← Chapters

အခန်း ၆၉၅

Vol. 59 Ch. 695

အခန်း ၆၉၅

Vol. 59 Ch. 695

အခန်း ၆၉၅

“အို…”

ယဲ့လုဖုန်း အသာခေါင်းညိတ်လိုက်ပြီး ပြောသည်။

“အဲဒီသူရဲကောင်းမျိုးက အားပေးထောက်ပံ့ဖို့ ထိုက်တန်ပါတယ်။ ကျွန်တော် အကောင်းဆုံးကြိုးစားပြီး ခရိုင်မင်းသမီးကို ကူညီပေးပါ့မယ်”

ကျောက်ယာ လက်မြှောက်လိုက်ပြီး ပြောသည်။

“မလိုအပ်ပါဘူး။ တော်ပြီ၊ ဒီအကြောင်းဆက်မပြောကြရအောင်။ အရေးကြီးကိစ္စဆွေးနွေးကြတာပေါ့”

ကျောက်ယာ ယဲ့လုဖုန်းကိုကြည့်၍ ပြောသည်။

ယဲ့လုဖုန်းလည်း ကျောက်ယာကို အာရုံစိုက်လိုက်သည်။ ကျောက်ယာမှ ပြောသည်။

“ဒီတစ်ကြိမ် ငါ မျန့်ရွှေကိုလာတာ ကိစ္စနှစ်ခုရှိတယ်။ ပထမတစ်ခုက တော်ဝင်နန်းတော်ရဲ့အမိန့်နဲ့ မျန့်ရွှေကို စုံစမ်းစစ်ဆေးဖို့ပဲ”

ယဲ့လုဖုန်းမှ ပြောသည်။

“ဟုတ်ကဲ့ ဟုတ်ကဲ့”

ထို့နောက် ကျောက်ယာမှ ပြောသည်။

“ဒုတိယကိစ္စက မျန့်ရွှေစီရင်စုရဲ့ ဆေးဘုရင်ရတနာကိစ္စပဲ”

“အမ်းး”

ထိုအခါ နေရာရှိလူအားလုံးသည် မျက်လုံးများတောက်ပသွားကြကာ ကျောက်ယာကို ကြည့်လာကြသည်။

ဆေးဘုရင်ရတနာလား။

လူအုပ်သည် စိတ်ရှုပ်ထွေးနေ၏။ ကျောက်ယာမှ ပြောသည်။

“အင်း အမှန်ပဲ။ ဆေးဘုရင်ရတနာ”

ထိုအချိန်၌ ချန်ကျဲ့သည် လက်သီးယှက်အရိုအသေပြုလျက် ရှေ့ထွက်ပြောသည်။

“ခရိုင်မင်းသမီး ဆေးဘုရင်ရတနာဆိုတာ ဘာပါလဲ”

ကျောက်ယာမှ ပြောသည်။

“ရှင်တို့ လွန်ခဲ့တဲ့နှစ်ပေါင်းရာချီတုန်းက သိုင်းလောကမှာ ရှိခဲ့ဖူးတဲ့ ဆေးဘုရင်တောင်ကြားဆိုတဲ့ ဂိုဏ်းတစ်ဂိုဏ်းကို ကြားဖူးကြလား”

ဆေးဘုရင်တောင်ကြားလား။

ထိုနာမည်ကို ကြားသည်တွင် ချန်ကျဲ့ အံ့ဩသွားခဲ့သည်။ ထိုနာမည်ကို သူရင်းနှီးပါ၏။

ကျောက်ယာမှ ဆက်ပြောသည်။

“ဆေးဘုရင်တောင်ကြားဂို‌ဏ်းက စုန့်မင်းဆက်ခေတ်အစောပိုင်းမှာ အမည်ကျော်ကြားခဲ့တယ်။ နောက်တော့ ကျွန်မတို့ မုလန်လူမျိုးစစ်တပ်က မြေပြန့်လွင်ပြင်ကို ဝင်ရောက်လာခဲ့ပြီး ဆေးဘုရင်တောင်ကြားဂိုဏ်းက အင်အားစုကြီးတစ်ခုခုကို ‌အပြစ်ပြုခဲ့မိပုံပါပဲ။ လွန်ခဲ့တဲ့နှစ်ရာချီက ညတွင်းချင်း ဖျက်ဆီးခံခဲ့ရတယ်”

