← Chapters

အခန်း ၆၉၄

Vol. 59 Ch. 694

အခန်း ၆၉၄

Vol. 59 Ch. 694

အခန်း ၆၉၄

ကျောက်ယာ ချန်ကျဲ့ကို လှည့်ကြည့်လိုက်သည်။ သူမသည် ချန်ကျဲ့ကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်နေ၏။ အကြောင်းအရင်းမရှိပါဘဲ သူမသည် ဤလူကို ရင်းနှီးနေသကဲ့သို့ ခံစားနေခဲ့ရသည် မဟုတ်ပါလော။

ထိုအခိုက်အတန့်၌ ချန်ကျဲ့မှာ ကြောက်ရွံ့မှုကြောင့် နှလုံးတစ်ချက်ခုန်သွားရသည်။ သို့တိုင် သူ၏မျက်နှာထက်တွင် တည်ငြိမ်စွာသော အပြုံးတစ်ခု ဖြစ်တည်နေမြဲပင်။

“ဟုတ်ပါတယ်။ သခင်ကြီးယဲ့လုပြောတာ မှန်ပါတယ်။ ကျွန်တော်က ရှန်းထောင်မြို့ကပါ။ ဟုတ်သားပဲ ကျွန်တော်နဲ့ ခရိုင်မင်းသမီးနဲ့ ပထမဆုံးအကြိမ်တွေ့တုန်းက ကျွန်တော် ခရိုင်မင်းသမီးကို ပြောပြခဲ့ဖူးတယ်လေ”

“ပြောပြခဲ့ဖူးတယ်လား”

ကျောက်ယာသည် အနည်းငယ် မမှတ်မိနိုင်ဘဲ ဖြစ်နေသည်။ ခဏကြာပြီးနောက်တွင်မှ ချန်ကျဲ့သည် အမှန်တကယ်ပင် သူသည် ရှန်းထောင်မြို့မှ လာခဲ့သည့်အကြောင်းကို ပြောခဲ့ဖူးကြောင်း မှတ်မိသွားခဲ့သည်။ သို့သော် ထိုအချိန်က နီဝမ်ကျွင့်သည် ရှန်းထောင်မြို့ကို ရောက်ခဲ့ကြောင်း မသိသေးသဖြင့် သူမ အများကြီးမတွေးလိုက်မိခြင်းဖြစ်သည်။

ယခုတွင်တော့ ချန်ကျိုစစ်သည် အနည်းငယ် သံသယဖြစ်ဖွယ်ကောင်းပေသည်။

ကျောက်ယာသည် ချန်ကျဲ့ကို ခေါင်းအစခြေအဆုံး စေ့စေ့စပ်စပ်ကြည့်နေခဲ့ကာ သူမ၏မျက်လုံးအစုံတွင် သံသယများပြည့်နှက်နေ၏။

ချန်ကျိုစစ်က အဲဒီသူခိုးလေးများလား။

ချန်ကျဲ့သည်တော့ ပြောင်မြောက်လှစွာသော သရုပ်ဆောင်စွမ်းရည်ဖြင့် နားမလည်နိုင်စွာ စိတ်ရှုပ်ထွေးဟန်ဆောင်နေခဲ့သည်။

“ခရိုင်မင်းသမီး ဘာလို့ ကျွန်တော့်ကို အဲဒီလိုအကြည့်နဲ့ကြည့်နေရတာလဲ။ ကျွန်တော့်မျက်နှာမှာ ဘာမှလည်း ပေမနေပါဘူး”

ကျောက်ယာမှ ချန်ကျဲ့ကို ပြောသည်။

“အစ်ကိုချန် ရှင်က ရှန်းထောင်မြို့ကဆိုတော့ ကျွန်မ ရှင့်ကိုတစ်ခုမေးပါရစေ။ ရှင်တို့မြို့မှာ စွန့်ပစ်ထားတဲ့ မှောင်မည်းစိုစွတ်တဲ့ အခန်းကျဉ်းလိုမျိုးနေရာတွေ ရှိလား”

ကျောက်ယာ ထိုအချိန်ကို ပြန်စဉ်းစားကြည့်လိုက်သည်။ ထိုအချိန် သူမအခန်းထဲ ပိတ်ခံထားရစဉ်က လူဖြတ်သွားသည့်အသံများ မကြားခဲ့ရချေ။ သို့ဖြစ်ရာ ထိုနေရာသည် လူထူထပ်သည့်နေရာမဟုတ်ဘဲ စွန့်ပစ်ထားသည့်နေရာတစ်ခု ဖြစ်ပေလိမ့်မည်။

