← Chapters

ဒဏ္ဍာရီလာနည်းစနစ်နှင့် ဒဏ္ဍာရီလာနည်းစနစ် (အပိုင်းတစ်)

Vol. 70 Ch. 1041

ဒဏ္ဍာရီလာနည်းစနစ်နှင့် ဒဏ္ဍာရီလာနည်းစနစ် (အပိုင်းတစ်)

Vol. 70 Ch. 1041

ရုတ်တရက် လွှမ်းမိုးနိုင်သောပုံစံဖြင့် ပေါ်လာပြီး ဒီအလက်ဇန္ဒရို ကို ပြန်လည်တိုက်ခိုက်ခဲ့သော ဤအပြာရောင်ဆံပင်နှင့် သက်လတ်ပိုင်းလူသည် ဇင်းနစ် အင်ပါယာကို ဖန်တီးခဲ့သူ ဒဏ္ဍာရီလာ ဂုဏ်သိက္ခာရှိသော အင်ပါယာရက်ဆင် ဖြစ်သည်။

မင်းသားကြီး အာရှဗန် ၏ အသက်ရှူသံသည် အခြားသူများအတွက် မိုးကြိုးပစ်သံကဲ့သို့ မြည်ဟိန်းနေသည်။

ဤနှစ်များတစ်လျှောက်လုံးတွင် အင်ပါယာ ရက်ဆင် သည် တော်ဝင်နန်းတော်တွင် သူ့ဘာသာသူနေထိုင်ခဲ့ပြီး သူ့မျက်နှာကို ရှားရှားပါးပါးသာ ပြသခဲ့သည်။ အမှန်တကယ်တွင် ငယ်ရွယ်သောစစ်သားများနှင့် မင်းမျိုးမင်းနွယ်များစွာသည် သူ့မျက်နှာကို တစ်ခါမှ မမြင်ဖူးပါ။ အင်ပါယာရက်ဆင် နှင့်အတူ တော်ဝင်နန်းတော်သို့ ဝင်ရောက်၍ သတင်းပို့နိုင်သော ထိပ်တန်းအရာရှိများနှင့် အတူ တိုက်ပွဲဝင်ခဲ့သော ဝန်ကြီးဟောင်းများသာ ဤဒဏ္ဍာရီလာဧကရာဇ်ကို မှတ်မိနိုင်သည်။

ယခုအချိန်တွင် အင်ပါယာရက်ဆင် သည် အပြာရောင်ဖျော့ဖျော့တော်ဝင်ဝတ်ရုံနှင့် ရွှေရောင်ပိုးခါးပတ်ကို ဝတ်ဆင်ထားပြီး သူ၏ရှည်လျားသော အပြာရောင်ဆံပင်များသည် သမုဒ္ဒရာ ရေလှိုင်းများကဲ့သို့ လေထဲတွင် လွင့်မျောနေကာ ခါးအထိ ရှည်လျားစွာကျဆင်းသည်။ သူက ရာဇလှံတံကိုင်ဆောင်ထားတာမျိုးလည်း မဟုတ်သလို သရဖူလည်း ဆောင်းထားတာမျိုးလည်း မရှိချေ။ သို့သော်လည်း သူ၏ ဖော်ပြလို့မရသည့် စိတ်နေစိတ်ထားကြောင့် တခြားသူတွေက ဒီလိုလူမျိုးကသာ ဧကရာဇ်ရက်ဆင် ဖြစ်နိုင်သလို ခံစားရစေသည်။

မှူးမတ်များအားလုံး အံ့အားသင့်သွားကြသည်။

ပြီးခဲ့သည့် ၂၆ နှစ်တာကာလအတွင်း အင်ပါယာရက်ဆင်ဟာ အချိန်အများစုတွင် တံခါးပိတ်နေထိုင်ခဲ့ပြီး တော်ဝင်မိသားစုမှ ရရှိခဲ့သည့် အချက်အလက်များအရ ဘုရင်မင်းမြတ်ဟာ ကျန်းမာရေး ယိုယွင်းလာလို့ နေမကောင်းဖြစ်သည်ဆိုသည့် သတင်းများဖြစ်သည်။ အထူးသဖြင့် မကြာသေးခင်က အင်ပါယာရက်ဆင်၏ အသက်အန္တရာယ်ရှိနေပြီး ဘယ်အချိန်မဆို သေဆုံးနိုင်တယ်လို့ ကောလာဟလများ အများအပြား ထွက်ပေါ်နေသည်။ ထို့ကြောင့် ဇင်းနစ်ရှိလူများက အင်ပါယာရက်ဆင်တွင် အချိန်သိပ်မကျန်တော့ ဟု ထင်ခဲ့ကြ၏။

