှုံးလိုက်ရသည့်အတွက် သူ့စိတ်ထဲ၌ စုပုံလာသည့် စိတ်ပျက်အားငယ်မှုအားလုံးကို ထုတ်ပစ်နိုင်လိုက်ပြီဖြစ်သည်။ အရာအားလုံးကို သူ့လက်ထဲ၌ ထားရှိနိုင်ခြင်းက သူ့ကို ကမ္ဘာ့ အစွမ်းထက်ဆုံးလူဟု အထင်ရောက်စေသဖြင့် ကျေနပ်နေသည်။

“ တကယ့်ကို မောက်မာတာပဲ ဇင်းနစ် တော်ဝင်မိသားစုကို ဘယ်လိုပျောက်ကွယ်သွားအောင် လုပ်နိုင်မလဲ ငါကြည့်ချင်တယ် ” ဇင်းနစ် တော်ဝင်နန်းတော်မှ ခမ်းနားထည်ဝါပြီး လွှမ်းမိုးနိုင်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ထိုအသံသည် မမြင်ရသောဖိအားကို ထိုးဖောက်ပြီး လူတိုင်း၏နားထဲသို့ ရှင်းရှင်းလင်းလင်း ဝင်ရောက်သွားသည်။

ထိုအသံ ပေါ်လာသည်နှင့် မြေပြင်တုန်ခါမှု ရပ်တန့်သွားပြီး စိန့်ပီတာဘတ်မြို့အထက်ရှိ မှောင်မိုက်သော မိုးတိမ်များ ပျောက်ကွယ်သွားကာ သဘာဝဓာတ်များသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လောက်အောင် အစွမ်းထက်ပုံရသော စွမ်းအင်လှိုင်းသည် စိန့်ပီတာစဘတ်မြို့၏ တောင်ဘက် မီတာ ၁၀၀ မှ မြောက်ဘက်အထိ လုံးဝပျောက်ကွယ်သွားသည်။

“ဘယ်သူလဲ” ဒီအလက်ဇန္ဒရို ၏ မျက်ခုံးများ လှုပ်သွားသည်။

ရုတ်တရက် ပေါ်လာသော ဤအသံတွင် သူ့ကို ကြောက်ရွံ့စေသော စွမ်းအားတစ်ခု ပါဝင်သည်။

သူ့မေးခွန်းအတွက် အဖြေအလား နဂါးများထွက်ပေါ်လာ၏။

ရွှေရောင်အလင်းတန်းများက မြို့ကို လင်းလက်စေချိန်၌ ဇင်းနစ်တော်ဝင်နန်းတော်မှ ခမ်းနားလှသည့်စွမ်းအင်တစ်ခု ပျံ့နှံ့သွားပြီး ရွှေရောင်နဂါးများမှာ ဇင်းနစ်တော်ဝင်နန်းတော်မှ ပျံသန်းထွက်လာကြပြီး ဟိန်းဟောက်လျက် ဒီအလက်ဇန္ဒရိုထံ အပြေးအလွှား ပြေးဝင်သွားပြီး သူ့ကို ရက်စက်စွာ ရိုက်ခတ်လိုက်ပါတယ်။

“ဘာ… ဒါလဲ”

ဒီအလက်ဇန္ဒရို ကြောက်လန့်သွားသည်။ သူဟာ မှောင်မိုက်စွာ ရပ်နေပြီး ထူးဆန်းစွာ မှောင်မိုက်နေသည့် မိုးတိမ်များ အက်ကွဲနေသည့်မြေပြင်များက သူ့နောက်တွင်ရှိနေသည်။ သူက လက်ဟန်ခြေဟန်များ ဆက်တိုက်လုပ်နေစဉ်မှာပင် သူ့ခန္ဓာကိုယ်မှ အားကောင်းသည့် စွမ်းအားများ ပြေးထွက်လာပြီး မီတာ ၁၀၀ ကျော်ရှည်သည့် ဧရာမဓားတွေ အများအပြားဖန်တီးလိုက်သည်။ ထို့နောက်မှ ဓားများက ရှေ့သို့ပြေးထွက်သွားပြီး နဂါးများနှင့် ရင်ဆိုင်ရိုက်ခက်သွားသည်။

