← Chapters

အခန်း ၆၉၇

Vol. 59 Ch. 697

အခန်း ၆၉၇

Vol. 59 Ch. 697

အခန်း ၆၉၇

သူမသည် အဘယ်သို့များ နန်ပါးထျန်း၏ ဆရာတူညီမလေးဖြစ်နေရသနည်း။

နန်ပါးထျန်း၏ဆရာတူညီ‌မလေးသည် ဖန်းရှစ်ကျုံး၏ဆရာတူညီမလေး မဟုတ်ပေလော။

တကယ်တော့ အဖြစ်အပျက်မှာ ဤသို့ဖြစ်သည်။ အရင်မျိုးဆက်က ငါးဖမ်းကုန်သည်အဖွဲ့တွင် သစ္စာဖောက်တစ်ယောက်ရှိခဲ့သည်။ ထိုလူမှာ ကုန်သည်အဖွဲ့ခေါင်းဆောင်ဟောင်း၏ ဆရာတူအစ်ကိုဖြစ်ပြီး ‌ရေခဲလက်ဝါးကျောင်းဖုန်းဟု အမည်ကျော်ကြားသူဖြစ်သည်။

ကျောင်းဖုန်း၏ ရေခဲလက်ဝါးသိုင်းသည် သိုင်းလောကတစ်ခွင်ကို လွှမ်းမိုးခဲ့သည်မှာ နန်ပါးထျန်း၏ဆရာဖြစ်သူ သံမဏိလက်ဝါးလီကျုံး၏ ကျော်ကြားမှုကို လွှမ်းမိုးသွားသည်အထိပင်။

သို့သော် နောက်ပိုင်းတွင် ရေခဲလက်ဝါးကျောင်းဖုန်းသည် လမ်းစဉ်အမှန်မှ သွေဖည်သွားကာ သူ၏ကိုယ်ကျိုးအတွက် ငါးဖမ်းကုန်သည်အဖွဲ့ကို သစ္စာဖောက်ခဲ့သည်။

သို့ဖြင့် နန်ပါးထျန်းနှင့် ဖန်းရှစ်ကျုံး၏ ဆရာဖြစ်သူ သံမဏိလက်ဝါးလီကျုံးသည် ကုန်သည်အဖွဲ့ခေါင်းဆောင်နေရာကို ဆက်ခံခဲ့သည်။

လီကျုံးသည် နန်ပါးထျန်းနှင့် ဖန်းရှစ်ကျုံးတို့အား ရေခဲစိတ်စွမ်းအင်သိုင်းနှင့် သံမဏိလက်ဝါးသိုင်းတို့ကို ဆက်ခံစေခဲ့သည်။

နန်ပါးထျန်းသည် ရေခဲစိတ်စွမ်းအင်သိုင်းကို ကျင့်ကြံခဲ့ပြီး ကနဦးတွင် ၎င်းသိုင်းကို ဖမ်းဆုပ်နိုင်ရန် ခက်ခဲခဲ့သည်။ ဖန်းရှစ်ကျုံးထံတွင်လည်း အကြိမ်ပေါင်းမနည်း ရှုံးနိမ့်ခဲ့သည်။ သို့ဖြင့် နန်ပါးထျန်းသည် တောင်ပေါ်သို့သွား၍ သိုင်းကျင့်ကြံခဲ့ရာ တောင်ပေါ်တွင် ကျောင်းဖုန်းနှင့် ဆုံတွေ့ခဲ့သည်။

နန်ပါးထျန်း၏အရည်အချင်းကို မြင်တွေ့သောအခါ ကျောင်းဖုန်းသည် နန်ပါးထျန်းအား ရေခဲစိတ်စွမ်းအင်သိုင်းကျင့်ကြံရမည့် နည်းလမ်းအမှန်ကို သင်ပြပေးခဲ့သည်။

နောက်ဆုံးတွင်မူ နန်ပါးထျန်းအား တပည့်အဖြစ် လက်ခံခဲ့သည်။

နောက်ပိုင်းတွင် နန်ပါးထျန်းသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ဆရာတူအစ်ကိုကြီးဖြစ်သည့် ဖန်းရှစ်ကျုံးသည် ဆရာတူညီလေးအတွက် စိတ်ပူမိသဖြင့် သူ၏ကျင့်ကြံမှုအကြောင်း မေးမြန်းခဲ့သည်။ နန်ပါးထျန်းမှ အမြဲတမ်း ဆင်ခြေများပေးနေခဲ့သော်ငြား ဆရာတူညီမလေးသည် များများစားစား မစဉ်းစားဘဲ နန်ပါးထျန်းမှာ ဆရာအသစ်တင်ထားပြီဖြစ်ကြောင်း၊ ထို့ကြောင့် လျင်မြန်စွာ တိုးတက်လာခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။

