← Chapters

အခန်း ၂၉၉

Vol. 30 Ch. 299

အခန်း ၂၉၉

Vol. 30 Ch. 299

အခန်း (၂၉၉) ဆီးသွားခြင်း။ နဂါး။

"ဘာဖြစ်လို့လဲ။"

ပိုင်ချူးရန်၏ အသံကို ကြားလိုက်ရသောအခါ ကျီရှန်းမှာ အနည်းငယ် စိုးရိမ်တကြီး ဖြစ်သွားရ၏။

"မင်း ဗိုက်နာနေလို့လား။"

"ဗိုက်နာတာ မဟုတ်ဘူး..."

ပိုင်ချူးရန်၏ မျက်နှာထားမှာ အတော်လေး ထူးဆန်းနေ၏။

"ငါ တကယ်တော့... သေးပေါက်ချင်နေတာ။"

"ဘာ... ထူးဆန်းလိုက်တာ။"

ကျီရှန်းက အံ့အားသင့်စွာ ရေရွတ်မိသည်။

ပီကူအဆင့်ကို ကျင့်သုံးပြီးနောက် ကျင့်ကြံသူတစ်ဦး၏ အစာချေဖျက်နိုင်စွမ်းသည် သိသိသာသာ မြင့်တက်လာစမြဲဖြစ်သည်။ ကျင့်ကြံသူသည် သာမန်လူများစားသော အစားအစာများကို စားသုံးလျှင်ပင် စွန့်ပစ်ပစ္စည်းအဖြစ် စွန့်ထုတ်စရာမလိုဘဲ အစားအစာများကို အကြွင်းမဲ့ ချေဖျက်ပစ်နိုင်၏။

ပိုင်ချူးရန်၏ ထူးကဲသော ခန္ဓာကိုယ်ကြံ့ခိုင်မှုအရ ဆိုလျှင် သေတတ်သော သာမန်လူသားများ၏ အစားအစာကို အသာထား အင်မော်တယ်များ သောက်သုံးသော ကျောက်စိမ်းရည်ကို သောက်လျှင်ပင် ရိုးရိုးရေသောက်သည်နှင့် ခြားနားမှုရှိမည် မဟုတ်ပေ။ သို့သော် ဤကဲ့သို့ ပြိုင်ဘက်ကင်း ခန္ဓာကိုယ်မျိုးတွင် ယခုအခါ ဆီးသွားချင်စိတ် ရုတ်တရက် ပေါ်လာသည်။

"ငါ နောက်ဆုံးအကြိမ် သေးပေါက်ချင်ခဲ့တာက အဆိပ်ကျင့်စဉ်တွေ လေ့ကျင့်နေတုန်းကပဲ။"

ပိုင်ချူးရန် ဆက်ပြော၏။

"အဲဒီတုန်းက နေ့တိုင်း အဆိပ်ပြင်းတဲ့ အရာတွေကိုပဲ စားခဲ့ရတာ။ ခန္ဓာကိုယ်က မချေဖျက်နိုင်တဲ့ အဆိပ်တွေကို ဆီးအဖြစ်နဲ့ စွန့်ထုတ်ခဲ့ရတာလေ။"

"မဟုတ်မှ နတ်ဘုရားတွေခေတ်က အရာတွေက တကယ်ကို ထူးခြားဆန်းကြယ်တယ်လို့ပဲ ပြောနိုင်တော့မှာ။"

ကျီရှန်းက အကြံပြုလိုက်သည်။ "အနီးအနားမှာ မြစ်တစ်စင်း ရှိနေတာ အတော်ပဲ။ ခရီးမဆက်ခင် မင်း အရင် သွားရှင်းလိုက်ပါလား။"

"အင်း။ အဲ့လိုပဲလုပ်ရမှာပေါ့။"

ပိုင်ချူးရန်သည် ချုံပုတ်များကို ဖြတ်ကျော်ကာ မြစ်ကြီးဆီသို့ လျှောက်သွားလိုက်သည်။ သို့သော် လှိမ့်တက်နေသော မြစ်လှိုင်းလုံးကြီးများနှင့် ဆူပွက်နေသော အဖြူရောင် ရေလှိုင်းများကို မြင်ရသောအခါ ထိုအရာက သူ ဆီးသွားချင်စိတ်ကို ပိုမို လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွား၏။ ထို့ကြောင့် သူသည် ဝတ်ဆင်ထားသော သားရေဘောင်းဘီကို ကမန်းကတန်း ဖြုတ်ချကာ စပေါက်သည်။

