← Chapters

အခန်း ၂၉၁

Vol. 30 Ch. 291

အခန်း ၂၉၁

Vol. 30 Ch. 291

အခန်း (၂၉၁) လူကို သိပ်အနိုင်မကျင့်နဲ့လေ

ပိုင်ချူးရန်ချိုးရန်သည် မှုန်ကုပ်ကုပ် မျက်နှာထားဖြင့် နဂါးငွေ့တန်း ဂလက်ဆီကို ဖြတ်ကျော်သွားရာ နဂါးငွေ့တန်းထဲရှိ ကြယ်များသည် သူ၏ ခန္ဓာကိုယ်ကို ပွတ်တိုက်သွားကြသည်။ အလွန်ပူပြင်းသော ဤစွမ်းအင်ကိုယ်ထည်များသည် သူ၏ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် မီးပွားများ တဖျပ်ဖျပ် လွင့်စင်သွားစေခဲ့သော်လည်း လက်ထဲရှိ အင်မော်တယ်ကြိုးနှင့် ကျောက်တုံးကြီးမှာမူ ထိုကြောက်မက်ဖွယ် ဖိအားကို မခံနိုင်တော့ချေ။ နဂါးငွေ့တန်းကို ဖြတ်ကျော်သည့် လုပ်ငန်းစဉ်အတွင်းမှာပင် ကြယ်များ၏ ဖိကြိတ်မှုကြောင့် အမှုန့ါအဖြစ် ကြေမွသွားရ၏။

နဂါးငွေ့တန်းအောက်ခြေမှ ထွက်ပေါ်လာပြီးနောက် သူရှေ့ရှိ ဟင်းလင်းပြင်အပြင်ဘက်မှ အဆုံးအစမဲ့သော အမှောင်ထုကြီးကို မြင်ရသောအခါ ပိုင်ချူးရန်ချိုးရန်လည်း ရုတ်တရက် လက်ကိုမြှောက်ကာ မှောင်မိုက်နက်ရှိုင်းလှသော ထိုဟင်းလင်းပြင်ကြီးထဲသို့ လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချကြည့်သည်။

စစ်မှန်သော ချီစွမ်းအင်များသည် ဧရာမ အဖြူရောင် စွမ်းအင်လှိုင်းလုံးကြီးအဖြစ် ပြောင်းလဲသွားပြီး နယ်နိမိတ်အပြင်ဘက်ရှိ ဟင်းလင်းပြင်ထဲသို့ ပြင်းထန်စွာ ရိုက်ချခံလိုက်ရသည်။ ဟင်းလင်းပြင်ထဲတွင် ဖရိုဖရဲ လည်ပတ်နေသော စွမ်းအင်မုန်တိုင်းကြီးသည် စွမ်းအင်လှိုင်းလုံးကြီးနှင့် ဝုန်းခနဲ တိုက်မိသွားပြီး နောက်သို့ပင် လွင့်စင်သွား၏။

ဤနောက်ပြန်ကန်အားကို အသုံးချကာ ပိုင်ချူးရန်ချိုးရန်လည်း လေးတစ်ခုမှ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းပမာ တစ်ဖန် ပြန်ခုန်ထွက်လာပြီး ယခင်ကထက် ပိုမိုမြန်ဆန်သော အရှိန်ဖြင့် ကောင်းကင်ယံသို့ ဒုံးပျံတစ်စင်းအလား ထိုးတက်လေသည်။

သူသည် နဂါးငွေ့တန်းကို တစ်ဖန် ပြန်လည်ဖြတ်ကျော်ကာ ဂလက်ဆီ ဘီလူးကြီး၏ မျက်လုံးများနှင့် တစ်တန်းတည်းဖြစ်သော နေရာသို့ တဟုန်ထိုး ခုန်တက်၏။ လေထဲတွင် လွင့်မျောနေသော အာကာသ အပျက်အစီးတစ်ခုကို လှမ်းဆွဲလိုက်ပြီးနောက် ဂလက်ဆီ ဘီလူးကြီးကို ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ "တောက်... မင်းကွာ။ လူကို သိပ်အနိုင်မကျင့်နဲ့လေ"