ချန်ကျဲ့ ပြန်ပြောသည်။

“အဲဒီလိုနေရာတွေ အများကြီးရှိပါတယ်။ အခုခေတ်အခြေအနေအရ လူတွေက ခက်ခဲနေကြတော့ အဲဒီလိုစွန့်ပစ်ထားတဲ့ ယိုယွင်းပျက်စီးနေတဲ့အိမ်တွေ အများကြီးရှိပါတယ်။ ခရိုင်မင်းသမီးက ဘယ်တစ်ခုကိုပြောချင်တာလဲ မသိဘူး”

ထိုအခါ ကျောက်ယာသည် အချိန်အတော်ကြာ စဉ်းစားနေခဲ့၏။ ဤသို့ရှာဖွေရန်မှာ ခက်ခဲလိမ့်မည်ဟုလည်း ခံစားလိုက်ရသည်။

သို့သော် ကျောက်ယာသည် နောက်ထပ်မေးခွန်းတစ်ခုကို စဉ်းစားမိလိုက်သည်။

နီဝမ်ကျွင့်က အဲဒီလူကို အစားအသောက်ပို့ခိုင်းတယ်ဆိုတော့ အဲဒီလူနဲ့ နီဝမ်ကျွင့်ရဲ့ဆက်ဆံရေးက ထူးခြားတယ်လို့ ဆိုလိုတာပဲ။

အဲဒီတော့ နီဝမ်ကျွင့်က အဲဒီလူကို တစ်ခုခုအကူအညီပေးခဲ့မှာ သေချာတယ်။ အဲဒါဆို အဲဒီလူက အခုအချိန်မှာ အတော်လေး အဆင်ပြေတဲ့ဘဝမှာ နေထိုင်နေရလောက်ပြီပေါ့။

ထိုသို့အတွေးဖြင့် ကျောက်ယာမေးလိုက်သည်။

“လွန်ခဲ့တဲ့နှစ်အတွင်းမှာ ရှန်းထောင်မြို့ကနေမှ အသိုင်းအဝိုင်းကြီးထဲ ရောနှောဝင်သွားနိုင်တဲ့သူရှိလား”

ထိုမေးခွန်းတွင် အားလုံးတိတ်ဆိတ်သွား၏။ ချန်ကျဲ့ ခါးသီးစွာ ပြုံးလိုက်ပြီး ပြောသည်။

“အဲဒီလိုလူကတော့ ကျွန်တော်ပဲဖြစ်လိမ့်မယ်ထင်တယ်”

ကျောက်ယာ ချန်ကျဲ့ကို ကြည့်လိုက်သည်။

“ဒါဆို ရှင် နီမန့်ဇစ်ကို သိလား”

ချန်ကျဲ့ ပြန်ပြောသည်။

“ဖမ်းဝရမ်းထုတ်ထားတာကိုတော့ မြင်ဖူးတယ်။ သူက အတော်ရုပ်ဆိုးတာပဲ”

ကျောက်ယာသည် ချန်ကျဲ့ကို မျက်လုံးမှေးစင်းကြည့်နေ၏။

“အစ်ကိုချန် ရှင်တကယ် နီမန့်ဇစ်ကို မသိဘူးလား”

ချန်ကျဲ့ ပြန်ပြောသည်။

“ခရိုင်မင်းသမီး ကျွန်တော်က ဘာလို့ မင်းသမီးကို လိမ်ရမှာလဲ။ သခင်ကြီးယဲ့လု ကျွန်တော့်အတွက် သက်သေခံပေးနိုင်ပါတယ်။ ကျွန်တော် လက်ရှိအဆင့်အတန်းအထိ ရောက်လာနိုင်ခဲ့ရတဲ့ အဓိကအကြောင်းအရင်းက ကျွန်တော့်မွေးစားအဖေ ဖန်းရှစ်ကျုံးကြောင့်ပါ။ ပြီးတော့ ကျွန်တော့်မွေးစားအဖေ ဖန်းရှစ်ကျုံးက နီမန့်ဇစ်ကို ဖမ်းဆီးခဲ့တဲ့လူတွေထဲက တစ်ယောက်ပါ”

ထိုအခါ ကျောက်ယာသည် ချန်ကျဲ့၏ညာဘက်လက်ကို ရုတ်တရက်ဆွဲယူလိုက်သည်။

ချန်ကျဲ့ အံ့အားသင့်လျက် ပြော၏။

“ခရိုင်မင်းသမီး ယောက်ျားလေးနဲ့မိန်းကလေးဆိုတာ အသားချင်းမထိသင့်ပါဘူး။ ဘာလို့ဒီလိုလုပ်ရတာပါလဲ”

အခြားသူများသည်လည်း အံ့ဩသွားကြသည်။ ကျောက်ယာသည် ချန်ကျဲ့၏လက်အား ရုတ်တရက် ဆွဲကိုင်လိုက်ရသည့် အကြောင်းအရင်းကို သူတို့နားမလည်နိုင်ကြပေ။