ထိုကောလဟာလများကြောင့် ဇင်းနစ်ပြည်သားများ စိုးရိမ်ပူပန်ခဲ့ကြပြီး မူးမတ်တစ်ချို့မှာ အန္တရာယ်မှ လွတ်မြောက်နိုင်ရန် ရန်သူနှင့် လျှို့ဝှက်ပူးပေါင်းခဲ့ကြ၏။

သို့သော်လည်း ယခုတော့ အင်ပါယာရက်ဆင်၏ အရှိန်အဟုန်က သမုဒ္ဒရာတစ်စင်းလို ပြင်းထန်နေ၏။

သူ့ရဲ့လက်ရှိအခြေအနေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူ့ရဲ့အကောင်းဆုံးအခြေအနေထက်တောင် ပိုပြီးအစွမ်းထက်နေပြီး ကောလာဟလများနှင့် လုံးဝကွာခြားနေသည်။ သေလုမျောပါးဖြစ်နေသည့် အဘိုးကြီးတစ်ယောက်သဖွယ်ဟုတ်မနေဘဲ သူ့ အကောင်းဆုံးအခြေအနေတွင်ရှိနေပြီး ကျင့်ကြံမှုအရ အထွတ်အထိပ်ကို ရောက်ရှိနေသည်။

‌ဤကိစ္စတွင် မည်သည့်လျှို့ဝှက်ချက်များ ရှိနေသနည်း။

ဧကရာဇ်ရက်ဆင်က သူ့အကောင်းဆုံးအခြေအနေတွင် အဘယ့်ကြောင့် တံခါးပိတ်ကျင့်ကြံသွားသနည်း။ သူနာမကျန်းဖြစ်သည်ဟု အဘယ့်ကြောင့် သတင်းလွှင့်သနည်း။

မှူးမတ်များတုန်ခါနေကြပြီး စိုးရိမ်နေကြသည်။ မကြာသေးခင်က သူတို့လျှို့ဝှက်လုပ်ခဲ့သည့်အရာများကို ပြန်စဉ်းစားပြီးနောက် သူတို့၏ ခန္ဓာကိုယ်၌ ချွေးစေးများထွက်လာပြီး ကြောက်လန့်သွားကြသည်။

…

“ဘယ်သူလဲ...”

လေထဲတွင်ရပ်နေသည့် ဒီအလက်ဇန္ဒရို ဟာ သူ့မျက်နှာပေါ်က ထိတ်လန့်မှုကို မဖုံးကွယ်နိုင်ခဲ့ချေ။ သူ့နောက်၌ ထူထဲသည့် တိမ်မည်းများ၊ အက်ကွဲနေသည့်မြေပြင်များနှင့် သူ့အစွမ်းကြောင့် ကမ္ဘာပျက်သယောင် ထင်ရသော်လည်း ဤအပြာရောင်ဆံပင်နှင့် သက်လတ်ပိုင်းလူဆီမှ ဖိအားများ ခံစားလိုက်ရသည်။ ထိုလူ၏စွမ်းအားက သူ့ထက်မနည်းဆိုသည်ကို သူသိနိုင်သည်။

“ငါက ဇင်းနစ်ဧကရာဇ်ပါ ရက်ဆင်” ဆံပင်ပြာနှင့် အသက်လတ်ပိုင်းလူက တည်ငြိမ်စွာပြောသော်လည်း ခမ်းနားထည်ဝါသောခံစားချက်နှင့် လွှမ်းမိုးနေသောဂုဏ်သိက္ခာကို ဖုံးကွယ်ထား၍မရချေ။

ဧကရာဇ်ရက်ဆင်၏နောက်ကွယ်တွင် ကောင်းကင်ပြာနေပြီး အဖြူရောင်တိမ်တိုက်အချို့ လွင့်မျောနေသည်။ နေရောင်ခြည်သည် တောက်ပနေပြီး ရာသီဥတုသည် လှပကာ မြေပြင်ပေါ်၌ အစိမ်းရောင်မြက်ခင်းများ ကခုန်နေသည်။ ၎င်းသည် သာယာသောမြင်ကွင်းတစ်ခုဖြစ်သည်။

သခင်နှစ်ဦးသည် ကောင်းကင်တွင်ရပ်နေပြီး ၎င်းတို့သည် တောက်ပမှုနှင့် မှောင်မိုက်မှုကို ကိုယ်စားပြုသည်ဟု ထင်ရသည်။ ၎င်းတို့ကြားရှိ မျဉ်းကြောင်းသည် ကောင်းကင်နှင့်ငရဲကို ပိုင်းခြားထားသကဲ့သို့၊ ၎င်းတို့၏စွမ်းအားများသည် မတူညီသောဖြစ်စဉ်များကို ဖန်တီးပေးပြီး ဤမြင်ကွင်းသည် လျှို့ဝှက်ဆန်းကြယ်သည်။