ထိုအချိန်တွင် အချိန်အတိုင်းအတာတစ်ခုအထိ စုစည်းမိသွားပြီးနောက် ကြယ်နတ်ဘုရားများ၏ ဝိညာဉ်အကြွင်းအကျန်များသည် ပဲ့တင်ထပ်မှု ပြင်းအားကို ပိုမိုမြှင့်တင်လိုက်ပုံရပြီး ဂလက်ဆီ ဘီလူးကြီး၏ ဝေဝါးနေသော အသိစိတ်ကိုလည်း ပိုမို ကြည်လင်စေ၏။

ပိုင်ချူးရန်ချိုးရန်ကို မြင်သောအခါ သူသည် ခေါင်းကို ခါယမ်းလိုက်ပြီး တောက်ပသော အလင်းတန်းများ ပြန့်နှံ့လာကာ ပြတ်တောက်နေသော ခြေလက်များကို စွမ်းအင်ကိုယ်ထည်ဖြင့် ချက်ချင်း ပြန်ဆက်လေသည်။ ထို့နောက် သူသည် ပိုင်ချူးရန်ချိုးရန်ကို စူးရဲစွာ ကြည့်လိုက်ပြီး သူ့ပါးစပ်မှ ခေါင်းလောင်းသံအလား ထိုင်းမှိုင်းပြီး အသံပေါင်းများစွာ ရောယှက်နေသော ကြောက်မက်ဖွယ် တုန်ခါသံကြီးတစ်ခု ထွက်ပေါ်လာ၏။

"ကောင်းကင် မနာလို ခန္ဓာကိုယ်။ မင်း... သေရမယ်။"

"ငါ မင်းကို ရန်စမိလို့လားဟ။"

ပိုင်ချူးရန်ချိုးရန်က ပြန်အော်မေးသည်။

"ငါပြောမယ် လူကြီးမင်းရဲ့။ ငါတို့ သေချာ စကားပြောကြရအောင်။ ဘာပဲဖြစ်ဖြစ် မင်းမှာ အချိန်သိပ်မရှိတော့ဘူးလေ။ မင်းရဲ့ စွမ်းအင်တွေ ကုန်ခမ်းသွားရင် ထာဝရပျက်သုဉ်းခြင်းဆိုတဲ့ဆီကို ပြန်သွားရတော့မှာပဲ။ ငါလည်း အခု ထပ်တိုက်ချင်စိတ် မရှိတော့ဘူး။ ငါတို့ အေးအေးဆေးဆေး ထိုင်ပြီး လက်ဖက်ရည် တစ်ခွက်လောက် သောက်ကြတာပေါ့။ ဒါနဲ့ စကားစပ်မိလို့ ပြောရရင် အဲဒီ ကောင်းကင် မနာလို ခန္ဓာကိုယ်ရဲ့ တိကျတဲ့ အချက်အလက်တွေကို သိထားတာများ ရှိလား။"

ဂလက်ဆီ ဘီလူးကြီးသည် အဖြေကို လုပ်ရပ်ဖြင့်သာ ပြသခဲ့၏။ သူသည် အရှေ့ဘက်စွန်းနတ်ဘုရင်၏ ခေါင်းလောင်းကို မြှောက်ကာ အချိန်နှင့် နေရာလွတ်ကို ရပ်တန့်စေသော ခေါင်းလောင်းသံကို တစ်ဖန် ပြန်လည်တီးခတ်သည်။

