တိုင်းတာ၍မရသော ဧကရာဇ် (အပိုင်းတစ်)
Vol. 70 Ch. 1042
[နဂါးလက်သီး] ၏ ပထမဆုံးထိုးနှက်ချက်နှင့် [နတ်ဘုရားသတ်ခြင်းစာလိပ်] ၏ ထိုးနှက်ချက်သည် နောက်ဆုံးတွင် ထိပ်တိုက်တွေ့ပြီး သရေကျခဲ့သည်။
ထက်ရှသော နဂါးလက်သည်းများနှင့် ရွှေရောင်နဂါးအကြေးခွံများပါရှိသော နဂါးလက်သည် ငွေဓားစွမ်းအင်များစွာက အဆက်မပြတ်ထိုးနှက်လာသည်နှင့်အမျှ ပိုမိုမြင်သာလာသည်။ နောက်ဆုံးတွင် နဂါးလက်သည် ပေါက်ကွဲသွားပြီး ငွေဓားစွမ်းအင်အားလုံးသည်လည်း ကြာရှည်မခံနိုင်တော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။
လက်ရည်ညီသော တိုက်ပွဲဟု ထင်ရသော်လည်း အင်ပါယာရက်ဆင်မှာ ခန်းနားထည်ဝါစွာ တည်တည်ငြိမ်ငြိမ် တိုက်ခိုက်နေပြီး ဒီအလက်ဇန္ဒရိုကတော့ အသက်ပြင်းပြင်းရှူ၍ တိုက်ခိုက်နေရသည်။ ဤ အချက်များအရ မည်သူက ပိုမိုအားကောင်းနေသည်ကို ဖော်ပြနေ၏။
ပထမထိုးနှက်ချက်အပြီးတွင် အင်ပါယာရက်ဆင်သည် ဒုတိယထိုးနှက်ချက်ကို တွန့်ဆုတ်ခြင်းမရှိဘဲ အသုံးပြုခဲ့သည်။ သူ့လက်ကို ရွှေ့လိုက်သည်နှင့် နဂါးဟိန်းသံများသည် ကောင်းကင်တွင် ထပ်မံပဲ့တင်ထပ်သွားသည်။
[နဂါးလက်သီး - နဂါး၏ လှုပ်ရှားမှု]
ဟိန်းဟောက်သံများ ဆက်လက်ထွက်ပေါ်နေစဉ်တွင်၊ အင်ပါယာရက်ဆင်၏ နောက်ရှိ အပြာရောင်ကောင်းကင်သည် ရုတ်တရက် ပွင့်သွားပြီး ရွှေရောင်အကြေးခွံများပါရှိသော ဒဏ္ဍာရီလာ ဧရာမနဂါးတစ်ကောင်သည် ဟင်းလင်းပြင်ထဲမှ ပြေးထွက်လာသည်။ ဤနတ်ဘုရားဆန်သော နဂါးသည် အသက်စွမ်းအင်နှင့် ပြည့်နှက်နေပြီး ၎င်းခန္ဓာကိုယ်၏ ထောင့်တိုင်းမှ ရွှေရောင်အလင်းများ ထွက်ပေါ်နေသည်။ ဦးခေါင်း၊ မုတ်ဆိတ်မွှေး၊ မျက်လုံးများ၊ ဦးချိုများ၊ လည်ပင်း၊ ခန္ဓာကိုယ်... နဂါး၏ အစိတ်အပိုင်းတိုင်းသည် အသက်ဝင်နေပုံရပြီး ၎င်း၏ အိပ်မက်ဆန်သော သတ္ထုသဏ္ဍန်အရေပြားက လူများကိုတုန်လှုပ်စေ၏။
အင်ပါယာရက်ဆင် ထိုးလိုက်သည်နှင့် နတ်ဘုရားဆန်သော နဂါးသည် ၎င်း၏ ဧရာမပါးစပ်ကို ဖွင့်ကာ ဒီအလက်ဇန္ဒရို ထံသို့ ဟိန်းဟောက်ကာ လျှပ်စီးလက်သည့်အလား ပျံသန်းသွားသည်။
“ သေစမ်း [နတ်ဘုရားသတ်ဖြတ်ခြင်းစာလိပ်]!”