“အဲဒီနောက်တော့ ဆေးဘုရင်တောင်ကြားဂိုဏ်းရဲ့ အသက်ရှင်ကျန်ရစ်‌သူတွေက ဂိုဏ်းရဲ့ရတနာတွေနဲ့ နတ်သိုင်းကျမ်း'ချန်ချွမ်းကျင့်စဉ်'နဲ့အတူ သိုင်းလောက,ကနေ ပျောက်ကွယ်သွားခဲ့တယ်”

ချန်ချွမ်းကျင့်စဉ်ဟူသည့် အမည်ကို ကြားလိုက်ရသည်တွင် ချန်ကျဲ့၏မျက်လုံးများ တောက်ပသွား၏။

အဲဒါက ငါကျင့်ကြံနေတဲ့သိုင်းမဟုတ်လား။

ချန်ကျဲ့ကျင့်ကြံနေသည့် ယန်ချွမ်ကျင့်စဉ်သည် ချန်ချွမ်းကျင့်စဉ်ထဲမှ အတွင်းအားကျင့်စဉ်တစ်ခု ဖြစ်သည်။

ပြီးတော့ ချန်ချွမ်းကျင့်စဉ်က ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်း မဟုတ်လား။

အဲဒီတော့ ဆေးဘုရင်ရတနာဆိုတာက ဆေးဘုရင်တောင်ကြားရဲ့ ရတနာလား။

၎င်းသည် သူနှင့် ဆက်စပ်နေနိုင်ပေသည်။ သူသည် ဆေး‌ဘုရင်တောင်ကြားဂိုဏ်း၏ ဆက်ခံသူပင် ဖြစ်ကောင်းဖြစ်နိုင်ပါ၏။ ခြုံငုံကြည့်လိုက်သော် ယန်ချွမ်ကျင့်စဉ်ကျမ်းကို ပိုင်ဆိုင်ထားခဲ့သူမှာ သူ၏အဘိုးဖြစ်ရာ သူသည် ဆေးဘုရင်တောင်ကြား၏ဆက်ခံသူ ဖြစ်နိုင်ခြေအတော်များသည်။

ချန်ကျဲ့မှာ အတွေးများနေခဲ့သည်။

ထိုစဉ် ကျောက်ယာမှ ဆက်ပြောသည်။

“အဖွဲ့အစည်းများစွာရဲ့ စုံစမ်းစစ်ဆေးမှုအပြီးမှာ ဆေးဘုရင်ရတနာက မျန့်ရွှေမှာ ပုန်းကွယ်နေတယ်လို့ သိခဲ့ရတယ်။ ပြီးတော့ အဲဒီဆေးဘုရင်တောင်ကြားရဲ့ရတနာက နှစ်၃၀မှာ တစ်ကြိမ် ပေါ်ထွက်လာတတ်တယ်လို့ ပြောစမှတ်ရှိကြတယ်”

“ပြီးတော့ ဒီနှစ်က နောက်ဆုံးတစ်ကြိမ်ပေါ်ထွက်လာပြီးတဲ့နောက် နှစ်၃၀ပြည့်တဲ့နှစ်ပဲ။ ပေါ်ထွက်လာမယ့်အချိန်ကလည်း ဒီတစ်လအတွင်း ဖြစ်လိမ့်မယ်”