ပိုင်ချူးရန်ချိုးရန်၏ ခန္ဓာကိုယ်သည် လေထဲတွင် ခဏမျှ အေးခဲရပ်တန့်သွားခဲ့ပြီး နောက်တစ်စက္ကန့်တွင် အချိန်နှင့် နေရာလွတ်များ ပြန်လည် စီးဆင်းလာချိန်၌ ဂလက်ဆီ ဘီလူးကြီးလည်း ပိုင်ချူးရန်ချိုးရန်ကို အလယ်တွင်ထားကာ တောင်တမျှ လက်သီးနှစ်ဖက်ဖြင့် အတွင်းဘက်သို့ ဖိကြိတ်ညှစ်ချလာ၏။

ဘီလူးကြီး အသိစိတ်မှာ ဝေဝါးနေဆဲဖြစ်သော်ငြား တိုက်ခိုက်ရေး ဉာဏ်ရည်ဉာဏ်သွေးမှာ အလွန် မြင့်မားလှသည်။ သူ့ ကိုယ်ခံပညာ စွမ်းရည်များသည် ပိုင်ချူးရန်ချိုးရန်လောက် မကျွမ်းကျင်ကြောင်းနှင့် ဧရာမ ခန္ဓာကိုယ်ကြီး၏ လှုပ်ရှားမှုများမှာ ပိုင်ချူးရန်ချိုးရန်ထက် များစွာ နှေးကွေးကြောင်းကို ကောင်းစွာ သိထားသဖြင့် ပိုင်ချူးရန်ချိုးရန်၏ လှုပ်ရှားမှုများကို ကန့်သတ်ကာ သူ့ကို ခွန်အားသက်သက်ဖြင့်သာ ယှဉ်ပြိုင်ရန် အတင်းအကျပ် ဖိအားပေးလိုက်ခြင်းဖြစ်သည်။

တိုက်တန်ကြီး၏ စွမ်းအင် ပမာဏ အတိအကျ မည်မျှရှိသည်ကို ပိုင်ချူးရန်ချိုးရန် သိပ်မသေချာသော်လည်း စွမ်းအား၏ ၁၀ ရာခိုင်နှုန်းကို အသုံးပြုကာ အချိန်အတော်ကြာအောင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးဖြစ်၏။ သေချာသည်မှာ ယခုအချိန်တွင် ကျန်ရှိနေသော ဘီလူးကြီး၏ စွမ်းအင်များသည် သူ ယခုလောလောဆယ် အသုံးပြုနိုင်သည့်ခန္ဓာကိုယ်တွင်းရှိ ၁၀ ရာခိုင်နှုန်းသော စစ်မှန်သည့် ချီစွမ်းအင်များထက် ပိုများနိုင်ခြင်းပင်။

ပိုင်ချူးရန်ချိုးရန်သည် ဘီလူးကြီး၏ လက်သီးများကို သူ၏ လက်နှစ်ဖက်ဖြင့် ကြံ့ကြံ့ခံ ထောက်ထားသော်လည်း ဘယ်ညာမှ ရိုက်ခတ်လာသော စွမ်းအားများက သူ့ကို ဘ၀တစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဖိနှိပ်ထားနိုင်ကြောင်း ခံစားမိ၏။ သို့သော် သူသည် စစ်မှန်သော ချီစွမ်းအင်များကို အနည်းငယ် ထပ်မံမြှင့်တင်လိုက်သည်နှင့်တစ်ပြိုင်နက် အဆင့်တက်ရန် တွန်းကန်နေသော စွမ်းအားလှိုင်းများမှာ ချက်ချင်းပင် ထိန်းမနိုင်သိမ်းမရ မြင့်တက်လာသည်။

အချိန်ရပ်တန့်သွားစဉ်က သူ၏ ဝမ်းဗိုက်ကို အားပြင်းပြင်းဖြင့် အထိုးခံလိုက်ရသည်ဟု တင်စားရလျှင် ယခုအခါတွင်မူ သူ အိမ်သာ အရေးပေါ် သွားချင်နေချိန်၌ တစ်ယောက်ယောက်က သူ့ဗိုက်ကို အသည်းအသန် လာဖိထားသကဲ့သို့ ဆိုးရွားစွာ ခံစားနေရ၏။