ထိုအခါ ဖန်းရှစ်ကျုံးသည် သစ္စာဖောက်ခံလိုက်ရသကဲ့သို့ ခံစားသွားရပြီး ဆရာဖြစ်သူ လီကျုံးထံ တိုင်ကြားလိုက်သည်။

လီကျုံးသည် နန်ပါးထျန်း၏ သစ္စာဖောက်လီကျုံးထံမှ သိုင်းပညာသင်ယူနေသည့် သစ္စာမဲ့သည့်လုပ်ရပ်ကို သိလိုက်ရသည်တွင် နန်ပါးထျန်းအား ကုန်သည်အဖွဲ့၏သစ္စာဖောက်အဖြစ် သတ်မှတ်ခဲ့သည်။

သို့ဖြင့် နန်ပါးထျန်းသည် ဓားသုံးချက်၊အပေါက်ခြောက်ပေါက်အပြစ်ဒဏ်ကို ခံယူခဲ့ရသည်။

ဆရာတူညီမလေးသည် နန်ပါးထျန်း ဒုက္ခရောက်သွားခြင်းအတွက် ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိသည်ဟု ခံစားရကာ ဆရာလီကျုံးနှင့် ထိပ်တိုက်ရင်ဆိုင်ကာ ကိုယ့်ကိုယ်ကိုယ်သတ်သေမည်ဟု ခြိမ်းခြောက်ခဲ့သည်။ သို့သော် ဒေါသထွက်နေသည့် လီကျုံးသည် အလျှော့မပေးခဲ့ပေ။ သို့ဖြင့် ဆရာတူညီမလေးသည် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့သည်။

ထိုအဖြစ်အပျက်သည် ဖန်းရှစ်ကျုံးကို နက်နက်ရှိုင်းရှိုင်း စိတ်ထိခိုက်စေခဲ့ပြီး သူ၏အတွင်းစိတ်မိစ္ဆာဖြစ်လာခဲ့သည်။

ဤသည်မှာ ဖန်းရှစ်ကျုံးမှ ဟွားသျဲ့ကို ဂရုစိုက်စောင့်ရှောက်ပေးခဲ့သည့် အကြောင်းအရင်းဖြစ်သည်။

မိမိ၏တပည့်ဖြစ်သူ သူ့ရှေ့တွင် သေဆုံးသွားသည့်အခါ ဆရာလီကျုံးသည် အလွန်စိတ်ထိခိုက်သွားရပြီး ပြစ်ဒဏ်ပေးချိန်တွင် နန်ပါးထျန်း၏အသက်ကို ချမ်းသာပေးခဲ့သည်။

ထိုဆရာတူညီမလေးနှင့်ပတ်သတ်ပြီး နန်ပါးထျန်း၏စိတ်ထဲတွင် အမုန်းတရား‌နှင့် နောင်တတို့ ရောနှောတည်ရှိနေလေသည်။ နှုတ်မစောင့်ခြင်းအတွက် အပြစ်တင်နေကာ သူ့အတွက် အသက်ပေးသွားသောကြောင့် အပြစ်ရှိစိတ်လည်း ခံစားနေရပေသည်။

ဖန်ရှစ်ကျုံးနှင့်ပတ်သက်၍တော့ နန်ပါးထျန်း၏စိတ်ထဲတွင် သူခံစားခဲ့ရသည်များအတွက် အမုန်းတရားသာ ရှိသည်။

သို့သော် နန်ပါးထျန်း တစ်လျှောက်လုံး ချစ်မြတ်နိုးခဲ့သူမှာ ကျောင်းဖုန်း၏တပည့်၊ သူ၏ဆရာတူညီမလေး ယွီမန်အာဖြစ်သည်။

သို့သော် ယွီမန်အာသည် နန်ပါးထျန်းကို မနှစ်သက်သည့်အပြင် နန်ပါးထျန်းမှ သူ၏ခံစားချက်တို့ကို ဝန်ခံခဲ့စဉ်က နန်ပါးထျန်းကို အရှက်ရစေခဲ့သည်။

“ဆရာတူအစ်ကိုက သိုင်းကျင့်ရင်းနဲ့ ကျောက်ကပ်ချီကို ထိခိုက်ထားတယ်မဟုတ်လား။ ကျွန်မ မစွမ်းဆောင်နိုင်တဲ့ ယောက်ျားတစ်ယောက်နဲ့ လက်မထပ်နိုင်ဘူး”