ဒီအလက်ဇန္ဒရို ရွေးခြယ်စရာမရှိတော့ဘဲ သူ၏ နတ်ဘုရားသတ်စာလိပ်ကို ထပ်မံသုံးလိုက်ရသည်။ သတ္တုကြိတ်ခွဲသံများ ထွက်ပေါ်လာသည်နှင့်အမျှ ထိုငွေရောင်ဓားစွမ်းအင်များသည် ဒေါင်း၏ ပွင့်လင်းသော အမွေးအတောင်များကဲ့သို့ သူ့နောက်တွင် ပြန့်သွားသည်။ ဓားစွမ်းအင်ဖြင့်လုပ်ထားသည့် ယပ်တောင်တစ်ချောင်း ပြန်ပေါ်လာပြီး ဓားစွမ်းအင်များက နဂါးနတ်ဘုရားထံပြေးဝင်သွားသည်။
သူတို့၏ ပထမဆုံးတိုက်ခိုက်မှုမှ စွမ်းအင်လှိုင်းများက အရအရပ်မျက်နှာအနှံ့ ပြေးဝင်သွားသည်။ ဒီအလက်ဇန္ဒရို၏ နောက်မှ တောင်နှင့် မြေပြင်အားလုံး ထိခိုက်သွားသည်။ မြေပြင်မှာ နစ်မြုပ်သွားပြီး ချောက်ကမ်းပါးတစ်ခု ဖြစ်လာသကဲ့သို့ တောင်များ ပြိုကျပြီး ပြန့်ပြူးသည့်မြေပြင်အဖြစ် ပြောင်းလဲသွားကာ ဧရာမတောင်ကုန်းများသည်လည်း ဖုန်မှုန့်များအဖြစ် ကွဲကြေသွားပြီး သဲကန္တာရတစ်ခု ဖြစ်ပေါ်လာသည်။ တိုက်ပွဲ၏ ဗဟိုချက်မှ ငါးကီလိုမီတာအတွင်းရှိ မြေပြင်အားလုံးမှာ လုံးဝပြောင်းလဲသွားသည်။
ဧကရာဇ်ရက်ဆင် မှာ စွမ်းအင်များ ကျန်နေသေးပုံရသည်။ သူက ကောင်းကင်၌ ရပ်နေပြီး စွမ်းအင်လှိုင်းများအားလုံးကို မီတာ ၅၀ အကွာ၌ ပိတ်ဆို့ထားသည်။ စိန့်ပီတာစဘတ်နှင့် အထဲ သက်ရှိသတ္တဝါအားလုံးကို အင်ပါယာရက်ဆင် က ကာကွယ်ပေးထားပြီး ဘာပျက်စီးမှုမှ မဖြစ်ပွားခဲ့ချေ။
“ အုန်း ဘောင်း “
ဓားယပ်တောင်က ရွှေရောင်နဂါးနတ်ဘုရားကိုအနိုင်မယူနိုင်ခဲ့ပေ။ နဂါးနတ်ဘုရားက ဓားယပ်တောင်ကို မျိုလိုက်သေးသည်။
ဒီအလက်ဇန္ဒရို က ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်ပြီး နဂါး၏ပါးစပ်ကို ဖျက်ဆီးခဲ့သော်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ သူ့ပါးစပ်မှာ ငွေရောင်သွေးတစ်ချို့ကို အန်လိုက်ရ၏။
ငွေရောင်သွေးထဲ၌ ပါဝင်သည့် စွမ်းအင်များက ရူးသွပ်စရာကောင်းလောက်အောင်များပြားသည်။ မြေပြင်ပေါ် ကျသည့်အခါ ချိုင့်ခွက်တစ်ခု ပေါ်လာပြီး တရှူးရှူးမြည်သံများ ထွက်ပေါ်လာသည်။ ရေခဲကန်ထဲသို့ ချော်ရည်များ ပစ်ချလိုက်သလို ခံစားလိုက်ရ၏။