အချိန်အတန်ကြာပြီးနောက် ပိုင်ချူးရန် သူ၏ ဘောင်းဘီကို ပြန်ဝတ်လိုက်ပြီး သက်သာရာရသွားဟန်ဖြင့် သက်ပြင်းရှည်ကြီးတစ်ခု ချလာသည်။

"ဒီလို လွမ်းဆွတ်စရာကောင်းတဲ့ ခံစားချက်မျိုးကို မခံစားရတာ နှစ်ပေါင်း နှစ်ထောင်နီးပါးလောက်တောင် ရှိသွားပြီပဲ။"

"တကယ် ကျေနပ်စရာ ကောင်လို့လား။" ကျီရှန်းက သံသယဖြင့် မေးမိသည်။

"သေချာပေါက် ကျေနပ်စရာကောင်းတာပေါ့။"

ပိုင်ချူးရန်သည် စကားပြောနေစဉ်ပင် ခါးပတ်မှ ကျီရှန်း၏ ခေါင်းခွံကို ဆွဲယူကာ လက်ထဲတွင် ကိုင်ထား၏။ ထိုအချိန်တွင် ဧရာမ အမြီးတစ်ခုနှင့်တူသော ထူးဆန်းသည့် အရာတစ်ခု မြစ်ထဲတွင် ပေါ်လာသည်ကို သူ မျက်လုံးထောင့်မှနေ၍ ရုတ်တရက် မြင်လိုက်ရသည်။

"အဲဒါ ဘာကြီးလဲ။"

ခဏအကြာတွင် ရေလှိုင်းများ ဆူပွက်လာသည်နှင့်အမျှ ထိုအရာသည် ရေမျက်နှာပြင်ပေါ်သို့ တဖြည်းဖြည်း ပေါ်ထွက်လာ၏။ ထိုအရာမှာ မင်ရည်ကဲ့သို့ မည်းနက်နေသော ဧရာမ နဂါးကြီးတစ်ကောင် ဖြစ်နေသော်ငြား ယခုအခိုက်အတန့်တွင် ဗိုက်ပေါ်ကာ မြစ်ထဲတွင် ပေါလောပေါ်နေပြီး လှိုင်းလုံးများနှင့်အတူ မြစ်အောက်ပိုင်းသို့ တဖြည်းဖြည်း မျောပါသွားလေသည်။

"အဲဒါ သွေးစစ်တဲ့ နဂါးအစစ်ပဲ။"

ကျီရှန်းက စုပ်သပ်ကာ ပြောလိုက်၏။

"နတ်ဘုရားတွေခေတ်နဲ့ တကယ်ကို တန်ပါတယ်။ မော်တယ်တွေရဲ့ လောကမှာတောင် ဒီလို သွေးစစ်တဲ့ နဂါးမျိုးကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်တယ်။ သူ့ရဲ့ သွေးသားက မင်းနဲ့ ရင်းနှီးတဲ့ ဟိုကောင်မလေးထက်တောင် ပိုပြီး စစ်မှန်သေးတယ်။ ဒါပေမဲ့ သူ ဘာဖြစ်သွားတာလဲ။ သေနေတာလား။ ဘယ်လိုလုပ် သေသွားရတာလဲ။"

"ငါက ဘယ်လိုလုပ် သိမှာလဲ။"

ပိုင်ချူးရန်က ပခုံးတွန့်ပြသည်။

"ဘာပဲဖြစ်ဖြစ် ငါနဲ့တော့ ဘာမှ မဆိုင်လောက်ပါဘူး။"

သူတို့နှစ်ဦးသည် ဧရာမ နဂါးကြီး ရေစီးကြောင်းနှင့်အတူ တဖြည်းဖြည်း မျောပါသွားသည်ကို ငေးကြည့်နေကြသည်။ ပိုင်ချူးရန် ခဏမျှ စဉ်းစားလိုက်ပြီးနောက် မြစ်အောက်ပိုင်းသို့ စုန်ဆင်းသွားရန် ဆုံးဖြတ်လိုက်၏။

ပိုင်ချူးရန်သည် ခပ်မှန်မှန်ဖြင့် နှေးကွေးစွာ လမ်းလျှောက်နေမိသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နဂါးအလောင်းကြီးမှာ မြစ်ရေစီးကြောင်းထဲတွင် ပျောက်ကွယ်သွားပြီး ဘယ်ဆီသို့ မျောပါသွားမှန်းလည်း မသိရတော့ချေ။