"ဘိုးဘေးပိုင်ရာ... ဆက်ပြီး ခေါင်းမာမနေပါနဲ့တော့ကွာ။"

ကျီရှန်းမှာ ပိုင်ချူးရန်ချိုးရန်၏ လက်မောင်းတွင် ရစ်ပတ် တွယ်ကပ်ထားပြီး ထိုဦးခေါင်းခွံကောင်သည် ကောင်းကင်ဘုံမှ ကောင်းချီးကို ရထားသဖြင့် အန္တရာယ်ကို အာရုံမခံစားရဘဲ အားလျော့စေသော စကားများကို ခပ်တည်တည်ဖြင့် ပြောလာသည်။

"မင်း နောက်ထပ် တစ်ဆင့်လောက် ထပ်တက်လိုက်ရင် မင်းရဲ့ စွမ်းအားတွေကတိုးလာမှာပဲလေ။ တစ်စက္ကန့်လောက် အချိန်ယူပြီး ဒီဘီလူးကြီးကို ရှင်းလိုက် ပြီးမှ အခြေခံတည်ဆောက်ခြင်း နည်းလမ်းကို ဖြည်းဖြည်းချင်း ပြန်စဉ်းစားကြတာပေါ့။ ဒါက ပိုအဆင်မပြေဘူးလား။"

"ပါးစပ်... ပိတ်ထားစမ်း..."

ပိုင်ချူးရန်ချိုးရန်၏ လက်များမှာ ဖိချခံထားရသဖြင့် ကွေးညွှတ်နေပြီး နှုတ်ခမ်းများ တုန်ယင်လျက် အံကြိတ်ကာ ပြော၏။ "ခွေးကောင်။ ငါ... ငါ သည်းမခံနိုင်တော့ဘူး။ အား..."

သူ ဟိန်းဟောက်လိုက်ရာ ဒန်ထျန် အတွင်းရှိ ဧရာမ စစ်မှန်သော ချီစွမ်းအင်များသည် မီးတောင်ပေါက်ကွဲသည့်အလား ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ချက်ချင်းပင် နှစ်ဆ ထပ်မံတိုးလာသည်။ အဆုံးအစမရှိသော စွမ်းအားများသည် သူ၏ ခြေလက်များအတွင်း ဒလဟော စီးဆင်းသွားပြီး လက်မောင်းများမှတစ်ဆင့် ထုတ်လွှတ်လိုက်ရာ ဂလက်ဆီ ဘီလူးကြီး၏ တောင်တမျှ လက်သီးကြီးများကို ချက်ချင်းပင် ကြေမွသွားစေ၏။

ထိတ်လန့်ဖွယ်ရာ စွမ်းအားလှိုင်းလုံးကြီးက အချိန်နှင့် နေရာလွတ်တစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါလာခဲ့သည်။ ဤအခိုက်အတန့်တွင် ပိုင်ချူးရန်ချိုးရန်သည် သူ၏ အကန့်အသတ်ကို အောင်မြင်စွာ ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး ချီကျင့်ကြံခြင်းအဆင့် ၆၆,၆၆၆ သို့ ဝင်ရောက်သွား၏။

"တိရစ္ဆာန်ကောင်။"

ပိုင်ချူးရန်ချိုးရန်၏ အသံမှာ တုန်ယင်နေသည်။ သူ ခေါင်းငုံ့လိုက်ရာ သူ့ လေသံတွင် အတိုင်းအစမသိသော ဒေါသတရားများ ပြည့်နှက်ဆဲပင်။ "ဒီနေ့ မင်း ဘာအမှားလုပ်ခဲ့လဲဆိုတာ သိရဲ့လား။"

All Chapters