၎င်းက နေအဆင့်အရှင်သခင်များ၏ အစွမ်းဖြစ်သည်။ သူတို့၏ သွေး၊ အရိုးနဲ့ ဆံပင်များပင် လုံးဝပြောင်းလဲသွားပြီး လူသားများထက် အဆင့် မြင့်သည့် တားမြစ်စွမ်းအားအဆင့်ကို ရောက်ရှိသွားကြသည်။ သူတို့သာ တံခါးဝကို ဖြတ်ကျော်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့် ထဲကို ခြေလှမ်းနိုင်မည်ဆိုပါက သူတို့ဟာ အဆင့်မြင့် အသက်ပုံစံတစ်ခု ဖြစ်လာပြီး နောက်ဆုံးမှာ လူသားအဖြစ်ကို ကျော်ဖြတ်သွားမည်ဖြစ်သည်။
“ဟားဟား မင်းက မင်းရဲ့သခင်နာမည်နဲ့ လူတွေကို ကြောက်အောင်လုပ်နေတာပဲ မင်းက အားနည်းတယ် မင်းမှာ ဒါပဲရှိရင် မင်းရဲ့ဆရာသခင် မလာမချင်း ဒီမှာနေ ” ဧကရာဇ် ရက်ဆင်က ခြေတစ်လှမ်းတိုးပြီး တတိယမြောက် တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သည်။
ဇင်းနစ်ဧကရာဇ်၏အစွမ်းက တကယ်ကို တိုင်းတာလို့မရအောင် များပြားသည်။ သူ့အစွမ်းကို အနည်းငယ်သာပြသခဲ့ပေမယ့် ဒီအလက်ဇန္ဒရို ကို နှစ်ကွက်တည်းဖြင့် အနိုင်ယူနိုင်ခဲ့ပြီး သူ့အကြောင်းကောလာဟလများနှင့် တခြားစီပင်ဖြစ်သည်။
သူ့ရဲ့အစွမ်းက တံတိုင်းပေါ်မှ လူများကို အံ့အားသင့်စေပြီး ဒီအလက်ဇန္ဒရို ကို ကြောက်လန့်စေခဲ့သည်။
ကောင်းကင်မှ နဂါးဟိန်းသံများ ထပ်မံထွက်ပေါ်လာခဲ့သည်။
ဧကရာဇ် ရက်က သူ့ညာဘက်လက်ကို မြှောက်လိုက်ပြီး တတိယမြောက် တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သည်။
အခန်း ၁၀၄၂: တိုင်းတာ၍မရသော ဧကရာဇ် (အပိုင်းနှစ်)
ဤတစ်ကြိမ်တွင် နဂါး၏ ဟိန်းသံသည် ပို၍ပင် ကျယ်လောင်လာသည်။ နတ်ဘုရားဆန်သော နဂါးများစွာသည် အရပ်လေးမျက်နှာမှ တစ်ပြိုင်နက်တည်း ဟိန်းသံပေးနေသကဲ့သို့ ခံစားရသည်။ ဒဏ္ဍာရီများတွင်သာ ရှိခဲ့သော ထူးခြားသော နဂါးဖိအား ပေါ်လာပြီး လူတို့၏ ဝိညာဉ်များကို တုန်လှုပ်စေသည်။
စိတ်များ လွင့်မျောသွားသောအခါ လူတို့သည် အာရုံစူးစိုက်၍ မရတော့သည့်နှယ် ခံစားရပြီး သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်စီးဆင်းမှုလည်း နှေးကွေးလာသည်။ ထို့အပြင် သူတို့၏ တုံ့ပြန်မှုများ လျော့နည်းသွားပြီး သူတို့၏ ခန္ဓာကိုယ်များ တောင့်တင်းသွားသည်။
ယခုအချိန်အထိ ရွှေရောင်စွမ်းအင် မီးတောက်များဖြင့် ဖန်တီးထားသော နတ်ဘုရားဆန်သော နဂါးကို သူတို့ မမြင်ရသေးပါ။
…
-မြို့တံတိုင်းပေါ်တွင်