“မင်းက ဇင်းနစ်ဧကရာဇ်လား” ဒီအလက်ဆန္ဒရို အံ့အားသင့်သွားပြီး သူ့ခံစားချက်များကို ဖော်ပြပင်မရပါ။

သူ့အတွက် အံ့အားသင့်စရာပင်ဖြစ်သည်။ သူ့စိတ်ထဲ၌ အဆင့် ၁ အင်ပါယာများ၏ ဧကရာဇ်များသည် ဓားပြခေါင်းဆောင်သာသာ အစွမ်းရှိသူများဖြစ်သည်။

ဇင်းနစ်ဧကရာဇ်သည် မည်သို့ဤမျှအားကောင်းနိုင်သနည်း။ သူ၏ခွန်အားဖြင့် လီယွန်အင်ပါယာကို အလွယ်တကူသိမ်းပိုက်နိုင်ပြီး အဇာရို့သ်၏မြောက်ပိုင်းဒေသကို စုစည်းနိုင်သည်။ အခြေအနေက အဘယ့်ကြောင့်ဤသို့ပြောင်းလဲသွားပါသနည်း။ ဒီအလက်ဇန္ဒရို ပါးစပ်အဟောင်းသားနှင့်တွေးနေသည်။

သူ ဘာပြောရမှန်းမသိတော့‌ပေ။ သူ့ ဆုံးဖြတ်ချက်တွေအားလုံးကိုလည်း နောင်တရနေသည်။ သူ ပြန်စနိုင်ပါက ဤအဆင့်တစ် အင်ပါယာကို လုံးဝရန်စမည်မဟုတ်ချေ။

အခန်း ၁၀၄၁: ဒဏ္ဍာရီနည်းစနစ်နှင့် ဒဏ္ဍာရီနည်းစနစ် (အပိုင်းနှစ်)

“ငါ အခု ဘာလုပ်သင့်လဲ ရှုံးနိမ့်မှုကို ဝန်ခံပြီး ထွက်သွားမလား ဒါမှမဟုတ် အဆုံးထိ တိုက်ခိုက်ရမလား” ဟု သူ့ဘာသာသူ တွေးလိုက်သည်။

သို့သော် ဧကရာဇ်ရက်ဆင်က စဉ်းစားရန် အချိန်အများကြီး မပေးခဲ့ပေ။

“ငါတို့ နောက်ဆုံးတွေ့ခဲ့တာ ၄၀ နှစ်ရှိပြီ မာရာဒိုနာမှာ မင်းလို စက်ဆုပ်ဖွယ်ကောင်းတဲ့ တပည့်တစ်ယောက် ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး ဘာပဲဖြစ်ဖြစ် ငါ မင်းကို ဖမ်းဆီးပြီး သိုင်းသူတော်စင်ကို ဒီကိုလာပြီး မင်းကို ဖမ်းဖို့ ပြောမယ် ”

ထိုသို့ပြောပြီးသည်နှင့် ဧကရာဇ်ရက်ဆင်က သူ့လက်ကို မြှောက်လိုက်ရာ ရွှေရောင်စွမ်းအင်မီးတောက်များက ရှေ့သို့ ပြေးဝင်သွားသည်။ ကောင်းကင်ထက်မှ ကျယ်လောင်ပြီး ကြည်လင်သည့် နဂါးဟိန်းသံ ထွက်ပေါ်လာကာ နဂါး၏ ဧရာမလက်သည်းများက အချိန်အာကာသနေရာလပ်ကို ဆွဲဖြဲပြီး ပစ်ချလိုက်၏။ ထိုနဂါးလက်သည်းပေါ်မှ ရွှေရောင်အကြေးခွံများက တောက်ပနေပြီး ချွန်ထက်သော လက်သည်းများက နတ်ဘုရားအဆင့် တိုက်ခိုက်ရေးလက်နက်များနှင့် နှိုင်းယှဉ်နိုင်သည်။ လက်သည်းများက လေထဲတွင် အနက်ရောင်အက်ကွဲကြောင်းများ ပေါ်လာစေသည်။ ထိုလက်သည်းက ဒီအလက်ဇန္ဒရိုထံ ဖြေးညှင်းစွာတိုးဝင်သွား၏။

[နဂါးလက်သီး - နဂါး၏ စိတ်ပိုင်းဖြတ်မှု]