“ရတနာအများစုကို အရင်က ပေါ်ထွက်လာချိန်တွေမှာ အမျိုးမျိုးသောသူရဲကောင်းတွေက ယူသွားခဲ့ကြပြီးပြီဆိုပေမဲ့ မယူရသေးတဲ့ ထိပ်တန်းအဆင့် ဆေးပစ္စည်းတွေ ကျန်နေသေးတယ်။ အဲဒီတော့ ဒီတစ်ကြိမ်ခရီးက မျန့်ရွှေကို စစ်ဆေးဖို့အပြင် အဲဒီပစ္စည်းတွေကို ရယူဖို့တာဝန်လည်း ပါတယ်။ တိုင်းပြည်ရဲ့အခက်အခဲဆိုတာ တကယ့်ကိုမှ ကြီးလေးလွန်းတယ်။ အဲဒီဆေးပစ္စည်းတွေက မြောက်ပိုင်းဒေသက ကျွန်မတို့ရဲ့စစ်သည်တွေကို အသင့်အတင့် ထောက်ပံ့ပေးနိုင်လိမ့်မယ်”

ကျောက်ယာသည် သူမ မျန့်ရွှေသို့ရောက်လာရသည့် ဒုတိယရည်ရွယ်ချက်ကို ဖော်ထုတ်ပြောဆိုလိုက်သည်။

ချန်ကျဲ့ မျက်လုံးမှေးကျုံ့ထားလျက် မေးသည်။

“ခရိုင်မင်းသမီး အဲဒီဆေးပစ္စည်းတွေက ဘယ်လိုဆေးပစ္စည်းတွေပါလဲ”

ကျောက်ယာမှ ပြန်ပြောသည်။

“ဆေးပစ္စည်းက ကဏ္ဍတစ်ခုပဲ။ အဲဒီအပြင် အဲဒီမှာ ဆေးဘုရင်တောင်ကြားက ဖော်စပ်ထားတဲ့ ဝိဉာဉ်ဆေးလုံးတွေနဲ့ ထူးကဲဆန်းကြယ်တဲ့သက်စောင့်ဆေးတွေလည်း ရှိတယ်။ နောက်ဆုံးတစ်ခေါက်တုန်းက လူတစ်ယောက်က ဇာမဏိအသွင်ပြောင်းဆေးလုံးကို ရခဲ့တာတဲ့။ ဆေးလုံးကို ‌သုံးပြီးတဲ့နောက်မှာ လူရဲ့အင်အားက သိသိသာသာတိုးတက်သွားပြီး နဂါးအဆင့်ကို တက်လှမ်းသွားခဲ့တယ်။ နောက်တော့ မြောက်ပိုင်းဒေသမှာ အထင်ကရလူတစ်ယောက် ဖြစ်လာခဲ့တယ်။ ဟုတ်တယ်။ အဲဒီလူက မိန်ဂိုဏ်းရဲ့ဓမ္မရာဇာလေးပါးထဲက တစ်ယောက်ပဲ”

“အမတငှက် ဟန်မြောင်ကျန်းပဲ”

“အမတငှက် ဟန်မြောင်ကျန်း”

ထိုအခါ အားလုံးသည် အံ့အားသင့်လျက် တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြလေသည်။

မိန်ဂိုဏ်း၏ ဓမ္မရာဇာလေးပါးသည် အမည်ကျော်ကြားသည့် ပုဂ္ဂိုလ်ကြီးများဖြစ်ကြပြီး နက်နဲဆန်းကြယ်လှသော ထိပ်တန်းအဆင့်သိုင်းပညာရှင်ကြီးများ ဖြစ်ကြသည်။ တရားရုံးတော်မှလည်း သူတို့အား ကွပ်မျက်ရန် ပစ်မှတ်ထား၏။

ဓမ္မရာဇာလေးပါးထဲမှ တစ်ဦးတည်းသော အမျိုးသမီးဖြစ်သည့် အမတငှက် ဟန်မြောင်ကျန်းသည် လွန်ခဲ့သည့်နှစ်၃၀က ဆေးဘုရင်ရတနာတစ်ပါးဖြစ်သည့် ဇာမဏီအသွင်ပြောင်းဆေးလုံးကို ရရှိသွားကာ ကောင်းကင်ဘုံသို့ တက်လှမ်းသွားသူဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားခဲ့ပါမည်နည်း။

ယခုတွင် နေရာရှိလူအားလုံးသည် ဆေးဘုရင်ရတနာကို စိတ်ဝင်စားနေကြလေပြီ။

ဇာမဏီအသွင်ပြောင်းဆေးလုံး..