ထိုစကားသည် နန်ပါးထျန်း၏စိတ်ထဲ အစိုင်အခဲဖြစ်သွားခဲ့ကာ ညတွင်းချင်း စိတ်ဖောက်ပြန်သွားခဲ့ပြီး သူ၏ကျောက်ကပ်ချီကို ထိခိုက်စေခဲ့ကာ လုံးလုံးလျားလျား မစွမ်းဆောင်နိုင်သူ ဖြစ်လာခဲ့သည်။ သို့သော်ငြား သူမျန့်ရွှေသို့ ပြန်လာခဲ့ချိန်တွင် အလှပဆုံးသောအမျိုးသမီး ဟွမ်ဝမ်အာကို တွေ့ခဲ့သည်။ ဟွမ်ဝမ်အာသည် သူ၏ဆရာတူညီမလေးနှင့် အလွန်ဆင်တူ၏။

သို့ဖြင့် နန်ပါးထျန်းသည် သူလုပ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်၍ ဟွမ်ဝမ်အာကို လက်ထပ်ယူခဲ့သည်။

သူ ဟွမ်ဝမ်အာနှင့် ထိမ်းမြားမှုအထမြောက်ရန် ကြိုးပမ်းသည့်အချိန်တိုင်း နန်ပါးထျန်းသည် ယွီမန်အာ၏စကားများကို ပြန်အမှတ်ရနေခဲ့သည်။

သူ၏မစွမ်းဆောင်နိုင်မှုနှင့် ပေါင်းလိုက်သောအခါ အရှက်ရမှုနှင့် အမျက်ဒေါသတို့ ပေါင်းစည်းသွားပြီး ထိုနေ့က စိတ်ဖောက်ပြန်မှု၏ အကျိုးဆက်အနေဖြင့် သူသည် ဟွမ်ဝမ်အာကို ကြာပွတ်ဖြင့် အမျိုးမျိုးနှိပ်စက်ရခြင်းအပေါ် ခုံမင်လာခဲ့သည်။။

ဟွမ်ဝမ်အာ၏ အော်ညည်းသံများသည် သူ့ကို အထင်အမြင်သေးခဲ့သည့် ဆရာတူညီမလေးအစား ဒေါသပေါက်ကွဲခြင်း ဖြစ်သည်။

ဘွင်းဘွင်းရှင်းရှင်းဆိုရသော် ဟွားသျဲ့သည် ဖန်းရှစ်ကျုံးအတွက် သူ၏ဆရာတူညီမလေး၏ အစားထိုးဖြစ်သကဲ့သို့ ဟွမ်ဝမ်အာသည်လည်း ယွီမန်အာ၏ အစားထိုးမျှသာ ဖြစ်သည်။

ယခုတွင် နန်ပါးထျန်းသည် ယွီမန်အာကို စိုစွတ်နေသည့် မျက်လုံးများဖြင့် ကြည့်နေသည်။

“ဆရာတူညီမလေး အခုတလော နေထိုင်ရတာ အဆင်ပြေနေခဲ့ရဲ့လား”

ယွီမန်အာမှ နန်ပါးထျန်းကို ကြည့်လိုက်ပြီး ပြောသည်။

“မဆိုးပါဘူး။ ဒါနဲ့ ဆရာတူအစ်ကို ဘာတွေဖြစ်ခဲ့တာလဲ။ တစ်ကိုယ်လုံးလည်း ပေပွနေတာ။ ယဲ့လုဖုန်းကိုယ်တိုင် လိုက်ဖမ်းတာကိုတောင် ခံနေရတယ်။ ဆရာတူအစ်ကိုရဲ့ ငါးဖမ်ကုန်သည်အဖွဲ့ခေါင်းဆောင်နေရာကို ဆက်လုပ်နိုင်သေးရဲ့လား”

နန်ပါးထျန်း ခါးသီးစွာ ပြုံးလိုက်ပြီး ပြောသည်။

“ဆရာတူညီမလေး ငါ ငါချောက်ချခံရတာ”

ယွီမန်အာ မျက်မှောင်ကြုတ်လိုက်သည်။

“ဘယ်လိုဖြစ်တာလဲ”

နန်ပါးထျန်းသည် မတရားခံရသည့် ခံစားချက်တို့ ပြင်းပြနေလျက် ပြောသည်။

“အကုန်ချန်ကျိုစစ်ကြောင့်ပဲ”

…

နန်ပါးထျန်းမှ ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြပြီးသောအခါ ယွီမန်အာသည် အနည်းငယ် မျက်မှောင်ကြုတ်လျက် နန်ပါးထျန်းကို အထက်အောက်အကဲခတ်ကြည့်လိုက်ပြီး ပြောသည်။

“ဆရာတူအစ်ကိုက တကယ် အသုံးမကျတာပဲ။ အဲဒီလို ဘာမှမဟုတ်တဲ့လူတစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်ဘူးလား”

နန်ပါးထျန်းသည် ပြောစရာစကားပျောက်သွားရပြီး ရှက်ရွံ့နေသည့် မျက်နှာအမူအရာကိုသာ ပြသထားလေသည်။