ခဏတာ အချိန် ရပ်တန့်သွားသကဲ့သို့ ခံစားရပြီး အရာအားလုံး ရပ်တန့်သွားသည်။

အုန်း အုန်း အုန်း အုန်း အုန်း

နောက်တစ်ခဏမှာပင် ကောင်းကင်၌ စွမ်းအင်လှိုင်းများ ပေါ်လာပြီး အာကာသမှာ စက္ကူပါးလေးတစ်ရွက်လို စုတ်ပြဲသွား၏။ ဘီလူးကြီးများ၏ ဧရာမပါးစပ်များသဖွယ် မည်းနက်နေသည် နေရာလပ်အက်ကွဲကြောင်းများစွာပေါ်လာသည်။ ထို့နောက် ကြီးမားသည့် စုပ်အားများ ပေါ်လာပြီး ကျောက်တုံးများ ရေများကို ဟင်းလင်းပြင်ထဲ ဆွဲသွင်းလိုက်သည်။ ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲတော့မည့်အလားပင်။

သဘာဝဥပဒေသများက နေရာကွက်ကြားအက်ကွဲကြောင်းများကို ဆက်လက်ပြုပြင်ပေးနေပြီး ဧရာမပါးစပ်များသဖွယ် အက်ကွဲကြောင်းများ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ ထို့နောက် စွမ်းအင်အတက်အကျများကြောင့် ပြန်ပေါ်လာပြီး ထပ်မံ ပြန်ပျောက်ကွယ်သွားသည်။ ထိုသံသရာစက်ဝန်းက ရှုပ်ထွေးနေသည်ပ စွမ်းအင်လှိုင်းများ ငြိမ်သက်သွားသည့်အထိ အကြိမ်ပေါင်းများစွာ ဖြစ်ပေါ်နေသည်။

အစမှ အဆုံးတိုင် မမြင်နိုင်ဟည့် စွမ်းအင်တစ်ခုက စိန့်ပီတာဘတ်ကို ကာကွယ်ပေးခဲ့သည်။ ဖျက်ဆီးနိုင်စွမ်းအားလုံးက နွေရာသီ၏ ပူပြင်းသည့်နေ့တစ်နေ့မှ နှင်းပွင့်များသဖွယ် မြို့မှအကွာအဝေး မီတာ ၁၀၀ အကွာတွင် ပျောက်ကွယ်သွားခဲ့ပြီး မြို့ကို ထပ်မံထိခိုက်ခြင်းမရှိတောချေ။

ဖုန်များ ငြိမ်သက်သွားပြီးနောက် ဒီအလက်ဇန္ဒရို ဟာ လေထဲ၌ မီတာ ၁၀၀ ခန့် နောက်ပြန်တွန်းထုတ်ခံလိုက်ရပြီး အံ့အားသင့်သွားပုံရသည်။

သူက အပြာရောင်ဆံပင်ရှည်နှင့် သန်မာပြီး အသက်လတ်ပိုင်းအရွယ်ရှိ အမျိုးသားတစ်ယောက်နဲ့ ရင်ဆိုင်နေရသည်။

ထိုလူက ကောင်းကင်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး နတ်ဆိုးနတ်ဘုရားတစ်ပါးလိုသဖွယ် သူဟာ ခမ်းနားထည်ဝါပြီး အနိုင်မယူနိုင်သည့် တောင်ကြီးတစ်ခုပုံ ပေါက်နေသည်။

သူက ပေါ်လာသည်နှင့် တပြိုင်နက် ဒီအလက်ဇန္ဒရို၏ အရှိန်အဝါကိုလူယူပြီး ကမ္ဘာတစ်ခုလုံး သူ့ကို ဗဟိုပြုနေသည့်နှယ်ထင်မိသွားရသည်။

“... အဖေ ”

မင်းသား အာရှာဗန်က ခံတပ်နံရံမှ မော့ကြည့်ပြီး သူ့မျက်လုံးတွေကို မယုံနိုင်ဖြစ်နေသည်။ တစ်ဖက်တွင်တော့ မင်းသမီး တနာရှာက အံ့အားသင့်စရာ တစ်ခုခုကို သဘောပေါက်သွားပုံရတာကြောင့် သက်ပြင်းချလိုက်၏။

End

All Chapters