ထိုင်နေသည့် အားသာ့တို့သုံးဦးသည် ရုတ်ချည်း ထရပ်မိလိုက်ကြ၏။ ယဲ့လုဖုန်းသည်လည်း ဖြစ်ပျက်နေသည်များကို နားမလည်နိုင်ဘဲ ထိုမြင်ကွင်းကို ကြောင်အလျက် ကြည့်နေခဲ့သည်။

ကျောက်ယာသည် ချန်ကျဲ့၏ညာဘက်လက်ကို ကိုင်ထားလျက် မျက်နှာအမူအရာမှာ ထူးဆန်းနေခဲ့သည်။

“အစ်ကိုချန် ကျွန်မ ရှင့်ကို နောက်ဆုံးအခွင့်အရေးပေးမယ်။ ရှင် အမှန်အတိုင်းဝန်ခံရင် ကျွန်မ ရှင့်ကို အရမ်းဆိုးဆိုးရွားရွား မဆက်ဆံပါဘူးလို့ အာမခံပေးနိုင်တယ်။ ဒါပေမဲ့ ရှင်လိမ်ထားပြီးမှ ကျွန်မသိသွားခဲ့ရင် ကြုံရမယ့် နောက်ဆက်တွဲအကျိုးဆက်တွေကို သေချာစဉ်းစားနော်”

ချန်ကျဲ့၏မျက်နှာထက်တွင် စိုးထိတ်သွားဟန် တခဏမျှထင်ဟပ်သွား၏။ သို့သော်ငြား သူ၏စိတ်နှလုံးမှာ အလွန်တည်ငြိမ်နေခဲ့သည်။

အမှန်အတိုင်းဝန်ခံရမယ်တဲ့လား။ အရူးပဲ အဲဒီလိုလုပ်မှာပေါ့။

“သက်ညှာမှုအတွက် အပြစ်ကိုဝန်ခံလိုက်ပြီးတော့ နှစ်သစ်ကို အကျဉ်းထောင်မှာ ကုန်ဆုံးရတယ်”ဆိုတဲ့ စကားတောင် ရှိသေးတယ် မဟုတ်လား။

အမျိုးသမီးတစ်ယောက်ရဲ့လက်စားချေလိုတဲ့စိတ်ဆန္ဒက ဘယ်လောက်အထိ ပြင်းထန်နိုင်လဲဆိုတာ စိတ်ကူးကြည့်လို့တောင် မရနိုင်ဘူးတဲ့။ တစ်ချိန်က သူ့ကို အရှက်ရအောင်လုပ်ခဲ့ဖူးတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့အမျိုးသားက ငါပါလို့ အခုသွားဝန်ခံလိုက်ရင် ငါဘယ်တော့မှ ကောင်းမွန်တဲ့ဘဝလေးကို ဖြတ်သန်းနိုင်မှာ မဟုတ်လောက်တော့ဘူး။

သို့ဖြင့် ချန်ကျဲ့သည် သင့်တော်သည့်အတိုင်းအတာမျှသော စိုးထိတ်မှုကို ပြသပြီးနောက် ချက်ချင်းပင် မတရားခံရသည့် ယူကြုံးမရသော မျက်နှာအမူအရာသို့ ပြောင်းလဲလိုက်သည်။

“ခရိုင်မင်းသမီးက ကျွန်တော့်ကို ဘာများ ဝန်ခံစေချင်တာပါလဲ။ ကျွန်တော် တကယ် ဘာမှမသိပါဘူး”

ကျောက်ယာသည် ချန်ကျဲ့ကို ကြည့်လျက် ပြောသည်။

“ဟားဟား ဝန်မခံဘူးပေါ့လေ။ အရမ်းကောင်းတယ်။ ကျွန်မမှာ သက်သေရှိတယ်။ ကျွန်မ အဲဒီတုန်းက အဲဒီသူခိုးကောင်လေးရဲ့လက်ကို ကိုက်ခဲ့တယ်။ ကျိန်းသေပေါက် အမာရွတ်ကျန်နေခဲ့မှာ သေချာတယ်။ အဲဒီခိုင်မာတဲ့သက်သေရှိတာတောင် ရှင်ဘယ်လို ငြင်းဆန်ဦးမလဲ ကျွန်မ စောင့်ကြည့်ပါဦးမယ်”