“ဒါက.... ဒဏ္ဍာရီလာ နည်းစနစ်လား” ဒီအလက်ဇန္ဒရို အော်ဟစ်ပြီး အလျင်အမြန် ရှောင်တိမ်းရန်ကြိုးစားလိုက်သည်။

အဇာရိုသ့်တိုက်ကြီးတွင်၊ ကျင့်ကြံမှုလမ်းကြောင်းအားလုံးအတွက် လေ့ကျင့်မှုနှင့် အစွမ်းထုတ်ဖော်ခြင်း နည်းစနစ်များကို အဆင့်ခြောက်ဆင့် ခွဲခြားထားပြီး ၎င်းတို့မှာ စဦး၊ သာမန်၊ အဆင့်မြင့်၊ ကျော်ဇော၊ အထိကရ နှင့် ဒဏ္ဍာရီလာ တို့ဖြစ်သည်။

ဒဏ္ဍာရီအဆင့်နှင့် အထက်ရှိ မည်သည့်နည်းစနစ်မဆို ရှားပါးပြီး မြေပြင်ကို ကွဲကြေစေပြီး ကောင်းကင်ကို လှန်ပစ်ရန် လုံလောက်သည့်အထိ အစွမ်းထက်သည်။ ဒဏ္ဍာရီလာ နည်းစနစ်တစ်ခုသည် လအဆင့်အရှင်သခင်တစ်ဦး ကို ဖန်တီးရန် လုံလောက်ပြီး အစွမ်းထက်ဆုံး ဒဏ္ဍာရီလာ နည်းစနစ်များသည် နတ်ဘုရားအဆင့် တိုက်ခိုက်ရေးလက်နက်များကဲ့သို့ ရှားပါးသည်။ မာနထောင်လွှားသော နေအဆင့်အရှင်သခင်များ ပင်လျှင် ဒဏ္ဍာရီလာ နည်းစနစ်ကို ရရှိနိုင်မည်မဟုတ်ပါ။

ထိုနဂါးခြေသည်း ပေါ်လာသည်နှင့် ဒီအလက်ဇန္ဒရို သည် နတ်ဘုရားဆန်သော စွမ်းအင်တစ်ခုကို ခံစားမိလိုက်သည်။ ၎င်းသည် ဒဏ္ဍာရီလာ နည်းစနစ်များအတွက်သာ ထူးခြားသည်။

ကြောက်ရွံ့မှုများစိတ်ထဲတွင် ပြည့်နှက်နေသော သိုင်းသူတော်စင် ၏ နံပါတ် ၂ တပည့်သည် မသိစိတ်ဖြင့် ရှောင်တိမ်းရန် ကြိုးစားခဲ့သည်။

သို့သော် ထိုနဂါးခြေသည်းသည် ဧရာမတောင်ကြီးကဲ့သို့ သူ့ကို လုံးလုံးလျားလျား ဖုံးအုပ်ထားသည်။ သူ မည်မျှပင် ရှောင်တိမ်းရန် ကြိုးစားပါစေ မည်မျှလျှင်မြန်စွာ လှုပ်ရှားပါစေ အရေးမပါလှ‌ပေ။ ထိုနဂါးခြေသည်း၏ လျှို့ဝှက်ဆန်းကြယ်သော အရိပ်များက သူ့ကို အမြဲဖုံးလွှမ်းနေသည်။ အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်နှင့်အမျှ သူ၏ အရိုးများ ကျိုးလုနီးပါးဖြစ်ပြီး အသက်ရှူရ ခက်ခဲလာသည်။

“နတ်ဘုရားသတ် စာလိပ်”

အရေးကြီးသောအချိန်တွင် ဒီအလက်ဇန္ဒရို သည် သူ့တွင်ရှိသမျှကို ပေးဆပ်လိုက်ရသည်။

နတ်ဘုရားသတ်စာလိပ်သည့် သိုင်းသူတော်စင်မာရာဒိုနာ၏ အစွမ်းထက် အန္တိမနည်းစနစ်တစ်ခုဖြစ်ပြီး ဒဏ္ဍာရီလာ နည်းစနစ်တစ်ခုလည်း ဖြစ်သည်။ မာရာဒိုနာ ၏ တပည့်အားလုံးသည် [နတ်ဘုရားသတ် စာလိပ်] မှ တစ်ချက်တည်းသော တိုက်ခိုက်မှုကို အသက်ကယ်နည်းလမ်းအဖြစ် သင်ယူခဲ့ကြသောကြောင့် ဒီအလက်ဇန္ဒရို သည်လည်း တစ်ချက်တည်းသော တိုက်ခိုက်မှုကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။