“ဧကရာဇ်ရက်ဆင်ရဲ့ စစ်မှန်တဲ့ခွန်အားက ဒီလောက်မြင့်မားလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး ကျွန်တော့်ရဲ့ စိတ်အကူးနိုင်ဆုံးမျှော်လင့်ချက်ထက် အများကြီးကျော်လွန်သွားပြီ သူ မကြာသေးခင်ကမှ အောင်မြင်မှုတစ်ခု ရရှိခဲ့တာလား ဒါမှမဟုတ် သူ့ရဲ့ခွန်အားကို ဖုံးကွယ်ထးတာလား ဧကရာဇ်ရက်ဆင်ရဲ့ နဂါးလက်သီးဟာ စိန့်ပီတာဘတ်မြို့ရဲ့ ကီလိုမီတာ ၅၀၀,၀၀၀ အတွင်းမှာ ဒဏ္ဍာရီလာနည်းစနစ်တစ်ခု ဖြစ်လာဖို့ မျှော်လင့်ချက်ရှိတဲ့ တစ်ခုတည်းသော နည်းစနစ်လို့ ပြောကြတယ် အဲ့တာကို ဧကရာဇ်ရက်ဆင်က ဒဏ္ဍာရီလာနည်းစနစ်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီဆိုတာ ဘယ်သူသိမှာလဲ ထူးဆန်းတယ် ဒီခွန်အားနဲ့ ဘာလို့ ၂၆ နှစ်ကြာ ပုန်းအောင်းနေခဲ့တာလဲ သူ့ရဲ့ခွန်အားနဲ့ဆို စစ်တပ်ရဲ့အကူအညီမပါဘဲ အဇာရိုသ့်မြောက်ပိုင်းဒေသကို သူကိုယ်တိုင် ပေါင်းစည်းနိုင်တယ် လီယွန် အင်ပါယာက သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး လီယွန် အင်ပါယာမှာလည်း အလွန်အစွမ်းထက်တဲ့ သခင်တစ်ယောက် ရှိနိုင်ပါ့မလား ” အနက်ရောင်ဝတ်ရုံဝတ်ထားသည့် လျှို့ဝှက်ဆန်းကြယ်သည့်လူက ပဲရစ်ဘေးတွင်ရပ်နေပြီး အံ့အားသင့်စွာ တွေးနေမိသည်။
ပျက်စီးနေသည့် တံတိုင်းပေါ် ရပ်နေသည့် မင်းသား အာရှာဗန်မှာ သူ့ထိတ်လန့်မှုမှ မြန်မြန်ဆန်ဆန် ရုန်းထွက်နိုင်လိုက်သည်။ ယခု သူဟာ စစ်သားများကို အမိန့်ပေးပြီး တံတိုင်း ပြုပြင်ရန်နှင့် ဧရာမကျောက်တုံးကြီးများကြောင့် ပျက်စီးသွားသည့် အသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ရန်လုပ်ဆောင်နေသည်။
မြေကမ္ဘာ၌ ဤကဲ့သို့ ကယ်ဆယ်ရေး ဆောက်လုပ်ရေးကို ချက်ချင်းလုပ်နိုင်ရန် ခက်ခဲသော်လည်း အစွမ်းထက် စစ်သည်စွမ်းအင်များ မှော်စွမ်းအင်များရှိသည့် ဤကမ္ဘာတွင်တော့ အတော်လေးရိုးရှင်းသည်။
မှော်ဆရာများက ဧရာမကျောက်တုံးများကို လွင့်မျောစေသည့် မှော်ပညာများသုံးလိုက်ပြီး စစ်သည်များက ကျောက်တုံးများကို အလွယ်ပဲကောက်ယူသွားကြသည်။ မကြာခင်မှာပင် ကျောက်တုံးများအောက်၌ အသက်ရှင်ကျန်ရစ်နေခဲ့သည့် စစ်သည်အများအပြားကို ကယ်တင်နိုင်ခဲ့သည်။ ကုသရေးမှော်ပညားများနှင့် ဆေးရည်အမျိုးမျိုး၏ ကုသနိုင်သည့်အစွမ်းဖြင့် စစ်သည်များ အသက်ရှူတစ်ချက်ပဲ ရှိနေသေးသရွေ့ ကယ်တင်နိုင်ခဲ့သည်။
