← Chapters

အခန်း ၂၉၄

Vol. 30 Ch. 294

အခန်း ၂၉၄

Vol. 30 Ch. 294

အခန်း (၂၉၄) အချိန်ကာလ ပြည်နှင်ဒဏ် [၁]

သူတို့နှစ်ဦးရှေ့ရှိ မြင်ကွင်းများသည် အဆက်မပြတ် ပြောင်းလဲလာ၏။ တောင်တန်းများနှင့် မြစ်များသည် နေရာရွှေ့ပြောင်းနေပြီး အသီးအနှံ သစ်ပင်များ ပေါက်ရောက်လာလိုက် သေဆုံးသွားလိုက်ဖြင့် နောက်ပြန်ရစ်ထားသော ရုပ်ရှင်တိပ်ခွေ တစ်ခုနှင့်ပင် တူလေသည်။

"ငါ နားလည်ပြီ။"

ကျီရှန်းက ခဏမျှ ကြည့်ပြီးနောက် ခါးသီးစွာ ပြုံးလာသည်။

"ဘိုးဘေးပိုင်။ ဒါက တခြား အချိန်နဲ့ နေရာလွတ် မဟုတ်ဘူး။ အရှေ့စွန်းနတ်ဘုရင်ရဲ့ ခေါင်းလောင်းက ငါတို့နှစ်ယောက်ကို ဒီကမ္ဘာလောကကြီးထဲက တခြား ခေတ်တစ်ခေတ်ဆီ အတိတ်ကို ပြည်နှင်ဒဏ် ပေးလိုက်ပုံပဲ။"

"တခြား အချိန်နဲ့ နေရာလွတ် မဟုတ်ရင် တော်သေးတာပေါ့။"

ပိုင်ချူးရန် သက်ပြင်းချနိုင်လိုက်၏။

"မဟုတ်ဘူး။ ဒါက တခြား အချိန်နဲ့ နေရာလွတ်ထက်တောင် ပိုပြီး အန္တရာယ်များသေးတယ်။"

ကျီရှန်း၏ အသံမှာ အလွန် လေးနက်နေသည်။

"သမိုင်းဆိုတာ ပြောင်းလဲခွင့် မပြုဘူး။ ငါတို့က ရှည်လျားလှတဲ့ အချိန်မြစ်ပြင်ကြီးထဲမှာ ရေဆန်ကို လျှောက်လှမ်းနေတာဆိုတော့ ကောင်းကင်လမ်းစဉ်ကတောင် ဝင်ရောက်စွက်ဖက်လာနိုင်ပြီး ငါတို့ကို သတ်ဖို့ နည်းလမ်းတစ်ခုခု ရှာလိမ့်မယ်။"

"ကောင်းကင်လမ်းစဉ် ၀င်စွက်ဖက်တယ်ဆိုတာ ဘယ်လိုပုံစံမျိုးလဲ။"

ပိုင်ချူးရန်က ပတ်ဝန်းကျင် မြင်ကွင်းကို အကဲခတ်ရင်း ရုတ်တရက် မေး၏။

"ငါလည်း မသိဘူး။ ဒါပေမဲ့ အချိန်မြစ်ပြင်ကြီးပေါ်မှာဆိုရင်တော့ သူကလည်း ငါတို့ကို ရင်ဆိုင်ဖို့ အချိန်ရဲ့ စွမ်းအားတွေကို အသုံးပြုလာလိမ့်မယ်လို့ ထင်တယ်။ သတိထား။ ဒါက အရှေ့စွန်းနတ်ဘုရင်ရဲ့ ခေါင်းလောင်းနဲ့ မတူဘူးနော်။" ကျီရှန်းက သတိပေးသည်။

"ကြည့်ရတာ သူ ရောက်လာပြီထင်တယ်။"

ပိုင်ချူးရန် ခါးသီးစွာ ပြုံးလိုက်ပြီး မေးစေ့ကို ရှေ့သို့ငေါ့ပြသည်။

ကျီရှန်းက ပိုင်ချူးရန် ကိုင်ထားရာမှ ခေါင်းလှည့်ကြည့်ရာ သူ့ရှေ့တွင် ရှုံ့တွတွ ပုံရိပ်ကြီးတစ်ခု ရုတ်တရက် ပေါ်လာသည်ကို ထိတ်လန့်ဖွယ် မြင်လိုက်သည်။ ဤရှုံ့တွသောပုံရိပ်ကြီးငည် သူတို့ပတ်ဝန်းကျင်ရှိ ထူးဆန်းသော မြင်ကွင်းများကို ခွဲထုတ်ပစ်လာ၏။ သူတို့နှစ်ဦး၏ ပတ်ဝန်းကျင်သည် ချက်ချင်းပင် ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားပြီး သူတို့ ခြေထောက်အောက်တွင် ဘာမျှမရှိတော့ပဲ မြစ်တစ်စင်းနှင့်တူသော အလင်းတန်းကြိုးကြီးတစ်ခုသာ ပေါ်နေ၏။