၎င်းသည် ထိပ်တန်းအဆင့် အရည်အသွေးမြင့်ဆေးတစ်မျိုးဖြစ်ပြီး ၎င်းကို သောက်သုံးခြင်းဖြင့် ဒဏ္ဍာရီလာ နဂါးအဆင့်သို့ တက်လှမ်းနိုင်စေလေသည်။

ချန်ကျဲ့ သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။

“ခရိုင်မင်းသမီး နဂါးအဆင့်ဆိုတာကရော ဘာပါလဲ”

ကျောက်ယာ ချန်ကျဲ့ကိုကြည့်၍ ပြောလိုက်သည်။“အို ရှင်က စွမ်းအင်ပြောင်းလဲခြင်းအဆင့်နောက်ပိုင်းက ကျင့်ကြံဆင့်တွေကို မသိထားဘူးလား”

ချန်ကျဲ့ ခေါင်းခါလိုက်သည်။

“ကျွန်တော် မသိပါဘူး”

ကျောက်ယာ ယဲ့လုဖုန်းကို ကြည့်လိုက်သည်။

“သခင်ကြီးယဲ့လု သူ့ကိုပြောပြလိုက်ပါ”

ယဲ့လုဖုန်းမှ ပြောသည်။

“အင်း ကျိုစစ်။ မင်း သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ကို ရောက်တဲ့အခါကျ ငါ မင်းကို အသေးစိတ်ရှင်းပြမလို့ပဲ။ ဒါပေမဲ့ မင်းက သိချင်နေတာဆိုတော့ ငါ အခုပဲ မင်းကို ပြောပြလိုက်မယ်”

“စွမ်းအင်ပြောင်းလဲခြင်းအဆင့်ဆိုတာက အားကောင်းတဲ့ကျင့်ကြံသူတစ်ယောက်ဖြစ်လာဖို့ အစောပိုင်းအဝင်အဆင့်လေးပဲရှိသေးတာ။ အမှန်စင်စစ် ထူးကဲသာလွန်တဲ့ သိုင်းပညာစွမ်းအင်ကို တတ်မြောက်ဖို့အတွက်ဆိုရင် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်အဆင့်ကနေမှ စတင်ရမှာ”

“သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ကို ချီသွေးမှ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်လို့လည်း ခေါ်ကြတယ်။ အဲဒါက စွမ်းအင်ပြောင်းလဲခြင်းအဆင့်နောက်ပိုင်းက အဓိပ္ပာယ်ဖွင့်ဆိုချက်ပဲ။ ခန္ဓာကိုယ်ပြင်ပကို ချီစွမ်းအင်ထုတ်နိုင်တဲ့ စွမ်းရည်အလိုက် ကျင့်ကြံဆင့်တွေကို ဖော်ပြတယ်”

“သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ပြီးတဲ့အခါ ဝံပုလွေအငွေ့အသက်အဆင့်ပဲ။ အဲဒီအဆင့်ကို ချီသွေးဝံပုလွေအငွေ့အသက်အဆင့်လို့လည်း ခေါ်တယ်”

“အဲဒီနောက်က သက်တံအဆင့်၊ နဂါးအဆင့်နဲ့ နောက်ထပ်တခြားအဆင့်တွေပဲ။ ငါ အသေးစိတ်မပြောတော့ဘူး။ သိုင်းလောက,က အင်အားကြီးဂိုဏ်းတစ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက်ရဲ့ကျင့်ကြံဆင့်က နဂါးအဆင့်ရှိတယ်လို့ အကြမ်းဖျင်းပြောလို့ရတယ်။ ဒီလောက်ဆို နဂါးအဆင့်ရဲ့ ကြောက်မက်ဖွယ်ကောင်းမှုကို နားလည်ပြီမလား”

နောက်ဆုံးတွင်တော့ စွမ်းအင်ပြောင်းလဲခြင်းအဆင့်နောက်ပိုင်းရှိ ကျင့်ကြံဆင့်များကို ချန်ကျဲ့ ရှင်းလင်းစွာ နားလည်သွားခဲ့လေပြီ။