ဒီအလက်ဇန္ဒရို၏ အစွမ်းကြောင့် လွင့်ထွက်သွားသည့် လအဆင့်လက်ရွေးစင် အများအပြားဟာ ခံတပ်တံတိုင်းထံ ပြန်လာကြပြီး ကောင်းကင်ယံရှိ ကြီးကျယ်ခမ်းနားသည့် တိုက်ပွဲကို တိတ်တဆိတ်ကြည့်ရှုနေကြသည်။
လအဆင့်လက်ရွေးစင်များအနေနှင့် ဒဏ်ရာရခဲ့သော်လည်း သူတို့၏ဒဏ်ရာများက အသက်အန္တရာယ်မရှိလှပေ။ လုံလောက်စွာ အနားယူမှုရပါက အလိုအလျောက်ပြန်ကောင်းနိုင်လာသည်။
သူတို့အဆင့်ရှိ စစ်သည်များအတွက် တောက်ပခြင်းနေအဆင့်အရှင်သခင်များ၏ အထွတ်အထိပ်တိုက်ပွဲကို မြင်တွေ့ရခြင်းက အလွန်ရှားပါးလှဟည်။ ထိုအရှင်သခင်များ အသုံးပြုခဲ့သည့်စွမ်းအားနှင့် နည်းစနစ်များ၏ တစ်ထောင်ပုံတစ်ပုံကို နားလည်နိုင်မယ်ဆိုလျှင်ပင် သူတို့၏ဘဝအတွက် များစွာအကျိုးရှိပေသည်။
တိုက်ပွဲကိုကြည့်နေသည့်ဇင်းနစ်သားများထံမှ သောင်ပြိုကမ်းပြို အားပေးသံများထွက်ပေါ်လာသည်။
…
“အင့် ...ဖူးးးးး”
ဒီအလက်ဇန္ဒရိုမှာ တတိယမြောက်တိုက်ခိုက်မှုဖြစ်သည့် နဂါးလက်သီးသိုင်း ရှည်လျားသောနဂါးဟိန်းသံအကွက် အောက်တွင် ပိုပြီးဒဏ်ရာရရှိခဲ့ပြီး ငွေရောင်သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရသည်။
ထိုတတိယတိုက်ခိုက်မှုဟာ အသံလှိုင်းများကို အစပျိုးအနေဖြင့် အသုံးပြုသည့် အစွမ်းထက် လက်သီးနည်းစနစ်တစ်ခုဖြစ်ပြီး လူသားများ၏ ဦးနှောက်လုပ်ဆောင်ချက်များကို ခဏတာအနှောင့်အယှက်ဖြစ်စေကာ မသိလိုက်ဘဲ ထိခိုက်ဒဏ်ရာရစေနိုင်သည်။ ဒီအလက်ဇန္ဒရိုမှာ လူအများ၏အမြင်၌ အနိုင်မရနိုင်တဲ့သူဖြစ်သော်လည်း ယခုတော့သိပင်မသိလိုက်ဘဲဒဏ်ရာရသွား၏။
“မင်း... မင်းဘယ်လိုလုပ်လိုက်တာလဲ မဖြစ်နိုင်ဘူး မင်းကဘယ်သူလဲ” ဒီအလက်ဇန္ဒရိုဟာ အံ့အားသင့်ပြီး ဒေါသထွက်နေပြီး အော်ဟစ်လိုက်သည်။ ဤမျှထိလွယ်လွယ်ဖြင့် ရှုံးနိမ့်သွားခြင်းကို သူမယုံနိုင်သေးာ
“မင်းစကားအရမ်းများတယ်၊ ငြိမ်နေစမ်း”
ခံစားချက်မဲ့တဲ့အမူအရာနှင့် ဧကရာဇ်ရက်ဆင်ဟာ ဒီအလက်ဇန္ဒရို၏မေးခွန်းကို လုံးဝလျစ်လျူရှုလိုက်သည်။ သူ့မထီမဲ့မြင်ပြုမှုကို လုံးဝမဖုံးကွယ်ခဲ့ပေ။
နဂါးလက်သီးကိုမသုံးဘဲ ဧကရာဇ်ရက်ဆင်က သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ ရွှေရောင်စွမ်းအင်မီးတောက်များက ကြီးမားသည့်လက်တစ်ခုအဖြစ်ပြောင်းလဲသွားပြီး ဒီအလက်ဇန္ဒရိုဆီကို ရက်စက်စွာဆွဲကိုင်လိုက်တော့သည်။
End