ထိုရှုံ့တွနေသောအရာကြီးသည် အရွယ်အစားကြီးမားလာပြီး အလင်းတန်းကြိုးကြီးထဲမှ ဧရာမ လှိုင်းလုံးကြီးတစ်ခုကို ဆွဲထုတ်ကာ သူတို့နှစ်ယောက်ဆီသို့ ရိုက်ချလိုက်သည်။

ရှည်လျားလှသော အချိန်မြစ်ပြင်ကြီးပေါ်ရှိ ဧရာမ လှိုင်းလုံးကြီးသည် ပိုင်ချူးရန်အပေါ်သို့ ကျရောက်လာချိန် ပိုင်ချိုးရန် စိတ်ထဲတွင် ကျယ်လောင်သည့် အသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ဤပုံပျက်နေသော ဧရာမ လှိုင်းလုံးကြီးသည် အချိန်ကို ရပ်တန့်စေရုံသာမက သူ့ ခန္ဓာကိုယ်ကို လိမ်ချိုးကာ ခေတ်ကာလအသီးသီးသို့ ပြန့်ကျဲသွားစေရန်ပင် ကြိုးစားနေ၏။

ပိုင်ချူးရန်လည်း တစ်ကိုယ်လုံးမှ ခပ်ဆတ်ဆတ် ဆုတ်ဖြဲခံရသည့် နာကျင်မှုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။ ဤစွမ်းအားသည် ဘီလူးကြီးက အရှေ့စွန်းနတ်ဘုရင်၏ ခေါင်းလောင်းမှတစ်ဆင့် အသုံးပြုခဲ့သော အချိန်ရပ်တန့်စေသည့် မန္တန်ကဲ့သို့ပင် ဖြစ်ပြီး သူ့တွင်ရှိသော အရာအားလုံးကို ဖိနှိပ်နေသည်။ သို့သော် ဤမှထွက်ပေါ်လာသော ဖိအားမှာ ယခင်ကထက် များစွာ ပိုမိုကြီးမားလှ၏။

သို့ရာတွင် ယခုအခိုက်အတန့်တွင် ပိုင်ချူးရန်မှာ အဆင့်ချိုးဖောက် ဝင်ရောက်ပြီးဖြစ်ရာ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာစေရန် သူ့ စွမ်းအားများကိုသာ တည့်တိုး အသုံးပြုလိုက်သည်။

သူသည် ကျီရှန်းရှိရာဘက်သို့ ကြည့်လိုက်ချိန် ဦးခေါင်းခွံကြီးသည် လှိုင်းလုံးကြီးထဲ ရောက်ရှိနေသည့် အခိုက်အတန့်ကတည်းက ထိုအချိန်ကာလ အခိုက်အတန့်တစ်ခုထဲတွင် ထာဝရ အေးခဲနေပြီဖြစ်သည်။ သူ့ကို ဆွဲထုတ်မည့်သူသာ မရှိပါက အတွေးများမှာ ထိုအခိုက်အတန့်တွင် ထာဝရ ရပ်တန့်သွားနိုင်၏။

ပိုင်ချူးရန်သည် စစ်မှန်သော ချီစွမ်းအင်များကို ထပ်မံမြှင့်တင်ကာ ကျီရှန်းကို ဆွဲထုတ်ရန် ပြင်သော်လည်း သူ့ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအင်များကို လှုပ်ရှားချိန်တွင် တစ်စုံတစ်ရာ ထူးဆန်းနေသည်ကို ရုတ်တရက် သတိပြုမိသွားသည်။

'ဟင်။ ဒါက ဘာကြီးလဲ။ အညစ်အကြေးတွေလား။'

ပိုင်ချူးရန်သည် ခန္ဓာကိုယ် အတွင်းပိုင်းကို စတင် စူးစမ်းကြည့်ရှုရာ သူ့ဒန်ထျန် အတွင်းရှိ ကျယ်ပြောလှသော စစ်မှန်သည့် ချီစွမ်းအင် ပင်လယ်ကြီးထဲတွင် အချိန်၏ ဖိအား ဝင်ရောက်လာသည်နှင့်အမျှ တစ်စုံတစ်ခု ၀င်ရောက်နေ၏။

ပိုင်ချူးရန်သည် ဝိညာဉ်အာရုံဖြင့် ထိုအရာများ၏ ဖွဲ့စည်းပုံကို စူးစမ်းကြည့်ရာ ရုတ်တရက် သူ့ မျက်နှာပေါ်တွင် ဝမ်းသာကြည်နူးသည့် အမူအရာတစ်ခု ပေါ်ထွက်လာတော့သည်။

All Chapters