၎င်းတို့မှာ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်၊ ဝံပုလွေအငွေ့အသက်အဆင့်၊ သက်တံအဆင့်၊ နဂါးအဆင့်တို့ ဖြစ်ကြသည်။

သာမန်အားဖြင့် သိုင်းလောက၏ အင်အားကြီးဂိုဏ်းကြီးများ၏ ဂိုဏ်းချုပ်များသည် နဂါးအဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ ထိုသို့တွေးတောရင်း ချန်ကျဲ့ မေးလိုက်သည်။

“လောကနံပါတ်တစ်သိုင်းပညာရှင်ကြီးတွေက ကျွန်တော်တို့သာ့ချန်ရဲ့ သက်ရှိဗုဒ္ဓ ပီအားစီးပါးနဲ့ ဝူတန်ဂိုဏ်းရဲ့ ကျန်းစန်းဖုန်းလို့ သိထားပါတယ်။ သူတို့နှစ်ယောက်ရဲ့ကျင့်ကြံဆင့်က ဘာတွေလဲဗျ”

ထိုအခါ ယဲ့လုဖုန်းမှ ပြောသည်။

“သူတို့နှစ်ယောက်က သာမန်ကျင့်ကြံသူတွေထက် ကျော်လွန်ပြီး ကျင့်ကြံဆင့်တွေက ကြောက်ခမန်းလိလိ မြင့်မားကြတယ်။ ငါတောင်မှ သူတို့ရဲ့ကျင့်ကြံဆင့်ကို မသိနိုင်ဘူး။ ဒါပေမဲ့ သူတို့ရဲ့အင်အားက နဂါးအဆင့်ထက် သာလွန်တာတော့ လုံးဝ သေချာတယ်”

“နျင်ရှန်အဆင့်”

ထိုစဉ် ကျောက်ယာမှ ပြောလာခဲ့သည်။

ချန်ကျဲ့ ကျောက်ယာကို မော့ကြည့်လိုက်သည်။ ကျောက်ယာမှ ဆက်ပြောသည်။

“သူတို့နှစ်ယောက်က ကောင်းကင်နဲ့မြေကြီးကို ဆက်သွယ်နိုင်ပြီး တိုက်ပွဲအတွင်းမှာ ကမ္ဘာလောကရဲ့စွမ်းအင်ကို ငှားရမ်းနိုင်စွမ်းတဲ့ နတ်ဝိဉာဉ်ဖြစ်တည်ခြင်းအဆင့်ဖြစ်လိမ့်မယ်။ သူတို့က သိုင်းပညာနယ်ပယ်အတိုင်းအတာထက် ကျော်လွန်နေကြပြီ”

ထိုအခါ ချန်ကျဲ့သည် သူကိုယ်တိုင်နှင့် လောကနံပါတ်တစ်ကြားရှိ ကြီးမားလှသည့် ကွာခြားချက်ကြီးကို နားလည်သွားခဲ့သည်။ ကွာခြားချက်မှာ ကောင်းကင်ဘုံတမျှ ဝေးကွာလွန်းလှ၏။

တစ်ပြိုင်နက်တည်းပင် ချန်ကျဲ့ တခြားတစ်ခုကို စဉ်းစားမိလိုက်သည်။

မိန်ဂိုဏ်းရဲ့ အမတငှက် ဟန်မြောင်ကျန်းက မျန့်ရွှေရဲ့ ဆေးဘုရင်ရတနာတွေထဲက ဇာမဏီအသွင်ပြောင်းဆေးလုံးကို ရယူနိုင်ခဲ့တယ်ဆိုရင် သူက သေချာပေါက် မျန့်ရွှေနဲ့ ရင်းနှီးကျွမ်းဝင်တဲ့သူဖြစ်မှာပဲ။ ဟန်ဟယ့်နဲ့ ဟန်လျန်တို့လို သူ့ရဲ့တိုက်ရိုက်တပည့်နှစ်ယောက်ကို မျန့်ရွှေမှာ ယီးဟုန်ဂေဟာဖွင့်ခိုင်းထားတာ မထူးဆန်းတော့ပါဘူး။

All Chapters