ယွီမန်အာ၏အသံမှာ စိတ်မကျေနပ်ကြောင်း သိသာလှသည်။

“ကျွန်မက ဆရာတူအစ်ကိုရဲ့ ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ရာထူးကို သုံးပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့အလုပ်ကို လုပ်ဖို့တွေးထားတာ။ ဆရာတူအစ်ကိုက ဒီလောက်အထိ အသုံးမကျဖြစ်မယ်လို့ ထင်မထားဘူး။ ပြည်နယ်အုပ်ချုပ်ရေးမှူးသာ သိသွားရင် ကျွန်မကို စီမံခန့်ခွဲမှုညံ့ဖျင်းတယ်ဆိုပြီး အပြစ်တင်တော့မှာပဲ။ အစ်ကို ဘယ်တော့များမှ ဒီဆရာတူညီမလေးအတွက် အကူအညီဖြစ်မှာလဲ”

“ငါတောင်းပန်ပါတယ်”

နန်ပါးထျန်းသည် ယွီမန်အာ၏ ဆူပူမှုကို ခေါင်းငုံ့ကာ ငြိမ်ခံနေသည်။ ထို့နောက် ယွီမန်အာမှ ဆက်ပြောသည်။

“‌ကောင်း‌ပြီ ကောင်းပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မလည်း ဆရာတူအစ်ကိုကို အများကြီး မျှော်လင့်မထားပါဘူး။ ထားလိုက်ပါတော့”

ထိုစကားတွင် နန်ပါးထျန်းသည် အလွန်တရာ အရှက်ရသွား၏။ ယွီမန်အာမှ ဆက်ပြောသည်။

“ဒီရက်ပိုင်းတော့ ဒီတိုင်းအနားယူနေလိုက်။ ‌ရက်နည်းနည်း‌ေနရင် ပြည်နယ်အုပ်ချုပ်ရေးမှူး မျန့်ရွှေကိုလာပြီး ရှင့်အတွက် တရားမျှတ‌မှု ရယူပေးမယ်ထင်ရတယ်။ ဆရာတူအစ်ကိုက မိန်ဂိုဏ်းနဲ့ပူးပေါင်းတယ်ဆိုတာ ယဲ့လုဖုန်းရဲ့အပြောသက်သက်ပဲ သူယုံကြည်တယ်”

“အာ ပြည်နယ်အုပ်ချုပ်ရေးမှူးက မျန့်ရွှေကို လာမှာလား”

ထိုသတင်းကြောင့် နန်ပါးထျန်း အံ့ဩသွားလျက် အမြန်ပြောသည်။

“ဆရာတူညီမလေး ပြည်နယ်အုပ်ချုပ်ရေးမှူးက အစ်ကို့ကိုကူညီပြီး ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်နေရာကို ပြန်ရအောင် လုပ်ပေးနိုင်ခဲ့ရင် အစ်ကို အရင်တစ်ခေါက်က ပြောထားတဲ့အတိုင်း ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ပိုင်ဆိုင်မှုတစ်ဝက်ကို မင်းကိုပေးပါ့မယ်”

ယွီမန်အာမှ ပြန်ပြောသည်။

“နောက်ဆုံးတစ်ခေါက်က ကျွန်မ ဆရာတူအစ်ကိုကို မေးတုန်းက အစ်ကို ရှောင်နေတာလေ။ အခု လက်ထဲဘာမှမရှိတဲ့အချိန်ကျ ဆရာတူညီမလေးကို ကြီးကြီးကျယ်ကျယ်ကတိတွေ ပေးတတ်နေပြီပေါ့လေ”

နန်ပါးထျန်း ကတိပေးလိုက်သည်။

“ဆရာတူညီမလေး ငါတကယ်ပြောတာပါ။ အစ်ကို ငါးဖမ်းကုန်သည်အဖွဲ့ကို ပြန်သွားနိုင်မယ်ဆိုရင် ဆရာတူညီမလေးကို အပြည့်အဝ ထောက်ပံ့ပေးပါ့မယ်”

ယွီမန်အာမှ ပြန်ပြောသည်။

“ဟမ့် ကောင်းပါပြီ။ ဒီဆရာတူညီမလေးက ဆရာတူအစ်ကိုအတွက် နည်းလမ်းရှာပေးပါ့မယ်။ ပြီးရင် ပြည်နယ်အုပ်ချုပ်ရေးမှူးကို ဆရာတူအစ်ကို့ကို ထောက်ပံ့ပေးဖို့ ပြောပေးမယ်”

ထိုစကားတွင် နန်ပါးထျန်းမှာ အလွန်ဝမ်းမြောက်သွားတော့သည်။

All Chapters