ဒီအလက်ဇန္ဒရို သည် သူ့လက်များကို မြန်ဆန်စွာ လှုပ်ရှားပြီး လက်ဟန်များစွာကို ဖန်တီးခဲ့သည်။ အမှန်စင်စစ် သူသည် အလွန်မြန်ဆန်သောကြောင့် သူ၏ လက်ဆယ်ချောင်းသည် လေထဲတွင် နောက်ဆက်တွဲပုံရိပ်များစွာကို ချန်ထားခဲ့သည်။ ပွင့်လန်းပြီးနောက် ညှိုးနွမ်းသွားသည့် ပန်းများသဖွယ် သူ့လက်များက ဘဝ၏ အပြောင်းအလဲများကို ပြသပြီး ကျယ်လောင်သည့် သတ္တုကြိတ်သံများ ဆက်တိုက် ဖော်ထုတ်ပေးခဲ့သည်။ ထို့နေုက် သူ့နောက် ကြီးမားသောဓားရာပါးပေါင်းစွာ သူ့နောက်တွင်ပေါ်လာသည်။ ထိုဓားများက ဒေါင်းမြှီးဖြန့်ကားသည့်ပုံဖြစ်နေ၏။

ဓားစွမ်းအင် ထောင်ပေါင်းများစွာက အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး မိုးကောင်းကင်ကို ဖုံးလွှမ်းသွားကာ ဥက္ကာပျံများသဖွယ် ရွှေရောင်နဂါးခြေသည်းထံ ပြေးဝင်သွားသည်။

ငွေဓားစွမ်းအင်များက ချွန်ထက်လှသည့် ခြေသည်းများရှိသော ရွှေရောင်နဂါးခြေသည်းများနှင့် ရင်ဆိုင်မိသည့်အခါ မီးပွားများ နေရာအနှံ့ပေါ်လာသည်။

အစွမ်းထက် ပါရမီရှင်တစ်ယောက်ဟာ တိုက်ပွဲကို သေချာအာရုံစိုက်မည်ဆိုပါက ငွေဓားစွမ်းအင်တွေနှင့် ရွှေရောင်နဂါးခြေသည်းကြားက တိုက်မိမှုတိုင်းဟာ သဘာဝဥပဒေသတွေကြား တိုက်ခိုက်မှုများသာဆိုသည်ကိုမြင်ရပေလိမ့်မည်။ သဘာဝဥပဒေသ အမြောက်အများ ပျက်စီးသွားပြီး ပြန်လည်ပြုပြင်ခံခဲ့ရသည်။ ရှင်သန်ခြင်းနှင့် သေခြင်းတရားက ကမ္ဘာပေါင်းများစွာကို ဖျက်ဆီးပြီး ကမ္ဘာအသစ်တွေ ဖန်တီးနေသကဲ့သို့ အပြန်အလှန် ပွတ်တိုက်ရစ်ပတ်နေသည်။

တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး ကျယ်လောင်သည့် ပေါက်ကွဲသံများက ကောင်းကင်၌ ပဲ့တင်ထပ်နေသည်။

တိုက်ပွဲက အနည်းဆုံး ခုနစ်မိနစ်ကြာခဲ့သည်။ ကောင်းကင်၌ ဧကရာဇ် ရက်ဆင်က တည်ငြိမ်ပြီး တက်ကြွနေဆဲဖြစ်သော်လည်း ဒီအလက်ဆန်ဒရို၏ မျက်နှာကတော့ အသက်ရှူသံပြင်းပြင်းနှင့်အတူ ဖြူဖျော့နေသည်။

နောက်ဆုံးတွင် ရွှေနဂါးလက်သည်းများမှာ ငွေဓားစွမ်းအင်များ၏ တိုက်ခိုက်မှုအောက်၌ ပိုနှေးနှေး လာပြီး ရွှေအကြေးခွံများလည်း ခြစ်ထုတ်ခံလိုက်ရသည်။ တဖြည်းဖြည်းနှင့် နဂါးလက်သည်းဟာ ပိုပြီး ကြည်လင်လာပြီး ပျောက်ကွယ်လာသည်။

ဒဏ္ဍာရီလာ နည်းစနစ်တစ်ခုနှင့် ဒဏ္ဍာရီလာ နည်းစနစ်တစ်ခု

ထိုဒဏ္ဍာရီလာ နည်းစနစ်နှစ်ခုကြားက တိုက်ပွဲသည်မကြာခင်ပင် ပြီး‌ဆုံးတော့မည်ဖြစ်သည်။

End

All Chapters