ဟင်။

ဘယ်နားက အမာရွတ်လဲ။

ကျောက်ယာသည် လက်မြှောက်၍ ချန်ကျဲ့၏ညာလက်ကိုကြည့်လိုက်သည်။ ထို့နောက် သိသိသာသာ မျက်မှောင်ကြုတ်သွား၏။ အကြောင်းမှာ ချန်ကျဲ့၏ညာလက်မှာ မည်သည့်အမာရွတ်မျှ ရှိမနေဘဲ ရှင်းသန့်နေသောကြောင့်ပင်။

ကျောက်ယာသည် လက်မလျှော့လိုပေ။ သူမသည် အကြိမ်ရေအနည်းငယ်မျှ ထပ်မံစစ်ဆေးကြည့်သည်။ ထို့နောက် ချန်ကျဲ့၏ဘယ်လက်ကိုလည်း စစ်ဆေးကြည့်သည်။ သို့တိုင် ဘာမျှရှာမတွေ့ခဲ့ချေ။ ချန်ကျဲ့၏လက်နှစ်ဖက်စလုံးမှာ အမာရွတ်မရှိပေ။

ငါအမှတ်မှားတာလား။

ကျောက်ယာသည် စိတ်ရှုပ်ထွေးနေ၏။ ချန်ကျဲ့သည်လည်း အပြင်ပန်းတွင် စိတ်ရှုပ်ထွေးနေဟန် ဟန်ဆောင်ထား၏။ သို့သော် စိတ်ထဲတွင်တော့ စိတ်ကျေနပ်နေခဲ့သည်။

ငါက တုံးအနေတယ်ထင်နေလား။ ငါ အများကြီးအကုန်အကျခံပြီး အမာရွတ်ပျောက်ဆေးဖော်နေခဲ့တာ အကျိုးမရှိဘဲ အချည်းနှီးဖြစ်အောင် သုံးပစ်ဖို့မှ မဟုတ်ဘဲ။

ယခုတွင် ချန်ကျဲ့၏လက်များမှာ အမာရွတ်မရှိပေ။

ချန်ကျဲ့သည် တွေဝေရှုပ်ထွေးနေသည့် ကျောက်ယာကို ကြည့်နေခဲ့သည်။

“ခရိုင်မင်းသမီး ကျွန်တော် အခု လက်ပြန်ရုတ်လို့ရပြီလားဗျ”

ထိုအခါ ကျောက်ယာသည် ချန်ကျဲ့၏လက်ကို လွှတ်ပေးလိုက်သည်။ သို့တိုင် ချန်ကျဲ့အား မသင်္ကာဟန်ဖြင့် ကြည့်နေမြဲပင်။

“ရှင်တကယ် နီမန့်ဇစ်ကို မသိဘူးလား”

ချန်ကျဲ့ ပြန်ပြောသည်။

“ခရိုင်မင်းသမီး ကျွန်တော်ကျိန်ဆိုပါတယ်။ ကျွန်တော် နီမန့်ဇစ်ကို တကယ်မသိပါဘူး”ကျောက်ယာ ပြန်ထိုင်လိုက်သည်။ ဧည့်ဆောင်ထဲရှိ လူများအားလုံးသည် ကျောက်ယာမှာ လူမှားနေခြင်းဟုတွေးလျက် အချင်းချင်း အကြည့်ချင်းဆုံလိုက်ကြသည်။

သို့ဖြင့် အားလုံးသည် ကိုယ်စီနေရာတွင် ပြန်ထိုင်လိုက်ကြသည်။

ယဲ့လုဖုန်းသည် သိချင်စိတ်ဖြင့် မေးလာ၏။

“ခရိုင်မင်းသမီးရှာနေတဲ့ သူခိုးကောင်လေးဆိုတာက… အဲဒီသူခိုးကောင်နဲ့ ခရိုင်မင်းသမီးက ဘယ်လိုဆက်ဆံရေးပါလဲ”

ကျောက်ယာ ယဲ့လုဖုန်းကို ဘာမှပြန်မပြောသေးဘဲ စဉ်းစားလိုက်သည်။

ငါဘယ်လိုပြောရမလဲ။ အဲဒီတုန်းက အမျိုးသားတစ်ယောက်က ငါ့ကို အရှက်ရအောင်လုပ်ခဲ့တယ်လို့ ပြောရမှာလား။ အဲဒီလိုပြောဖို့က ရှက်စရာကြီးလေ။

ထိုသို့တွေးလျက် ကျောက်ယာသည် တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

“ဘာမှမဟုတ်ဘူး။ ဒီတိုင်း လွန်ခဲ့တဲ့နှစ်က ငါပြန်ပေးဆွဲခံရတုန်းက လူတစ်ယောက်က ငါ့ကို ကူညီပေးခဲ့ဖူးတယ်။ အဲဒါ ငါ အခွင့်အရေးရှာပြီး အဲဒီလူကို ကျေးဇူးတင်ချင်လို့”

All Chapters