သူလည်း ဆက်ဂရုမစိုက်နေတော့ဘဲ မြစ်အောက်ပိုင်းသို့ တဖြည်းဖြည်း ဆက်လျှောက်သွားခဲ့သည်။ သူ့ကို အမဲလိုက်ချင်နေသော ရေနေသားရဲ အချို့ကို လမ်းကြုံ သတ်ဖြတ်ရင်း နေဝင်ဆည်းဆာအချိန်သို့ ရောက်သောအခါ မြစ်ထဲရှိ ရေဝဲကျင်းကြီး တစ်ခုအနီးသို့ ရောက်ရှိလာ၏။ ထိုအချိန်တွင် သားရဲများ၏ ဟိန်းဟောက်သံနှင့် မတူသော ဒေါသတကြီး ဟိန်းဟောက်သံကြီးတစ်ခုကို သူ ရုတ်တရက် ကြားလိုက်ရသည်။

"တောက်။ ဘယ်ကောင်ကများ ငါ့ရဲ့ နဂါးကို သတ်ရဲတာလဲကွ။"

"ဒါ လူအသံပဲ။"

ပိုင်ချူးရန်သည် စိတ်အားတက်ကြွသွားပြီး ခြေလှမ်းများကို အရှိန်တင်ကာ အသံလာရာနေရာသို့ ခပ်သုတ်သုတ် ပြေးကြည့်၏။

ချုံပုတ်များကို အသာဖယ်ရှားလိုက်ပြီး မြစ်ကမ်းဘေးသို့ လှမ်းကြည့်လိုက်ရာ အသံထွက်ပေါ်လာနေရာကို သူ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။ ထိုအရာမှာ ကြေးဝါသံချပ်ကာကို ဝတ်ဆင်ထားပြီး လက်တစ်ဖက်တွင် ချွန်ထက်သော ဓားတစ်လက်ကို ကိုင်ဆောင်ထားကာ အခြားလက်တစ်ဖက်တွင် စေတီငယ်တစ်ခုကို ကိုင်ဆောင်ထားသော ဧရာမ နတ်ဘုရားတစ်ပါး ဖြစ်နေသည်။ သူသည် လူသားတစ်ဦး၏ ခန္ဓာကိုယ်နှင့် တူသော်ငြား ပြာနှမ်းနေသော မျက်နှာနှင့် ကြောက်မက်ဖွယ် အစွယ်များ ရှိပြီး နှုတ်ခမ်းအောက်မှ ကြီးမားသော အစွယ်ကြီးနှစ်ချောင်းမှာ အပြင်သို့ ထိုးထွက်ကာ ပါးစပ်ထောင့်များကို ဖိထားလေ၏။

ဤနတ်ဘုရား အရပ်အမောင်းမှာ မူလထက် များစွာ သေးငယ်အောင် ပြောင်းလဲထားပုံရသော်လည်း သူ့အရပ်မှာ မီတာ ၂၀ မှ ၃၀ ခန့် ရှိနေသေးရာ ကမ်းစပ်တွင် မားမားမတ်မတ် ရပ်နေသော ဧရာမ ဘီလူးကြီးတစ်ကောင်နှင့်ပင် တူနေသည်။

သူ၏ ခြေအောက်တွင်မူ မကြာမီက မြစ်ထဲတွင် ပိုင်ချူးရန်နှင့် ကျီရှန်းတို့ မြင်တွေ့ခဲ့ရသော နဂါးအလောင်းကြီးရှိသည်။ မီတာဆယ်ဂဏန်းခန့် ရှည်လျားသော အနက်ရောင် ခန္ဓာကိုယ်ကြီးကို ထိုနတ်ဘုရားက မြစ်ထဲမှ ဆယ်ယူထားပြီး မြစ်ကမ်းစပ်တွင် ချထားခြင်းဖြစ်၏။ သူ၏ရှေ့တွင်မူ ဖရိုဖရဲ ဆံပင်များနှင့် သားရေများကို ဝတ်ဆင်ထားပြီး ကျောပေါ်တွင် သစ်သားလေးနှင့် မြှားများကို လွယ်ထားသည့် လူသားအချို့သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကြောက်လန့်တကြား တုန်ယင်နေ၏။

"လူသားမျိုးနွယ်တွေပဲ။"

ကျီရှန်းက တိုးတိုးလေး ပြောသည်။

All Chapters